Wednesday, November 27, 2013

ဗုဒ္ဓဘုရားရှင် မွေးဖွားရာ နေရာ အစစ်အမှန်ကို ရှာဖွေတွေ့ရှိ

 
ခတ္တမန္ဒူ နိုဝင်ဘာ ၂၆
မြတ်စွာဘုရားရှင်၏ ဖွားမြင်ရာနေရာ အစစ်အမှန်ကို သုတေသီများက ရှာဖွေတူးဖော် တွေ့ရှိ ခဲ့ပြီးနောက် မြတ်စွာ ဘုရားရှင်သည် သမိုင်းပညာရှင်များ ခန့်မှန်းထားသည်ထက် အနည်းဆုံး ရာစုနှစ် တစ်စုပိုမိုစောစွာ မွေးဖွားသန့်စင် ခဲ့ဖွယ်ရှိကြောင်း သိရသည်။

အမဲသားဈေး နှစ် ၄၀အတွင်း စံချိန်တင်မြင့်တက်

အိမ်ရှင်မများ နှစ်သက်စွာ ချက်ပြုတ်လေ့ရှိသည့် အမဲသားသည် နှစ်ပေါင်း နှစ်ပေါင်း ၄၀အတွင်း စံချိန်တင်ဈေးအဖြစ် တစ်ပိသာကို ၉၀၀၀ ကျပ်အထိ... ဖြစ်လာပြီး ဆက်လက်ဈေးတက်ရန် ရှိနေကြာင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
တစ်ရက်အတွင်း ပိသာ တစ်ရာကို ကျပ် သုံးသောင်းအထိ ခုန်တက်ခဲ့ကြောင်း လက်ရှိ အရိုးအသား ပိသာ ၁၀၀ကို၄၉၀၀၀၀ ကျပ်ရှိနေပြီး လက်လီဈေး တစ်ပိသာ ၅၀၀၀ ကျပ်မှ တစ်ပတ်ခန့်အတွင်း ၉၀၀၀ ကျပ်ဖြစ်သွားကြောင်း သမိုင်းဈေးမှ အမဲသားဆိတ်သားရောင်းသူ ဦးမောင်ရွှေကပြောကြားသည်။

ဝိုင်ယာကြိုးကိုဖောက်၍ နေအိမ်သို့ မီးသွယ်ရန်ကြိုးစားသူ ဓာတ်လိုက်သေဆုံး

လျှပ်စစ်ဓာတ်စီးနေသည့် ခုနစ်ပင်လိမ်ဝိုင်ယာကြိုးကိုဖောက်ကာ နေအိမ်သို့ မီးသွယ်ရန်ကြိုးစားသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန်(၄)အတွင်းရှိ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာ ၂၄ ရက် ကအမျိုးသားတစ်ဦး လျှပ်စစ်မီးသွယ်ရန် အလုပ်သမားတန်းလျားသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်စီးနေသည့် ခုနစ်ပင်လိမ် ၀ိုင်ယာကြိုးကြီးတစ်ကြိုးကို ဖောက်နေစဉ် ဓာတ်လိုက်သေဆုံး သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထားထက်ထက်နဲ့ အတူ ဆင်းရဲနွမ်းပါးသူတွေဆီ သွားလှူမယ်ဆိုရင်

ထားထက်ထက်နဲ့ အတူ ဆင်းရဲနွမ်းပါးသူတွေဆီ သွားလှူမယ်ဆိုရင်
Wednesday, November 27, 2013

Miss Grand International 2013 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရင်း Top 20 စာရင်းဝင်၊ Miss Popular Vote Award ဆုရှင် ထားထက်ထက်က ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆုရခဲ့တဲ့ငွေကြေးတွေ ထဲက တချို့ကို ဆင်းရဲနွမ်းပါးသူတွေကို သွားလှူဖို့ ရှိပါတယ်။

ထားထက်ထက်က သူ့ဖေ့စ်မှာ အခုလို အသိပေးရေးထားပါတယ်။ 

မင်္ဂလာပါရှင်....မနက်ဖြန် ၂၇ ရက်နေ့မှာ ထားထက်ထက် Miss Grand International မှရရှိလာခဲ့သော ဆုကြေးငွေများထဲမှ တကယ်ကို ဆင်းရဲနွမ်းပါးသော မိဘမဲ့ကလေးငယ်လေးများဆီကို သွားရောက် လှူဒါန်း ရန် ရှိပါတယ်ရှင်....

မဟာသိပံ္ပဘုန်းကြီးကျောင်း အာနန္ဒာဘုရားအနီးမှာရှိတဲ့ မိဘမဲ့ကလေးများဟာ ဆိုရင် ကျောင်းထိုင် ဘုန်းဘုန်း ပျံလွန်တော်မူသွားတဲ့အတွက် ကလေးတွေက ကိုယ့်ဟာကိုယ် ရှာကြံစားသောက်နေရတယ် လို့သိရပါတယ်....

နောက်တစ်နေရာကတော့ မြောက်ဒဂုံမှာရှိတဲ့ ချင်း မိဘမဲ့ဂေဟာပါ...ချင်း မိဘမဲ့ဂေဟာဟာလဲ အစား အသောက်ကအစလိုအပ်နေပြီး အလှူရှင် အရမ်းကို နည်းပါးနေတဲ့နေရာတွေဖြစ်ပါတယ်ရှင်....

ထားထက်ထက်နဲ့ အတူတူ အလှူပါဝင်ချင်သူများရှိရင် 0973038207 ကိုဆက်သွယ်ပေးပြီး ပါဝင် လှူဒါန်းဖို့ ဖိတ်ခေါ်ပါရစေရှင်..... လို့ ထားထက်ထက်က နှိုးဆော် တိုက်တွန်းထားပါတယ်။ 

ထားထက်ထက်နဲ့ ကုသိုလ် အတူပါဝင်ချင်သူတွေ ဆက်သွယ်လို့ ရပြီပေါ့နော်။ 


The Best National Costume Top 10 ပါဝင်ခဲ့တဲ့ ချင်းမိုင်မှာ ယှဉ်ပြိုင်ခဲ့စဉ်က ထားထက်ထက်၊ 
ဓာတ်ပုံ- လင်းသန့်
အိမ့်သံစဉ် 
ဧရာဝတီ
Miss Grand International 2013 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရင်း Top 20 စာရင်းဝင်၊ Miss Popular Vote Award ဆုရှင် ထားထက်ထက်က ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆုရခဲ့တဲ့ငွေကြေးတွေ ထဲက တချို့ကို ဆင်းရဲနွမ်းပါးသူတွေကို သွားလှူဖို့ ရှိပါတယ်။

ငါးလောင်းပြိုင်လူသတ်မှု ယခင်စစ်အစိုးရ တာဝန်ရှိသူများနှင့် ပတ်သက် ဆက်နွှယ်မှုများ မတွေ့ရဟု ဒုဝန်ကြီးပြောကြား

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ။ ။ ဆက်လက် စစ်ဆေးနေသော ငါးလောင်းပြိုင် လူသတ်မှုမှ ရရှိထားသည့် သက် သေအထောက်အထား သဲလွန်စ များမှာ ယခင်စစ်အစိုးရမှ တာ ဝန်ရှိသူများနှင့် ပတ်သက် ဆက် နွှယ်မှုများ မတွေ့ရကြောင်း ပြည် ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ထုတ်ဖော်ပြောကြားလိုက်သည်။ နေပြည်တော်ရှိ Myanmar International Convention Center တွင် နိုဝင်ဘာ ၂၅ရက်က ဆူဇူကီးကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် မြန်မာ အစိုးရ သို့ ဆူဇူကီး ရဲတပ်ဖွဲ့ သုံး ဆိုင်ကယ်များ ပေးအပ်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ၏ သီးသန့်တွေ့ ဆုံမေးမြန်းမှုကို ယခုကဲ့သို့ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ အကူအညီ ပေးသူများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ရှိနေဟုဆို

လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ရောက် ရှိနေ သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဥရောပ သမဂ္ဂ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ အရည်အချင်းကန့်သတ်ချက် မပြင်ရန် ဧရာဝတီတိုင်း ၂၀၀၈ ဖွဲ့စည်းပုံလေ့လာရေးကော်မတီ ဆုံးဖြတ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သမ္မတအရည်အချင်း ကန့်သတ်ချက်ကို မပြင်ရန် ဧရာဝတီတိုင်း လွှတ်တော်တွင် တိုင်းအမတ် ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံလေ့လာရေးကော်မတီ က ဆုံးဖြတ်လိုက်သည်ဟု ကော်မတီဝင်များက နိုဝင်ဘာ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြို့နယ်ဖွံ့ဖြိုးရေး အသုံးပြုမည့်ငွေ နွမ်းပါးရပ်ကွက်များကို ဦးစားပေး ဆောင်ရွက်မည်

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုနိုင်သည့် ကျပ်သိန်း ၁,၀၀၀ ကို သင်္ဃန်းကျွန်းမြို့နယ်တွင် နွမ်းပါးရပ်ကွက်များ၏ လိုအပ်ချက်ကိုကြည့်၍ ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်သည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုဝင်ဘာ ၂၆ ရက် တွင် မဇ္ဈိမကို ပြောသည်။

မြို့နယ်ဖွံ့ဖြိုးရေး အသုံးပြုမည့်ငွေ နွမ်းပါးရပ်ကွက်များကို ဦးစားပေး ဆောင်ရွက်မည်

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုနိုင်သည့် ကျပ်သိန်း ၁,၀၀၀ ကို သင်္ဃန်းကျွန်းမြို့နယ်တွင် နွမ်းပါးရပ်ကွက်များ၏ လိုအပ်ချက်ကိုကြည့်၍ ဦးစားပေး ဆောင်ရွက်သွား မည်ဖြစ် သည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုဝင်ဘာ ၂၆ ရက် တွင် မဇ္ဈိမကို ပြောသည်။

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား



Photo: မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
Wednesday, November 27, 2013

သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ်ယူခြင်းသည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီက ပြောကြားလိုက်သည်။ သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့သည်။ ဘာစီလိုနာ အသင်းသည် Adidas၏ မဟာပြိုင်ဘက် Nikeနှင့် စာချုပ်ထားရာ Adidasက မက်ဆီကို ဘိုင်ယန်က ခေါ်ယူနိုင်ခြင်းသည် Nikeကို ထိုးနှက်နိုင်မှု လက်နက်တစ်ခုအဖြစ် ယူဆထားသည်။ သို့သော်လည်း လက်ရှိ ဂျာမနီနှင့် ဥရောပ ချန်ပီယံ အသင်းကြီးက မက်ဆီကို ဝယ်ယူရန် အစီအစဉ် မရှိဟု အတိအလင်း ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။

စပိန်မှ သတင်းအချို့က အသက်(၂၆)နှစ် ရှိပြီဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)ကို (၄)နှစ်ဆက် ရယူထားသည့် မက်ဆီသည် ဘာစီလိုနာနှင့် စာချုပ်ပါ တန်ကြေးသတ်မှတ်ချက် ယူရိုသန်း(၂၅၀)ရှိကြောင်း ဖော်ပြခဲ့ကြသည်။ ဘိုင်ယန်၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက မက်ဆီကို ခေါ်ယူနိုင်လျှင် ဘိုင်ယန်အတွက် အကျိုးများလိမ့်မည်ဟု မှတ်ချက်ပြုခဲ့ရာ ကောလာဟလများ ပိုမိုအားကောင်းလာခဲ့သေးသည်။ ရူမန်နစ်ဂီကမူ ယင်းအခြေအနေသည် ဖြစ်နိုင်ခြေ မရှိဟု ပြောကြားသွားသည်။

"မက်ဆီဟုတ်လား။ ကျွန်တော်တို့ ဖြစ်နိုင်ခြေ မရှိတဲ့ အရာမျိုးအကြောင်း ပြောနေသလိုပဲ။ ကျွန်တော်တို့ ယာဗီမာတီနက်ဇ်ကို ခေါ်ယူခဲ့တုန်းကထက် ဈေးနှုန်းက အများကြီး ပိုလိမ့်မယ်။ ကျွန်တော်တို့ လက်လှမ်းမီမယ် မထင်ဘူး"ဟု ရူမန်နစ်ဂီက ဆိုသည်။ ၎င်းက "နောက်တစ်ချက်က ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်ကလည်း မက်ဆီကို ရောင်းမယ်မထင်ပါဘူး။ သူဟာ ဘာစီလိုနာမှာ သူတော်စဉ် တစ်ယောက်လို ရိုသေကိုးစား ခံရသူပါ။ သူ့ကိုရောင်းဖို့ လမ်းမမြင်ဘူး။ မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ဆက်နေဖို့ပဲ စိတ်ဝင်စားမယ် ထင်ပါတယ်။ သူက အဲဒီမှာပဲ လုံးဝဥဿုံ အံဝင် အဆင်ပြေနေတယ် မဟုတ်လား"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network
သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ် ယူခြင်း သည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီ က ပြောကြား လိုက်သည်။ သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူ ရန် ဆွေးနွေးနေကြောင်း ဖော်ပြ ခဲ့သည်။ ဘာစီလိုနာ အသင်းသည် Adidas၏ မဟာပြိုင်ဘက် Nikeနှင့် စာချုပ်ထားရာ Adidasက မက်ဆီကို ဘိုင်ယန်က ခေါ်ယူနိုင်ခြင်းသည် Nikeကို ထိုးနှက်နိုင်မှု လက်နက်တစ်ခုအဖြစ် ယူဆထားသည်။ သို့သော်လည်း လက်ရှိ ဂျာမနီနှင့် ဥရောပ ချန်ပီယံ အသင်းကြီးက မက်ဆီကို ဝယ်ယူရန် အစီအစဉ် မရှိဟု အတိအလင်း ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အမြန်လမ်းမကြီး ပိုမိုလုံခြုံမှုရှိစေရန် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်မည်



ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၌ ခရီးသွား ပြည်သူများ ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေ၀င်းက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

တာမွေဈေးမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ

၂၆.၁၁.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း မင်းဦး (ဘ)ဦးအုန်းဟန်၊ သဇင်လမ်း၊ (၉)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်နေသူ မောင်းနှင်လာသော CC/-----ပရိုဘောက်(ငွေမင်ရောင်)ယာဉ်သည် တာမွေဈေးမှတ် တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဖွဲ့စည်းပုံနှင့် ၀ှိုက်ကတ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်နေကြောင်း သိရသည်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဗဟိုအလုပ် အမှုဆောင်များဖြစ်သည့် ဦးလှမြင့်၊ ဦးကျော်ထွန်းအောင်တို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး၊ ၀ှိုက်ကတ်ဆိုသည်မှာ ဥပဒေနှင့်ညီမညီ၊ ရခိုင်နှစ်ပါတီ ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရခိုင်လူမျိုးများနိုင်ငံရေးတွင် ပါဝင်သင့်သည့် အကြောင်းများ စသည်တို့ကို ရခိုင်ပြည်နယ်မြို့နယ် ငါးမြို့နယ်တွင် လိုက်လံဟောပြောနေခြင်း ဖြစ်သည်။

ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက်


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့ ကြုံနေရပါတယ်။

သံတွဲအကြမ်းဖက်မှုနဲ့ဆက်နွယ်သူ ၉၀ ကျော် စတင်အရေးယူ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှု လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး လူပေါင်း ၁၀၀ နီးပါးကို စတင် အရေးယူထားပြီ ဖြစ်တဲ့အကြောင်း အစိုးရ တာဝန် ရှိသူတွေက ပြောပါတယ်။