Saturday, August 10, 2013

စစ်တွေ မြို့နယ်၌ အလောင်း တစ်လောင်း တွေ့ရှိရာမှ ရဲတပ်ဖွဲ့ဝင်များ အား အကြမ်းဖက်မှု အချို့ပြုလုပ် လာခဲ့သဖြင့် သက်ဆိုင်ရာက ထိန်း သိမ်း ဆောင်ရွက်လျက်ရှိ …….

ယနေ့နံနက် ၈နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မှန်စီကျေးရွာ မှန်စီချောင်းဝတွင် အလောင်း တစ်လောင်း တွေ့ရှိ ခဲ့ကြောင်း၊ အဆိုပါ အလောင်းအား ရဲတပ်ဖွဲ့ ဝင်များက မှုခင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်စဉ် ပတ်ဝန်းကျင် ကျေးရွာများမှ ဘင်္ဂါလီ လူမျိုးများက လာရောက်ကြည့်ရှု ခဲ့ကြောင်း၊ ကြည့်ရှုသူ အင်အား ၅ဝဝခန့် ဖြစ်လာသဖြင့် ရဲတပ် ဖွဲ့ဝင်များက လူစုခွဲရန် ပြောကြားစဉ် အာလန် ၁၆နှစ်က ဒုတိယ ရဲမှူး ဌေးဝင်းအား ဝင်ရောက် ရိုက်နှက် ခဲ့ကြောင်း၊ ကျန်လူများ ကလည်း ရဲတပ်ဖွဲ့ဝင် များအား ရန်ပြုခဲ့ကြ သဖြင့် ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်ဖြင့် သတိပေး ပစ်ခတ် တားဆီး ခဲ့ကြောင်း သိရှိရသည်။

၈၈ နှိမ်နင်းမှုများ အရေးယူပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး ထိခိုက်မည်ဟု ဦးရဲထွဋ်ဆို


၈ လေးလုံး ဒီမိုကရေစီ တောင်းဆိုမှုကို အကြမ်းဖက် နှိမ်နင်းခဲ့သည့် တပ်မတော် အရာရှိများကို စစ်ဆေးဖော်ထုတ် အရေးယူပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး ထိခိုက်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

အစိုးရ လက်ကျန်သက်တမ်းအတွင်း လူထုတိုက်ရိုက် အကျိုးရှိမည့် စီမံကိန်းများသာ လုပ်မည်ဟုဆို

စိုးရသစ်၏ လက်ကျန်သက်တမ်း လပေါင်းသုံးဆယ်အတွင်း ပြည်သူလူထုထံ တိုက်ရိုက်ရောက်ရှိကာ အများပြည်သူ အကျိုးခံစားနိုင်မည့် စီမံကိန်းများကိုသာ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ကျင်းပသည့် အစိုးရယန္တရား တာဝန်ရှိသူအားလုံးနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

အုန်းတောကြီးသတင်း အပြည့်အစုံအားတင်ပြခြင်း


Photo: ချောင်းအတွင်း တွေ့ရသည့် ဘင်္ဂါလီအမျိုးသား အလောင်းကိစ္စနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်ပွားရာမှ ဘင်္ဂါလီများက လုံခြုံရေးရဲကင်း စခန်းတစ်ခုအား မီးရှို့မှု စစ်တွေတွင် ဖြစ်ပွား

စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေး စခန်းအနီးရှိ ဒုက္ခသည် စခန်းတွင် တည်ဆောက်ထားသော လုံခြုံရေးရဲကင်း စခန်းတစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးမှု သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုနေ့နံနက် ၁၀ နာရီခန့်က စစ်တွေမြို့နယ်၊ အုန်းတောကြီးကျေးရွာ အနီးရှိ ချောင်းအတွင်း ရော်ရှီ (၃၄ နှစ်) အမည်ရှိ ဘင်္ဂါလီအမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့သဖြင့် နယ်မြေခံ ရဲစခန်းသို့ ယူဆောင်စစ်ဆေးရန် ပြောကြားရာမှ ဘင်္ဂါလီများနှင့် ပြဿ နာ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက်တွင် အုန်းတောကြီး ကယ်ဆယ်ရေး စခန်းအနီးရှိ ချောင်းဝရဲကင်း စခန်းအား ဘင်္ဂါလီများက မီးရှို့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘောဒူဖတွင် တာဝန်ကျနေသော ရဲကင်းစခန်းမှ ရဲဝန်ထမ်း တစ်ဦးက ''အခုကျွန်တော်တို့လည်း သွားလို့မရဘူး ဖြစ်နေတယ်။ ကားလမ်းတွေမှာ သစ်ပင်တွေကို လှဲထားတယ်။ မီးလောင်သွားတာတော့ ဟုတ်တယ်။ 

အသေးစိတ်တော့ မသိရသေးဘူး။ ဖုန်းပဲ အဆက်အသွယ်ရတယ်'' ဟု ပြောဆိုခဲ့ပါသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ''မီးရှို့ခံရတာတော့ ဟုတ်တယ်လို့ သိရတယ်။ 

သတင်းအပြည့်အစုံကို မသိရသေးဘူး ဖြစ်နေတယ်။ မကြာခင် ထုတ်ပြန်နိုင်တော့မှာပါ'' ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရသူများနှင့် သေဆုံးမှု ရှိ၊ မရှိကိုမူ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 သြဂုတ် ၉ ရက် ညနေ ၄ နာရီခန့်တွင် ကားများသွားလာနိုင်ရန် လမ်းများကို ရှင်းလင်းနေပြီ ဖြစ်ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်ဖြေရှင်း နေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတောကြီး ကျေးရွာတွင် ဖြစ်ပွားနေသော ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''ဒီနေ့မနက်ပိုင်းက မှန်စီချောင်း ဘက်ကလို့ ယူဆရတဲ့ ဘင်္ဂါလီ အလောင်းတစ်လောင်း မျောလာပြီးတော့ အုန်းတောကျေးရွာ အနီးမှာ ကမ်းတင်ခဲ့တယ်။ 

ဒါကိုလာကြည့်တဲ့ ဘင်္ဂါလီတွေက တဖြည်းဖြည်း များလာပြီး အဲဒီအလောင်းကို ရွာထဲ သယ်သွားချင်တယ်လို့ ပြောတဲ့အတွက် နယ်မြေရဲရုံးမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ စကားများတယ်။ 

တဖြည်းဖြည်း သူတို့က လူများလာတဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ကို အပေါ်ထောင်ပြီး ပစ်ဖောက် လူစုခွဲတယ်။ ဘင်္ဂါလီတွေက ချောင်းထဲက မျောလာတဲ့ လူသေအလောင်းကို အခြားသူတွေက သတ်ခဲ့တယ်လို့ ထွက်နေတဲ့ ကောလာဟလတွေကို ယုံပြီးတော့ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်။ 

အခုချိန်မှာတော့ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ယူဆထားတဲ့သူ ရှစ်ဦးကို ထိန်းသိမ်းထားပါတယ်။ လက်ရှိအချိန်မှာတော့ အုန်းတောကြီး ကျေးရွာမှာ လူစုကွဲသွားပေမယ့် ဘောဒူဖ ကျေးရွာမှာလည်း စုဝေးနေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို ဆက်လက် မဖြစ်ပွားအောင် မော်လ၀ီ ဆရာတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်'' ဟု သြဂုတ် ၉ ရက် ညနေ ၄ နာရီတွင် The Daily Eleven သို့ ပြောကြားသည်။

ညနေ ၆ နာရီခွဲတွင် ဘင်္ဂါလီများက စစ်တွေမြို့မှ ဘောဒူဖ ကယ်ဆယ်ရေးစခန်းသို့ သွားသည့်လမ်းကို ကျင်းတူးဖော် ထားသောကြောင့် ကယ်ဆယ်ရေးစခန်းသို့ လုံခြုံရေးယူနေသော စစ်ကားများ၊ ရဲတပ်ရင်းများ၊ စစ်သားများမှာ လမ်းတွင် ပိတ်နေကြောင်း၊ 

ဘင်္ဂါလီများမှာ လူစုလူဝေးများ ပြုလုပ်ကာ လုံခြုံရေး ၀န်ထမ်းများ တားဆီးထားသော နေရာများသို့ လာရောက်ခြင်းများ ရှိကြောင်း သိရသည်။ အဆိုပါ ကယ်ဆယ်ရေး စခန်းသို့ အန်ဂျီအို အဖွဲ့အစည်း ဖြစ်သည့် Human Right Watch ရောက်ရှိနေပြီး ၎င်းအဖွဲ့မှ ဘင်္ဂါလီများနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား ခိုက်ရန်ဖြစ်ပွားခြင်း မရှိစေရန် ညှိနှိုင်းပေးလျက် ရှိကြောင်း သိရသည်။

နယ်မြေအေးချမ်းရန် ရဲတပ်ရင်း ၃၃ နှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်တွင် ဆူပူမီးရှို့မှုများ အတွက် လူစုခွဲရန် သေနတ်ဖြင့် ပစ်ခတ်မှုများ ရှိကြောင်း၊ လေးဦး သေဆုံးကြောင်း စသည့် အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ်လျက် ရှိနေသော်လည်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိ သူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့ဘွတ်စာမျက်နှာ၌ ဖော်ပြရာတွင်မူ လူသေဆုံးမှုများ မရှိကြောင်းနှင့် ဒဏ်ရာအနည်းငယ် ရရှိမှုများသာ ရှိကြောင်း ရေးသားဖော်ပြခဲ့သည်။

News From Eleven Media Group
Photo From Other
အုန်းတောကြီးနယ်မြေရဲကင်း စခန်းအား ဘင်္ဂလီလူမျိုးများ မီးရှို့ခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ သေနတ် ပစ်ဖောက် လူစုဖြို့ခွင်းရာတွင် ဒဏ်ရာရရှိသူများရှိ၊သေဆုံးသူ မရှိ
--------------------------------RSV

လယ်သမားများအား ကာလရှည်ချေးငွေ ထုတ်ပေးပါက ငွေကိုအလွယ်တကူ သုံးစွဲတတ်သည့် အလေ့အထကြောင့် နိုင်ငံတော်ငွေကြေး ဆုံးရှုံးနိုင်သည်ဟု လယ်/ဆည် ဒုတိယ၀န်ကြီး ပြောကြား

8.9.1
လပွတ္တာ-မြောင်းမြကားလမ်း နံဘေးရှိ လယ်ကွက်တွင် တောင်သူတစ်ဦးအား လုပ်ငန်းခွင် ၀င်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းသူဝင်းထွဋ်)
လယ်သမားများအား ကာလရှည် ငွေထုတ်ချေးပါက ငွေကို အလွယ်တကူ သုံးစွဲတတ်သည့် အလေ့အထကြောင့် နိုင်ငံတော်ငွေကြေး ဆုံးရှုံးနိုင်ခြင်းမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောကြားသည်။

ဥပဒေနှင့် တရားရုံးများသည် လူတစ်စု၊ ပါတီနိုင်ငံရေး၊ ချမ်းသာသူများနှင့် အာဏာရှိသူများ အတွက် မဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ပြောကြား

8.9.1
သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ များနှင့်အတူ တွေ့ရသော ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး (၀ဲအစွန်)ကို ပြည်ထောင်စု လွှတ်တော်၌ ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်
ဥပဒေနှင့် တရားရုံးများသည် လူတစ်စု၊ ပါတီနိုင်ငံရေး၊ ချမ်းသာသူများနှင့် အာဏာရှိသူများ အတွက် မဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက သြဂုတ် ၈ ရက်က နေပြည်တော်၌ ကျင်းပ ခဲ့သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သြဂုတ် ၉ ရက်က အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရာတွင် ၀န်ကြီးဌာန၏ ကွင်းဆင်း ဆောင်ရွက်မှုအပေါ် တိုင်ကြားမှု ၆၅ မှုရှိရာ ၄၈ မှုကို ဖြေရှင်းပြီးကြောင်း လ၀က သတင်းထုတ်ပြန်

နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရာတွင် ၀န်ကြီးဌာန၏ ကွင်းဆင်း ဆောင်ရွက်မှုအပေါ် လိုအပ်ချက်များ ရှိနေခြင်း၊ မပြည့်စုံခြင်းတို့ကြောင့် တိုင်ကြားမှု ၆၅ မှုအနက် ၄၈ မှုကို ဖြေရှင်း ဆောင်ရွက်ပေး၍ သက်ဆိုင်ရာ ကာယကံရှင်များထံသို့ ပြန်လည်ရှင်းလင်း အကြောင်းကြားပေးပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက သြဂုတ် ၉ ရက်တွင် အစိုးရပိုင် သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ပြုလုပ်ခြင်းကို အစိုးရ သတင်းစာများ၌ ဖော်ပြ

8.9.1
သြဂုတ် ၉ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြဂုတ် ၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။
ထိုသို့ ဖော်ပြရာတွင် ''ရှစ်လေးလုံး(၂၅) နှစ်မြောက် အခမ်းအနားကျင်းပ'' ဟု ဖော် ပြခဲ့ပြီး အခမ်းအနား၏ နာမည်အပြည့်အစုံ ဖြစ်သော ''ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား'' မှ ''ဒီမိုကရေ စီအရေးတော်ပုံ'' ဟူသော စာသားကို ဖြုတ်ပယ်ပြီး ဖော်ပြခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများ ၀င်ရောက်ဗုံးဖောက်မည် ဟူသောသတင်းများ ထွက်ပေါ်နေသဖြင့် မောင်တော ခရိုင်အတွင်း အရေးပေါ်ကာလ သတ်မှတ်ကာ လုံခြုံရေး အထူးဂရုပြုကြရန် ညွှန်ကြား

အကြမ်းဖက်သမားများ ၀င်ရောက် ဗုံးဖောက်ကွဲရန် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တော ခရိုင်အတွင်း အရေးပေါ်ကာလ သတ်မှတ်ကာ လုံခြုံရေး အထူးဂရုပြုကြရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ချောင်းအတွင်း တွေ့ရသည့် ဘင်္ဂါလီအမျိုးသား အလောင်းကိစ္စနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်ပွားရာမှ ဘင်္ဂါလီများက လုံခြုံရေးရဲကင်း စခန်းတစ်ခုအား မီးရှို့မှု စစ်တွေတွင် ဖြစ်ပွား

စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေး စခန်းအနီးရှိ ဒုက္ခသည် စခန်းတွင် တည်ဆောက် ထားသော လုံခြုံရေးရဲကင်း စခန်းတစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးမှု သြဂုတ် ၉ ရက်က ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်းများအား အရေးယူရန် တိုင်ကြားစာ ၁၁၉ စောင်အား စစ်ဆေးမှုအရ တစ်ဦးအား ထောင်ဒဏ်နှင့် ၁၈ ဦးအား အငြိမ်းစားပေး

အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်း များအား အရေးယူရန် တိုင်ကြားစာ ၁၁၉ စောင်အား စစ်ဆေးမှုအရ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ထောင်ဒဏ်အပြစ် ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၁၈ ဦးအား အငြိမ်းစား ပေးခဲ့ကြောင်း သြဂုတ် ၉ ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းရေး ကိစ္စနှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်အရ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၃၆၂ ဦး ရှိပြီး ဌာနပြောင်းရွှေ့ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၆၉ ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။