Friday, October 18, 2013

ဗုံးပေါက်ကွဲမှုများနှင့် ကေအင်န်ယူ လုံးဝဆက်စပ်မှုမရှိဟု အစိုးရ၏ ငြိမ်းချမ်းရေး အကျိုးဆောင်ပြော

ရန်ကုန်တွင် လက်ရှိဖြစ်ပေါ်နေ သော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ကေအင်န်ယူအဖွဲ့နှင့် လုံးဝ ပတ်သက်ခြင်းမရှိဟုအခိုင် အမာပြောနိုင်ကြောင်း ကေအင်န် ယူအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်း များတွင် အဓိက နေရာမှ ပါဝင်နေ သူတစ်ဦးဖြစ်သည့် မြန်မာငြိမ်း ချမ်းရေးစင်တာမှ ဦးလှမောင်ရွှေ က ရန်ကုန်တိုင်းမ်သို့ ပြောသည်။

ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော



ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကျောင်းသား/ ကျောင်းသူတွေ ကိုမေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူမြို့ တို့၏ ပေါက်ကွဲမှု ဖြစ်စဉ် များတွင် ထွက်ပြေး တိမ်းရှောင် နေသည့် အဓိက တရားခံ (၂)ဦး အား တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်း ပေးကြပါရန် ….

အလိုရှိသည်
ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း ဖောက်ခွဲမှု ဖြစ်စဉ်များတွင် အဓိက တရားခံများ ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် အောက်ပါ အကြမ်းဖက် ဖောက်ခွဲရေး သမား များ၏ လှုပ်ရှား သတင်းများ ရရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ များသို့ သတင်း ပေးပို့ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ပြည်ထဲရေး ဝန်ကြီး ဌာန

Wi-Fi လိုင်းကောင်းမွန်စွာမိစေနိုင်မယ့်နည်းများ။


ဒီနေ့ခေတ်မှာ Wi-Fi ဆိုတာ ရေပန်းစား တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ Wi-Fi ဆို တာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ Radio Waves တွေသာဖြစ်ပါတယ်။အဲဒီ Radio Waves တွေ မရောက်ရှိနိုင်တဲ့ “Dead Zone” or “Dead Spots” နေရာတွေရှိပါတယ်။အဲဒီနေရာတွေမှာသင့် ရဲ့ Wireless Device တွေဖြစ်တဲ့ Smartphones,Tablet,Windows စတာတွေကိုအသုံးပြုရင် Wi-Fi Signal မရရှိနိုင်ပါဘူး။Wireless Dead Zone တွေကို သိရှိနိင်ဖို့ သင့်အိမ်၊ရုံး တွေမှာ နေရာအနှံ့လမ်းလျှောက်သွားပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ Wireless Dead Zone တွေကို တွေ့ရှိပြီဆိုရင်တော့ အဲဒီ Dead Zone တွေ မဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

အိုင်ရင်းဇင်မာမြင့်နှင့် တွေ့ဆုံခြင်း

နှလုံးသား အရင်းအနှီး သီချင်းလေးနှင့် ပရိသတ် လက်ခံသည့် တေးသံရှင်တစ်ယောက် ဖြစ်လာသည့် အိုင်ရင်းဇင်မာမြင့်နှင့် တွေ့ဆုံပြီး သီချင်းလေး၏ အောင်မြင်မှုအပေါ် သူ၏ခံစားမှု၊ ဒုတိယ တစ်ကိုယ်တော် စီးရီးအကြောင်း၊ သူနှစ်သက်သည့် ရော့ခ်ဂီတ အကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

လေးနှစ်အရွယ် ကလေးငယ်အား အဓမ္မကြံသူကို အမှုဖွင့်

လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား တစ်လမ်းတည်းနေ အသက် ၂၁ နှစ် အရွယ် အမျိုးသား တစ်ဦးက မုဒိမ်းမှုကျူးလွန်ရန် ကြံစည်ခဲ့သဖြင့် ကလေးငယ်၏မိခင်က ပြည်မြို့မရဲစခန်းသို့ လာရောက်  အမှုဖွင့်ထားကြောင်း သိရသည်။

ကော့သောင်း၌ တစ်နေ့ ၄၅၀၀ ရမည်ဟုဆိုကာ ထူကြီးရွာသား ရာနှင့်ချီ လိမ်လည်ခေါ်ဆောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ထူးကြီးမြို့မှ လူတစ်ရာကျော်အားမြို့ခံပွဲစားအချို့က လိမ် ညာခေါ်ဆောင် ၍ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ထူးထူးတိုး ရာဘာ စိုက်ပျိုးရေးခြံ၌ လက်နက် များဖြင့် ပိတ်ပင်ခိုင်းစေမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ထူးကြီးဒေသခံများထံမှ သိရသည်။

တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့်ရ

တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့်ရ

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် ၂၉၁ / ၃ တွင် ညာဘက် ရှေ့ဘီး ပေါက်ကာ ယာဉ် တိမ်းမှောက် ၍ ဒဏ်ရာ ပြင်းထန် စွာ ရခဲ့သည့် တေးသံရှင် ဆိုတေး သည် မန္တလေး ပြည်သူ့ ဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသ နေရာ သုံးလ ကျော် အကြာ အောက်တိုဘာ ၁၆ ရက် နေ့ က ဆေးရုံ မှ ဆင်းခွင့် ပေးလိုက် ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံ ကြီးမှ ဆေး နှင့် လူမှု ဆက်ဆံ ရေး အရာရှိ ဦးမင်းလွင် က ပြောကြား သည်။ “ဆိုတေး ဆန္ဒ အရ တော့ လိုအပ် တာတွေ ကို မန္တလေး ဆေးရုံ မှာပဲ ဆက်ပြ မယ် လို့ ထင်ပါတယ်။ ဆေးရုံ တက် ကုသ ရမယ့် အခြေအနေ ကတော့ သက်သာ သွားပြီ မို့ ဆင်းခွင့် ပေးလိုက် တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ တေးသံရှင် ဆိုတေး သည် ဦးခေါင်း ထိခိုက် သည့် ဒဏ်ရာ သက်သာ လာပြီ ဖြစ်ပြီး ခြေထောက တွင် ထိခိုက် သည့် ဒဏ်ရာ သာ ကျန် ရှိတော့ ကြောင်း အဆိုပါ ဆေး နှင့် လူမှု ဆက်ဆံရေး အရာရှိ ဦးမင်းလွင် က ထပ်မံ ပြောကြား သည်။

တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့် ရရှိခြင်း နှင့် ပတ်သက ၍ မိသားစု ဝင်များ ကို The Voice က တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်း ရာ ပြန်လည် ဖြေကြား ခြင်း မရှိပေ။ တေးသံရှင် ဆိုတေး သည် ယင်း အမြန် လမ်းမကြီး တွင် ဇူလိုင်လ ၁၄ ရက်နေ့ က ယာဉ် တိမ်းမှောက် မှု ဖြစ်ပွား ခဲ့ကာ မန္တလေး ပြည်သူ့ ဆေးရုံ ကြီး ရှိ အထူး ကြပ်မတ် ကုသ ဆောင် တွင် ဆေး ကုသမှု ခံယူ နေခဲ့ ရခြင်း ဖြစ် သည်။

The Voice Weekly
ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် ၂၉၁ / ၃ တွင် ညာဘက် ရှေ့ဘီး ပေါက်ကာ ယာဉ် တိမ်းမှောက် ၍ ဒဏ်ရာ ပြင်းထန် စွာ ရခဲ့သည့် တေးသံရှင် ဆိုတေး သည် မန္တလေး ပြည်သူ့ ဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသ နေရာ သုံးလ ကျော် အကြာ အောက်တိုဘာ ၁၆ ရက် နေ့ က ဆေးရုံ မှ ဆင်းခွင့် ပေးလိုက် ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံ ကြီးမှ ဆေး နှင့် လူမှု ဆက်ဆံ ရေး အရာရှိ ဦးမင်းလွင် က ပြောကြား သည်။ “ဆိုတေး ဆန္ဒ အရ တော့ လိုအပ် တာတွေ ကို မန္တလေး ဆေးရုံ မှာပဲ ဆက်ပြ မယ် လို့ ထင်ပါတယ်။ ဆေးရုံ တက် ကုသ ရမယ့် အခြေအနေ ကတော့ သက်သာ သွားပြီ မို့ ဆင်းခွင့် ပေးလိုက် တာပါ” ဟု ၎င်းက ဆိုသည်။

LOVE & MARRIAGE မျိုးဘ၀မှာတော့ အချစ်က ၁၀၀ ရာခိုင်နှုန်း အရေးပါတယ် မယ်လိုဒီ

လူရယ်လိြု့ဖစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ်ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ်နစ်နာခံတာ ကိုလည်း အချစ်လို့ဆိုပြန်ပါတယ်။ အချစ်ဒဿနဆရာတွေက အချစ် ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြ သလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်း ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေ ရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...

မြစ်ထဲ လေယာဉ်ပျက်ကျ စီးနင်းလိုက်ပါသူအားလုံးသေဆုံး

လာအိုနိုင်ငံပိုင် ​လေယာဉ်တစင်း ​ပျက်ကျခဲ့တဲ့အတွက် ​သြစတြေးလျနိုင်ငံသား ​၆ ​ဦးအပါအ ၀င် ​လေ ယာဉ် ပေါ် မှာ ​လိုက်ပါလာတဲ့သူ ​၄၉ ​ဦးလည်း ​သေဆုံးခဲ့တယ်လို့ ​သက်ဆိုင်ရာ ​အစိုးရဌာတွေ က ​ပြောပါ တယ်။
Lao ​Air ​QV301 ​လေယာဉ်ဟာ ​ဗီယက်နမ်နိုင်ငံမြို့တော် ​Hanoi ​ကနေထွက်ခွာခဲ့ပြီး ​လာအိုနိုင်ငံ တောင်ပိုင်း မှာရှိတဲ့ ​Pakse ​မြို့ကို ​အသွားမှာ ​လမ်းခုလပ်မှာပဲ ​မဲခေါင်မြစ်ထဲကို ​ထိုးကျ ​ပျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လူ့အခွင့်ရေးအဖွဲ့ အစိုးရထံ စာပို့

မြန်မာ့လူ့အခွင့်ရေးအဖွဲ့ အစိုးရထံ စာပို့

၁၈.၁၀.၂၀၁၃၊ သောကြာနေ့

ကော့သောင်း အကျဉ်းထောင် မှာ ပြီးခဲ့တဲ့ လ က အကျဉ်းထောင် လုံခြုံရေးတွေ က ရိုက်နှက်တာတွေ၊ ပစ်ခတ်မှုတွေ ကြောင့် အကျဉ်းသားတွေ ဒဏ်ရာ ရသူရ၊ သေကြေတဲ့ အထိ ဖြစ်ရ တာတွေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က ကော့သောင်း အကျဉ်းထောင် ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဒီအခါမှာ လူ့အခွင့်အရေး ချိုးဖေါက်တာတွေ တွေ့ရှိခဲ့တဲ့ အတွက် ဒီအခြေအနေ တွေ ကို သုံးသပ်ပြီး အစိုးရ ဆီ စာတင် အကြောင်းကြား ခဲ့ပါတယ်။ အဓိက တင်ပြခဲ့တဲ့ အချက် ၂ ခု အနက်၊ ပထမ အချက် က ၁၈၉၄ ခုနှစ် က ပြဌာန်း ခဲ့တဲ့ အကျဉ်းထောင် ဥပဒေဟာ လက်ရှိ အခြေအနေ နဲ့ ကိုက်ညီမှု မရှိတဲ့ အတွက် အသစ် ပြန်လည်ရေးဆွဲဖို့ ထောက်ပြ ခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က အတွင်းရေးမှူး ဦးစစ်မြိုင် က ဘီဘီစီ ကို ပြောပါတယ်။

နောက်တချက် ကတော့ ရန်ဖြစ်တဲ့ အကျဉ်းသား ၃ ဦး ကို အကျဉ်းထောင်ရဲ့ စည်းမျဉ်း အရ အပြစ်ဒဏ် ပေးခြင်း မပြုဘဲ၊ လက်ကိုင်တုတ် နဲ့ ရိုက်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖေါက်ခြင်း ဆိုတာ ကို ထောက်ပြခဲ့ ကြောင်း ရှင်းပြပါတယ်။ ထောင်သား တဦး ပစ်ခတ်မှု နဲ့ သေဆုံး ရခြင်းဟာလည်း ၁၈၉၄ ခုနှစ် အကျဉ်းထောင် ဥပဒေ အရ ထောင်မှာ ဆူပူမှု၊ ဖေါက်ထွက်ရန် ကြိုးစားမှု ပြုရင် သင့်တော်တဲ့ လက်နက် အသုံးပြုပြီး နှိမ်နင်းနိုင်တယ် လို့ ပြဌာန်းထားလို့ လွန်ကဲတဲ့ အခွင့်အာဏာ ပေးထားတယ် လို့ ယူဆကြောင်း ဦးစစ်မြိုင် က ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်တာတွေ နဲ့ ပတ်သက်လို့ အရင်က မြစ်ကြီးနား၊ မန္တလေး နဲ့ အင်းစိန် ထောင်တွေ ကို စစ်ဆေးရာ မှာတော့ အခြေအနေ တိုးတက် ကောင်းမွန် လာတာ တွေ့ရကြောင်း လည်း ပြောပြ ပါတယ်။ အကျဉ်းထောင်တွေ မှာ ရိုက်နှက် ဆုံးမ ခြင်းဟာ အုပ်ချုပ်တဲ့ တာဝန်ခံ၊ စည်းကမ်း ထိန်းသိမ်းသူတွေ နဲ့ သက်ဆိုင်တဲ့ အတွက် သူတို့ရဲ့ အားနည်းချက် တွေ လို့ ယူဆနိုင်ပုံ ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က အတွင်းရေးမှူး ဦးစစ်မြိုင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC
ကော့သောင်း အကျဉ်းထောင် မှာ ပြီးခဲ့တဲ့ လ က အကျဉ်းထောင် လုံခြုံရေးတွေ က ရိုက်နှက်တာတွေ၊ ပစ်ခတ်မှုတွေ ကြောင့် အကျဉ်းသားတွေ ဒဏ်ရာ ရသူရ၊ သေကြေတဲ့ အထိ ဖြစ်ရ တာတွေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က ကော့သောင်း အကျဉ်းထောင် ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် နေပြည်တော်၌ လုံခြုံရေးတိုးမြှင့်

8.1.1
အာက်တိုဘာ ၁၆ ရက်ညက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် နေပြည်တော် ရဲတပ်ဖွဲ့မှ လှည့်ကင်း ဆောင်ရွက်နေစဉ်
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့် ဖြူးမြို့များတွင် ဗုံးလန့်မှု၊ ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွားပြီးနောက် နေပြည်တော်၌ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။
ထိုကဲ့သို့ လုံခြုံရေး တိုးမြှင့်ရခြင်းမှာ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော် ဖြစ်သည့် အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ခရီးသွား ဧည့်သည်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ လာရောက်သည့်အတွက် ယခင်ပြုလုပ်နေသည့် ပုံမှန်လုံခြုံရေးထက် တိုးမြှင့်ကာ ၀ပ်ကင်း၊ ရပ်ကင်း၊ ယာဉ်တင် လှည့်ကင်းများဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခန့်က ယာဉ်တင်လှည့်ကင်း အဖွဲ့မှ နေပြည်တော် ရဲတပ်ဖွဲ့ ရဲအကူ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စိုးမြင့်ဦးက The Daily Eleven သို့ ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်း ပြန်လည်စတင်နေပြီး မိုင်းခွဲမှုများကြောင့် သာသနိက အဆောက်အအုံ များအပေါ် သက်ရောက်မှုကို ထုတ်ပြန်မှု မရှိသေးသည့်အတွက် ဒေသခံများ စိုးရိမ်နေ

8.1.1
လယ်တီဆရာတော်ကြီး၏ သိမ်တော်နှင့် စေတီအပါအ၀င် သာသနိက အဆောက်အအုံများ တည်ရှိနေသည့် လက်ပံတောင်းတောင် စီမံကိန်း ဗဟိုချက် မြေနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)      
လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်နေပြီး စီမံကိန်းအတွက် မိုင်းဖောက်ခွဲ မှုများကြောင့် အဆိုပါ စီမံကိန်း ဗဟိုချက် တည့်တည့်တွင် တည်ရှိနေသော သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်မှုများ ရှိနေကြောင်း အောက်တိုဘာ ၁၇ ရက်က သိရသည်။
လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် လည်ပတ်နေမှုအား မြေယာလျော်ကြေး အတွက် နောက် ဆုံး ပေးလျော်ခဲ့သည့် စက်တင်ဘာ ၃၀ ရက် ကျော်လွန်သည့် အချိန်မှ စတင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ပံတောင်းတောင် စီမံကိန်း စတင်ရန် ကြိုးပမ်းစဉ် အချိန်ကပင် လယ်တီ ဆရာတော်ကြီး၏ သာသနိက အဆောက်အအုံများ ပျက်စီးနိုင်သည့်အတွက် ကန့်ကွက် မှုများ ကြုံခဲ့ရသည်။

ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ပြည်သူလူထုအား ထိခိုက်နာကျင် ထိတ်လန့်စေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) သတင်းထုတ်ပြန်

ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် ယခုရက်ပိုင်းအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခဲ့ခြင်း မရှိသော်လည်း ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဗုံးဖောက်ကွဲမှုများ အနက် ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် စောမြင့်လွင်က ၎င်းသည် KNU အဖွဲ့နှင့် ဆက်စပ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး နေတိုးဆိုသူမှာလည်း KNU တပ်ဖွဲ့၌ ဗိုလ်အဆင့် တာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြား ထားပြီး ထိုသူများသည် KNU တပ်မဟာ (၅) နှင့် ဆက်စပ်နေကြောင်း သတင်း ထွက်ပေါ် ခဲ့သည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ပြုလုပ်မည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှ ကျူးလွန်သူဟု ဖမ်းဆီးထားသူကို ကနဦး စစ်ဆေးရာတွင် ငွေကြေးပေး ခိုင်းစေသောကြောင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားမှုကြောင့် ပြည်သူများ စိတ်ဝင် စားနေကြောင်း သိရသည်။

ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အလုပ်မှထုတ်ပယ်

8.1.1
ဖာမိုဆို အထည်ချုပ်စက်ရုံ တည်ရှိရာ မင်္ဂလာဒုံ စက်မှုဇုန် ၀င်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)  
အလုပ်သမား ခေါင်းဆောင် သုံးဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့် ပြန်လည် အလုပ်ခန့်ရန် အတွက် လုပ်ငန်းခွင် မ၀င်ဘဲ တောင်းဆို ဆန္ဒပြနေသည့် ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်)စက်ရုံ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အောက်တိုဘာ ၁၇ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။

နမ့်ခန်းမြို့ ဗုံးပေါက်ကွဲမှု အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းသည် စနစ်ကျသော အဖွဲ့အစည်း တစ်ခုခု၏ အစီအမံများ ဖြစ်နိုင်ဟု သုံးသပ်မှုများရှိနေ

8.1.1
ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဖြစ်ပွား ခဲ့သော ပေါက်ကွဲ မှုများ အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများသည် စနစ်ကျပြီး အင်အားရှိသော အဖွဲ့အစည်း တစ်ခုခု၏ အကွက်ချ အစီအမံများ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ပြီးခဲ့သော ရက်များအတွင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု အပြီးတွင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သလို ဗုံးလန့်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရပြီး ပေါက်ကွဲမှု များကြောင့် တောင်ငူမြို့၌ ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအ၀င် လူနှစ်ဦး သေဆုံးခဲ့ရသည်။ နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအနက် အောက်တိုဘာ ၁၇ ရက် နံနက် အစောပိုင်း ပေါက်ကွဲ မှုကြောင့် စည်ပင်သာယာ ၀န်ထမ်းတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ အဓိက တရားခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းထုတ်ပြန်

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် စစ်ကိုင်းမြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက် ၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံ များဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၏ အောက်တိုဘာ ၁၇ ရက် ညပိုင်း သတင်းများ တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံးတစ်လုံးနှင့် လက်လုပ်မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

8.1.1
နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး မြင်ကွင်း
ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံး တစ်လုံးနှင့် လက်လုပ် မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အသံဗုံးတစ်လုံး ပေါက်ကွဲမှုနှင့် လက်လုပ်မိုင်းဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်စဉ်များကို ရှမ်းပြည်နယ် နမ့်ခမ်းမြို့၊ မိုခမ်းရပ်ကွက်၊ ပြည်ထောင်စု လမ်းမအလယ်၊ ကျွန်းမျောပန်းခုံ LG-၆၅၈၃၆၄ တွင် အောက်တိုဘာ ၁၆ ရက် ည ၈ နာရီ မိနစ် ၅၀ က အသံဗုံးတစ်လုံး ပေါက် ကွဲမှုကြောင့် မြေသား တစ်လက်မ အကျယ်နှင့် အနက်သုံးလက်မရှိ ချိုင့်ခွက်သာ ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြူးတွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ်သတ်မှု ကျူးလွန်သူများအား ၆၈ နာရီအတွင်း ဖမ်းမိ

8.1.1
ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူများအား အခင်းဖြစ်ပွားသည့် နေရာတွင် စစ်ဆေးမှု ပြုလုပ်နေစဉ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် အသတ်ခံ ရမှု ဖြစ်စဉ်မှ လူသတ်တရားခံ နှစ်ဦးအား ၆၈ နာရီ အကြာတွင် ဖမ်းဆီရမိခဲ့ကြောင်း ဖြူးမြို့နယ် ဒုတိယမြို့ နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစံလှ၏ ပြောကြားချက်အရ သိရသည်။