Friday, September 20, 2013

ရန်ကုန်မြို့လည်မှာ ဆောက်မယ့် အထပ်မြင့်တိုက် ကန့်ကွက်ခံနေရ

Photo: ရန်ကုန်မြို့လည်မှာ ဆောက်မယ့် အထပ်မြင့်တိုက် ကန့်ကွက်ခံနေရ
Friday, September 20, 2013

မြန်မာနိုင်ငံမှ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ရန်ကုန်မြို့လယ် ရှေးဟောင်းနယ်မြေရှိ သက်တမ်း နှစ် ၁၀၀ ကျော်ရှိသည့်
ရှေးဟောင်း အဆောက်အဦး တခုနှင့် ကပ်လျှက်တွင် အမေရိကန် ဒေါ်လာ သန်း ၁၀၀ တန် အထပ်မြင့်ရုံးခန်း အဆောက်အဦးတခု တည်ဆောက်ရန် စီစဉ်နေခြင်းကို ပြင်းပြင်းထန်ထန် ကန့် ကွက်နေသည်။

“အမှတ် ၅၅၅ ကုန်သည်လမ်းမှာ အထပ်မြင့် အဆောက်အဦး တည်ဆောက်တာကို လုံးဝ ခွင့်မပြုနိုင်ပါဘူး” ဟု ရန်ကုန် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့(Yangon Heritage Trust)၏ ဥက္ကဌ ဦးသန့်မြင့်ဦး က ဧရာဝတီသို့ ပြော သည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ အာရှမှာ နောက်
ဆုံးကျန်နေတဲ့ ၂၀ ရာစု အစောပိုင်း မြင်ကွင်းရှုခင်းတွေ ရှိပါတယ်။
ရှေးဟောင်းအမွေအနှစ်နယ်မြေရဲ့ အလယ်မှာ အထပ်မြင့်အဆောက်အဦး စီမံကိန်းတွေ လုပ်ဆောင်တာက ဒါတွေကို ထိခိုက်ပျက်စီးစေပါလိမ့်မယ်” ဟုလည်း ဆိုသည်။

ကျောက်တံတားမြို့နယ် ၃၆လမ်းနှင့် ကုန်သည်လမ်းထောင့်တွင်
ဆောက်လုပ်ရန်ရှိသည့် ၃၈ ထပ် အဆောက်အဦးသည် သက်တမ်း နှစ် ၁၀၀ ရှိပြီဖြစ်သော အိန္ဒိယသံရုံး အဆောက်အဦး၏ ဘေးတွင်ကပ်လျှက်
တည်ရှိသည်။ စင်္ကာပူ အခြေစိုက် Kawa Oil ကုမ္ပဏီနှင့် မြန်မာဖက်မှ ပူးတွဲပိုင်ဆိုင်သူများ ဖြစ်သော သမ၀ါယမဘဏ် ဥက္ကဌ ဦးခင်မောင်အေးနှင့် National Group of Companies ဥက္ကဌ ဦးဌေးအောင်တို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကုန်ကျမည့် စီမံကိန်းအတွက် ယမန်နှစ်
နိုဝင်ဘာလ အစောပိုင်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း
မြန်မာတိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းတွင် ဦးခင်မောင်အေးကို သမ္မတဦးသိန်းစိန်၏ အလွန်ရင်းနှီးသော မိတ် ဆွေအဖြစ် လူသိများသည်။

ရန်ကုန်မြို့ကို စီမံခန့်ခွဲနေသည့် ဌာနဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က “အဲဒီ စီမံကိန်းကို ကျနော်တို့ အခုထိ ခွင့်ပြုချက် မပေးရသေးပါဘူး” ဟု ပြောသည်။

အိန္ဒိယ သံရုံးကလည်း အဆိုပါစီမံကိန်းကို ကန့်ကွက်ထားကြောင်း ဦးတိုးအောင်က ဧရာဝတီသို့ ပြောသည်။ မြို့တော် စည်ပင် အနေဖြင့်လည်း ဆောက်လုပ်မည့် အဆောက်အဦး၏ အမြင့်နှင့် ပတ်သက်၍ ပိုင်ရှင်များနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း သိရသည်။ ရှေးဟောင်းအမွေ
အနှစ် အဆောက်အဦးများ၏ အနီးတ၀ိုက်တွင် အထပ်မြင့် အဆောက်အဦး များတည်ဆောက်ခြင်းကို ကန့်သတ်ထားကြောင်းလည်း သူက ထပ်ပြော
သည်။

“ကျနော်တို့ကလည်း ဆောက်လုပ်တာကို ခွင့်မပြုချင်ပါဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ဒီလိုဆောက်လိုက်ရင် ရှေးဟောင်း အဆောက်အဦးတွေ ဖြစ်တဲ့ အိန္ဒိယ သံရုံးနဲ့ အနားမှာရှိတဲ့ အမေရိကန်သံရုံးဟောင်းကို အထပ်မြင့် အဆောက်အဦးက လွယ်လွယ်ကူကူ လွှမ်းမိုးသွားလိမ့်မယ်” ဟု ဦးတိုးအောင်က ဆိုသည်။ အိန္ဒိယ သံရုံးနှင့် အမေရိကန် သံရုံးဟောင်းတို့ သည် မြို့ တော် စည်ပင်သာယာရေး ကော်မတီက ပြုစုထားသော ရန်ကုန်ရှေးဟောင်း အမွေအနှစ် စာရင်းဝင် အဆောက် အဦးများ ဖြစ်သည်။

ပို၍ အရေးပါသည့် အချက်မှာ ဆောက်လုပ်ရန် စီစဉ်နေသည့် အထပ်မြင့် အဆောက်အဦးနေရာသည် သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့က ထောက်ခံအားပေးမှုဖြင့် ရေးဆွဲထားသည့် ရန်ကုန်မြို့၏ ရှေးဟောင်း အမွေအနှစ် နယ်မြေ ၇ ခု စီမံချက်တွင် ၁ ခု အပါအ၀င်ဖြစ်သည့် “အဓိကကျသော အုပ်ချုပ်ရေး အဆောက်
အဦးဟောင်းများ” ကြားတွင် ကျရောက်နေခြင်းဖြစ်သည်။ ထိုစီမံချက်ကို မြို့တော်ဟောင်းရန်ကုန်၏ ရာစုနှစ် သက်တမ်းရှိသော အဆောက်အဦး
များနှင့် ကိုလိုနီခေတ် ဗိသုကာလက်ရာများကို ကာကွယ်ထိန်းသိမ်းနိုင်
ရန် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

“အုပ်ချုပ်ရေး အဆောက်အဦးဟောင်းများ” နယ်မြေတွင် ယခုတည်ဆောက်
မည့် အထပ်မြင့် အဆောက်အဦးနှင့် ခဲ တပစ်အကွာတွင်ရှိသော ပန်းဆိုး
တန်းလမ်းပေါ်တွင် ထင်ရှားသော ရှေးဟောင်းရုံးများ ဖြစ်သည့် HSBC ဘဏ်၊ Standard Chartered ဘဏ်၊ Irrawaddy Flotilla ကုမ္ပဏီနှင့် Bombay Burmah Trading ကော်ပိုရေးရှင်း အဆောက်အဦးများ ပါဝင်သည်။ ထိုအဆောက်အဦး အားလုံးနီးပါးကို ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရက
နေပြည်တော်သို့ မြို့တော် မပြောင်းရွှေ့မီ အချိန်အထိ အစိုးရရုံးများအဖြစ် အသုံးပြုခဲ့သည်။

ရန်ကုန်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့(Yangon Heritage Trust)မှ ဦးသန့်မြင့်ဦး သည် ရန်ကုန်မြို့မှ ပျက်စီး ပျောက်ကွယ်တော့မည့် ကိုလိုနီခေတ် အဆောက်အဦးများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဦးဆောင် အားထုတ်နေသူ ဖြစ်ပါသည်။ သူက ယခုဆောက်လုပ်မည့် အထပ်မြင့်အဆောက်အဦးသည် သမ္မတဦးသိန်းစိန်နှင့် ရန်ကုန် တိုင်း ၀န်ကြီးချုပ်တို့ အသိအမှတ်ပြုလက်ခံပြီး ဖြစ်သော မြို့ပြဖွံ့ဖြိုးရေးတွင် ဦးစားပေး ထိန်းသိမ်း စောင့်ရှောက် ရမည့် အချက်များနှင့် ဆန့်ကျင်
ဖက်ဖြစ်နေကြောင်း ပြောသည်။

“အစိုးရဖက်က တိုးတက်မှုတော်လေးရှိခဲ့ပြီးတော့ တကယ် ကတိတည်တယ်
ဆိုတာလဲ ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီ ဆောက်လုပ်ရေး စီမံကိန်းကို ဆက်မလုပ်ဖို့ အရေးကြီးပါတယ်။ လုပ်ခွင့်ပေးလိုက်ရင် ရှေ့မှာ လုပ်ခဲ့တဲ့
ကောင်းတာတွေ ရေစုန်မျောသွား ပါလိမ့်မယ်” ဟု သူက ပြောသည်။

အကယ်၍ အဆောက်အဦးကို မူလအဆိုပြုထားသည့် အမြင့်အတိုင်း တည်ဆောက်လိုက်မည် ဆိုလျှင် ရေးဆွဲပြီးစီးလုနီးပါး ဖြစ်နေသည့် မြို့တော် နယ်မြေသတ်မှတ်ရေး စည်းကမ်းများကို ပျက်ရယ်ပြုသလို ဖြစ်နေလိမ့်မည် ဟုလည်း ဦးသန့်မြင့်ဦး က သတိပေးလိုက်သည်။ အဆိုပါ စည်းကမ်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ မြန်မာနိုင်ငံ ဗိသုကာများ အသင်း နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ ကျွမ်းကျင်သူများ ပူး ပေါင်းရေးဆွဲထားကြခြင်း ဖြစ်သည်။

စီမံကိန်းကို ပူးတွဲပိုင်ဆိုင်သူ တဦးဖြစ်သော ဦးဌေးအောင်က စီမံကိန်း
အတွက် မြို့တော်စည်ပင်၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ဧရာဝတီသို့ပြောသည်။ အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ အဆောက်အဦး ဆောက် လုပ်ခြင်းကို ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံ
ချက်ကဲ့သို့သော တိုင်းအစိုးရက သတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ကြိုးစားနေသည် ဟုလည်း သူကဆိုသည်။

“သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှုရှိရင် ခွင့်ပြုချက် မြန်မြန်ချပေးဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း မြို့တော် စည်ပင်ကို တိုက်တွန်းထားပါတယ်။ တကယ်လို့ အနီးအနားမှာ နေထိုင်သူတွေဆီက ခွင့်ပြုချက်မပေးဘူးဆိုရင် ပြည်ထောင်စု အစိုးရကို ဆက်လက်တင်ပြဖို့ တိုင်းဒေသကြီး အစိုးရက ကျနော်တို့ကို ညွှန်ကြားထားပါတယ်” ဟု ဦးဌေး အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေက အထက်မြင့်
အဆောက်အဦးများ ဆောက်လုပ်ခြင်းကို အားပေး ထောက်ခံကြောင်းလည်း သူက ဧရာဝတီသို့ ပြောသည်။ အမှတ် ၅၅၅ ကုန်သည်လမ်းတွင် ၃၈ ထပ် အဆောက်အဦး ဆောက်လုပ်ရန် တင်ပြထားစဉ် လွန်ခဲ့သော ၆ လခန့်က ၁၂၇ မီတာမြင့်၍ အထပ် ၃၃ ထပ်ရှိသော အဆောက်အဦး တခု တည်ဆောက်ရန် မြို့တော်စည်ပင်က ခွင့်ပြုခဲ့သည် ဟုလည်းဆိုသည်။

“အခု တင်ပြထားတဲ့ အမြင့်ကို ခွင့်မပြုဘူးဆိုရင်တော့ ခွင့်ပြုတဲ့ အတိုင်းလုပ်ဖို့ပဲ ရှိပါတော့တယ်” ဟု ဦးဌေးအောင် က ပြောသည်။

ဦးသန့်မြင့်ဦး ကတော့ စီမံကိန်း အကောင်အထည်ဖော်မည့်သူများ အနေဖြင့် အခက်အခဲများ တွေ့ကြုံရဖွယ်ရှိသည်ဟု ထင်မြင်မျှော်လင့်နေသည်။

“အိမ်နီးနားချင်းတွေ အားလုံးက လက်ခံဖို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ ပြည်ထောင်စု အဆင့်အထိ တက်မယ်ဆိုရင်လည်း အစိုးရက ဒီရှေးဟောင်း အမွေအနှစ်နေရာကို အပြည့်အ၀ ကာကွယ်ရုံတခုထဲသာ မဟုတ်ပါဘူး ကုမ္ပဏီတွေကို တခြား နေရာကောင်းတခု အစားပြန်ရှာပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

ရန်ကုန်မြို့လယ် အခြားနေရာများတွင် ဆောက်လုပ်ရေး စီမံကိန်းများ အများအပြားဆောက်လုပ်နေကြသည့် အချိန်တွင် ယခု အဆောက်အဦးကို သူဘာကြောင့် ဆန့်ကျင်ကန့်ကွက်နေရသည် ဆိုခြင်းကိုလည်း ဦးသန့်မြင့်ဦးက ရှင်း ပြသည်။ ယခုစီမံကိန်းသည် ရှေးဟောင်းအမွေအနှစ် အဆောက်အဦး နှင့် ကပ်လျှက်ရှိနေသည်သာမက မြို့တော်၏ အ ဓိက အမွေအနှစ်နယ်မြေ၏ အလယ်တွင်ရောက်ရှိနေသော ကြောင့်ဖြစ်သည်ဟု သူကပြောသည်။

ရန်ကုန်မြို့၏ ကောင်းကင်မြင်ကွင်းတွင် Traders Hotel နှင့် Sakura Tower တို့ ရှိနှင့်ပြီး ဖြစ်သော်လည်း နောက်ထပ် အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်မည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းလမ်း တလျှောက်တွင် ၎င်းတို့နှင့် အမြင့် ကွာခြားမှုမရှိဘဲ ဆောက်လုပ်ပါက လက်ခံနိုင်စရာ ရှိသည်ဟု ဦးသန်းမြင့်ဦးက ဆိုသည်။

“ဒါပေမယ့် ကျနော်တို့မှာ စံနစ်ကျတဲ့ နယ်မြေ စီမံချက်တခုဖြစ်ဖို့အတွက် အားလုံးကို လွှမ်းခြုံနိုင်တဲ့ စံသတ်မှတ်ချက် တွေ ချမှတ်ထားဖို့လိုပါတယ်။ အစိုးရအနေနဲ့ အထပ်မြင့် အဆောက်အဦးတွေ များလာတာကို အားပေးချင်တယ် ဆိုရင် မြို့ ထဲမှာ နေရာတွေ အများကြီးရှိပါတယ်။ အခု အဆိုပြုထားတဲ့နေရာနဲ့ မိုင်ဝက်လောက် အကွာမှာတောင် ရှိပါတယ်” ဟု သူက ဆိုသည်။

Traders Hotel နှင့် Sakura Tower တို့ အပြင် ရန်ကုန်တွင် အခြား အထပ်မြင့်အဆောက်အဦး အချို့ရှိသည်။ ဆောက် လုပ်ဆဲ အများစုမှာ လာမည့်နှစ်များတွင်မှ ပေါ်ပေါက်လာဖွယ်ရှိသည်။ အထပ် ၂၀ မြင့်သည့် Traders Square ကို Traders Hotel နှင့် ကပ်လျှက်တွင် တည်ဆောက်နေပြီး နောက်ထပ် အထပ်မြင့် အဆောက်အဦး ၂ ခု ကိုလည်း ၎င်းနှင့် အနီးတ၀ိုက်တွင် တည်ဆောက်လျှက်ရှိသည်။

ဗိသုကာ ပညာရှင်များကလည်း စံနစ်ကျသည့် စီမံခန့်ခွဲမှု မရှိဘဲ မြို့လယ်တွင် အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ခြင်း
သည် ရှေးဟောင်း အမွေအနှစ် နေရာများကိုသာမက ရန်ကုန်တွင်
နေထိုင်သူ လူဦးရေ ၅ သန်းကျော်ကိုလည်း နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်စေနိုင်သည် ဆိုသည့် အချက်ကို သဘောတူ
လက်ခံကြသည်။

“မြို့ပြစီမံကိန်း အမြင်နဲ့ပြောရရင် ဖြစ်နိုင်မယ်ဆိုရင် ကျနော်တို့က မြို့လယ်မှာ ဒီလို အထပ်မြင့် အဆောက်အဦးမျိုး မရှိစေချင်ပါဘူး” ဟု မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင်တဦး ဖြစ်သည့် ဒေါက်တာ
ကျော်လတ်က ပြောသည်။ ကြမ်းခင်း ဧရိယာ ကျယ်ပြန့်သည့် အထပ်မြင့် အဆောက်အဦးက လူအမြောက်အများကို ဆွဲဆောင်နိုင်သည့် အတွက် အနီးတ၀ိုက်တွင် ပိုပြီး ရှုပ်ထွေး ပြည့်ကျပ်လာလိမ့်မည် ဟုလည်း သူကဆိုသည်။

မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်း၏ အထွေထွေအတွင်းရေး
မှူး ဒေါ်မိုးမိုးလွင်ကလည်း အထပ်မြင့်အဆောက်အဦးသည် အရေးပါသည့် မြင်ကွင်းများကို ပိတ်ကွယ်သွားနိုင်ပြီး မော်တော်ကား ရပ်နားရန် နေရာများမှအစ အခြားသော ၀န်ဆောင်မှုများလည်း ပိုပြီးလိုအပ်လာလိမ့်မည်ဟု ပြောသည်။

“ရန်ကုန်မြို့လယ်မှာ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေ ရှိပါတယ်။ နောက်ပြီးတော့ မူလမြို့ပြ ရှုခင်းကို ပြသနိုင်တုန်းပါပဲ။ ကျမတို့ ဒါကို ထိန်းသိမ်းစောင့်ရှောက် သင့်ပါတယ်” ဟုလည်း သူက ဆိုသည်။

ရန်ကုန်တွင် ခေတ်မီ ရုံးခန်း အဆောက်အဦးများ အရေးတကြီး လိုအပ်နေကြောင်းကို ဦးသန့်မြင့်ဦး ကလည်း အသိအမှတ် ပြုပါသည်။ အစိုးရအနေဖြင့် ပြည်တွင်းကုမ္ပဏီများကို နိုင်ငံတကာမှ စီးပွားဖက်များ ရှာဖွေလက်တွဲပြီး စီးပွားရေး အဆောက် အဦးများ ဆောက်လုပ်နိုင်ရန် အားပေးကူညီသင့်ကြောင်း ပြောသည်။ သို့သော်လည်း ရွေးချယ်သည့်
နေရာသည် သင့်တော်သည့်နေရာ ဖြစ်ရမည်ဟု သူက ထပ်ပြောသည်။

လက်ရှိ အချိန်တွင်တော့ အမှတ် ၅၅၅၊ ကုန်သည်လမ်းရှိ ၇၀၀၀ စတုရန်း
မီတာ ကျယ်ဝန်းသည့် မြေနေရာတွင် ခြုံနွယ် ပိတ်ပေါင်းတွေ ပေါက်ရောက်
နေပြီး ခြံစည်းရိုးမှာလည်း ပြိုလဲပျက်စီးနေသည်။ အ၀င်ပေါက်နားတွင် သင်္ဘောရေယက် ပန်ကာ ကြီး တခုကို သရုပ်ဖော်ပြကွက်တခုလို နေရာချ
ထားခြင်းက အနားကဖြတ်သွားသူတွေကို စူးစမ်းချင်စိတ်များ ဖြစ်စေသည်။

“အိန္ဒိယ သံရုံးထက်ပိုမမြင့်ဘဲ လမ်းနဲ့လည်းသင့်တော်တဲ့ အကွာအဝေး
မှာရှိပြီး အသုံးပြုပစ္စည်းတွေနဲ့ ဒီဇိုင်းကလည်း ပတ်ဝန်းကျင်နဲ့ လိုက်ဖက် အဆင်ပြေမယ့် အဆောက်အဦးသစ်ကိုပဲ တည်ဆောက်ခွင့်ပြုသင့်ပါ
တယ်”ဟု ဦးသန်းမြင့်ဦးက အကြံပြုသည်။

ဧရာဝတီ
မြန်မာနိုင်ငံမှ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ရန်ကုန်မြို့လယ် ရှေးဟောင်း နယ်မြေရှိ သက်တမ်း နှစ် ၁၀၀ ကျော်ရှိသည့် ရှေးဟောင်း အဆောက်အဦး တခုနှင့် ကပ်လျှက်တွင် အမေရိကန် ဒေါ်လာ သန်း ၁၀၀ တန် အထပ်မြင့်ရုံးခန်း အဆောက်အဦးတခု တည်ဆောက်ရန် စီစဉ်နေခြင်းကို ပြင်းပြင်းထန်ထန် ကန့် ကွက်နေသည်။

ထိပ်တန်းဝင်ငွေခွန် ဆောင်သူ ၁၀၀ စာရင်းတွင် ပုဂ္ဂလိက ဆေးရုံဆေး ခန်း များ ထဲမှ ဆေးရုံကြီး တစ်ခုသာပါဝင်၊ နာမည်ကျော် ဆေးရုံဆေး ခန်းကြီး အချို့ ထိပ်တန်း အခွန်ဆောင်သူ ၅၀၀ စာရင်း၌ပင် ပါဝင် လာခြင်းမရှိ

ထိပ်တန်း ၀င်ငွေခွန် ပေးဆောင်သူ ၁၀၀ စာရင်းတွင် ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲမှ အာရှတော်ဝင် အထူးကုဆေးရုံ တစ်ခုသာ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားချက် များအရ သိရသည်။

မွန်ပြည်နယ်မှ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ် ကိုင်ရင်း မွေး ဖွားလာသော ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး နိုင်ငံ သား ဖြစ်ခွင့်ပါ ထိခိုက်လာနိုင်



မွန်ပြည်နယ်မှ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင် ရင်း မွေးဖွားလာသော ကလေးငယ် အများစုမှာ ပြည်တွင်း၌ ပညာသင်ကြား ရန် အတွက် မွေးစာရင်း မရှိသောကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရပြီး ကြီးပြင်းလာချိန် တွင်လည်း နိုင်ငံသား ဖြစ်ခွင့်ပါ ထိခိုက်လာနိုင်ကြောင်း စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သော မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့တွင် ကျိုက်မရောမြို့ နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးလှထွန်းက ပြောကြားသည်။

မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းနေကြောင်း အစီရင်ခံစာဖော်ပြ

Photo: မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းနေကြောင်း အစီရင်ခံစာဖော်ပြ 
Friday, September 20, 2013

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုတေသနအဖွဲ့ စတမ်ဆန် စင်တာက တရုတ်-မြန်မာစီးပွားရေး  ပူးပေါင်းဆောင်ရွက်နေခြင်းအပေါ်   သုံးသပ်ချက်အစီရင်ခံစာတစ်စောင်ကို   စက်တင်ဘာ ၁၆ ရက်က    ထုတ်ပြန်လိုက်သည်။

တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကင်းမဲ့ခြင်းများ၊ ရန်လိုမုန်းတီးခြင်းများ ကို လျှော့ချရန်အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှင့် မြန်မာအစိုးရတို့၏ ကြိုးပမ်းမှုများသည် နှစ်နိုင်ငံအကျိုးရှိစေမည့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့အပေါ် သုံးသပ်ထားခြင်းဖြစ်သည်။

““မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ရှေ့အလားအလာများ””ဟု အဓိပ္ပာယ်ရသည့်ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်လျက်ရှိရာ အထူးသဖြင့် ခေတ်မီ သည့် စက်မှုနိုင်ငံအဖြစ် အမြန်ထူထောင်နိုင်ရေးအတွက် အဆင့်လည်း မမီ၊ ပြည့်စုံလုံလောက်မှုလည်းမရှိသေးသည့် အခြေခံအဆောက်အအုံများ ကဏ္ဍတွင်ဖြစ်သည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းသွားခြင်းကို အစီရင်ခံစာတွင် မှတ်တမ်းများဖြင့် ဖော်ပြထားရာ ၂၀၀၈-၂၀၁၁ ခုနှစ်တွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၃၀၀ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၄၀၇ သန်းသာ ကျန်တော့သည်။

မြန်မာနိုင်ငံတွင်းရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာအစိုးရက လုံလောက်သောအကာအကွယ်ပေးခြင်းမရှိဟု တရုတ်တို့က ယူဆထား သည်။ မြန်မာကို ရင်းနှီးမြှုပ်နှံရန်မကောင်းသော၊ အန္တရာယ် များသောနေရာ အဖြစ် ယခုအခါ တရုတ်တို့က လက်ခံထားသည်ဟု အစီရင်ခံစာက ကောက်ချက်ဆွဲထားသည်။

မြန်မာနိုင်ငံတွင် တရုတ်တို့၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုသုံးခုမှာ မြစ် ဆုံရေ ကာတာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် တရုတ်-မြန်မာရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းတို့ဖြစ်သည်။ ၎င်းစီမံချက်များတွင် ဒေသခံများက ဆန့်ကျင်ကန့်ကွက်ကြရာ၌ တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် ပြဿနာများဖြစ်ပေါ်ခဲ့ရပြီး မသေချာမရေရာသည့်အနေအထား ရောက်ခဲ့ရသည်။

စတမ်ဆန် အစီရင်ခံစာအရ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျ သွားလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ မမျှော်လင့်ထားသည့်နည်းများဖြင့် ထိခိုက်နိုင်သည်ဟု ဆိုသည်။ ယခုအခါ   တချို့တစ်ဝက် တိုးတက် မှုများရှိလာနေသည်။

 ““မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ ပိုပြီးလက်ခံလာအောင် ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်က အမြတ်ခွဲဝေတဲ့နေရာမှာ ပိုကောင်းလာအောင် ပြင် ဆင်နေ ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတာဝန်ယူမှု     အစီအမံတွေ ကိုလည်း မြန်မာနိုင်ငံထဲမှာ လုပ်ဆောင်နေပါပြီ””ဟု အစီရင် ခံစာ က ဆိုသည်။ အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံ ရာ၌  လိုအပ်သည့် အရေးကြီးသင်ခန်းစာများကို မြန်မာနိုင်ငံအတွင်း ရင်ဆိုင်ရသော ပြဿနာ များမှတစ်ဆင့် တရုတ် နိုင်ငံက သင်ယူရရှိခဲ့သည်ဟုလည်း ဆိုသည်။ စတမ်ဆန်အဖွဲ့မှ  တရုတ်၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအကြောင်း အစီရင်ခံစာရေးသားသူ ယွန်ဆွန်းသည် ယခင်က International Crisis Group ၏ တရုတ်ဆိုင်ရာ သုံးသပ်လေ့လာသူဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကျွမ်းကျင်သူအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

7day daily 
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြသော ဒေသခံများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြသော ဒေသခံများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုတေသနအဖွဲ့ စတမ်ဆန် စင်တာက တရုတ်-မြန်မာစီးပွားရေး  ပူးပေါင်းဆောင်ရွက်နေခြင်းအပေါ်   သုံးသပ်ချက်အစီရင်ခံစာတစ်စောင်ကို   စက်တင်ဘာ ၁၆ ရက်က    ထုတ်ပြန်လိုက်သည်။

တောင်ဥက္ကလာပမှ အမျိုးသမီးကြီးတစ်ဦးကိုသတ်ရန် ငွေပေးစေခိုင်းသူ များနှင့် ကြေးစားလူသတ်သမားတို့ကို ဖမ်းမိပြီဟုဆို

Photo: တောင်ဥက္ကလာပမှ အမျိုးသမီးကြီးတစ်ဦးကိုသတ်ရန် ငွေပေးစေခိုင်းသူ များနှင့် ကြေးစားလူသတ်သမားတို့ကို ဖမ်းမိပြီဟုဆို 
 Friday, September 20, 2013

တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးကြီးတစ်ဦးအား လူတစ်ဦးက ချွန်ထက်သောအရာဖြင့် ထိုးပြီး ထွက်ပြေးခဲ့မှုနှင့် ပတ်သက်ပြီး သံသယရှိထားသည့် ငွေပေးစေခိုင်းသူများနှင့် ကြေးစားလူသတ်သမားတို့ကို ဖော်ထုတ် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အမှုနှင့်ပတ်သက်၍ သံသယရှိဖမ်းဆီး ထားသူများမှာ ကြေးစားမြင့်အေး (လိပ်စာအတည်တကျမရှိ) နှင့် ဒါးပိန်မြို့နယ် နေသူများဖြစ်သည့် စီစဉ်ပေးသူ လှမောင် (ဘ) ဦးသောင်းငွေ၊ ငွေပေးစေခိုင်းသူ သားအဖ ဖြစ် သည့် ဦးပေါက် (ခ) မြင့်လွင် (ဘ) ဦးပုနှင့် ၄င်း၏သားဖြစ်သူ ဇင်သန့် (ခ) ဇင်သန့်အောင်တို့ (၄) ဦး ဖြစ်သည်ဟုရဲတပ်ဖွဲ့က အတည်ပြု ထားသည်။

စက်တင်ဘာ ၁၀ ရက် ည ၉ နာရီခွဲအချိန်က တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ စတိုးဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဈေးဝယ်လာသည့် အမျိုးသားကြီးတစ်ဦးက ကောင်တာတွင်ထိုင်နေသည့် ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင် လာသော ပလပ်စတစ်အိတ်ပတ်ထားသည့် ချွန်ထက်သော အရာဖြင့်ထိုး၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ဒေါ်မြင့်မြင့်ရှိန်တွင် ၀ဲ/ယာ ရင်အုံအောက်တွင် ထိုးသွင်းဒဏ်ရာ (၂) ချက်၊ ၀ဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ (၁) ချက်တို့ ရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ) အဖြစ်တက်ရောက် ကုသခဲ့ရ သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာတွင် လည်း ဒေါ်မြင့်မြင့်ရှိန်အား သတ်ဖြတ်ရန် ကြံစည်ပြီး ငွေပေးစေခိုင်းခဲ့သူမှာ ကာယကံရှင်၏ အစ်မဖြစ်သူ ဒေါ်ခင်ခင်စိန်၏ ခင်ပွန်း ဖြစ်သူ ဦးမြင့်လွင်နှင့် သားဖြစ်သူ ဇင်သန့် အောင်တို့က ကြံစည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးသိရှိခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့ သားအဖနှင့်ဦးသည် ဒေါ်မြင့် မြင့်ရှိန်နှင့် စားသောက်ဆိုင်ကိစ်္စ စကားများကာ တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားရင် ဆိုင်နေရမှုတွင် အမှုရှုံးမည်စိုးသောကြောင့် လှမောင်ဆိုသူ (မြင့်လွင်နှင့် ညီအစ်ကို ၀မ်းကွဲ တော်သူ) နှင့် တိုင်ပင်ခဲ့ရာတွင် ၎င်းကလူငှားသတ်ရန် အကြံပေးလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုထားသည်။

ထို့နောက် လှမောင်ကပင် မြင့်အေးဆိုသူနှင့် ဆက်သွယ်ပေး ခဲ့ကြောင်းနှင့် ထောက် ကြန့် လမ်းဆုံ အနီးရှိ ဘီယာဆိုင်တွင် မြင့်လွင်နှင့် ဇင်သန့်အောင်တို့အား မြင့်အေးနှင့်တွေ့ဆုံပေးကာ ဒေါ်မြင့်မြင့်ရှိန်အား သတ်ရန်ငွေကျပ်သိန်း (၅၀) ဖြင့် ဈေးသတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည် ကို ဖော်ထုတ်ရရှိသည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

ယင်းတို့် လေးဦးစလုံးကို တရားစွဲတင် ပို့နိုင်ရန် ဆက်လက်စစ်ဆေး ဆောင် ရွက်လျက်ရှိသည်ပြီး သြဂုတ် လ ၂၆ ရက် ကလည်း ယင်းမြို့နယ်မှာပင် အမျိုးသမီးတစ်ဦး၏ပါးအား ဓါးဖြင့်လှီးခြစ်ခဲ့တစ်ခုဖြစ်ပွားထား ခဲ့ပြီး ရဲတပ်ဖွဲ့က ငွေပေး စေခိုင်းသူနှင့် ဆက်စပ်ပြစ်မှု ကျူးလွန်ခဲ့သူငါးဦးခန့်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese
တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးကြီးတစ်ဦးအား လူတစ်ဦးက ချွန်ထက်သော အရာဖြင့်ထိုးပြီး ထွက်ပြေးခဲ့မှုနှင့်ပတ်သက်ပြီး သံသယရှိထားသည့် ငွေပေးစေခိုင်းသူများနှင့် ကြေးစား လူသတ်သမား တို့ကို ဖော်ထုတ် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ကိုရီးယားတွင် အလုပ်လုပ်သည့် မြန်မာ လုပ်သားများ တစ်လလျှင် ၀မ်ခုနစ်သောင်းခွဲ

Photo: ကိုရီးယားတွင် အလုပ်လုပ်သည့် မြန်မာ လုပ်သားများ တစ်လလျှင် ၀မ်ခုနစ်သောင်းခွဲ 
Friday, September 20, 2013

လာမည့် ၂၀၁၄ ခုနှစ်မှစ၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင် မည့် မြန်မာလုပ်သားများ တစ်လလျှင် လုပ်ခ ၀မ်ဆယ်သိန်း ရှစ်သောင်းကျော် ရရှိမည်ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်သော နိုင်ငံပေါင်း ၁၅နိုင်ငံမှ နိုင်ငံခြားသား လုပ်သားများအတွက် လုပ်ခလစာတိုးမြှင့်ရန် ယင်းနိုင်ငံရှိ အနည်းဆုံးအခကြေးငွေကော်မတီမှ မဲခွဲဆုံးဖြတ်ခဲ့ရာ လာမည့် ၂၀၁၄ခုနှစ်တွင် ယခင်ထက် လုပ်ခလစာ ကိုရီးယားငွေ ၀မ်ခုနစ်သောင်း ခွဲကျော် တိုးမြှင့်ပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများ သည် တစ်နာရီလျှင် ၀မ် ၄၈၅၀ ရရှိခဲ့ပြီး အလုပ်ချိန် ၈ နာရီသတ်မှတ်ထား ရာ တစ်လလျှင် ၀မ် ၁၀ သိန်းရှစ်ထောင်ခန့် ရရှိသည်။

ယခုအခါ အလုပ်လုပ်ချိန် တစ်နာရီလျှင် ၀မ် ၅၂၁၀ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး တစ်လလျှင် ကိုရီးယားငွေ ၀မ် ၁၀ သိန်းရှစ်သောင်းကျော် ရရှိတော့မည်ဖြစ်သည်။ လစာတိုးမြှင့်ပေးရန်အတွက် ယင်းနိုင်ငံရှိ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးကော်မတီသည် ပြီးခဲ့သည့် ဇူလိုင်လက မဲခွဲဆုံးဖြတ်ခဲ့ကာ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကိုရီးယားနိုင်ငံ ၌ စိုက်ပျိုးရေးလုပ်သားအဖြစ် လုပ်ကိုင်ရန် မြန်မာအလုပ် သမားနှစ်ထောင်ကျော်အား အလုပ်ခေါ်ဆိုထားလျက်ရှိကြောင်း ယင်းအေဂျင်စီထံမှ သတင်းရရှိသည်။

ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားအဖြစ် သွားရောက် လုပ်ကိုင် သည့် နိုင်ငံခြားသားလုပ်သားများသည် ၎င်းနိုင်ငံတွင် တည်ဆဲဥပဒေ အဖြစ် ပြဋ္ဌာန်းထားသော အလုပ်သမားဥပဒေ၌ ၎င်းတို့လုပ်သားများ အတွက် အကျိုးခံစားခွင့် ပါဝင်ခြင်းမရှိသဖြင့် အလုပ်ချိန်၊ နားရက်၊ ခွင့်ရက်များ အတည်တကျ သတ်မှတ်ထားခြင်းမရှိဟု ဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားအများစုမှာ လုပ်ငန်းခွင်မှ ထွက်ပြေး ကာ ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
ယခုအခါ ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားများ လိုအပ်လျက် ရှိသဖြင့် အလုပ်ခေါ်ဆိုရန် မြန်မာအလုပ်သမားများကို ကမ်းလှမ်းထားပြီး လုပ်သားများခေါ်ဆိုမှုအတွက် ကိုရီးယားဘာသာ အရည်အချင်းစစ် EPS စာမေးပွဲဖြေဆိုရန် လျှောက်လွှာများအား စက်တင်ဘာ ၃၀၊ ၃၁ရက်တွင် ထုတ်ပေးမည်ဖြစ်သည်။

အဆိုပါစာမေးပွဲဖြေဆိုရန် စုစုပေါင်းလုပ်သား ၃၅၀၀ ခေါ်ယူထားသည့် အနက် စိုက်ပျိုးရေးလုပ်သားဦးရေ ၂၅၀၀၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း လုပ်ကိုင်ရန် မြန်မာအလုပ်သမား  ၁၀၀၀ တို့ကို စာမေးပွဲဖြေဆို ရန် ခေါ်ယူထားသည်။

ကိုရီးယားနိုင်ငံသို့ သုံးနှစ်ကျော်အတွင်း မြန်မာအလုပ်သမား ၈၀၀၀ ကျော် စေလွှတ်ပြီးဖြစ်ကာ ယခုနှစ်အတွင်း လုပ်သား ၃၀၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်သည်။

7day daily
လာမည့် ၂၀၁၄ ခုနှစ်မှစ၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ တစ်လလျှင် လုပ်ခ ၀မ်ဆယ်သိန်းရှစ်သောင်းကျော် ရရှိမည်ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေ ဂျင်စီ မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။

စင်ကာပူ ထိပ်တန်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည်

Photo: စင်ကာပူ ထိပ်တန်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည် 
Friday, September 20, 2013

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူနိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များနှင့် စက်တင်ဘာ ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည့် ခရီးစဉ်အတွင်း တွေ့ဆုံမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သော စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော သမ္မတ Tony Tan Keng Yam, ၀န်ကြီးချုပ် Hsien Loong, ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီးချုပ် ဂိုချောက်ထောင်၊ လွှတ်တော်ဥက္ကဋ္ဌ Halimah Yacob နှင့် နိုင်ငံခြားရေး ဒု-၀န်ကြီး Grace Fu တို့နှင့် တွေ့ဆုံသွားရန် ရှိသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စင်ကာပူနိုင်ငံ ထိပ်သီးအစည်းအဝေး (Singapore Summit) နှင့် စင်ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်တို့တွင် မိန့်ခွန်းများ ပြောကြားသွားမည်ဖြစ်သည်။ ယခုခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံသို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

အောင်မင်း
Mizzima - News in Burmese
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူနိုင်ငံမှ ထိပ်တန်းခေါင်းဆောင် များနှင့် စက်တင်ဘာ ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည့် ခရီးစဉ် အတွင်း တွေ့ ဆုံမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြ ထားသည်။

မြန်မာ ဒုက္ခသည်စခန်းတွေကို ရိက္ခာ ဖြတ်တောက်တော့မည်

Photo: မြန်မာ ဒုက္ခသည်စခန်းတွေကို ရိက္ခာ ဖြတ်တောက်တော့မည် 
Friday, September 20, 2013

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ၇ ခုက ဒုက္ခသည်အချို့အတွက် ဆန်ရိက္ခာခွဲတမ်းကို ဒီဇင်ဘာလကနေစပြီး ဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီစခန်းတွေက ဒုက္ခသည်တွေကို အကူအညီအလိုအပ်ဆုံးသူ၊ အကူအည...ီလိုသူ၊ စံနှုန်းနဲ့ ကိုယ်ထူကိုယ်ထဆိုပြီး အုပ်စု ၄ မျိုးခွဲကာ တစ်နည်းနည်းနဲ့ ဝင်ငွေရရှိနေပြီဖြစ်တဲ့ ကိုယ်ထူကိုယ်ထအုပ်စုက လူကြီးတွေအတွက် ဆန်ခွဲတမ်းမရရှိတော့ဘူးလို့ သိရပါတယ်။

ဒီအပြောင်းအလဲနဲ့ ပတ်သက်လို့ ဒုက္ခသည်စခန်းတွေကို ရိက္ခာ အကူ အညီပေးနေတဲ့TBBC အဖွဲ့ ကြီးရဲ့ ဒါရိုက်တာ MRs. Sally Thomson ကတော့ အခုလိုရှင်းပြပါတယ်။

“ယခုအပြောင်းအလဲတွေကို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေများ လျှော့နည်း သွားခြင်းကြောင့် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်၊ ဒုက္ခသည် စခန်းတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ချဉ်းကပ်ပြီး စီမံဆောင်ရွက် ခဲ့တာဖြစ်ပါတယ်”

ယခင်ကလူကြီးတစ်ဦးကို တလကိုဆန် ၁၂ ကီလို ရရှိနေရာကနေ စံနှုန်းလို့သတ်မှတ်ခံရတဲ့ အုပ်စုထဲက လူကြီးတွေကတော့ အခု ၈ ကီလို ကနေ ၁၂ ကီလိုအထိရရှိမှာဖြစ်ပြီး၊ အကူအညီလိုသူ အုပ်စုကတော့ နဂိုအတိုင်း ၁၂ ကီလို ရရှိမှာဖြစ်ပါတယ်။ အကူအညီ အလိုအပ်ဆုံးအုပ်စုကတော့ ဆန်ရိက္ခာပိုမိုရရှိနိုင်မှာဖြစ်ပြီး အုပ်စုအားလုံးက ၁၈ နှစ်အောက် ကလေးငယ်တွေကတော့ နဂိုမူလခွဲတမ်းအတိုင်း တစ်ဦးကို ၆ ကီလို ဆက်လက်ရရှိမယ်လို့လည်း သိရပါတယ်။

TBC အဖွဲ့ကြီးရဲ့ ဇူလိုင်လ စာရင်းအရ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည် စခန်း ၉ ခုမှာ လူဦးရေစုစုပေါင်း တစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

RFA Burmese
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ၇ ခုက ဒုက္ခသည်အချို့အတွက် ဆန်ရိက္ခာခွဲတမ်းကို ဒီဇင်ဘာလ ကနေစပြီး ဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြဝတီမှာ လောင်းကစားလုပ်ငန်းတွေ ဖြိုခွင်း

Photo: မြဝတီမှာ လောင်းကစားလုပ်ငန်းတွေ ဖြိုခွင်း 
Friday, September 20, 2013

ကရင်ပြည်နယ် မြဝတီမြို့က လောင်းကစားဂိမ်းရုံ ၂၄ ရုံကို မြဝတီခရိုင် ရဲတပ်ဖွဲ့က လောင်းကစား စက်ပစ္စည်းတွေအပြင် ဆိုင်ရှင် ၂ ဦးကိုပါ ဖမ်းဆီးလိုက်တယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးက ဒီနေ့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်းကတည်းက လောင်းကစား ရုံတွေ အားလုံးကို ပိတ်သိမ်းဖို့ စီမံချက်နဲ့ ဆောင်ရွက်နေတာဖြစ်တယ် လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမင်းနောင်က ပြောပါတယ်။

“ကျနော်တို့က ၂ ရက်နေ့ကနေစပြီးတော့ သတိပေးထားပါတယ်၊ အဲဒီနေ့ကစပြီးတော့ တော်တော်များများ ပိတ်သွားပါတယ်၊ ပိတ်သွားပြီးတဲ့နောက် ၁၃ ရက်နေ့ လောင်းကစားပစ္စည်းတွေ လာအပ်ဖို့ အချိန်ပေးထားပါတယ်၊ လာအပ်ကြပါတယ်၊ ၁၄ ရက်နေ့မှာတခါ အစည်းအဝေးလုပ်ပြီးတော့ သတင်းရတာနဲ့ လောင်းကစားဒိုင် တစ်ခု၊ လောင်းကစားအိမ်တစ်ခု ထပ်ဖမ်းပါတယ်”

ဒီလိုဖမ်းဆီးရာမှာ လောင်းကစား ဂိမ်းစက် ၁၂၉ လုံးကို သိမ်းယူထားပြီး လောင်းကစားရုံပိုင်ရှင်အားလုံးကို ခံဝန်ချက် ထိုးခိုင်းတယ်လို့ သိရပါတယ်။

ဒီလိုလောင်းကစားရုံတွေ ဖမ်းဆီးပိတ်သိမ်းမှုကို ကရင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဒီလို အရေးယူဆောင်ရွက်မူတွေကို သဘောတူတယ်လို့ သိရပါတယ်။

RFA Burmese
ကရင်ပြည်နယ် မြဝတီမြို့က လောင်းကစားဂိမ်းရုံ ၂၄ ရုံကို မြဝတီခရိုင် ရဲတပ်ဖွဲ့က လောင်းကစား စက် ပစ္စည်းတွေအပြင် ဆိုင်ရှင် ၂ ဦးကိုပါ ဖမ်းဆီးလိုက်တယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးက ဒီနေ့ပြောပါတယ်။

ယာဉ်မောင်းများ အရည်အချင်းပြည့်ဝမှု မရှိခြင်းကြောင့် ယာဉ်မတော် တဆဖြစ်မှု များပြားလာ

Photo: ယာဉ်မောင်းများ အရည်အချင်းပြည့်ဝမှု မရှိခြင်းကြောင့် ယာဉ်မတော် တဆဖြစ်မှု များပြားလာ 
Friday, 20 September 20, 2013

ရန်ကုန်မြို့တွင် ယာဉ်အစီးရေ များပြားလာသည့်နည်းတူ အရည်အချင်း မပြည့်ဝသည့် ယာဉ်မောင်းများကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း “မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း”မှ ပညာရှင်များ၏ ပြောကြားချက်အရ သတင်းရရှိသည်။

“ဒီနောက်ပိုင်း ၀င်လာတဲ့ မော်တော်ယာဉ်တွေက အဆင့်မြင့်လာတယ်၊ Auto ကားတွေဆိုတော့ ဘရိတ်နဲ့ လီဗာနဲ့ပဲ ပါတော့တယ်၊ တချို့ဖြစ် ရပ်တွေ မှာ လီဗာနဲ့ ဘရိတ် မှားနင်းပြီး ဖြစ်တဲ့ ဖြစ်စဉ်တွေကို တွေ့ရတယ်၊ နီးစပ်ရာကနေ ယာဉ်မောင်းသင်ပြီး မောင်းနေကြတာဆိုတော့ သဘောတရားတွေကို စနစ်တကျ မတတ်မြောက်ကြဘူး”ဟု “ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာန”မှ ညွှန်ကြားရေးမှူး (ငြိမ်း)တစ်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လအထိ ခုနစ်လတာ ကာလအတွင်း ရန်ကုန်မြို့၌ ယာဉ်မတော်တဆမှုပေါင်း ၁,၀၉၇ မှု ရှိခဲ့ပြီး သေဆုံးသူ ၂၀၅ ဦး၊ ဒဏ်ရာရသူ ၁,၆၀၁ ဦး ရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ ဒီဇင်ဘာလ တစ်နှစ်တာလုံးတွင် ယာဉ်မတော်တဆမှု ၁,၂၄၂ မှု၊ သေဆုံးသူ ၂၉၁ ဦး၊ ဒဏ်ရာရရှိသူ ၁,၈၆၉ ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

Automobile Journal
ရန်ကုန်မြို့တွင် ယာဉ်အစီးရေ များပြားလာသည့်နည်းတူ အရည်အချင်း မပြည့်ဝသည့် ယာဉ်မောင်း များကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း “မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း” မှ ပညာရှင်များ၏ ပြောကြားချက်အရ သတင်းရရှိသည်။

မြေလျော်ကြေး ၅၀%ထုတ်ပြီးရင် ကြေးနီစီမံကိန်း ပြန်စမယ်

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသ ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ မြေ ယာတွေ ရဲ့ လျော်ကြေးငွေ တစ်ဝက်လောက်ကို ဒေသခံတွေထုတ်ယူပြီးရင် ကြေးနီစီမံကိန်းကို ပြန်လည် စတင်မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကြေညာ လိုက် ပါတယ်။

ထိုင်းနဲ့မြန်မာ နယ်စပ်လုံခြုံရေး ပူးတွဲလုပ်ဖို့ သဘောတူ

မန်မာနဲ့ ထိုင်း ၂ နိုင်ငံ စစ်ဖက်ဆိုင်ရာ အဆင့်မြင့် အကြီးအကဲတွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေး မှုပြု လုပ်ခဲ့ကြပြီ ၂နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးကိစ္စ ပူးတွဲလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

မဟာဓာတ်အားလိုင်း ဓာတ်အား ပြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများစုနှင့် နိုင်ငံတစ်ဝန်းမှ မြို့နယ်များတွင် လျှပ်စစ် မီး ပြတ်တောက် မှု ဖြစ်ပွားခဲ့

8.1.1
 စက်တင်ဘာလ ၁၉ ရက် ညပိုင်းက ရန်ကုန်မြို့ လျှပ်စစ်မီး ပြတ်တောက် စဉ် ရန်ကုန်မြို့တော် ခန်းမ အနီးမြင်ကွင်း (ဓာတ်ပုံ-ဝေလင်းအောင်)
မဟာဓာတ်အားလိုင်း ဓာတ်အား ပြတ်တောက်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အများ စုနှင့် နိုင်ငံတစ်ဝန်းမှ မြို့နယ်များတွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက လျှပ်စစ်မီး ပြတ်တောက် မှု ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့လျှပ်စစ်မီးပေးရေးဌာနမှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်လတ် ၏ ပြော ကြားချက်အရ သိရသည်။

တရုတ် လေယာဉ်တင်သင်္ဘောပေါ်တွင် တိုက်လေယာဉ်များ လေ့ကျင့်

Photo: တရုတ် လေယာဉ်တင်သင်္ဘောပေါ်တွင် တိုက်လေယာဉ်များ လေ့ကျင့်
Friday, 20 September 2013

တရုတ်ရေတပ်သည် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီးပေါ်
တွင် တိုက်လေယာဉ်များ အဆင်းအတက် လေ့ကျင့်မှုကို အင်တိုက်အား
တိုက် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ရှန်ယန်း J-15 (ငါးမန်းပျံ) တိုက်လေယာဉ်များသည် ယခုအခါ လီအိုနင်း လေယာဉ်တင် သင်္ဘောကြီး
ပေါ်တွင် အဆင်းအတက် ပြုလုပ်သည့် စစ်ဆင်ရေးမျိုး အရှိန်မြှင့် လေ့ ကျင့်နေ ကြောင်း သိရှိရသည်။ J-15များ သည် လေယာဉ် တင် သင်္ဘောပေါ်တွင် တပ်စွဲနေရာယူနိုင်အောင် ဖန်တီးထားသည့် ဘက်စုံသုံး တိုက်လေယာဉ်များ ဖြစ်သည်။ J-15များကို ယူကရိန်းထံမှ တရုတ်က ဝယ်ယူခဲ့သော ဆူခွိုင်း Su-33 လေယာဉ်ကို ပုံစံပြောင်းကာ ရှန်ယန်းလေယာဉ် ကော်ပိုရေးရှင်းက ဖန်တီး ထုတ်လုပ် ထားခြင်းဖြစ်ပြီး ပြည်တွင်းဖြစ် လက်နက်များကို တပ်ဆင်
ထားကြောင်း သိရသည်။

J-15၏ ပျံသန်းမှုစနစ်များနှင့် လက်နက်တင်ဆောင်မှု စနစ်များသည် များစွာ ကျယ်ပြန့်ကောင်းမွန်ကြောင်း တရုတ်စစ်ဘက်က ကြွေးကြော်ခဲ့ ဖူးသည်။ J-15များကို တရုတ်ဖြစ် တိုင်ဟန် တာဘိုအင်ဂျင်များဖြင့် တွန်းအားပေး မောင်းနှင်စေခဲ့သည်။ J-15ကို (၂၀၀၉) ခုနှစ်၊ ဩဂုတ်လက စတင်စမ်းသပ် ပျံသန်းပြီးနောက် ယခုအခါ လီအိုနင်း သင်္ဘောကြီး၏ အဓိကပင်တိုင် တိုက်လေယာဉ်အဖြစ် အသုံးပြုရန် ဦးတည်လာ ခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင်မူ စစ်ဆင်ရေးထက် လေယာဉ်များ အမှားအယွင်းမရှိ ချောမွေ့စွာ အဆင်းအတက် ပြုလုပ်ရေး လေ့ကျင့်မှု များကို အသားပေး လေ့ကျင့်နေဆဲ ဖြစ်သည်။

ရေတပ် နောက်တန်းသေနာပတိ ယန်ဇူးက "ရေတပ်ရဲ့ အမှတ်အသား
ဆေးရောင်တွေကို J-15မှာ ရေးခြယ်ပြီးပါပြီ။ ခုဆိုရင် တာဝန်ထမ်းဆောင်မှု
ကိုလည်း အစပျိုးနိုင်ခဲ့ပြီ။ ပြောရမယ်ဆိုရင် လောလောဆယ် အတည်
မပြုသေးပေမယ့် J-15တွေဟာ ရေတပ်ဖွဲ့မှာ တာဝန်စထမ်းနေပြီလို့ ယူဆရပါမယ်"ဟု ဆိုသည်။ ၎င်းက J-15 တိုက်လေယာဉ်များကို ပမာဏ အမြောက်အမြား ထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။ပထမအသုတ် ထုတ်လုပ်မှုက စတင်နေပါပြီ။ ဒီတိုက်လေယာဉ်တွေရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းကလည်း ကြာရှည်ပါလိမ့်မယ်။ J-15တွေရဲ့ တည်ဆောက်ပုံဟာ အပြောင်းအလဲတွေလုပ်ဆောင်ဖို့အရမ်း လွယ်ကူတယ်။ ရေဒါနဲ့ အီလက်ထရောနစ် ဆက်သွယ်ရေး စနစ်တွေ၊ အင်ဂျင်စနစ်တွေကိုအဆင့်မြှင့်နိုင်အောင် စီစဉ်ထားတယ်။ နောက် ထပ် (၁၀)နှစ်၊ (၁၅)နှစ်လောက်မှာ အဆင့်မြှင့် မွမ်းမံမှုတွေ ထပ်လုပ်ပြီး လေယာဉ်တွေရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်း
ကို တိုးမြှင့်နိုင်မှာပါ"ဟုလည်း သေနာပတိယန်က ပြောကြားခဲ့သည်။ ၎င်းက လီအိုနင်းသင်္ဘောကြီး၏ လေယာဉ်တင်ဆောင်နိုင်မှု  စွမ်းရည်နှင့်ပတ် သက်ပြီး မေးမြန်းမှုကိုမူ "သင်္ဘော ကုန်းပတ်ပေါ်မှာ တာဝန်ထမ်းဆောင်နိုင် မယ့် တိုက်လေယာဉ် အရေအတွက်က (၃၆)စင်းလောက်ရှိပါလိမ့်မယ်"ဟု
ဖြေကြားခဲ့သည်။

တရုတ်စစ်တပ်သည် ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်သည့် J-15များကို (၁၆)စင်းထိ ထုတ်လုပ်ထားပြီးဖြစ်သည်။

Planet Myanmar Network
တရုတ်ရေတပ်သည် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် တိုက်လေယာဉ်များ အဆင်းအတက် လေ့ကျင့်မှုကို အင်တိုက်အားတိုက် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

င၀န် မြစ်ရေကြီးမှုကြောင့် ဟင်္သာတ မြို့နယ် သပြုဆိပ် လယ်သမားတာ ကျိုးပေါက်

k.9.19.12
ဟင်္သာတမြို့နယ် သပြုဆိပ် လယ်သမား တာကျိုးပေါက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်မျိုး)
င၀န်မြစ်ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ် အင်္ဂရမ်းကျေးရွာအုပ်စုရှိ သပြုဆိပ်လယ်သမား တာကျိုးပေါက် မှု ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုး ထုတ်လုပ်မှု နှစ်စဉ် မြင့်တက်နေ ပြီး ပေါက်မြို့ တစ်မြို့တည်း၌ပင် ဗာဂျီးနီးယား ဆေးပေါင်း လုပ်ငန်း ၂၀၀ ကျော်ခန့်ရှိနေ

Photo: ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုး ထုတ်လုပ်မှု နှစ်စဉ် မြင့်တက်နေ ပြီး ပေါက်မြို့ တစ်မြို့တည်း၌ပင် ဗာဂျီးနီးယား ဆေးပေါင်း လုပ်ငန်း ၂၀၀ ကျော်ခန့်ရှိနေ
Friday, September 20, 2013

မြန်မာနိုင်ငံတွင် ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုး ထုတ်လုပ်မှု နှစ် စဉ် မြင့်တက်လျှက် ရှိကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီး ကြော်ငြာခြင်း၊ အရောင်း မြှင့်တင်ခြင်း၊ ပံ့ပိုးခြင်း၊ တားမြစ်ခြင်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေး ပွဲတွင် ဖြန့်ဝေခဲ့သည့် အချက်အလက် များအရ သိရသည်။

ထို့ပြင် ပြည်တွင်း၏ အဓိက ဗာဂျီးနီးယား ဆေးပေါင်းလုပ်ငန်းများ လုပ်ကိုင် သည့် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့တစ်မြို့တည်း ၌ပင် ဆေးပေါင်း လုပ်ငန်း ၂၀၀ ကျော် ခန့် ရှိနေကြောင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီး ထုတ် လုပ်မှုနှင့် ဆေးပေါင်း ရုံများကြောင့် သစ်တော ပြုန်းတီး မှု လျှော့ချနိုင် ရန် ဆောင်ရွက်နေသည့် ပေါက်မြို့နယ်မှ ကိုရဲထွန်းနောင် ၏ ပြောကြား ချက် အရ သိရသည်။

မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့ အတွင်း၌ ဗာဂျီးနီးယား ဆေးပေါင်း လုပ်ငန်း လုပ်ကိုင်သည့် ဆေးရုံပေါင်း ၂၂၆ ရုံရှိသည့် အနက် ကုမ္ပဏီပိုင် ၁၃၅ ရုံနှင့် ပုဂ္ဂလိကပိုင် ၉၁ ရုံခန့် ရှိနေပြီး ယင်းဒေသရှိ ဆေးပေါင်း ရုံများမှာ ထင်းကို အသုံးပြုပြီး ဆေးပေါင်းကြခြင်း ဖြစ်သည့်အတွက် သစ်တောပြုန်းတီးမှု ပြဿနာများနှင့် ရင်ဆိုင် နေကြရကြောင်းလည်း သိရသည်။

ပေါက်မြို့အတွင်း၌ ဗာဂျီးနီးယား ဆေးပေါင်းလုပ်ငန်း လုပ်ကိုင်သည့် ဆေး ရုံပေါင်း ၂၂၆ ရုံ ရှိသည့်အနက် ကုမ္ပဏီပိုင် ၁၃၅ ရုံနှင့် ပုဂ္ဂလိကပိုင် ၉၁ ရုံခန့် ရှိနေပြီး ယင်းဒေသရှိ ဆေးပေါင်းရုံများမှာ ထင်းကို အသုံးပြုပြီး ဆေးပေါင်း ကြခြင်း ဖြစ်သည့်အတွက်

ထို့ပြင် ပေါက်မြို့၏ ဆေးပေါင်း လုပ်ငန်းများကို အခြေချ လာရောက် လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ RPMM ဖြစ်ပြီး မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ လက်ခွဲ ကုမ္ပဏီတစ်ခု ဖြစ်ကြောင်းလည်း ဒေသခံများ ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ထုတ်ပြန် ခဲ့ပြီးဖြစ်သည့် စာရင်းများနှင့် သုတေသန များအရ ၁၉၆၀ နောက်ပိုင်းကာလတွင် လူအများ သိခဲ့သည့် ဒူးယား၊ ခပေါင်း စီးကရက်များ စတင် ထုတ်လုပ်စဉ်က နှစ်စဉ် စီးကရက် အလိပ်ရေ သန်း ၅၀၀ မှ ၁၀၀၀ ၀န်းကျင် ရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေး ပွင့်လင်းလာမှုကြောင့် နှစ်စဉ် စီးကရက် အလိပ်ရေ သန်း ၂၅၀၀ မှ ၃၀၀၀ ကျော် ထုတ်လုပ် လာကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၌ ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးမှု နှစ်စဉ် တိုးတက် လာပြီး ယင်းဆေးရွက်ကြီးကိုပင် ပြည်ပမှ တင်သွင်း မှုသည်လည်း တန်ချိန် မှ ၂၀၀၀ မှ ၇၀၀၀ ကျော် အထိ တိုးမြှင့် တင်သွင်း လာကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် စီးကရက် လိပ်ရေ သန်းထောင်ချီ ထုတ်လုပ်သော် လည်း ပြည်ပ ပို့ကုန်အဖြစ် ထုတ်လုပ်ခြင်းက ပိုများကြောင်း ပို့ကုန် စာရင်းများ အရ သိရသည်။ ထို့ပြင် သန်းထောင်ချီ ထုတ်လုပ်ပေးနေသော ပြည်တွင်းစက်ရုံ များကို နိုင်ငံပိုင် စက်ရုံများမှ ပုဂ္ဂလိက စက်ရုံများအဖြစ် တစ်ဆင့်လွှဲ၍ ဆောင်ရွက်သကဲ့သို့ အသစ်ထပ်မံ တည်ဆောက်ထားသည့် စက်ရုံများလည်း ရှိနေသေးကြောင်း သိရသည်။

Eleven Media Group
မကွေးတိုင်းဒေသကြီး အတွင်းရှိ ဗာဂျီးနီးယားဆေးပေါင်းရုံ တစ်ရုံအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မကွေးတိုင်းဒေသကြီး အတွင်းရှိ ဗာဂျီးနီးယားဆေးပေါင်းရုံ တစ်ရုံအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မြန်မာနိုင်ငံတွင် ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှု နှစ် စဉ် မြင့်တက်လျှက် ရှိကြောင်း ဆေး လိပ်နှင့် ဆေးရွက်ကြီး ကြော်ငြာခြင်း၊ အရောင်း မြှင့်တင်ခြင်း၊ ပံ့ပိုးခြင်း၊ တားမြစ်ခြင်း ဆိုင်ရာအလုပ် ရုံ ဆွေးနွေး ပွဲ တွင် ဖြန့်ဝေခဲ့သည့် အချက်အလက် များအရ သိရသည်။

အရက်၊ ဘီယာ ဖြန့်ဖြူးနေသည်ဟု သတင်းပေးမှုအရ GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့အဖြစ် ထပ်မံရှာဖွေရာတွင် နိုင်ငံခြားဖြစ် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် စစ်ဆေးတွေ့ရှိ

8.1.1
Mobile Team ရှာဖွေတွေ့ရှိခဲ့သော အရက်ပုလင်းများအား တွေ့ရစဉ်
အရက်၊ ဘီယာများ ဖြန့်ဖြူးနေသည်ဟု သတင်းပေးထားသော GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့ အဖြစ် စက်တင်ဘာ ၁၉ ရက်က ထပ်မံရှာဖွေရာတွင် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း အာဆီယံပါလီမန်များ အထွေထွေ ညီလာခံသို့ တက်ရောက်

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် စက်တင်ဘာ ၁၉ ရက်က ဘရူနိုင်း ဒါရုဆလမ်နိုင်ငံတွင် ကျင်းပသည့် (၃၄)ကြိမ်မြာက် အာဆီယံ ပါလီမန်များ၏ အထွေထွေညီလာခံသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဆီဒိုးနားဟိုတယ် ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှုကို ဆီဒိုးနားဟိုတယ်မှ ငြင်းဆို

ဆီဒိုးနားဟိုတယ်၏ ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက် ကြားမှု သတင်းကို မဟုတ်မှန်ကြောင်း ဆီဒိုးနား ဟိုတယ်မှ လုံခြုံရေးအကြီးအကဲတစ်ဦးက စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။