Friday, December 27, 2013

ရှစ်မိုင်လမ်းဆုံတွင် ဂျပန်နည်းပညာအသုံးပြုထားသည့် ခေတ်မီမီးပွိုင့်စမ်းသပ်တပ်ဆင်

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများထဲမှ တစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ် ရှစ်မိုင် လမ်း ဆုံတွင် ဂျပန်နည်းပညာဖြင့်ပြုလုပ်ထားသည့် အဆင့်မြင့် ခေတ်မီမီးပွိုင့်အား စမ်းသပ်တပ်ဆင် အသုံးပြုနေကြောင်း သိရသည်။

ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်

ဒဂုံဆိပ်ကမ်းမြို့နယ် တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ်သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူ က သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အရက်ကြောင်ကြောင်ပြီး မိမိကိုယ်မိမိ လှံဖြင့်ထိုးသတ်

မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ဆုံကုန်းကျေးရွာနေ စိုးလွင် သည် ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီ ၁၅မိနစ်က အရက် အလွန်အကျွံ သောက်စားခဲ့ပြီး မူးယစ်ကာစိတ်ကယောင်ချောက်ချား ဖြစ်ပြီး ဝမ်း ဗိုက်အောက်အားလှံဖြင့် မိမိကိုယ်မိမိထိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဒဏ်ရာသက်သာ ချင်းပြည်ခရီးစဉ် မူလစီစဉ်သည့်အတိုင်း သွားမည်


ခြေထောက်နှစ်ဖက်စလုံး အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၁၀ ရက်အကြာတွင် ချုပ်ရိုးဖြည်မှုပြု လုပ်ပြီး နောက် ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်လည်သက်သာလာပြီဖြစ်၍ ဇန်န၀ါရီလဆန်းပိုင်းအတွင်း သွားရောက်ရန် စီစဉ်ထားသည့် ချင်းပြည်နယ်ခရီးစဉ်ကို သွားရောက်နိုင်ပြီဖြစ်သည်ဟု သူ၏ မိသားစု ဆရာဝန် ဒေါက် တာတင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

လူနှစ်ဦးသေဆုံးခဲ့သည့် အဲပုဂံလေယာဉ်ပျက်ကျမှု တစ်နှစ်ကြာတွင် အစီရင်ခံစာထွက်

လူနှစ်ဦးသေဆုံးခဲ့သည့် အဲပုဂံ လေယာဉ်ပျက်ကျပြီး တစ်နှစ်အကြာတွင် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တစ်စောင်ကို ဒီဇင်ဘာလ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု စုံစမ်းရေး အဖွဲ့ခေါင်းဆောင် လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဆွေထွန်းက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ထွက်ရှိလာသည့် အစီရင်ခံစာကို ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကာ ၀န်ကြီး ဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ပြန်လည်ညွှန်ကြားလာမှသာ အစီရင်ခံစာပါအတိုင်း အကောင် ထည် ဖော် ဆောင်ရွက်ခြင်းနှင့် ပြည်သူများထံ အသိပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

အစိုးရက မိတ်ကပ်အဖွဲ့ကို အသိအမှတ်မပြုလို့ပြော

အစိုးရက မိတ်ကပ်အဖွဲ့ကို အသိအမှတ်မပြုလို့ပြော
Thursday, December 26, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ၀ိုင်းဝန်းကူညီပေးခဲ့သူတွေကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ကူညီပြင်ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ဆီးဂိမ်း အားကစားပွဲတော် ဖွင့်ပွဲနဲ့ပိတ်ပွဲတွေမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်ကို ဦးဆောင်ပြီး ကူညီခဲ့တဲ့ ကိုကျော်သူက နိုင်ငံတော်အစိုးရက သူတို့မိတ်ကပ်ပညာရှင်အဖွဲ့ကို ခွဲခြားဆက်ဆံတယ်လို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ ရပိုင်အခွင့်အရေးကို တောင်းဆိုနေတာ မဟုတ်ဘူး၊ လိုချင်တဲ့စိတ်နဲ့ ပြောနေတာ မဟုတ်ဘူး၊ အဓိကကတော့ နိုင်ငံတော်က volunteer ချင်းအတူတူ အကုန်လုံးကို ချီးမြှင့်ပေးလိုက်တယ်၊ အဲဒါတွေက ကျနော်တို့ မိတ်ကပ်အဖွဲ့ကို တကယ်ပါလား၊ မပါဘူးလားဆိုတာကို ကျနော်တို့သိချင်တာ၊ ဆီးဂိမ်းအမှတ်တရ DVD အခွေတွေပေးတယ်၊ အကြောင်းတောင် မကြားဘူး၊ ကျန်တဲ့ဟာတွေကျတော့ ပြည့်ပြည့်စုံစုံနဲ့ အကုန်လုံးပေးတယ်၊ ကျနော်တို့အဖွဲ့ကျတော့ မပေးဘူး၊ ရင်ထဲမှာ တဖြည်းဖြည်းနဲ့ ကျနော်တို့ကို ခွဲခြားဆက်ခံရတယ်၊ ချောင်ထိုးခံရတယ် အဲလိုမျိုးခံစားရတာ"

ဆီးဂိမ်းပွဲတော် အောင်မြင်ဖို့အတွက် အခမဲ့ကူညီကြသူတွေအားလုံးကို နိုင်ငံတော်ကဆုချီးမြှင့်ရာမှာ ဆီးဂိမ်းပွဲကြည့်တဲ့ လက်မှတ်တွေ၊ ဖုန်းဆင်းကဒ်တွေ၊ ဆီးဂိမ်းအမှတ်တရ တိတ်ခွေတွေ၊ မဲဖောက်ပေးတာတွေ၊ ဂုဏ်ပြုလွှာပေးအပ်တာတွေ ရှိခဲ့ပါတယ်။

အဲဒီအထဲမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်မပါတဲ့အပြင် ဂုဏ်ပြုလွှာမှာ နာမည်တောင်မတပ်ဘဲ ထုတ်ပေးခဲ့တယ်လို့ မိတ်ကပ်ပညာရှင် အဖွဲ့ခေါင်းဆောင် ကိုကျော်သူက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲမှာ ကဏ္ဍအသီးသီးအတွက် အခမဲ့ကူညီခဲ့သူ ၂၀၀၀၀ နှစ်သောင်းလောက် ရှိခဲ့တယ်လို့ သိရပါတယ်။

RFA
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ၀ိုင်းဝန်းကူညီပေးခဲ့သူတွေကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ ကူညီပြင် ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ရဲအယောင်ဆောင်လူတစ်စု နေအိမ်ပေါ်ထိ ၀င်ရောက်လုယက်မှု တိုင်းအဆင့် ကိုင်တွယ်နေရ

ထန်းတပင်မြို့နယ် ရိုးလေးကျေးရွာရှိ နေအိမ်တစ်ခုသို့ အမျိုးသမီးတစ်ဦးပါဝင်သည့် ရဲဝန်ထမ်း အယောင် ဆောင် လူတစ်စုက ညဘက်တွင် နေအိမ်ပေါ်ထိ တက်ရောက်ပြီး ခြိမ်းခြောက်လုယက်ခဲ့မှုကို တိုင်းရဲ အဆင့် ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု အခင်းဖြစ်ပွားခဲ့သည့် တက်သစ် နယ်မြေ ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်စိန်သော်က ဒီဇင်ဘာ ၂၆ တွင် မဇ္ဈိမကို ပြောသည်။

“တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေ ပူးပေါင်းပြီး ရအောင် ဖော်ထုတ်နေပါတယ်။ ဖော်ထုတ်ရနိုင်မယ့်အခြေ အနေမှာ ရှိနေပါတယ်။ ပြစ်မှုကျူးလွန်သူတွေက အယောင်ဆောင်ဖြစ်တယ်ဆိုတာ သေချာပါတယ်” ဟု ဆိုသည်။

ယခုအချိန်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့်အချိန်ဖြစ်သည့်အတွက် ကြက်မွေးမြူရေးလုပ်ငန်းရှင်များ သတိရှိရှိဖြင့် ကာကွယ်မှုများ လုပ်ထားသင့်

DSC 0049
ရန်ကုန်တိုင်းဒေသကြီး၊  မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ   ကြက်၊ ဘဲဈေးအား တွေ့ရစဉ်
ယခုအချိန်အခါသည် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့် အချိန်အခါ ဖြစ်သည့်အတွက် ကြက်မွေးမြူရေး လုပ်ငန်းရှင်များမှာ သတိရှိရှိဖြင့် ကာကွယ်မှုများလုပ်ထားသင့်သည်။
အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါသည် ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ တို့တွင် ဖြစ် ပွားလေ့ ရှိကြောင်း သိရှိရပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့မှ မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိ လာသည့် ဆောင်းခို ငှက်များမှ တစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်ကြောင်း မွေးမြူရေး ၊ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်ဇော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ

ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ 
Friday, December 27, 2013

ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ပုံသက် သက်ပ်ကန်ဇာန (Pongthep Thepkanjana) က ကြာသပတေးနေ့မှာ နိုင်ငံတော်ရုပ်သံမိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။  

ရွေးကောက်ပွဲကြန့်ကြာနေတာနဲ့အမျှ အကြမ်းဖက်မှုတွေ ပိုများလာနိုင်တယ်လို့လည်း  ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ပြင်သစ်သတင်းက ပြောပါတယ်။ ထိုင်းနိုင်ငံရေးပဋိပက္ခကြောင့်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်က ရွေးကောက်ပွဲကို  စောစောစီးစီးကျင်းပပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ ထိုင်းနိုင်ငံမှာတွေ့နေရတဲ့ အဂတိလိုက်စားမှုတွေနဲ့ ငွေများငွေနိုင် နိုင်ငံရေးအဆုံးသတ်စေဖို့အတွက် ဝန်ကြီးချုပ်ယင်လတ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပါ။ ဒါ့အပြင် မစ္စယင်လတ်ကို သူ့ရဲ့ အကိုတော်သူ၊ အရင်ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်အဖြစ် ရှုမြင်ကြပါတယ်။

နိုင်ငံရေးပဋိပက္ခဟာ ကြာသပတေးနေ့အစောပိုင်းမှာတော့ အကြမ်းဖက်မှုအဖြစ် ပြောင်းသွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ကြသလို ဆန္ဒပြသူတွေကလည်း ခဲတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။

ဒီအဓိကရုဏ်းကနေ ရဲတစ်ဦးသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာ ရခဲ့ကြတာပါ။ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နေကြတဲ့ ဘန်ကောက်အားကစားရုံကြီးထဲကို ဆန္ဒပြသူတွေက ရဲတွေတားနေတဲ့ကြားက အတင်းဝင်ရောက်ခဲ့တဲ့နောက်ပိုင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
 
ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့နောက် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲ အမြန်ကျင်းပပေးမယ်လို့ ပြောကြားခဲ့ပေမယ့် နုတ်ထွက်ပေးဖို့တော့ မစ္စယင်လတ်က ငြင်းဆိုပါတယ်။ 

VOA

ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ရာ အားကစားရုံရှေ့က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက မပေါက်ကွဲသေးတဲ့ မျက်ရည်ယိုဗုံးကို ရဲတပ်ဖွဲ့ရှိရာ ပြန်လည်ပစ်ခတ်စဉ်။ ဒီဇင်ဘာ ၂၆၊ ၂၀၁၃။
ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက် ပွဲကော် မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။
ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပုံသက် သက်ပ်ကန်ဇာန (Pongthep Thepkanjana) က ကြာသပတေးနေ့ မှာ နိုင်ငံတော် ရုပ်သံ မိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အိုးအိမ်ပိုင် မြေကွက်ပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုကို ထိပ်တိုက်ရင်ဆိုင်မှု မပြုတော့ဘဲ ဥပဒေအရသာ အရေးယူသွားမည်

DSC 0069
ရွှေလင်ဗန်း ချောင်းဘေးရှိ မြေကွက်များပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်နေသည်ကို ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက် ရွှေလင်ဗန်းချောင်း ကမ်းဘေးရှိ အိုးအိမ်ပိုင် မြေကွက်လွတ်များပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုအပေါ် ဥပဒေအရသာ အရေးယူသွားမည်ဟု အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဒီဇင်ဘာ ၂၆ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
၎င်းက “ကျွန်တော်တို့ ဘက်ကတော့ ဒီနေရာဟာ မြေလွတ်မဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ် ဆိုတာကို အကြိမ်ကြိမ် အသိပေး ကြေညာထားပြီးပါပြီ။ ဒါပေမဲ့ သူတို့ဘက်က ဒါကိုလက်မခံဘဲ ကျူးကျော်တဲတွေ ဆက်ထိုးနေတဲ့အတွက် ဥပဒေအရ တရားစွဲဆို အရေးယူသွားလို့ ရပါတယ်။ နောက်ပြီး ကျူးကျော်တဲ ထိုးတဲ့သူတွေက တုတ်၊ ဓားတွေနဲ့ အုပ်စုဖွဲ့ ကင်းစောင့်နေရင် လက်နက်ဥပဒေနဲ့ အရေးယူသွားမယ်” ဟု ပြောကြားသည်။

တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှု အဓိက ဦးဆောင်သူကို မြ၀တီမြို့၌ ဖမ်းဆီးရမိ

12.26.1
ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် ပိတ်စွယ်ကုန်းကျေးရွာ ကားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် နိုဝင်ဘာအတွင်းက လင်မယားနှစ်ဦးအား ငွေကျပ် သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှုတွင် အဓိကကျူးလွန်သူ ကထီး (ခ) သူရဇော်ဦး ဆိုသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုတွင် အဓိကဦးဆောင်သူ ဖြစ်သည့် ကထီး (ခ) သူရဇော်ဦးကို မြ၀တီမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခင်ဦးစွာ ဖမ်းမိထားသူ သုံးဦးဖြစ်သည့် စိုးမင်းဦး (ခ) သံပါးစပ်၊ သက်ကိုနှင့် ကျော်မြင့်တို့ကို ဒီဇင်ဘာ ၂၆ ရက်တွင် သန်လျင်မြို့နယ် တရားရုံးသို့ ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရ သည်။