Friday, October 25, 2013

လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများ တိုးတက် လာကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဆို

လွှတ်တော်သက်တမ်း ၂ နှစ်ခွဲ ကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းများ တိုးတက် လာကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

Miss Universe Myanmar မိုးစက်ဝိုင် အင်တာနက်တွင် မဲအများဆုံး ရရှိနေ

Miss Universe 2013 ပြိုင်ပွဲကြီး မစ တင်မီ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် Miss Universe Myanmar မိုး စက်ဝိုင်သည် လူကြိုက်အများဆုံး ဖြင့် အင်တာနက်တွင် မဲအ များဆုံး ရရှိထားကြောင်း သိရသည်။ မိုးစက်ဝိုင်သည် အင်တာ နက်မဲပေးမှုစနစ်တွင် အောက်တို ဘာ၂၄ရက် ညနေ ၅နာရီ ၄၅မိနစ် တိတိတွင် မဲပေးမှု ၁၈၉၄၇၈ အ များဆုံးဖြင့် ရပ်တည်နေခဲ့သည်။

တက္ကသိုလ်တက်ရန် အခက်အခဲရှိသည့် လယ်သမားသားသမီး အယောက် ၁၀၀ ကို ဆန်စပါးအသင်းချုပ်က ပညာသင်စရိတ် ထောက်ပံ့

တောင်သူလယ်သမား သားသမီးများထဲမှ အထက်တန်းအောင်သော်လည်း တက္ကသိုလ် ဆက်တက်ရန် အခက်အခဲဖြစ်နေသူများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစကာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အထောက်အပံ့ပေးရန် အယောက် ၁၀၀ ကို အောက်တိုဘာလ၂၃ ရက်က ရွေးချယ်ပြီးဖြစ်ကြောင်း ဆန် စပါးလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော် အတည်မပြု

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တည်ဆောက်ရန် စီစဉ်ထားသော ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြောင်းလဲ တည်ဆောက်ရန် အစီအစဉ်ကို အတည်ပြုပေးရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပေးပို့လာသော သဝဏ်လွှာ ကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုဘဲ နိုင်ငံတော် သမ္မတထံ ပြန်လည် ပေးပို့ ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ထိုင်းဘုရားဖူးကားမှောက် ၂၂ဦး သေ၊ ၁၆ဦးဒဏ်ရာရ

 
ထိုင်းနိုင်ငံမြောက်ဘက်ရှိ လျှိုမြောင်တစ်ခုတွင် ဘုရားကျောင်း မှပြန်လာသော ခရီးသည်တင် ဘုရားဖူးဘတ်စ်ကားတစ်စီး အ ရှိန်ပြင်းပြင်းဖြင့် လျှိုထဲသို့ပြုတ်ကျ ခဲ့ရာ ခရီးသည်ပေါင်း ၂၂ဦးသေ ဆုံးခဲ့ရကြောင်း အောက်တိုဘာ ၂၃ရက်တွင် ရဲကပြောခဲ့သည်။ကားမောင်းသူသည် လမ် ပန်ပြည်နယ်ရှိ ဝန်နူအာခရိုင်မှ အ ကောက်အကွေးများသော တော လမ်းအတွင်းက လျှိုမြောင်တွင် မီ တာ ၃၀(၉၈ပေ)ခန့်အထိ ပြုတ်မ ကျမီ ကားကိုအရှိန်မထိန်းနိုင်ဖြစ် ခဲ့ကြောင်း ဗိုလ်မှူးဆွမ်ဒက်တော ပြောသည်။ ထိခိုက်ဒဏ်ရာရသူ များထဲတွင် ကားမောင်းသူအပါ အဝင် ၁၆ဦးရှိကြောင်း သိရသည်။

စိုက်/ဘဏ် မန်နေဂျာနှင့် သေဆုံးသူ အုပ်ချုပ်ရေးမှူးတို့အကြား ငွေကျပ် (၃၂၈) သိန်း ပျောက်ဆုံး

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်၊ ကဒက်ကွင်း ကျေးရွာရှိ တောင်သူလယ်သမား (၉၄)ဦး ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ (၃၂၈) သိန်းအားကျေးရွာ ဘဏ်ကော်မတီ ဥက္ကဋ္ဌဖြစ်သော ကျေးရွာ အုပ်ချုပ်ရေးမှူးအားပြန်လည် ပေးဆပ်ခဲ့ရာ အုပ်ချုပ်ရေးမှူး သေဆုံး သွားသောကြောင့် ၎င်း အုပ်ချုပ်ရေးမှူးနှင့် စိုက်/ဘဏ် မန်နေဂျာတို့ နှစ်ဦးကြားတွင် ငွေနှင့် စာရင်း ဇယားများ ပျောက်ပျက်နေကြောင်း သတင်းရရှိသည်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ လွှတ်တော် ကြေညာချက်ထုတ်

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ထိခိုက်စေမယ့် အပြောအဆို အပြုအမူတွေ မပြုလုပ်ကြဖို့နဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် စေတနာ မေတ္တာ ထားရှိ ဆောင်ရွက်ကြဖို့ အလေးအနက် ထား ပန်ကြား မေတ္တာ ရပ်ခံပါကြောင်း ဒီကနေ့ နေ့စွဲနဲ့ ပြည်ထောင်စု လွှတ်တော် က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ

Photo: ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ
Friday, 25 October 2013 

အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆို
မှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန်
နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

အမေရိကန် အစိုးရက သူ့ရဲ့ မဟာမိတ် နိုင်ငံတွေကို ထောက်လှမ်းခဲ့တယ်
ဆိုတဲ့ စွဲဆိုချက်နဲ့ အမေရိကန်ကို ပြစ်တင်ရှုတ်ချ နေတဲ့ ဂျာမဏီရဲ့
 နောက်မှာ ဥရောပ ခေါင်းဆောင်တွေ စည်းစည်းလုံးလုံး ရှိနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်  အခုလို သတင်း ဖော်ပြချက် ထွက်ပေါ်လာတာ ဖြစ်
ပါတယ်။ ကြာသပတေးနေ့ တုန်းကတော့ အိမ်ဖြူတော် ပြောခွင့်ရ Jay Carney က အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ဟာ ဂျာမဏီ ၀န်ကြီးချုပ် Angela Merkel ရဲ့ ဆက်သွယ် ပြောဆိုမှုတွေ အပေါ်မှာ ထောက်လှမ်းခဲ့တယ်ဆိုတဲ့ အပေါ် မှတ်ချက်ပေးဖို့ငြင်းဆို ပါတယ်။

ဂျာမဏီ ၀န်ကြီးချုပ် မစ္စ မာကယ်လ် ကတော့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကို တယ်လီဖုန်း ခေါ်ဆိုပြီး မိတ်တွေတွေ အပေါ်မှာ လျို့ဝှက်ထောက်လှမ်းမှုဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးဆို
တာကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ်တွေနဲ့ မိတ်ဆွေ နိုင်ငံတွေကြားမှာ ယုံကြည်မှု လိုပါတယ်။ ဒီလိုယုံကြည်မှုမျိုးကို အခုတော့ အသစ်ပြန်လည် တည်ဆောက်ရပါတော့မယ်လို့လည်း မစ္စ မာကယ်လ်က  ဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တဲ့ ဥရောပ သမဂ္ဂ ညီလာခံ မတိုင်ခင်မှာ ပြောဆိုပါတယ်။

ညီလာခံ တက်ရောက်လာတဲ့ ဥရောပ ခေါင်းဆောင်တွေဟာလည်း ဂျာမဏီ ၀န်ကြီးချုပ်ရဲ့ မကျေမနပ်မှုနဲ့ ထပ်တူ ပြောဆိုကြပါတယ်။ ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဌ Jose Manuel Barroso ကတော့ အကြွင်းမဲ့ အာဏာရှင် ဆန်ဆန် လျှို့ဝှက် ထောက်လှမ်းမှုတွေကို ကန့်ကွက်တဲ့ အကြောင်း ပြောဆိုပါတယ်။

VOA
အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆို မှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန် နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

ပညာသင်ကြားရန် အခက်အခဲရှိသူများအား ကျောင်းပြင်ပ အလယ်တန်းပညာသင်ကြားပေးရန် စီစဉ်နေ

မူလတန်းပညာသင်ကြားရန် အခက်အခဲရှိသူများကို ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေး များရန်ပုံငွေအဖွဲ့(UNESCO)တို့ ပူးပေါင်းကာ ကျောင်းပြင်ပ ပညာရေးဇုန်များ ဖွင့်လှစ်ကာ ပညာသင်ပေး လျက်ရှိပြီး အလယ်တန်းအဆင့်ကို တိုးမြှင့်သင်ကြားနိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းပညာရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထွန်းက မဇ္ဈိမကို ပြောသည်။

တောင်ကြီးတွင် အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို အောက် တိုဘာ ၂၃ ရက် နေ့လည် ၁၁ နာရီက တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်မြေဖြူ စာကြည့်တိုက်ခန်းမ တွင် ကျင်းပခဲ့သည်။

ပြည်တွင်းတွင် ဖြစ်ပွားနေသော ပြဿနာများသည် ဖြေရှင်းရန်များ ရှိနေသေးကြောင်း သာသနာရေးဝန်ကြီးဆို

ပြည်တွင်းတွင် လက်ရှိဖြစ်ပွားနေသော ပြဿနာများသည် အဆုံးသတ်မှုမရှိသေးဘဲ ဖြေရှင်းစရာများ ကျန် နေသေးပြီး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများလုပ်ရန် လိုအပ်သည်ဟု သာသနာရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အောက်တိုဘာ၂၃ တွင် ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး အကူအညီပေးမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းပြော

ဒေါ်အောင်ဆန်းစုကြည်မှာ “မိမိ၏ အလေးစားဆုံးသောပုဂ်္ဂိုလ်”ဖြစ်သည်ဟု ပြောကြားခဲ့သော ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး အတွက် နိုင်ငံတကာမှဖိအားပေး လာ စေရန် ဆောင်ရွက်သွားမည်ဟု ကတိက၀တ်ပြုလိုက်သည်။

Sexy Pose- Moe Yu San

sexy pose moe yu san