Monday, September 9, 2013

တရုတ်ပိုက်လိုင်းကြောင့် နစ်နာမှုဖြေရှင်းပေးဖို့ ကျောက်ဖြူဒေသ ၂၈ ရွာ သမ္မတဆီ စာရေးတောင်းဆို

Photo: တရုတ်ပိုက်လိုင်းကြောင့် နစ်နာမှုဖြေရှင်းပေးဖို့ ကျောက်ဖြူဒေသ ၂၈ ရွာ သမ္မတဆီ စာရေးတောင်းဆို
Monday, September 9, 2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို
တင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာ
မှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသခံတွေရဲ့ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးဖို့
ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတဆီကို ဒီနေ့ စာပေးပို့လိုက်
ပါတယ်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ အခက်
ခဲတွေနဲ့ ပတ်သက်ပြီး သမ္မတဆီကို လက်မှတ်ရေးထိုး စာရေးသားပေး
ပို့ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဒေသခံ ဦးချမ်းမောင်နုက RFA ကို အခုလိုပြောပါတယ်။

“အခုဒေသခံတွေသဘောကတော့ မိုးရာသီဆိုတော့ ဒီပိုက်လိုင်းမှာ
ဘေးထွက်ဆိုးကျိုးတွေ တော်တော်များတယ်ခင်ဗျ၊ ဘာဖြစ်လို့လဲ
ဆိုတော့ မြေထိုးစက်တွေသွားနေတဲ့အခါ စပါးတွေကပုံမှန်အတိုင်း စိုက်လို့မရဘူးပေါ့၊ အဲလိုမျိုးတွေ ပြဿနာဖြစ်နေတယ်၊ ကျနော်တို့လိုချင်တာကတော့ ပိုက်လိုင်းကို ဒီလိုမျိုးမဖြစ်အောင် လုပ်စေချင်တယ်ခင်ဗျ”

နိုင်ငံတော်သမ္မတဆီကို ပေးပို့လိုက်တဲ့ အဲဒီတောင်းဆိုတဲ့စာထဲမှာ ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေကို တိကျတဲ့အာမခံချက်တွေနဲ့ ဆောင်ရွက်ပေးဖို့၊ ကျေးလက်စာသင်ကျောင်းတွေအပါအဝင် ဆေးပေးခန်းတွေနဲ့ သောက်သုံးရေကန်တွေ ဖြည့်ဆည်းပေးဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့၊ ဘိုးဘွားဘီဘင်အဆက်ဆက် မှီခိုလုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေတွေကို မည်သူတစ်ဦးတစ်ယောက်မျှ ကျူးကျော်သိမ်းပိုက်ခြင်းမပြုလုပ်ဖို့နဲ့ ပုဒ်မ-၁၈နဲ့ အမှုရင်ဆိုင်နေရတဲ့ မဒေးကျွန်းဆန္ဒပြရာမှာ ပါဝင်တဲ့ ခေါင်းဆောင် ၁ဝ ဦးကို အမှုကျေအေးပေးဖို့စတဲ့ အချက်တွေအပါအဝင် အချက် ၈ ချက်ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတအနေနဲ့ ဒေသခံတွေတောင်းဆိုတဲ့အချက်တွေကို ရက်ပေါင်း ၂ဝ အတွင်း တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိပါက ဒေသခံတွေ အနေနဲ့ ထပ်မံဆန္ဒပြတောင်းဆိုမယ်လို့လည်း သမ္မတဆီကို ပေးပို့တဲ့ စာထဲမှာ ထည့်သွင်းရေးသားထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသခံတွေရဲ့ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးဖို့ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေ စုပေါင်း လက်မှတ်ရေး ထိုးပြီး နိုင်ငံတော်သမ္မတဆီကို ဒီနေ့ စာပေးပို့လိုက်ပါတယ်။

ကျိုင်းလပ်မြို့နယ်ခွဲတွင် လက်နက်၊ မူးယစ်ရောင်းချသူများကို ဖမ်းမိ

Photo: ကျိုင်းလပ်မြို့နယ်ခွဲတွင် လက်နက်၊ မူးယစ်ရောင်းချသူများကို ဖမ်းမိ
Monday, September 9, 2013

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့
နယ်ခွဲ ကျခမ်းကျောက် ကျေးရွာအုပ်စု၊ ကျခမ်းဆောင် ကျေးရွာရှိ နေအိမ်
တွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၄နာရီ ၄၅ မိနစ်ခန့်က လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းချသူ အကျိုးဆောင်များကို ဖမ်းမိကြောင်း တာချီလိတ်
ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

ဦးအိုက်ဆေး (ခ) အားဆေ၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ ၎င်းကိုမတွေ့ဘဲ ၎င်း၏ဇနီး ဒေါ်လိုဒေါနှင့် သမက်ဖြစ်သူ ဦးအိုက်မားတို့ထံမှ လောင်ချာကျည် (ခေါ် ) ၄၀ မမ ဗုံးသီး ၂၆၅ လုံး၊ အေကေ ၄၇ ကျည် ၁၀၀၀ တောင့်၊ ကဖင်း ၃၀ ကီလို၊ ကျည်အိမ် ခြောက်ခုနှင့် စိတ်ကြွဆေးပြား အကြေ ၁၅ ဂရမ်၊ ဘိန်းစိမ်း ၈၀ဂရမ်၊ ကိုးလုံးကျည် ၁၂ တောင့်တို့ကို ဖမ်းမိခဲ့ကြောင်း ခရိုင်မူးယစ် (အထူး) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။

“မြေကြီးထဲမှာ လောင်ချာတွေကို ဆာလာအိတ် သုံးအိတ်နဲ့ မြှုပ်ထားတာ၊ အိပ်ခန်းထဲမှာရှိတဲ့ အဝတ်ထဲမှာ ပါကင်တွေနဲ့ ကျည်တွေနဲ့ သိမ်းထားတာ” ဟု မျက်မြင်တွေ့ရှိသူ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

တာချီလိတ်မြို့သည် နယ်စပ်နှင့် နီးစပ်သဖြင့် လာအိုနှင့် ထိုင်းနိုင်ငံတို့
ဘက်နှင့် နယ်မြေတွင်း လက်နက်ကိုင်အဖွဲ့များ၊ အခြားဝယ်လက်များကို လက်နက်နှင့် မူးယစ်ဆေးဝါး အရောင်းအဝယ်များရှိ ကြောင်း၊ နယ်မြေတွင်း ယခုနောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှုများကို ယခင်ထက် အရှိန်မြှင့် ဖမ်းဆီးလာကာ မကြာခဏ ဖမ်းမိခဲ့ကြောင်း တာချီလိတ်ခရိုင် မူးယစ်
( အထူး) အဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“တာချီလိတ်ခရိုင်ရဲ့ အချို့နေရာတွေမှာဆိုရင် လက်နက်ကိုင်တွေကို အကာအကွယ်ယူပြီး လုပ်နေတာတွေ တစ်ပုံကြီး။ အမှုတွေကိုလည်း အပြီးသတ် ဖော်ထုတ်စေချင်တယ်” ဟု တာချီလိတ်မြို့နယ် အသက် ၄၀ ကျော်ရှိ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းနှင့် အတူဖမ်းမိသော ကိုအိုက်မားကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ခ)/၂၂(ခ) အရလည်းကောင်း၊ ဒေါ်လိုဒေါကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) /၂၂(ခ) /၂၁ ဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းလပ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ ကျခမ်းကျောက် ကျေးရွာ အုပ်စု၊ ကျခမ်းဆောင် ကျေးရွာရှိ နေအိမ်တွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၄နာရီ ၄၅ မိနစ်ခန့်က လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းချသူ အကျိုးဆောင်များကို ဖမ်းမိကြောင်း တာချီလိတ်ခရိုင် မူးယစ် (အထူး) အဖွဲ့မှ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုမည်

Photo: ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုမည်
Monday, September 9, 2013

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီး
ပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံ မည်ဆိုပါက အစိုးရ ထိန်းချုပ်မှု ကင်းသော ရင်းနှီးမြုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး အကြံပေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

စက်တင်ဘာ ၈ ရက်နေ့ ရန်ကုန်မြို့ အင်း လျားလိတ်ဟိုတယ်တွင် ကျင်းပ သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ
ဆွေးနွေး ပွဲ တွင် ဒေါက်တာမောင်မောင်သိမ်းက ထိုသို့ ပြောဆိုခြင်းဖြစ်
သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်တွင် အကောင်အထည် ဖော်လျက်
ရှိသည့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် စောင့်ကြည့် လေ့လာရေး
အဖွဲ့တခု ဖွဲ့စည်းမည်ဖြစ်ပြီး စီမံကိန်း ရင်းနှီးမြုပ်နှံမှုများ တွင် အစိုးရ၏ ထိန်းချုပ်မှု ပါဝင်မည် မဟုတ်ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

“စီးပွားရေးဇုန် ၃ ခုလုပ် နေတဲ့ နေရာမှာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ထားဝယ်စီးပွားရေးဇုန်က အစိုးရတွေ ပါတယ်။ ကျောက်ဖြူမှာ အစိုးရပိုင်း မပါဘူး။ နိုင်ငံတကာ ကျင့်သုံးမှုနဲ့ အညီ တင်ဒါစနစ်နဲ့ပဲ သုံးမယ်။ ဒီတော့ Consortium လို ပူးပေါင်း အဖွဲ့ တခုကို အရင်ဖွဲ့မယ်။ အဲဒီအတွက် တင်ဒါခေါ်မယ်။ ပြီးရင် နိုင်ငံတကာကနေ ရင်းနှီးမြုပ်နှံမှု တင်ဒါ ခေါ်မယ်” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူ စီမံကိန်း စောင့်ကြည့် လေ့လာရေး ပူးပေါင်းအဖွဲ့ ဖွဲ့စည်းရေး
အတွက် နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း
များ၊ ကျောက်ဖြူ လူမှု အဖွဲ့အစည်းများ၊ ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း အများပိုင် ကုမ္ပဏီ၊ ကျောက်ဖြူ ခရိုင် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း အများပိုင် ကုမ္ပဏီများ အပါအ၀င် လူမှုစီးပွား အဖွဲ့အစည်းများ အားလုံးကို ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူ စီမံကိန်း စောင့်ကြည့် လေ့လာရေးအဖွဲ့ ဖွဲ့စည်းမှုကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်ထုတ်ပြန် ကြေညာမည် ဖြစ်ပြီး ဒီဇင်ဘာ တွင် ရင်းနှီးမြှုပ်နှံသူများအတွက် စည်းမျဉ်းများ ရေးဆွဲမည်ဖြစ်ကြောင်း၊ ယင်းနောက်ရင်းနှီး မြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး တင်ဒါအောင် သည့် ရင်းနှီးမြှုပ်နှံသူများကို ၂၀၁၄ ခုနှစ် တွင် ထုတ်ပြန်ကြေညာ မည် ဖြစ် ကြောင်း ၊ ကျောက်ဖြူ ရေနက် စီမံကိန်း အထူးစီးပွားရေးဇုန် ၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ စစ်ဆေးမှုများကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု သိရှိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း ၁၀ ခု ခန့် တည်ဆောက်နိုင်ပြီး လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရန်လည်း လုံခြုံရေး အစီအစဉ်များ ပါရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။

“လုံခြုံရေးပိုင်း စိတ်ပူတယ် ဆိုတာက ပြဿနာက အမြဲတမ်း ဖြစ်နေမှာ
မဟုတ်ဘူး။ ဒေသခံတွေကလည်း သူတို့ တိုးတက်မှု ပိုင်း အတွက် အကုန် လုံး ထိန်းကြမှာပဲ။ ဘာပြဿနာမှ ကြီးကြီး မားမား ဖြစ်စရာ မရှိပါဘူး”ဟု ဦးမြင့်သိန်း က ပြောသည်။

ကျောက်ဖြူ စီးပွားရေးဇုန် စီမံကိန်းအတွက် စစ်တော၊ ဆီမောကျေးရွာ ၂ ခု ပြောင်းရွှေ့ရမည်ဖြစ်ပြီး ဒေသခံများ ပြန်လည် နေရာချထားရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းမှ ဦးအောင်ကျော်သန်းက “ပြောင်းရွှေ့မှုက သက်ဆိုင်ရာက ဆောင်ရွက်နေတယ်။ စီမံကိန်းမှာ လယ်မြေတွေ မပါ ရအောင်လုပ်ထားတယ်။ ပြောင်းရွှေ့ရမယ့် လူဦးရေကိုလည်း အနည်း ဆုံး ပြောင်းရအောင် လုပ်နေတယ်။ စောင့်ကြည့် လေ့လာရေး
အဖွဲ့ မှာ ရခိုင်ဒေသ ခံတွေ ထည့်သွင်းဖွဲ့ဖို့လည်း လုပ်ထား တယ်။ ပြည်သူတွေ အတွက် အမှန်ကန်ဆုံး လုပ်ပေးဖို့ ဆောင်ရွက်နေတယ်”ဟု ဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ကျောက်ဖြူမြို့၏ အရှေ့ခြမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းကြောင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းမြို့များ ဖွံ့ဖြိုးတိုးတက်လာမည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဧရာဝတီ
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံ မည်ဆိုပါက အစိုးရ ထိန်းချုပ်မှု ကင်းသော ရင်းနှီးမြုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး အကြံပေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

အမျိုးသား ၉၁၉ယောက်နဲ့ တရက်အတွင်း အိပ်ပြီး စံချိန်သစ်တင်တဲ့ အမေရိကန်အမျိုးသမီး

Photo: အမျိုးသား ၉၁၉ယောက်နဲ့ တရက်အတွင်း အိပ်ပြီး စံချိန်သစ်တင်တဲ့ အမေရိကန်အမျိုးသမီး
Monday, September 9, 2013

အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ်တင်လိုက်ပါတယ်။

(နာမည်က မြန်မာစကားလုံးနဲ့ဆိုရင်တော့ နာမည်နဲ့လူနဲ့လိုက်ပါတယ်နော်။ လီဆာစပတ်ခ်) ဒီပြိုင်ပွဲမှာ သူနဲ့တခြားအမျိုးသမီးနှစ်ဦး ယှဉ်ပြိုင်ကြတာပါ။ အဲဒီနှစ်ယောက်ထဲက တယောက်က ယခင်က အမျိုးသား ၇၅၉ ယောက်နဲ့ အိပ်ပြီး စံချိန်တင်ထားသူ အမျိုးသမီးပါ။

ဒိုင်လူကြီးတွေအပြင် ကင်မရာမန်းခြောက်ယောက်ကလည်း ဒီပြိုင်ပွဲကိုသေသေချာချာ မှတ်တမ်းတင်ခဲ့ကြပါတယ်။

အောက်က ဒီအံ့သြအမျိုးသမီးရဲ့ ဓာတ်ပုံကို ကြည့်ရင်း သြဘာပေး
လိုက်ကြပါဦး။

Lisa Sparks is a stage name of an American pornographic film actress. Sparks is a world record holder for having had sex with the most partners in one day.

Born: October 6, 1977 (age 35), Bowling Green, Kentucky, United States
Nationality: American
Height: 5' 8" (1.73 m)
Spouse: Jeff Sparxxx (m. 1995)
Education: University of Kentucky

မြဝတီ
အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ် တင်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး

Photo: အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး
Monday, September 9, 2013

အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး ခဲ့ပါသည်။ ပြည်နယ်အစိုးရ အနေဖြင့် စစ်သားရာပေါင်းများစွာ တပ်ဖြန့် ချထားပြီး တည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်းသိရပါသည်။ တိုက်ခိုက်မှုများသည် လျင်မြန်စွာ ပျံနှံ့သွားကြောင်း၊ စစ်သားများသည် တစ်အိမ်တက်ဆင်း လက်နက်များအား ရှာဖွေလျက် ရှိကြောင်း၊တိုက်ခိုက် မှုများဟာ သေချာပြင်ဆင်ပြီး တိုက်ခိုက်မှုများ ဖြစ်ကြောင်း သိရပါသည်။ အူတရာ ပရာဒက် ပြည်နယ်တွင် လူဦးရေ သန်း ၂၀၀ ခန့် နေထိုင်ကြောင်းသိရပါသည်။

Source : Aljazzea
http://www.aljazeera.com/news/asia/2013/09/201398152539561718.html
အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး ခဲ့ပါသည်။

ဆီးရီးယားသမ္မတက ဓာတုလက်နက်သုံးစွဲမှုငြင်းဆို၊အမေရိကန်တို့ တိုက်ခိုက်ရေးကိုဖိအားပေး

Photo: ဆီးရီးယားသမ္မတက ဓာတုလက်နက်သုံးစွဲမှုငြင်းဆို၊အမေရိကန်တို့ တိုက်ခိုက်ရေးကိုဖိအားပေး
Monday, September 9, 2013

ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာ ဆတ်က ဆီးရီးယားပြည်သူ များအား ဓာတုလက်နက်သုံးတိုက်ခိုက်ခဲ့မှု၏ နောက်ကွယ်တွင်၎င်းရှိ
မနေကြောင်း ပြောကြားပြီး အိမ်ဖြူတော်က ဆီးရီးယားအစိုးရအား အပြစ်ပေးသည့် အနေနှင့် စစ်ဆင်ရေးတစ်ခုလုပ် မည်ကို ထောက်ခံရန် အစိုးရအဖွဲ့အား သိမ်းသွင်းခြင်းကို ယခုတပတ်အတွင်း ဖိအားပေးရမည်ဖြစ်သည်။

အိုဘားမားအစိုးရသည် အမေရိကန်အထက်လွှတ်တော်တွင် ဆီးရီးယားနိုင်ငံ ကို စစ်ဆင်ရေး တရားဝင် ခွင့်ပြုနိုင်ရန် လာမည့်ဗုဒ္ဓဟူးနေ့၌ မဲပေးရွေးချယ်မှု တစ်ခု ရင်ဆိုင်ရမည်ဖြစ်သည်။ သမ္မတအာဆတ်က ၎င်းတို့အစိုးရအဖွဲ့ သည် တိုက်ခိုက်မှုတွင်ပါဝင် ခဲ့ကြောင်း စွဲချက်ကိုငြင်းဆိုပြီး အကယ်၍ သက်သေ ရှိပါက ပြသ သင့်ကြောင်း ပြောကြားသည်။“ကျွန်တော်တို့ပြည်သူတွေအပေါ်ဓာတု လက်နက်သုံးတိုက်ခိုက်ခဲ့တယ်ဆိုတာ သက်သေမရှိပါဘူး” ဟု သမ္မတက တနင်္ဂနွေနေ့က ဒမတ်စကတ်စ်တွင် အမေရိကန်မှ စီဘီအက်စ်သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသည်။

အာဆတ်က အကယ်၍ အမေရိကန်တို့ စစ်ဆင်ရေး လုပ်ပါက ဆီးရီးယား သည်လည်းမဟာမိတ်များနှင့်အတူ ပြန်လည်တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းသတင်းဌာနသို့ ပြောကြားသည်။ဆီးရီးယား မဟာမိတ်များတွင် တရုတ်နှင့်ရုရှားတို့အပါအဝင် အီရန်နှင့် လက်ဘနွန်မှ ဟက်ဇဘိုလာ လှုပ်ရှားမှု အဖွဲ့ ပါဝင်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဥရောပတွင် ဥရောပသမဂ္ဂနှင့် အာရပ်နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံကာ ဆီးရီးယား အစိုးရအား စစ်ဆင်ရေး ဆောင် ရွက်ရန် စည်းရုံးနေဆဲ ဖြစ်သည်။

လွှတ်တော် အမတ်များသည် ယနေ့မှ စတင်ကာ သမ္မတ အိုဘားမား၏ “ကန့်သတ်မှုဖြင့်” တိုက်ခိုက်မှု ပြုလုပ်မည့် အစီအစဉ်ကို ဆွေးနွေးရန်စုရုံး ကြမည်ဖြစ်သည်။အမေရိကန်သမ္မတသည် ဆီးရီးယားကို ဝင်ရောက်တိုက် ခိုက်ရေးနှင့်ပတ်သက်၍ ပြည်သူများအား အင်္ဂါနေ့တွင် မိန့်ခွန်း ပြောကြား သွားမည်ဖြစ်ပြီး ၎င်းက အစိုးရအဖွဲ့၏ ထောက်ခံမှုကိုရရှိရန်မှာ အလွန်ခက်ခဲမှုတစ်ခု ဖြစ်နိုင်ကြောင်း အသိအမှတ်ပြု ပြောကြားသည်။
အမေရိကန်သည် လွန်ခဲ့သည့် သြဂုတ်လအတွင်း လူပေါင်း ၁၅၀၀ နီးပါးသေဆုံးခဲ့သည့် တိုက်ခိုက်မှု တစ်ခုတွင် ဆီးရီးယား အစိုးရ ဓာတုလက်နက် သုံးစွဲကြောင်း စွဲချက်ဖြင့် တိုက်ခိုက်ရန် ပြင် ဆင်နေခြင်း ဖြစ်သည်။

Ref:BBC/Reuters
The Myanma Age
ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်က ဆီးရီးယားပြည်သူများအား ဓာတုလက်နက် သုံးတိုက်ခိုက်ခဲ့မှု ၏ နောက်ကွယ်တွင် ၎င်းရှိမနေကြောင်း ပြောကြားပြီး အိမ်ဖြူတော်က ဆီးရီးယားအစိုးရအား အပြစ်ပေးသည့် အနေနှင့် စစ်ဆင်ရေးတစ်ခုလုပ် မည်ကို ထောက်ခံရန် အစိုးရအဖွဲ့အား သိမ်းသွင်းခြင်းကို ယခုတပတ်အတွင်း ဖိအားပေးရမည်ဖြစ်သည်။

(၇၄)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Photo: (၇၄)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားသို့
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
 Monday, September 9, 2013

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် စက်တင်ဘာလ(၉)ရက်နေ့လည်(၁း၀၀)နာရီက ကျင်းပသော (၇၄)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား သို့အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်နာယက ဦးတင်ဦးတို့ တက်ရောက် ဂါရ၀ပြု ခဲ့ကြောင်း NLD မှ သိရသည်။

Popular Myanmar News Journal
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် စက်တင်ဘာလ(၉)ရက်နေ့လည်(၁း၀၀)နာရီက

၂ဝဝ၈ အခြေခံဥပဒေကြောင့် အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောကြား

Photo: ၂ဝဝ၈ အခြေခံဥပဒေကြောင့် အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောကြား
Monday, September 9, 2013

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကနေ နောင်တက်လာမယ့်အစိုးရကို အာဏာ လွှဲပြောင်းပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ထားဝယ်မြို့တော်ခန်းမမှာ ကျင်းပတဲ့ ဒေသခံလွှတ်တော်အမတ်တွေ၊ မြို့မိမြို့ဖတွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ သူရ ဦးရွှေမန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"ကျနော်တို့ မြန်မာနိုင်ငံမှာတော့ နဝတအစိုးရက မိမိတို့ကျင့်သုံးနေတဲ့ အာဏာအရပ်ရပ်ကို နောင်တက်လာတဲ့ အစိုးရအဖွဲ့ကိုလွှဲပေးတာ ဘယ်နိုင်ငံမှမလုပ်နိုင်တဲ့ကိစ္စ၊ ဘယ်သူမှမလုပ်နိုင်ဘူး၊ ဘယ်ပုံစံနဲ့လွှဲပေး တယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပေးတာ၊ ဒီအခြေခံဥပဒေ သည် ထိုခေတ်ထိုအခါက ဒီလိုအာဏာလွှဲပေးနိုင်အောင် ရေးသားပြဌာန်း ထားတဲ့ ဖွဲ့စည်းပုံ၊ အဲဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲနိုင်ခဲ့ရင် အခုလိုအာဏာလွှဲပေးနိုင်မှာ မဟုတ်ဘူး"

ဒါ့အပြင် အာဏာရှိတဲ့သူတွေဟာ မိမိရဲ့အာဏာကို တခြားပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ဆီကို လွှဲပြောင်းပေးဖို့ဆိုတာဟာ အင်မတန်ခဲယဉ်းတဲ့ ကိစ္စဖြစ်တယ်လို့ သူရ ဦးရွှေမန်းက ပြောခဲ့ပါတယ်။

သူရ ဦးရွှေ့မန်းနဲ့အဖွဲ့ဟာ ထားဝယ်ရေနက်စီမံကိန်း အထူးစီပွားရေးဇုံကို သွားရောက်ကြည့်ရှုခဲ့သလို ထားဝယ်ဒေသမှာ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတာတွေနဲ့ ပတ်သက်ပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်နာယကနဲ့ ထားဝယ်ဒေသ ခံတွေ တွေ့ဆုံ ပွဲကို ထားဝယ်မြို့အခြေစိုက် လူမှုအဖွဲ့အစည်းတွေကိုတော့ ဖိတ်ကြားခြင်း မရှိဘူးလို့လည်း သိရပါတယ်။

RFA
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရ ကနေ နောင်တက်လာမယ့်အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ် လို့ ပြည်ထောင် စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက်ပါတယ်။

သျှမ်းပြည်အရှေ့ပိုင်းတွင် ကျားဖြူပါတီ ရုံးခွဲများ ဆက်လက်ဖွင့်လှစ်

Photo: သျှမ်းပြည်အရှေ့ပိုင်းတွင် ကျားဖြူပါတီ ရုံးခွဲများ ဆက်လက်ဖွင့်လှစ်
Monday, September 9, 2013

လူထုအခက်အခဲများ ကူညီဖြေရှင်းနိုင်အောင်ရည်ရွယ်ပြီး သျှမ်းပြည်
အရှေ့ပိုင်းတာချီလိတ်မြို့နယ် ကျားဖြူပါတီ ဥက္ကဌ ဆရာမ ဒေါ်နန်းငွေမြ ဦးဆောင် ကာ မြို့နယ်အသီးသီးတွင် ကျားဖြူပါတီရုံးများ ဖွင့်လှစ် ရာ ဒေသခံလူထုတို့ကြိုဆိုမှု ရရှိခဲ့ကြောင်း ကျားဖြူပါတီဝင်များ ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းမိုင်းဖြတ်မြို့နယ်၊ တာချီလိတ်မြို့နယ်မိုင်းဖုန်း(ခ) အုပ်စု ဟွေ့လင်လမ်ရွာ တို့တွင် ယခုလ ၆ ရက်နှင့် ၇ ရက်တို့တွင် ကျားဖြူပါတီ ရုံးခွဲဖွင့်လှစ်ခဲ့ရာ တနေရာလျင် လူ ၈၀၀ ထက်မနည်း တက်ရောက်အားပေးခဲ့ကြောင်း ပါတီဝင်လူငယ် များကပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျားဖြူပါတီအဖွဲ့ဥက္ကဌ ဆရာမ ဒေါ်နန်းငွေမြက “ ကျားဖြူပါတီမှာ ၀င်ရောက်တာဝန်ထမ်းရွက်ဖို့ လူငယ်တွေ ကိုဖိတ်ခေါ် တယ်။ သက်ကြီးပိုင်းတွေကနေရာဖယ်ပေးမယ်။တခြားပါတီတွေက ပိုက်ဆံပေး မဲဆွယ်ရင်လဲ မယုံ မှား မိစေဖို့” အစရှိ ပြော ကြားခဲ့ကြောင်း မိုင်းဖုန်းအုပ်စု သား စိုင်းဝမ်းကပြောသည်။

မိုင်းဖုန်းအုပ်စုတွင် ဖွင့်ပွဲဧည့်ခံကျွေးမွေးရေးအတွက် ကမကထပြုသည့် ဦးစိုင်းမုန့်ကလည်း ယခင်က အရေးအကြောင်း ကြုံရပါက ရွာသားများမှာ ယုံကြည်အားကိုးရာ မရှိကြောင်း၊ ယခုကဲ့သို့ကျားဖြူပါတီမှ ရုံးလာဖွင့်သဖြင့် မိမိတို့ဒေသခံ သျှမ်းလူမျိုး များက ဝမ်းသာကြောင်း၊ ထိုသို့ အခွင့်အရေးရခိုက် ကျားဖြူပါတီက အထူးကြိုးစားပြီး လူထုအား ကာကွယ်ပေး သွားရန်လို အပ်သကဲ့ သို့ ရွာသားများကလည်း လက်တွဲ ပူးပေါင်းရန်လိုအပ်ကြောင်း ယခုအခါ မိုင်းဖုန်းတွင် ကျားဖြူပါတီဝင် ၃၀၀၀ နီးပါးရှိပြီဖြစ် ကြောင်း ဖွင့်ပွဲတွင် ပြောကြားသွားခဲ့သည်။

တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းသိန်းအောင်က“ ကျနော်တို့ သျှမ်းလူမျိုးတွေကို လန့်ပါတော့ နိုးထပါ တော့ပြော ချင်တယ်။ သျှမ်းပြည်သားတွေ မနိုးထရင် သျှမ်းသမိုင်းပျောက်ကွယ်တော့မယ်။ သျှမ်းပြည်သားတွေမနိုးထရင် သျှမ်းမြေပေါ်က သစ် တောတွင်းထွက် သယံဇာတတွေ ပျောက်ကွယ်မယ်။ သမိုင်းကို သိလေလေစိတ်နာ ဖွယ်ကောင်းလေလေ။ ကျနော်တို့ သမိုင်းအလိမ်ခံ ရတယ်။ ပြည်သူ လူထုရယ် နိုင်ငံရေးပါတီရယ် သျှမ်းတပ်မတော်ရယ် လက်တွဲ ပူးပေါင်းဖို့အချိန်တန်ပြီ ” ဟု ပြောဆိုခဲ့ပါသည်။

ထိုအနက် ကျိုင်းတုံမြို့နယ် RCSS ရုံးထိုင် ဗိုလ်မှူးဆိုင်လီက ပင်လုံစာချုပ်အကြောင်းပါ ထည့်သွင်းပြောကြား ခဲ့ရာ ပင်လုံစာချုပ်ကြောင့် သျှမ်းပြည်ဆုံးရှုံးမှုရှိခဲ့ကြောင်း ထို့ကြောင့် ယနေ့မှစပြီး သျှမ်းပြည်သားများ တခြားတပါးသူအား ယုံကြည်အားကိုးမှုမပြုသင့်တော့ ကြောင်း၊ မိမိအချင်းချင်းသာ ယုံကြည်အားကိုးသင့်ကြောင်း ပြောဆိုခဲ့ပါသည်။

ကျားဖြူပါတီသည် သျှမ်းပြည်တောင်ပိုင်း ရုံးမစိုက်ရသေးသည့် မြို့နယ်၊ အုပ်စုတို့တွင် ထပ်မံရုံးစိုက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပုံပါကျင်မှ ကျားဖြူပါတီဝင်လူငယ်များကပြောဆိုပါသည်။

Panglong(Burmese)
လူထုအခက်အခဲများ ကူညီဖြေရှင်းနိုင်အောင်ရည်ရွယ်ပြီး သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့နယ် ကျားဖြူ ပါတီဥက္ကဌ ဆရာမ ဒေါ်နန်းငွေမြ ဦးဆောင်ကာ မြို့နယ်အသီးသီးတွင် ကျားဖြူပါတီရုံးများ ဖွင့်လှစ်ရာ ဒေသခံ လူထုတို့ကြိုဆိုမှု ရရှိခဲ့ကြောင်း ကျားဖြူပါတီဝင်များ ကပြောသည်။

လိပ်ပြာကန်ကျောင်းတိုက် ဆရာတော်က စာချဘုန်းတော်ကြီးအား ကျောင်းတိုက်က ထွက်ခွာရန် တိုင်းဒေသကြီးသံဃနာယကအဖွဲ့က သြ၀ါဒချ မှတ်

ရန်ကုန်မြို့ဗဟန်းမြို့နယ်ငါးထပ်ကြီး(မြောက်)ရပ်ကွက်လိပ်ပြာကန်ကျောင်း တိုက်က တိုက်အုပ်စာချ ဘုန်းတော်ကြီး ဦးဃောသိတအားလိပ် ပြာကန်ကျောင်းတိုက်ဆရာတော် ဦးဇောတိက၏ တိုင်ကြားစာလျှောက်

အချိန်ပိုဆင်း အထည်ချုပ်လုပ်သားများ၏ ကျန်းမာရေးကို အလုပ်ရှင်များဂရုစိုက်ရန် အလုပ်သမားဒုဝန်ကြီးပြော

Photo: အချိန်ပိုဆင်း အထည်ချုပ်လုပ်သားများ၏ ကျန်းမာရေးကို အလုပ်ရှင်များဂရုစိုက်ရန် အလုပ်သမားဒုဝန်ကြီးပြော
Monday, September 9, 2013

မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ က လုပ်ငန်း အဆင်ပြေရေး အတွက် အချိန်ပိုခိုင်းရာတွင် လုပ်သားများ ၏ကျန်းမာရေးကိုဂရုစိုက်ရန် လို အပ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထင်အောင် ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာ ရရက်က လှိုင်သာယာ မြို့နယ် လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ကျင်းပသော တွေ့ ဆုံပွဲ တွင်ပြောခြင်းဖြစ် သည်။ ဦးထင်အောင်က ''အထည် ချုပ်လုပ်ငန်းတွေမှာ ကုန်ပစ္စည်း အချိန်ပြည့်ရဖို့အတွက် အလုပ် ဆင်းခိုင်းရင် အလုပ်သမားတွေ ကျန်းမာရေးကိုလဲ ဂရုစိုက်ဖို့လို ပါတယ်။ အချိန်ပိုဆင်းခိုင်းဖို့ လို အပ်တယ်ဆိုရင်လဲ ဆန္ဒရှိသူတွေ ဆင်းခိုင်းသင့်ပါတယ်။ မဆင်းချင် သူကို ဆင်းခိုင်းရင် နိုင်ငံတကာ ဥပဒေတွေအရ အဓမ္မစေခိုင်းခြင်း (Force Labour)ဖြစ်ပါတယ်''ဟု ပြော သည်။ ယင်းက ဆက်လက်၍ အ လုပ် သမားနှင့် အလုပ်ရှင်များ အ ငြင်းပွားမှုပြဿနာများ ပေါ်ပေါက် သည့်အခါ အလုပ်သမားရေးရာ ကိစ္စအား ဥပဒေအတိုင်း ဖြေရှင်း စေလိုကြောင်း၊ အလုပ်ရှင်အလုပ် သမားများအနေဖြင့် တစ်ဦးနှင့် တစ်ဦးမျှမျှတတ ရှိစေလိုကြောင်း ဆက်လက်ပြောသည်။

ယင်းနှင့်ပတ်သက်၍ အ ထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ''လုပ်ငန်းတွေက အထည်အချိန်မီ ရဖို့ လိုအပ်တဲ့အခါ အချိန်ပိုခေါ် ရတယ်။ တကယ် မခေါ်ခဲ့လို့ရှိရင် ကုန်ပစ္စည်းတွေ အချိန်မီမရတဲ့အ တွက် တစ်ဖက် ကနောက်ဆုံး ချုပ် ခမပေးတော့တာတွေ ဖြစ်လာ တယ်။ အဲဒါ မျိုးတွေအတွက် စဉ်း စားပေးစေချင်တယ်''ဟု ပြော သည်။
အဆိုပါကိစ္စနှင့်ပတ်သက် ပြီး ဒုတိယဝန်ကြီးက အချိန်ပိုခေါ် ယူသည့်ကိစ္စတွင် လိုအပ်ချက်အရ လုပ်ဆောင်ရသည်များရှိသည့် အခါ အလုပ်သမားဝန်ကြီးဌာန သို့ အကြောင်းကြားသင့်ကြောင်း၊ အရေးကြီးသည်မှာ ဘာပဲလုပ်လုပ် ဥပဒေနှင့် ညီညွတ်ရန်နှင့် အိုင် အယ်လ်အိုစံနှုန်းဖြင့် ကိုက်ညီအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြော သည်။

Yangon Media Group
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ က လုပ်ငန်း အဆင်ပြေရေး အတွက် အချိန်ပိုခိုင်းရာတွင် လုပ်သားများ ၏ကျန်းမာရေးကိုဂရုစိုက်ရန် လို အပ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထင်အောင် ကပြောသည်။

လက်နက်ပိုင်ဆိုင်မှုဖြင့် ထိုင်းလူမျိုးနှစ်ဦးအား မလေးရှားအာဏာပိုင်များ ဖမ်းဆီး

Photo: လက်နက်ပိုင်ဆိုင်မှုဖြင့် ထိုင်းလူမျိုးနှစ်ဦးအား မလေးရှားအာဏာပိုင်များ ဖမ်းဆီး
Monday, September 9, 2013

မလေးရှားနိုင်ငံတွင် ထိုင်းလူမျိုးနှစ်ဦးကို စစ်လက်နက် ပိုင်ဆိုင်မှုဖြင့် အာဏာပိုင်များက ဖမ်းဆီး ခဲ့ကြောင်း လုံခြုံရေး အေဂျင်စီများမှ သတင်း ထုတ်ပြန်ချက် အရသိရသည်။ အဆိုပါ ဖမ်းဆီး ခံရသူ များသည် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွား နေသော အကြမ်းဖက်မှုများနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း လုံခြုံရေး အေဂျင်စီများက ခန့်မှန်းထားသည်။

မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီး ခြင်းကိုခံရသူများမှာ မိုဟာမက်ဘင်မက် ဒက်ဒ်နှင့် ဂျာမာနန်ဘင်အာမက်စ် တို့ဖြစ်ပြီး ၎င်းင်းတို့သည် ရာလာပြည်နယ် ဇာတိဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။ သို့ရာတွင် ထိုင်းနိုင်ငံ တောင်ပိုင်းမှ စစ်ဘက်ဆိုင်ရာမှ ထုတ်ပြန်ချက် အရ မလေးရှား ရဲတပ်ဖွဲ့သည် အသက် ၅၀ နှစ်အရွယ်ရှိ အမည်မသိ ထိုင်းအမျိုး သားတစ်ဦး ထံမှ ဗုံးပြုလုပ်သည့် ပစ္စည်းများ၊ ဓာတ်မြေသြဇာအိတ် ငါးအိတ်၊ လက်နက်ခဲယမ်း များ(အပေါ်ပုံ)နှင့် ရိုင်ဖယ် သေနတ်များ အပါအ၀င် သေနတ် ရှစ်လက်ကို ဖမ်းဆီး ရမိခဲ့ ကြောင်းနှင့် ၎င်းအား စက်တင်ဘာ ၅ ရက်က စားသောက်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့သည်။ မလေးရှားရဲတပ်ဖွဲ့သည် လက်နက်များ တွေ့ရှိရာ နေရာမှ မလေးရှား နိုင်ငံသား ဟုယူဆရသူ ဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းဆီးခဲ့ ကြောင်းနှင့် ဖမ်းဆီးရမိ သူနှစ်ဦးကို ကီဒက်ရှ်ရဲစခန်း အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး စစ်ဆေး မှုများ လုပ်ဆောင် လျက်ရှိကြောင်း ထိုင်းစစ်ဘက်ဆိုင်ရာ ဌာနက ပြောကြားသည်။

မြ၀တီ
မလေးရှားနိုင်ငံတွင် ထိုင်းလူမျိုးနှစ်ဦးကို စစ်လက်နက် ပိုင်ဆိုင်မှုဖြင့် အာဏာပိုင်များက ဖမ်းဆီး ခဲ့ကြောင်း လုံခြုံရေး အေဂျင်စီများမှ သတင်းထုတ်ပြန်ချက် အရသိရသည်။ အဆိုပါ ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားနသော အကြမ်းဖက်မှုများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း လုံခြုံရေး အေဂျင်စီ များက ခန့်မှန်းထားသည်။

ခင်ပွန်းနှင့် စိတ်ဆိုးပြီး အစ်မအိမ်သွားနေသည့် အမျိုးသမီး ခဲအို၏ အဓမ္မကျင့်ခံရသည်ဟုဆို

ခင်ပွန်းသည်နှင့် စကားများရန်ဖြစ်ပြီး အစ်မ၏ အိမ်သို့ သွာရောက်နေထိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး ခဲအို၏ အဓမ္မပြု ကျင့်ခံရဟုဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား တွံတေးရဲစခန်းက စက်တင်ဘာ ၆ ရက်တွင် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်းရဲဌာနမှူးရုံးမှ သတင်းထုတ်ပြန်သည်။

ပိတ်လှောင်ပြီး ခြိမ်းခြောက်ခံရသဖြင့် စိတ်ဝေဒနာခံစားနေရသည်ဟုဆိုကာ ရဲကိုတိုင်ကြား

နေအိမ်အခန်းတွင်း၌ ပိတ်လှောင်ပြီး ခြိမ်းခြောက်ခံရသဖြင့် ဇနီးသည် စိတ်ဝေဒနာခံစားရသည်ဟုဆိုကာ သူ့ အမျိုးသားက တိုင်တန်းမှုတစ်ခုကို အလုံရဲစခန်းက စက်တင်ဘာ ၇ ရက်တွင် အမှုဖွင့် စစ်ဆေးလျှက်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မျူးရုံးက သတင်းထုတ်ပြန်သည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်အတွက် အကြံပေးအဖွဲ့နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လုပ်ငန်းအကြံပေး အဖွဲ့နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက် တာမောင်မောင်သိမ်း က ပြောကြားသည်။

ချေးငွေရယူနိုင်မှု အခက်အခဲများကို လုပ်ငန်းရှင်များက တင်ပြခဲ့ပြီး အခွန်စနစ်များ ရှုပ်ထွေးမှုရှိနေဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

Photo: ချေးငွေရယူနိုင်မှု အခက်အခဲများကို လုပ်ငန်းရှင်များက တင်ပြခဲ့ပြီး အခွန်စနစ်များ ရှုပ်ထွေးမှုရှိနေဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား
Monday, September 9, 2013

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် မွေးမြူရေးနှင့် ရေ လုပ်ငန်း ရှင်များနှင့် စက်တင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ၌ တွေ့ဆုံ ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူများ၊ အဝေးပြေး ကုန်စည်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၎င်းတို့လက်ရှိ ကြုံတွေ့နေရ သည့် ချေးငွေရယူနိုင်မှု၊ အခွန်စနစ်များအပြင် ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲများ၊ စက်မှုဇုန်များအတွက် လျှပ်စစ်မီး အခက်အခဲများ၊ ပင်လယ်ပြင်၌ နိုင်ငံခြား ငါးဖမ်းင်္ဘောများအား ငါးဖမ်းဆီးခွင့် ပြုနေသည့် ကိစ္စ၊ ကုန်စည်စီးဆင်းမှု ခက်ခဲစေနိုင်မည့် ကွန်တင်နာ လမ်းကြောင်း တစ်လျှောက်ရှိ တန်ပိုကြေးများ အဆမတန် ပေးနေရသည့် ကိစ္စ များကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြခဲ့ကြသည်။

MIC မှ ခွင့်ပြုချက်ရရှိသော ကုမ္ပဏီများသည် စက်ပစ္စည်းနှင့် အခြား လိုအပ်သော ပစ္စည်းများကို အခွန်မပေးဆောင်ရဘဲ ပြည်ပမှတင်သွင်းခွင့် ရရှိနေခြင်းနှင့် လုပ်ငန်းအပေါ် အမြတ်ခွန် ကင်းလွတ်ခွင့်ကို သုံးနှစ်မှ ငါးနှစ်အထိ ခွင့်ပြုပေးထားသော်လည်း လက်ရှိအခွန်ပေးဆောင် ကာ ဆောင် ရွက်နေသော ကုမ္ပဏီများတွင်သုံးရန် ပြည်ပမှ တင်သွင်း လာသော စက်ကိရိယာများအပေါ် အခွန်ကောက်ခြင်းကို ပြန်လည် စဉ်းစားပေးရန် လုပ်ငန်းရှင်အချို့က တင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက "အခွန်ကိစ္စက ဘယ်မှာသွားဆုံးလဲဆိုရင် နှစ်စဉ်ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရတဲ့ဥပဒေ သုံးခုရှိတယ်။ စီမံကိန်း၊ ဘတ်ဂျက်၊ အခွန်ဥပဒေ ဒါကပြည်ထောင်စု အစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်တယ်။ အခွန်ဥပဒေကို ပြည်ထောင်စုလွှတ်တော် တင်တယ်။ အခွန်ဥပဒေ ဆိုတဲ့အခါမှာ တခြားမဟုတ်ပါဘူး။ ဒီနေ့ အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာတဲ့ ကြေညာချက်တွေပါပဲ။ ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်လိုက်တယ်။ ကုန်သွယ်လုပ်ငန်းခွန် အမိန့်ကြေညာစာ။ အဲဒီအတိုင်း ကောက်ရမယ်။ အဲဒီအတိုင်း ကောက်ပေမယ့် ဘယ်လိုထွက်လဲ၊ ဘယ်လိုတွက်ချက်လဲ ဆိုတာက တချို့တချို့သော၊ ပြီးသွားပါပြီ။ အဲဒီဌာနက ပုဂ္ဂိုလ်များသည်ပင် မသိပါဘူး။ သူတို့သိတာက ဘာလဲ။ ဒီနယ်မြေမှာ ဒီနှစ်အခွန် ဘယ်လောက်ရအောင်ကောက်ဆိုတဲ့ မန်းဒိတ်အရ ကောက်သွားပြီးတဲ့ အခါမှာ မနှစ်က သိန်း ၅၀၀ ဆို၊ ဒီနှစ် သိန်း ၅၅၀ ဆိုပြီး ဖြစ်သွားတဲ့သူတွေ အများကြီးပါ။ ဘာဖြစ်လို့ ဒီလိုပြောရလည်းဆိုတော့ ကျွန်တော်ဒီနယ်ပယ်မှာ လေ့လာထားတာ အများကြီး ရှိတယ်။ ပြီးတဲ့အခါမှာ ခုနက အခွန် ၂၅ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ၊ ရာခိုင်နှုန်း ၃၀ ဘယ်လိုကောက်လဲ အများကြီး ရှုပ်ထွေးပါတယ်။ ဒီလို အခွန်ကောက်နေတာ ဘယ်စာရင်း အပေါ်မှာ ကောက်နေသလဲ။ တကယ်စာရင်း အမှန်မှာလား။ ဒါမှမဟုတ်ရင် အစီစစ်ခံတဲ့ စာရင်းပေါ်မှာလား။ ဒါတွေဟာ ရှုပ်ထွေးနေဆဲ ရှိပါတယ်။ အဲဒါတွေကို ဒီနေ့ပြုပြင် ပြောင်းလဲရမယ်။ ပြီးခဲ့တဲ့ ဘတ်ဂျက်လွှတ်တော်မှာ တင်ပြလာတဲ့ အခွန်ကိစ္စနဲ့ ပတ်သက်လို့ ပြောမယ်ဆို မပြတ်သေးပါဘူး။ လာမယ့် မကြာခင်မှာ supplimentary လာပါလိမ့်မယ်။ အဲဒီမှာ ဒီဟာရော အခွန်ကိစ္စရော ဆက်လက်ဆွေးနွေး ရပါမယ်" ဟု ပြောကြားသည်။

ထို့ပြင် ပြည်တွင်းလုပ်ငန်းရှင်များအား ဗဟိုဘဏ် အပါအ၀င် ဘဏ်အသီးသီးမှ ချေးငွေထုတ်ချေးရာတွင် အတိုးနှုန်း များပြားနေမှုများကို သက်ဆိုင်ရာမှ ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုလွှတ်တော် နာယကက ထည့်သွင်းဆွေးနွေးခဲ့သည်။  

Eleven Media Group
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲမြင်ကွင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲမြင်ကွင်း
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် မွေးမြူရေးနှင့် ရေ လုပ်ငန်း ရှင်များနှင့် စက်တင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ၌ တွေ့ဆုံ ခဲ့ကြသည်။

နမ့်ယောင်ချောင်း ရေကြီးရေလျှံမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ လားရှိုးမြို့အနီး နမ့်ယောင်ချောင်း တစ်ဖက်စီတွင် ရေကျချိန်အား စောင့်ဆိုင်းနေရ

Photo: နမ့်ယောင်ချောင်း ရေကြီးရေလျှံမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ လားရှိုးမြို့အနီး နမ့်ယောင်ချောင်း တစ်ဖက်စီတွင် ရေကျချိန်အား စောင့်ဆိုင်းနေရ
Monday, September 9, 2013

လားရှိုးမြို့တွင် စက်တင်ဘာ ၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၇ ရက်တွင် လားရှိုးမှ မူဆယ်ဘက်သို့အထွက် အေတီတံတားအနီး နမ့်ယောင်ချောင်းသည် ထပ်မံ၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုသည် ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များ၊ စက်တင်ဘာ ၇ ရက် ညပိုင်းထိ ဖြတ်သန်း သွားလာနိုင်သေးသော်လည်း ည ၈နာရီခန့်တွင် လမ်းပေါ်သို့ ခြောက်ပေ ခန့် အထိ ရေများမြင့်တက်လာမှုကြောင့် ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သိရသည်။

"စနေနေ့က မိုးတစ်နေကုန် ရွာပေမယ့် လမ်းပေါ်ချောင်းရေတက်တာက သုံးပေလောက်ထိပဲဆိုတော့ ယာဉ်ငယ်တွေရော၊ ယာဉ်ကြီးတွေရော ဖြတ် လို့ရသေးတယ်။ ညပိုင်း ၈ နာရီလောက်မှာတော့ တောင်ကျရေတွေ စီးဆင်းတာများပြီး လမ်းပေါ်ကို ရေခြောက်ပေလောက် ထိ မြင့်တက် လာတော့ ယာဉ်တွေဖြတ်လို့ မရတော့ဘူး" ဟု ဒေသခံ တစ်ဦး က ပြောကြားသည်။

အဆိုပါ ရေကြီးရေလျှံမှုသည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းထိ ရေကျ ဆင်းမှု မရှိခြင်းကြောင့် မန္တလေး-လားရှိုး-မူဆယ်နှင့် မန္တလေး-လားရှိုး-ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင်မြို့များသို့ ကုန်စည်ကူးသန်း ရောင်း ၀ယ်ကြသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ လားရှိုးမြို့ အေတီတံတား အနီးတွင် အစီးရေ ၆၀၀ ကျော်ခန့် ထိ စောင့်ဆိုင်းလျက် ရှိနေကြောင်း သိရသည်။

Eleven Medai Group
ရေကြီးရေလျှံမှုကြောင့် လားရှိုးမြို့တွင် စောင့်ဆိုင်းနေသည့် မော်တော် ယာဉ် များ ကို တွေ့ရစဉ်
ရေကြီးရေလျှံမှုကြောင့် လားရှိုးမြို့တွင် စောင့်ဆိုင်းနေသည့် မော်တော် ယာဉ် များ ကို တွေ့ရစဉ်
လားရှိုးမြို့တွင် စက်တင်ဘာ ၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၇ ရက်တွင် လားရှိုးမှ မူဆယ်ဘက်သို့အထွက် အေတီတံတားအနီး နမ့်ယောင်ချောင်းသည် ထပ်မံ၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆီးရီးယားကို သုံးရက်ဖြင့် အပြတ်တိုက်မည်

ပင်တဂွန်က ဆီးရီးယားကို ရက်ရှည်တိုက်ရန် မူလကရည်ရွယ်ထား သော်လည်း ယခုအခါ သုံးရက်သာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် တိုင်းမ်သတင်း စာက ရေးသားဖော်ပြလိုက်သည်။

လျှပ်စစ်မီတာခ ဈေးကြီးသဖြင့် ကျောက်ဖြူရွာ ၂၃ ရွာစုပေါင်း တောင်းဆိုမည်

မြန်မာနှင့်တရုတ် သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းမှ နေ့စဉ် ဓာတ်ငွေ့ကုဗပေသန်း ၂၀ ကို ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပေးရန် အစိုးရကခွဲတမ်းပေးထားသော်လည်း လျှပ်စစ်ဖြန့်ဖြူး ရာတွင် ကျသင့်မည့် မီတာခမှာဈေးကြီးနေသဖြင့် ဒေသခံများကအစိုးရကို စုပေါင်းတောင်းဆိုမည်ဟု ၎င်းတို့က ပြောသည်။

ရန်ကုန်မြို့ရှိ ကားလမ်းများပေါ်တွင် လုံးဝကားမရပ်ရသည့် ကန့်သတ်ချက် များ ထုတ်ပြန်နိုင်ရန် စဉ်းစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား

Photo: ရန်ကုန်မြို့ရှိ ကားလမ်းများပေါ်တွင် လုံးဝကားမရပ်ရသည့် ကန့်သတ်ချက် များ ထုတ်ပြန်နိုင်ရန် စဉ်းစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား
=====================================
Monday, September 9, 2013

ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူလူထု အများဆုံး ခံစားနေရသည့် ဒုက္ခမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်သည့်အတွက် ယင်းပြဿနာများ အဆင်ပြေစေရန် ကားလမ်းများပေါ်တွင် လုံးဝကားမရပ်ရသည့် ကန့်သတ်ချက်များကို ထုတ်ပြန်နိုင်ရန် စဉ်းစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကုန်စည်ဒိုင် အသင်းအဖွဲ့များ တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အထူးသဖြင့် မကြာခင်မှာ ကားလမ်းတွေပေါ်မှာ လုံးဝကားမရပ်ရတဲ့ အချက်တွေ ကန့်သတ်သွားဖို့ စဉ်းစားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းတွေချဲ့နေလည်း ကားတွေက လမ်းတွေပေါ်မှာပဲ ရပ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အခုအများဆုံး ဒုက္ခတွေ့နေတာကတော့ ယာဉ်ကြောပိတ်မှု ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။

ဆက်လက်ပြီး ရန်ကုန်မြို့ရှိ ကားလမ်းများပေါ်တွင် လုံးဝကားမရပ်ရသည့် ကန့်သတ်ချက်များကို ထုတ်ပြန်နိုင်ရန် စဉ်းစားနေပြီး ယင်းတို့ကိုလည်း ဥပဒေတစ်ရပ် အနေဖြင့် တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းရန် အစီအစဉ်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ခုံးကျော်တံတားများ တည်ဆောက်နေသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများမှာ ပိုမိုဆိုးရွားလျက် ရှိပြီး ပြည်သူလူထု၏ လူမှုစီးပွားရေးကိုပါ ထိခိုက်လာလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အဓိက ယာဉ်ကြောပိတ်ဆို့လျက် ရှိသည့်နေရာများမှာ လက်ရှိတွင် ခုံးကျော်တံတားတည် ဆောက်ပြီးဖြစ်သည့် လှည်းတန်းနှင့် ခုံးကျော်တံတား တည်ဆောက်လျက်ရှိသည့် ရွှေဂုံတိုင် ခုံးကျော်တံတားနှင့် ဘုရင်နောင် ခုံးကျော်တံတားများ အပါအ၀င် အခြားလမ်းများပေါ်တွင် လည်း ယာဉ်ကြောပိတ်ဆိုမှုမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးဝါးလာခြင်းမှာ ယာဉ်အစီးရေ များပြားလာခြင်း၊ ယာဉ်မောင်းသူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်း အပြင် ယာဉ်ထိန်းရဲအင်အားနှင့် နည်းစနစ်ပိုင်း အားနည်းမှု များကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်နေကြသည်။

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူလူထု အများဆုံး ခံစားနေရသည့် ဒုက္ခမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်သည့် အတွက် ယင်းပြဿနာများ အဆင်ပြေစေရန် ကားလမ်းများပေါ်တွင် လုံးဝကားမရပ်ရသည့် ကန့်သတ်ချက် များကို ထုတ်ပြန်နိုင်ရန် စဉ်းစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

နန်းခင်ဇေယျာကို မင်းသမီးတင်ရိုက်ကူးတော့မယ့် ခန့်စည်သူ

Photo: နန်းခင်ဇေယျာကို မင်းသမီးတင်ရိုက်ကူးတော့မယ့် ခန့်စည်သူ
================================
Monday, September 9, 2013

ခန့်စည်သူက နန်းခင်ဇေယျာကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် တို့နဲ့ အောက်တိုဘာလ ၁ဝရက်နေ့ မှာ ဇာတ်ကားရိုက်ကူးဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ လပ်ကီးဘော့စ် ထုတ်လုပ်ရေးက ဖြစ်ပြီး ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ဝတ္ထုကို ဇာတ် ညွှန်း မင်းခိုက်စိုးစံက ရေးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်း က နန်း ခင်ဇေယျာရဲ့ ပထမဆုံးဇာတ် ကားရိုက်ကူးမှုဖြစ်တာကြောင့် ရိုက် ကူးမှုနဲ့ ပတ်သက်ပြီး ခန့်စည်သူက “ကိုယ်ကဒီဇာတ်လမ်းကို ဖတ်ကတည်း ကအရမ်းသဘောကျတာ။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ အက်တိုးပစ်အပျို စင်ဆိုတဲ့ ဝတ္ထုလေး။လွန်ခဲ့တဲ့ ၁ဝနှစ် လောက်ကတည်းကဖတ်ဖူးတာ။ ဇာတ် က မင်းသမီးဇာတ်ပဲ။ လက်ရှိမြန်မာ အမျိုးသမီးလေးတွေကို ကိုယ်စား ပြုမက်ဆေ့ခ်ျပေးတဲ့ ဇာတ်လေးပါ။ ရိုက်ချင်နေတာကြာပါပြီ။ မင်းသမီး က နာမည်ရှိပြီးသားများတယ်။ ဒီ ဇာတ်က ခုရိုက်လို့လည်း သူတို့အ တွက်က ဒီထက်ပိုမလာဘူးလေ။ ဒါ ကြောင့် နန်းခင်ဇေယျာနဲ့တွေ့ပြီး ရိုက်မလားဆိုတော့ သူ အများကြီး စဉ်းစားတယ်။ သူ့ကြောင့် ရိုက်ကွင်း အနှောင့်အ ယှက်ဖြစ်မှာလည်း ကြောက်တယ်။ အိုက်တင်၊ ဒိုင်ယာ လော့ခ်တို့ဆိုတာ သူနဲ့ အသားမကျ သေးဘူး။ လုပ်ချင်စိတ်တစ်ခုရှိရင် ဖြစ်ပါတယ်လို့ ပြောပြတော့ သူက လက်ခံ လိုက်တာ။သူကလည်း သိပ် ဖြစ်ချင်တာ။မျက်နှာသစ်နဲ့ပဲ ရိုက်ချင် တော့ လုပ်ဖြစ်သွားတာပါ” လို့ ပြော ပြပါတယ်။

မင်းသမီးဇာတ်ဖြစ်ပေမယ့် မက်ဆေ့ခ်ျကောင်းတစ်ခုပေးနိုင်တဲ့ ဇာတ်လေးလည်းဖြစ်တာကြောင့် ရိုက်ကူးဖြစ်တာဆိုတဲ့ ခန့်စည်သူက “အဓိကက လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ်နေတဲ့ပုံစံလေးလေ။ လူတစ် ယောက်ဘယ်လိုအခြေအနေ ဘယ်လိုမျိုးပဲဖြစ်ဖြစ်ကိုယ်ပိုင်အရည် အသွေးကို အသိအမှတ်ပြုရမယ်။ သိက္ခာတရား၊ စာရိတ္တဆိုတာ ကိုပြော တာ။ ဒီလိုပေးချင်တဲ့မက်ဆေ့ခ်ျလေး ပါ။ မင်းသမီးဇာတ်ဖြစ်ပေမယ့် ကြည့် တဲ့ပြည်သူတွေကို မက်ဆေ့ခ်ျကောင်း ကောင်းပေးနိုင်တယ်။ နန်းခင်ဇေ ယျာက talent အလည်းရှိတယ်။ သူက လည်း ကြိုးစားမယ်ပြောတယ်။ နည်း နည်းတော့ ပြောပြသင်ပေးရမှာပေါ့။ စာအုပ်တွေလည်း သေသေချာချာ ဖတ်နေပါတယ်။ ပရိသတ် ရဲ့ အဆုံး အဖြတ်ကိုခံယူရမယ်။ ပရိသတ်ဆို တာ အမှန်ကန်ဆုံးတရားသူကြီးပဲ။ အချိန်တန်ရင် အနုပညာသမားဆို တာ ပရိသတ်ရဲ့ မှတ်ကျောက်တင်ခံ ရတာပဲ။ သူကြိုးစားမှု၊ ကံတရားပေါ် မှာလည်း မူတည်ပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။ဇာတ်ကားမရိုက်ကူးခင် ဇာတ် လမ်းနဲ့ ပတ်သက်ပြီး ပါဝင်မယ့် သူတွေအားလုံး အတူတူေ ဆွးနွေး ဖြစ်သလို ဒီဇာတ်ကားမှာ နောက်ထပ် မင်းသမီး တစ်ယောက်ကိုလည်း ပဟေဠိဖွက်ထားပါသေးတယ်။

မေမွန်မောင်
ခန့်စည်သူက နန်းခင်ဇေယျာကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် တို့နဲ့ အောက်တိုဘာလ ၁ဝရက်နေ့ မှာ ဇာတ်ကားရိုက်ကူးဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ စစ်တပ်ချထားခြင်းကို မဏိပူရအာဏာပိုင်များကန့်ကွက်

 မြန်မာ-အိန်္ဒိယနယ်စပ်၊ အိနိ္ဒယနိုင်ငံပိုင် ဟောင်လင်ဖိုင်ကျေးရွာတွင် မြန်မာဘက်မှ စစ်တပ်ချထားပြီး စခန်းဆောက်လုပ်ခြင်း ကိုမိုးရေးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ခရိုင်အာဏာပိုင်တို့က တမူးမြို့ အာဏာပိုင် များထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း အိန်္ဒိယနိုင်ငံအခြေစိုက် Sangai Express သတင်းစာတွင် စက်တင်ဘာ ၈ ရက်က ဖော်ပြထားသည်။

အိန်္ဒိယ အမျိုးသမီးများ ဘေးကင်းကြရဲ့လား

Photo: အိန်္ဒိယ အမျိုးသမီးများ ဘေးကင်းကြရဲ့လား
 Monday, September 9, 2013

အိန္ဒိယတွင်   လတ်တလော မုဒိမ်းမှုများ ဖြစ်ပေါ်နေခြင်းအရ အိန္ဒိယနိုင်ငံသည် အမျိုးသမီးများအတွက် ဘေးကင်းရာ နေရာ မဟုတ်ဟု ထိုသတင်းကို ကြားရသူတိုင်းက မှတ်ယူနေကြသည်။ သို့သော် ထိုအခြေအနေ မျိုးသည် တစ်နိုင်ငံလုံး ၌ ဖြစ်နေကြသည်တော့ မဟုတ်ပါ။   တစ်ဦးချင်း မုဒိမ်းကျင့်သည့် ကိစ္စနှင့်  လူအုပ်စုဖြင့် မုဒိမ်းကျင့်သည့် ကိစ္စများသည် လက်တစ်ဆုပ်စာ လူတစ်စု၏ ရာဇာဝတ်မှု ကျူးလွန်ကြခြင်း မျှသာဖြစ်သည်။

သို့သော်လည်း မကြာသေးမီက ထိုအမှုများကြောင့် ထိုကိစ္စအပေါ် သတိပြုအာရုံစိုက်မိ လာခဲ့ကြခြင်း ဖြစ်ပေသည်။ အိန္ဒိယ အမျိုးသမီးများသည်  ခေတ်မီစွာ ဝတ်စား ဆင်ယင်ကြသော်လည်း ယဉ်ယဉ်ကျေးကျေး ဝတ်စားဆင်ယင် နေထိုင်သွားလာကြပြီး  မိမိတို့၏ လုံခြုံဘေးကင်းမှုအတွက် ကိုယ်ခံပညာရပ် များကိုလည်း  သင်ကြားလေ့ကျင့် ထားသင့် သည်ဟု ထင်မြင်မိသည်။ ယခုဆိုလျှင် အမျိုးသမီး တချို့သည် ကိုယ်ခံပညာ ရပ်တစ်ခုခုကို သင်ယူ လေ့ကျင့် နေကြပြီ ဟု ကြားသိရသည်။  အလွန်ပင် လုပ်သင့်သော  ကိစ္စဖြစ်သည်ဟု ထင်သည်။  

မီဒီယာများကလည်း အဆိုပါ သတင်း များကို ဖော်ပြပေးပြီး ထိုပြစ်မှု ကျူးလွန်သည့်လူကို  ဖမ်းမိသည့် နေရာတွင်ပင် လူထုက ကိုယ်ထိလက်ရောက် တစ်ယောက် တစ်ချက် ဆိုသလို ဝိုင်းဝန်း၍ ဆုံးမကြပုံများကို မီးမောင်းထိုး ပြလိုက်လျှင် အတင့်ရဲစွာ အမှုကျူးလွန်နေသူ တစ်စုအဖို့  ကိုယ်ရှိန်သတ် သွားစရာရှိပါသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း  ကဲရားလားပြည်နယ်ဆိုလျှင် နယူးဒေလီမြို့တော်မှာကဲ့သို့ မိန်းကလေးတစ်ဦးတည်းသွားလျှင် အန္တရာယ်ရှိနိုင်၍ လုံခြုံစိတ်ချမှုမရှိသည့် ဒေသမျိုးမဟုတ်ပါ။  အမျိုးသမီးများကို အလွန်လေးစားစရာ အဖြစ် တွေ့ရသည့်

အတွက် မိန်းမသားများ အဖို့ လုံခြုံစိတ်ချရသည်ဟု သိရပါသည်။

တခြားနိုင်ငံများနှင့် ယှဉ်လျှင် အိန္ဒိယသည် အမျိုးသမီးများကို  လေးစားသော တိုင်းပြည်ဖြစ်သည်။ အိန္ဒိယတွင် မိန်းက လေးများကို ဘုရားတစ်ဆူ၊ ဂူတစ်လုံးသဖွယ် သဘောထားသည့် ရွာတစ်ရွာရှိသည်။ ရွာ၏အမည်မှ ပန်ချာလီပရာ ဖြစ်၏။ ထိုရွာ၌ မိန်းမတစ်ယောက်သည် ယောက်ျားအများကြီး ယူခွင့်ရှိပြီင်္း၊ ယောက်ျားများကတော့ မိန်းမတစ်ယောက် သာ ယူခွင့်ရှိသည့်နေရာ ဖြစ်လေ၏။ သတို့သမီးဘက်မှ မိဘများကို Dowry ခေါ်သည့် မင်္ဂလာကြေး အမြောက် အမြား ပေးရလေ့ ရှိသည်။

ရှေးခေတ်ကတည်းက အိန္ဒိယ တိုင်းရင်းသားများ ဒေသတွင် အမျိုးသမီးများက အဓိက ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသည်။  သူတို့ကိုယ်တိုင်  ရွေးချယ်ပိုင်ခွင့် ရှိပြီး လက်မထပ်ဘဲ ယောက်ျား တစ်ယောက်ကို ယူပိုင်ခွင့် ရှိသည်။ ထို့အတူ ကွာရှင်း ပိုင်ခွင့်လည်းရှိသည်။  ဟာရာယားနား ဘက်က ရွာများ၌လည်း မိန်းမများပင် လွှမ်းမိုးသည်။ ဤအချက်က အိန္ဒိယသည် မိန်းမများကို  လေးစား တန်ဖိုးထားသည် ဆိုသည်ကို ထောက်ပြလိုက်ခြင်းဖြစ်သည်။

အိန္ဒိယသည် မိန်းမသားများ အတွက်  လုံခြုံစိတ်ချမှု မရှိသော တိုင်းပြည်ဟူ၍ ထင်မှတ်ပြောဆိုခြင်း ခံခဲ့ရသည်မှာ  မကြာသေးမီက နယူးဒေလီတွင် အသက် ၂၃နှစ်အရွယ်ရှိ ဆေးတက္ကသိုလ် ကျောင်းသူနှင့် ယောက်ျားလေး သူငယ်ချင်း အဖော်နှစ်ဦးတို့ ဘတ်စကား စီးသွားရာ၌ ကားပေါ်တွင်ပါလာသော လူငယ်တစ်စုတို့က ဘတ်စကားပေါ်မှာပင်  အုပ်စုဖြင့် မုဒိမ်းကျင့်ပြီး ယောက်ျားလေး နှစ်ယောက်စလုံးကို သံတုတ်များနှင့် ရိုက်နှက်၍ မိန်းကလေးကို အဝတ်အစား ကင်းမဲ့ လျက် ကားပေါ်မှ ကန်ချထားခဲ့သော အမှုသည် ကမ္ဘာကျော် သွားသကဲ့သို့ ကမ္ဘာ့ အမျိုးသမီး ထုမှာ  ကြားရချက် မသက် သာသဖြင့် မိန်းမချင်း ကိုယ်ချင်းစာ၍   စိတ်မကောင်းဖြစ်မိ ကြရသည်။ အိန္ဒိယကိုလည်း   အမျိုးသမီး များအတွက် စိတ်မချရသော တိုင်းပြည် အဖြစ် ထင်မှတ်သွားစေခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန်ခြင်းနှင့် အုပ်ချုပ်ကွပ်ကဲမှု တာဝန်ရှိခြင်း အခြေခံမူများနှင့်ပတ်သက်၍  JVC က ၁၉၅၈ ခုနှစ် လက်နက်ကိုင် တပ်ဖွဲ့များ အက်ဥပဒေပုဒ်မ(၆) ကို အစားထိုး ပြင်ဆင်ရန် ထောက်ခံ တင်ပြသည်။ ယင်းပြဋ္ဌာန်း ချက်တွင်  လက်နက်ကိုင် တပ်ဖွဲ့ဝင်များက မုဒိမ်းမှုနှင့် လိင်စော်ကားမှု ကျူးလွန်လျှင် တရားစွဲဆိုခြင်း မပြုမီ   ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟူ၍ ဖော်ပြထားရာ ယင်းကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန် လျှင်လည်း သာမန် ရိုးရိုးတရားရုံး များတွင်သာ တရားစွဲ ဆိုရမည်ဟု ပြင်ဆင်လိုသည်။ အကယ်၍ မုဒိမ်းမှုကို အချုပ်ခန်းတွင် ကျူးလွန်သည် ဆိုလျှင် အထက်အရာရှိကိုပါ တာဝန်ရှိသူ အနေဖြင့် မုဒိမ်းမှု ကျူးလွန်သူ နှင့်အတူ အရေးယူ ရမည်ဟု ပြင်ဆင်လိုသည်။

ပြီးခဲ့သည့်ရက်များက  မွန်ဘိုင်းမြို့တွင် လိင်စော်ကားမှု သတင်းကြားရပြီးနောက် တွစ်တာမှ နေ၍ မွန်ဘိုင်း မြို့သူများ  မိမိကိုယ်ကို ဂရုစိုက်ရန်၊  လုံခြုံ ဘေးကင်းအောင် နေရန်ဟူ၍ တောင်းဆို သတိပေးချက်နှင့် ပတ်သက်၍ ဒါအဓိပ္ပာယ် မရှိ တာပဲ။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ကြပါ၊  ဂရုစိုက်ကြပါလို့ ပြောနေမည့် အစား  ယောက်ျားလေး တွေက အမျိုးသမီးများ အတွက် မွန်ဘိုင်းမြို့ကို ပိုပြီး လုံခြုံမှုရှိအောင် တစ်ခုခုတော့ ပီပီပြင်ပြင် လုပ်ပေးကြပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေကို စောင့်ရှောက်ဖို့ အချိန်ကျ ရောက်လာပါပြီ ဟူ၍သာ နှိုးဆော် တိုက်တွန်း ကြရန် လိုပါသည်။

မိန်းကလေးများကို လိင်စော်ကားမှုသည် လူမှုရေး ပြစ်မှုဖြစ်သည်။ ဤအပြစ်များမှ လွတ်ကင်းအောင် မည်သို့လုပ်ရမည် နည်း။ မီဒီယာများကရော အခြေအနေကို ကောင်းအောင် မည်သို့လုပ်ဆောင် မည်နည်း။ အသက်အရွယ် မရောက်သေး သူများ လိင်စော်ကားမှု ဖြစ်လျှင်လည်း လူကြီးများကဲ့သို့ စဉ်းစားမည်လော။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို လုံခြုံမှုရှိ အောင် မည်သို့လုပ်ဆောင်ရမည်နည်း။ စသည်ဖြင့် အချေအတင် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်ဟုသိရ၏။

တချို့ကလည်း အစိုးရပိုင်းရော  အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုပါ အမျိုးသမီးများ အတွက်   အိန္ဒိယကို လုံခြုံ အောင်နှင့် ဘေးကင်းမှု ရှိအောင်လုပ်ရမည် သာဖြစ်ကြောင်း မွန်ဘိုင်းအမှုကို ကြည့်လျှင် အိန္ဒိယ နိုင်ငံ၏ အရေးကြီးဆုံး စီးပွားရေး မြို့တော်ကြီး ဖြစ်၍ လုံခြုံရေး ရဲတပ်ဖွဲ့အင်အား ၄၅ဝဝဝရှိသည့်အနက် ၃ဝဝဝလောက်မှာ  ပြန်လည်ဖြည့်တင်း ခန့်အပ်ခြင်း မရှိသေးသဖြင့် နေရာလစ်လပ် လျက်ရှိနေသည်။

မွန်ဘိုင်းတွင် ယခုနှစ် ပထမနှစ်လ အတွင်းက ရဲတပ် ဖွဲ့အင်အား ၂၇၇၄ဝမှာ အရေးကြီး ပုဂ္ဂိုလ်များ အတွက် တာဝန်ချ ထားပေးခြင်းနှင့် နိုင်ငံရေး သမားများ၏ လုံခြုံရေးကို လုပ်ဆောင် ပေးနေရခြင်း စသည်တို့ကြောင့် လမ်းများ၊ ရပ်ကွက် များတွင် လုံခြုံရေးအင်အား နည်းသွားခဲ့သည်ဟု ဆို၏။  မွန်ဘိုင်းမြို့ကြီးတွင် လူဦးရေ သန်း ၂ဝ ခန့်ရှိရာ ရဲအင်အားက နှစ်သောင်း ခန့်သာ ရှိနေသည်။ တကယ်တော့ လုံခြုံရေးအတွက် လူတစ်သိန်းရှိလျှင် ရဲအင်အား တစ်ရာ အနည်းဆုံးရှိ သင့်သည်။ ပိုမို၍ လုံခြုံမှု လုပ်ပေးနိုင်စေရန် ဆိုလျှင်  ရဲအင်အား ၁၆၅ယောက် ရှိသင့်သည်ဟု သိရသည်။

ကုလသမဂ္ဂ၏ ထောက်ပြချက်အရ ဆိုပါက လူတစ်သိန်းရှိလျှင် ရဲတပ်ဖွဲ့အင်အား ၂ဝဝမှ ၂၅ဝအထိရှိမှသာ လုံခြုံရေးကို ကောင်းစွာ ဆောင်ရွက် နိုင်မည်ဟုဆို၏။

ဒါဆိုတရားရုံးတွေ ကရော ဘယ်လိုအခြေအနေ ရှိနေသလဲဟု ပြန်ကြည့်လျှင် အိန္ဒိယ တရားရုံးများသည် အမှုပေါင်းသန်း နှင့်ချီ၍ မစစ်ဖြစ်သေးဘဲ  အမှုလက်ကျန်များအဖြစ် ဆိုင်းငြံ့ဖစ်နေသည်ကို တွေ့ရသည်။ အမျိုးသမီးများအပေါ် ကျူးလွန်

သော အမှုပေါင်း ၄၉၁၇ဝသည် မဟာရာရှတ ပြည်နယ် တစ်ခုလုံးတွင် မစစ်ဆေးရဘဲ အမှု လက်ကျန် ဆိုင်းငံ့ဖြစ် နေကြောင်း တွေ့ရသည်။  ဤအမှုအရေအတွက်သည် ၂ဝဝ၈ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်များ အကြားတွင် ၄ဝရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။ 

မုဒိမ်းမှုပေါင်း ၁၄၄၁၄ မှုတွင်လည်း ၁၃၃၈၈ မှုမှာ မစစ်ဆေးရဘဲ အမှုလက်ကျန် အဖြစ် ဆိုင်းငံ့ နေသေးကြောင်း တွေ့ရသည်ဆို၏။ အစိုးရအနေဖြင့် နှစ်စဉ်တိုးလာသော လူဦးရေ နှင့်အညီ  အလုပ်အကိုင်များ အလုံအလောက် ရရှိရေး ကို ကြိုးပမ်း၍ အလုပ်အကိုင် အသစ်များကို ဖန်တီးပေးနိုင်ခဲ့ သော်လည်း နိုင်ငံအနေဖြင့်  အလုပ်လက်မဲ့များ ရှိနေကာ ဝန်ဆောင်မှု လုပ်ငန်းများ ပင်လယ်ကြောတွင်  တစ်ပြိုင်နက်တည်း မျောပြီး ရေနစ်နေသူပမာ ဖြစ်နေရသည် ဟုဆို၏။

ဤပြုပြင်ပြောင်းလဲမှုများသည် အလွန်ရှုပ်ထွေးသောကြောင့် ဤသို့မဖြေရှင်း နိုင်ဘဲဖြစ်နေရ ပါသလားဟု ပြောစရာရှိ သည်။ မွန်ဘိုင်း ရဲတပ်ဖွဲ့အတွက် နှစ်စဉ် ဘတ်ဂျက်မှ ရူပီးငွေ  ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၉၁ သန်း)ခန့် ခွင့်ပြု ချက်ချထား ပေးလျက်ရှိသည်။ ဤဘတ်ဂျက်၏ ၈၅ ရာခိုင်နှုန်းမှာ ရဲတပ်ဖွဲ့ဝင် များ၏ လစာငွေများအတွက် ဖြစ်သည်။

အမျိုးသမီးများ၏ ဘေးကင်း လုံခြုံမှုရှိရေးအတွက် ရဲတပ်ဖွဲ့ကို ပြုပြင်မည်၊ တရားရုံး များတွင် တရားသူကြီး အသစ်များ ခန့်ထားမည်၊ တရားရုံး အသစ်များ ထပ်ဖွင့်မည်၊ စသည်တို့ကို လုပ်ပြန်လျှင်လည်း နိုင်ငံရေးအပိုင်းက ရှိနေသေး၍ အစိုးရသည် လုပ်ဆောင်ရန် အခက်အခဲ ရှိနေသည်။ အိန္ဒိယ၏ ပြဿနာများကို ဆွေးနွေး အဖြေရှာရာ၌ အားလုံးက ဖြစ်ရိုး ဖြစ်စဉ်တွေပါဟု ပြောရပါမည်။  မုဒိမ်းမှုများ အမေရိကန် နိုင်ငံတွင်ဖြစ်သလို လာဘ်စားမှုများလည်း တရုတ် ပြည်တွင် ရှိနေသည်။  

အာဟာရ ချိုတဲ့မှုများလည်း အင်ဒိုနီးရှားတွင် ရှိနေသည်သာဖြစ်၏။ ရဲတပ်ဖွဲ့ကို ပြန်လည်ပြုပြောင်းလဲရန် ရှုပ်ထွေး၍ ပညာရေးကို ပြုပြင်ပြောင်းလဲရန်လည်း ရှုပ်ထွေးမည်ဖြစ်သည်။ အခွန်ကောက်ခံရေး ကလည်း ရှုပ်ထွေးမည်။  စသည်ဖြင့် လုပ်၍ မရနိုင်ဘဲဖြစ်နေသည်။

ရဲတပ်ဖွဲ့နှင့် တရားရုံးတွေကို ယခုချက်ချင်း အကြီးအကျယ် ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးဟု ဆိုပါလျှင် မွန်ဘိုင်း၊  နယူးဒေလီနှင့်  အခြားဒေသဆိုင်ရာ အုပ်ချုပ်မှုအပိုင်းက  ပုဂ္ဂိုလ်များ အနေဖြင့် တရားဥပေဒ စိုးမိုးရေးကို တိုးတက် ကောင်းမွန် လာစေရန် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သော အဆင့်များ ရှိနိုင်သည်။ လူမှုဝန်ထမ်းများ၊ လုပ်အားပေးများဖြင့် ဆောင်ရွက်ခြင်း၊ လူမှုရေး အသိစိတ်ဓာတ်ဖြင့် စည်းရုံးလှုံ့ဆော် ဆောင်ရွက်ခြင်းနှင့် အနီးအနား ဆင်ခြေဖုံး နေရာများကို လျစ်လျှူရှု မထားဘဲ စောင့်ကြည့် စနစ်များဖြင့် လုပ်ဆောင်မည် ဆိုလျှင် အတိုင်းအတာ တစ်ရပ် အထိ တိုးတက် ကောင်းမွန် လာနိုင်ပါသည်။   

 မြ၀တီ
အိန္ဒိယတွင် လတ်တလော မုဒိမ်းမှုများ ဖြစ်ပေါ်နေခြင်းအရ အိန္ဒိယနိုင်ငံသည် အမျိုးသမီးများအတွက် ဘေး ကင်းရာ နေရာ မဟုတ်ဟု ထိုသတင်းကို ကြားရသူတိုင်းက မှတ်ယူနေကြသည်။ သို့သော် ထိုအခြေအနေ မျိုးသည် တစ်နိုင်ငံလုံး ၌ ဖြစ်နေကြသည်တော့ မဟုတ်ပါ။ တစ်ဦးချင်း မုဒိမ်းကျင့်သည့် ကိစ္စနှင့် လူအုပ်စုဖြင့် မုဒိမ်းကျင့်သည့် ကိစ္စများသည် လက်တစ်ဆုပ်စာ လူတစ်စု၏ ရာဇာဝတ်မှု ကျူးလွန်ကြခြင်း မျှသာဖြစ်သည်။

ဆီးရီးယားသို့ ရုရှား စစ်သင်္ဘော လေးစင်းစေလွှတ်


ရုရှား ရေတပ်ဖွဲ့သည် ဆီးရီးယား နိုင်ငံအနီး မြေထဲပင်လယ် အရှေ့ခြမ်းသို့ စစ်သင်္ဘော လေးစင်း စေလွှတ် ခဲ့ကြောင်း Interfax သတင်း အေဂျင်စီက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ရန်ကုန် ယာဉ်ထိန်းရဲအင်အား တိုးချဲ့ရန်လိုနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်သောကြောင့် တပ်ဖွဲ့ဝင်၅၀၀ ကျော် တိုးချဲ့သွားမည်ဖြစ်သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယ ရဲမှူးမျိုးမြင့်အောင်က စက်တင်ဘာ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

စကော့တလန်တွင် ရှားပါး လိမ္မော်ရောင် ပုစွန်တုပ်ကြီး တစ်ကောင် ရှာဖွေတွေ့ရှိ


ပုစွန်မျိုးစိတ် ၁ဝ သန်းတွင် တစ်ကောင်သာ တွေ့ရှိနိုင်သည့် လိမ္မော်ရောင် ရှားပါးပုစွန်တုပ် တစ်ကောင်အား ငါးဖမ်းသမား တစ်ဦးက ဖမ်းမိခဲ့ပြီး စကော့တလန် အဏ္ဏဝါ ပြတိုက်သို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရ သည်။

အမေရိကန် ရေတပ်က အကြီးစား မောင်းသူမဲ့ လေယာဉ်များ လုပ်ငန်းတာဝန် ပိုမိုထမ်းဆောင် နိုင်ရန် အဆင့်မြှင့်တင်

ဝါရှင်တန် စက်တင်ဘာ ၇
အမေရိကန် ရေတပ်၏ အကြီးစား မောင်းသူမဲ့ ကင်းထောက် လေယာဉ်အုပ်သည် လုပ်ငန်း တာဝန်များ ပိုမို တိုးမြှင့် ထမ်းဆောင်လျက် ရှိကြောင်း စက်တင်ဘာ ၆ ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ကြေ ညာခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မွတ်စလင် အစွန်းရောက်များ၏ ဆန္ဒပြမှုများကြောင့် Miss World 2013 ပြိုင်ပွဲအား ဘာလီကျွန်းတွင် ကျင်းပမည်

မွတ်စလင် အစွန်းရောက်များ၏ ဆန္ဒပြမှုများကြောင့် Miss World 2013 ပြိုင်ပွဲအား ဘာလီကျွန်းတွင် ကျင်းပမည်
Miss World 2013 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပရန် စီစဉ်နေမှုအပေါ် မွတ်စလင် အစွန်းရောက်များက ယခုသီတင်းပတ် အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့မှုကြောင့် ၎င်းပြိုင်ပွဲအား ဂျကာတာနှင့်

အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် UNFC တို့၏ ချင်းမိုင်ဆွေးနွေးပွဲ သဘောတူညီချက်မရ

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတရာသဘောတူညီမှုမရခဲ့ကြောင်း UNFC ၏ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာကပြောသည်။

မြန်မာနိုင်ငံဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုအားနည်းနေကြောင်း လုပ်ငန်းရှင်များ ပြော

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်နေသည့် အခက်အခဲများကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံ စီးပွားရေး ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များက တင်ပြရာတွင်လုပ်ငန်း ရှင်များ၏ ထက်ဝက်ကျော်က ဘဏ်လုပ်ငန်းဖွံ့ဖြိုးမှုအားနည်းနေသည်ဟု ပြောဆိုလိုက်သည်။

ယောက်ျားများကိုထိန်းနည်း


ယာက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုယ်ထိန်းနည်း

အဓိကရုဏ်း ဖြစ်စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက် များကြောင့် ဖြစ်ပွားနေရကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦဥာဏ်ဝင်း ပြောကြား


ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရှိ မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်

လက်ရှိအစိုးရ သက်တမ်းကာလ အတွင်း ဖြစ်ပွားနေသော အဓိကရုဏ်း ဖြစ် စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက်များကြောင့် ဖြစ်ပွားနေ ရခြင်း ဖြစ်ကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် မဂ္ဂါဝပ် ၅၀၀ ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အထိ မြှုပ်နှံမည်

8.1.1
သာကေတမြို့နယ် ဧရာဝဏ် လမ်းမကြီးနံဘေးရှိ စီမံကိန်း အကောင်အထည်ဖော်မည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် ၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အထိ မြှုပ်နှံလုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီထည့်သွင်း ပြေးဆွဲမည်

8.1.1
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ပတ်ရထားပေါ်တွင် လိုက်ပါစီးနင်းသူများအား တွေ့ရစဉ်
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူး ရထား တွဲများအား မကြာမီထည့်သွင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇ ရက်က ရန်ကုန် ဘူတာကြီးတွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန် အထူးအမြန် ရထားစတင်ပြေးဆွဲခြင်း အခမ်းအနားအပြီး သတင်းမီဒီယာ အချို့နှင့် တွေ့ ဆုံရာတွင် ပြောကြားသည်။

နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည်

8.1.1
နိုင်ငံအသီးသီးမှ ဧည့်သည်များ၏ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များသာ ဆင်းသက်နေသည့် နေပြည်တော် လေဆိပ်ကို မြင်တွေ့ရစဉ်
နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်းမှ အောက်တိုဘာ ၂၈ ရက်တွင် စတင် ဆင်းသက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် ခေတ်နောက်ကျနေပြီး တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် လိုက်လျောညီသည့် အများသုံး ယာဉ်စနစ် မရှိခြင်းအပေါ် ပြည်သူများ ဝေဖန်

8.1.1
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင် ခေတ်နောက်ကျနေပြီး တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် လိုက်လျော ညီသည့် အများသုံးယာဉ် ပို့ဆောင်ရေးစနစ် မရှိခြင်းအပေါ် ပြည်သူများက ဝေဖန် လျက်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ များပြားလာပြီး ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာ

8.1.1
စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ်တွင် အသည်းကင်ဆာ ခံစားနေရသူ အမျိုးသားတစ်ဦး ဆွဲကြိုး ချသေဆုံးသည့် နေရာအား မိသားစုဝင် တစ်ဦးက ပြနေစဉ်
မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်စဉ်များ အများအပြား ဖြစ်ပွားလာပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုတွင် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာကြောင်း သိရသည်။