Thursday, September 5, 2013

တနင်္သာရီတိုင်း အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်သုံးခုမှ နေ့စဉ်ဝင်ထွက်သူ ဦးရေ ၆၀၀ ကျော်မှ ၈၀၀ ကျော်အထိရှိ

O-5-9
မြန်မာ-ထိုင်း ထီးခီးနယ်စပ်မှ ထိုင်းနှင့် မြန်မာနိုင်ငံသားများ ၀င်ထွက်သွားလာ နေသည်ကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်သုံးခုမှ နေ့စဉ်ဝင်ထွက် သွားလာသူဦးရေ ၆၀၀ ကျော်မှ ၈၀၀ ကျော်အထိ ရှိနေကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံး မြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုကို ရှုတ်ချဆန္ဒပြခြင်းများ ဆက်တိုက်ပြုလုပ်

W-5-9
ခရမ်းမြို့နယ်၊ သက္ကယ်ကုန်း ကျေးရွာတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ရှုတ်ချ ဆန္ဒပြ မှုများ ပြုလုပ်နေကြစဉ်
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးမြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ရှုတ်ချ ဆန္ဒပြခြင်းများ ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ

P-5-9
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်နေရာတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူ တစ်ဦးကို သြဂုတ်လဆန်းက တွေ့ရစဉ်
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့် ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

X-5-9
ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဘာသာရေး စာသင်ကျောင်း (ဓာတ်ပုံ-အောင်ရဲကို)
သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ တာဝန်ရှိ သူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်အနေအထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦးက ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ကာ ပစ်တင်ခဲ့ပြီးနောက် မီးမှာသုံးမိနစ်ခန့်သာ လောင်ကျွမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက် အဖြေများအရ သိရသည်။