Monday, August 12, 2013

ဖခင်ဖြစ်သူရဲ့ သိက္ခာကို မကျအောင် ကြိုးစားနေသူ အိမ့်ချစ်


အိမ့်ချစ်က လတ်တလောမှာတော့ ဒုတိယ တစ်ကိုယ် တော်အခွေ အတွက် ကြိုးစားနေပြီး ပထမအခွေ နဲ့ ပုံစံလုံးဝ မတူအောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။"အိမ့်ချစ်က ဒုတိယအခွေလေး ကို နိုဝင်ဘာလမှာ ထွက်နိုင်အောင်လို့ ကြိုးစားပြီး စီစဉ်ဖြစ်နေတယ်။ 

အိန်္ဒိယ၌ မိသားစုဝင် ဆင်တစ်ကောင် ရထားတိုက်၍ သေဆုံးခဲ့မှု အပေါ် လက်စားချေသည့် အနေဖြင့် နေအိမ်များကို ဆင်များဖျက်ဆီး

နယူးဒေလီ သြဂုတ် ၁၁
အိန်္ဒိယ နိုင်ငံ အရှေ့ပိုင်း မာတာရီ ကျေးရွာ အနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရထား တိုက်မိမှုကြောင့် ဆင်တစ်ကောင် သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ဆင် ၁၅ ကောင်ခန့် ပါဝင်သော ဆင်အုပ် တစ်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံးခဲ့သည့် ရွာသို့ လာရောက်၍ ကလဲ့စား ချေသည့် အနေဖြင့် နေအိမ်များကိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆင်အုပ်သည် အနီးအနားရှိ နေအိမ်များကို ဖျက်ဆီးခဲ့ပြီး စာသင်ကျောင်း၏ အစိတ်အပိုင်း အချို့ကိုလည်း ဖျက်ဆီး ခဲ့ကြောင်းနှင့် ဆင်အုပ်ကို ဒေသခံ များက ဗျောက်အိုးများ အသုံးပြု၍ အုပ်စုခွဲ နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသမီးကို စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့

ကမာရွတ်မြို့နယ်တွင် သြဂုတ်လ ၁၀ ရက်နေ့က တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အိမ်အကူ အလုပ်သမား မလွင်မာလာဝင်း (၁၉ နှစ်) သည် စိတ်ရောဂါ ခံစားနေရသဖြင့် ရွာသာကြီး စိတ် ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ၄င်း၏ အလုပ်ရှင် ဒေါ်မေသက်ဦးက The Voice သို့ ပြောကြားသည်။

ပထမတန်း ကျောင်းသားကို ကျောင်း အထွေထွေလုပ်သား ရိုက်နှက်မှု တိုင်းပညာရေးမှူးထံ တင်ပြ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဝမ်းဘဲအင်းကျေးရွာ အခြေခံပညာမှ မူလတန်းကျောင်း ပထမတန်း ကျောင်းသား မောင်မင်းခန့်ကျော်ကို သြဂုတ်လ ၂ ရက်နေ့ က ကျောင်း အထွေထွေ လုပ်သား ဦးဝင်းညွန့်က ရိုက်နှက်ခြင်းနှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ပညာရေးမှူးထံ အမှုတွဲ တင်ထားကြောင်း နတ်မောက်မြို့ ပညာရေးမှူး ဒေါ်ခင်ငြိမ်းယုက ပြောကြား သည်။

ရွှေဈေး ပြန်မြင့်နိုင်ဟုဆို

Photo: ရွှေဈေး ပြန်မြင့်နိုင်ဟုဆို

ရန်ကုန်၊ သြဂုတ် ၁၁

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က ရွှေဈေး အနည်းငယ် ကျဆင်းခဲ့သော်လည်း ယခုအချိန်မှာ ကမ္ဘာ့ရွှေဈေး တက်သည့်ကာလ ဖြစ်၍ ပြည်တွင်းရွှေဈေး ပြန်မြင့် လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အလုပ်အမှုဆောင် ဦးအေးချို၏ ပြောကြားချက်အရ သိရသည်။

ယမန်နှစ်က စံချိန်တင်မြင့်တက်ခဲ့သည့် တစ်ကျပ်သား ကျပ်ရှစ်သိန်းဝန်းကျင် မရောက်ရှိနိုင်သော်လည်း ယခုလတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ခုနစ်သိန်းဝန်းကျင်အတွင်း ရှိနေမည် ဖြစ်ကြောင်း ၎င်း၏အဆိုအရ သိရသည်။

“ဈေးကွက်အဖွင့်မှာ ခြောက်သိန်း ကိုးသောင်းလောက်နဲ့ ဖွင့်နိုင်တယ်” ဟု  ၎င်းကဆိုသည်။

ကမ္ဘာ့ဈေးကွက်တွင်လည်း ရွှေဈေးကွက် ကျွမ်းကျင်သူများက ဂျပန်ငွေ ယန်းတန်ဖိုး အပြောင်းအလဲကို စောင့်ကြည့်နေသဖြင့် ယင်းဂယက်မှာ ပြည်တွင်းရွှေဈေးကွက်ကို ရိုက်ခတ်နိုင်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၁၄ ဒေါ်လာနှင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၉၀,၀၀၀ ကျပ်ဖြင့် ဈေးပိတ်ထားကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က ရွှေဈေး အနည်းငယ် ကျဆင်းခဲ့သော်လည်း ယခုအချိန်မှာ ကမ္ဘာ့ရွှေဈေး တက်သည့်ကာလ ဖြစ်၍ ပြည်တွင်းရွှေဈေး ပြန်မြင့် လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များ အသင်း အလုပ်အမှုဆောင် ဦးအေးချို၏ ပြောကြားချက်အရ သိရသည်။

အစ္စလာမ်အီးဒ်ပွဲတော် အထိမ်းအမှတ် သံဃာတော်များကို ဆွမ်းကပ်

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအတွက် ရည်ရွယ်ကာ အစ္စလာမ် ဘာသာဝင်များ၏ အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲကို လားရှိုးမြို့တွင် ပြုလုပ်ခဲ့ကြောင်း အဆိုပါမြို့မှ မွတ်ဆလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်က ပြောကြားသည်။

စစ်တွေ ဒုက္ခသည်စခန်း ပဋိပက္ခ တည်ငြိမ်သွားပြီဟု ပြည်နယ်အစိုးရဆို

အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ရသည့် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ သည် ယခုအခါ တည်ငြိမ်အေးချမ်းသွားပြီဟု ရခိုင်ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦး လှသိန်းက သြဂုတ် ၁၁ ရက်တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ရေရှည်ရပ်တည်ရန်နှင့် လာဘ်ပေးလာဘ်ယူမှု ကာကွယ်ရန် ဖမ်းဆီးမိသည့် ကုန်စည်တန်ဖိုးများ၏ ၃၅ ရာခိုင်နှုန်း ခွဲဝေခွင့်ပြုရန် တောင်းဆို

8.1.1
သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ MITT ဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-MOF)
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ရေရှည်ရပ်တည်ရန်နှင့် မှောင်ခိုတင်သွင်းသူ ၀ိသမ လောဘသားများ၏ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုကို ကာကွယ်နိုင်ရန် ဖမ်းဆီးမိသည့် ကုန်စည် များ၏ တန်ဖိုးများ မှ ၃၅ ရာခိုင်နှုန်းအား ခွဲဝေခံစားခွင့်ပြုရန် တောင်းဆိုထားကြောင်း အဆိုပါ အဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

ရှမ်း၊ ကယား၊ မွန်ပါတီများနှင့် အပစ်ရပ်အဖွဲ့များ ပါဝင်သော ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ခြင်း တွေ့ဆုံဆွေးနွေးပွဲ ယခုလကုန်ပိုင်း ပြုလုပ်ရန် စီစဉ်

8.1.1
ပလောင် လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PSLF/TNLA) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အချို့အား တွေ့ရစဉ်
ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ရှမ်း၊ ကယား၊ မွန်ပြည်နယ်များမှ နိုင်ငံရေး ပါတီ များနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲကို ယခုလကုန်ပိုင်းတွင် တောင်ကြီးမြို့၌ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြန်လည်သုံးသပ် စရာများ ရှိသော်လည်း အများဆန္ဒကို အလေးဂရု ပြုသောအားဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် ပြန်လည် သုံးသပ်ရန် အချက်များ ရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ် အများစု၏ သဘောဆန္ဒအရ အတည်ပြုထားခြင်း ဖြစ်သောကြောင့် အများဆန္ဒကို အလေးဂရု ပြုသောအားဖြင့် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က သြဂုတ် ၈ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းတွင် မြန်မာလူကုန်ကူးဂိုဏ်း ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး မြန်မာနိုင်ငံတွင် အမှုဖွင့်ပါက မြန်မာဘက်မှလည်း အရေးယူသွားမည်

မြန်မာလူကုန်ကူး ဂိုဏ်းခေါင်းဆောင် တစ်ဦးအား ထိုင်းနိုင်ငံတွင် ဖမ်းဆီးစစ်ဆေးနေပြီး ၎င်း၏ လူကုန်ကူးခြင်း ခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် လူကုန်ကူး ခံရသူများ အနေဖြင့် မြန်မာနိုင်ငံတွင် အမှုဖွင့် တိုင်ကြားပါက မြန်မာနိုင်ငံ ဘက်မှလည်း အရေးယူ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောကြားခဲ့သည်။