Tuesday, December 17, 2013

မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီဒေသများတွင် KIA မှ ဆက်ကြေးကောက်ခံမှုများရှိနေ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီချောင်း အရှေ့ခြမ်းရှိ တောင်သူလယ်သမားထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀၀ ဆက်ကြေး ပေးဆောင်ရန် KIA မှ တောင်းဆိုစာများပို့ခဲ့ပြီး ဆက်ကြေးကောက်ခံမှုများ ရှိနေတယ်လို့ ဆားမှော်ဒေသခံများမှတဆင့် သိရှိရသည်။

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

Photo: အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ
Tuesday, December 17, 2013

မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်
ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း
ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်
အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

မြ၀တီ
မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား

Photo: ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား 
Tuesday, December 17, 2013

ကွမ်းလုံမြို့တွင် ဒီဇင်ဘာလ (၁၇) ရက်နေ့ မွန်းလွဲ (၁၄း၄၅)နာရီ အချိန်က လားရှိုး- ကွမ်းလုံလမ်းမပေါ် ခရိုင် သာသာနာရေး ဦးစီးဌာနရုံးနှင့် ဆက်သွယ်ရေး ရုံးကြားတွင် လေးလုံးထိုး ထော်လာဂျီ
ယာဉ်မှ ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။

ပေါက်ကွဲမှုကြောင့် ဒုတပ်ကြပ် ဇော်မင်းသိန်း (အမှတ်(၂) အခြေချ စစ်ဗျူဟာ အဖွဲ့) ကွမ်းလုံမြို့၊ တင်မင်းဇော်၊ အသက်(၂၅)နှစ် Asia World ကုမ္ပဏီ စက်မောင်း၊ သူရကျော်၊ အသက်(၂၅)နှစ် Asia World စက်မောင်းတို့ (၃)ဦး သေဆုံးပြီး ဇော်မျိုးအောင် (၂၆)နှစ်၊ (နည်းပြ၊ နတလ သင်တန်းကျောင်း၊ ကွမ်းလုံ)သည် ၀ဲခြေသလုံး ရိုးကျိုးနှင့် သက်ဇေယျာထွန်း (Asia World) လုပ်သားသည် ယာလက်မောင်း ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ပါသည်။

ပေါက်ကွဲမှု ဖြစ်စဉ်မှာ ချင်းရွှေဟော် မြို့နယ်ဘက်မှ ကွမ်းလုံဘက်သို့ မောင်းနှင်းလာသော(၄)လုံးထိုး ထော်လာဂျီယာဉ်သည် ဖြစ်စဉ်နေရာသို့ အရောက်တွင် ပြင်းထန်စွာ ပေါက်ကွဲ သွားခဲ့ပြီး ခန့်မှန်း ပေ(၂၀) အနီးတွင် ရပ်နားထားသော (Asia World) ကုမ္ပဏီပိုင် (Paver Machine XRMC )အမျိုးစား လမ်းခင်းစက်ပေါ်တွင် ရှိနေသော

စက်မောင်း (၂)ဦးနှင့် ဆိုင်ကယ် စီးနင်းနေသော တပ်မတော်သား (၁)ဦးတို့ သေဆုံးခဲ့ပြီး အခြား(၂)ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ပေါက်ကွဲမှုကြောင့် ထော်လာဂျီယာဉ်မှာ တစ်စစီ လွှင့်စင် ပျက်စီးသွားပြီး ယာဉ်ပေါ် ပါလာသူ ယာဉ်မောင်း ကျား(၁)ဦး (စိစစ်ဆဲ)နှင့် အမျိုးသမီး (၁)ဦး၏ အလောင်းအား ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း ကနဦးသတင်းအရ သိရှိရပါသည်။

MOI Webportal Myanmar
ကွမ်းလုံမြို့တွင် ဒီဇင်ဘာလ (၁၇) ရက်နေ့ မွန်းလွဲ (၁၄း၄၅)နာရီ အချိန်က လားရှိုး- ကွမ်းလုံလမ်းမပေါ် ခရိုင် သာသာနာရေး ဦးစီးဌာနရုံးနှင့် ဆက်သွယ်ရေး ရုံးကြားတွင် လေးလုံးထိုး ထော်လာဂျီယာဉ်မှ ပြင်း ထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။

မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှ ထိန်းသိမ်းထားသည့် လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး

Photo: မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှ ထိန်းသိမ်းထားသည့် လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး 
Tuesday, December 17, 2013

၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့ အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင်သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း ထားရှိခဲ့ပါသည်။

အဆိုပါလူငယ်များအနေဖြင့် မိမိတို့၏မြန်မာနိုင်ငံဘောလုံးအသင်းအား အနိုင်ရရှိစေလိုသည့်စိတ်ဖြင့် အားပေးရာမှ အားမလိုအားမရဖြစ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိသဖြင့် ၁၇.၁၂.၂၀၁၃ရက်နေ့ ( ၁၈၀၀ )အချိန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဓမ္မာရုံတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန်တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းဝင်းအေး၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေး၊ ရဲမှူး မြင့်ထွေး(ဦးစီး-၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်ထွန်းတို့မှ ၎င်းလူငယ်(၉)ဦးဖြစ်သည့် ညီညီ(ခ) ညီညီအောင်၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊ အောင်ခန့်၊ သန်ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့နှင့် အုပ်ထိန်းသူမိဘ(၁၅)ဦးတို့အား ခေါ်ယူတွေ့ဆုံ၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ရဲတပ်ဖွဲ့သည်လည်းပြည်သူကြားကပေါက်ဖွားလာသော တပ်ဖွဲ့ဝင်များဖြစ်ပြီး ပြည်သူအကျိုးစီးပွားကို စောင့်ရှောက်နေသူများ ဖြစ်ကြောင်း၊ အဆိုပါလူငယ်များအနေဖြင့် စိတ်ခံစားမှုကိုရှေ့တန်းတင်ပြီး
ဒေါသအလျောက် နောက်နောင်တွင်ယခုကဲ့သို့ ဥပဒေမဲ့ရမ်းကားမှုများ မပြုလုပ်ရန်နှင့် နိုင်ငံကြီးသား ပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြရန် ပြောဆိုဆုံးမပြီး ခံဝန်သတိပေးလက်မှတ်ရေးထိုး အရေးယူကာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး တို့ကိုယ်တိုင် မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police 
၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့ အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင် သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း ထားရှိခဲ့ ပါသည်။

မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို ဘောလုံးအဖွဲ့ချုပ် အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်

Photo: မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို
ဘောလုံးအဖွဲ့ချုပ် အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်
Tuesday, December 17, 2013

မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံး ကိုလည်း ဦးဇော်ဇော် တာဝန်ယူထားသည့် ဘောလုံး အဖွဲ့ချုပ်က အကုန် အကျခံ ပြန်လည်ပြုပြင်ပေးမည်ဟု တာဝန်ရှိသူတို့ထံ ကတိပြု ထားကြောင်းလည်း အဖွဲ့ချုပ်ထံမှ သိရသည်။

ထို့အပြင် မြန်မာအသင်း ရှုံးနိမ့်မှုကြောင့် ဒေါသ ပေါက်ကွဲကာ ဖြစ်ပျက်ခဲ့မှုကို
ရဲ၏ ထိန်းသိမ်းခြင်း ခံရသူတို့အပြင် ဘေးမှ ရပ်ကြည့်နေသော ထိန်းသိမ်းခံလိုက်ရသူအားလုံးကို သင်္ဃန်းကျွန်း ရဲစခန်းက ယနေ့ ညနေပိုင်းတွင် ဦးဇော်ဇော်၏ မေတ္တာရပ်ခံမှုကြောင့် ခံဝန်ဖြင့် ပြန်လွှတ် ပေးလိုက်သည်ဟု သိရသည်။ 051

Popular Myanmar News Journal
မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကိုလည်း ဦးဇော်ဇော် တာဝန်ယူ ထား သည့် ဘောလုံးအဖွဲ့ချုပ်က အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်ဟု တာဝန်ရှိသူတို့ထံ ကတိပြု ထားကြောင်း လည်း အဖွဲ့ချုပ်ထံမှ သိရသည်။

ရှမ်းနီတိုင်းရင်းသား တစ်ရာကျော်ကို ပြန်လွှတ်ပေးရန် KIA ကို ဆန္ဒပြမည်

KIA က တပ်သားစုဆောင်းရန် အတွက် မန်စီမြို့နယ် အတွင်းမှ ဖမ်းဆီး ခေါ်ဆောင်သွားသည် ဆိုသော ရှမ်းနီ တိုင်းရင်းသား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးရန် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIO/KIA အဖွဲ့အား ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုများ အရေး လှုပ်ရှားသူ ဦးစိုင်းထိန်လင်းက ပြောကြားသည်။

ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်

Photo: ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည် 
Tuesday, December 17, 2013

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။

နောက်ကွယ်က စေခိုင်းသည်ဟု ဆိုသူ စောတဝါးကို အမှန်တကယ် ဟုတ်မှန်ခြင်းရှိ မရှိ စောထွန်းထွန်းကို မေးမြန်းစစ် ဆေးပြီး အမှန်တကယ် နောက်ကွယ်က စေခိုင်းခြင်းမှန်လျှင် စောတဝါးကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဖော်ထုတ် ဖမ်းဆီးသွားမည် ဖြစ်ကာ လက်ရှိတွင် စောတဝါးကို ဖမ်းဆီးထားခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တောင်ငူခရိုင် တပ်မဟာ (၃) အကူအညီဖြင့် ဖမ်းဆီး ရရှိထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် လယ်ဝေးမြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်သားတစ်ဦးနှင့် ညောင်လေးပင်မြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးပေါ်ပေါက်ချက် များအရ စုံစမ်းသိရှိရသည်။

တောင်ငူမြို့ ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို ငွေကျပ် ၂၀,၀၀၀ ပေးပြီး ခိုင်းစေသူကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟိုမှ ဥက္ကဋ္ဌ ဖဒိုစောရော်ဂျာခင်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောဖောဒိုနှင့် အဖွဲ့ဝင် ဖဒိုစောအယ်ကလူဆေးတို့ ပါဝင်သော ပူးပေါင်းစုံစမ်း ဖော်ထုတ်ရေး ကော်မတီကို နိုဝင်ဘာလ အတွင်း ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

"စောတဝါးကို လက်ရှိမှာ ဖမ်းဆီးထားခြင်း မရှိသေးပါဘူး။ အကြမ်းဖက် ဖောက်ခွဲမှုတွေကို ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ လက်သင့်မခံပါဘူး။ သူက ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ ထဲမှာတော့ ရှိနေတယ်ဆိုတာ ဝန်ခံပါတယ်" ဟု အဆိုပါအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက ဆိုသည်။

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ခုနစ်ရက်တာကာလ အတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။

နယ်စပ်အရေး ဆွေးနွေးရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ


မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေသော နယ်စပ် သောင်း ကျန်း သူများ အရေး ဆွေးနွေးရန် အတွက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ အင်ဖာမြို့သို့ ရောက် ရှိနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အအေးပိုမည်

Photo: မြန်မာနိုင်ငံတွင် အအေးပိုမည် 
Tuesday, December 17, 2013

တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအားရပ်ဝန်းဟာ ဆက်အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံကို အရှေ့မြောက်က လေအေးတွေ ထိုးဆင်းပြီး အအေးပိုလာဖို့ ရှိနေပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ပြီး နောက် ၅ ရက်အတွင်း မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ မွန် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတွေမှာ ညအပူချိန် သိသိသာသာ လျော့နည်းလာနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

ဒီနှစ်ဆောင်းရာသီဖြစ်တဲ့ နိုဝင်ဘာ ၁၅ ကနေ ဒီဇင်ဘာ ၁၅ အထိ မအေးသလို မိုးရွာသွန်းမှုတွေ ရှိခဲ့ပြီး မိုးရပ်နားပါက အေးလာမယ်လို့ မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“အခု လေးအေးတွေ ကျမယ့်အထဲမှာတော့ ရန်ကုန်တို့ဘာတို့က သက်သာပါတယ်။ ရှမ်းဘက်က ပိုကျမှာပေါ့။ သူက တရုတ်ပြည်နဲ့လည်း ပိုနီးတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်ကနေ မြန်မာနိုင်ငံကို အရှေ့မြောက်ဘက်ကနေ တိုးဝင်လာမယ့် လေအေးတွေ ဖြစ်တယ်။”

ဒီဇင်ဘာလ ပျမ်းမျှအပူချိန်အောက်ထက် ၃ ဒီဂရီ စင်တီဂရိတ်ကနေ ၅ ဒီဂရီ စင်တီဂရိတ် အထိ လျော့နည်းသွားသလို ပျမ်းမျှ အပူချိန်တွေဟာလည်း ပြည်နယ်တိုင်းတွေပေါ် မူတည်ပြီး ကွဲပြားတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာတော့ အခုရက်ပိုင်းအတွင်း သိသိသာသာ အအေးပိုလာတယ်လို့ တောင်ကြီးမြို့ခံ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“တော်တော်ကြီးအေးတယ်။ အခါတိုင်းနေ့ထက်လည်း အေးပါတယ်။ ခါတိုင်း နှစ်ထက်လည်း အေးပါတယ်။”

မိုးဇလဌာန ခန့်မှန်းချက်အရတော့ ဒီဇင်ဘာလ ရှမ်းပြည်နယ်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်ဟာ ၁၀ ဒီဂရီ စင်တီဂရိတ်၊ ချင်းပြည်နယ် ၈ ဒီဂရီ စင်တီဂရိတ်နဲ့ ရန်ကုန်တိုင်းက ၁၆-၁၇ ဒီဂရီ စင်တီဂရိတ် ရှိပါတယ်။

By ဒီဗွီဘီ
တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအားရပ်ဝန်းဟာ ဆက်အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံကို အရှေ့မြောက် က လေအေးတွေ ထိုးဆင်းပြီး အအေးပိုလာဖို့ ရှိနေပါတယ်။

မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုကြောင့် (၁)ဦးသေ (၅)ဦးဒဏ်ရာရ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ၊ မိုင်တိုင်အမှတ်(၉၅/၆)နှင့် (၉၇/၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျိုက်ထို ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ 

တရုတ်ရှင်ကျန်ဒေသ အဓိကရုဏ်းကြောင့် ၁၆ ဦး သေဆုံး

Photo: တရုတ်ရှင်ကျန်ဒေသ အဓိကရုဏ်းကြောင့် ၁၆ ဦး သေဆုံး
Tuesday, December 17, 2013

တရုတ်နိုင်ငံမှ မွတ်ဆလင် အူဂါ တိုင်းရင်းသားများ၏ နေရပ်ဖြစ်သော ရှင်ကျန်ဒေသတွင် အဓိကရုဏ်း ရန်ပွဲ ဖြစ်ပွားမှုကြောင့် လူ ၁၆ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ရာဇဝတ်မှု ကျူးလွန်သူဟု ယူဆရသူ တစ်ဦးကို ရဲက ပိုးလမ်းမမြို့ကြီး ကက်ရှ်ဂါ အနီး ရှုဖူး စီရင်စုနယ်တွင် ဖမ်းဆီးရန် ကြိုးစားရာမှ များစွာသော လူများက ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၊ ဓားများ ကိုင်၍ တိုက်ခိုက်ကြရာမှ ယင်းသို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ၁၆ ဦး သေဆုံးသွားရခြင်း ဖြစ်ကြောင်း ဒေသတွင်းမီဒီယာ များက ရေးသားထားသည်။

သေဆုံးသူများမှာ ရဲနှစ်ဦးနှင့် ဆူပူတိုက်ခိုက်သူများ ဖြစ်ကြသည်ဟု သတင်း ထုတ်ပြန်ထားပြီး ရာဇဝတ်မှု ကျူးလွန်သူဟု ယူဆရသည့် မသင်္ကာသူ နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားသေးသည်။

ပြီးခဲ့သည့် နှစ်လအတွင်းက တီအန်မင်ရင်ပြင်ကို ရှင်ကျန်နယ်သား အူဂါသုံးဦးက တိုက်ခိုက်ခဲ့ပြီး လူအုပ်ကြီးကို ကားဖြင့် အတင်းဝင်တိုက်ခဲ့ရာမှ နှစ်ဦး သေဆုံးပြီး လေးဆယ် ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်သူ သုံးဦးလည်း သေဆုံး သွားခဲ့ကြောင်း အာဏာပိုင်များက သတင်း ထုတ်ပြန်ထားသည်။

တရုတ်အစိုးရက ယင်းတိုက်ခိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုဟု တပ်အပ် ပြောဆိုခဲ့ပြီး အရှေ့ တာကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့က ကျောထောက်နောက်ခံပြု လှုပ်ရှားနေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ပြည်ပပညာရှင်များက တိုက်ခိုက်မှု၏ ပုံစံသည် ရိုးရှင်းလွန်းနေခြင်းနှင့် အစ္စလာမ် စစ်သွေးကြွများ တရုတ်မြေတွင် ခြေချမှု မရှိခဲ့ဖူးခြင်း အပေါ် ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ရှင်ကျန်ဒေသသည် အာရှအလယ်ပိုင်း၊ ပါကစ္စတန်တို့နှင့် နယ်နိမိတ်ချင်း ကျယ်ပြန့်စွာ တည်ရှိနေပြီး တရုတ် မဟာတံတိုင်းနှင့် ဝေးကွာသော နေရာတွင် ရှိနေကာ ရာစုနှစ်ပေါင်းများစွာ အစ္စလာမ် ဘာသာဝင်များ နေထိုင်ခဲ့သည့်နေရာ ဖြစ်သည်။

တရုတ်အာဏာပိုင် တို့က ဒေသတွင်း ယဉ်ကျေးမှုကို ဖိနှိပ်ခြင်း၊ တင်းကျပ်သော လုံခြုံရေး နည်းစနစ်များ အသုံးပြုခြင်း အစရှိသည် တို့ကို မကျေမနပ် ပြောဆိုကြပြီး တရုတ်အစိုးရက ယင်းသို့ပြောဆို နေသူများသည် အစွန်းရောက်များ၊ အကြမ်းဖက်ဝါဒီများ၊ ခွဲထွက်ရေးသမားများ ဟု ပြောဆိုထားသည်။

ဇွန်လအတွင်းကလည်း ယင်းသို့ အဓိကရုဏ်းတစ်ခု အပြင်းအထန် ဖြစ်ပွားခဲ့သဖြင့် ၃၅ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

The Voice Weekly
တရုတ်နိုင်ငံမှ မွတ်ဆလင် အူဂါ တိုင်းရင်းသားများ၏ နေရပ်ဖြစ်သော ရှင်ကျန်ဒေသတွင် အဓိကရုဏ်း ရန်ပွဲ ဖြစ်ပွားမှုကြောင့် လူ ၁၆ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကျန်းကျိယီ ဆွတ်ခူး

Photo: အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကျန်းကျိယီ ဆွတ်ခူး
Tuesday, December 17, 2013

တရုတ်နိုင်ငံ မကာအိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် နာမည်ကြီး သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ကျန်းကျိယီ က The Grandmaster ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ကျန်းသည် အက်ရှင် ဇာတ်ကြမ်းများဖြင့် ပရိသတ်အား ဖမ်းစားထားနိုင်သူ ဖြစ်သည်။

သူမသည် နိုဝင်ဘာလ အတွင်းကလည်း အဆိုပါ ရုပ်ရှင်ဇာတ်ကားနှင့် Stray Dogs အမည်ရှိ ဇာတ်ကားများတွင် အကောင်းဆုံး ပါဝင် သရုပ်ဆောင် နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ အော်စကာဟု တင်စားထားသည့် Golden Horse ဆုကို လက်ခံရရှိထားသူ တစ်ဦး ဖြစ်သည်။

အလားတူ အကောင်းဆုံး ဒါရိုက်တာဆုနှင့် ရုပ်ရှင်ဆုကို ဂျပန်ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ဖြစ်သည့် Like Father,Like Son ဇာတ်ကားက ဆွတ်ခူး သွားကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံ မကာအိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် နာမည်ကြီး သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ကျန်းကျိယီ က The Grandmaster ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အစည်းအဝေး ဇန်န၀ါရီ ၇ ကျင်းပမည်

Photo: ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အစည်းအဝေး ဇန်န၀ါရီ ၇ ကျင်းပမည်
Tuesday, December 17, 2013

လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတရပ်ကို လာမယ့် ဇန်န၀ါရီ ၇ ရက်မှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီစည်းဝေးပွဲမှာ ကော်မတီထံ ပေးပို့လာတဲ့ အကြံပြုစာတွေနဲ့ ပတ်သက်ပြီး အမျိုးအစားခွဲခြား သုံးသပ်ဆွေးနွေးကြမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

လွှတ်တော်ဖွဲ့စည်းပုံ ပူးပေါင်းကော်မတီထံ အသင်းအဖွဲ့အသီးသီးနဲ့ ပါတီတွေထံက အကြံပြုစာပေါင်း ၂၀၀၀ ကျော် ရောက်ရှိနေပြီး ဒီထဲ ဖွဲ့စည်းပုံအခန်း ၁ နိုင်ငံတော်အခြေခံမူများ အခန်းကို ပြင်ဆင်ဖို့ အကြံပြုစာပေါင်းက ၆၀၀ လောက်နဲ့ အများဆုံးပဲလို့ ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

ကော်မတီထံ အကြံပြုစာပေးပို့ရမယ့် နောက်ဆုံးရက်ဟာ ဒီဇင်ဘာ ၃၁ ရက်ဖြစ်ပြီး အရေးပါတဲ့ အာဏာရပါတီ၊ အတိုက်အခံပါတီနဲ့ တပ်မတော်တို့ထံက အကြံပြုစာတွေ ရောက်မလာသေးဘူးလို့ သိရပါတယ်။

လာမယ့် န၀မ အကြိမ်မြောက် လွှတ်တော်ကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ဒုတိယပတ်အတွင်း ပြန်လည်ကျင်းပဖို့ ရှိပါတယ်။ ဒီတကြိမ်လွှတ်တော်မှာ ကော်မတီက ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းခြင်း၊ လွှတ်တော်က ဆွေးနွေးခြင်းတို့ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

DVB
လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတရပ်ကို လာမယ့် ဇန်န၀ါရီ ၇ ရက်မှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီစည်းဝေးပွဲမှာ ကော်မတီထံ ပေးပို့လာတဲ့ အကြံပြုစာတွေနဲ့ ပတ်သက်ပြီး အမျိုးအစားခွဲခြား သုံးသပ်ဆွေးနွေးကြမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

လူသတ်မှု ဖြစ်ပွား၍ ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်နှစ်ဦး ကောလင်း ရဲစခန်းသို့ လာရောက်အဖမ်းခံ

လူသတ်မှု ဖြစ်ပွား၍ ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်နှစ်ဦး ကောလင်း ရဲစခန်းသို့ လာရောက်အဖမ်းခံ


စစ်ကိုင်းတိုင်းဒေသကြီး၊  ကောလင်းမြို့နယ်၊ ကျောက်တန်း အုပ်စု၊ ပေကုန်းရွာတွင် ၂၀၁၃ ဒီဇင်ဘာ(၅)ရက်နေ့ ည(၈)နာရီ အချိန်ခန့်က ဦးဝင်းလှိုင် (၃၇) နှစ် သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အိမ်မြောက်ဘက်(၂)ဖာလုံခန့် အကွာမှ အော်သံများကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ဦး အောင်ငြိမ်းဆိုသူ၏ နေအိမ်ရှေ့ လမ်းမပေါ်တွင် အစ်ကိုဖြစ်သူ မောင်စန်းသည် သွေးများစိုရွဲနေပြီး ဓားဒဏ်ရာ(၂)ချက်ဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသောကြောင့် ဦးအောင်ငြိမ်းအားမေးမြန်းရာတွင် တစ်ရွာတည်းနေ ဇော်လင်း(၂၀) နှစ်၊ ဖိုးတုတ်(ခ)မင်းမင်းထိုက်၊(၂၀) နှစ်တို့နှင့်လမ်းပေါ်တွင်မောင်းစန်း တို့စကားများရန်ဖြစ်ကြပြီး မောင်စန်းကို ဓားချွန်ဖြင့် ထိုး သတ်၍ထွက်ပြေးသွားကြောင်း ပြောပြသိရှိရသောကြောင့် ကောလင်းရဲစခန်းသို့တိုင်ကြား       ရာကောလင်းရဲစခန်းက(ပ) ၄၀၇/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီးတရားခံ များ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

အဆိုပါ ဇော်လင်းနှင့် ဖို တုတ်(ခ)မင်းမင်းထိုက်တို့သည် ၎င်းတို့ကျေးရွာမှ ကန့်ဘလူမြို့ နယ်ရှိတောင်ဇော်တောတိုက်သို့ ရောက်ရှိကာ ထိုမှတစ်ဆင့် ဇော် ဆိပ်ကမ်းမှ စက်လှေဖြင့် ထီးချိုင့် မြို့နယ်၊ မြတောင်ကျေးရွာသို့ ဒီဇင်ဘာ(၇)ရက်နေ့တွင် ရောက် ရှိခဲ့ပြီး ထိုမှတစ်ဆင့် ငအိုးကျေး ရွာသဆက်လက်ထွက်ခွာကာငအိုး ကျေးရွာအရောက်တွင် မိမိတို့ အမှားကို သိရှိပြီး ကျန်ရစ်ခဲ့သော မိဘများကို သနားသဖြင့်ငအိုး ကျေးရွာလမ်းဆုံမှ မော်တော်ယာဉ် ဖြင့် စီးနင်းလိုက်ပါခဲ့ပြီး ဒီဇင်ဘာ  (၁၀)ရက်နေ့ နံနက်(၃)နာရီခန့် အချိန် ကောလင်းမြို့နယ်၊ ပေ ကုန်းကျေးရွာသို့ပြန်လည်ရောက် ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိဘများထံအသိပေးအကြောင်း ကြားကာ နံနက်(၁၀)နာရီ အချိန် ခန့်တွင် ကောလင်းရဲစခန်းသို့သွား ရောက် သတင်းပို့ဖမ်းဆီးခံခဲ့သည့် အတွက် အမှုစစ်ဒုတိယရဲမှူး အောင်မြင့်က ၎င်းတို့နှစ်ဦးကို စစ်ဆေးဆောင်ရွက်ပြီး အမှုကိုခိုင် မာအောင်တည်ဆောက်၍ မြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင် ရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Hot News Journal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျောက်တန်း အုပ်စု၊ ပေကုန်းရွာတွင် ၂၀၁၃ ဒီဇင်ဘာ(၅) ရက်နေ့ ည(၈)နာရီ အချိန်ခန့်က ဦးဝင်းလှိုင် (၃၇) နှစ် သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အိမ်မြောက် ဘက် (၂)ဖာလုံခန့် အကွာမှ အော်သံများကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ဦး အောင်ငြိမ်းဆိုသူ၏ နေအိမ်ရှေ့ လမ်းမပေါ်တွင် အစ်ကိုဖြစ်သူ မောင်စန်းသည် သွေးများစိုရွဲနေပြီး ဓားဒဏ်ရာ(၂) ချက်ဖြင့် သေ ဆုံး နေသည်ကို တွေ့ရှိရသောကြောင့် ဦးအောင်ငြိမ်းအားမေးမြန်းရာတွင် တစ်ရွာ တည်းနေ ဇော်လင်း (၂၀) နှစ်၊ ဖိုးတုတ်(ခ)မင်းမင်းထိုက်၊(၂၀) နှစ်တို့နှင့်လမ်းပေါ်တွင်မောင်းစန်း တို့စကားများ

တောင်တွင်းကြီးမြို့နယ်တွင် သားဖြစ်သူက ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်

တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်း၏ အနောက် တောင်ဘက်ခြောက်မိုင်ခန့်အကွာတွင် ယမန်နေ့ ညနေ ၄ နာရီချိန်က မတင်တင်မြင့် အသက် (၁၈)နှစ် ကြို့ချောင်းအလယ်ရွာအုပ်စုနေသူ သည် တစ်အိမ်တည်းနေ ဖခင်ဖြစ်သူဦးအောင်သာနှင့်အတူ မီးလှုံနေ စဉ် တစ်ဝိုင်းတည်း အိမ်တောင် ဘက်ကပ်လျက် အိမ်တွင် တစ်ဦးတည်း နေထိုင်သည့် အစ်ကိုဖြစ်သူကိုမြင့်ဇော်က ဖခင်၏ဆိုဆုံးမမှုကို မကျေ နပ်သဖြင့် နေအိမ်ပေါ်မှဝါးရိုးတပ်အရိုးအသွား ၂၂လက်မ၊ဗျက်ခြောက် လက်မခန့်ရှိ တောင်သူ ဓားမကိုင်၍ ဖခင်ဖြစ်သူအားခုတ်ရာ ဖခင်ဖြစ် သူသေဆုံးသွားခဲ့ကြောင်းသိရသည်။

ကျောက်ဆည်၌ ထော်လာဂျီနှင့် ရထားတိုက်မိ လူနှစ်ဦး သေဆုံး

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့ တောင်ဘက် တောတွင်းကျေးရွာ အနီးတွင် ထော်လာဂျီမှ ရထားလမ်း ဖြတ်ကူးစဉ် ရထား တိုက်မိ၍ ထော်လာဂျီယာဉ် ပေါ်ပါ သုံးဦးအနက် နှစ်ဦး မှာ နေရာ တွင် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ခိုးမှုမှတရားခံအား စစ်ဆေးရာမှ အခြားဆိုင်ကယ်(၅)စီးခိုးမှုပေါ်

ခိုးမှုမှတရားခံအား စစ်ဆေးရာမှ အခြားဆိုင်ကယ်(၅)စီးခိုးမှုပေါ်
Tuesday, December 17, 2013

၁၀.၁၂.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုများ
ကျူးလွန်ထားကြောင်း သတင်းရရှိထားသူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မ
ရဲစခန်း(ပ)၁၀၆၇/၂၀၁၃၊ ပုဒ်မ ၃၇၉အမှုမှတရားခံသန်းနိုင်(ခ)အရှည်ကြီး (ဘ)ဦးတင်အုန်း၊ (၆၅)ရပ်ကွက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်နေသူအား စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ ၃၀.၁၀.၂၀၁၃ရက်နေ့ ၀၉၀၀အချိန်ခန့်တွင် သန်းနိုင်(ခ)
အရှည်ကြီးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊(၆၅)ရပ်ကွက်၊ သရက်မြိုင်(၃)လမ်းပေါ်၌ ရပ်ထားသော JLM 125 အမျိုးအစား
ဆိုင်ကယ်အား ခိုးယူရောင်းချထားကြောင်းပေါ်ပေါက်သဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မရဲစခန်း(ပ)၁၀၈၈/၂၀၁၃၊ ပုဒ်မ ၃၇၉ဖြင့်လည်းကောင်း၊
၂၀၁၃ခုနှစ်၊ အောက်တိုဘာ လအတွင်းတွင် သန်းနိုင်(ခ)အရှည်ကြီးနှင့် သက်ကို(စိစစ်ဆဲ)တို့ (၂)ဦးသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၆၅)ရပ်ကွက်၊ မင်းကွန်းလမ်းမပေါ်၌ ရပ်ထားသော FEILING 110
အမျိုးအစားဆိုင်ကယ်အား ခိုးယူရောင်ချထားကြောင်း ပေါ်ပေါက်သဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်း(ပ)၁၀၈၉/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်
လည်းကောင်း အမှုဖွင့်အရေးယူခဲ့ပါသည်။

ထို့အပြင် သန်းနိုင်(ခ)အရှည်ကြီးနှင့်သက်ကို(စိစစ်ဆဲ)တို့သည် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်
မုခ်ဦးအနီး၌ရပ်ထားသော LUOJIA 110အမျိုးအစားဆိုင်ကယ်အား
လည်းကောင်း၊ အောက်တိုဘာလတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကမ်းနားပတ်လမ်း၊ ကုလားဝဲတံတားအနီး၌ ရပ်ထားသော HI BO BO 110
အမျိုးအစား ဆိုင်ကယ်အားလည်းကောင်း၊ နိုဝင်ဘာလတွင် ကုလားဝဲ
တံတားအနီး၌ ရပ်ထားသော HONDA WAVE 110အမျိုးအစား
ဆိုင်ကယ်အားလည်းကောင်း ခိုးယူရောင်းချထားကြောင်းစစ်ဆေးပေါ်ပေါက် သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၂၅၁/၂၀၁၃၊ပုဒ်မ ၃၇၉/၅၄ဖြင့်
အမှုဖွင့်ပြီး သက်သေခံဆိုင်ကယ်များပြန်လည်သိမ်းဆည်း
အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ၁၀.၁၂.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မ
ရဲစခန်း(ပ)၁၀၆၇/၂၀၁၃၊ ပုဒ်မ ၃၇၉အမှုမှတရားခံသန်းနိုင်(ခ)အရှည်ကြီး (ဘ)ဦးတင်အုန်း၊ (၆၅)ရပ်ကွက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်နေသူအား စစ်ဆေးခဲ့ပါသည်။

နိုင်ငံနှင့် ပြည်သူများအား လိမ်လည် လှည့်ဖြားနေသည့် အကျင့်ဟောင်းများကို ပညာရေးဝန်ကြီးဌာန စွန့်လွှတ်ချိန် တန်ပြီဟုဆို

ပညာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံနှင့် ပြည်သူများအား လိမ်လည်လှည့် ဖြားနေသည့် အကျင့်ဟောင်း များကို စွန့်လွှတ်ချိန်တန်ပြီဖြစ် ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာ မများအသင်းက ပြောကြားလိုက် သည်။ ယင်းကဲ့ သို့ပြောကြားခြင်း မှာ လက်ရှိ တက္ကသိုလ်များ ရှိအ ဆောင် များ တွင် ကျောင်းသား ၊ ကျောင်းသူ များကို ပြန်လည်ထား ရှိတော့မည်ဖြစ်သည့် အတွက် တချို့အဆောင်များတွင် ဆရာ များအား ပြောင်းရွှေ့ခိုင်းနေရာ ဆရာ၊ ဆရာမများ မှာနေရေး၊ ထိုင်ရေး အခက် အခဲ များဖြစ်ပေါ် နေကြောင်း သိရသည်။

ယခင်မီတာ ၂ဝဝ ကမ္ဘာ့စံချိန်ကို ၁၉ စက္ကန့်အတွင်း ချိုးဖျက်ရန် အူစိန်ဘော့ဘတ်စကားနှင့် ယှဉ်ပြေး

Photo: ယခင်မီတာ ၂ဝဝ ကမ္ဘာ့စံချိန်ကို ၁၉ စက္ကန့်အတွင်း ချိုးဖျက်ရန် အူစိန်ဘော့ဘတ်စကားနှင့် ယှဉ်ပြေး
Tuesday, December 17, 2013

အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိနေသော ဂျမေကာနိုင်ငံမှ တာတို အပြေးသမား အူစိန်ဘော့ သည် မီတာ ၂ဝဝ ကို ၁၉ စက္ကန့်အတွင်း ယခင် မှတ်တမ်း တင်ထားသော ၎င်း၏ ကမ္ဘာ့ စံချိန် များကို ချိုးဖျက်ရန် ဘတ်စကား တစ်စီးနှင့် ယှဉ်ပြေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ အမြန်ဆုံး အပြေးသမားဘော့သည် နှစ်သစ်တွင် ၄င်း၏ ယခင်စံချိန်များကို ကျော်ဖြတ်၍ အကောင်းဆုံး အဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းသွားမည်ဟုလည်း သန္နိဋ္ဌာန် ချထားသည်။

ဘော့သည် အားကစား သမိုင်းတွင် ၂ဝဝ၈ ခုနှစ်က ပေကျင်းမြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲနှင့် ၂ဝ၁၂ ခုနှစ် လန်ဒန်မြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲ တို့တွင် နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် ပထမဆုံးအား ကစားသမား တစ်ဦး ဖြစ်လာခဲ့သည့် အပြင် ဂျာမနီ နိုင်ငံ ဘာလင်မြို့၌ ၂ဝဝ၉ ခုနှစ် အတွင်းက ကျင်းပခဲ့သော ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲ၏ မီတာ ၂ဝဝ တာတို ပြေးပွဲတွင် ၁၉ ဒသမ ၁၉ စက္ကန့်အတွင်း ပြေးနိုင်ခဲ့ သူတစ်ဦးအဖြစ် ကမ္ဘာ့ မှတ်တမ်း တင်ခံရသူ ဖြစ်သည်။

ယခုအခါ ဘော့သည် မီတာ ၁၂ဝ တာတိုပြေးပွဲတွင် တာတိုပြေးသမား မာရီအိုဖော်ခိုင်သီ၊ ကင်မာရီရို့ခ်ျ၊ ဒန်နီရယ်ဘေလီတို့နှင့် မယှဉ်ပြိုင်မီ ဒီဇင်ဘာ ၁၄ ရက်ကကိုက် ၈ဝ အကွာကွာအဝေး တစ်ခုကို ဘတ်စကားတစ်စီးနှင့် ယှဉ်၍ အပြေး လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြ၀တီ
အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိနေသော ဂျမေကာနိုင်ငံမှ တာတို အပြေးသမား အူစိန်ဘော့ သည် မီတာ ၂ဝဝ ကို ၁၉ စက္ကန့်အတွင်း ယခင် မှတ်တမ်း တင်ထားသော ၎င်း၏ ကမ္ဘာ့ စံချိန် များကို ချိုးဖျက်ရန် ဘတ်စကား တစ်စီးနှင့် ယှဉ်ပြေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာ့ အမြန်ဆုံး အပြေးသမားဘော့သည် နှစ်သစ်တွင် ၄င်း၏ ယခင်စံချိန်များကို ကျော်ဖြတ်၍ အကောင်းဆုံး အဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းသွားမည်ဟုလည်း သန္နိဋ္ဌာန် ချထားသည်။

မြန်မာအသင်း ဆီးဂိမ်းမှာ ရွှေ ၆၀ ပဲ မှန်းနိုင်တော့

Photo: မြန်မာအသင်း ဆီးဂိမ်းမှာ ရွှေ ၆၀ ပဲ မှန်းနိုင်တော့
Tuesday, December 17, 2013

မြန်မာက အိမ်ရှင်အဖြစ် လက်ရှိ လက်ခံကျင်းပနေသော အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆၀ ခန့် ရယူနိုင်ရန်သာ ခန့်မှန်းတော့ကြောင်း အားကစား ၀န်ကြီးဌာန လူထု/ပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

“အားကစားဝန်ကြီးကတော့ အနည်းဆုံး ရွှေ ၁၀၀ ရအောင် ကြိုးစားဖို့ ပြောထားပေမယ့် လက်ရှိအနေအထားအရ ရွှေ ၆၀ လောက်ရအောင်တော့ ကြိုးစားနေကြတယ်။ ခုချိန်ကျမှ ကစားသမားတွေကို ဘယ်လိုမှ ဖြည့်ဆည်းပေးလို့ မရတော့ဘူး။ ၂၆ ကြိမ်မြောက် ဆီးဂိမ်းတုန်းက ရွှေ ၁၆ ခုပဲ ရခဲ့တာဆိုတော့ အခြအနေ အများကြီးတိုးတက်လာပါတယ် ”ဟု ဦးဌေးအောင်က ဆိုသည်။

နိုင်ငံအလိုက် ရွှေရရှိမှုတွင် မြန်မာကို စတုတ္ထ(သို့မဟုတ်) ပဉ္စမ နေရာလောက်သာ ရရှိရန် ခန့်မှန်းထားပြီး နိုင်ငံ၏ အားကစားသမားများ အဆင့်သင့်မဖြစ်မီ ဆီးဂိမ်းကြီးကို အိမ်ရှင်အဖြစ် ကျင်းပလိုက်ရသည်ဟု ၀ါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က ပြောသည်။

“ကျနော်တို့နိုင်ငံက အဆင့်သင့်မဖြစ်သေးဘဲနဲ့ ပြိုင်ပွဲကြီး ကျင်းပလိုက်ရတာကိုး။ အားကစားသမားတွေ အဆင်သင့် မဖြစ်သေးတာကို ပြောတာ။ ပြေးခုန်ပစ် ၊ ရေကူး ၊ အလေးမတို့မှာ အစကတည်းက မြန်မာက အားနည်းခဲ့တာ ။ ရိုးရာအားကစားတွေ အတင်းထည့်ပြီး ရွှေယူတာလည်း အဓိပ္ပါယ်မရှိဘူး။ ခုချိန်မှ ကယ်လို့မရတော့ဘူး။ နောက်ကစားပွဲတွေကျရင် ပိုဆိုးလာဖို့ ရှိတယ် ။ လှေလှော်မှာလည်း အနောက်တိုင်းလှေက ရဖို့မလွယ်ဘူး။ ရိုးရာလှေလောက်နဲ့လည်း လိုက်မမီပါဘူး ”ဟု ဦးခင်မောင်ထွေး(ပျဉ်းမနား)က ဆိုသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်(ဆီးဂိမ်း)ပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြီး ၆ ရက်မြောက်နေ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတွင် မြန်မာအသင်းမှာ ရွှေ ၊ ငွေ ၊ ကြေး တံဆိပ် စုစုပေါင်း ၁၂၂ ခုဖြင့် ပြိုင်ပွဲရလဒ် တန်းစီဇယားတွင် တတိယနေရာသို့  ရောက်ရှိသွားကာ မြန်မာပြည်သူများ မျှော်လင့်ခဲ့သော  အမျိုးသားဘောလုံးအသင်းမှာလည်း ရွှေတံဆိပ်နှင့် လွဲခဲ့ရပြီ ဖြစ်သည်။ အမျိုးသမီးဘောလုံးအသင်းသည်လည်း မျှော်လင့်ထားသလို  ရွှေရရန် မလွယ်ကူပေ။

အင်ဒိုနီးရှားကို ရှုံးပြီး ဆီးဂိမ်းရွှေအိမ်မက်ကို စွန့်လွှတ်လိုက်ရသော မြန်မာ အမျိုးသားအသင်းမှာ အင်ဒိုနီးရှားကို သရေကစားနိုင်ရုံဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ရမည်ဖြစ်သော်လည်း မြန်မာနည်းပြချုပ် ပတ်ဆောင်ဟွာ၏ နည်းစနစ်ပိုင်း အားနည်းမှု၊ ကစားသမားများ၏ စိတ်လှုပ်ရှားပြီး ကစားကွက် မတည်ငြိမ်မှုများကြောင့် မြန်မာပရိတ်သတ် ၃၀၀၀၀ ကျော်ရှေ့တွင် အင်ဒိုနီးရှာအသင်းကို ပယ်နတီဂိုးဖြင့် အရှုံးပေးခဲ့ရသည်။ ပွဲအပြီး တာဝန်မဲ့ ပြောဆိုခြင်းကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပတ်ဆောင်ဟွာကို တာဝန်မှ ချက်ခြင်းရပ်စဲလိုက်သည်။

ဒီဇင်ဘာလ ၁၆ ရက် ည ၆ နာရီတွင် ရရှိသော စာရင်းများအရ တတိယနေရာသို့ ရောက်ရှိသွားသော မြန်မာအသင်းမှာ ရွှေ ၃၉ ခု ၊ ငွေ ၃၈ ခု ၊ ကြေး ၄၁ ခု စုစုပေါင်း ၁၁၈ ခုဖြစ်ပြီး စတုတ္ထနေရာတွင် အင်ဒိုနီးရှားက ရွှေ ၃၈ ခု ၊ ငွေ ၅၁ ခု ၊ ကြေး ၁၃၉ ခုဖြင့် ကပ်လိုက်လျက်ရှိကြောင်း တွေ့ရသည်။

ပြိုင်ပွဲရလဒ်များအရ နံပါတ်တစ်နေရာသို့ ရောက်ရှိလာသော အသင်းမှာ ထိုင်းအသင်းဖြစ်ပြီး ရွှေ ၅၉ ခု၊ ငွေ ၄၅ ခု ၊ ကြေး ၄၉ ခု စုစုပေါင်း ၁၅၃ ခုဖြင့် ဦးဆောင်လျက်ရှိကာ ဗီယက်နမ်အသင်းက ရွှေ ၄၃ ခု ၊ ငွေ ၃၆  ခု ၊ ကြေး ၄၃ ခု ဖြင့် ဒုတိယနေရာမှ ဦးဆောင်လျက် ရှိသည်။

“ထိုင်းအသင်းအနေနဲ့ကတော့ နံပါတ်တစ်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး။ ရွှေရရင် အများဆုံး ၁၁၀ လောက်ထိတော့ မှန်းထားတယ်။ ဗီယက်နမ်နဲ့ အင်ဒိုနီရှားတို့က အကောင်းဆုံးဖြစ်လိမ့်မယ် ထင်တယ်”ဟု ထိုင်းနိုင်ငံ အားကစားအဖွဲ့ချုပ်ကို ဦးဆောင်လာသူ Mr Thana Thaitrasnt က ဧရာဝတီနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ဆီးဂိမ်းပြိုင်ပွဲတခုလုံးတွင် မြန်မာနိုင်ငံမှ မြှားပစ်အားကစားသမား မအောင်ငှိမ်း တစ်ဦးတည်းကသာ ရွှေရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အခြားအားကစားနည်းများတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်များသာ ရရှိခဲ့သည်။

ဧရာဝတီ

ဒီဇင်ဘာလ ၁၆ ရက်နေ့ ဆီးဂိမ်းပြိုင်ပွဲတခုလုံးတွင် မြန်မာနိုင်ငံမှ မြှားပစ်အားကစားသမား မအောင်ငှိမ်း တစ်ဦးတည်းကသာ ရွှေရရှိ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာက အိမ်ရှင်အဖြစ် လက်ရှိ လက်ခံကျင်းပနေသော အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆၀ ခန့် ရယူနိုင်ရန်သာ ခန့်မှန်းတော့ကြောင်း အားကစား ၀န်ကြီးဌာန လူထု/ ပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

“အားကစားဝန်ကြီးကတော့ အနည်းဆုံး ရွှေ ၁၀၀ ရအောင် ကြိုးစားဖို့ ပြောထားပေမယ့် လက်ရှိ အနေအထား အရ ရွှေ ၆၀ လောက်ရအောင်တော့ ကြိုးစားနေကြတယ်။ ခုချိန်ကျမှ ကစားသမားတွေကို ဘယ်လိုမှ ဖြည့်ဆည်းပေးလို့ မရတော့ဘူး။ ၂၆ ကြိမ်မြောက် ဆီးဂိမ်းတုန်းက ရွှေ ၁၆ ခုပဲ ရခဲ့တာဆိုတော့ အခြအနေ အများကြီးတိုးတက်လာပါတယ် ”ဟု ဦးဌေးအောင်က ဆိုသည်။

အလှဘုရင်မဆုဖြစ်သည့် Most Beautiful of 2013 Top-80 တွင် ခင်ဝင့်ဝါ ပါဝင်


မြန်မာနိုင်ငံမှ Miss Supranational 2013 ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခင်ဝင့်ဝါသည် Miss Univer-se & Missology ၀က်ဘ်ဆိုဒ်က ကျင်းပသည့် Most Beautiful Queen of 2013 Top -80 စာရင်းတွင် ပါဝင်နေသည်။ ယင်းဝက်ဘ်ဆိုဒ်သည် ယခုနှစ်အတွင်းတွင် ကျင်းပခဲ့သည့် အလှမယ်ပြိုင်ပွဲများတွင် ပါဝင် ကြသည့် အလှမယ်များကို Most Beautiful Queen of 2013 ဆုကို ရွေးချယ်မည် ဖြစ်သည်။

ကျပ် ၅၀၀၀ တန်အတု သုံးစွဲခဲ့သည်ဟုဆိုကာ ကုန်စုံဆိုင်ပိုင်ရှင်ကို ရဲကအမှုဖွင့်

မင်္ဂလာဒုံမြို့နယ်တွင် ၅၀၀၀ တန် ငွေစက္ကူအတုများ သုံးစွဲခဲ့သည့် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို မြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ တွင် အမှုဖွင့်ပြီး စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၃ ရက်က အမှတ် ၄၇၊ ပိတောက်လမ်းနေ (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဈေးအတွင်းတွင် ဖမ်းဆီးခဲ့ရာ ၎င်းထံမှ အတုဟုယူဆရသော ငွေစက္ကူခြောက်ရွက်တို့ကို သိမ်းဆည်း ရ မိထားသည်။

ဒဏ်ရာတွေကို ကုစားပေးမည့်သူများ

ဒဏ်ရာတွေကို ကုစားပေးမည့်သူများ
Tuesday, December 17, 2013

ဆီဂိမ်း ထိုင်းရိုးရာ မွေ့ထိုင်း လက်ဝှေ့ Muay ( Muay Thai ) ပြိုင်ပွဲကို
ယနေ့မှာ စတင်ယှဉ်ပြိုင်ကစားတော့မှာပါ။ ဒါကြောင့်စိတ်မပူပါနဲ့
မြန်မာဘောလုံးရဲ့ ဒဏ်ရာတွေကို ဒီမောင်တွေ ကုစားပေးနိုင်မှာပါ။
ထိုင်း၊ ဗီယက်နမ်၊ အနောက်တိုင်းလက်ဝှေ့မှာ စွာနေတဲ့ ဖိလစ်ပိုင်၊ 
အသဲခွဲခွဲနေတဲ့ မလေးနဲ့ အင်ဒိုတွေကို အနိုင်ယူပြီး နိုင်ငံဂုဏ်ဆောင်ကြစမ်းပါ။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးရန် အဆင်သင့်ဖြစ်နေသော ရိုးရာလက်ဝှေ့ သူရဲကောင်းများကတော့
( From Right to Left )
75 kg တန်း - စောငမန်း
70 kg တန်း - ထွန်းထွန်းမင်း
67 kg တန်း - တူးတူး
63.5 kg - စိုးလင်းဦး
57 kg - ဝီလျံ
54 kg - မိုက် ရိုင်း
51 kg - က ညောဖိုး
တို့ဘဲဖြစ်ပါတယ်။ 

စိတ်ဓါတ်မြှင့်တင်နိုင်ဖို့အားကစားသမားတစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၁ သိန်းစီ ချီးမြှင့်ခဲ့တဲ့အပြင် ဖုန်းကဒ်များကိုလည်း အသီးသီး
ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့ကာ လက်ဝှေ့  အားကစား သမားဟောင်းဖြစ်သူ အားကစား ဒုတိယ၀န်ကြီးက စောငမန်း 
အပါအ၀င် အားကစားသမားများအနေဖြင့် ထားရှိသင့်တဲ့ စိတ်ထား ၊ ထိုးသတ်ရမည့် နည်းလမ်းများနဲ့ ပတ်သက်ပြီး ကိုယ်တွေ့နဲ့ယှဉ်ကာ အကြံဥာဏ် များပေးရင်း ပရီဆီးဂိမ်းချန်ပီယံ သူဇာဟန်ကို လက်ဝှေ့ရေးပြစေပြီး လက်တွေ့ ထိုးသတ်ခိုင်းနေတဲ့ဓာတ်ပုံဖြစ်ပါတယ်။ 
အားကစားဝန်ကြီးကိုယ်တိုင်က လက်ဝှေ့အားကစားသမားဟောင်းဆိုတော့
ဒီအားကစားနည်းကတော့ အကောင်းဆုံးပြင်ဆင်လာမည်ထင်တယ်။
အားရတာကတော့ အနောက်တိုင်းလက်ဝှေ့မှာ ရွှေ (၂)ဆုရခဲ့တာကိုပါ။
နွယ်နီဦးဆိုရင် ဆီးဂိမ်းလက်ဝှေ့ချန်ပီယံ ဖိလစ်ပိုင်ကို ဖိုင်နယ်မှာ
အနိုင်ရခဲ့တာက ဂုဏ်ယူစရာတွေဖြစ်ခဲ့ပါတယ်။။
ဒီပွဲတွေကိုတော့ စိတ်ချလက်ချ အားပေးကြပါအုံးစို့ဗျာ..


ကိုးကား : မြန်မာ့လက်ဝှေ့ - Myanmar Lethwei၊ အန်တီ Lခွန်းရီ

@မိုးတိမ် (တမာမြေ)
http://www.football-cafe.com/

ဆီဂိမ်း ထိုင်းရိုးရာ မွေ့ထိုင်း လက်ဝှေ့ Muay ( Muay Thai ) ပြိုင်ပွဲကို ယနေ့မှာ စတင်ယှဉ်ပြိုင် ကစားတော့ မှာပါ။ ဒါကြောင့်စိတ်မပူပါနဲ့ မြန်မာဘောလုံးရဲ့ ဒဏ်ရာတွေကို ဒီမောင်တွေ ကုစားပေးနိုင်မှာပါ။
ထိုင်း၊ ဗီယက်နမ်၊ အနောက်တိုင်းလက်ဝှေ့မှာ စွာနေတဲ့ ဖိလစ်ပိုင်၊ အသဲခွဲခွဲနေတဲ့ မလေးနဲ့ အင်ဒိုတွေကို အနိုင်ယူပြီး နိုင်ငံဂုဏ်ဆောင်ကြစမ်းပါ။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးရန် အဆင်သင့်ဖြစ်နေသော ရိုးရာလက်ဝှေ့ သူရဲကောင်း များကတော့

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်ခွင့်ပြုရန် ဥရောပသမဂ္ဂ တိုက်တွန်း

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သမ္မတ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေ များ ပြောင်း လဲပေးရန် ဥရောပနိုင်ငံများက မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

KIA လူသစ်စုဆောင်းမှု ရှမ်းမျိုးနွယ်စုများ ဆန္ဒပြမည်

KIA လူသစ်စုဆောင်းမှု ရှမ်းမျိုးနွယ်စုများ ဆန္ဒပြမည်
Monday, December 16, 2013

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက မကြာခဏဆိုသလို ဒေသခံရှမ်းတိုင်းရင်းသားတွေကို အဓမ္မစစ်သားသစ်စုဆောင်းနေတဲ့အတွက် ကချင်ပြည်နယ်အတွင်းက ရှမ်းမျိုးနွယ်စုတွေ စုပေါင်းပြီး အခုရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်ဖို့ မြိ့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၁၅ ရက် မနေ့က စာတင်ထားတယ်လို့သိရပါတယ်။

ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် တနိုင်း၊ တာမခံ၊ ဆင်ဘို စတဲ့ မြို့ရွာတွေမှာ ကေအိုင်အေက အဓမ္မတပ်သားသစ် စုဆောင်းတာအပြင် ငွေကြေးကောက်ခံနေတာကြောင့် ဆန္ဒပြဖို့စီစဉ်ရတာလို့ ဗန်းမော်မြို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယကတစ်ဦးဖြစ်သူ ဦးစိုင်းသာဇုံက RFA ကို ပြောပါတယ်။

“ရှမ်းရွာ ၁၄ ရွာရှိတယ်ခင်ဗျ၊ အဲဒီကနေပြီးတော့မှ တစ်ရွာကို ၁၅ ယောက်စီပေးရမယ်လို့ ရွာအုပ်ချုပ်ရေးမှူးဆီမှာ တောင်းတယ်ခင်ဗျ၊ မန်စီဘက်မှာဆိုလည်း လယ်လုပ်နေတဲ့ တောင်သူလယ်သမားတွေ၊ စပါးချွေနေတဲ့အချိန်မှာလည်း ဖမ်းခေါ်သွားတယ်၊ အဲဒီ ၄ ရက်နေ့မှာ ၂၁ ယောက်ပါသွားတယ်၊ ၇ ရက်နေ့ကျတော့ ၄ဝ လောက်ပါသွားတယ်၊ နောက် ၈ ရက်နေ့မှာ ထပ်ပြီးဖမ်းတယ်ခင်ဗျ၊ လူပေါင်း ၃ဝ ကျော်လောက်ပါသွားတယ်၊ ကေအိုင်အေတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်လာတဲ့ ရှမ်းလူမျိုးတွေရဲ့ကိုယ်စား တစ်ပြည်နယ်လုံးမှာရှိတဲ့ အင်အားနဲ့ ဆန္ဒဖော်ထုတ်ပြတာပါ”

အခုလအစောပိုင်းက အဖမ်းခံခဲ့ရတဲ့ ရှမ်းလူငယ်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က သွားရောက်ဆွေးနွေးတောင်းဆိုခဲ့ပေမယ့်လည်း အောင်မြင်မှုမရှိဘူးလို့ ဦးစိုင်းသာဇုံက ပြောပါတယ်။

ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကို ပြီးခဲ့တဲ့တစ်ပတ်က ဆက်သွယ်မေးမြန်းကြည့်ရာ အဲဒီလို တပ်သားသစ် စုဆောင်းတာတွေ မရှိကြောင်း ငြင်းဆိုပါတယ်။

ရှမ်းမျိုးနွယ်စုတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံရုံးတွေအပါအဝင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO စတဲ့အဖွဲ့အစည်းတွေကို အကူအညီပေးဖို့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

RFA Burmese
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက မကြာခဏဆို သလို ဒေသခံ ရှမ်း တိုင်းရင်းသားတွေကို အဓမ္မစစ်သားသစ်စုဆောင်းနေတဲ့အတွက် ကချင်ပြည်နယ်အတွင်းက ရှမ်းမျိုးနွယ်စုတွေ စုပေါင်းပြီး အခုရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်ဖို့ မြိ့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၁၅ ရက် မနေ့က စာတင်ထားတယ်လို့သိရပါတယ်။

ဆိပ်ကမ်းရောက်ကား (၂၂) စီးကို တိုက်ကြေကားဟု ယူဆ၍ အကောက်ခွန်မှ စိစစ်နေ

ပြည်ပမှ မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုခဲ့ရာတွင်မော်တော် ယာဉ်တင်သွင်းသူအချို့သည် ပြည်ပမှ တိုက်ကြေကားများကို တင်သွင်းလာ မှုများရှိနေသည့်အတွက် အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိရာ ယခု အခါတွင် ပြည်ပမှတင်သွင်းလာပြီး ဆိပ်ကမ်းရောက်နေသည့် မော်တော် ယာဉ်များအနက် ယာဉ် (၂၂) စီးကို တိုက်ကြေကားဟုယူဆ၍ အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိကြောင်း သိရသည်။

ပတ်ဆောင်ဟွာ၏အပြောကြောင့် နံရံကိုလက်သီးဖြင့် ထိုးခဲ့ပြီးပေါက်ကွဲခံစားခဲ့ရတဲ့ ဦးဇော်ဇော် မြန်မာပရိသတ်အားလုံးကို ရှိခိုး၍ တောင်းပန်

ပတ်ဆောင်ဟွာ၏အပြောကြောင့် နံရံကိုလက်သီးဖြင့် ထိုးခဲ့ပြီးပေါက်ကွဲခံစားခဲ့ရတဲ့ ဦးဇော်ဇော် မြန်မာပရိသတ်အားလုံးကို ရှိခိုး၍ တောင်းပန်
Tuesday, December 17, 2013

အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ် ပတ်ဆောင်ဟွာကို မြန်မာအသင်း၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ကြေငြာခဲ့သည်။ ပတ်ဆောင်ဟွာသည် ဦးဇော်ဇော် အပါအ၀င် မြန်မာ့ ဘောလုံး အသိုင်းအ၀န်း၏ ယုံကြည်ကိုးစားမှုကို အထူးရရှိခဲ့သည့် နည်းပြ တစ်ဦး ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်းအပါအ၀င်၊ မြန်မာ့ လက်ရွေးစင် အသင်းကိုပါ တစ်ဦးတည်း တာဝန်ယူခွင့် ရရှိခဲ့သူ ဖြစ်သည်။ 

"ရလဒ်ဆိုးအတွက် ပရိသတ်တွေကို ကျွန်တော် စိတ်မကောင်းလွန်းလို့ ရှိခိုးတောင်းပန် ချင်ပါတယ်။ ပတ်ဆောင်ဟွာနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲမှုက ဒီမှာပဲ ရပ်ပါပြီ။ သူနဲ့ စာချုပ်သက်တမ်း ကျန်နေသေးပေ မယ့် ဆက်ပြီး လက်တွဲတော့မှာ မဟုတ်ပါဘူး"ဟု မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲ ဖြစ်သည့် အင်ဒိုနီးရှားနှင့် ပွဲတွင် သရေရ ပါက အုပ်စုမှ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း ပွဲချိန် ပထမပိုင်းတွင် ပေးခဲ့ရသည့် ပင်နယ်တီဂိုးကြောင့် အုပ်စုအဆင့်မှပင် နှုတ်ဆက်ခဲ့ရပြီ ဖြစ်သည်။ နည်းပြ ပတ်ဆောင်ဟွာသည် အသင်း၏ ပွဲထွက်လူစာရင်းတွင် အဓိက တိုက်စစ်မှူး ကျော်ကိုကိုအား ထည့်သွင်းခဲ့ခြင်း မရှိဘဲ အင်ဒိုနီးရှားကို ရင်ဆိုင် ခဲ့သည်။ ပတ်ဆောင်ဟွာ ၏ အသင်းသည် ပွဲချိန် ပထမပိုင်းတွင် မည်သို့မျှ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ဘဲ အင်ဒိုနီးရှား အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီးနောက် ပင်နယ်တီဂိုးကိုပါ ခွင့်ပြုခဲ့ရသည်။ ပတ်ဆောင်ဟွာ အနေဖြင့် ဒုတိယပိုင်းတွင် ကျော်ကိုကို ကို ထည့်သွင်းကာ တိုက်စစ်ဆင်ခဲ့သည်။ သို့သော် မြန်မာ အသင်း၏ ဒုတိယပိုင်း ခြေစွမ်းပြမှုမှာ ရလဒ်ကို မည်သို့မျှ ပြောင်းလဲနိုင်ခြင်း မရှိတော့ဘဲ ပွဲအပြီးတွင် အရှုံးရလဒ်ကိုသာ လက်ခံခဲ့ရခြင်း ဖြစ်သည်။ 

ပွဲအပြီးတွင် လူထုတ်ပုံနှင့် ပတ်သက် သတင်းထောက်များက မေးမြန်းသောအခါ ပတ်ဆောင်ဟွာက Head to head စနစ်ဖြင့် ဆုံးဖြတ်မည်ကို ကျော်ကိုကိုအား လူစားလဲချိန်ထိ မိမိလုံးဝ မသိခဲ့ကြောင်း ဆိုခဲ့သည်။ ပတ်ဆောင်ဟွာ ၏ အဆိုပါ အပြောအတွက် ဦးဇော်ဇော်မှာ ဒေါသပေါက်ကွဲခဲ့ပြီး နံရံကိုပင် လက်သီးဖြင့် ထိုးခဲ့သေးသည်။ ထို့အပြင် ဦးဇော်ဇော်က ပတ်ဆောင်ဟွာ ၏ အဆိုပါ ပြောဆိုမှုမှာ ခေါင်းရှောင်မှု သက်သက်သာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။

Soccer Myanmar အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ် ပတ်ဆောင်ဟွာကို မြန်မာအသင်း၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ် လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ကြေငြာခဲ့သည်။ ပတ်ဆောင်ဟွာသည် ဦးဇော်ဇော် အပါအ၀င် မြန်မာ့ ဘောလုံး အသိုင်းအ၀န်း၏ ယုံကြည်ကိုးစားမှုကို အထူးရရှိခဲ့သည့် နည်းပြ တစ်ဦး ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်းအပါအ၀င်၊ မြန်မာ့ လက်ရွေးစင် အသင်းကိုပါ တစ်ဦးတည်း တာဝန်ယူခွင့် ရရှိခဲ့သူ ဖြစ်သည်။

ဘောလုံးလည်းရှူံး သိက္ခာလည်း ရှူံး

အင်ဒိုနီးရှားအသင်းကို သရေကစားရုံဖြင့် အုပ်စုတက်ကာ ဆီးဂိမ်း ရွှေရယူနိုင်ရန် မျှော်မှန်းနိုင်ခဲ့သော် လည်း တစ်လုံးတည်းသော ပယ်နယ်တီဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် ဆီးဂိမ်း ရွှေအိပ်မက် ပျက်ပြယ် သွားသော ပရိသတ်များ၏ ပွဲအပြီး ပေါက်ကွဲသောင်းကျန်းမှုကြောင့် လုံခြုံရေးရဲများနှင့် ပဋိပက္ခများ ဖြစ် ပွားခဲ့ရသည်။

ပွဲပြီးခါနီးမှာတွေ့လိုက်ရတဲ့ မြင်ကွင်း


အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ မကျေနပ်


ရန်ကုန်မြို့သုဝဏကွင်းတွင် ကစားနေသော အုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွင် မြန်မာယူ-၂၃ အသင်မှာ အင်ဒိုနီးရှား ယူ-၂၃ အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီဖြစ် သည်။ မြန်မာ အသင်းမှာ ပထမပိုင်းတွင် ပွဲထွက်စာရင်း၌ ကြည်လင်းကို ဒဏ်ရာကြောင့် အသုံးမပြုနိုင် ခဲ့ဘဲ မြန်မာ အသင်း နည်းပြ ပတ်ဆောင်ဟွာသည် ကောင်းစည်သူကို အထောင်တိုက်စစ်မှူးအဖြစ်ထားကာ ၄-၂-၃-၁ ကစား ကွက်ဖြင့် ပွဲ ထွက်ခဲ့သည်။ ပထမပိုင်းတစ်ပိုင်းလုံး မြန်မာအသင်းမှာ ကစားကွက်မမိခဲ့ဘဲ တိုက်စစ်မှာလည်း တစ်ဖက်အသင်းကို လုံးဝခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပေ။ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာသည် ဒုတိယပိုင်းရောက်မှသာ ကျော်ကိုကိုကို လူစားလဲထည့်သွင်းခဲ့ပြီး

မန်စီမြို့နယ်၌ ဒီဇင်ဘာ ပထမလ၀က်အတွင်း ကေအိုင်အေ လက်နက်ကိုင် အဖွဲ့များက လူ ၅၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်သေး

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ကေအိုင်အေ လက်နက် ကိုင် အဖွဲ့အစည်းက လူ ၅၁ ဦးကို ဖမ်းဆီးသွားပြီး ယနေ့အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဌာနနှင့် ဒေသခံကျေးရွာများက ဒီဇင်ဘာ ၁၆ ရက်က ပြောကြားသည်။

မီးလောင်ပျက်စီးခဲ့သော မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများ နိုင်ငံတော်မှအခမဲ့ ပြန်လည် ဆောက်လုပ်ပေးမည်

8.1.1
မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်း နေထိုင်သူ အများစု ခိုလှုံနေရသော ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်းအား ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)
၂၀၁၃ ခုနှစ် မတ်လအတွင်းက မီးလောင်ပျက်စီး သွားခဲ့သော မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ချမ်းအေး သာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများအား ဒီဇင်ဘာလ ထဲ နိုင်ငံတော်မှ အခမဲ့ ပြန်လည်ဆောက်လုပ် ပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေး ပစ္စည်းများကို ဒီဇင်ဘာ တတိယပတ်တွင် စတင်ချထားပေးကာ ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုကြောင့် မြန်မာတို့၏ ဆီးဂိမ်းဝိညာဉ်ပျောက်ဆုံး အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့၍ ပရိသတ်များ အကြမ်းဖက်မှု ဖြစ်ပွား

Q.17.12
အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီးနောက် ပရိသတ်အချို့က ထိုင်ခုံများဖျက်ဆီး၍ ကွင်းအတွင်း ပစ်ပေါက်ထား သည် ကို တွေ့ရစဉ် ( ဓာတ်ပုံ-ညီညီစိုးညွန့်)
ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားသော ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုမှထွက်ခဲ့ ရပြီ ဖြစ်သည်။