Monday, July 15, 2013

လိမ္မောသီးကို မီးလင်းအောင် ဘယ်လိုလုပ်မလဲ


Photo: လိမ္မောသီးကို မီးလင်းအောင် ဘယ်လိုလုပ်မလဲ
Monday, July 15, 2013

ဖယောင်းတိုင် အစား မီးထွန်းရန် လိမ္မော်သီးကို အသုံးပြု နိုင်ပါတယ်။
ထို့သို့ အသုံးပြုရန် အတွက် အောက်ပါနည်းလမ်း များကိုသုံးပါ။

၁။ အနည်းငယ် အခွံခြောက်နေသော လိမ္မော်သီး တစ်လုံးကို ယူပါ။

၂။ ထိုလိမ္မော်သီးကို တစ်ခြမ်းခွဲလိုက်ပါ။

၃။ ထိုနှစ်ခြမ်းမှ အသုံးပြုရန် အဆင်ပြေမည့် တစ်ခြမ်းကို ယူပါ။

၎။ အလည် အူတိုင်ကို မီးဇာကဲ့သို့ ပြုလုပ်ပါ။

၅။ ထို့နောက် ဓာတ်ဆီ သို့မဟုတ် ရေနံဆီ တစ်ခုခု ထည့်လိုက်ပါ။

၆။ မီဇာကဲ့သို့ ပြုလုပ်ထားသော အူတိုင်လေးကို မီးညိုလိုက်ပါ။

ထို့သို့ ဖယောင်းတိုင် အစား လမ္မော်သီးကို အသုံးပြုခြင်းဖြင့်
ရရှိနိုင်သော အကျိုးကျေးဇူးများကတော့

၁။ ငွေကြေးသက်သာခြင်း။

၂။ ဖယောင်းတိုင်ကဲ့သို့ အရည်မပျော်သည့် အတွက်ကြောင့် အန္တရာယ်ကင်းခြင်း။

၃။ နေ့စဉ်အသုံးပြုနိုင်ခြင်း။

၎။ လိမ္မောသီး အခွံများ လွတ်ပစ်ရန် မလိုခြင်း။

၅။ လျှပ်စစ်မီး မရှိသော ဒေသများတွင် လွန်စွာ အသုံးဝင်ခြင်း စသော အကျိုးကျေးဇူးများကို ခံစားရနိုင်ပါတယ်။

ထို့ကြောင့် ပုံတွင်ပြထားသည်များကို လေ့လာကာ
တန်ဖိုးရှိရှိ အသုံးပြုနိုင်ကြပါစေ။

အားလုံးကို ကျေးဇူးတင်လျှက်

ကျော်လင်းနိုင် (MM Social Sky)

ဖယောင်းတိုင် အစား မီးထွန်းရန် လိမ္မော်သီးကို အသုံးပြု နိုင်ပါတယ်။
ထို့သို့ အသုံးပြုရန် အတွက် အောက်ပါနည်းလမ်း များကိုသုံးပါ။

အမေရိကန်အစိုးရကို ပိုမိုထိခိုက်နိုင်သည့် အချက်အလက်များ စနိုးဒန်ထံတွင် ရှိသေးသည်ဟု ဂါးဒီးယန်း သတင်းထောက်ပြော



Photo: အမေရိကန်အစိုးရကို ပိုမိုထိခိုက်နိုင်သည့် အချက်အလက်များ စနိုးဒန်ထံတွင် ရှိသေးသည်ဟု 
ဂါးဒီးယန်း သတင်းထောက်ပြော

လန်ဒန်၊ ဇူလိုင် ၁၄

အမေရိကန်အစိုးရနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ဖွင့်ချခဲ့သူ အက်ဒဝပ် စနိုးဒန် ထံတွင် အမေရိကန်အစိုးကို ယခုထက် ပိုမို ထိခိုက်နိုင်သည့် အချက်အလက်များ ကျန်ရှိနေသေးသည် ဟု စနိုးဒန် ပေးပို့သည့် အချက်အလက်များကို ပထမဆုံး ဖော်ပြခဲ့ပေးခဲ့သော ဂါးဒီးယန်း သတင်းစာမှ သတင်းထောက် တစ်ဦးက ပြောကြားကြောင်း CNN သတင်း ဌာနတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုကို ထိခိုက်စေမည့် သတင်း အချက်အလက်များကို ထပ်မံ ဖွင့်ချရန် စနိုးဒန် ထံတွင် ရည်ရွယ်ချက် မရှိသော်လည်း လူများ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ထိပါးနေသော ဆော့ဖ်ဝဲလ် များနှင့် ပတ်သက် သည့် အထောက်အထား စာရွက်စာတမ်းများ စနိုးဒန်ထံတွင် များစွာ ကျန်ရှိနေသေးသည်ဟု ဂါဒီယန်း သတင်းစာ၏ သတင်းထောက် ဂလင်းဂရင်းဝေါက အာဂျင်းတီးနား သတင်းစာ La Nacion ကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။ 

စနိုးဒန်က အထောက်အထား စာရွက်စာတမ်းများကို မိတ္တူပွားပြီး လူအချို့အား ပေးအပ်ထားခဲ့သည်ဟုလည်း ဂလင်း ဂရင်းဝေါက ပြောကြား သည်။

“အမေရိကန် အစိုးရအနေနဲ့ စနိုးဒန် ဘာမှမဖြစ်ပါစေနဲ့လို့ နေ့တိုင်း ဒူးထောက်ပြီး ဆုတောင်းနေသင့်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူသာ တစ်ခုခု ဖြစ်သွားရင် အချက်အလက်တွေအားလုံး ပေါက်ကြားသွားပြီး အမေရိကန်အစိုးရအတွက် တကယ့် အိပ်မက်ဆိုးကြီး ဖြစ်သွားမှာ မို့လို့ပါပဲ” ဟု ဂလင်းဂရင်းဝေါက ပြောကြားခဲ့သည်။

ဝီကီလိခ်စ်၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦး ဖြစ်သည့် ခရစ္စတင် ဟာ့ဖ်ဆင်ကလည်း ဂလင်းဂရင်းဝေါ ပြောကြားသကဲ့သို့ပင် ထွက်ပေါ်လာစရာ နောက်ထပ် လျှို့ဝှက်ချက်များ ရှိနိုင်သေး သည်ဟု ပြီးခဲ့သော လက ပြောကြားခဲ့ဖူးသည်။

စနိုးဒန်သည် အမေရိကန် ကာကွယ်ရေးဌာနအတွက် အလုပ် လုပ်ပေးနေသော Booz Allen Hamilton ကုမ္ပဏီမှ ကွန်ပျူတာ ပညာရှင်ဟောင်း တစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးသော အမေရိကန် အစိုးရ၏ စောင့်ကြည့်မှု အစီအစဉ်များကို ဗြိတိသျှ သတင်းစာ တစ်စောင် ဖြစ်သော ဂါးဒီးယန်း သတင်းစာမှ တစ်ဆင့် ဖွင့်ချခဲ့သူ ဖြစ်သည်။

ထိုကဲ့သို့ ဖွင့်ချပြီးနောက်တွင် စနိုးဒန်သည် ဟောင်ကောင်သို့ ရှောင်တိမ်း သွားခဲ့ပြီး ထိုမှတစ်ဆင့် ရုရှနိုင်ငံ မော်စကို လေဆိပ်သို့ သွားရောက်ခဲ့ကာ ထိုလေဆိပ်တွင် သောင်တင်နေခဲ့သည်။

ပြီးခဲ့သော သောကြာနေ့ကမူ စနိုးဒန်သည် ဟောင်ကောင်မှ  ထွက်ခွာလာ ပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်ခြင်း အဖြစ် မော်စကို လေဆိပ်တွင် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ များ၊ ရှေ့နေများနှင့် တွေ့ဆုံခဲ့သည်။

လက်ရှိတွင် စနိုးဒန်ကို အမေရိကန်ပြည်ထောင်စုက သူလျှိုမှုဖြင့် တရားစွဲ ဆိုထားသည်။
အမေရိကန်အစိုးရနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ဖွင့်ချခဲ့သူ အက်ဒဝပ် စနိုးဒန် ထံတွင် အမေရိကန်အစိုးကို ယခုထက် ပိုမို ထိခိုက်နိုင်သည့် အချက်အလက်များ ကျန်ရှိနေသေးသည် ဟု စနိုးဒန် ပေးပို့သည့် အချက်အလက်များကို ပထမဆုံး ဖော်ပြခဲ့ပေးခဲ့သော ဂါးဒီးယန်း သတင်းစာမှ သတင်းထောက်တစ်ဦးက ပြောကြားကြောင်း CNN သတင်း ဌာနတွင် ဖော်ပြထားသည်။

တောင်ကုတ်မှ ဆယ်ကျော်သက်မိန်းကလေးကို မုဒိမ်းကျင့်သူဟု ယူဆရသူ အမျိုးသားနှစ်ဦးကို ရုံးတင်စစ်ဆေးမည်

ရခိုင်ပြည်နယ် သံတွဲမြို့၌ တောင်ကုတ်မြို့သူ ဆယ်ကျော်သက် မိန်းကလေး မုဒိမ်းကျင့်ခံရမှုနှင့် ပတ်သက်၍ တစ်ရက်တာပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် လဝက်နီးပါးအကြာတွင် ယင်းမုဒိမ်းမှု ကျူးလွန်ခဲ့

"ဘိုလီးဗီးယားခေါင်းဆောင်တို့၏ အီးမေးလ်ကို အမေရိကန် ထိုးဖောက်ကြည့်ရှုခဲ့ဟုဆို"

Photo: "ဘိုလီးဗီးယားခေါင်းဆောင်တို့၏ အီးမေးလ်ကို အမေရိကန် ထိုးဖောက်ကြည့်ရှုခဲ့ဟုဆို"

ဘိုလီးဗီးယားအစိုးရ ထိပ်တန်းခေါင်းဆောင်တို့၏ အီးမေးလ်များကို အမေရိကန်က ထိုးဖောက် ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း ဘိုလီးဗီးယားသမ္မတ အီဗို မိုရယ်လ်က ပြောကြားလိုက်သည်။ ထိုးဖောက် ဝင်ရောက်ကြည့်ရှုခံရသော မိမိ၏ အီးမေးလ်အကောင့်ကိုလည်း ဖျက်သိမ်းပစ်ခဲ့ရကြောင်း ဘိုလီးဗီးယားသမ္မတက ဆိုသည်။

ဥရုဂွေးနိုင်ငံမြို့တော် #Montevideo တွင် ယခုသတီတင်းပတ် အစောပိုင်းက ကျင်းပခဲ့သည့် ဒေသတွင်း နိုင်ငံခေါင်းဆောင်များ တက်ရောက်ကြသော #Mercosur ထိပ်သီးအစည်းအဝေးတွင် အမေရိကန်၏ အီးမေးလ် ထောက်လှမ်းမှုအစီအစဉ်ကို သတိပြုမိခဲ့ကြောင်း ဘိုလီးဗီးယားသမ္မတက ပြောကြားလိုက်သည်။

#Bolivia, #US, #United #States, #hack, #email, #Evo #Morales
#PlanetMyanmar


ဘိုလီးဗီးယားအစိုးရ ထိပ်တန်းခေါင်းဆောင်တို့၏ အီးမေးလ်များကို အမေရိကန်က ထိုးဖောက်

ဖွဲ့စည်းပုံပြင်ဆင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများကို ဦးစားပေး ဆောင်ရွက်ရန်တို့ကို KIO ကိုယ်စားပြု အလုပ်အဖွဲ့ထံ ကချင်လူမှု အဖွဲ့အစည်းများ တင်ပြမည်

ကချင်လူမှုရေး အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများသည် ဇူလိုင် ၉ ရက်နှင့် ၁၀ ရက် များက မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲမှ ကချင်ပြည် သူ လူထုများ ၀ိုင်းဝန်းအကြံပြု ဆွေးနွေးချက်များကို KIO ကိုယ်စားပြုTechnical Advisory Team အလုပ် အဖွဲ့ထံ တင်ပြသွားမည်ဟု သိရသည်။

လက်ပံတောင်းတောင် စာချုပ်ဟောင်းအရ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီမှ ထုတ်လုပ်မှုအပေါ် ၉၆ ရာခိုင်နှုန်းအထိ ရရှိပြီး အစိုးရမှ လေးရာခိုင်နှုန်းသာ ရရှိ၊ ပြန်ပြင်သည့် စာချုပ်အရ အစိုးရမှ ၅၁ ရာခိုင်နှုန်းအထိ ပြန်ရမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် မြန်မာဝမ်ပေါင်မှ ယခင်ချုပ်ဆိုထားသည့် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားသည့် စာချုပ်အရ ဆိုပါက အစိုးရအနေဖြင့် လေးရာခိုင်နှုန်းသာ ရရှိပြီး ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီက ၉၆ ရာခိုင်နှုန်းအထိ ရရှိကြောင်း စုံစမ်းသိရှိရသည်။

မေလ ၂၅ မှ ဇူလိုင် ၉ ရက်အထိ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ ၇၃၄၂ ဦးရှိလာ

၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇူလိုင် ၉ ရက်အထိ တစ်လကျော် ကာလအတွင်း မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ စုစုပေါင်း ၇၃၄၂ ဦးရှိပြီး ထိုသူများထဲတွင် CI မြန်မာနိုင်ငံ သား ဖြစ်ကြောင်း အထောက်အထားဖြင့် ရောက်ရှိလာသူ ၈၄၈ ဦး ပါဝင်ကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သီဟ ၏ ပြောကြားချက်အရ သိရသည်။

မြစ်ရေတိုက်စား ကမ်းပြိုမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း နှစ်စဉ်ပျမ်းမျှ မြေဧကပေါင်း ၁၀၃၇၇ ဧက ဆုံးရှုံးလျက်ရှိ

7.14.13
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းများ ပြိုဆင်းနေမှုကို တွေ့ရစဉ်
ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၅၆၈ မိုင် ကျယ်ဝန်းသော ဧရာဝတီတိုင်း ဒေသကြီး အတွင်း မြစ်ရေ တိုက်စား ကမ်းပြိုမှုများကြောင့် နှစ်စဉ် မြေဧကပေါင်း ၁၀၃၇၇ ဧက ဆုံးရှုံးလျက် ရှိကြောင်း ထုတ်ပြန် ချက်များအရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇူလိုင် ၁၄ ရက်တွင် စတင်ထွက်ခွာ

7.14.2
ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်မည့် သမ္မတဦးသိန်းစိန်အား ဇူလိုင် ၁၄ ရက်နံနက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် (Photo : AFP)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအိုလောန်ဒ် တို့၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၄ ရက် နံနက်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ စတင်ထွက်ခွာ သွားခဲ့သည်။

'၀'အထူးဒေသနှင့် ပြည်နယ်အဆင့် တောင်းဆိုမှု ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်းသာ ဆောင်ရွက်မည်

7.14.1
ကျိုင်းတုံမြို့ရှိ UWSP ၏ ဆက်ဆံရေးရုံးနှင့် UWSA တပ်ဖွဲ့ဝင်များအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
'၀' အထူးဒေသ (၂) ကို ပြည်နယ်အဆင့် တောင်းဆိုမှုအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း

ကရင်ပြည်နယ် အတွင်းရှိ မြေမြှုပ်မိုင်းများအား ကိုယ်တိုင်ပြန်လည် ရှင်းလင်းရန် ပထမဆုံး အကြိမ်အဖြစ် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ သဘောတူညီချက်ရရှိ

7.14.21
ဇူလိုင် ၁၃ ရက်က ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ ဆွေးနွေးမှု ပြုလုပ်နေစဉ်
ကရင်ပြည်နယ်အတွင်း ယခင် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ကိုယ်တိုင်ပြန်လည် ရှင်းလင်း ပေး သွားရန်အတွက် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ တွေ့ဆုံ ဆွေးနွေးကာ မိုင်းများပြန် ရှင်းလင်းသွားမည့် သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သားငှက်တောရိုင်း တိရစ္ဆာန် မျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိ

7.14.10
ရှားပါးမျိုးစိတ်ဖြစ်သော ရွှေသမင်များကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်း၌ ထိန်းသိမ်းထား သည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သားငှက်တောရိုင်း တိရစ္ဆာန် မျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိ ကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝနှင့် သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့၊

သက္ကယ်ချောင်းတံတား တစ်ပတ်မပြည့်မီ ချဉ်းကပ်လမ်းများ ကွဲအက်ကာ မြေသားနိမ့်ကျ

7.14.15
သက္ကယ်ချောင်း မြစ်ကူးတံတားအား တွေ့ရစဉ်
ပုသိမ်မြို့နှင့် ငပုတောမြို့သို့ ဆက်သွယ်ထားသည့် သက္ကယ်ချောင်း မြစ်ကူးတံတားအား လွန်ခဲ့သည့် ဇူလိုင် ၇ ရက်က အများပြည်သူများ သွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရက်သတ္တပတ် မပြည့်မီတွင်

ပွင့်လင်းရာသီကာလမှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းသစ် သုံးခု မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းရန် စီစဉ်

7.14.12
ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်သူများအား လူဝင်မှုကြီးကြပ်ရေး ကောင်တာရှေ့တွင် တွေ့ရစဉ်
၂၀၁၃ ခုနှစ် ပွင့်လင်းရာသီ ကာလမှ စတင်ကာ နိုင်ငံတကာလေ ကြောင်းလိုင်းသစ်သုံးခု မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။