Saturday, December 14, 2013

ဒဏ်ရာ ပြဿနာ ဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံး သတ်ရ တော့မည်

ဒဏ်ရာ ပြဿနာ ဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံး သတ်ရ တော့မည် 

မန်ယူ တိုက် စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာ ရရှိ မှုကြောင့် တစ်လ အထိ အနား ယူရ တော့မည်ဟု သိရ သည်။ ရှက်တာ ဒိုးနက်ကို တစ်လုံး တည်းသော ဂိုးဖြင့် အနိုင်ရ ခဲ့သော ပွဲစဉ်တွင် အနိုင်ဂိုး ရစေမည့် ထောင့် ကန်ဘော ကန် တင်ရာမှာတစ်ဆင့် ဗန်ပါစီ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ ယင်း အတွက် ကြောင့် ၎င်းအ နေဖြင့် မန်ယူ အသင်း ၏ပွဲစဉ် (၇) ပွဲအထိ အနား ယူရဖွယ်ရှိ နေသည်။ ထို့အပြင် မန်ယူ နည်းပြ မိုရက်စ် ကလည်း ရွန်နီနှင့် တွဲဖက်၍ ခြေစွမ်း ပြနေသည့် ဗန်ပါစီ အနား ယူရ ခြင်းမှာ မိမိတို့ အသင်း အတွက် ကံဆိုးမှု တစ်ရပ် ဖြစ်ကြောင်း ဖွင့်ဟ သွားသည်။

“ရှက်တာ ဒိုးနက်နဲ့ ပွဲမှာ အနိုင်ဂိုး ရစေမယ့် ထောင့်ကန်ဘော ကန်တင်ရာ ကတစ်ဆင့် ဗန်ပါစီ ပေါင်ကြွက်သား ဒဏ်ရာ ရခဲ့ပြီး အဲဒီ အတွက် တစ်လကြာ အနား ယူရပါ တော့မယ်။ ရွန်နီနဲ့ ဗန်ပါစီ နှစ်ဦး ပေါင်း စွမ်းဆောင်မှု ကောင်းနေ ချိန်မှာ ဗန်ပါစီ ဒဏ်ရာရသွားတာ ကျွန်တော်တို့ အသင်း အတွက် ကံဆိုးမှု တစ်ရပ်ပါပဲ”ဟု မိုရက်စ်က ပြောသည်။ မန်ယူမှာ အဲဗာတန်၊ နယူး ကာဆယ် တို့နှင့် ပွဲစဉ် များတွင် အိမ်ကွင်း (၂) ပွဲဆက် ရှုံးနိမ့် ခဲ့ပြီး လာမည့် တနင်္ဂနွေ နေ့တွင် ဗီလာနှင့် အဝေးကွင်း ပွဲစဉ် ကစား ရန်ရှိနေသည်။

ရိုးရာလေး
မန်ယူ တိုက် စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာ ရရှိ မှုကြောင့် တစ်လ အထိ အနား ယူရ တော့မည်ဟု သိရ သည်။ ရှက်တာ ဒိုးနက်ကို တစ်လုံး တည်းသော ဂိုးဖြင့် အနိုင်ရ ခဲ့သော ပွဲစဉ်တွင် အနိုင်ဂိုး ရစေမည့် ထောင့် ကန်ဘော ကန် တင်ရာမှာတစ်ဆင့် ဗန်ပါစီ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ ယင်း အတွက် ကြောင့် ၎င်းအ နေဖြင့် မန်ယူ အသင်း ၏ပွဲစဉ် (၇) ပွဲအထိ အနား ယူရဖွယ်ရှိ နေသည်။ ထို့အပြင် မန်ယူ နည်းပြ မိုရက်စ် ကလည်း ရွန်နီနှင့် တွဲဖက်၍ ခြေစွမ်း ပြနေသည့် ဗန်ပါစီ အနား ယူရ ခြင်းမှာ မိမိတို့ အသင်း အတွက် ကံဆိုးမှု တစ်ရပ် ဖြစ်ကြောင်း ဖွင့်ဟ သွားသည်။

မြန်မာ့ဖွံ့ဖြိုးရေး ဂျပန် ကူညီမည်

အာဆီယံနိုင်ငံအလံများ။ အာဆီယံနိုင်ငံအလံများ။
မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နဲ့ ဂျပန်နိုင်ငံတို့ကြား ထိပ်သီး အစည်းအဝေး ပွဲမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး အကူအညီတွေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေ လည်း ဆွေးနွေး ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ အတွက် ဒီကနေ့ အစောပိုင်းက ဂျပန်ဧကရာဇ် Akihito တည်ခင်းတဲ့ ဘုရင့်နန်းတော်က လဘက်ရည်ဝိုင်းကိုတော့ သမ္မတဦးသိန်းစိန်လည်း တက်ရောက်ခဲ့တာပါ။

ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာဘောလုံး အသင်း အခြေအနေ


မြန်မာလက်ရွေးစင် ဘောလုံးအသင်း ( ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်)။ မြန်မာလက်ရွေးစင် ဘောလုံးအသင်း (၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်)။
မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းနဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေပြီး၊ အနိုင်ကစား သွားမှာဖြစ် တယ် လို့ မြန်မာဘောလုံးအသင်း တာဝန်ရှိသူ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအသင်းအနေနဲ့ အရင် ပွဲတွေထက် ပိုပြီးတော့ ကြိုးစား ကစားရမယ်လို့ လည်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ် လိုက်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ဒီကနေ့ ကစားမယ့် မြန်မာ နဲ့ ထိုင်းတို့ရဲ့ ဘောလုံးပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

မွတ်စလင်တွေကို ဘက်လိုက်ကူညီနေတာ မဟုတ်ကြောင်း MSF ပြော

Photo: မွတ်စလင်တွေကို ဘက်လိုက်ကူညီနေတာ မဟုတ်ကြောင်း MSF ပြော
Friday, December 13, 2013

ရခိုင်ပြည်နယ်က ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲ့ အခမဲ့ လူမှုရေးအကူအညီတွေကို ထိထိရောက်ရောက် အသုံးချစေချင်လိုကြောင်း MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Mr. Simon Tyler က မေတ္တာရပ်ခံလိုက်ပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ဟာ ရခိုင်ပြည်နယ်အတွင်း လူမှုရေးအကူအညီတွေ ဆောင်ရွက်ပေးနေရာမှာ မွတ်စလင်ဒုက္ခသည်တွေ တစ်ဘက်တည်းကိုသာ ကူညီနေတယ်ဆိုပြီး ဒေသခံရခိုင်တိုင်းရင်းသားတွေက ကန့်ကွက်ဆန္ဒပြနေကြတဲ့အပေါ် RFA ကတဆင့် ရခိုင်တိုင်းရင်းသားတွေကို အခုလို မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။

“ကျနော်တို့က ဒီလိုမျိုးကို အကူအညီပေးနိုင်ဖို့ဆိုတာက ပြည်သူလူထုက ဆက်သွယ်မှရမှာပါ၊ ဒီလိုမျိုး အခမဲ့ရရှိနေတဲ့ အကူအညီတွေကို ပြည်သူလူထုတွေအနေနဲ့ ထိထိရောက်ရောက် အသုံးချဖို့အတွက် တောင်းဆိုချင်ပါတယ်၊ ကျနော်တို့ကို ဆက်သွယ်မှသာ ဆက်သွယ်တဲ့အပေါ် မူတည်ဆုံးဖြတ်ပြီးတော့ လိုအပ်ရင်လိုအပ်သလို အကူအညီပေးသွားမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် အဓိကက ကျနော်တို့ကို ဆက်သွယ်ဖို့လိုပါတယ်”

MSF အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီတွေပေးနေရာမှာ အရေးပေါ်အခြေအနေနဲ့ ကြုံလာရင် လူမျိုးဘာသာမခွဲခြားဘဲ မွတ်စလင်တွေရော ရခိုင်တိုင်းရင်းသားတွေကိုပါ စစ်တွေဆေးရုံကြီးကိုအရောက် ပို့ဆောင်ကူညီပေးနေကြောင်း၊ အဲသည်လို အကူအညီတွေပေးနိုင်ဖို့အတွက် အချိန်မရွေးဆက်သွယ်နိုင်ကြောင်းကိုလည်း ပြည်နယ်အစိုးရအပါအဝင် ဒေသအာဏာပိုင်တွေကို တင်ပြထားပြီးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF အနေနဲ့ ရခိုင်ပြည်နယ်အတွင်း လူမှုရေးအကူအညီတွေ ဆောင်ရွက်ပေးနေရာမှာ မွတ်စလင် တစ်ဘက်တည်းကိုသာ ကူညီနေတဲ့အတွက် ရခိုင်ဒေသခံ ၂၀ လောက်က ဒီဇင်ဘာ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ MSF အဖွဲ့ကို အလိုမရှိကြောင်း စစ်တွေဆေးရုံကြီးဝင်းထဲမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Mr. Simon Tyler က MSF အဖွဲ့အနေနဲ့ အကူအညီတွေပေးရာမှာ အခြေအနေလိုအပ်ချက်တွေအပေါ်မှာ အဓိကထားကူညီပေးနေတာဖြစ်ပြီး သူတို့ရဲ့ကူညီမှုတွေကို ဒေသခံတွေအနေနဲ့ နားမလည်လို့ အခုလို ဆန္ဒပြတာ ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။

RFA

ရခိုင်ပြည်နယ်က ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲ့ အခမဲ့ လူမှုရေးအကူအညီတွေကို ထိထိရောက်ရောက် အသုံးချစေချင်လိုကြောင်း MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Mr. Simon Tyler က မေတ္တာရပ်ခံလိုက်ပါတယ်။

လွတ်မြောက်လာသူ ကိုဒီငြိမ်းလင်းကို နောက်ထပ်အမှုဖွင့်

Photo: လွတ်မြောက်လာသူ ကိုဒီငြိမ်းလင်းကို နောက်ထပ်အမှုဖွင့်
Friday, December 13, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့အတွက် ကိုဒီငြိမ်းလင်းကို ဒီကနေ့ ဒဂုံမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။

ဒီနေ့မနက်က သူ့ရဲ့အိမ်ကို ဒဂုံရဲစခန်းက အကြောင်းကြားစာလာပို့သွားတယ်လို့ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

“ကျနော့်အိမ်ကိုတော့ ဒဂုံမြို့နယ်ရဲစခန်းက ဒုရဲအုပ်လာပြီးတော့ပြောတယ်၊ ပုဒ်မ ၁၈ နဲ့ ပြန်ပြီးတော့ တရားစွဲထားတယ်ပြောတယ်ခင်ဗျ၊ ၁၆ ရက်နေ့မှာ တရားရုံးမှာရင်ဆိုင်ရလိမ့်မယ်”

ကိုဒီငြိမ်းလင်းအပါအဝင် ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင် ၆ ယောက်ကို ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံမြို့နယ်တရားရုံးတို့က နိုဝင်ဘာလမှာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လချမှတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ကိုဒီငြိမ်းလင်းဟာ လာမယ့် ဒီဇင်ဘာ ၁၆ရက်နေ့ ဒဂုံမြို့နယ်တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ အမှုကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့အတွက် ကိုဒီငြိမ်းလင်းကို ဒီကနေ့ ဒဂုံမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။

ကင်ဂျုံအွန်၏ ဦးလေးကို သစ္စာဖောက်မှုဖြင့် ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

8.1.1
ဒီဇင်ဘာ ၁၃ ရက်တွင် ကိုရီးယားသတင်းအေဂျင်စီ ယွန်ဟပ်က ထုတ်ပြန်ပေးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်တွင် ဂျန်ဆောင်သက်အား တရားရုံးသို့ ခေါ်ဆောင်လာသည့် ဓာတ်ပုံ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးဦးလေး ဂျန်ဆောင်သက်သည် နိုင်ငံ့ခေါင်းဆောင် ကို ဖြုတ်ချ အာဏာသိမ်းရန် ကြိုးပမ်းသော နိုင်ငံတော် သစ္စာဖောက်သူ ဖြစ်သည့်အတွက် ဒီဇင်ဘာ ၁၂ ရက်တွင် ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ (KCNA)က ဒီဇင်ဘာ ၁၃ ရက် တွင် ကြေညာ ခဲ့သည်။