Wednesday, December 18, 2013

မြန်မာအမျိုးသမီးဟော်ကီအသင်းအင်ဒိုနီးရှားကိုအနိုင်ရ

Photo: မြန်မာအမျိုးသမီးဟော်ကီအသင်းအင်ဒိုနီးရှားကိုအနိုင်ရ
Wednesday, December 18, 2013

(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးဟော်ကီအုပ်စုပတ် လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်ကို ရန်ကုန်မြို့ သိမ်ဖြူဟော်ကီကွင်း တွင် ယနေ့နံနက် ၁၁ နာရီက စတင်ယှဉ်ပြိုင်သည်။ စတုတ္ထနေ့ ပထမပွဲစဉ်အဖြစ် ကမ္ဘောဒီးယား နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ စင်ကာပူအသင်းက ကမ္ဘောဒီးယားအသင်းကို ၁၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

စတုတ္ထနေ့ နောက်ဆုံးပွဲစဉ် အဖြစ် ထိုင်းနှင့်မလေးရှားအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မလေး ရှားအသင်းက ထိုင်းအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။

အမျိုးသမီးဟော်ကီအုပ်စုပတ် လည်ပြိုင်ပွဲ စတုတ္ထနေ့ယှဉ်ပြိုင်ခဲ့ သော ပွဲစဉ်များအပြီးတွင် မလေး ရှားအသင်းက ၁၂ မှတ်၊ စင်ကာပူ အသင်းက ၉ မှတ်၊ ထိုင်းအသင်း က ၇ မှတ်၊ မြန်မာအသင်းက ၄မှတ်၊ အင်ဒိုနီးရှားအသင်းက ၃မှတ်ရရှိပြီးကမ္ဘောဒီးယားအသင်း က အမှတ်မရရှိသေးကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် အမျိုးသားဟော်ကီ အုပ်စုပတ်လည် စတုတ္ထနေ့ပွဲစဉ် ကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်နှင့် ထိုင်း၊ စင်ကာပူနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

Ref: The Union Daily
(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ခြင်း ဖြစ်သည်။

နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ

Photo: နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ
Wednesday, December 18, 2013

ကမ္ဘာ့အကြမ်းအခံဆုံး မိုဘိုင်းဖုန်း စာရင်းထဲမှာ နိုကီယာပါဝင်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းက Nokia X2 ပါ။ ၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစားခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။

ဆီရီးယားမှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့ ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့ အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။

အသက်စွန့်ပြီး ရိုက်ကူးနေစဉ် မမျော်လင့်ပဲ ရဲက ပစ်လိုက်တဲ့ ကျည်ဆန်က သူ့ဆီကို တည့်တည့်တိုးလာပါတယ်။ ကံကောင်းပါတယ်။ ကျည်ဆံက ကိုင်ထားတဲ့ ဖုန်းကို ထိသွားပြီး နိုကီယာမှာပဲ တစ်သွားပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ ကျည်ဆည်ပေါက်သွားတဲ့နေရာကို မြင်တွေ့ ရမှာပါ။

Nokia ဖုန်း Hardware အကြမ်းခံမှုက အံ့သြဖွယ် ကောင်းလှပါတယ်။ Nokia က အသက်ငယ်သူပါ။ Nokia X2 တင်မက အရင်က ထုတ်တဲ့ မိုဘိုင်းဖုန်းနဲ့ ယနေ့ထွက်တဲ့ စမတ်ဖုန်းတွေလည်း အကြမ်းခံတယ်လို့ Nokia မှ ပြောဆို ထားကြောင်း သိရပါတယ်။

Ref: phonearena
အောင်ခမ်း ( ရိုးရာလေး )
ကမ္ဘာ့အကြမ်းအခံဆုံး မိုဘိုင်းဖုန်း စာရင်းထဲမှာ နိုကီယာပါဝင်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းက Nokia X2 ပါ။ ၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစားခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်
ဆီရီးယားမှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့ ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့ အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။

ဘင်္ဂါလီ ခုနစ်ဦးကို ခေါ်ယူလာသည့် ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီ ခုနစ်ဦးကို ပါဂျဲရိုးယာဉ်ဖြင့် ရန်ကုန်မြို့တော်သို့ ခေါ်ဆောင် လာသော ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က အမှုဖွင့် စစ်ဆေး လျက် ရှိကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒလမြို့ နှစ်လုံးထီဒိုင် အမျိုးသမီးကို ထောင်ဒဏ်သုံးနှစ်၊ခြောက်လ ချမှတ်

နှစ်လုံးထီးဒိုင်ကိုင်နေသော အမျိုးသမီးတစ်ဦးကို ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဒလမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ခြောက်လကျခံစေရန် ဒီဇင်ဘာ ၁၁ ရက်က အမိန့်ချမှတ်လိုက် သည်။

ပြိုင်ကားမောင်းသူတစ်ဦးက ရပ်ထားသည့် ကားကို ဖျက်ဆီးဟုဆိုကာ အမှုဖွင့်

ပြိုင်ကားမောင်းနှင်သူတစ်ဦးက နေအိမ်ရှေ့တွင် ညအိပ်ရပ်နားထားသည့် ကားတစ်စီးအား ဖျက်ဆီးခဲ့မှု တစ်ခု ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင် ဒီဇင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည့်အတွက် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

သူရိယနေ၀န်းဂျာနယ်နှင့် ပတ်သက်သည့် ပြန်ကြားရေးတောင်းဆိုမှု စာနယ်ဇင်းကောင်စီ လိုက်လျောမည်မဟုတ်

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်ဘဲ အစိုးရကို ထိခိုက် စေသည်ဟုဆိုကာ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားခဲ့သော်လည်း စာနယ်ဇင်းကောင်စီဘက်မှ ၀င်ရောက်ညှိနှိုင်းပေးမည်မဟုတ်ဟု စာနယ် ဇင်းကောင်စီ အတွင်းရေးမှူးဦးကျော်မင်းဆွေက ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြစ်ဒဏ်ကျ ထောက်လှမ်းရေး ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် လက်မခံဟုဆို

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထိန်းသိမ်း အရေးယူ ခံရစဉ်တွင် တစ်ပါတည်း ဖမ်းဆီး အကျဉ်းကျခံရပြီး မလွတ်မြောက်သေးသည့် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဆိုပါက လုံးဝလက်မခံမည် မဟုတ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က ထုတ်ပြန် ပြောကြားသည်။

KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကချင်အမျိုးသားများ၏ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ

ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် ရှင်းလင်းရန်နှင့် ဆွေးနွေးတိုင်ပင် ရန် အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တွင် ကချင်ခေါင်းဆောင်များ လိုင်ဇာမြို့တွင် ဒီဇင် ဘာလ ၁၇ ရက်တွင် စတင် ကျင်းပလျက်ရှိသည်။

ဖတ်ကြည့်လိုက်ပါ သင်မသိသေးတာတွေကို တအံ့တသြ သိစေရမယ်

ဖတ်ကြည့်လိုက်ပါ သင်မသိသေးတာတွေကို တအံ့တသြ သိစေရမယ်
Wednesday, December 18, 2013

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက်ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့အသံကို မကြားနိုင်ဖြစ်နေပါသလား.... ရုတ်ချည်းပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်းဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ်သွားချင်နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ်လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေးနိုင်ပါတယ်....
၎)ဆရာဝန်ကသင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ...
ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူလမ်းကြောင်းပိတ်နေတဲ့အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ချောင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထားအတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကိုလှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်းအသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့်အင့်ကာအိပ်ချင်လာပြီဆိုရင်ဘယ်ဘက်ကိုစောင်းပြီးလှဲလျောင်းပါ...ဒီပုံစံဟာသင့်အစာအိမ်ကို
အစာပြွန်ထက်ပိုနိမ့်တဲ့အနေအထားမှာရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေသင့်လည်ချောင်းထဲကမထွက်လာအောင်ထိန်းပေးထားနိုင်ပါတယ်...

၇)သင်သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့လက်မနဲ့လက်ညိုးကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှုဝေဒနာကိုသိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင်ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့်လဲဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်းမှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင်ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက်သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေးဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွားစေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှားထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vagus လို့အမည်ရတဲ့ အာရုံကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင်တည်ငြိမ်မှုရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက်တဝကြီးရှူတာ ပုံမှန်ထက်မြန်မြန်ပြင်းပြင်းရှူတာမျိုးလုပ်မယ့်အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တိုအတွင်းများများလုပ်ဆောင်လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင်ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင်ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့အခါမှာ ပါးစပ်အပေါ်နံရံကနေပြီး ခေါင်းထဲထိထိုးကိုက်တာမျိုးဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံအတိုင်း အပြားလိုက်ဖိကပ်ထားပါ... လျှာနဲ့နေရာများများထိနိုင်သမျှ ထိအောင်ကပ်ထားပေးရပါမယ်... brain freezeဟာခံတွင်းနံရံမှာရှိတဲ့အာရုံကြောကိုအလွန်အမင်းအေးစေတဲ့အခါဦးနှောက်ကခန္ဓာကိုယ်
တစ်ခုလုံးအေးနေတယ်လို့ ယူဆသွားတဲ့အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကိုနာကျင်ကိုက်ခဲတဲ့အထိ အပူပေးတဲ့လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်းအပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေပါတယ်....

၁၃)သင့်ရဲ့လက်တွေအိပ်ပျော်တဲ့အခါမှာလက်တွေဟာ ဘေးတစ်ဘက်တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေကပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက်လာပါတယ်... လက်တွေဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပြီး လည်ပင်းကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေအိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ်အောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Myanmaalinn
၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေ ကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက် ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ အလည်အပတ် လာရောက်ရန် တရားဝင် ဖိတ်ခေါ်ပြောကြားမှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောကြား

တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော လေ့လာရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ဖိတ်ခေါ်ခြင်းမျိုး တရုတ်နိုင်ငံ ဘက်က ပြော ကြားမှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ
Tuesday, December 17, 2013

ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့်  ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။

သို့သော် ယမန်နေ့ ညပိုင်းကမူ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို ၁ ဂိုး ဂိုးမရှိနှင့် ရှုံးကာ အုပ်စုအဆင့်မှ လှည့်ထွက်ခဲ့ရသည့်အတွက်  မြန်မာ ဘောလုံးပရိသတ်များ ပေါက်ကွဲကာ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ပင် ဖြစ်ခဲ့ရသည်။ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသည့် ရှုံးနိမ့်မှု၊ ဆူပူမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။     ။ နည်းပြ ပတ်ဆောင်ဟွာက အခုပြိုင်ပွဲစနစ် Head to Head ကို မသိဘူးလို့ သတင်းစာရှင်းလင်းပွဲများမှာ ပြောသွားတယ်၊  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြအကြားမှာ ဒီစနစ်နဲ့ ပတ်သက်ပြီး ဆက်သွယ် ရှင်းလင်းပြောကြားတာမျိုး မရှိဘူးလား။

ဖြေ ။     ။ အဲဒါတော့ မဟုတ်ပါဘူး၊ ဒီ Head to Head စနစ်နဲ့ ပတ်သက်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ရော၊ ကျနော်တို့ရော ရှိရှိသမျှ အသင်းမှာရှိတဲ့ မြန်မာတာဝန်ခံရော၊ စကားပြန်ရော အကုန်ပြောပြီးပါပြီ။ ပရိသတ် ၃ သောင်းတောင် သိတာ၊ သူမသိဘူး ဆိုတာတော့ ဘယ်လိုဖြစ်နိုင်မလဲ။

မေး။     ။ လူထုတ်ပုံနည်းစနစ်နဲ့ ပတ်သက်ပြီး နည်းပြအဖွဲ့မှာရှိတဲ့ မြန်မာ တာဝန်ခံတွေကရော ထောက်ပြတာမျိုး မရှိဘူးလား။

ဖြေ ။     ။ နည်းပြသဘောထားက သူပဲလုပ်မယ် ဘေးလူ ဘာမှလာမပြောနဲ့၊ ၀င်ရောက်စွက် ဖက်တာကို လုံးဝ လက်မခံတဲ့ လူစားမျိုး၊ ပြောလေ ကန့်လန့်တိုက်လေ လူမျိုး။ ကျနော်တို့ အဖွဲ့ချုပ်ကလည်း စာချုပ်သက်တမ်း ၂ နှစ်နဲ့ ငှားပြီးနေတော့ အားလုံးက သည်းခံပြီး စာချုပ်ကုန်တဲ့အထိ ထားမယ်လို့  ဆုံးဖြတ်လိုက်တာပါ။ လူထုတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့အတွက်လည်း ကျန်တဲ့ မြန်မာနည်းပြတွေနဲ့ စကားများရတာလည်း အကြိမ်ကြိမ်ပါ။

အခု အင်ဒိုနီးရှားနဲ့ ပွဲမတိုင်ခင်မှာ ကျနော်ကိုယ်တိုင် သူ့ကို ပြောပါတယ်၊ အခုပွဲကို ဗိုလ်လုပွဲလို ကစားဖို့၊ ဘောလုံးဆိုတာ ဘာမဆို ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့ ပြောတယ်၊ စကားပြန်ကတဆင့် “စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး ” လို့ သူက ဖြေတယ်။

ကန်မယ့်နေ့ မနက်မှာလည်း သူတိုနဲ့ တွေ့တော့ “တဖက်အသင်းက ဖောင်ဖျက်တိုက်မှာ၊ မထင်မှတ်တာတွေ ဖြစ်တတ်တယ်၊ ပထမပိုင်း သေချာဖိကစား၊ နှစ်ဂိုးလောက်ရလို့ သေချာပြီဆိုမှ မင်းကြိုက်တာလုပ် ” ဆိုတော့ စိတ်ချပါလို့ ထပ်ကတိပေးတယ်။

ပွဲမစခင်မှာတင် တိုက်စစ်မှူး “ကျော်ကိုကို” ကို မထည့်ဘူး လုပ်ပြန်တယ်၊ ဒါကြောင့် ကျော်ကိုကို ကို ကျနော်ကိုယ်တိုင်ခေါ်ပြီး၊ နည်းပြ ပတ်ဆောင်ဟွာကို ကျေအေးအောင် ကန်တော့ခိုင်းပြီး Line up ထဲထည့်ဖို့ ပြောရတယ်၊ ဒါတောင် ဒုတိယပိုင်းမှ ထည့်တယ်။

ဖိအားတွေနဲ့ ကစားရတော့ ကစားသမားလေးတွေလည်း ဘယ်လိုလုပ်ရတော့မလဲ၊ အခြေအနေကို ကြည့်ပြီးတော့ လူစားထိုးသင့်တာ ထိုးရမယ်လေ။

မေး။     ။ အခုနည်းပြ ပတ်ဆောင်ဟွာကို ထုတ်လိုက်ပြီလား၊ မြန်မာ့ဘောလုံးအသင်းအတွက် ရှေ့ကို ဘာဆက်လုပ်မလဲ။

ဖြေ။     ။ ထုတ်လိုက်ပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ ဘောလုံးက အများကြီး လုပ်ရမယ်၊ အခြေခံ အဆောက်အအုံတွေ၊နည်းပညာတွေ၊ နိုင်ငံတကာ ပြိုင်ပွဲတွေ အများကြီးလုပ်ရမယ်။ လက်ရွေးစင်အသင်းတခုထဲ ပြုပြင်ဖို့မဖြစ်နိုင်ဘူး၊ ကလပ်အသင်းတွေလည်း ပြုပြင်နိုင်မှဖြစ်မှာ။

ကန်တော့မှ နိုင်ချင်ရုံနဲ့တော့ မရဘူး။ အခုဆိုရင်  U -၁၉၊ U- 22  လည်း အာရှခြေစစ်ပွဲအောင်ပြီးပြီ။ အခုဟာက ရွှေရနိုင်တဲ့ အနေအထားမျိုးရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ၊ ဒီပွဲက မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ၊  ပြည်သူလူထုကလည်း အရမ်းကို မျှော်လင့်နေတဲ့ အချိန်မှာ ဖြစ်သွားတာ၊ ပရိသတ်တွေကို နားလည်ပါတယ်။

မေး။     ။ ဒါဆို တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့  ဒီပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ဖြေ။     ။ ဒီပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အလုပ်ပျက် အကိုင်ပျက်ခံပြီး လက်မှတ်တန်းစီပြီး ၀ယ်ယူအားပေးတဲ့ မြန်မာ ပရိသတ်ကြီးကို တာဝန်ရှိသူတယောက်အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။     ။

AFF Association of the Year ဆုနှင့်အတူတွေ့ရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် (ဓာတ်ပုံ – themff.org)

ဧရာဝတီ
ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်း အထန် ပြင်ဆင် ကြိုးစားခဲ့သည်။

မြန်မာစစ်အရာရှိ ၁ ဦးနဲ့ စီးပွားရေးကုမ္ပဏီ ၃ ခုအပေါ် အမေရိကန် ပိတ်ဆို့မှုချမှတ်


မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိ တစ်ယောက်ကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက် အရောင်းအဝယ် လုပ်တဲ့အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့လိုက်တယ်လို့ အင်္ဂါနေ့ မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနှင့်ပွဲ မတိုင်မီ အစည်းအဝေး၌ ပတ်ဆောင်ဟွာက အင်ဒိုနီးရှားကို ရှုံးနိမ့်၍ မရဟု ပြောကြားခဲ့ကြောင်း မြန်မာအသင်းအုပ်ချုပ်သူ ဦးစိုးမိုး ပြောကြား

မြန်မာယူ-၂၃ အသင်း၏ အုပ်ချုပ်သူ ဦးစိုးမိုးက တောင်ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာ အနေဖြင့် အုပ်စုအဆင့်၌ Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ကို မသိရှိခဲ့ဟု ပြောကြားခြင်းမှာ မှန်ကန်မှုမရှိဘဲ ယင်းပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ၎င်းကိုယ်တိုင်က အင်ဒိုနီးရှားကို ရှုံးနိမ့်၍မရကြောင်း သတိပေးခဲ့သည်ဟု ပြောကြားသည်။

တပ်သားသစ် ကောက်ယူမှုအား ရှုပ်ချ ဆန္ဒပြရန် သျှမ်းအသိုင်းအဝိုင်း စီစဉ်

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း သျှမ်းရွာသားများ တပ်သားသစ် စုဆောင်းခြင်း ခံရမှုအား ရှုပ်ချသည့် အနေဖြင့် ဆန္ဒပြရန် သျှမ်းလူမှုအသိုင်းအဝိုင်းက စီစဉ်နေကြောင်း တိုင်းလိုင် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီက ပြောပါသည်။

သျှမ်းပါတီ ပူးပေါင်းရေး ကမ်းလှမ်းမှု တလပြည့်သော်လည်း တိုးတက်မှု မရှိသေး

ပူးပေါင်းရေးအတွက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ SNDP ထံ ကမ်းလှမ်းထားမှု တလပြည့်ပြီဖြစ်သော်လည်း တိုးတက်မှု မရှိသေး ကြောင်း နှစ် ပါတီလုံးက ပြောပါသည်။