Tuesday, July 8, 2014

အရေးပေါ်ကုသနည်းများ

သွားကျွတ်ထွက်သွားရင်
အသက်၁၀နှစ် ပတ်ဝန်းကျင် ကလေးတွေမှာ ပြေးလွှား ဆော့ကစားနေရင်း ထိခိုက်မိတာတွေ တိုက်မိ ဆောင့်မိ တာတွေကြောင့် ရှေ့သွား (အရေးပေါ်) ကျွတ်ထွက် သွားတာတွေဖြစ်ကြပါတယ်။ ဒါတွေကို သည်လိုနည်းတွေနဲ ဖြေရှင်းလိုရပါတယ်။ ကလေးတစ်ယောက်က တစ်ခုခုနဲတိုက်မိလို ရှေ့သွားကျွတ်
ထွက်သွားတာကို မြင်ခဲ့ရင် ကလေးရဲ့ ကျွတ်ထွက်သွားတဲ့သွားကို ခေါင်းပိုင်းကနေကိုင်ပါ အဲဒီမှာ
သတိထားကမှာကတော အမြစ်ကနေ လုံးဝမကိုင်ရပါဘူး ခေါင်းပိုင်းကနေ ကိုင်ပြီးရင် ရေသန်သန်နဲ့ ဆေးပါဆေးပြီးရင် အဲဒီသွားကို အုန်းရည်ရှိရင် အုန်းရည်ခွက်ထဲထည့်ပါ၊ မရှိလျှင်နို့ခွက်ထဲထည်ပါ။ အဲဒါတွေမှမရှိဘူးဆိုရင် ကလေးရဲ့ ပါးစောင်ထဲ ထည့်ပြီး ငုံထားခိုင်းပါ။ အဲသည်လို ကျွတ်ထွက်သွားတဲ့ သွားကို တစ်ခုခုထဲထည့်ထားငုံထားပြီးရင် နီးစပ်ရာသွားဆေးခန်းကို တစ်နာရီအတွင်း ရောက်အောင်သွားပါ ဒါဆို ကျွတ်ထွက်သွားတဲ့ သွားကို နေရာတကျ ပြန်လည်တပ်ဆင်နိုင်မှာပဲဖြစ်ပါတယ်။
တကယ်လို့များ အချက်အလက်တွေ တစ်ခုခုများ လွဲချော်သွားခဲ့ရင် မအောင်မြင်တော့မှာ မဟုတ်ပါဘူး။ သွားဆေးခန်း မရောက်ခင် သွားကိုသေသေချာချာ သယ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

ဆီးပူ ၊ဆီးကျင် ၊ဆီးအောင့်ရင်
အသက်အရွယ်မရွေးကလေး၊ လူကြီးတွေမှာ ဆီးပူ။ဆီးကျင်၊ ဆီးအောင့် တာတွေဖြစ်လာရင်တော့ အရေးပေါ်ကုသနည်းနဲ့ ဖြေရှင်းလို့ရပါတယ်။ နေပူထဲသွားလိုပဲဖြစ်ဖြစ်၊ အစာမှားပြီးပဲ ဖြစ်ဖြစ်ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်နေတာပဲဖြစ်ဖြစ် ရိုးရိုးရေကို သာမာန်ထက် ပိုပြီးသောက်ပေးရမယ်။ ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်တာဟာ ဆီးလမ်းကြောင်းထဲ ဆီးပိုးဝင်တာကြောင့် ကိုယ်သဘောနဲ့ကိုယ် ဆီးဆေးတွေကို မသောက်သင့်ပါဘူး။ ဆီးလမ်းကြောင်းထဲ ပိုးဝင်နေမယ်ဆိုရင်လည်း ရေများများသောက်ပေးပြီး ဆီးလမ်းကြောင်းတဲကပိုးတွေ ကြာကြာ မနေနိုင်အောင် ရေသောက်ပေးရပါမယ်။ နောက်ဆုံး မသက်သာဘူးဆိုရင်တော့ နိးစပ်ရာဆေးန်းကိုသွားရောက်ပြသသင်သည်။

ကိုယ်ဝန်ဆောင်ချိန်မှာနှာပိတ်ရင်
ကိုယ်ဝန်ဆောင်မိခင်တစ်ချို့ဟာ အခုလိုဆောင်းရာသီမှာ နှာစေး၊နှာပိတ်တာမျိုးဖြစ်ရင် နှာခေါင်းထဲကိုအစက်ချ ဆေးရည်သုံးပြီး နှာခေါင်းပွင့်အောင် လုပ်ဆောင်လို့ရပါသည်။ နှာခေါင်းပိတ်နှာခေါင်းစေးလို့
သောက်ချင်ရင်တော့ အရမ်းပြင်းတဲ့ ဆေးတွေကိုရှောင်သင့်ပါတယ်။ ကလေးကို ထိခိုက်နိုင်တာကြောင်ြ့ဖစ် ပါသည်။ သောက်ဆေးကို စီထရွန်လို အရမ်းမပြင်းသော ဆေးမျိုးကိုရွေးပြီး သောက်ပေးလိုရပါသည်။
....................
Posted by Justin Vitamin

No comments:

Post a Comment