Friday, July 26, 2013

အထက်ပိုင်းဒေသများတွင် မိုးပိုလာမည် ....




Photo: အထက်ပိုင်းဒေသများတွင် မိုးပိုလာမည် ....
Friday, July 26, 2013

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေ့စဉ်မိုးလေ၀သသတင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့
ညေ န(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင်ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်မိုးပိုလာနိုင်ပါသည်။

MMweather Page
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နေ့စဉ်မိုးလေ၀သသတင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့ ညေ န(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည်။

လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်

Photo: လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်
Friday, July 26, 2013

လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်

လက်ခုပ်တီးလိုက်သည်နှင့် အလိုလို ချိတ်ဖြုတ်ပြီးသား ဖြစ်သွားသည့် အမျိုးသမီး အတွင်းခံ ဘရာစီယာ တစ်မျိုးကို အမေရိကန် ပညာရှင်တစ်ဦးက တီထွင်လိုက်ကြောင်း သိရသည်။ ဆန်ဖရန် ဆစ္စကိုတွင် နေထိုင်သည့် အမျိုးသား ဒီဇိုင်းပညာရှင် တစ်ဦးသည် ယခုလို ထူးထူးဆန်းဆန်း အတွင်းခံမျိုးကို တီထွင် ဒီဇိုင်းထုတ်လိုက်ခြင်း ဖြစ်သည်။ ဘက်ထရီ စွမ်းအင် ဖြည့်ထားရသည့် ဘရာစီယာသည် တစ်ဦးဦးက လက်ခုပ်တီးလိုက်သည့် အသံကို တုံ့ပြန်ကာ လျှပ်စစ်သံလိုက်လှိုင်း တစ်ခု တွန်းကန်ခြင်းဖြင့် ချိတ်ကို ပြုတ်သွားစေသည်ဟု ဆိုသည်။

လက်ခုပ်သံကို အာရုံခံသည့် စနစ်သည် သံလိုက်ကို အလှည့်အပြောင်း ဖြစ်စေပြီး ယခုလို ဖြစ်စဉ်တစ်ရပ်ထံ ဦးတည်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ အဆိုပါ ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအခြေအနေကြောင့် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်တတ်သည့် အမျိုးသမီး တစ်ဦးသည် သူမ၏ အတွင်းခံကို ချွတ်ရာတွင် အခက်အခဲ ကြုံရနိုင်တော့မည် မဟုတ်ဟု ဆိုသည်။ ဒီဇိုင်းပညာရှင် ရန်ဒီ ဆာရာဖန်သည် ဆီးရီးယား ဈေးတန်းတစ်ခုတွင် အဆင့်မြင့် နည်းပညာသုံး ဘရာစီယာ အချို့ကို တွေ့ရှိပြီးနောက် ၎င်းကိုယ်ပိုင် စိတ်ကူးဖြင့် ဘရာစီယာသစ် တစ်မျိုးကို တီထွင်ခဲ့ခြင်းဟု သိရသည်။

အနောက်နိုင်ငံတွေ အနေနဲ့ အာရပ်ကမ္ဘာမှာ လိင်ပိုင်းဆိုင်ရာ ချုပ်တည်းပိတ်ပင်တဲ့ လူ့အဖွဲ့အစည်း တစ်ခုလို ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီး အတွင်းခံ နည်းပညာတွေအတွက် ကြော်ငြာရာမှာတော့ သူတို့က ရှေ့တန်းကနေ ပွင့်ပွင့်လင်းလင်း မြင်သာလွန်းတယ်။ ဒီတော့ ကျွန်တော်ကလည်း အနောက်ကမ္ဘာရဲ့ ပထမဆုံး နည်းပညာသုံး ဘရာစီယာ တီထွင်သူ ဖြစ်လာဖို့ စဉ်းစားလိုက်ပါတယ်။ လက်ခုပ်တီးရုံနဲ့ ချိတ်ပြုတ်သွားတဲ့ ဘရာစီယာဆိုတာ အနောက်ကမ္ဘာရဲ့ ဘရာစီယာ နည်းပညာ ထိုးထွင်းဖန်တီးမှု တစ်ခုလို့ပဲ ယူဆကြပါစို့"ဟု ဆာရာဖန်က ပြောကြားသွားသည်။ ဆာရာဖန်၏ နည်းပညာသည် အဆစ်အမြစ်ရောင် ဝေဒနာရှင်များအပြင် ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှု ချို့တဲ့နေသူများ အတွက်ပါ အသုံးဝင်မည်ဟု မျှော်လင့်ထားသည်။ လက်ခုပ်တီးခြင်းဖြင့် မီးခလုတ် အဖွင့်အပိတ် လုပ်နိုင်သော နည်းပညာမျိုးသည် (၁၉၈၀)ပြည့်လွန် နှစ်များကတည်းက တီထွင် အသုံးပြုပြီး ဖြစ်သည်။

Planet.com.mm
လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု NDF ပါတီ ကြေညာချက်ထုတ်

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက် ၃၆ လမ်း ၈၄x၈၅ လမ်းကြားတွင် ဇူလိုင်လ၂၁ ရက်နေ့က ကျင်းပသော မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူ တရား

ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်

Photo: ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင် 
Friday, July 26, 2013

ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင် နဲ့ တခြားလုပ်ငန်းများရဲ့ မြင်ကွင်းတွေကိုမကြာခင် မြန်မာပြည် တဝန်းကနေ ကြည့်နိုင်ကြတော့မှာပါ။

ဘာကြောင့်လဲလို့ ဆိုတော့ ရန်ကုန်အခြေစိုက်  ဗီဒီယိုရိုက်ကူးထုတ်လုပ်တဲ့အဖွဲ့တခုက အဲဒီနေရာကို ရိုက်ကွင်းအဖြစ် ကြာသပတေးနေ့အတွက် တနေ့တာ ငှားရမ်းလိုက်လို့ပါပဲ။

ရိုက်ကွင်းအဖြစ် တနေ့တာ အသုံးပြုခ ကျပ် ငါးသောင်း ပေးရတယ်လို့ ရိုက်ကူးရေးအဖွဲ့မှာ ပါဝင်သူတဦးက ဆိုပါတယ်။
မနက်ကနေ ညနေအထိ ကြာမယ့် ပြင်ဆင် ရိုက်ကူးမှုအတွက် ဒီငွေပမာဏက နည်းပါးလွန်းမနေဘူးလား။
ဗိုလ်ချုပ်ဟောင်းက ဗီဒီယိုလောကသားတို့နဲ့ မိတ်ဖြစ်ဆွေဖြစ်သဘောမျိုး ခွင့်ပြုလိုက်တာလည်း ဖြစ်နိုင်တာပေါ့။
မေလလယ်ပိုင်းက ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းဦးခင်ညွန့်နဲ့ အင်တာဗျူးကို http://www.irrawaddy.org/archives/34854 နဲ့ http://burma.irrawaddy.org/archives/39785 တို့မှာ ဖတ်နိုင်ပါတယ်။

ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်နဲ့အတူ တွဲနေတဲ့ လှလှပပသစ်ခွခြံ၊ ပန်းချီပြခန်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေကိုပါ ဗီဒီယိုရိုက်ကွင်းအဖြစ် သုံးနိုင်မှာဖြစ်လို့ ဒီရှူတင်က အင်မတန် ဟန်ကျပန်ကျ ရှိပါတယ်။

ရန်ကုန်ရဲ့ စိတ်ဝင်စားဖွယ်နေရာတခု ဖြစ်လာတဲ့ ဒီနေရာကို ဗီဒီယိုရိုက်ကွင်းအဖြစ် အသုံးပြုခွင့် ရခြင်းဟာ ဒါ ပထမဆုံးအကြိမ်ပါပဲ လို့  ရိုက်ကွင်းမှာ ပါဝင်သူတဦးက ဆိုပါတယ်။

ရိုက်ကူးတဲ့ ဇာတ်ကားက တိမ်နီလာသမ်းပါလို့၊ ဒါရိုက်တာက မောင်မောင်ဦး (Snow White)၊ ဇာတ်ညွှန်းက ကိုလွင်၊ အဓိက သရုပ်ဆောင်သူများက အောင်ရဲလင်း၊ ၀တ်မှုန်ရွှေရည်တို့ ဖြစ်ပါတယ်။
ပြီးတော့ အထက်က ဓာတ်ပုံမှာ တွေ့ရတဲ့ နှင်းယမုံဦးလည်း ပါဝင်ပါတယ်။ 

ရိုက်ကွင်းအကြောင်း ပြန်ဆက်ရရင် နေရာငှားရမ်းသူဟာ မင်းသမီး၊ မင်းသားတို့နဲ့ ထိတွေ့နီးစပ်ခွင့်ရခြင်း ဆိုတဲ့ အခွင့်အရေးမျိုး ရကြပါတယ်။

သို့သော်လည်း ဗီဒီယိုရိုက်ကူးရေးအတွက် နေရာငှားရမ်းသူ အများစုက စီးပွားရေးအရ တွက်ခြေကိုက်လွန်းလို့ လုပ်ကြတာ မဟုတ်ပါဘူး တဲ့။
ပြီးတော့ ရိုက်ကွင်းကို ရောက်လာသူက အင်နဲ့အားနဲ့ပါ။ ရိုက်ကူးရေးအဖွဲ့မှာ လူဦးရေ သုံးလေးဆယ်မက ပါဝင်တတ်တာကြောင့် ရှူတင်တွေ ပြီးသွားရင် ကိုယ့်အိမ်က နွမ်းကြေရှုပ်ပွပြီး ကျန်ရစ်တတ်ပါတယ် လို့ ဗီဒီယိုလောကသားတဦးက ရှင်းပြပါတယ်။

ဧရာဝတီ
နှင်းယမုံဦး (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)
ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင် နဲ့ တခြားလုပ်ငန်းများရဲ့ မြင်ကွင်းတွေကို မကြာခင် မြန်မာပြည် တဝန်းကနေ ကြည့်နိုင်ကြတော့မှာပါ။

ယနေ့ ည မြစ်ကြီးနားမြို့ မှာ သိန်းရာနှင့်ချီ တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါး နှင့် ကျောက်စိမ်းတုံး များ ဖမ်းမိ


July 26, 2013
ယနေ့ ည မြစ်ကြီးနားမြို့ မှာ သိန်းရာနှင့်ချီ တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါး နှင့် ကျောက်စိမ်းတုံး များ ဖမ်းမိ

(ဘိန်းဖြူ ဆပ်ပြာခွက်(၄၉)ခွက်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀)ပြား၊ ဖုန်(၁)လုံး၊ SURF ကား(၁)စီး၊ ကျောက်စိမ်းရိုင်းတုံး(၂၈)တုံး ဖမ်းဆီးမှု သတင်း )


                   (သတင်းရယူဖမ်းဆီးမှု)

၂၅-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ ရောင်းချရန် သယ်ဆောင်လာမည် ဖြစ်ကြောင်း သတင်းအရ သက်သေများနှင့် အတူ မြစ်ကြီးနားမြို့ ၊ မြို့ သစ်ကြီးရပ်ကွက်၊ စက်မှုလယ်ယာရုံး အနီး မြို့ ပတ်လမ်းပေါ်တွင် မြစ်ကြီးနားမှ ဖားကန့်သို့ ထွက်ခွာမည့် ယာဉ်အမှတ် ၅က/၇၉၂၇ ဗင်ကား အဖြူရောင်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးမိ ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ဒေါ်ဒူးဂျီဖူ(မ) သယ်ဆောင်လာသော ပလပ်စတစ်ခြင်းအား နှစ်ထပ်အံဝှက်  ပြုလုပ်ထားသည့် အတွင်း  ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၀)ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်
အလေးချိန်(၂၄၉.၈)ဂရမ်ခန့် (တစ်ဂရမ်လျှင် ၈၀၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး ၁၉၉၈၄၀၀၀ိ/-) (တစ်ရာ ကိုးဆယ့်ကိုးသိန်း - ရှစ်သောင်း လေးထောင်ကျပ်တိတိ) နှင့် အပြာရောင်ကပ်ခွာ အိတ်ငယ်များဖြင့် ထည့်လျက် WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၅၀၀)ပြား (တစ်ပြားလျှင် ၃၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး အား ၇၅၀၀၀၀၀ိ/-)(ခုနှစ်ဆယ့် ငါးသိန်းကျပ်တိတိ)တို့အား ရှာဖွေတွေ့ ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ကွင်းဆက်ဖော်ထုတ်ချက်အရ မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်၊ ကမ်းနားလမ်းနေ ဦးဆီရဲ့ ဟဲ့(ကျား)ထံမှ ၀ယ်ယူလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ၄င်းတို့ (၂)ဦးအား မြစ်ကြီးနားနယ်မြေ ရဲစခန်းမယ(ပ) ၈၆/
၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

               (ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိမှု)

မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် ၂၅-၇-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက်၊ ရပ်ကွက်(၁)နေ အထက်ပါအမှုမှ ကွင်းဆက်တရားခံ ဦးဆီရဲ့ ဟဲ့ ၏ နေအိမ်အား ၀င်ရောက်
စစ်ဆေးရှာဖွေခဲ့ရာ ၄င်း၏နေအိမ် အိပ်ခန်း ကုတင်ဘယ်ဘက်ရှိ သစ်သားနံရံအား အံဝှက်ပြုလုပ် သိမ်းဆည်းထားသည့် ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၉)ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့် အလေးချိန်(၃၄၂)ဂရမ်ခန့် (တစ်ဂရမ်လျှင် ၈၀၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး ၂၇၃၆၀၀၀၀ိ/-)(နှစ်ရာခုနှစ်ဆယ့် သုံးသိန်းခြောက်သောင်း ကျပ်တိတိ)၊ မူးယစ် ဆေးဝါးရောင်းချရငွေ (၁၆၇၅၄၀၀၀ိ/-) (တစ်ရာခြောက်ဆယ့် ခုနှစ်သိန်း ငါးသောင်း လေးထောင်ကျပ်တိတိ)၊  မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံး၊
၎ခ/၈၁၇၃ နံပတ်ပါ SURF ကား(၁)စီး၊ ကျောက်စိမ်းရိုင်းတုံး (၂၈) တုံး  (အလေးချိန် ၁၈၆.၄)ပိဿာ
တို့အား ရှာဖွေတွေ့ ရှိ သိမ်းဆည်းရမိခဲ့သဖြင့်  မြစ်ကြီးနားမြို့ မ ရဲစခန်းမယ(ပ) ၆၃/ ၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

by Myanmar News Now

တရားခံများ၏ ကိုယ်ရေးအချက်အလက်များ

(က)ဒေါ်ဒူးဂျီဖူ(မ)၊ အသက် ၅၈ နှစ်၊ (ဘ)ဦးအာခီးဟူး၊ ၁/ပတအ(နိုင်)၀၂၀၁၆၁၊
ပိတောက်မြိုင်ကျးရွာ၊ မြစ်ကြီးနားမြို့ နယ်။

(ခ)ဆီးရဲ့ ဟဲ့(ကျား)၊ အသက် ၇၅ နှစ်၊ (ဘ)ဦးယိုအာကျော၊
၁/ပတအ(နိုင်)၀၂၅၈၆၆၊ အိမ်အမှတ် (၁/၉၀)၊ နယ်မြေ(၁)၊ မန်ခိန်ရပ်ကွက်၊
မြစ်ကြီးနားမြို့ ။
(ဘိန်းဖြူ ဆပ်ပြာခွက်(၄၉)ခွက်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀)ပြား၊ ဖုန်(၁)လုံး၊ SURF ကား(၁)စီး ၊ ကျောက်စိမ်းရိုင်းတုံး(၂၈)တုံး ဖမ်းဆီးမှု သတင်း )
(သတင်းရယူဖမ်းဆီးမှု)

လှိုင်သာယာတွင် ပဋိပက္ခဖြစ်ရန် လှုံ့ဆော်သူများကို ထောင်ဒဏ် ချမှတ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်း ဆရာတော် ဦးပညာဝရ ဟော ကြားသော ဘဝလမ်းခွဲ တရားခွေ ဖွင့်သည်ကို အော်ဟစ် လှောင်ပြောင်မှုများ ပြုလုပ်၍ ပဋိပက္ခ ဖြစ်စေ ရန် လှုံ့ဆော်သူသုံးဦးကို သာသနာ ညှိုးနွမ်းအောင် ပြုလုပ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် လှိုင်သာယာမြို့နယ် တရားရုံးက ဇူလိုင်လ ၂၅ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ သိရသည်။

GTC ကျောင်းသား/သူ နှစ်ဦး၏ အင်တာနက်ဗီဒီယိုဖိုင် ကျောင်းတွင် ပရိုဂျက် တာဖြင့် ပြသမှုကြောင့် GTC ကျောင်းအုပ် နုတ်ထွက်စာတင်ထားရ

သန်လျင် နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယို တွင်ပါဝင်သူ နှစ်ဦးနှင့်မိသားစုများကို တွေ့ဆုံကာ ၎င်းဗီဒီယိုဖိုင်ကို ပရို ဂျက်တာဖြင့် ပြသခဲ့သည့် အတွက် နှစ်ဖက် မိသားစုဝင်များအပေါ် ထိခိုက်စေခဲ့သဖြင့် ပါမောက္ခချုပ်အား နုတ်ထွက် ခိုင်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှပြောသည်။

**လုပ်ငန်းအတွက် (၇) ချက်***

Photo: **လုပ်ငန်းအတွက် (၇) ချက်***
===================

Friday, July 26, 2013


(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

မင်းသိင်္ခ ၏ “ရေမျောကမ်းတင် အောင်ဗဒင်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။
(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

အိန္ဒိယနိုင်ငံ ဆေးရုံပေါ်က ခေါင်းနှစ်လုံးဖြင့် ကလေးငယ်

Photo: အိန္ဒိယနိုင်ငံ ဆေးရုံပေါ်က ခေါင်းနှစ်လုံးဖြင့် ကလေးငယ်
Friday, July 26, 2013

ဒီကလေးငယ်ဟာ ခန္ဒာကိုယ်တစ်ခုတည်းဖြစ်သော် လည်း ကျောရိုးမကြီးနှစ်ခု၊ အာရုံးကြောမကြီးနှစ်ခုဖြင့် မွေးဖွားလာခဲ့ပါတယ်။

ကျောရိုးမကြီးနှစ်ခုဟာ တင်ပါးဆုံးရိုးမှာ သွားဆက်နေပါတယ်လို့ ဆရာဝန်များက ပြေကြားပြီး ဒီကလေး အသက်ဆက်ရှင်ဖို့ ကြိုးစားဆဲ အဆင့်မှာပဲ ရှိပါတယ်။

Channel NewsAsia
ဒီကလေးငယ်ဟာ ခန္ဒာကိုယ်တစ်ခုတည်းဖြစ်သော် လည်း ကျောရိုးမကြီးနှစ်ခု၊ အာရုံးကြောမကြီးနှစ် ခုဖြင့် မွေးဖွားလာခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်အထိ အာဖဂန် စစ်ဆင်ရေးတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၁၁၄ ဦး သေဆုံး

အာဖဂန် နစ္စတန်နိုင်ငံ အတွင်းသို့ အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခဲ့သည့် ၂ဝဝ၁ ခုနှစ် နှောင်းပိုင်း အချိန်မှစ၍ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ရက်အထိ အာဖဂန်နစ္စတန် နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အနည်းဆုံး ၂၁၁၄ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာန၏ စစ်တမ်းကောက် ယူမှု တစ်ရပ်အရ သိရသည်။

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပိန္နဲချောင်းကျွန်းတွင် အရက်တုများ သောက်သုံး မှုကြောင့် ဆေးရုံ တက်ရောက် ခဲ့ရခြင်း၊ လူသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ် ထင်မြင်ချက် တောင်းခံထားကြောင်း သတင်းရရှိသည်။

လန်ဒန်ကို မေ့ပြီလား အွန်နရီ

လန်ဒန်ကို မေ့ပြီလား အွန်နရီအာဆင်နယ်ကနေ ပြောင်းသွားပြီးတဲ့နောက်မှာလန်ဒန်ကို မမေ့ပါဘူး ဆိုတဲ့ အွန်နရီဟာ ခုတော့ နယူးယောက်ကို ခင်တွယ်လိုက်ပုံများ တက်တူးနဲ့သက်သေပြခဲ့သလိုပါ။ အွန်နရီထိုးခဲ့တဲ့ မင်ကြောင်ရုပ်ကတော့

အမျိုးသမီးများထက် အမျိုးသားများက အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာနိုင်

အိမ်တွင်း အကြမ်းဖက်ခံရမှုတွင် အမျိုးသမီးများထက် အမျိုးသားများက ပို၍ခံစားလာရနိုင်ကြောင်း အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားလိုက်ပါသည်။

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

Photo: ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယကဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆရာတော် ဦးဝီရသူ တရားပွဲအနီးမှာ တပ်ထားတဲ့ CCTV ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်ပုံမှတ်တမ်းကို ကြည့်ရှုစစ်ဆေးပြီးတဲ့အခါမှာ အခုလိုဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှုးဦးစိုးငြိမ်းက RFA ကို ပြောပါတယ်။

“ကင်မရာကလည်း သီးခြားတပ်ထားတဲ့ ကင်မရာမဟုတ်ပါဘူး၊ တခြားမှာ လုံခြုံရေးအရ သူ့ဘာသာသူ တပ်ထားတဲ့ ကင်မရာဆိုတော့ ဒီထဲမှာပါလိုပါငြားဆိုပြီးတော့ ကျနော်တို့က စုံစမ်းကြည့်ရတာပေါ့နော်၊ တရားနာတဲ့ပရိသတ်နဲ့ ပုံသဏ္ဍာန်မတူတဲ့ နည်းနည်းလေး သံသယဖြစ်ဖွယ်ရာရှိတဲ့ ပုံမှန်ထက်နည်းနည်းလေး ထူးခြားတယ်လို့ထင်တဲ့လူကို ကျနော်တို့က စုံစမ်းတာပါ၊ တရားခံဖြစ်ချင်ရင်လည်းဖြစ်မယ်၊ မဖြစ်ချင်ရင်လည်းမဖြစ်ဘူး”

ဇူလိုင်လ ၂၁ ရက်နေ့က ဆရာတော်ရဲ့ တရားပွဲနားမှာရပ်ထားတဲ့ ကားအနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ တရားနာသူ သုံးယောက်ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိ သူနှစ်ဦး ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရထားလမ်းချော် ၈၀ ဦးသေ


စပိန်နိုင်ငံ ​​အနောက်မြောက်ပိုင်းမှာ ​​မနေ့က ​ရထားလမ်းချော်မှု ​​ဖြစ်ပွားတဲ့အတွက် ​​အနည်းဆုံး ​​လူ အယောက်ပေါင်း ​၈၀ ​သေဆုံးပြီးနောက် ​သေဆုံးသူတွေအတွက် ​သုံးရက်ကြာ ​ဝမ်းနည်းပူဆွေးတဲ့ ​အခမ်း အနားပြုလုပ်နေကြပါတယ်။

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး မြန်မာပြည် လာမယ်

U Thein Sein France
ပြင်သစ်နိုင်ငံကို သမ္မတဦးသိန်းစိန်ရောက်ရှိစဉ် (Credit: ABC) 
မြန်မာနိုင်ငံကို ​ရှေ့လာမယ့် ​တပတ်အတွင်းမှာ ​ပြင်သစ်နိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီး ​Nicole ​Bricq ​ကနေဦးဆောင်ပြီးတော့ ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေးသမားများ ​၁၅ဦး ​ပါဝင်တဲ့ ​ကိုယ်စားလှယ် အဖွဲ့ ​တဖွဲ့ ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိတယ်လို့ ​သိရပါတယ်။

လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် နိုင်ငံတကာ အဆင့်မီရန် မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်အဖြစ် သတ်မှတ်သည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

7.25.19
လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်မှာ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။