Friday, March 28, 2014

သံယောဇဉ်အနားနှလုံးသားဗဟိုဇာတ်ကားနှင့် ကြယ်စင်မော်ကွန်း ရုပ်ရှင် ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်


Shwenaingan's photo.
တပ်မတော်ဂုဏ်ပြုဇာတ်လမ်းများဖြစ်သည့် သံယောဇဉ်အနား နှလုံး သားဗဟိုဇာတ်လမ်းနှင့် ကြယ်စင် မော်ကွန်း ရုပ်ရှင်ဇာတ်လမ်းတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနု ပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည် တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆု ရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
ဗိုလ်ချုပ်ကြီး သရေစည်သူလှဌေးဝင်း၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ဇေယျကျော်ထင်ခင်အောင်မြင့် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ သံယော ဇဉ်အနားနှလုံးသားဗဟို ဇာတ်ကား နှင့် ကြယ်စင်မော်ကွန်းရုပ်ရှင်ဇာတ် ကားတွင် ပါဝင်ခဲ့သည့် အနုပညာရှင် များ၊ စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထု စာမူဆုရရှိသူ စာပေ ပညာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းက အဖွင့် အမှာစကားပြောကြားသည်။
Shwenaingan's photo.
ထို့နောက် တပ်မတော်ဂုဏ်ပြု သံယောဇဉ်အနားနှလုံးသားဗဟို ဇာတ်ကားတွင် ပါဝင်ခဲ့သည့် အုပ်ချုပ်သူ ဗိုလ်မှူးကြီးဇင်မင်းထက်၊ ရိုက်ကူးရေးတာဝန်ခံအရာရှိ ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ဝတ္ထု ဇာတ်ညွှန်းဗိုလ်ကြီး တင်အောင်စိုး၊ ဒါရိုက်တာဦးမီးပွား၊ သရုပ်ဆောင် နိုင်းနိုင်း၊ စူးရှ၊ အေးမြတ်သူ၊ အိချောပို၊ အကယ်ဒမီ အောင်ခိုင်၊ ဦးအောင်ဇော်၊ အကယ်ဒမီ ယွန်းယွန်းနှင့် ပိစိကွေး၊ ကြယ်စင်မော်ကွန်းရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ခဲ့သည့် ဒါရိုက်တာ ပန်းချီစိုးမိုး၊ ဝတ္ထုဇာတ်ညွှန်းဗိုလ်ကြီး တင်အောင်စိုး၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ဝေဠုကျော်၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ အောင်ခိုင်၊ စိုးရန်အောင်၊ ရိုက်ကူးရေးတာဝန်ခံ ဗိုလ်မှူးကြီး ခင်မောင်ချို၊ ဗိုလ်မှူးကြီး အောင်သီဟ၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးတို့ အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ခင်ဇော်ဦးကဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီးပေးအပ် သည်။
၎င်းနောက် (၆၉)နှစ်မြောက် တပ်မတော်နေ့ စစ်ချီတေး၊ စစ်သည် တေးသီချင်းပြိုင်ပွဲတွင် ပထမဆု ရရှိသော တေးရေး တပ်ကြပ်ကြီး ဖုန်းမြင့်၊ ဒုတိယဆုရရှိသော မိုးသစ်ဦး၊ တတိယ ဆုရရှိသော အောင်ဆန်းဝင်း၊ နှစ်သိမ့်ဆု ရရှိသော ဝေလင်း-သုခုမနှင့် ထင်ကျော်တို့အား လည်း ကောင်း၊ ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိ သောကလောင်ရှင် ဝင်းနွယ်(သစ်တော)၊ ဒုတိယဆုရရှိသော ချမ်းမြဆောင်း (ကလော)၊ တတိယဆုရရှိသော မြင့်(ရွှေဘို)၊ နှစ်သိမ့်ဆုရရှိသော ပုလောစိုးနံ့သာနှင့် သန်းသန်းဦး (အောင်လံ)တို့အား လည်းကောင်း၊ ဝတ္ထုစာမူပြိုင်ပွဲတွင် ပထမဆုရရှိသော ကလောင်ရှင် ခြေလျင်စစ်သည် တစ်ဦး၊ ဒုတိယဆုရရှိသော ထက်ဝေ အောင်(စစ်ကိုင်း)၊ တတိယဆုရရှိ သော မောင်မောင်လွင် (ရွှေဘိုသား)၊ နှစ်သိမ့်ဆုရရှိသော သုန္ဒရ(မနောမြေ)နှင့် ဟန်စိုး(မြစ်ကျိုး)တို့အားလည်း ကောင်း၊ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ရာပြည့်က ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ် တရပစ္စည်းများ အသီးသီးပေးအပ် သည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ပွဲအပြီးတွင် အခမ်းအနားတက် ရောက်လာကြသူများအား လက်ဖက် ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment