Friday, August 22, 2014

အမှန်တကယ် တန်ဖိုးနည်းအိမ်ရာဖြစ်လာရေးအတွက် မြေရာအခက်အခဲရှိဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို

Photo: အမှန်တကယ် တန်ဖိုးနည်းအိမ်ရာဖြစ်လာရေးအတွက် မြေရာအခက်အခဲရှိဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို
Friday, August 22, 2014

မြန်မာနိုင်ငံ၏ ကျူးကျော်များကို ဖြေရှင်းရေးအတွက် ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် လိုအပ်သည်ဟု ဆိုသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင်မူ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်မှာ မြေနေရာ အခက်အခဲကြီးမားနေခြင်းက ပြဿနာတစ်ရပ် ဖြစ်နေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများက သြဂုတ် ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကျူးကျော်များကို ဖြေရှင်းရန် ဥပဒေအရ အရေးယူရုံဖြင့် မပြီးဘဲ သက်သာသော ဈေးနှုန်းများဖြင့် တန်ဖိုးနည်း အိမ်ရာဆောက်လုပ်မည့် ပြည်သူ့အိုးအိမ်စီမံကိန်း  (Public Housing Project) များကို ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်ဟု နိုင်ငံတော် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေးကျင်းပစဉ် ပြောကြားခဲ့သည်ကို သြဂုတ် ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဒဂုံစီးတီး အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည့် သုခရတနာဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးသောင်းထိုက်မင်းက “အဓိကက မြေ အခက်အခဲပါ။ အခြေခံလူတန်းစားတွေ လက်ထဲနေထိုင်ဖို့ အိမ်ရာတွေ ထည့်မယ်ဆိုရင် မြေကို ဈေးတစ်ခုအထိ လျှော့ချသတ်မှတ်ပြီး ပေးဖို့လိုတယ်။ ၀န်ကြီးဌာန အသီးသီးမှာလည်း လစ်လပ်မြေတွေ အများကြီးရှိတဲ့အတွက် အကောင်အထည်ဖော်ချင်တဲ့ ဆန္ဒပဲလိုတာပါ ” ဟုပြောသည်။

နိုင်ငံတော် ဒု-သမ္မတစိုင်းမောက်ခမ်းကမူ ထိုသို့ဆောင်ရွက်ရာတွင် Public Housing Project များကို ရန်ကုန်နှင့် မန္တလေးမြို့များကိုသာ ဦးစားပေးဆောင်ရွက်နေခြင်းမပြုဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေစသည့် မြို့ကြီးများတွင်လည်း ဆောင်ရွက်ပေးသွားရန်လိုမည်ဟု ထပ်မံပြောထားသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ အကောင်အထည်ဖော်လျက်ရှိသည့် တန်ဖိုးမျှတအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ၏ ကနဦးရောင်းဈေးသည်ပင် ငွေကျပ်သိန်း ၁၅၀ နှင့် အထက် ဈေးများရှိနေပြီး တစ်ဆင့်ခံ ရောင်းဈေးများဆိုပါက ကျပ်သိန်း ၃၀၀ မှ အထက်ရှိနေသည်။ အဆိုပါ အခြေအနေများမှာ မြေဈေးအပါအ၀င် ဆောက်လုပ်ရေးကုန်ကျစရိတ်များကြောင့် အများလက်လှမ်းမီသည့် ဈေးသို့ မရောက်နိုင်ဘဲဖြစ်နေသည်ဟု ၎င်းတို့က ပြောသည်။

တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်လျက်ရှိသည့် တော်ဝင်မိသားစု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက “ဒါက ဈေးကွက်ဝယ်လိုအားအတိုင်း သွားတာဖြစ်တော့ ထိန်းလို့ မရဘူး။ ကျပ် သိန်း ၅၀ လောက်နဲ့နေဖို့ အဆင်ပြေတဲ့ ဒီဇိုင်းတွေလည်း ဆွဲထားတာရှိတယ်။ ဒါပေမဲ့ မြေက စကားပြောတယ်။ အစိုးရက တကယ် အခြေခံလူတန်းစားတွေကို အိမ်ရာ အတည်တကျနေစေချင်တယ်ဆိုရင်တော့ ဖြစ်လာမှာပဲ။ အစိုးရမပါဘဲနဲ့တော့ မရနိုင်ဘူး”ဟု မေလအတွင်းက ဆောင်ရွက်ခဲ့သည့် ကျောင်းပေးအပ်လှူဒါန်းပွဲတွင် မဇ်္ဈိမကို ပြောထားသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗိုလ်ဗထူးလမ်းရှိ တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း ကို ဇူလိုင်လ ၂၂ ရက်က တွေ့ရစဉ်။ အစိုးရက တန်ဖိုးနည်းအိမ်ရာများ ဆောက် လုပ်ပေးနေ သည်ဟု ဆိုသော်လည်း ယနေ့ချိန်ထိ အောက်ခြေလူတန်းစားနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။
 ဓာတ်ပုံ-ဟိန်းထက်
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗိုလ်ဗထူးလမ်းရှိ တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၂ ရက်က တွေ့ရစဉ်။အစိုးရကတန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ပေးနေသည်ဟုဆိုသော်လည်း ယနေ့ချိန်ထိ အောက်ခြေလူတန်းစားနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ဓာတ်ပုံဟိန်းထက်
မြန်မာနိုင်ငံ၏ ကျူးကျော်များကို ဖြေရှင်းရေးအတွက် ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် လိုအပ်သည်ဟု ဆိုသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင်မူ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်မှာ မြေနေရာ အခက်အခဲကြီးမားနေခြင်းက ပြဿနာတစ်ရပ် ဖြစ်နေ သည် ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများက သြဂုတ် ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
ကျူးကျော်များကို ဖြေရှင်းရန် ဥပဒေအရ အရေးယူရုံဖြင့် မပြီးဘဲ သက်သာသော ဈေးနှုန်းများဖြင့် တန်ဖိုးနည်း အိမ်ရာဆောက်လုပ် မည့် ပြည်သူ့ အိုးအိမ်စီမံကိန်း  (Public Housing Project) များကို ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်ဟု နိုင်ငံတော် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေးကျင်းပစဉ် ပြောကြားခဲ့သည်ကို သြဂုတ် ၂၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။

ဒဂုံစီးတီး အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည့် သုခရတနာဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးသောင်းထိုက်မင်းက “အဓိကက မြေ အခက်အခဲပါ။ အခြေခံလူတန်းစားတွေ လက်ထဲနေထိုင်ဖို့ အိမ်ရာတွေ ထည့်မယ်ဆိုရင် မြေကို ဈေးတစ်ခု အထိ လျှော့ချသတ် မှတ်ပြီး ပေးဖို့လိုတယ်။ ၀န်ကြီးဌာန အသီးသီးမှာလည်း လစ်လပ်မြေတွေ အများကြီးရှိတဲ့အတွက် အကောင်အထည်ဖော်ချင်တဲ့ ဆန္ဒပဲလိုတာပါ ” ဟုပြောသည်။

နိုင်ငံတော် ဒု-သမ္မတစိုင်းမောက်ခမ်းကမူ ထိုသို့ဆောင်ရွက်ရာတွင် Public Housing Project များကို ရန်ကုန်နှင့် မန္တလေးမြို့များကိုသာ ဦးစားပေးဆောင်ရွက်နေခြင်းမပြုဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေစသည့် မြို့ကြီးများတွင်လည်း ဆောင် ရွက်ပေးသွားရန်လိုမည်ဟု ထပ်မံပြောထားသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ အကောင်အထည်ဖော်လျက်ရှိသည့် တန်ဖိုးမျှတအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ၏ ကနဦးရောင်းဈေးသည်ပင် ငွေကျပ်သိန်း ၁၅၀ နှင့် အထက် ဈေးများရှိနေပြီး တစ်ဆင့်ခံ ရောင်းဈေးများဆိုပါက ကျပ်သိန်း ၃၀၀ မှ အထက် ရှိနေသည်။ အဆိုပါ အခြေအနေများမှာ မြေဈေးအပါအ၀င် ဆောက်လုပ်ရေးကုန်ကျစရိတ်များကြောင့် အများလက်လှမ်းမီသည့် ဈေးသို့ မရောက်နိုင် ဘဲဖြစ်နေသည်ဟု ၎င်းတို့က ပြောသည်။

တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်လျက်ရှိသည့် တော်ဝင်မိသားစု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက “ဒါက ဈေးကွက်ဝယ်လိုအား အတိုင်း သွားတာဖြစ်တော့ ထိန်းလို့ မရဘူး။ ကျပ် သိန်း ၅၀ လောက်နဲ့နေဖို့ အဆင်ပြေတဲ့ ဒီဇိုင်းတွေလည်း ဆွဲထားတာရှိတယ်။ ဒါပေမဲ့ မြေက စကားပြောတယ်။ အစိုးရက တကယ် အခြေခံလူတန်းစားတွေကို အိမ်ရာ အတည်တကျနေစေချင်တယ်ဆိုရင်တော့ ဖြစ်လာမှာပဲ။ အစိုးရမပါဘဲ နဲ့တော့ မရနိုင်ဘူး”ဟု မေလအတွင်းက ဆောင်ရွက်ခဲ့သည့် ကျောင်းပေးအပ်လှူဒါန်းပွဲတွင် မဇ်္ဈိမကို ပြောထားသည်။

Mizzima - News in Burmese

No comments:

Post a Comment