Tuesday, October 1, 2013

မန္တလေးမြို့မှ ကျောင်းသားတစ်ဦး မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဖြင့် တစ်ကမ္ဘာလုံး၌ ပထမရွှေတံဆိပ်ဆုရရှိ

အင်္ဂလန် နိုင်ငံ City & Guilds International(UK) က တိုက်ရိုက်စစ်ဆေး သောစာမေးပွဲတွင် Naypyidaw EngineeringCenter(NEC) အင်ဂျင်နီယာဒီပလိုမာသင်တန်းကျောင်းမှ ၂၀၁၁-၂၀၁၂ ပညာ သင်နှစ် ကျောင်း သားတစ်ဦးမှာ မြို့ပြအင်ဂျင်နီယာ ဘာသာရပ် တွင် တစ်ကမ္ဘာလုံး၌ ပထမဆုရ ရှိသွားသဖြင့် ရွှေတံဆိပ်ဆု ချီးမြှင့် ခြင်းခံခဲ့ရကြောင်း သိရသည်။

နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Photo: နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း 
Tuesday, October 1, 2013

တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူး လို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာအဆောင်မှာ ဒီနေ့ နေ့လည် ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

"တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည် ကို ကာကွယ်ဖို့၊ ကျမဘယ်တုန်းကမှ နိုင်ငံရေးထဲကို ဝင်ပါတဲ့တပ်မတော်ကို အားမပေးခဲ့ဘူး၊ အဲဒါပွင့်ပွင့်လင်းလင်းပြောတာ၊ တပ်မတော်ကို မချစ်လို့ မဟုတ်ဘူး၊ ချစ်လို့ တန်ဖို့းထားလို့သာ မလုပ်စေချင်တာ၊ မလုပ်သင့်တဲ့ ကိစ္စမို့လို့ မလုပ်စေချင်တာ၊ တကယ်ဆို ပြည်သူလူထုက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရဟာ တပ်မတော်အတွက် အားလုံးတာဝန်ယူရမယ်၊ တပ်မတော်ဆိုတာ ပိုက်ဆံရှာနေစရာ လိုရမယ့်ဟာမဟုတ်ဘူး၊ အရပ်သားအစိုးရက ပြည့်ပြည့်စုံစုံပေးထားရမှာ၊ အဲဒါမှ တပ်မတော်က အဆင့်မြင့်မြင့်နဲ့ အိနြေ္ဒရရနေနိုင်မှာ"

တပ်မတော်ကိုလည်း တကယ့်ကိုအရည်အချင်းပြည့်ဝပြီး ကမ္ဘာ့စံချိန်မှီ တဲ့၊ ပြည်သူတွေက ထောက်ခံအားပေးတဲ့ ၊ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်ေ စ ချင်တယ်လို့လည်း ပြောခဲ့ပါတယ်။
တပ်မတော် နဲ့ ပတ်သက်တာအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

RFA Burmese
တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ပဲဖြစ်စေချင် တယ်၊ နိုင်ငံရေး ထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူး လို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောဆို လိုက်ပါတယ်။

ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင် ဖမ်းဆီးရမိ

Photo: ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင် ဖမ်းဆီးရမိ
Tuesday, October 1, 2013

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် တစ်ရွာတည်းနေ ဒေါ်ထွေးကြည် (ခ)ဒေါ်မိုးမိုး မှာနေအိမ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ၍သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးတွင် ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက် ၀တ် ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက် တို့ဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား (၆)လက်မခန့်ရှိဝါးရိုးတပ်မီးဖိုချောင် သုံးဓါး အကျိုး(၁)ချောင်း တို့အား တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာ ယင်းနေ့နံနက် ၀၃၃၀ အချိန်ခန့်က ၎င်း၏သားအရင်းဖြစ်သူ တင်ထွန်းဝင်းနှင့်စကားများခဲ့ကြောင်း၊ တင်ထွန်းဝင်းမှာ ထွက်ပြေး
တိမ်းရှောင်နေကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန်ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း (ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးတိမ်းရှောင်နေသူ တင်ထွန်းဝင်းအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းသည်မော် လမြိုင်မြို့တွင် ရောက်ရှိ တိမ်းရှောင်နေကြောင်း သိရှိရသဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ရာ ၃၀.၉.၂၀၁၃ရက်နေ့ ၁၈၄၅ အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး

ကားတိုက်ပြီး ထွက်ပြေးရခြင်းနှင့် ဒရိုင်ဘာတို့ ရင်ဖွင့်သံ ....................................................................

လက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တစ်ခုပါ။ ကားဒရိုင်ဘာများဟာ ယာဉ်တိုက်မှု ဖြစ်ပြီးရင် ထွက်ပြေးတာ များပါတယ်။ အထူးသဖြင့် လမ်းဖြတ်ကူးသူ လူကို တိုက်မိတာတို့၊ စက်ဘီး၊ ဆိုက်ကား တို့အား တိုက်မိတာတို့ ဆိုရင် နောက်ပြန်မလှည့်ပဲကို ထွက်ပြေးပါတယ်။ အစကတော့ ယင်းကိစ္စနဲ့ ပက်သက်ပြီး ဒရိုင်ဘာတွေကို အပြစ်တင်ချင် သလိုလို ရှိခဲ့ပေမယ့် တက္ကဆီ ဒရိုင်ဘာတစ်ဦးရဲ့  ရင်ဖွင့် သံကိုကြားရ တော့ သူတို့ အဖြစ်ကိုလည်း သနားမိလိုက်ပါတယ်။

ပြည်သူများတောင်းဆိုလာပါက ပြည်တွင်းသစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဟုဆို

Photo: ပြည်သူများတောင်းဆိုလာပါက ပြည်တွင်းသစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဟုဆို
Tuesday, October 1, 2013 

၂၀၁၄ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံမှ ပြည်ပ သို့ကျွန်းသစ်များ အလုံးလိုက်တင် ပို့မှုကိုရပ်ဆိုင်းတော့မည်ဖြစ်ပြီး ပြည်သူများကတောင်းဆိုလာ ပါက ပြည်တွင်း၌သစ်ထုတ်လုပ်မှု ကိုရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ကပြောသည်။
စက်တင်ဘာလ ၂၇ ရက် နေ့ကပြုလုပ်ခဲ့သော မြေအသုံးချ မှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် အဆို ပါပုဂ်္ဂိုလ်ကယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

““ဒါတွေက မဖြစ်လာဘူးလို့ ပြောလို့မရပါဘူး၊ တစ်ချိန်ကျရင် တော့ဒါတွေဟာဖြစ်လာနိုင်ပါတယ်၊ ပြည်သူကတောင်းဆိုလာရင်တော့ ကျွန်တော်တို့ရဲ့သစ်လိုအပ်ချက် ကှိုာစသမအ လုပ်ရုံပဲရှိပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ပြောသည်။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကို ကြုံတွေ့ခံစားနေရပြီ။ ယင်း၏ အကြောင်းတရားများသည် သစ် ထုတ်လုပ်မှုကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်သူများက သုံးသပ် ပြောဆိုသည်။

လက်ရှိပြည်တွင်း၌ သစ်သုံး စွဲမှုပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၆ သိန်းခန့်ရှိကြောင်း ဦးဝင်းထွန်းကဆက်လက်ပြောသည်။  
““အခုပြည်တွင်းမှာ ကျောင်း  ဆောက်ဖို့တို့၊ တံတားဆောက်ဖို့ တို့ ကိုယ်စီကိုယ်စီအိမ်ဆောက်ဖို့ အတွက် တစ်နှစ်တစ်နှစ်ကို သုံး နေ ရတာဟာ သစ်ခွဲသားတန်ချိန် ၃သိန်းရှိပါတယ်၊ အဲဒီ ၃ သိန်းကို ရဖို့အတွက် တစ်နှစ်ကိုသစ်ထုတ် လုပ်မှုက ၆ သိန်းလောက်တော့ ရှိနေဦးမှာပါ””ဟု ဦးဝင်းထွန်းက ထပ်လောင်းပြောဆိုခဲ့သည်။

ယခင်အစိုးရလက်ထက်က တစ်နှစ်လျှင် ကျွန်းသစ်တန်ချိန် ၃ သိန်း၊ သစ်မာတန်ချိန် ၁၃ သိန်း ကိုနှစ်စဉ်ပြည်တွင်း၌ ထုတ်လုပ်ခဲ့ သော်လည်း ယခုအစိုးရလက် ထက်တွင် ကျွန်သစ်တန်ချိန် ၁ သိန်း၊ သစ်မာတန်ချိန် ၇ သိန်း ၈ သောင်းခန့်သာနှစ်စဉ်လျှော့ချ ကာ ထုတ်လုပ်လျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရေ၀န်ကြီးဌာနမှ သိရသည်။             

The Hot News Weekly
၂၀၁၄ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံမှ ပြည်ပ သို့ကျွန်းသစ်များ အလုံးလိုက်တင် ပို့မှုကို ရပ်ဆိုင်းတော့မည်ဖြစ်ပြီး ပြည်သူများကတောင်းဆိုလာ ပါက ပြည်တွင်း၌သစ်ထုတ်လုပ်မှု ကိုရပ် ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ကပြောသည်။
စက်တင်ဘာလ ၂၇ ရက် နေ့ကပြုလုပ်ခဲ့သော မြေအသုံးချ မှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် အဆို ပါပုဂ်္ဂိုလ်ကယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ် ပွဲစဉ်(၆)က အသင်းကြီးများ အခြေအနေကို ခံစားကြည့်ခြင်း


Photo: ပရီးမီးယားလိဂ် ပွဲစဉ်(၆)က အသင်းကြီးများ အခြေအနေကို ခံစားကြည့်ခြင်း
Tuesday, October 1, 2013

ပရီးမီးယားလိဂ် ပွဲစဉ်(၆)မှာ ကစားသွားခဲ့တဲ့ အသင်းကြီးများရဲ့ အခြေအနေကို စာရေးသူ မြင်သလောက် သုံးသပ်တင်ပြချင်ပါတယ်။ အသင်းကြီးတွေရဲ့ အားနည်းချက် အားသာချက်တွေကို ကောက်နုတ်တင်ပြခြင်းလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ စာရေးသူ အနေနဲ့ ဥာဏ်မီ သလောက်ကို ထုတ်နုတ် ချပြခြင်း သက်သက် ဖြစ်ပါတယ်။ စာရေးသူထက် မြင်တတ်တဲ့ စာဖတ်သူတွေ ဒုနဲ့ဒေးပါ။ စာဖတ်သူများနဲ့ ဆွေးနွေးခြင်းလို့ ပြောရင်လည်း ရပါတယ်။ တင်ပြချက်တွေကိုလည်း စာဖတ်သူများ အနေနဲ့ စာရေးသူနဲ့ အမြင် တူမတူ၊ စာဖတ်သူတို့ရဲ့ အမြင်လေးကိုလည်း မှတ်ချက်လေးနဲ့ ဆွေးနွေးပေးစေ ချင်ပါတယ်။


စပါး ၁-၁ ချဲလ်ဆီး
ပထမဦးဆုံး အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲ လန်ဒန် ဒါဘီ စပါးနဲ့ ချဲလ်ဆီး ပွဲစဉ်ကို သုံးသပ် တင်ပြသွားပ့ါမယ်။ စပါးနဲ့ ချဲလ်ဆီးတို့ဟာ လန်ဒန် ဒါဘီ ဖြစ်တာနဲ့ အညီ ကိုယ်စီ နည်းပြ နှစ်ဦးကလဲ ပွဲမစခင်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆရာ၊ တပည့် သံယောဇဉ်ကို မငဲ့ပဲ ခပ်ပြင်းပြင်း ထိုးနှက် ခဲ့ကြတယ်။ အင်္ဂလန်လိဂ်ရဲ့ အစဉ်အလာ အရ Mind Game ဆင်နွဲ ခဲ့ကြတယ်။ ဒါဘီ ဆိုတဲ့ နာမည်နဲ့ ကိုက်ညီအောင် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ၀ှိုက်ဟတ်လိန်းမှာ မော်ရင်ညိုဟာ အိမ်ရှင်ကို ၄-၅-၁ နဲ့ ရင်ဆိုင် သွားခဲ့ပါတယ်။ စပါး အသင်းကလည်း ဧည့်သည် ချဲလ်ဆီးကို ၄-၅-၁ ကစားကွက်နဲ့ပဲ ရင်ဆိုင်ခဲ့ ပါတယ်။ ဒီပွဲစဉ်ရဲ့ ပထမပိုင်းဟာ စပါးရဲ့ ပွဲလို့ ပြောလိုက်ရင် စာဖတ်သူတို့ လက်ခံမယ်လို့ မျှော်လင့်ပါတယ်။ စပါးဟာ ချဲလ်ဆီးကို အဖက်ဖက်က အသာစီးနဲ့ ကစားသွားခဲ့တာပါ။ ဒီနေရာမှာ အသင်းကြီးရဲ့ အားနည်းချက် အားသာချက်ကိုပဲ တင်ပြ ပါရစေ။ ချဲလ်ဆီး နောက်တန်းမှာ လူးဝစ်ဇ်ဟာ အတော်လေး ရှေ့ကို ကျွံနေခဲ့ ပါတယ်။ ဗဟို ခံစစ်သမား တစ်ယောက်လို ကစားသွားခြင်းမျိုး မဟုတ်ပဲ၊ Box-to-box ကစားသမား တစ်ယောက်လို ကစားသွားခဲ့တယ်။ အဲ့ဒီအချိန်မှာ တိုက်စစ်အားသန်တဲ့ စပါး ကွင်းလယ် အချိန်အဆက် မိနေတော့ ချဲလ်ဆီး နောက်တန်း အတော်လေး ဒုက္ခ တွေ့သွားခဲ့တယ်။ အဖျက် အနေနဲ့ ကစားတဲ့ မီခေးလ်ဟာလည်း ဒမ်ဘီလီကို မထိန်း နိုင်ခဲ့ဘူး။ တကယ်တမ်း လူးဝစ်ဇ်ကျွံသွားတဲ့ အချိန် မီးခေးလ်ဟာ ကွက်လပ်ကို ၀င်မဖြည့် နိုင်ခဲ့ပါဘူး။ မီခေးလ် ကစားတဲ့ သက်တမ်း တစ်လျှောက် နောက်ခံလူ နေရာကို ၀င်ဖြည့်ပေးတဲ့ နေရာမှာ အတော်လေး အားနည်းပါတယ်။ ပြီးတော့ စပါးရဲ့ လူငယ် ခြေတက်တွေနဲ့ စုစည်းထားတဲ့ ကွင်းလယ်ကို ရင်ဆိုင်တဲ့ အခါ လမ်းပတ်နဲ့ မီခေးလ်တို့လို လျင်မြန်မှု အားနည်းတဲ့ ကစားသမားတွေကို သုံးသွားတာလည်း စပါးကို အသာရသွား စေတဲ့ အချက်လို့ မြင်မိတယ်။

 

စပါးက ရသွားတဲ့ ဦးဆောင်ဂိုးကို ပြန်သုံးသပ် ကြည့်လိုက်ပါ။ မီခေးလ်ဟာ ဒမ်ဘီလီကို ရင်ဆိုင်တာ အဖျက်ကစားသမား တစ်ယောက် မပီသ ခဲ့ပါဘူး။ ဒမ်ဘီလီဟာ တောင်ပံထွက်ပေးတဲ့ အဲရစ်ဆင်ဆီကို ဘောလုံး ခင်းပေးလိုက်တယ်။ အဲရစ်ဆင်ဟာ လမ်းပတ်ရဲ့ ဧရိယာထဲကနေ Opening ဖွင့်ပြီး ဘောလုံး ယူသွားတာပါ။ လမ်းပတ်အနေနဲ့ အသည်းအသန် လိုက်ဖျက်ခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ အဲရစ်ဆင်ဟာ (၁၈)ကိုက်နားက ဆိုလ်ဒါဒိုဆီ ခင်းပေးလိုက်တယ်။ ဆိုလ်ဒါဒိုတာဝန်ယူနေတဲ့ တယ်ရီဟာ တယ်ရီရဲ့ ကစားပုံမျိုး မဟုတ်ခဲ့ပါဘူး။ အဲရစ်ဆင်ဆီက ထွက်လာတဲ့ ဘောလုံးကို ဆိုလ်ဒါဒိုက ပြေးလာတဲ့ စီဂတ်ဆန် လမ်းကြောင်းထဲကို ထည့်ပေးလိုက်တယ်။ စီဂူဆန်နောက်ကနေ တစ်လှမ်းချင်း ပြေးလာတာ လူးဝစ်ဇ်ပါ။ ဆိုလ်ဒါဒိုကို တာဝန်ယူထားတဲ့ တယ်ရီ စီဂတ်ဆန်ကို ဟန့်တားခဲ့ပေမယ့် အထမမြောက်ခဲ့ပဲ ဂိုးပေး လိုက်ရတယ်။ Last defender အနေနဲ့ ဘောလုံးရှင်းထုတ်တဲ့ နေရာမှာ ပိုင်နိုင်လွန်းတဲ့ ကာဟေးလ်သာ ရှိခဲ့မယ်ဆိုရင် ရလာဒ် တစ်မျိုး တစ်ဖုံ ပြောင်းသွားနိုင်တယ်။ ပထမပိုင်းမှာ ချဲလ်ဆီးဟာ စပါးရဲ့ ဖိအား အောက်ကနေပဲ ကစားနိုင်ခဲ့တယ်။


ဒုတိယပိုင်းမှာတော့ မော်ရင်ညိုဟာ မီခေးလ်ကို ထုတ်ပြီး မာတာကိုထည့် ကစားခဲ့တယ်။ နာမည်ကြီးခဲ့တဲ့ မာဇက်ကာ အတွဲကို ပြန်ဖွဲ့ပေးလိုက်တဲ့ မော်ရင်ညိုတဲ့ ဆုံးဖြတ်ချက် မှန်ကန် ခဲ့ပါတယ်။ လန်ဒန်ဒါဘီရဲ့ ဒုတိယပိုင်းဟာ ချဲလ်ဆီးပွဲလို့ ပြောလို့ ရပါတယ်။ မာတာ ၀င်လာတဲ့ ချဲလ်ဆီးရဲ့ တိုက်စစ်ဟာ စပါးနောက်တန်းကို အလုပ်များ စေခဲ့ပါတယ်။  မာတာဟာ အရင်နှစ်တွေ ကလို မဟုတ်တော့ပဲ ခံစစ်အထိကို လိုက်ပါ ကစားပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက ရလိုက်တဲ့ ချေပဂိုးဟာလည်း မာတာရဲ့ ကောင်းမွန်လှတဲ့ ပြစ်ဒဏ်ဘော ကန်ချက် ကနေပဲ တယ်ရီခေါင်းတိုက် သွင်းပေးခဲ့တာပါ။ ဒီပွဲစဉ်ကို ကြည့်ခြင်းအားဖြင့် မော်ရင်ညို အနေနဲ့ တစ်ခြား ကစားသမားတွေကို ပွဲထွက် စာရင်းကနေ ချန်ချင် ချန်လို့ ရပါတယ်။ ဒါပေမယ့် မာဇက်ကာ ဆိုတဲ့ အတွဲကို ဖြုတ်ရင် နိုင်ပွဲအတွက် အခက်ကြုံနေရအုံးမှာပဲလို့ စာရေးသူ မြင်မိတယ်။ ပြီးတော့ တိုက်စစ်ပိုင်းမှာလည်း တောရက်စ်ဟာ ဒီပွဲမှာ အတော်လေး ကစားပုံ ကောင်းခဲ့တယ်။ တိုက်စစ်မှုးတွေ အတွက် ဖန်တီးမှု အားနည်းတတ်တဲ့ ချဲလ်ဆီး ကွင်းလယ်ကိုပါ ဆင်းကူပြီး၊ နောက်အထိကို ကိုယ်တိုင် ကိုယ်ကျ ဘောလုံး ဆင်းယူပေးခဲ့တဲ့ တောရက်စ်ရဲ့ ကစားပုံကတော့ ချဲလ်ဆီး အတွက် အားရစရာပါပဲ။ အီတိုးဦးဆောင်တဲ့ တိုက်စစ်ထက် ပြိုင်ဘက်ကို အခက်တွေ့စေတယ်လို့ မြင်မိပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အခြေအနေမှန်ကို မော်ရင်ညိုကသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ချန်ပီယံ လမ်းကြောင်း အတွက် တိုက်ပွဲဝင်မယ့် အသင်းအနေနဲ့ ဂိုးတစ်ဂိုးရဖို့ ဒီလောက်ထိ ရုန်းကန်နေရတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ပွဲစဉ်(၆)ပြီးတဲ့အထိ တိုက်စစ်မှုးတွေ ဂိုးတစ်ဂိုးမှ မရသေးတဲ့ အခြေအနေကိုလည်း အချိန်မီ ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ အချိန်မီသာ ပြင်ဆင်နိုင်ခဲ့ရင် ချန်ပီယံ ဆုဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်က ချဲလ်ဆီးအတွက် မခက်ခဲလောက်ပါဘူး။


မန်ယူနိုက်တက် ၁-၂ ၀က်စ်ဘရွန်း
အားလုံးကို အံ့သြသင့်စေတဲ့ ပွဲတစ်ပွဲပါပဲ။ ဒီပွဲကို ကြည့်မယ်ဆိုရင် ယူနိုက်တက် အနေနဲ့ မိုယက်စ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အမှတ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပွဲလို့ ပြောရပါမယ်။ ဒါပေမယ့်လည်း ၀က်စ်ဘရွန်းရဲ့ ကစားပုံ အတော်လေး ကောင်းမွန်ခဲ့တာလဲ ပါ ပါတယ်။ ပထမပိုင်း ၀-၀ နဲ့ပဲ အဆုံးသတ်ခဲ့သလို၊ အိမ်ရှင် ယူနိုက်တက် ကအခွင့်အရေးတွေ ရခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ နောက်တန်းမှာ ကြည့်မယ်ဆိုရင် အီဗရာကို အနားပေးပြီး ဘတ်နာကို သုံးခဲ့တဲ့ အချက်တစ်ချက်၊ ဖာဒီနန်နဲ့ အီဗန်ကို တွဲခဲ့တဲ့ အချက် တစ်ချက်က ယူနိုက်တက်ကို အားနည်းစေခဲ့တယ်လို့ ထင်ပါတယ်။ ညာနောက်ခံလူ နေရာမှာ ဂျုန်းဟာ ရာဖေးလ်လို တိုက်စစ်ကို မပါပေမယ့် ခံစစ် ကစားပုံ လုံခြုံ ခဲ့ပါတယ်။ ဖာဒီနန်နဲ့ ဂျုန်းဖက် အခြမ်းက အဆင်ပြေမယ့်၊ ရှေ့ကျွံသွားတဲ့ ဘတ်နာဘက်ခြမ်းကို အီဗန်နဲ့ တွဲပေးတာ ဆက်စီညွှန် အတွက် ပိုပြီး လှုပ်ရှားလို့ ကောင်းစေခဲ့ပါတယ်။ ရှေ့ကျွံသွားတဲ့ ဘတ်နာ နေရာကို အီဗန် ဖြည့်ပေးခဲ့ပေမယ့်၊ ဗဟိုမှာ အသက်အရွယ် အရ လေးလာတဲ့ ဖာဒီနန် တစ်ယောက်တည်း သိပ်အဆင်မပြေ ခဲ့ပါဘူး။ အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမားတွေထဲက တစ်ယောက် အပါအ၀င် ဖြစ်တဲ့ ကာဂါဝါကို ဘယ်တောင်ပံ ထုတ်တဲ့ မိုယက်စ်ရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ် စရာပါပဲ။ ကာဂါဝါဟာ ဘယ်တောင်ပံ နေရာမှာ ကစားပေမယ့် ကစားရှိန် မြှင့်လာတာနဲ့ အမျှ သူကစားနေကြ ဖြစ်တဲ့ ကွင်းလယ်တိုက်စစ် နေရာထဲကိုပဲ ရောက်ရောက် သွားတယ်။ တိုက်စစ်ကို လိုက်လာတဲ့ ဘတ်နာ အနေနဲ့ ကာဂါဝါ အလယ်ထဲ ရောက်သွားတော့ တောင်ပံမှာ တွဲလို့ မရပဲ ဖြစ်သွားပြီးတော့ တောင်ပံ အသားပေး ကစားတတ်တဲ့ ယူနိုက်တက်ရဲ့ တောင်ပံတစ်ဖက် သေနေခဲ့တယ်။

 

အန်ဒါဆင်၊ ကာရစ်တို့ရဲ့ ကွင်းလယ် ပိုင်းမှာလည်း အန်ဒါဆင် အပျက်များနေခဲ့တယ်။ တိုက်စစ်ကို ပံ့ပိုးမှုတွေ မလုပ်နိုင်ခဲ့ဘူး။ ပထမပိုင်း (၀-၀)နဲ့ အဆုံးသတ် သွားတယ်။ ဒုတိယပိုင်းမှာ မိုယက်စ်ဟာ ကာဂါဝါကို ထုတ်ပြီး ဂျန်နုဇ်ကို ထည့်ကစားခဲ့တယ်။ (၁-၂)ရလာဒ်ရဲ့ အဓိက အချက်လို့ ပြောရမယ်။ ၀က်စ်ဘရွန်းလို တွန်းတွန်းတိုက်တိုက်နဲ့ အမြန်နှုန်းမြှင့် ကစားတဲ့ အသင်းကို အတွေ့အကြုံနုပြီး ကိုယ်ကာယပိုင်း အားနည်းတဲ့ ဂျန်နုဇ်ကို ထည့်လိုက်တဲ့ အချိန်မှာ ယူနိုက်တက်ရဲ့ ကစားအားဟာ သိသိသာသာ ကျသွားတယ်။ ဒီနေရာမှာ အန်ဒါဆင်ကို ထုတ်၊ ကာဂါဝါကို အလယ်ထဲထည့်ပြီး နာနီကို ဘယ်တောင်ပံပို့၊ ဗလန်စီယာကို ညာတောင်ပံမှာ ထည့်လိုက်မယ် ဆိုရင်ကော? ဒါမှ မဟုတ်လဲ ကာဂါဝါ အစား ဗလန်စီယာကိုထည့်မယ် ဆိုရင်ကော? ဒါမှ မဟုတ် အန်ဒါဆင် နေရာမှာပဲ ဖယ်လ်လိုင်နီကို ထည့်မယ်ဆိုရင်ကော? မိုယက်စ်ရဲ့ ဆုံးဖြတ်ချက်ကို ဘောလုံးကျွမ်းကျင်သူတွေက အတော်လေး မေးခွန်း ထုတ်ခဲ့ကြတယ်။ အိုးထရက်ဖို့ဒ်ရဲ့ (၁-၂) ရလာဒ် အဆုံးအဖြတ်က မိုယက်စ်ရဲ့ လူစားလဲမှုလို့ပဲ စာရေးသူ မြင်မိတယ်။ တာထွက်နှေးလေ့ ရှိတဲ့ မန်ယူနိုက်တက်ဟာ အစဉ်အလာတိုင်း လျှောက်လှမ်းနေဆဲ ပါပဲ။ အချိန်မီ ပြင်ဆင်နိုင်ရင်တော့ ယခင့် ယခင် ရာသီတွေလိုပဲ ချန်ပီယံလမ်းကြောင်းမှာ မြင်တွေ့ရမှာပါ။ ဒါပေမယ့် အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိရင်တော့ ချန်ပီယံလိဂ် ၀င်ခွင့်အတွက်ကို ရုန်းကန်သွားရ နိုင်ပါတယ်။


ဆွမ်ဆီး ၁-၂ အာဆင်နယ်
ဧည့်သည်ဆိုပေမယ့် ပထမပိုင်း အာဆင်နယ်ရဲ့ ကစားပုံ အတော်လေး ကောင်းမွန် ခဲ့ပါတယ်။ ဆွမ်ဆီး ညံ့လားဆိုတော့လည်း အာဆင်နယ် နောက်တန်း အလုပ်ရှုပ်ခဲ့ပါတယ်။ ကစားပုံတူတဲ့ ဒီနှစ်သင်းရဲ့ ရင်ဆိုင်မှုကတော့ ပရိတ်သတ်အတွက် ပရီးမီးယားလိဂ်မှာ ရခဲတဲ့ ရသ တစ်မျိုးပါပဲ။ တစ်ချက်ထိ ကစားကွက် အသားပေးတဲ့ အသင်း ပရီးမီးယားလိဂ်မှာ သိပ်များများ စားစား မရှိပါဘူး။ သူတင်ကိုယ်တင် ကစားသွားတာ အတော်လေး ကြည့်ကောင်း ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ် အတွက် တောက်လျှောက် ခြေစွမ်းပြ နေတဲ့ ရမ်ဆေးရဲ့ ဘောလုံး ကျွမ်းကျင်မှု၊ မြင်တတ်မှုတို့ကြောင့်ပဲ ညာတောင်ပံက ဆာဂျီ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့် ရခဲ့တာပါ။ ကန်သွားတာလည်း တော်တော်လေး ကောင်းမွန် ခဲ့ပါတယ်။ ဦးဆောင်ဂိုး ရသွားတဲ့နောက်မှာ ဆွမ်ဆီးက ပိုဖိလာတယ်။ တန်ပြန်တိုက်စစ် ကနေပဲ ရမ်ဆေး လှလှပပ ကန်သွင်းသွားတယ်။ (၂)ဂိုး ရလိုက်ပြီချိန်မှာတော့ ဆွမ်ဆီးက ပိုပိုပြီးတောင် ဖိလာတယ်။ အာဆင်နယ် ခံစစ်နဲ့ တုန့်ပြန်နေခဲ့တယ်။ ဒီနေရာ အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်းမှာ ရမ်ဆေး၊ အိုဇေးလ်၊ ၀ီလ်ရှီးယား အတွဲညီ ခဲ့သလို၊ ရမ်ဆေးကလည်း ဖလာမီနီရှိနေတော့ တိုက်စစ်ကို စိတ်ကြိုက် လိုက်ပါခွင့် ရခဲ့တယ်။ အာဆင်နယ် ကစားပုံ ကောင်းမွန်ခဲ့ပေမယ့်၊ တိုက်စစ်ပိုင်းမှာ ဂျီရူး အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိနေတယ်။ အပိုင်ကန်ခွင့်တွေ ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။

 

ဒီနေရာမှာ စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ထားတဲ့ အိုဇေးလ်ဟာ အာဆင်နယ် အတွက် ကစားပြီးသလောက်မှာ အကောင်းဆုံး စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကာဇိုလာ ရောက်စက အိုဇေးလ်ထက်ပိုပြီး စွမ်းဆောင်ရည် ကောင်းခဲ့ပါတယ်။ အိုဇေးလ်ဟာ ရီးရဲလ်မှာ ကစားခဲ့စဉ်တုန်းက မိနစ် (၆၀)နောက်ပိုင်း လူစားလဲ ခံရတာ များပါတယ်။ မိနစ် (၆၀)ပိုင်းမှာ သိသိသာသာကြီးကို သက်လုံကျလာတယ်။ အာဆင်နယ် ရောက်မှ မဟုတ်ပါဘူး။ ၀ါဒါဘရီမင်၊ ရီးရဲလ် ကစား ကတည်းကပါ။ ပရီးမီးယားလိဂ်လို မြန်နှုန်းမြှင့်နဲ့ တွန်းတွန်းတိုက်တိုက် ကစားတဲ့ နေရာမျိုးက အိုဇေးလ်အတွက် အခက်တွေ့နေ ဆဲပါပဲ။ ဖန်တီးမှု အားကောင်းတဲ့ အိုဇေးလ် အနေနဲ့ အာဆင်နယ်မှာ ရီးရဲလ်တုန်းကလို သာမန်ပွဲချိန်တွင်း အပေးအယူကနေ ဂိုးဖန်တီးမှု ပြုလုပ်ပေးထားတာ မရှိသေးပါဘူး။ ဒါပေမယ့် Team work ကိုကြည့်မယ်ဆိုရင် အသင်းကြီးတွေထဲမှာ အာဆင်နယ် အသင်းက ခြေအမှန်ဆုံး ဖြစ်နေပါတယ်။ လက်ရှိအချိန်ထိ အမှတ်ပေး ဇယားကို ထိုက်ထိုက်တန်တန်နဲ့ ဦးဆောင် နိုင်နေခြင်း ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ လက်ရှိခြေစွမ်းကို ထိန်းထားပြီး၊ ဇန်န၀ါရီမှာ High Profile အထောင်တိုက်စစ်မှုး တစ်ဦးလောက် ၀ယ်နိုင်ခဲ့ရင် ရာသီကုန်ရင် ချန်ပီယံ ဒါမှမဟုတ် ၁-၃ မလွဲမသွေပါပဲ။

ဆန်းဒါးလန်း ၁-၃ လီဗာပူးလ်
ပွဲကောင်းတစ်ပွဲပါပဲ။ လီဗာပူးလ် (၁-၃)နဲ့ နိုင်ခဲ့တယ် ဆိုပေမယ့် ဂိုးရဖို့ အတော်လေးကို ရုန်းကန် ခဲ့ရပါတယ်။ နည်းပြသစ်နဲ့ အမှတ်တွေ ပြန်ယူဖို့ ဆန်းဒါးလန်း ကစားသမားတွေ တော်တော်လေး အားတက် နေတဲ့ အနေအထားမှာ ရှိနေတယ်။ ကစားပုံကလည်း တော်တော်လေး ကောင်းခဲ့တယ်။ အထူးသဖြင့် အီတလီသား ဂီယာချီရီနီကို လီဗာပူးလ် နောက်တန်းက တော်တော်လေး ထိန်းလိုက်ရတယ်။ လီဗာပူးလ် အသင်း ခံစစ်ပိုင်းကို ကြည့်မယ်ဆိုရင် လုံလောက်တဲ့ နောက်ခံလူ အင်အားကို ပိုင်ဆိုင် ထားတယ်။ ဂလင်းဂျွန်ဆင် နာနေလို့ ညာနောက်ခံလူ နေရာမှာ Full back စစ်စစ်ကို မသုံးနိုင်ခဲ့ဘူး။ တိုယေးကို သုံးသွားခဲ့တယ်။ ဗဟိုခံစစ် ကစားသမား တိုယေးကို သုံးလိုက်တော့ လီဗာပူးလ် နောက်တန်းဟာ အထိုင် (၃)ယောက် ဖြစ်သွားတယ်။ ပုံမှန်ကြည့်ရင်တော့ လီဗာပူးလ်ဟာ ၄-၄-၂ ဟန်ပါပဲ။ ဒါပေမယ့် အန်ရီကေးဟာ Full back ဆိုပေမယ့် တောင်ပံ ကစားသမား တစ်ယောက်နေရာကို ကစားသွားတာပါ။ တကယ်တမ်း ကစားသွားတာ ၃-၄-၃ ဟန်ပါ။ မိုးဆက်စ်ဟာ တိုက်စစ်မှာ စတာရစ်၊ ဆွာရက်ဇ်တို့နဲ့ တွဲကစား သွားတာပါ။

 

ကွင်းလယ်ပိုင်း ကြည့်မယ်ဆိုရင်တော့ ကော်တင်ညို မပါနိုင်တဲ့ လီဗာပူးလ် ကွင်းလယ်မှာ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။ ဂျာရတ်ဟာ အသက်အရွယ်အရ နောက်ထိဆင်းပြီးရင် တိုက်စစ်ကို ပြန်မလိုက် နိုင်တော့ပါဘူး။ တိုက်စစ်ပါသွားရင်လည်း ခံစစ်ထဲကို အရင်လို လိုက်ပြီး မကူညီနိုင်တော့ပါဘူး။ ကော်တင်ညို မပါတဲ့ လီဗာပူးလ် ကွင်းလယ်မှာ အလှုပ်သမား မရှိပဲ ဖြစ်နေခဲ့တယ်။ မိုးဆက်စ်လည်း ၀ီဂန်တုန်းက ခြေစွမ်းကို ပြန်မရသေးပါဘူး။ မိုးဆက်စ်ထက် စတားလင်းက ပိုပြီးလှုပ် ကစားနိုင်ခဲ့ပါတယ်။ မိုးဆက်စ်အစား စတားလင်း ၀င်လာတဲ့ အချိန်မှာ ဆန်းဒါးလန်း နောက်ခံလူတွေ ပိုပြီးတော့ အလုပ်ရှုပ်သွားခဲ့ရတယ်။ တိုက်စစ်ပိုင်းကတော့ အရင်က စတာရစ် တစ်ယောက်တည်းကိုပဲ အားကိုး နေရပေမယ့် အခု ဆွာရက်ဇ် ပြန်ပါလာတော့ တကယ့်ကို ကောင်းမွန်တဲ့ တိုက်စစ် ဖြစ်နေပါပြီ။ စတာရစ်ဟာ ချဲလ်ဆီးမှာ ကစားတုန်းကလို တစ်ကိုယ်ကောင်း မဆန်တော့သလို၊ ဆွာရက်ဇ်နဲ့လည်း နားလည်မှု ရှိရှိ တွဲဖက် ကစားနိုင်ခဲ့တယ်။ လီဗာပူးလ် အသင်းဟာ လက်ရှိ ၃-၄-၃ ကစားကွက်ထက် ၄-၄-၂ ကစားကွက်ကသာ ရှေ့၊ လယ်၊ နောက် မျှတပြီး အသင်းအတွက် ရလာဒ်ကောင်း စွမ်းဆောင်နိုင်ရေး ပိုပြီး ရာနှုန်းများတယ်လို့ မြင်မိပါတယ်။ တောင်ပံအားပြု ကစားတဲ့ ဟန်ကိုသာ အသုံးပြုလေ့ ရှိတဲ့ ပရီးမီးယားလိဂ်မှာ အထိုင် (၃)ယောက်ပဲ ထားကစားတာဟာ အန္တရာယ်များတယ်လို့ သုံးသပ်မိတယ်။ လီဗာပူးလ် အသင်းအနေနဲ့ လက်ရှိ ခြေစွမ်းကို ထိန်းပြီး၊ ဇန်န၀ါရီမှာ ကွင်းလယ်ဖန်တီးရှင် တစ်ယောက်လောက် ထည့်ဖြည့်နိုင်ခဲ့ရင် ၁-၄ နေရာ တိုက်ပွဲက ပိုပြီးတော့ ကြည့်ကောင်း တော့မှာပါလို့ တင်ပြရင်း အားနည်းချက်/ အားသာချက်တွေကို မြင်သလောက် တင်ပြလိုက် ပါတယ်။


မှတ်ချက်။   ။ အသင်းရဲ့ နည်းပြတွေဟာ တကယ့် ကမ္ဘာကျော် ဘောလုံး ကျွမ်းကျင်သူတွေပါ။ သူတို့ အတွေးအခေါ်၊ သူတို့ဗျူဟာကို ခြေရာတိုင်း ဆရာကြီး အထာနဲ့ တင်ပြခြင်းမျိုး မဟုတ်ပဲ၊ ပရိတ်သတ် တစ်ယောက် အနေနဲ့ မြင်သမျှ တင်ပြခြင်း ဖြစ်သလို၊ ကဖေး အယ်ဒီတာ တစ်ယောက် အနေနဲ့ Editorial ကဏ္ဍအတွက် တင်ဆက်ခြင်းသာ ဖြစ်ပါတယ်။ စာရေးသူရဲ့ ဆွေးနွေးမှုကို လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကြိုဆိုပါတယ်။

*** မန်စီးတီးပွဲ လွတ်သွားတဲ့ အတွက် တင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး***
Written by အောင်ဇော်လတ်(မိုးနဲ)

FOOTBALL CAFE

ပရီးမီးယားလိဂ် ပွဲစဉ်(၆)မှာ ကစားသွားခဲ့တဲ့ အသင်းကြီးများရဲ့ အခြေအနေကို စာရေးသူ မြင်သလောက် သုံးသပ်တင်ပြချင်ပါတယ်။ အသင်းကြီးတွေရဲ့ အားနည်းချက် အားသာချက်တွေကို ကောက်နုတ် တင်ပြခြင်းလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ စာရေးသူ အနေနဲ့ ဥာဏ်မီ သလောက်ကို ထုတ်နုတ် ချပြခြင်း သက်သက် ဖြစ်ပါတယ်။ စာရေးသူထက် မြင်တတ်တဲ့ စာဖတ်သူတွေ ဒုနဲ့ဒေးပါ။ စာဖတ်သူများနဲ့ ဆွေးနွေးခြင်းလို့ ပြောရင်လည်း ရပါတယ်။ တင်ပြချက်တွေကိုလည်း စာဖတ်သူများ အနေနဲ့ စာရေးသူနဲ့ အမြင် တူမတူ၊ စာဖတ်သူတို့ရဲ့ အမြင်လေးကိုလည်း မှတ်ချက်လေး နဲ့ ဆွေးနွေးပေးစေ ချင်ပါတယ်။


မြန်မာ့ယဉ်ကျေးမှုများကို ပြန်လည်ဆန်းသစ်ဖော်ထုတ်ရန် လိုအပ်နေပြီဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

နိုင်ငံ ခြားယဉ်ကျေးမှုများ မြန်မာနိုငငံ သို့ပျံ့နှံ့ဝင်ရောက်မှုအန္တရာယ် အတိုင်းအဆမရှိ ဖြစ်လာနေသည့် အတွက် မြန်မာ့ ယဉ်ကျေးမှုများ ကို ပြန်လည်ဆန်းသစ်ဖော်ထုတ် ရန် လိုအပ်နေပြီဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြားလိုက် သည်။
ယင်းကဲ့သို့ နိုင်ငံခြားမှ ယဉ် ကျေးမှုများ လွယ်လင့်တကူပျံ့နှံ့ ဝင်ရောက် လာခြင်းသည် နည်း ပညာမြင့်မားလာခြင်းကြောင့်ဖြစ် ကြောင်း အကြိမ် (၂၀)မြောက် မြန်မာ တိုင်းရင်း သားရိုးရာ ယဉ် ကျေးမှုအဆို၊ အက၊ အရေး၊ အတီး အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲ ဖွင့်ပွဲတွင် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြား ခဲ့ ခြင်းဖြစ်သည်။

ဦးရေပြားယားယံခြင်းအတွက် လွယ်ကူသက်သာနည်းလမ်းများ


ဦးရေပြားယားယံခြင်းအတွက် လွယ်ကူသက်သာနည်းလမ်းများ
Tuesday, October 1, 2013 

ဦးရေပြားယားယံခြင်းဟာ ဗောက်ထခြင်းကြောင့် အဓိကဖြစ်ရပါ တယ်။ ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာဆိုရင် နာကျင်ခြင်း၊ အကွက် များပေါ်ခြင်းနဲ့ ပူလောင်တဲ့ ခံစားမှု တွေကိုပါ ဦးရေပြားမှာ ကြုံတွေ့ရနိုင် ပါတယ်။ သက်သာစေမယ့် နည်း လမ်းတချို့ကို ပြောပြပေးပါ့မယ်။

၁။ ရနံ့သင်းတဲ့ အလှဆီကိုသုံးပါ
ဒီ aroma oil တွေကို ရနံ့ကုထုံး အတွက် သာမကဘဲ ဦးရေပြားအတွက်လည်း သုံးလို့ရပါတယ်။ လာဗင် ဒါရနံ့၊ လက်ဖက်ရနံ့၊ အုန်းသီးရနံ့၊ သံလွင်ဆီစသဖြင့် အမျိုးမျိုးရှိပါ တယ်။ သတိပြုရမှာကတော့ ရနံ့ဆီ ကိုရေနဲ့ ရောပြီးသာ အသုံးပြုရပါမယ်။ ပြီးရင်ဦးရေပြားကို အဲဒီရနံ့အဆီကို အသုံးပြုပြီး နှိပ်နယ်ပေးခြင်းဟာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို ကာကွယ်ပေးပြီး  ဦးရေပြားယားယံခြင်းကို သက်သာစေပါတယ်။

၂။ လီမွန်သီးကို အသုံးပြုပါ
ခေါင်းမလျှော်ခင် လီမွန်သီးတစ်လုံးကို  အရည်ညှစ်ပြီး ဦးရေပြားကို သုတ်လိမ်းပေးရင် ဗောက်ထခြင်းကို တားဆီးပေးပါတယ်။ တကယ်လို့ ဦးရေပြား ခြောက်သွေ့နေတယ်ဆိုရင်တော့ လီမွန်သီးအရည်ထဲမှာ ဒိန်ချဉ် လက်ဖက်စားဇွန်း လေးငါး ဇွန်းလောက်ထည့်ပြီး သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ပေးပါ။

၃။ ပန်းသီးဝိုင်
ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ဗီနီဂါ သို့မဟုတ် ၀ိုင်ဟာ ဦးရေပြားကို ရောင်ရမ်းခြင်းကနေ သက်သာစေပြီး ဦးရေပြားယားယံခြင်းကို ကာကွယ်ပေးပါတယ်။ ရေငါးဆ၊ ပန်းသီး ဗီနီဂါသို့ ၀ိုင်တစ်ဆကို ရောထားတဲ့ အရည်ကို ဦးရေပြားကို သုတ်လိမ်းပေးပါ။ ၁၅မိနစ်လောက်ကြာရင် ရေ သန့်သန့်နဲ့ဆေးချပေးပါ။ ဒါဆိုရင် ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ် နိုင်ပါပြီ။

၎။ ရှားစောင်းလက်ပတ်အမှုန့်
ဦးရေပြားနေလောင်ခြင်း၊ အဖု ပေါက်ခြင်းတွေအတွက်ကတော့ ရှားစောင်းလက်ပတ်ပေါင်ဒါမှုန့်ကို ဦးရေ ပြားကို လိမ်းပေးပါ။ ပေါင်ဒါမရလည်း ဂျယ်လ်ကို အသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ဦးရေပြားကို ခိုအောင်းနေတာကို ကာကွယ်ပေးတဲ့ အပြင် အေးမြတဲ့ ရှားစောင်းလက်ပတ်ဟာ ဦးရေပြားပူလောင်ခြင်းကို သက် သာစေပါတယ်။

သက်ကို
ref: medindia
Health Updates Journal
ဦးရေပြားယားယံခြင်းဟာ ဗောက်ထခြင်းကြောင့် အဓိကဖြစ်ရပါ တယ်။ ဆိုးရွားပြင်းထန်တဲ့ အခြေအနေ မှာဆိုရင် နာကျင်ခြင်း၊ အကွက် များပေါ်ခြင်းနဲ့ ပူလောင်တဲ့ ခံစားမှု တွေကိုပါ ဦးရေပြားမှာ ကြုံတွေ့ရနိုင် ပါတယ်။ သက်သာစေမယ့် နည်း လမ်းတချို့ကို ပြောပြပေးပါ့မယ်။

သံတွဲတွင် အကြမ်းဖက်မည့် သတင်းကြောင့် ဈေးဆိုင်များနှင့် ကျောင်းများ ပိတ်ထား

မီးရှို့မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက်မည် ဆိုသည့် ကောလာဟလ သတင်း များကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဈေးများရှိ ဈေးဆိုင်များနှင့် စာသင်ကျောင်းများ ပိတ်ခဲ့ကြကြောင်း သံတွဲခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဝင်းနိုင် က ပြောကြားသည်။

ရွှေမန်းမြေက ထုတ်ပေးလိုက်တဲ့ အလှပဂေးမော်ဒယ်လေးတစ်ယောက်

အချိန်တို အတွင်း ပရိသတ် အားပေးမှုကို ရရှိနေတဲ့ မန္တလေး မြို့က မော်ဒယ် အလင်္ကာခေတ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေး ပါမယ်။ သူ့ဓာတ်ပုံတွေကို ဘေဘုတ်တွေ၊ မဂ္ဂဇင်း၊ ဂျာနယ် တွေမှာအတွေ့ ရများလာပြီ ဖြစ်သလို၊ ဗီစီဒီနဲ့ ကြော်ငြာတွေ မှာလည်း တွေ့နေရပါပြီ။
အလင်္ကာခေတ် ကတော့ ကွန်ပျူ တာတက္ကသိုလ် ကျောင်းသူ အဖြစ်ကျောင်း တက်ခဲ့ မန္တလေး ကွန်ပျူတာတက္ကသိုလ်မှာ First Year ကနေ Final အထိ တက် ဖြစ်ခဲ့ပြီး ထင်ရှားခဲ့တာပါ။ အလင်္ကာခေတ်ကတော့ ၂ဝ၁၁ မတ်လ ၂၃ ရက်နေ့မှာ အနုပညာလောက ထဲကို စတင်ဝင်ရောက်ခဲ့ပြီး အဲဒီနေ့ကတော့ သူ့အတွက် မှတ်မှတ် ရရပါပဲလို့ “ကွန်ပျူတာတက္ကသိုလ်ပထမနှစ်မှာ ရှိုး လျှောက်ဖို့ဖြစ် လာတယ်။ Queen ရွေးပွဲပေါ့။ အဲဒီမှာ Queen ဖြစ်သွား တယ်အဲဒါနဲ့ သူ ငယ်ချင်းတွေက ပြောပေးလို့ MRTV-4 ရဲ့ စတိုင်ရှိမှ စတားဖြစ်တယ် ပွဲလာ လုပ်တာကို ဝင်ပြိုင်ရင်း ‘စတိုင်ရှိမှ စတားဖြစ်မယ်’ ဆုရသွားတယ်။

ဘီကီနီ ၀တ်ရတာအဆင်မပြေဘူးဆိုတဲ့ Miss Universe Myanmar ပြိုင်ပွဲဝင် အမရာငြိမ်း

Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ် တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲ အတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု ငါးဆကျော်အထိ တိုးတက်လာမည်ဟု တယ်လီနောခန့်မှန်း


တယ်လီနောကုမ္ပဏီ အတွက် ဈေးကွက် သစ်တစ်ခုဖြစ် သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ငှားရမ်းသုံး စွဲမှုမှာ ၂၀၁ရ အကုန် ၌ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်အ ထိ ငါးဆကျော်မြင့်တက်လာမည် Telenor ASA ၏ အမှုဆောင် အရာရှိချုပ်ဂျွန်ဖရက်ဒရစ်ဘက်ခ် ဆတ်စ်က ပြောကြားခဲ့သည်။
ယခုနှစ်ကုန်တွင် လိုင်စင် တရားဝင်ချပေးလိမ့်မည်ဟု နော့ ဒစ်ဒေသ၏ အကြီးဆုံးဖုန်း ကုမ္ပဏီ နှင့် မြန်မာ့ ဆက်သွယ်ရေးကွန် ရက်တည်ဆောက်ရေး အတွက် ရွေးချယ် ခံရသော အော်ပရေတာ နှစ်ဦး အနက် တစ်ဦးဖြစ်သော တယ် လီနောက မျှော်လင့်ထားသည်ဟု မစ္စတာ ဘက်ခ်ဆတ်စ်က ပြော ကြားခဲ့သည်။ ယင်းသို့ချထားပေး ပြီးနောက် ခုနစ်လမှ ရှစ်လအတွင်း ဝန်ဆောင်မှုများ စတင် မည်ဖြစ် ကြောင်းလည်း စက်တင်ဘာ ၂၈ ရက်က စင်ကာပူတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

ဆက်သွယ်ရေးဥပဒေ သမ္မတပြင်ဆင်ချက်အားလုံး ဥပဒေကြမ်းကော်မတီ သဘောတူ


ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့သော ဆက်သွယ်ရေး ဥပဒေကြမ်း ပြင်ဆင်ချက် အားလုံးကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောတူကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

MRTV က အောက်တိုဘာလတွင် Channel သုံးခု ထပ်တိုးထုတ်လွှင့်မည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အောက်တိုဘာလ ၂၅ ရက်မှစတင်ပြီး Channel သုံးခု တိုးမြှင့်ကာ ရုပ်သံများကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၃ ရက်က ကျင်းပသော လယ်/ဆည် ဝန်ကြီးဌာနပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
အဆိုပါ Channel သုံးခုမှာ တောင်သူလယ်သမားကဏ္ဍ Channel, တိုင်းရင်းသားလူမျိုးစုများ Channel နှင့် လွှတ်တော် Channel ဟူ၍ပါရှိပြီး လွှတ်တော် Channel ကို Sky Net မှ လွှင့်သကဲ့သို့ မဟုတ်ဘဲ ပြန်လည် သုံးသပ်ခြင်း၊ ဥပေဒကြမ်းများအား ပြည်သူ များနှင့် ဆွေးနွေးခြင်းနှင့် ပြန် လည်ဆွေးနွေးခြင်း တို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ရုံးမတက်ဘဲ ဖမ်းဆီးခြင်းဥပဒေကို မလေးရှား၌ ဆန္ဒပြ


မလေးရှားပါလီမန်မှ အဆို တင်ပြသော လုံခြုံရေးဆိုင်ရာအ ကြံပြုချက်အား ကန့်ကွက်သည့် လှုပ်ရှားတက်ကြွသူ ၃ဝခန့် ပါလီ မန်သို့ ချီတက်ကြပြီး ကန့်ကွက် စာကို ပေးခဲ့ကြကြောင်း သိရ သည်။ကန့်ကွက်သူများတွင် လူ့ အခွင့်အရေးဆိုင်ရာ ရှေ့နေများ၊ ပြည်သူလူထုမှ ကိုယ်စားလှယ် များပါဝင်ကြပြီး ယခုပါလီမန်မှ အဆိုပြုမှုသည် စစ်ဆေးမှုမရှိဘဲ ဖမ်းဆီးထားခွင့်ဖြစ်၍ အစိုးရ သည် ပေးပြီးသောကတိကို ဖောက် ဖျက်ကြောင်း ထုတ်ဖော်ပြောဆို ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီးမှသာ ဓာတ်ငွေ့ပို့လွှတ်ရန် ကျောက်ဖြူ-တရုတ် ပိုက်လိုင်းဖြတ်သန်းရာ ဒေသများမှ လိုလား

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုမရသေး ချိန်အထိကျောက်ဖြူ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ပို့လွှတ်ခြင်းကို ရပ်နားထားရန် လိုလားကြောင်း ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုမှ ကိုယ်စားလှယ်များက စက်တင်ဘာ ၃၀ ရက်တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံကို ပြန်လည် ထူထောင်မည် ဆိုပါက စေတနာရှိရုံနှင့် မရဘဲ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းနှင့် သတ္တိများ ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

မြန်မာနိုင်ငံကို ပြန်လည်ထူထောင်မည် ဆိုပါက စေတနာရှိရုံဖြင့် မရဘဲ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းနှင့် သတ္တိများ ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) ၌ ရခိုင်တိုင်းရင်းသား မိသားစု များနှင့် တွေ့ဆုံပွဲ ပြုလုပ်ရာတွင် ပြည်ထောင်စု လွှတ်တော်နာယကက ယင်းကဲ့သို့ ထည့်သွင်း ပြောကြား သွားခြင်း ဖြစ်သည်။

ဖက်ဒရယ်မူနှင့် ပတ်သက်၍ တိုင်းရင်းသားအားလုံး လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့ လွှတ်တော်ပြင်ပတွင် ညီလာခံတစ်ခု ပြုလုပ်ခွင့်ပေးရန် တောင်းဆို


မွန်အမျိုးသား ကွန်ဖရင့်တွင် တက်ရောက်လာသော တိုင်းရင်းသား ပါတီများနှင့် ပညာရှင်တို့က တိုင်းရင်းသား လူမျိုးစုအားလုံး ဖက်ဒရယ်မူနှင့် ပတ်သက်၍ လွှတ်တော်ပြင်ပတွင် လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်သော ညီလာခံတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် မွန်အမျိုးသား ကွန်ဖရင့်သို့ ပြည်ထောင်စု ၀န်ကြီးများ တက်ရောက် ဆွေးနွေးရာတွင် ယခုကဲ့သို့ တောင်းဆို ခဲ့ခြင်း ဖြစ် သည်။

သံတွဲမြို့ အခြေအနေ တည်ငြိမ်လျက်ရှိ

သံတွဲမြို့ကို နှစ်ရက်တာ လုံခြုံရေးတင်းကြပ်စွာ ချထားပြီးနောက် သံတွဲမြို့ ဘောဓိကုန်းရပ်ကွက်နှင့် သုံးမိုင်ခန့် ဝေးသော ရာဘာခြံရှိ ခြံစောင့်တဲတစ်လုံး စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သံတွဲမြို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးကျော်တင့်က ပြောသည်။
“လမ်းဆုံတိုင်းမှာ လုံခြုံရေးတွေချထားပြီး ကျွန်တော်တို့ မြို့ကို လှည့်ပြီး စောင့်နေပါ တယ်။ ဗောဓိကုန်း ရပ်ကွက်နဲ့ တောင်တစ်လုံးခြားပြီး သုံးမိုင်လောက်ဝေးတဲ့ ရာဘာခြံက တဲတစ်လုံး မီးလောင်မှုဖြစ်တာပါ” ဟု ခရိုင်ရဲမှူး ဦးကျော်တင့်က မဇ္ဈိမသို့ ပြောသည်။

ပြည်ထောင်စုလွှတ်တော် ပြန်စသည့် ယနေ့တွင် မြေယာသိမ်းဆည်းမှုကိစ္စ အဓိကဆွေးနွေးမည်

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်အမတ်ဦးရေ ၇၀ အထိပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် လယ်ယာမြေပြဿနာများကို အောက်တိုဘာ ၁ ရက်တွင် ပြန်စမည့် အဌမ အကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်တွင် အဓိကဆွေးနွေးမည်ဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အဓိကပြဿနာဖြစ်ခဲ့ရသည့် လယ်ယာမြေပြဿနာ များကိုဖြေရှင်းနိုင်ရန် ပြည်ထောင်စုလွှတ်တော်က ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မတီ တွေ့ရှိခဲ့သည့် အစီရင်ခံစာ ၃ ခုအနက် ၂ ခုကို ၀န်ကြီးဌာန ၅ ခုမှ ပြည်ထောင်စုအဆင့် ၀န်ကြီးငါးဦးက ယနေ့တွင်ဆွေးနွေးမည် ဖြစ်သည်။

လှယုံမက ဝချင်သေးပါလျှင်


ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ “ငါးကျီးခြောက် ကြပ်တင်”လို့၊ “ငါးဖေါင်ရိုးခြောက်” လို့ အခေါ်ခံနေရသူများလို၊ မွေးရာပါ မျိုးဗီဇကိုက ခပ်ပိန်ပိန် သမားများ အတွက်ဆို ပိုခက်မည်။ ငါးမှာတောင် ပိန်ရင် ငါးရာမသွင်းဘူး ထင်ပါရဲ့။
ဝချင်ရင် အရင်ဆုံး ရောဂါဘယတွေ ကင်းနေဘို့ လိုပါတယ်။ သိတဲ့အတိုင်း နာတာရှည် ရောဂါတွေက လူကို ပိန်သွား စေပါတယ်။ TB, HIV-AIDS ကင်ဆာ၊ လည်ပင်ကြီးဟော်မုန်း များနေ သူ စတာတွေပါ။ တီဘီ ဖြစ်နေသူတယောက် ဆေးပါတ်လည်လို့ ပျောက်လာရင် သေခြာပေါက် ဝလာပါ တယ်။ တိတိကျကျ ဆိုရရင် ညိုပြီး ဝလာတာပါ။

ထိုင်းနိုင်ငံ ဂလုတ်မြို့မှ ပန်းရန်အလုပ်သမား ၁၁၀ နှင့် လုပ်ငန်းရှင်ကိုယ်စားလှယ် သဘောတူညီမှုရရှိ

ထိုင်းနိုင်ငံတောင်ပိုင်း  မလေးရှားနယ်စပ် နရသီဝပ် ခရိုင် ရှန်ခိုင်းဂလုတ်မြို့ ဘူကစ်တာ(Buketta) အရပ် AEKSUPACHOK ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမား ၁၁၀ တို့၏လုပ်အားခကို အောက်တိုဘာ  ၄ ရက်တွင် ရှင်းပေးမည်ဖြစ်ကြောင်း   အလုပ်ရှင်၏ကိုယ်စားလှယ် က နယ်မြေရဲစခန်းတွင်  သဘောတူ လက်မှတ် ထိုးလိုက် ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ သွား ရောက် အလုပ်လုပ် ကိုင် နေကြသော မြန်မာနိုင်ငံ သား များ၏ ဆက်သွယ်ပြောကြား ချက်အရသိရသည်။

ကုမ္ပဏီယာဉ်မောင်းဝန်ထမ်းတစ်ဦး အရိုက်ခံရ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ နယ်မြေရဲစခန်း၏ အနောက်မြောက်ဘက် သုံးမိုင်ခန့် အကွာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၇/၄) အနီး ၌ မြတ်အိနြေ္ဒကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးမှာ စက်တင်ဘာ ၂၆ ရက် နံနက် ၃ နာရီခန့် က ချောင်းရိုက်ခံရ၍ ဦးခေါင်းဒဏ်ရာ ရရှိပြီး သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်၍ အရေးယူမှု တစ်လလျှင် ပျမ်းမျှ ၆၇ မှုခန့်ရှိပြီး ဒဏ်ငွေ ကျပ် ၃၃၀၀၀၀ ကျော်ရရှိ

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်၍ အရေးယူမှု တစ်လလျှင် ပျမ်းမျ ၆၇ မှုခန့်ရှိနေပြီး ယင်းအရေးယူမှု မှ ဒဏ်ငွေကျပ် ၃၃၅၀၀၀ ခန့် ရရှိကြောင်း စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေ၏ ''ရန်ကုန်မြို့တွင် လမ်းဘေးအမှိုက်များ၊ ရေမြောင်းပိတ်ဆို့မှုများ၊ လမ်းဘေး ကျူးကျော်များ မြင်တွေ့ရပါသဖြင့် စည်ပင် သာယာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း ရှိ-မရှိနှင့် တစ်ရက်လျှင် (သို့မဟုတ်) တစ်လလျှင် မည်မျှ အရေးယူထားကြောင်း၊ ဒဏ်ငွေမည်မျှ ရရှိကြောင်း'' မေးမြန်းမှုအပေါ် ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူသုံးစွဲရာတွင် အလေအလွင့်နှင့် အလွဲသုံးစား မဖြစ်စေရေး ကြပ်မက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူသုံးစွဲရာတွင် အလေအလွင့်နှင့် အလွဲသုံးစား မဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၃၀ ရက် ကနေ ပြည်တော်၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ချေးငွေ/ထောက်ပံ့ ကူညီမှု (Loan/Grant) များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ စတင်မည်

8.1.1
သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ ဒုတိယ၀န်ကြီးများကို တွေ့ရစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ (အောက်တိုဘာ ၁) ရက်တွင် ပြန်လည် စတင်မည်ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဖြစ်ရာ ယခုစတင်မည့် လွှတ်တော် အစည်းအဝေး များတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အလေးထား ဆောင်ရွက် ရမည် ဖြစ် သည်။

တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေထီးမပွင့်၍ ရန်ကုန်လေဆိပ် ခေတ္တပိတ်ခဲ့ရ

8.1.11
မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်းအား ၂၀၁၃ မတ် ၁၉ ရက်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန် ထိန်းချုပ်သည့် လေ ထီးမပွင့်မှုကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့ရကြောင်း သတင်းရရှိသည်။

ချင်းတောင်ခြေတွင် တောင်ကျရေ ကျဆင်းလာမှုကြောင့် မြေပြိုခြင်း အိမ်၊ တိရစ္ဆာန်များ မျောပါခြင်းနှင့် လူသေဆုံးမှုများ ရှိခဲ့

8.1.1
ကလေးဝမြို့နယ် ကျောက်ခုတ်ကျေးရွာအနီး မြေပြိုမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သူထွန်း)
ကလေး၊ ကလေးဝ၊ တမူးမြို့နယ်များတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် မြေပြိုကျခြင်း၊ အိမ်များ၊ တိရစ္ဆာန်များ မျောပါခြင်းများ ဖြစ်ခဲ့ကာ ဒေသ တွင်းရှိ ကားလမ်းများ ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ကြီး ၏ စေတီနှင့် သိမ်တော် ကိစ္စ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ် အတွင်း မူလအတိုင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရကတိပြု

Photo: လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ကြီး ၏ စေတီနှင့် သိမ်တော် ကိစ္စ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ် အတွင်း မူလအတိုင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရကတိပြု
Tuesday, October 01, 2013

လက်ပံတောင်းတောင် ဒေသရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီအား ပြည်ထောင်စု လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မူလအတိုင်း မပျက်မယွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကတိပြု လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်သို့ လမ်းလျှောက် သူများမှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် အဆိုပါ စည်တီးဘုန်းကြီးကျောင်းသို့ ရောက်ရှိကာ တစ်ညအိပ်နားခိုခဲ့ပြီး ၃၀ ရက် နံနက် ၇ နာရီတွင် ဆက်လက် ထွက်ခွာရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တားမြစ်ပိတ်ပင် ထားမှုကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ ညှိနှိုင်းရာတွင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မအရ ယခုကဲ့သို့ စီတန်းလှည့်လည်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မပျက်မစီး မရွှေ့မပြောင်းဘဲ ပကတိအတိုင်း တည်ရှိစေရမည် ဖြစ်ကြောင်းကို တိုင်းဒေသကြီး သာသနာဝန်ကြီး၊ စက်မှုနှင့်လျှပ်စစ်ဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး စသည်တို့မှ သဘောတူညီ ကတိပြုခဲ့ကြသည်။

''ညှိနှိုင်းသဘောတူတဲ့ အချက်ထဲမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကနေ စီတန်းလမ်းလျှေက် သူတွေကို အခုလို ဖြစ်ရပ်မျိုး မပေါ်ပေါက်တဲ့ အချိန်ထိ အရေးယူခြင်း မပြုဖို့ ပါဝင်ပါတယ်။ အခုဖြစ်စဉ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းတို့ ကြားဝင်ညှိနှိုင်း ပေးခဲ့ပြီး လွှတ်တော်မှာ တင်ပြပေးသွားမှာပါ။ ဒီအတောအတွင်း မူလအတိုင်း မပျက်မယွင်း ရှိစေဖို့ ၀န်ကြီးတွေ အဖွဲ့က သဘောတူ ကတိပြုလို့ လမ်းဆက် မလျှောက်တော့တာပါ'' ဟု လက်ပံတောင်းအရေး ဆောင်ရွက်နေသူ ဆရာတော်ဦးသုက ပြောကြားသည်။

Eleven Media Group
ဆန္ဒထုတ်ဖော် သူများနှင့် ဖြေလျော့ညှိနှိုင်းရေးအဖွဲ့တို့ စည်တီးဘုန်းကြီး ကျောင်းအတွင်း တွေ့ဆုံကြစဉ်

လက်ပံတောင်းတောင် ဒေသရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီအား ပြည်ထောင်စု လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မူလအတိုင်း မပျက်မယွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကတိပြု လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။