Tuesday, September 17, 2013

ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်နှစ်ကျော်အတွင်း ယာဉ်တိုက်မှုကြောင့် လူသုံးရာကျော်သေဆုံး

ရန် ကုန်တိုင်းဒေသကြီးရှိ စည်ပင် သာယာနယ်နိမိတ်အတွင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီမှ ၂၀၁၃ခုနှစ် ဧပြီ လအထိ နှစ်နှစ်နှင့်လေးလအတွင်း ယာဉ်တိုက်မှု ၂၁၅၆မှုဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်တွဲဖက်ကာ ပြည်ပလုပ်ငန်းရှင်တချို့ အရင်းအနှီးငွေမရှိဘဲ ပွဲစားသဖွယ်လုပ်ကိုင်နေမှုများရှိနေဟုဆို

ပြည် တွင်း စီးပွားရေးလုပ်ငန်းရှင်များ နှင့်တွဲဖက်ကာ ရင်းနှီးမြှုပ်နှံမှုလာ ရောက်ပြု လုပ်သော ပြည်ပလုပ် ငန်းရှင်တချို့မှာ အမှန်တကယ် အရင်း အနှီးငွေမရှိဘဲ ပွဲစားသဖွယ် လုပ်နေမှုများရှိနေကြောင်း ပြည်တွင်း လုပ်ငန်းရှင် များထံမှ သိရ သည်။

မျက်ကြည်လွှာတစ်ခုတည်းဖြင့်လူနာသုံးဦးခန့် အစားထိုးကုသနိုင်ပြီ

မျက် ကြည်လွှာတစ်ခုကို ယခင်က လူတစ်ဦးကိုသာ အစားထိုးကုသ နိုင်ခဲ့ရာမှ ယခုအခါတွင် ပြောင်း လဲတိုးတက်လာသော နည်းပညာများကြောင့် မျက်ကြည်လွှာတစ်ခုကို လူသုံးဦးခန့်အား ကုသလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။ မျက်ကြည်လွှာတွင် Epithetiun,Stroma,Endot heliun ဟူ၍ အပိုင်းသုံးပိုင်းရှိသည့် အထဲတွင် မကောင်းသည့်အပိုင်းကိုသာ အစားထိုးကုသလာနိုင် ခြင်းဖြစ်ကြောင်း မျက်စိအထူး ကုဆရာဝန်ကြီးပါမောက္ခဒေါက် တာ တင်ဝင်းက ပြောသည်။

စားစရာအလှူခံတဲ့မြန်မာ ၂ဦးကို ထိုင်းရဲ၉ဦးက၀ိုင်းဖမ်း

လုပ်အားခမရသဖြင့် ထမင်းစားစရာ မရှိဖြစ်နေကြသည့်  အလုပ်သမားတစ်ရာကျော်အတွက် စားစရာ ဆန်နှင့် သောက်စရာရေများအကူညီ ရလိုရငြားအလှူခံရန်ထွက်လာကြသည့် အလုပ်သမားဇနီးမောင်နှံ တို့အား ထိုင်းပုလိပ် ၉ ဦးက ၀ိုင်းဝန်းဖမ်း ဆီးခဲ့သည်။

ယောက္ခထီးနှင့် ချွေးမတို့ ဓာတ်လိုက်သေဆုံးခဲ့မှု ရွှေပြည်သာတွင် ဖြစ်ပွား

ယောက္ခထီးနှင့် ချွေးမတော်စပ်သူတို့ နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံးခဲ့မှုတစ်ခု ရွှေပြည်သာမြို့နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မန်မာနိုင်ငံရှိ ရဲဝန်ထမ်းများအား ပြုပြုပြောင်းလဲရေးလုပ်ရာတွင် UNODC ကကူညီမည်

Photo: မန်မာနိုင်ငံရှိ ရဲဝန်ထမ်းများအား ပြုပြုပြောင်းလဲရေးလုပ်ရာတွင် UNODC ကကူညီမည် 
Tuesday, September 17, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အမျိုးသားရဲအမှုထမ်းအဖြစ် အသွင်းပြောင်း ရန် စီစဉ်နေပြီး ထိုသို့ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင် လိုအပ်သောနည်းပညာ ပိုင်းနှင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်သက်ဆိုင်သော အကူအညီများကို ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး- UNODC ကကူညီပေး မည်ဖြစ်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆန်အီလိုင်းက မဇ္ဈိမကိုပြောသည်။

“တစ်ခုကတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အခွင့်အရေးအခြေခံဥပဒေတွေ ကို လက်တွေ့ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်းတွေပေါ်မှာ အလေးပေးဆောင် ရွက်သွားမှာပါ” ဟု ဂျေဆန်အီလိုင်းကပြောသည်။

မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရဲဝန်ထမ်းများအဖြစ်မှ အမျိုးသားရဲ အမှုထမ်း (National Police Service) အဖြစ် အသွင်ကူးပြောင်းကာ ပြည်သူတွေရဲ့ ယုံကြည်မှုကိုရရှိတဲ့ ရဲအမှုထမ်းများအဖြစ်ပြောင်း လဲမှာဖြစ်ပြီး ပြည်သူ့ရဲများ၏ ၀န်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က စတင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

“ကျွန်တော်အထင်တော့ အကယ်၍သာ ကျွန်တော်တို့က လက်တွေ့ကျတယ် ဆိုရင် အသွင်ပြောင်းလဲရေး လုပ်ငန်းစဉ် က နှစ်တွေအများကြီးကြာတယ် ဆိုတာ ကြည့်သင့်ပါတယ်” ဟု ဂျေဆန်အီလိုင်းကပြောသည်။ “အချိန်တွေ အများကြီး ကြာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက ပြောင်းလဲနေတဲ့ကမ္ဘာနဲ့ ပြန်လည်ပူးပေါင်းဖို့ တဖြည်းဖြည်းချင်း ဆောင်ရွက်နေ တာဆိုတော့ ရဲဌာနအပါအ၀င် အစိုးရအဖွဲ့အစည်းတွေကို ပြုပြင်ဖို့လိုတာပေါ့” ဟုပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခများကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေးများစွာ နိမ့်ကျနေပြီး လေ့ကျင့်မှုအရည်အသွေးနှင့် သင်တန်းများ လိုအပ်နေပြီဖြစ်ကြောင်း အငြိမ်းစားရဲမှူးများက ထောက်ပြမှုများရှိခဲ့သည်။

အငြိမ်းစား ရဲမှူးကြီး ဦးရာလျန်မုန်းက “ပြဿနာတွေကို မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ အရည် အချင်းနဲ့ အရည်အသွေးလည်းလိုတယ်။ အဲလိုလုပ်ဖို့ လုပ်ကိုင်ခွင့်လည်းလိုတယ်။ အဲတော့ဒီမှာလည်း သင်တန်းတွေ အများကြီးလိုတယ်။ နိုင်ငံခြားထိသွားတက်ဖို့လည်း လိုအပ်တယ်။ အင်အားလည်း အများကြီးလိုအပ်တယ်။ ကျွမ်းကျင်မှု၊ နိုင်ငံတကာစံနှုန်းတွေ၊ ဥပဒေတွေလိုတာပေါ့” ဟုပြောသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှရဲဝန်ထမ်းများအတွက် စွမ်းရည်မြင့်မားမှု လိုအပ်နေခြင်းအပြင်အခွင့်အရေး၊ အခွင့်အလမ်း၊ လစာနှုန်းထားနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းရရှိမှုလည်း အားနည်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရဲဝန်ထမ်းများအား စွမ်းရည်မြှင့်သင်တန်းများပေးရန်နှင့် မြန်မာနိုင်ငံရှိ ရဲဝန် ထမ်း များအား ပြုပြင်ပြောင်းလဲမှုများ လုပ်မည့်အကြောင်းကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့ (နေပြည်တော်) မှ ရဲမှူးချုပ်ဦးဝင်းခေါင်အားမေးမြန်းရန် မဇ္ဈိမက စက်တင်ဘာလ ၁၀ ရက်မှ ယနေ့အထိ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း အစည်းအဝေး တက်ရောက်နေခြင်းကြောင့် ပြန်လည်ဖြေကြားနိုင်ခြင်းမရှိခဲ့ပေ။

စွမ်းရည်မြှင့်သင်တန်းများနှင့်ပတ်သက်၍ သြဂုတ်လ ၂၅ ရက်က အောက် လွှတ်တော် အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေ၏ မေးခွန်းအား ပြည်ထဲရေးဒု-၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၃၊ ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသင်တန်း ၂၄ မျိုးတွင် သင်တန်းသား ၁၇၅၂ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်ဆဲ သင်တန်းသား ၂၇၈၇ ဦးတို့ရှိနေသည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက ဖြေကြားသွားသည်။

ပြည်ပသင်တန်းများအတွက်မူ အမေရိကန်၊ တရုတ်၊ အိန်္ဒိယ၊ မလေးရှားတို့သို့ သင်တန်းသား ၅၂ ဦးစေလွှတ် သင်ကြား ပြီးဖြစ်သည်ဟုဆိုသည်။ အလားတူ ပြည်ပသင်တန်းခုနစ်ခုသို့လည်း သင်တန်းသား ၁၁ ဦး စေလွှတ် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိသည်ဟုလည်း ဖြေကြားသွားသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ရဲဝန်ထမ်းများ၏စွမ်းရည်၊ အရည်အသွေးနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေပြီး မတ်လ အတွင်းက ထုတ်ပြန်သည့် လက်ပံတောင်းတောင် စီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင် ခံစာတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့် ပတ်သက်၍ ထောက်ပြပြောဆို ထားပြီး ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်သင့်နေပြီဟု ရေးသားထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Mr William R. Brownfield က တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန်မှ သင်တန်းများပေးရန်ရှိကြောင်း စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံးတွင် သတင်းထောက် များအား ပြောကြားခဲ့သည်။

သိင်္ဂီထွန်း
Mizzima - News in Burmese
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အမျိုးသားရဲအမှုထမ်းအဖြစ် အသွင်းပြောင်းရန် စီစဉ်နေပြီး ထိုသို့ ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် လိုအပ်သောနည်းပညာပိုင်းနှင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် သက် ဆိုင်သော အကူအညီများကို ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး- UNODC ကကူညီပေး မည်ဖြစ်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆန်အီလိုင်းက မဇ္ဈိမကိုပြောသည်။

စိတ်မထိန်းနိုင်ဘဲ ဒေါသအလျောက် ဇနီးဖြစ်သူကို လှံနှင့်ထိုး

နေပြည်တော်   ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် လင်မယားချင်း စကားများရာမှ   အသက်(၈၆ နှစ်) အရွယ်ရှိ  လင်ယောက်ျားက  ဒေါသအလျောက် လှံရိုးနှင့်ရိုက်၊ လှံနှင့်ထိုး သောကြောင့် ဇနီးဖြစ်သူ  သေဆုံးသွား သည့်ဖြစ်ရပ် စက်တင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ရတနာပုံတက္ကသိုလ်အရှုပ်တော်ပုံ သမ္မတရုံးတိုက်ရိုက်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်မှ အရှုပ်တစ်ခုသဖွယ်ဖြစ်နေ သည့် ကိစ္စများအားပါမောက္ခ ချုပ် ဒေါက်တာခင်မောင်ဦး အပါအဝင် တာဝန်ရှိသူအချို့ကို သမ္မတရုံးမှတာဝန်ရှိသူများနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ငွေကြေးအလွဲသုံးစားကိစ္စများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း တက္ကသိုလ်ဆရာ အသိုင်း အဝိုင်းမှ သိရသည်။

အောင်ဘာလေ သိန်းထီဌာနခွဲအနီး တိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့်၃၇လမ်းကြားရှိ အောင်ဘာလေ သိန်းထီဌာနခွဲအနီး တိုက်ပေါ်မှ အသက် ၂၅ နှစ် ၀န်းကျင်အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ငူဘူတာ စက်ရုံဝင်းအတွင်း သိုလှောင်ထားသော ဒီဇယ်ဂါလန် ခုနှစ်သောင်းကျော် ပျောက်ဆုံးမှု ခုံရုံးဖွဲ့စစ်ဆေး

တောင်ငူမီးရထား စက်ရုံဝင်း ဂိတ်တံခါး
လတ်တလောဖြစ်ပေါ်နေသော ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား တောင်ငူဘူတာစက်ရုံ ဝင်းအတွင်း သိုလှောင်ထားရှိသော နိုင်ငံပိုင်ဒီဇယ်ဆီဂါလန်ပေါင်း များစွာစာရင်းကွာဟ လျော့နည်း ပျောက် ဆုံး နေမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအကြီး အကဲများ ကိုယ်တိုင်ခုံရုံးဖွဲ့ကာ တောင်ငူ သို့ရောက် ရှိလာလျက် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စတင်စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။

ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အို လက်မခံ

မြန်မာနိုင်ငံနယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ်နယ်မြေများတွင် သန်းခေါင် စာရင်း ကောက်ရန် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းသဘော တူညီမှု ရပြီ ဖြစ်သော် လည်း ကေအိုင်အိုအဖွဲ့ကမူ လက်မခံသေးကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ကော့သောင်းအကျဉ်းထောင်ဆူပူမှု ထောင်ပိုင်ကို ခုံရုံးဖွဲ့စစ်ဆေးနေ

ကော့သောင်းအကျဉ်းထောင်၌ ဖြစ်ပွားခဲ့သော ထောင်တွင်းဆူပူမှုဖြစ်စဉ်တွင် အဓိကတာဝန် ရှိသော ထောင် ပိုင်ကို အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ခရီးသည်ထံမှပစ္စည်းများလုယူခဲ့ကြသည့် ဆိုင်ကယ်ကယ်ရီသမားနှင့်အဖော်တို့အား ဖော်ထုတ်ဖမ်းဆီး

Photo: မြောက်ဥက္ကလာပမြို့နယ်တွင် ခရီးသည်ထံမှပစ္စည်းများလုယူခဲ့ကြသည့် ဆိုင်ကယ်ကယ်ရီသမားနှင့်အဖော်တို့အား ဖော်ထုတ်ဖမ်းဆီး
Tuesday, September 17, 2013

၁၃.၉.၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ကိုမင်း သူအောင်သည် အောင်မင်္ဂလာအဝေးပြေးကားဝင်းမှ 
မြောက် ဥက္ကလာ ပမြို့နယ်၊ ခြောက်ကွေ့သို့သွားရန်အတွက် အမည်မသိအမျိုးသားမောင်းနှင်သော ဆိုင်ကယ်ကယ်ရီအားငှားရမ်း၍
စီးနင်းလာစဉ် တံတားဖြူအနီးအရောက်၌ ဆိုင်ကယ်မောင်းသူ၏ သူငယ်ချင်းဖြစ်သူ အမျိုးသားမှလှမ်းခေါ်ပြီး ၎င်းလည်း ဆိုင်ကယ်၏
နောက်ဆုံးမှ အတူစီးနင်းလိုက်ပါလာခဲ့ပါသည်။

ထိုသို့(၃)ဦးအတူ စီးနင်းမောင်းနှင်လာကြရာမှ မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းသို့မရောက်မီ ၀ဲဘက်လမ်းကျဉ်းထဲသို့ဆိုင်ကယ်အားမောင်းနှင်
သွားပြီး ဆိုင်ကယ်မောင်းသူနှင့်သူငယ်ချင်းအဖော်တို့မှ ကိုမင်းသူအောင်အား ဆိုင်ကယ်ပေါ်မှဆင်းခိုင်းကာ ဆိုင်ကယ်မောင်းသူမှ
လက်သီးဖြင့် ထိုးပြီးနောက် ကိုမင်းသူအောင်၏ တီရှပ်လက်တို(၁)ထည်၊ စီဒီခွေ(၇)ချပ်၊ ငွေကျပ်(၃၀၀၀၀)နှင့်နိုင်ငံသား စိစစ်ရေးကဒ်တို့ ထည့်ထားသော အနက်ရောင်ခရီးဆောင်ဘေးလွယ်အိတ်နှင့်
ဆင်းကဒ်ပါ လက်ကိုင်ဖုန်း(၁)လုံးတို့အားလုယူပြီး မောင်းနှင်ထွက်ပြေး
သွားကြသဖြင့် ၎င်းတို့(၂)ဦးအား စုံစမ်းအရေးယူပေးပါရန်
မြောက်ဥက္ကလာပမြို့မရဲစခန်းသို့ ၁၅.၉.၂၀၁၃ ရက်နေ့တွင် လာရောက် တိုင်တန်းခဲ့၍ (ပ)၇၄၀/၂၀၁၃၊ ပုဒ်မ ၃၉၄/၁၁၄ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များ၊မြောက်ဥက္ကလာပမြို့မရဲစခန်း
မှတပ်ဖွဲ့ဝင်းများ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ပွါးစဉ်က ဆိုင်ကယ်ကယ်ရီမောင်းသူမှာ မြောက်ဥက္ကလာပ
မြို့နယ်၊ (ဌ)ရပ်ကွက်နေ ရန်ပိုင်စိုး(ခ)နားကွင်း(ဘ)ဦးတင်မောင်ဦး
ဖြစ်ကြောင်းနှင့် အဖော်သူငယ်ချင်းဖြစ်သူမှာ ၎င်းရပ်ကွက်နေ ပိုင်စိုး(ခ)အံ့ကျော်(ဘ)ဦးတင်ထွန်း တို့ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်
နိုင်ခဲ့သဖြင့် ၎င်းတို့(၂)ဦးအား ၁၆.၉.၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန်တွင်
နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးချက်များအရ အခင်းဖြစ်ကျူးလွန်စဉ်က ရရှိခဲ့သည့်ငွေကျပ်(၃၀၀၀၀)အား အရက်သောက်ကာခွဲဝေသုံးစွဲခဲ့ကြပြီး၊ ခရီဆောင်အိတ်နှင့်အတူပါပစ္စည်းများအား စက်မှုဇုံတွင်လွှင့်ပစ် ထားခဲ့ကြောင်း၊ ဆင်းကဒ်ပါလက်ကိုင်ဖုန်းအား ပိုင်စိုး(ခ)အံ့ကျော်မှ ၎င်း၏နေအိမ်ရှိအိမ်သာဘေးတွင် ၀ှက်သိမ်းထားကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လက်ကိုင်ဖုန်းအားပြန်လည်သိမ်းဆည်း
ရရှိခဲ့ပြီး၊ ၎င်းတို့ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် AMBO X-1 အနီစပ်ကြားဆိုင်ကယ်အားသိမ်းဆည်းခဲ့ကာ ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၃.၉.၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ကိုမင်း သူအောင်သည် အောင်မင်္ဂလာ

ကာကွယ်ဆေးမှားပေးခံရသော ကလေး၅ရဦး ဆေးရုံရောက်

ပိုလီယိုအစက်ချဆေးပေး ရမည့်အစား အသည်းရောင်ဘီ ပိုးကာကွယ်ဆေးသာက်ရန် မှားယွင်း ၍ ညွှန်ကြားခံရပြီးနောက် အိန္ဒိယအရှေ့ပိုင်းတွင် ကလေး ငယ်၆ဝနီးပါး ဆေးရုံတင်လိုက်ရ ကြောင်း အရာရှိ များက တနင်္လာ နေ့တွင် ပြောကြားခဲ့သည်။

ဂျပန် Nissan မြန်မာပြည်တွင် ကားထုတ်မည်

Photo: ဂျပန် Nissan မြန်မာပြည်တွင် ကားထုတ်မည်
Tuesday, September 17, 2013
ဂျပန် ကုမ္ပဏီ Nissan သည် ယခုနှစ်အတွင်း မြန်မာပြည်တွင် ကားများ ထုတ်လုပ်သွားမည်ဟု သိရသည်။

မလေးရှား စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အသေးစားကားများနှင့် ထရပ်ကားများကို မြန်မာပြည်တွင် ယခုနှစ်အတွင်း စောနိုင်သမျှ စောအောင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း AFP က  Nikkei Business daily  သတင်းကို ကိုးကားပြီး ယနေ့ သတင်း ဖေါ်ပြသည်။

Nissan Motor နှင့် မလေးရှား Tan Chong Motor တို့ ပူးပေါင်းပြီး ထုတ်လုပ်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမူများ ဖြစ်ပေါ်ပြီးနောက် ၂၀၁၁ ခုနှစ်မှ စ၍ ကားဝယ်လိုအား မြှင့်တက်လာခဲ့ပြီး ဂျပန်ကား မော်ဒယ်များမှာ မြန်မာ ကားဈေးကွက်တွင် လူကြိုက်များနေကြောင်း သတင်းတွင် ဖေါ်ပြသည်။

မြန်မာ ကားဈေးကွက်မှာ အလားအလာကောင်းများ ရှိနေပြီး နိုင်ငံတကာ ကားထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်ကြသည့် ဂျပန် Suzuki မှ မြန်မာနိုင်ငံတွင် ယခုနှစ်တွင် ကားများ ပြန်လည် ထုတ်လုပ်မည် ဖြစ်ကြောင်းနှင့် Ford မှ အရောင်းပြခန်း ( Showroom) ဖွင့်လှစ်မည် ဖြစ်ကြောင်း ဆိုသည်။

Narinjara
မြန်မာနိုင်ငံတွင် ပြည်ပမှ တင်သွင်းသော ကားများ အပေါ် အခွန် စည်းကြပ်မူမှာ အထူးကြီးမားနေပြီး ယခင်က အစိုးရ လက်ထက်က အမေရိကန်မှ စီးပွားရေး ရင်းနှီးမြုပ်နှံမူများကို ပိတ်ပင်ခဲ့သဖြင့် ကားဈေးနုန်းမှာ သာမန် ပြည်သူများ ၀ယ်မစီးနိုင်အောင်ထိ ကြီးမြှင့်နေသည်ဟု ဆိုသည်။
ဂျပန် ကုမ္ပဏီ Nissan သည် ယခုနှစ်အတွင်း မြန်မာပြည်တွင် ကားများ ထုတ်လုပ်သွားမည်ဟု သိရသည်။
မလေးရှား စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အသေးစားကားများနှင့် ထရပ်ကားများကို မြန် မာပြည် တွင် ယခုနှစ်အတွင်း စောနိုင်သမျှ စောအောင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း AFP က  Nikkei Business daily  သတင်းကို ကိုးကားပြီး ယနေ့ သတင်း ဖေါ်ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက် ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး ပြောကြား
Tuesday, September 17, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက အချုပ်အခြာ အာဏာ မထိခိုက်ရန် အရေးကြီးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲ တွင် The Hot News Weekly Journal မှ သတင်းထောက် မေးမြန်း ခဲ့သည့် ဖွဲ့ စည်းပုံပြင်ဆင်နိုင်ပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည် ဆိုပါက နိုင်ငံခြား လွှမ်း မိုးမှုများ ရှိလာပါက တား ဆီးနိုင် ရန် စီမံထားရှိပုံအား မေးမြန်းရာ ဦးဌေးဦးက ''ဖွဲ့စည်းပုံ လေ့လာ သုံး သပ်ရေး ကော်မတီ ဖွဲ့ထားတာပဲ ရှိပါသေးတယ်။ ပြင်ဆင်မယ်ဆိုပြီး ဖွဲ့ထားတာ မဟုတ်ပါဘူး။ ပြင်ဆင်ဖို့ လေ့လာရာမှာလည်း အချုပ်အခြာ အာဏာ မထိခိုက်ဖို့ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံမှာ တားမြစ်ထားတာ ကလည်း သူ့တစ်ယောက် တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေမှာဆိုရင် လွှတ်တော်အမတ်တောင် ဖြစ်ခွင့်မရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ လွှတ်တော်အမတ်ဖြစ်ခွင့် ပေးထားပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ကိုယ့်အချုပ်အခြာ အာဏာကို တိုင်းတစ်ပါးက စိုးမိုးနိုင်တယ်လို့ ယူဆရင်တော့ မစဉ်းစားဘူး'' ဟု ပြောကြားသည်။

''ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲ ဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါ တယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေ ရတာ။ ပြင်ချင်တဲ့ သူတွေ က ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေ က ပြင်ချင် တာ ဖြစ်နေ တယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ လူတွေက ရူးပြီးဖြစ်နေကြတာပါ'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်နိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင်များ လေ့ လာနေပြီ ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲ ကျင်းပပြီး စာတမ်းဖတ်ပွဲမှ ရရှိလာသည့် အချက်များပေါ် မူတည်ပြီး ဆက် လက် ဆောင်ရွက်မည့် အတိုင်းအတာကို ဆက်လက် စဉ်းစားမည် ဖြစ်ကြောင်း ဦးဌေးဦးက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင် စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည့်အတွက် တိုင်းရင်းသား အဖွဲ့ များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှလည်း လေ့လာပြုစုလျက် ရှိကြောင်း သိရသည်။

အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများ နားလည်သိရှိ နိုင်ရေးအတွက် အဖွဲ့ချုပ်အနေနှင့် အသိပညာ ပေးမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ပြော ကြား ထားသည်။

Eleven Media Group
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးေ ကြာင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထောက် များနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။

ပခုက္ကူမြို့အနီး ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက်များအထိ မြစ်ရေ၀င်ရောက်

Photo: ပခုက္ကူမြို့အနီး ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက်များအထိ မြစ်ရေ၀င်ရောက်


ပခုက္ကူမြို့အနီး ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာများနှင့် ရေလယ်ကျွန်း ကျေးရွာတွင် မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက် အချို့တွင်လည်း မြစ်ရေ၀င်ရောက်လာခြင်းကြောင့် ရေလွတ်ရာနေရာများ သို့ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသော ပခုက္ကူမြို့နယ်တွင်း ရေလယ်ကျွန်း ကျေးရွာများဖြစ်သည့် ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ ဗွက်ကုန်းကျေးရွာများတွင် အသုံးအဆောင် ပစ္စည်းများ၊ ကျွဲ၊ နွားများအား ရေလွတ်ရာ အမြင့်ပိုင်းများသို့ ရွှေ့ပြောင်းစဉ် ရေနစ်သေဆုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ပြီးခဲ့တဲ့ ငါးရက်ကတည်းက မြစ်ရေက ဆက်တိုက်တက်လာပြီး ရွာထဲဝင်လာတယ်။ ရေက တအားများနေတော့ နွားတွေရော အသုံးအဆောင် ပစ္စည်းတွေရော အမြင့်ပိုင်းတွေ ရွှေ့ထားရတယ်။ ကျွဲတွေ နွားတွေကို ရေ၀င်နေရာတွေကနေ အမြင့်ပိုင်းတွေကိုရွှေ့တုန်း ရေနစ်သေတာတွေလည်း ရှိတယ်။ မနေ့ကကိုပဲ ဗွက်ကုန်းက ကလေးတစ်ယောက် ကျွဲကိုရေလွတ်တာ သွားပို့ရင်း ရေနစ်သေသွားတယ်" ဟု မြစ်ရေကြီးမှုနှင့် ကြုံတွေ့နေရသည့် ပခုက္ကူ ကျွန်းကျေးရွာမှ ဦးမျိုးမြင့်က ပြောသည်။

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ရွှေချောင်းကျွန်း၊ အေးကျွန်းကျေးရွာများတွင် နေထိုင်သူများမှာလည်း ရေလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကျေးရွာရွှေ့ပြောင်းမှုနှင့် ကြုံတွေ့နေရသည့် သိမ်ကုန်း၊ မရိုးကုန်း၊ မြင်းကျွန်း၊ ထနှောင်းကုန်း ကျေးရွာများတွင်လည်း မြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။
ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများနှင့် ရေလယ်ကျွန်း ကျေးရွာတွင် မြစ်ရေ ကြီး မှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက် အချို့တွင်လည်း မြစ်ရေ ၀င်ရောက် လာခြင်းကြောင့် ရေလွတ်ရာနေရာများ သို့ရွှေ့ပြောင်းနေကြကြောင်း သိရသည်။