Monday, December 9, 2013

ဆီးရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်မည့် ဂျီဟတ် စစ်သွေးကြွများ တူရကီ နိုင်ငံ အတွင်းရှိ နေအိမ်များကို အသုံးပြုလျက်ရှိ

Photo: ဆီးရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်မည့် ဂျီဟတ် စစ်သွေးကြွများ တူရကီ နိုင်ငံ အတွင်းရှိ နေအိမ်များကို အသုံးပြုလျက်ရှိ
Monday, December 09, 2013

ဆီးရီးယား အစိုးရ အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်မည့် ဂျီဟတ် စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံ အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ရန် အတွက် တူရကီ နိုင်ငံ တောင်ပိုင်း ရှိ နေအိမ် အဆောက်အအုံ များကို အသုံးပြုလျက် ရှိကြောင်း ဘီဘီစီ သတင်း ဌာန၏ ထုတ်ဖော် ပြောကြားချက်များ အရ သိရသည်။

ဗြိတိန် နိုင်ငံသား ၂ဝ ဦး အပါအဝင် လူဦးရေ ၁၅ဝ ကျော် ပါဝင်သော အဖွဲ့သည် လွန်ခဲ့သော သုံးလခန့်က တူရကီ နိုင်ငံ တောင်ပိုင်းရှိ နယ်စပ်မြို့ တစ်မြို့ဖြစ်သော ရေဟန်လီ မြို့အနီးရှိ နေအိမ်များတွင် နေထိုင် ခဲ့ကြကြောင်း ၎င်းမြို့ရှိ အကြီးအကဲ တစ်ဦးက ဘီဘီစီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။ အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်စပ်နေသော အဆိုပါ ဂျီဟတ် စစ်သွေးကြွများ အသုံး ပြုခဲ့သော တူရကီ နိုင်ငံ တစ်လျှောက်ရှိ ခရီးလမ်းကြောင်း များသည် ယခု အခါတွင် တဖြည်းဖြည်းနှင့် အစီအစဉ် တကျ ဖြစ်လာပြီ ဖြစ်ပြီး အဆိုပါ ဂျီဟတ် စစ်သွေးကြွ များသည် ဆီးရီးယား အတွင်း ဖြစ်ပွားလျက် ရှိသည့် တော်လှန်ရေးကို ဖျက်ဆီးလျက် ရှိကြောင်း အတိုက်အခံ အဖွဲ့က ပြောကြားခဲ့သည်။ ၎င်းတို့သည် ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင် များကို တိုက်ခိုက် နေရုံသာမက အတိုက်အခံ တပ်ဖွဲ့ဝင်များ ကိုပါ မကြာခဏ တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
ဆီးရီးယား အစိုးရ အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်မည့် ဂျီဟတ် စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံ အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ရန် အတွက် တူရကီ နိုင်ငံ တောင်ပိုင်း ရှိ နေအိမ် အဆောက်အအုံ များကို အသုံးပြုလျက် ရှိကြောင်း ဘီဘီစီ သတင်း ဌာန၏ ထုတ်ဖော် ပြောကြားချက်များ အရ သိရသည်။

ဟံသာဝတီ Complex ကို ကျပ်ဘီလီယံ တစ်ရာဖြင့် ရင်းနှီး မြှုပ်နှံမည်ဖြစ်

ရန်ကုန်မြို့တော်၏ အဓိကကျသော နေရာများတွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ လို အပ်နေ သောကြောင့် မြို့ပြ ဖွံ့ဖြိုးမှု မြင့်တက် လာစေရန် နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြားတွင် အထပ် ပေါင်း ၂၇ ထပ် ပါဝင်သော ကွန်ဒိုများကို ကျပ်ဘီလီယံ တစ်ရာခန့်ဖြင့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တရုတ် (တိုင်ပေ) ထုတ်လုပ်လျက်ရှိ

Photo: လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တရုတ် (တိုင်ပေ) ထုတ်လုပ်လျက်ရှိ
Monday, December 09, 2013

တရုတ် (တိုင်ပေ) စစ်ဘက်၏ Chung-Shan သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်တွင် ရေဒါမှ ရှောင်ကွင်းနိုင်ပြီး လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တစ်မျိုးကို ထုတ်လုပ်လျက်ရှိကြောင်း Chung-Shan တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၈ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

လက်နက်များ သယ်ဆောင်နိုင်စွမ်း မရှိသော နည်းဗျူဟာမြောက် စောင့်ကြည့် ထောက်လှမ်းရေး ဆိုင်ရာ မောင်းသူမဲ့ လေယာဉ် အမျိုးမျိုးကို ထုတ်လုပ်ခဲ့သော တရုတ် (တိုင်ပေ) စစ်ဘက်ပိုင် သုတေသန ဌာန အတွက် အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် လက်နက်များ တပ်ဆင်နိုင်သော ပထမဆုံး မောင်းသူမဲ့ လေယာဉ် ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်အား ယခင်ပုံစံနှင့် ကွဲပြားခြားနားမှု ရှိစေရန် ရေဒါရှောင်ကွင်းနိုင်သော စွမ်းရည်များ ထည့်သွင်း ရေးဆွဲထားပြီး တောင်ပံကိုလည်း တိုထားကြောင်းနှင့် ဒုံးကျည်နှင့် ဗုံးများသယ် ဆောင်နိုင်သည့် လက်နက် အခန်းတစ်ခန်း ဖွဲ့စည်း တည်ဆောက်ထားကြောင်း သိရသည်။ မောင်းသူမဲ့ လေယာဉ် အသစ်များ၏ ကိုယ်ထည်ကို ရေဒါလှိုင်းစုပ် ပစ္စည်းများဖြင့် တည်ဆောက် ထားသောကြောင့် ရေဒါ ရှာဖွေမှုမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။ Taoyuan ပြည်နယ်တွင် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ပြုလုပ်သော လက်နက်ပစ္စည်း ပြပွဲများ၌ နည်းပညာနှင့် အာကာသပိုင်းဆိုင်ရာ ကဏ္ဍရပ်များတွင် မောင်းသူမဲ့လေယာဉ် အမျိုးမျိုး အပါအဝင် ခေတ်မီ ပစ္စည်းများ၊ Hsiung Feng (Brave Wind) III သင်္ဘောဖျက် ဒုံးကျည်များနှင့် Tien Kung (Sky Bow) III လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ပြသခဲ့ကြောင်း သိရသည်။

မြ၀တီ
တရုတ် (တိုင်ပေ) စစ်ဘက်၏ Chung-Shan သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်တွင် ရေဒါမှ ရှောင်ကွင်းနိုင်ပြီး လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တစ်မျိုးကို ထုတ်လုပ်လျက်ရှိကြောင်း Chung-Shan တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၈ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ယူကရိန်း ဆန္ဒပြသူများ လီနင်ရုပ်ထု ဖြိုချ

Photo: ယူကရိန်း ဆန္ဒပြသူများ လီနင်ရုပ်ထု ဖြိုချ
Monday, December 09, 2013

 ယူကရိန်းသမ္မတ Viktor Yanukovych အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ လူအုပ်ကြီးက Kyiv မြို့လယ်ရှိ ဆိုဗီယက်ပြည်ထောင်စု ထူထောင်သူ Vladimir Lenin ရဲ့ ရုပ်ထုကို ဖျက်ဆီးလိုက်ပါတယ်။

ယူကရိန်းအစိုးရက EU ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပစ်ပယ်ပြီး ရုရှားနိုင်ငံနဲ့ ကုန်သွယ်ရေးအတွက် ဆုံးဖြတ်လိုက်တဲ့ အတွက် ထောင်နဲ့ချီတဲ့လူထုက ကန့်ကွက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ Kyiv မြို့လယ် လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေစုဝေးပြီး EU နဲ့ ယူကရိန်းအလံတွေ ဝှေ့ယမ်းနေကြပါတယ်။

Mr. Yanukovych ဟာ သမ္မတတာဝန်ယူဖို့ တရားဝင်မ၀င်တော့တဲ့အတွက် ရာထူးက နုတ်ထွက်ပေးပါရန် အကျဉ်းကျနေတဲ့ ယူကရိန်း ၀န်ကြီးချုပ်ဟောင်း Yulia Tymoshenko က စာရေးသားလိုက်ပါတယ်။ အဲဒီစာကို သမီးဖြစ်သူက ဆန္ဒပြသူလူအုပ်ကြီးကို ဖတ်ပြခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင် Arsenity Yatsenyuk ကလည်း ဥရောပနိုင်ငံတွေနဲ့ ထဲထဲဝင်ဝင် ဆက်ဆံမယ် အစိုးရသစ်တရပ် ဖွဲ့စည်းဖို့ သဘောတူမယ်ဆိုရင် သမ္မတ Yanukovych နဲ့ စေ့စပ် ဆွေးနွေးမယ်လို့ ပြောပါတယ်။

ယူကရိန်းထောက်လှမ်းရေးဌာနကတော့ အတိုက်အခံခေါင်းဆောင်တွေဟာ အာဏာသိမ်းဖို့ ကြံစည်နေကြ တယ်လို့ သံသယရှိတာကြောင့် စုံစမ်း စစ်ဆေးနေပြီလို့ တနင်္ဂနွေနေ့က ကြေညာပါတယ်။

တချိန်တည်းမှာပဲ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso က Mr. Yanukovych အနေနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့နဲ့ အများပြည်သူရဲ့ လွတ်လပ်ခွင့်ကို လေးစားပါရန် တနင်္ဂနွေနေ့က တယ်လီ ဖုန်းဆက် ပြောဆိုလိုက်တယ်လို့ ဥရောပကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။ အီးယူ နိုင်ငံခြားမူဝါဒ ရေးရာ အကြီးအကဲ Catherine Ashton ဟာလည်း ယူကရိန်း အကြပ်အတည်းက လွတ်မြောက်ရေး နည်းလမ်း တွေဆွေးနွေးဖို့ Kyiv မြို့ကို ဒီသီတင်းပတ်ထဲ သွားရောက်မှာဖြစ်ပါတယ်။

VOA
ယူကရိန်းအစိုးရဆန့်ကျင်ဆန္ဒပြသူများ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ Vladimir Lenin ရဲ့ရုပ်တုကို ဖြိုချခဲ့ကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃)
ယူကရိန်းအစိုးရဆန့်ကျင်ဆန္ဒပြသူများ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ Vladimir Lenin ရဲ့ရုပ်တုကို ဖြိုချခဲ့ကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃) 
ယူကရိန်းသမ္မတ Viktor Yanukovych အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ လူအုပ်ကြီးက Kyiv မြို့လယ်ရှိ ဆိုဗီယက်ပြည်ထောင်စု ထူထောင်သူ Vladimir Lenin ရဲ့ ရုပ်ထုကို ဖျက်ဆီးလိုက်ပါတယ်။

ဆိုင်ကလုန်း မဒီကြောင့် မိုးရွာဖွယ်ရှိ

Photo: ဆိုင်ကလုန်း မဒီကြောင့် မိုးရွာဖွယ်ရှိ
Monday, December 09, 2013

 မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၅၂၀) ခန့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက်မိုင် (၂၅၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မဒီ (MADI) ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်၊ မြေလတ်ပိုင်းနှင့် အလယ်ပိုင်း ဒေသများအထိ မိုးအနည်းငယ်မှ အသင့်တင့် ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ အားကောင်း သော ဆိုင်ကလုန်း မုန်တိုင်း မဒီ (MADI) သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မြောက်ဘက်သို့ ဖြည်းညင်းစွာ ဆက်လက် ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ လက်ရှိ အခြေအနေမှာ အဝါရောင် အဆင့်သာ ရှိသော်လည်း မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေနှင့် မုန်တိုင်း အန္တရာယ်ကို ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Popular Myanmar News Journal
မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၅၂၀) ခန့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက်မိုင် (၂၅၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မဒီ (MADI) ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်၊ မြေလတ်ပိုင်းနှင့် အလယ်ပိုင်း ဒေသများအထိ မိုးအနည်းငယ်မှ အသင့်တင့် ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သတင်းထုတ်ပြန်သည်။

ကမ္ဘာ့ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည်

Photo: ကမ္ဘာ့ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည် 
Monday, December 09, 2013

ဗြိတိန်နိုင်ငံ အခြေစိုက် Charities Aid Foundation (CAF) ၏ စစ်တမ်း ကောက်ယူမှုများအရ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်း (Donating Money) တွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2013 တွင် ဖော်ပြထားချက်အရ သိရသည်။

အရွယ်ရောက်ပြီးသူ ၁၀၀ တွင် ၈၅ ဦးမှာ စစ်တမ်း မကောက်ယူမီ တစ်လအတွင်း လူမှုရေး၊ ဘာသာရေးအဖွဲ့ တစ်ခုခုသို့ ငွေကြေး လှူဒါန်းဖူးသူများ ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများမှာ ကမ္ဘာ့ အလှူပေးဆုံး စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ၇၆ ဦးဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေကြောင်း အဆိုပါ စာရင်းတွင် ဖော်ပြထားသည်။

အလှူပေးမှုမှာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းနှင့်များစွာ မသက်ဆိုင်ဟု မြန်မာက သတိပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ အရက်ရောဆုံး နိုင်ငံသားစာရင်း ထိပ်ဆုံး ဆယ်နိုင်ငံတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သည့် G20 စာရင်းဝင် နှစ်နိုင်ငံသာ ပါဝင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ထောက်ပြထားသည်။

တစ်လအတွင်း ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်း တစ်ခုခုသို့ ငွေကြေး လှူဒါန်းမှု၊ အဆိုပါ အဖွဲ့တစ်ခုခုသို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်အားပေးမှုနှင့် အကူအညီ လိုအပ်နေသူ မျက်နှာစိမ်း တစ်ဦးကို အကူအညီ ပေးမှုစသည့် အချက်သုံးချက်အပေါ် အဓိက တိုင်းတာသည့် ကမ္ဘာ့ ပေးလှူမှု စာရင်း (World Giving Index) တွင်မူ အမေရိကန် ပြည်ထောင်စုက ပထမဆုံး ဖြစ်ပြီး မြန်မာနိုင်ငံကမူ ကနေဒါ၊ နယူးဇီလန် နိုင်ငံတို့နှင့် ဒုတိယနေရာ၌ ပူးတွဲ ရပ်တည်နေကြောင်း CAF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများ အနေနှင့် ယင်းသို့ ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားအဖြစ် သတ်မှတ်ခံရခြင်းမှာ ပေးလှူ လိုသော စေတနာ သဒ္ဓါတရား အားကောင်းသည့် လူမျိုးများ ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ်တွင် ပညာသင်ယူနေသည့် မြန်မာရဟန်းတော် အရှင်ဓမ္မပိယက မိန့်ကြားသည်။
“အကျိုးဖြစ်ထွန်းမှုကတော့ ပေးလှူသူရဲ့စေတနာ၊ ပေးလှူတဲ့နေရာ အပေါ်မှာ မူတည်လိမ့်မယ်” ဟု အရှင်ဓမ္မပိယက ရှင်းပြသည်။

အကူအညီလိုသူ မျက်နှာစိမ်းကို အကူအညီပေးမှု ထိပ်ဆုံးစာရင်းတွင် အမေရိကန် ပြည်ထောင်စုက ၇၇ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး လူမှု အဖွဲ့အစည်းများတွင် လုပ်အားပါဝင်မှု ထိပ်ဆုံးစာရင်း၌ တာ့ခ်မင်နစ္စတန် နိုင်ငံက ၅၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။

ကမ္ဘာ့ နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို ထည့်သွင်း ကောက်ယူသည့် အဆိုပါ World Giving Index စာရင်းတွင် ၂၀၀၆ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး ပြန်လည် ထည့်သွင်း ကောက်ယူခြင်း ဖြစ်ပြီး နိုင်ငံအလိုက် စာရင်းတွင် ဒုတိယနေရာ၌ ပထမဆုံး ဖော်ပြခံရခြင်း ဖြစ်သည်။

The Voice Weekly
ဗြိတိန်နိုင်ငံ အခြေစိုက် Charities Aid Foundation (CAF) ၏ စစ်တမ်း ကောက်ယူမှုများအရ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်း (Donating Money) တွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2013 တွင် ဖော်ပြထားချက် အရ သိရသည်။

ရန်ကုန်မြို့တော်ရှိ မြို့နယ် ၁၈ ခု မြို့ပြ မြေအသုံးချမှုဇုန်အဖြစ် သတ်မှတ်


Photo: ရန်ကုန်မြို့တော်ရှိ မြို့နယ် ၁၈ ခု မြို့ပြ မြေအသုံးချမှုဇုန်အဖြစ် သတ်မှတ် 
Monday, December 09, 2013

မြေအသုံးချမှုအပေါ် ကန့်သတ်ခြင်း အားပေးခြင်းများ လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်ကို မြို့ပြ မြေအသုံးချမှု ဇုန်များအဖြစ် နိုဝင်ဘာလကုန်က စတင် သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇုန်သတ်မှတ်မှုများကို ၂၀၁၃ ခုနှစ် ဇွန်လက စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလကုန်တွင် မြို့နယ် ၁၈ခု သတ်မှတ်နိုင်ခဲ့ပြီး ၎င်းတို့မှာ အင်းစိန်၊ အလုံ၊ ဗဟန်း၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်၊ တာမွေ၊ ရန်ကင်းမြို့နယ်တို့ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။

မြေအသုံးချမှုနှင့် ပတ်သက်၍ မြေ အသုံးချမှုဇုန်များ သတ်မှတ်ရန် ကော်မတီ ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ပြီး မြို့နယ်တစ်ခုစီ၏ မြေအသုံးချမှုအပေါ် ကန့်သတ်ခြင်း၊ အားပေးခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ပညာရှင်များ၊ ပြည်သူ့ ဆောက်လုပ်ရေး၊ နည်းပညာ တက္ကသိုလ်၊ ရှေးဟောင်း အမွေအနှစ် ပညာရှင်၊ ဗိသုကာ အသင်းနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအသင်း (JICA) တို့ ပူးပေါင်း၍ ဇုန်များ ခွဲခြားရေး စီမံကိန်း ရေးဆွဲပြီးဖြစ်ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပညာရှင်များ၊ မြေရှင်များကို ခေါ်ယူကာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားရန် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က နိုဝင်ဘာလကုန်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် ပြုလုပ်သော ဆိပ်ကမ်းများ တိုးချဲ့ ဆောက်လုပ်နေမှု ရှင်းလင်း တင်ပြသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြို့ပြ မြေအသုံးချမှုဇုန်နှင့် ပတ်သက်၍ JICA အဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်နေသည့် Greater Yangon စီမံကိန်းတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ကမ်းဧရိယာ အတွင်းရှိ ပန်းဆိုးတန်း ကမ်းနားဒေသကို စိမ်းလန်းမြေ အဖြစ်သာ ထားရှိရန်နှင့် အများနှင့် သက်ဆိုင်သော အဆောက် အအုံကို နှစ်ထပ်အထက် မပိုစေဘဲ ဆောက်လုပ်ရန် စသဖြင့် ကန့်သတ်ထားသော အထပ်မြင့် ဆောက်လုပ်ခွင့် မရှိသော ဧရိယာအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က သတ်မှတ်ထားကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က တရားဝင် ကြေညာခဲ့သည်။

The Voice Weekly
မြေအသုံးချမှုအပေါ် ကန့်သတ်ခြင်း အားပေးခြင်းများ လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်ကို မြို့ပြ မြေအသုံးချမှု ဇုန်များအဖြစ် နိုဝင်ဘာလကုန်က စတင် သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စနိုဒင်အား ရုရှားသို့ ခိုလှုံခွင့်ရရန် ကူညီပေးသူအကြောင်း မေလ်း

Photo: စနိုဒင်အား ရုရှားသို့ ခိုလှုံခွင့်ရရန် ကူညီပေးသူအကြောင်း မေလ်း 
Monday, December 09, 2013

ဒီဇင်ဘာ ၈ရက် မေးလ်အွန်လိုင်း ဝက်ဘ် ဆိုက်မှ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ ကန်ထရိုက် တာဟောင်း စနိုဒင်အား ရုရှား တွင် နိုင်ငံရေးခိုလှုံခွင့်ရသည်အ ထိ လိုက်ပါကူညီခဲ့သူ အကြောင်း ကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်ကို ဖော်ထုတ်ခဲ့ပြီးနောက် ထွက်ပြေး တိမ်းရှောင်ခဲ့သော စနိုဒင်ကို ရုရှားနိုင်ငံသို့ ရောက်အောင်ပို့ ဆောင်ပေးခဲ့သူမှာ ဝီကီလိစ်ဂျာ နယ်လစ်တစ်ဦးဖြစ် သူ မစ္စဆာ ရာ ဟာရစ်ဆန်ဖြစ်သည်ဟု သိရ သည်။

အသက်၃၁နှစ်အရွယ်ရှိ ပြီး ဝီကီလိစ်ပိုင်ရှင် ဂျူလီယန် အက်ဆန့်ခ်ျ၏ ချစ်သူဟောင်း အဖြစ် သတင်းထွက်ပေါ်ခဲ့သော မစ္စဟာရစ်ဆန်သည် စနိုဒင်ကို ဟောင်ကောင်၌ သွားရောက်တွေ့ ဆုံခဲ့ပြီး အီကွေဒေါနှင့် မော်စကို ခရီးစဉ်များကို အတူတကွခရီး ဆက်ခဲ့သည်ဟု သိရသည်။

ရုရှားသို့ရောက်ရှိချိန်တွင် အမေရိကန်က စနိုဒင်၏ ပတ်စ် ပို့စ်ကို တရားမဝင်ရုပ်သိမ်းခဲ့ပြီး မစ္စဟာရစ်ဆန်သည် စနိုဒင်၏ နိုင်ငံရေးခိုလှုံခွင့်အတွက် နိုင်ငံ ပေါင်း ၂၁နိုင်ငံသို့ နိုင်ငံရေးခိုလှုံ ခွင့်လျှောက်ထားပေးခဲ့သည်ဟု သိရသည်။ နိုင်ငံရေးခိုလှုံခွင့်ရရှိ ရန် မျှော်လင့်ထားခြင်းမရှိဘဲ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာအစိုးရများ၏ တုံ့ပြန်မှုကို စမ်းသပ်ချက်တစ်ခုအဖြစ် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံအနည်း ငယ်သာ စနိုဒင်ဘက်မှ ရပ်တည်ခဲ့သည် ဟု မစ္စဟာရစ်ဆန်က ဆိုသည်။

ထို့နောက် စနိုဒင်နှင့် မစ္စ ဟာရစ်ဆန်တို့သည် ရုရှားလေ ဆိပ်တွင် ရက်ပေါင်းလေးဆယ် ခန့် ဘာကာနှင့်ပီဇာများစားကာ ရုရှားနိုင်ငံက ခိုလှုံခွင့်ပေးခဲ့သည် အထိ နေထိုင်ခဲ့ရကြောင်းနှင့် ၎င်းတို့ လေဆိပ်၌ပိတ်မိနေစဉ် အင်တာနက် အဆက်အသွယ် ရရှိခဲ့ပြီး ၎င်းတို့နှင့်ဆက်စပ်ဖြစ် ပေါ်လာသော သတင်းများကို စောင့်ကြည့်ခဲ့ ရကြောင်း ပြော ကြားခဲ့သည်ဟု သိရသည်။

ဇွန်လ တွင် ဟောင်ကောင်မှ ရုရှားသို့ ခရီးစဉ်ပြီးနောက် ပထမဆုံးအ ကြိမ်ပြုလုပ်ခဲ့သော အင်တာဗျူး တွင် မစ္စဟာရစ်ဆန်သည် မိမိအ နေဖြင့် အမေရိကန်နှင့်ဗြိတိန်မှ အလိုရှိနေသူတစ်ဦးဖြစ်ကြောင်း ဟာသနှော ကာပြောဆိုခဲ့ပြီး ယခု အခါတွင် ဂျာမနီရှိ ဘာလင် တွင် နေထိုင်နေကြောင်း သိရှိရသည်။

မစ္စဟာရစ်ဆန်သည် စနို ဒင်အား ကူညီခဲ့သည့်အတွက် ရင် ဆိုင်ရမည့်ပြဿနာများကို ကြို တင်သိသည့်တိုင် ယခုလုပ်ဆောင် ခဲ့သည့်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မေးလ် အွန်လိုင်းဝက်ဘ်ဆိုက်တွင် ရေးသား ဖော်ပြထားသည်။

Ref: Mail Online
Yangon Media Group
ဒီဇင်ဘာ ၈ရက် မေးလ်အွန်လိုင်း ဝက်ဘ် ဆိုက်မှ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ ကန်ထရိုက် တာဟောင်း စနိုဒင်အား ရုရှား တွင် နိုင်ငံရေးခိုလှုံခွင့်ရသည်အ ထိ လိုက်ပါကူညီခဲ့သူ အကြောင်း ကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို

Photo: ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို 
Monday, December 09, 2013

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်းဒေသကြီး အချို့၌ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟုသံသယရှိခံရသူ နေတိုး(ခ)စောရွှေထူးမှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။

ကြေးနန်းရိုက် နေတိုး(ခ)စောရွှေထူးသည် မြန်မာနိုင်ငံကေအင်န်ယူ၏ ထိန်းချုပ်နယ် မြေအတွင်း၌ ရှိနေပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးမှုကို လာရောက်ခံယူရန်အတွက် ကြေးနန်းရိုက်ကာခေါ်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

" စုံစမ်းစစ်ဆေးရေးကော်မရှင်က နာမည်ထွက်နေတဲ့ နေတိုးရှိတဲ့နေရာကို သိထားပြီးပါပြီ။ သူက ကေအင်န်ယူနယ် မြေအတွင်းမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒါက မြန်မာနိုင်ငံထဲမှာပါပဲ။ ကော်မရှင်မှာလာရောက်ပြီးတော့
အစစ်ဆေးခံဖို့လည်း ကြေးနန်းရိုက်ခေါ်သွားမှာပါ " ဟု ၎င်းက ပြောသည်။
သို့သော် တရားခံဟု သံသယရှိသူအားမဖမ်းဆီးဘဲ လာရောက်စစ်ဆေး ရန်အတွက် မည်သည့်အတွက်ကြောင့် ကြေးနန်းဖြင့် ဖိတ်ခေါ်ရသည့် အကြောင်းရင်းကိုမူ ၎င်းကထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဗုံးပေါက်ကွဲမှုများကို စေခိုင်းသည်ဟု သံသယရှိခံရသူ နေတိုး(ခ)စောရွှေ ထူးသည် ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)၏ အောက်ခြေအဆင့်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် ကေအင်န်ယူ အနေဖြင့် အောက်တိုဘာ ၂၅ ရက်က ဗဟိုကော်မတီအစည်း အဝေးခေါ်ယူကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုဖွဲ့စည်းခဲ့ပြီး သံသယရှိသူကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စုံစမ်းမှုများကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မပူးပေါင်းဘဲ သီးသန့်စုံစမ်းကာ ဆောင်ရွက်ခဲ့ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

နေတိုး(ခ)စောရွှေထူးရှိနေသည့် နေရာနှင့် စစ်ဆေးသွားမည့်အကြောင်း အရာများမှရရှိလာမည့် အချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း ရန်ကုန်မြို့နှင့် တိုင်းဒေသကြီး အချို့၌ ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး နိုင်ငံခြားသူတစ်ဦး အပါအ၀င် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန် ခဲ့သည်။

ရဲမွန်
စံတော်ချိန် နေ့စဉ်သတင်းစာ
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်းဒေသကြီးအချို့၌ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲ မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟုသံသယရှိခံရသူ နေတိုး (ခ)စောရွှေ ထူး မှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်း အရုံး (ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူ ဗဟိုကော် မတီဝင် ဖဒို မန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။

သစ်လုံးတင်ယာဉ်က ရပ်ထားသော ယာဉ်ကိုဝင်တိုက်၊ ယာဉ်မောင်းသေဆုံး

Photo: သစ်လုံးတင်ယာဉ်က ရပ်ထားသော ယာဉ်ကိုဝင်တိုက်၊ ယာဉ်မောင်းသေဆုံး
Monday, December 09, 2013

ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၂ အုတ်တွင်းမြို့နယ် အိုးဘိုကုန်း ကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီခန့်က ယာဉ်ပျက်၍ ရပ်တန့်ထားသော ဝါးတင်ဆောင်သည့် ဟီးနိုး ခြောက်ဘီးယာဉ်ကို ၂၂ ဘီးသစ်လုံး တင်ယာဉ်က ဝင်တိုက်မိသဖြင့် သစ်လုံးတင်ယာဉ်မှ အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးခဲ့ကာ ယင်းယာဉ်ပေါ်မှ ယာဉ်နောက်လိုက်နှင့် ဝါးသယ်ယာဉ်ပေါ်မှ ယာဉ်မောင်း အပါအဝင် လူငါးဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ယာဉ်မောင်း ထိန်လင်းအောင် မောင်းနှင်လာသော ၂၂ ဘီး သစ်လုံတင် ယာဉ်သည် မျက်နှာချင်းဆိုင် မီးကြီးထိုးကာ မောင်းနှင် လာသော ကုန်တင်ယာဉ် တစ်စီးကို ရှောင်တိမ်း ရာမှ ရပ်တန့်ထားသော ဝါးတင်ယာဉ်ကို အရှိန်လွန်ပြီး ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ညောင်ခြေထောက် နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဦးကိုလေးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာနှင့် ကိုက် ၃၀ ခန့်အကွာတွင် နေထိုင်သူ ဒေါ်စန္ဒာက “ဝုန်းခနဲ အသံကြားလို့ ထွက်ကြည့်တော့ ဝါးကားက ကျွန်မအိမ်ရှေ့က ရေမြောင်းထဲမှာ မှောက်နေပြီ” ဟု ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၂၂ ဘီးယာဉ်ကို မောင်းနှင်သူ ကိုထိန်လင်းအောင် ပဲနွယ်ကုန်းမြို့ နေသူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အဆိုပါယာဉ်မှ ယာဉ်နောက်လိုက် ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဦးဖိုးဇော်မှာ ခြေသလုံးကျိုးကြေ ဒဏ်ရာများနှင့် ယာဉ်ခေါင်းခန်းတွင် ပိတ်မိနေရာမှ နံနက် ၁၀ နာရီခွဲခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထုတ်ယူနိုင်ခဲ့ပြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရကြောင်း၊ အခြားဒဏ်ရာရသူ လူလေးဦးမှာ သာမန် ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာတွင် သွားရောက် ကယ်ဆယ်ရေး လုပ်ကိုင်ပေးခဲ့သူ အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက် မီးသတ်ဦးစီးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

ဖြူးမြို့နယ် ညောင်ခြေထောက် နယ်မြေရဲစခန်းမှ ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကိုထိန်လင်းအောင် ပဲနွယ်ကုန်းမြို့ သီရိမင်္ဂလာ (၄) လမ်းနေသူကို ယာဉ် (ပ) ၁၄/၁၃ ပြစ်မှုပုဒ်မ ၃၀၄ (က)/ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။

The Voice Weekly
ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၂ အုတ်တွင်းမြို့နယ် အိုးဘိုကုန်း ကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီခန့်က ယာဉ်ပျက်၍ ရပ်တန့်ထားသော ဝါးတင်ဆောင်သည့် ဟီးနိုး ခြောက်ဘီးယာဉ်ကို ၂၂ ဘီးသစ်လုံး တင်ယာဉ်က ဝင်တိုက်မိသဖြင့် သစ်လုံးတင်ယာဉ်မှ အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးခဲ့ကာ ယင်းယာဉ်ပေါ်မှ ယာဉ်နောက်လိုက်နှင့် ဝါးသယ်ယာဉ်ပေါ်မှ ယာဉ်မောင်း အပါအဝင် လူငါးဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။

GREAT WELL ဖိနပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ

Photo: GREAT WELL ဖိနပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ 
Monday, December 09, 2013

နိုင်ငံခြား သားလုပ်ငန်းရှင်မှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်းများကို မပြုလုပ် ဘဲခိုင်းစေပေးရန်နှင့် နေ့ စဉ်ကြေးများတိုးမြှင့်ပေးရန် စ သည့်လုပ်ငန်းခွင် အခွင့်အရေး များရရှိရန်အတွက် GREAT WELL ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝကျော်မှ အချက်၁၂ချက်ကို ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၆ရက်တွင် လှိုင် သာယာမြို့နယ် ရွှေလင်ပန်းစက် မှုဇုန်အတွင်းရှိ (GREAT WELL) ဖိနပ်စက်ရုံတွင် အလုပ်သ မား ၆ဝဝကျော်သည် လုပ်ငန်း ခွင်အတွင်းရရှိသည့်၊ ရရှိမည့်ရက် မှန်ကြေးကို ယခင် ကျပ် ၇၀၀၀ မှ ကျပ် ၂ဝဝဝတိုးမြှင့်ကာ ကျပ် ၉ဝဝဝသတ်မှတ်ပေးရန်၊ နိုင်ငံ ခြားသားများမှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော် ဟစ်ဆဲဆိုကြိမ်းမောင်းခြင်းကို မပြုလုပ်ဘဲခိုင်းစေပေးရန်၊ အ လုပ်ဆင်းအလုပ်ပြန် ဖယ်ရီကား များမစီစဉ်ပေးခြင်းကြောင့် ယခင် လမ်းစရိတ်နှုန်းထား ၄ဝဝမှ ယခု ၄ဝဝထပ်မံတိုးမြှင့်ပေးရန်၊ စက် ရုံတွင်း သောက်သုံးရေ ရေသန့် ဘူးစီစဉ်ပေးရန်တို့ကို တောင်းဆို ခဲ့ကြောင်းသိရသည်။

ထို့အပြင် အစိုးရရုံးပိတ် ရက်တွင် ပုံမှန်ပိတ်ရက်ပေးရန်နှင့် စက်ရုံ၏ လုပ်ငန်းလိုအပ်ချက် ကြောင့် အရေးတကြီးခေါ်ပါက လုပ်ခကို လက်ငင်းရှင်းလင်းပေး ရန်၊ အစိုးရရုံးပိတ်ရက်များတွင် အလုပ်ခေါ်ခြင်းကို အလုပ်သမား များမှပျက်ကွက် ပါက လည်း မည် သည့်အပြစ်မျိုးမှမပေးရန်၊ နှစ် စဉ်ကြေး ယခင် ကျပ် ၃ဝဝဝမှ ယခု ကျပ်၂ဝဝဝတိုး၍ ကျပ် ၅ဝဝဝပေးရန်၊ လစာထုတ်သည့် ရက်များတွင် မည်သည့်အကြောင်း ပြချက်နှင့်မှ အချိန်ပိုမခေါ်ရန်၊ တစ်နှစ်လျှင် နှစ်ကြိမ်လစာတိုး ပေးရန်၊ စနေနေ့တွင် ၁၁နာရီ ခွဲနောက်ပိုင်းအချိန်ပိုခေါ်ရာ တွင် အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြန်သည့်အလုပ်သမား များကို ရက်မှန်ကြေးမှမဖြတ် ရန်၊ နေ့စဉ်ကြေး ယခင် တစ်နာရီ ကျပ် ၁၂ဝမှ ၃ဝတိုးပေး၍ တစ် နာရီ ကျပ် ၁၅ဝပေးရန်၊ အချိန် ပိုကြေး ယခင် ၂၆၂ ကျပ်မှ ၃၈ ကျပ်တိုး၍ ၃ဝဝပေးရန်၊ အချက် ၁၂ချက်ကို အလုပ်သမားများမှ တောင်းဆိုခဲ့ကြောင်း အလုပ်သ မားများက ပြောသည်။

အဆိုပါစက်ရုံ၏ အခြေခံ အလုပ်သမား ဦးမျိုးဇော်ဦးက ''ကျွန်တော်တို့အလုပ်သမားတွေ  တောင်းထားတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဒီနေ့မနက် အလုပ် ရှင်နဲ့ဝင်ညှိခဲ့ပါတယ်။ အလုပ်ရှင် က သုံးခုလောက်ပဲလိုက်လျောပြီး ငွေကြေးနှုန်းထားနဲ့ပတ်သက် တဲ့အပိုင်းတွေကို လုံးဝမညှိနှိုင်း ပေးတဲ့အတွက် အခုလိုဆန္ဒပြရ တာပါ''ဟု ပြောသည်။ စက်ရုံမှအိမ်သို့ပြန်ရာတွင် ဖယ်ရီကားမစီစဉ်ပေးသည့်အ တွက် အချိန်ပိုဆင်း၍ ပြန်ရ ချိန် နောက်ကျသည့်အတွက် အလုပ် မှ သတ်မှတ်ပေးသည့် ကားခနှုန်း ထားသည် လုံးဝလောက်ငှခြင်းမ ရှိကြောင်း၊ စက်ရုံတွင် သောက်သုံး ရေမထားရှိပေးသည့်အတွက် သောက်သုံးရေထားရှိပေးရန် တောင်းဆိုခဲ့ကြောင်း ယင်းမှ ဆက်လက်ပြောသည်။

ဇာခြည်လှိုင်
Yangon Media Group
နိုင်ငံခြား သားလုပ်ငန်းရှင်မှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်းများကို မပြုလုပ် ဘဲခိုင်းစေပေးရန်နှင့် နေ့ စဉ်ကြေးများတိုးမြှင့်ပေးရန် စ သည့်လုပ်ငန်းခွင် အခွင့်အရေး များရရှိရန်အတွက် GREAT WELL ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝကျော်မှ အချက်၁၂ချက်ကို ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းလာသော ဓာတ်မြေသြဇာများ အရောအနှောရှိသဖြင့် စစ်ဆေးမည်

Photo: ပြည်ပမှ တင်သွင်းလာသော ဓာတ်မြေသြဇာများ အရောအနှောရှိသဖြင့် စစ်ဆေးမည်
Monday, December 09, 2013

 ပြည်ပမှ တင်သွင်းသော ဓာတ်မြေဩဇာများ တွင် အရောအနှောများ ရောင်းချ နေခြင်းကြောင့် စစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ဈေးကွက်အတွင်းရှိ ဓာတ်မြေဩဇာများမှာ အရည်အ သွေး သတ်မှတ်ချက်များရှိသော် လည်း ဈေးကွက်အတွင်းပြန်လည် ရောင်းချပါက အရောအနှောများ ဖြင့် ရောင်းချလျက်ရပြီး ပြည်ပမှ တင်သွင်းသည့် ဓာတ်မြေဩဇာ များနှင့် ပြည်တွင်းထုတ်လုပ်သည့် ဓာတ်မြေဩဇာများ မှာ ဖော်ပြ ထားသည့် သတ်မှတ်ချက်များအ ပါအဝင် ကွန်ပေါင်းပါ ဝင်နှုန်းများ နှင့်အညီ တင်သွင်းခွင့်များ ပေး ထား သော်လည်း ဈေး ကွက်ထဲရောက် ရှိသွားသည့် ဓာတ်မြေဩဇာများ မှာ ရောနှော၍ ရောင်း ချခြင်းများ ကြောင့် တောင်သူလယ်သမားများ အတွက် ထိခိုက်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံမြေဩဇာမှတ်ပုံတင် ရေးလုပ်ငန်းကော်မတီမှ ဓာတ်ခွဲ ခန်းတာဝန်ခံ ဒေါ်ခင်ဝင်းမာက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ တင် သွင်းရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှာ ၁၀၀ရခုရှိပြီး ပြည် တွင်းမြေဩဇာထုတ်လုပ်သည့် ကုမ္ပဏီမှာ ၃၂၃ခုရှိကာ ပြည်တွင်း မှ ပြည်ပသို့တင်ပို့သည့်ကုမ္ပဏီတစ် ခုသာရှိကြောင်း လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများအရ သိရသည်။

လက်ရှိ ပြည်တွင်းသို့ နယ်စပ် မှဝင်ရောက်နေသော ဓာတ်မြေ ဩဇာ၊ ပိုးသတ်ဆေးများ ပိုမိုများ ပြားပြီး စစ်ဆေးမှုများအား နယ် စပ်ဂိတ်များတွင် ပိုမိုပြုလုပ်နေပြီး မြန်မာနိုင်ငံအတွင်း ဖြန့်ချိမည့် ဓာတ်မြေဩဇာများအား တင်သွင်း သည့်ကုမ္ပဏီများ၊ တိုင်းနှင့်ပြည် နယ်များ၏ အမှတ်အသားများ၊ NPK ပါဝင်မှုနှုန်းများကို တည့် သွင်းဖော်ပြ၍ ရောင်းချခွင့်ပေး ထားကြောင်း ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်သူများ မသုံးသင့် သည့် ဓာတ်မြေဩဇာများသုံးခြင်း ဖြင့် ထွက်နှုန်း များ ကျဆင်းခြင်း များ လယ်ယာပျက်စီးခြင်း များ ကြောင့် တောင် သူများနှင့် ပြည် တွင်းစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုများရှိနိုင်သောကြောင့် စစ်ဆေးမှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။

မို့မို့သန္တာ
Yangon Media Group
 ပြည်ပမှ တင်သွင်းသော ဓာတ်မြေဩဇာများတွင် အရောအနှောများ ရောင်းချ နေခြင်းကြောင့် စစ်ဆေး မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

အချုပ်ခန်းတွင်း သေဆုံးခဲ့ရမှု ပြန်လည် စစ်ဆေးရန် တိုင်းတရားလွှတ်တော် အမိန့်ချ

ပန်းတောင်းမြို့နယ် စံပြရဲတပ်ဖွဲ့စခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားစဉ် ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ဦးသန်းထွန်း၏ သေမှုသေခင်း ဖြစ်စဉ် အတွက် မြို့နယ်တရားရုံးက ချမှတ်ခဲ့သည့် အမိန့်ကို ပယ်ဖျက် ၍ ပြန်လည် စစ်ဆေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သေဆုံးသူ ဦးသန်းထွန်း၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

ကွတ်ခိုင်၌ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ က ပြောကြားသည်။

က​ရင်​ပြည်​နယ်​တွင် ​သစ်​တော​များ ​မ​ရှိ​တော့​ဟု​ဆို

Photo: ကရင်ပြည်နယ်တွင် သစ်တောများ မရှိတော့ဟုဆို
Monday, December 09, 2013

အလွန်အကျွံ ခုတ်လှဲရောင်းစားခဲ့မှုတွေကြောင့် ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အကြား ၁၀ နှစ်အတွင်း ကရင်ပြည်နယ်မှာ သစ်တောတွေ မကျန်တော့သလောက် ပြုန်းတီးကုန်ကြောင်း ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး စောဆာလောလာက ပြောပါ တယ်။

Timberလွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကရင်ပြည်နယ်မှာ ကေအန်ယူနဲ့ ဒီကေဘီအေအဖွဲ့တွေက သစ်ကို အလွန်အကျွံ ထုတ်လုပ်ခဲ့ကြောင်း၊ အစိုးရနဲ့ စစ်တပ်ကလည်း ထိန်းသိမ်းနိုင်စွမ်း မရှိကြောင်း၊ ဒီအတွက် သစ်တော အလွန်အကျွံ ပြုန်းတီးကုန်ကြောင်း သူက ပြောပါတယ်။

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ က အမျိုးသားလွှတ်တော်အမတ် စောအောင်ကျော်နိုင်ကလည်း ၀ိသမလောဘသားတွေကြောင့် သစ်တောတွေ မရှိတော့ကြောင်း ဘားအံမြို့မှာ ကျင်းပတဲ့ အစိမ်းရောင်ကွန်ရက် မျိုးဆက်သစ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါသေးတယ်။

By ဒီဗွီဘီ
အ​လွန်​အ​ကျွံ ​ခုတ်​လှဲ​ရောင်း​စား​ခဲ့​မှု​တွေ​ကြောင့် ၂၀၀၁ ​ခု​နှစ်​က​နေ ၂၀၁၀ ​ခု​နှစ်​အ​ကြား ၁၀ ​နှစ်​အ​တွင်း ​က​ရင်​ပြည်​နယ်​မှာ ​သစ်​တော​တွေ ​မ​ကျန်​တော့​သ​လောက် ​ပြုန်း​တီး​ကုန်​ကြောင်း ​က​ရင်​ပြည်​နယ်​အ​စိုး​ရ ​အ​ဖွဲ့​၀င် ​သစ်​တော​နဲ့ ​သ​တ္တု​တွင်း​၀န်​ကြီး ​စော​ဆာ​လော​လာ​က ​ပြော​ပါ ​တယ်။

မျိုးမအောင်သော အမျိုးသားတွေအတွက် သတင်းကောင်းတစ်ခု

Photo: မျိုးမအောင်သော အမျိုးသားတွေအတွက် သတင်းကောင်းတစ်ခု
Monday, December 09, 2013

မျိုးမအောင်သော အမျိုးသားများအနေဖြင့် ဖန်ပြွန်သန္ဓေသား နည်းပညာကို အသုံးပြုခြင်းအားဖြင့် ကလေးရနိုင်မရနိုင်ကို သိရှိရန် ခွဲစိတ်စရာမလိုဘဲ သိနိုင်မည့် နည်းပညာတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ယင်းနည်းပညာအား Toronto ရှိ Mount Sinai Hospital မှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်တွေ့ရှိခဲ့ ခြင်းဖြစ် သည်။ ယင်းမှာ သုက်ပိုးထဲ ၌ ECM နှင့် TEX10 ၊ ပရိုတင်း နှစ်မျိုးအား ရှာဖွေခြင်းဖြစ်သည်။ ယင်းပရိုတင်း နှစ်မျိုးမှာ ရှာဖွေရ လည်း လွယ်ကူပြီး ဆက်လက်ကုသမှုများအားလည်း လျင်မြန်စွာလုပ်ဆောင်နိုင်ကြောင်း သိရသည်။ လက်ရှိသုက်ပိုးလုံးဝမရှိသောမျိုး မအောင်သော အမျိုးသားများအား ကုသရာ၌ ခွဲစိတ်၍ ရှင်သန်နိုင်သော သုက်ပိုးထုတ်ခြင်း သို့မဟုတ် အလှူရှင်ထံမှ သုက်ပိုးယူခြင်းတို့ဖြင့် ကုသလျက်ရှိသည်။ ဦးဆောင်သူ အဖွဲ့ခေါင်းဆောင် Dr.keith Jarvi က လူနာများအနေဖြင့် ယခုကဲ့သို့ သုက်ပိုးမှ ပရိုတင်းနှစ် မျိုးအား စစ်ခြင်းအားဖြင့် ခွဲစိတ်၍ ကုသခြင်းမှ ရရှိနိုင်သည့် အချက်အလက်များ အားလုံးရနိုင်သည့်အတွက် ပိုမိုအဆင်ပြေသွားသည်ဟု ပြောကြားခဲ့သည်။ 

မိုင်ကိ
ref:Netdoctor.co.uk
By Health Updates
မျိုးမအောင်သော အမျိုးသားများအနေဖြင့် ဖန်ပြွန်သန္ဓေသား နည်းပညာကို အသုံးပြုခြင်းအားဖြင့် ကလေး ရနိုင် မရနိုင်ကို သိရှိရန် ခွဲစိတ်စရာမလိုဘဲ သိနိုင်မည့် နည်းပညာတစ်ခုကို တွေ့ရှိခဲ့ကြသည်။

ချစ်သူ စွဲမက်စေမဲ့ မနံတော့တဲ့ ပျိုမေဖြစ်ဖို့

Photo: ချစ်သူ စွဲမက်စေမဲ့ မနံတော့တဲ့ ပျိုမေဖြစ်ဖို့
Monday, December 09, 2013

ချွေးတိတ်ဆေး (antiperspirants)
ချွေးနံ့ပျောက်ဆေး (deodorants) များဟာ ချွေးနံ့နည်းစေဖို့သာ အဓိကလုပ်ဆောင်နိုင်တာကြောင့် ချွေးထွက် နည်းစေလိုတဲ့အခါ ချွေး တိတ်ဆေး ( antiperspirants) တွေ သုံးဖို့လိုပါတယ်။ ချွေးထွက်စေတဲ့ ပြွန်ငယ်တွေကို ပိတ်ဆို့ခြင်းဖြင့် ချွေး အထွက်နည်းစေတဲ့ လိမ်းဆေးတွေကို အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီး သုံးစွဲနိုင်ပါတယ်။

အ၀တ်အထည်
ချည်ထည်၊သိုးမွေးထည်၊ လျှော်၊ ပိုးထည် စသည့် သဘာဝအထည်များ ကို ဦးစားပေးဝတ်ဆင်ပါ။ သဘာဝမ ဟုတ်ဘဲ ဖန်တီးထားသည့် အထည် များသည် လေ၀င်လေထွက်ကောင်းမွန်ခြင်းမရှိဘဲ ချွေးပို ထွက်စေသည်။ ရေချိုးအပြီး ဆံပင်အခြောက်ခံစက် (dryer) သုံးပါက လေအေးကိုသာ အသုံးပြုပါ။

အစားအစာ
ရေနွေးနှင့်ပူပြင်းသည့် အစား အစာများ သည် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေသည့်အတွက် ချွေးထွက် လွန်သူများရှောင်သင့်သည်။ ကဖင်း ဓါတ်ပါသည့် ကော်ဖီ၊ ချောကလက် များ၊ ပူစပ်သည့် ငရုတ်သီး၊ ငရုတ် ကောင်း စသည်တို့သည်လည်း ချွေး ထွက်လွန်စေသည်။ ရေဆာသည် နှင့် ရေသောက်ဖြစ်အောင် ဂရုစိုက် ပါ။ ရေဓါတ်ပြည့်ဝနေခြင်းသည် လည်း ခန္ဓာကိုယ်အပူချိန်ကို အေးမြ စေရန်ထိန်းထားနိုင်သည်။
 
 
ခွဲစိတ်ခြင်း
ဘ၀အရည်အသွေး (Quality of Life) ထိခိုက်စေလောက်အောင် ချွေးထွက်လွန်သူများကို ခွဲစိတ် ကုသနိုင်ပြီး ခွဲစိတ်ထားသည့်နေရာ များတွင် တစ်သက်လုံး ချွေးမထွက် နိုင်တော့ပေ။ ခွဲစိတ်မှုပြုလုပ် လေ့ရှိသည့်နေရာများမှာ ချိုင်းကြား၊ လည် ကုတ်နှင့် တင်ပါးဆုံတို့ဖြစ်ကြသည်။ ရင်ခေါင်းတွင်း မှန်ပြောင်း အသုံး ပြုခွဲစိတ်ခြင်း  ( Endoscopic Thoracic Surgery – ETS) ဖြင့် ချွေး ထွက်ခြင်းကို ထိန်းချုပ် ထားသော ရင်ခေါင်းတွင်းရှိ နဗ်ကြောများကို ဖြတ်တောက်ကုသနိုင်သည်။

သီဟ
Source:RD
By Health Updates
ချွေးတိတ်ဆေး (antiperspirants)
ချွေးနံ့ပျောက်ဆေး (deodorants) များဟာ ချွေးနံ့နည်းစေဖို့သာ အဓိကလုပ်ဆောင်နိုင်တာကြောင့် ချွေး ထွက် နည်းစေလိုတဲ့အခါ ချွေး တိတ်ဆေး ( antiperspirants) တွေ သုံးဖို့လိုပါတယ်။ ချွေးထွက်စေတဲ့ ပြွန် ငယ်တွေကို ပိတ်ဆို့ခြင်းဖြင့် ချွေးအထွက်နည်းစေတဲ့ လိမ်းဆေးတွေကို အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီး သုံးစွဲနိုင်ပါတယ်။

ကားအက်ဆီးဒင့်အကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ Share ပြုလုပ်ခဲ့သည့် အမျိုးသမီး အဆိုပါကား အက်ဆီးဒင့်မှာ ခင်ပွန်းဖြစ်သူသေဆုံးသွားကြောင်း နောက်ပိုင်းမှ သိရှိရ

Photo: ကားအက်ဆီးဒင့်အကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ Share ပြုလုပ်ခဲ့သည့် အမျိုးသမီး အဆိုပါကား အက်ဆီးဒင့်မှာ ခင်ပွန်းဖြစ်သူသေဆုံးသွားကြောင်း နောက်ပိုင်းမှ သိရှိရ
Monday, December 09, 2013

အမေရိကန်မှ အမျိုးသမီးကြီး တစ်ဦးသည် ခင်ပွန်းသည် သေဆုံးကြောင်း သတင်းကို ကိုယ်တိုင်ကြိုမသိဘဲ Twitterတွင် တိုက်ရိုက် သတင်းမျှဝေ လွှင့်တင်ခဲ့ကြောင်း သိရသည်။

ဝါရှင်တန် ပြည်နယ်တွင် နေထိုင်သည့် ကာရန်ဂျွန်ဆင်သည် ရဲတပ်ဖွဲ့သုံး Scanner တစ်ခုကို နားထောင်ပြီးနောက် ယာဉ်တိုက်မှုတစ်ခု သတင်းကို သိရှိရခဲ့သည်။ သူမက "တကယ့်ကို ဆိုးရွားတဲ့ ကိစ္စပဲ"ဟု Twitterတွင် မှတ်ချက်ပြုခဲ့သည်။ သူမသည် ယာဉ်တိုက်မှု မည်သို့မည်ပုံ ဖြစ်ပွားကြောင်း၊ တစ်ဦးသေ ဆုံးကြောင်း စသည်တို့ကို တိုက်ရိုက် သတင်းတင်ဆက်နေခဲ့သေးသည်။ ထို့နောက်တွင်မူ ယာဉ်တိုက်မှု ဖြစ်သည့်နေရာသည် ခင်ပွန်းသည်က နေအိမ်ကို ကားမောင်းပြန်လာသည့် လမ်းပေါ်တွင် ဖြစ်နေကြောင်း သိရှိရသွားသည်။ ထို့နောက်တွင်မူ သူမက "အဲဒါ သူပဲ။ ကျွန်မယောက်ျား သေသွားပြီ"ဟု Twitterတွင် ရေးသားခဲ့ပြန်သည်။

ဝါရှင်တန် ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များက ကရိတ်ဂ်ျဂျွန်ဆင်သည် နေအိမ်သို့အပြန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ခင်ပွန်းသည် သေဆုံးသည်ကို အကြောင်းမှန် မသိဘဲ Twitterတွင် ရေးသားလွှင့်တင်မိသည့် အမျိုးသမီး၏ အကြောင်းကို အမေရိကန် သတင်းဌာနများက အထူးအဆန်းအဖြစ် ဖော်ပြခဲ့ကြသည်။ ယာဉ်တိုက်မှုအတွင်း အခြားကား တစ်စင်းပေါ်မှ အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ကာရန်က နောက်ပိုင်းတွင် ရဲများထံမှ သတင်းပေးပို့ အတည်ပြုချက်ကို လက်ခံရရှိခဲ့သည်။

"ခုတော့ ကျွန်မ အရမ်းမတုန်လှုပ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်မရဲ့ ယောက်ျားက မနက်စောစော အလုပ် သွားခဲ့တာပါ။ အိမ်ပြန်ဖို့အတွက် I-205လမ်းမကို ဖြတ်ရပါတယ်။ ကျွန်မ သတိရလို့ ဖုန်းဆက်ချိန်မှာတော့ သူဖုန်းမကိုင်နိုင်တော့ပါဘူး"ဟု ကာရန်က ဆက်လက် ရေးသားခဲ့သည်။ ထို့အပြင် "ကျွန်မအတွက် ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ခုလောလောဆယ်တော့ ကျွန်မအပေါ်မှာ အင်္ဂတေတုံးကြီး ပိနေသလို ခံစားရပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။ 

Planet Myanmar Network3
အမေရိကန်မှ အမျိုးသမီးကြီး တစ်ဦးသည် ခင်ပွန်းသည် သေဆုံးကြောင်း သတင်းကို ကိုယ်တိုင်ကြိုမသိဘဲ Twitterတွင် တိုက်ရိုက် သတင်းမျှဝေ လွှင့်တင်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှား အမျိုးသမီး ဘောလုံးအသင်း ဆီးဂိမ်းမှ နုတ်ထွက်


ဆီးဂိမ်းပြိုင်ပွဲ၌ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပရန် ၃ ရက်အလိုတွင် အင်ဒိုနီးရှား အမျိုးသမီး ဘောလုံး အသင်း ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း သိရသည်။ အင်ဒိုနီးရှား အမျိုးသမီး ဘောလုံး အသင်းအနေဖြင့်

စင်္ကာပူ အဓိကရုဏ်းနှင့် ဆူပူအကြမ်းဖက်မှု

စင်္ကာပူနိုင်ငံရှိ Little India တွင် ဒီဇင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် ဆူပူအကြမ်းဖက်မှုများ။

အဆိုပါ ဆူပူမှုအဓိကရုဏ်းတွင် ပါဝင်သူ ၄၀၀ ခန့်ရှိကြောင်း၊ အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့မော်တော်ယာဉ် ၅ စီးနှင့် အရေးပေါ်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း၊ အခြားသော ကိုယ်ပိုင်မော်တော်ယာဉ် အများအပြားလည်း ပျက်စီးမှုများရှိခဲ့ကြောင်း စင်္ကာပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုင်းပြည်သူ့ လွှတ်တော်ဖျက်သိမ်း

ပြည်သူ့ လွှတ်တော်ဖျက်သိမ်းလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် ထပ်စင်ချင်န၀ပ် (9/12/2013) ထိုင်းစံတော် ချိန် နံနက် 9 နာရီနီးပါးအချိန်မှာ ကြေညာလိုက်ပါတယ်။ ထိုင်းလွှတ်တော်သက်တမ်း 4 နှစ်မှာ ယင့်လတ်ခ် အစိုးရဟာ 2 နှစ်နဲ့  5 လလောက်သာအစိုးရအဖြစ် ထမ်းဆောင်နိုင်ခဲ့ တာဖြစ် ပါတယ်။ အခုလို လွှတ်တော်ဖျက်သိမ်းဖို့ ကြေညာခဲ့ ရတာကတော့ လွှတ်တော်ထဲမှာ အဓိက အတိုက်အခံဖြစ်တဲ့ ဒီမိုကရက်ပါတီလွှတ်တော်အမတ် 153 ဦးလွှတ်တော် အမတ်အဖြစ်က နှုတ်ထွက်လိုက်တာကတစ်ကြောင်း အစိုးရကို ဆန့် ကျင်ဆန္ဒပြနေတာကလည်း လနဲ့ ချီကြာမြင့်ဆန္ဒပြနေသလို ဆန္ဒပြပွဲတွေကို ရုတ်သိမ်းမယ့် အနေအထား မရှိပဲ ဖိအားပေးဆန္ဒပြနေတာကြောင့် ပြည်သူတွေကို အာဏာပြန်အပ်လိုက်တဲ့ သဘောနဲ့  လွှတ်တော်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ရန်ကုန်မှ မန္တလေးသွား Elite ခရီးသည်တင်ယာဉ် လမ်းလယ်တုံး ဝင်တိုက်၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ရန်ကုန်၊ မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၂၄၃ တွင် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်က Elite ခရီးသည်တင် (ယာဉ်အမှတ် 1G-3231) အဝေးပြေး ယာဉ်တစ်စီး မတော်တဆ ဖြစ်ပွားခဲ့ကြောင်း အဆိုပါယာဉ်တွင် စီးနင်း လိုက်ပါလာသူ အမျိုးသမီးတစ်ဦးက The Voice သို့ ပြောကြားသည်။

မန္တလေးဆီးဂိမ်းကို ဒေသခံများ စိတ်ဝင်စားမှုနည်း

မန္တလေးမြို့တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကို မြို့လူထုမှ စိတ်ဝင်စားမှု နည်းပါးလျက်ရှိ သည်ဟု ဒေသခံ တို့က ပြောသည်။
“အမျိုးသမီးပွဲဆိုတော့ ကြည့်ဖို့စိတ်သိပ်မပါဘူး၊ အဖော်ကောင်းရင်တော့ နေပြည်တော်ပိတ်ပွဲ သွားကြည့် ချင်တယ်”ဟု မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အသက် ၂၅ နှစ်အရွယ် လက်ထောက် အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုရဲမင်းအောင်က ပြောသည်။

သမ္မတထံသို့ လွှတ်ပေးရန် တင်ပြမည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းတွင် သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား ထည့်ရန်သင့်မသင့် နိုင်/စစ် ကော်မတီဝင်များအကြား အငြင်းပွား

နိုင်ငံတော် သမ္မတထံသို့ လွှတ်ပေးရန် တင်ပြမည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းတွင် သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား ထည့်ရန်သင့်မသင့်နှင့် ပတ်သက်၍ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော် မတီ အဖွဲ့ဝင် များအကြား အငြင်းပွားမှု ဖြစ်နေဟု ကော်မတီအဖွဲ့ဝင် ဦးရဲအောင်က ဒီဇင်ဘာ ၈ ရက်က ဆိုသည်။

ကမ္ဘာ့အဆိပ်ပြင်းဆုံး မြွေ၏ဥများကို ကြက်ဥနှင့် မှားယွင်းစုဆောင်းသည့် ကလေး ကံကောင်း၍ အသက်မသေ

သြစတြေးလျနိုင်ငံမှ အသက်သုံးနှစ်အရွယ်ရှိ ကလေးတစ်ဦးသည် ကမ္ဘာ့အဆိပ်ပြင်းဆုံး မြွေစာရင်းဝင် အီစတန်ဘရောင်းမြွေဥများကို ၄င်း၏ အိပ်ခန်းတွင်း ယူဆောင် သိမ်းဆည်းထားခဲ့ရာ ကံကောင်းထောက် မ၍ မြွေအန္တရာယ်မှ ကင်းလွတ်ခဲ့ကြောင်း APသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ကွင်းစ်လန်းပြည် နယ် ၊တောင်းစ်ဗယ်လီမြို့မှ ကိုင်လီအမည်ရှိ အဆိုပါကလေးငယ်သည် မြွေဥများကို ၄င်း၏ အိပ်ခန်းတွင်း

ဈေးပေါတဲ့ လက်ဖက်ရည် ထုပ်တွေမှာ ဖလူအိုရိုက်ဒ် ပမာဏများတဲ့အတွက် သွား၊ အရိုးနဲ့ ကြွက်သားတို့ကို ထိခိုက်နိုင်

သီဟနိုင်

စူပါမားကစ်မှာ တင်ရောင်းနေတဲ့ လက်ဖက်ရည်ထုပ်မျိုးစုံမှာ ဖလူအိုရိုက်ဒ် ပါဝင်နှုန်းမြင့်နေ တယ်လို့ လေ့ လာမှု တွေက သုံးသပ်ထားပါတယ်။

ဖလူအိုရိုက်ဒ်ဟာ အရိုးနဲ့သွား ကျန်းမာရေးအတွက် မရှိမဖြစ်ဆိုပေမယ့် တစ်နေ့ကို ၄မီလီဂရမ်ထက် ပို သောက်ရင် ကြွက်သားတွေ နာလာပြီး၊ ရေရှည်မှာ အဆစ်အမြစ်နဲ့ သွားရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

လုပ်သားအင်အား စစ်တမ်းကို ၂၀၁၄ သန်းခေါင်စာရင်းအပေါ် အခြေခံ ကောက်ယူမည်

မြန်မာနိုင်ငံရှိ လုပ်သားအင်အား စစ်တမ်းကို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအပေါ် အခြေခံကာ ကောက်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က Asia palaza ဟိုတယ်တွင် ပြု လုပ်သည့် ပညာရေး ညီလာခံ အခမ်းအနားတွင် ပြောကြားသည်။

ပြည်ထောင်စုမှ ခွဲထွက်မည်ဟု မည်သူမှ တောင်းဆိုထားခြင်း မရှိသည့်အတွက် စိတ်မပူရန် NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

ပြည်ထောင်စုမှ ခွဲထွက်မည်ဟု မည်သူကမှ တောင်းဆိုထားခြင်း မရှိသည့်အတွက် စိတ်မပူရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာက ဒီဇင်ဘာ ၈ ရက်က ပြောကြားသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း MADI မြန်မာနိုင်ငံဘက်သို့ ဦးတည်လာနိုင်သည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ဌာနမှ စောင့်ကြည့်နေ

ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဒီ (MADI) မြန်မာနိုင်ငံဘက်သို့ ဦးတည်လာနိုင်ကြောင်းနှင့် ဦးတည်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်နေဆဲ ဖြစ် သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဒီဇင်ဘာ ၈ ရက် ည ၁၁ နာရီက ပြောကြားသည်။