သြဂုတ်လ ၃၁ ရက်က MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာသော မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် တရားမ၀င် အလုပ်သမားများကို
အထူးစီမံချက်ဖြင့် ဖမ်းဆီးနေမှုများ ပြုလုပ်နေစဉ် ကာလအတွင်း မြန်မာလုပ်သား
၆၇ ဦးမှာ သြဂုတ် ၃၁ ရက် မွန်းလွဲ ၂နာရီ ၅ မိနစ်ခန့်တွင် MAI
လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ လေယာဉ်လက်မှတ်များ လှူဒါန်းမှု အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူများ ဖြစ်သည်။