Thursday, October 2, 2014

ယာဉ်တိုက်မှုရာခိုင်နှုန်း လျော့နည်းလာသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု များပြားနေဆဲဟုဆို

Photo: ယာဉ်တိုက်မှုရာခိုင်နှုန်း လျော့နည်းလာသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု များပြားနေဆဲဟုဆို
Thursday, October 2, 2014

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုရာခိုင်နှုန်း ကျဆင်းလာ သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ပြားနေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘ယာဉ်တိုက်မှု အန္တရာယ် ကျဆင်းရေးအပြည်ပြည်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စနစ် (5 E System) နဲ့အညီ အကောင်းဆုံး ပြုပြင်ထိန်းသိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ကဏ္ဍအလိုက်လည်း ပြုပြင်ဖို့ လိုအပ်တယ်’’ ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုများ နေ့စဉ် နှင့်အမျှ ဖြစ်ပွားလျက်ရှိပြီး ၂၀၁၂ ခုနှစ်က ယာဉ်တိုက်မှု ၁,၁၀၀ ကျော်တွင် ဒဏ်ရာရရှိသူ  ၁,၈၀၀ ကျော်နှင့် သေဆုံးသူ ၃၀၀ ကျော်၊ ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု ၁,၄၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၂,၀၀၀ ကျော်နှင့် သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၁,၀၅၀ မှု၊ ဒဏ်ရာရရှိသူ ၁,၉၈၇ ဦး၊ သေဆုံးသူ ၂၉၀ ဦးအထိရှိ ကြောင်း မှတ်တမ်းများအရ သိရှိ ရသည်။

ယာဉ်တိုက်မှုအန္တရာယ်များ လျော့နည်းကျဆင်းရေးအတွက် ယာဉ်တိုက်မှုဖြစ်ပွားသည့်အချိန် နေရာနှင့် အုပ်စုတို့အား လေ့လာ သုံးသပ်၍ ထိထိရောက်ရောက် ပညာပေးဟောပြောရန်နှင့် အရေးယူဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

7Day DAILY 

မုံရွာမြို့ပေါ်တွင် We are Citizen အဖွဲ့မှ ဆိုင်ကယ်စီးသူများကို စစ်တမ်း ကောက်ယူနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုရာခိုင်နှုန်း ကျဆင်းလာ သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ပြားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ယာဉ်တိုက်မှု အန္တရာယ် ကျဆင်းရေးအပြည်ပြည်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စနစ် (5 E System) နဲ့အညီ အကောင်း ဆုံး ပြုပြင်ထိန်းသိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ကဏ္ဍ
အလိုက်လည်း ပြုပြင်ဖို့ လိုအပ်တယ်’’ ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုများ နေ့စဉ် နှင့်အမျှ ဖြစ်ပွားလျက်ရှိပြီး ၂၀၁၂ ခုနှစ်က ယာဉ်တိုက်မှု ၁,၁၀၀ ကျော်တွင် ဒဏ်ရာရရှိသူ ၁,၈၀၀ ကျော်နှင့် သေဆုံးသူ ၃၀၀ ကျော်၊ ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု ၁,၄၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၂,၀၀၀ ကျော်နှင့် သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၁,၀၅၀ မှု၊ ဒဏ်ရာရရှိသူ ၁,၉၈၇ ဦး၊ သေဆုံးသူ ၂၉၀ ဦးအထိရှိ ကြောင်း မှတ်တမ်းများအရ သိရှိ ရသည်။

ယာဉ်တိုက်မှုအန္တရာယ်များ လျော့နည်းကျဆင်းရေးအတွက် ယာဉ်တိုက်မှုဖြစ်ပွားသည့်အချိန် နေရာနှင့် အုပ်စုတို့အား လေ့လာ သုံးသပ်၍ ထိထိရောက်ရောက် ပညာပေးဟောပြောရန်နှင့် အရေးယူဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

7Day DAILY

မုံရွာမြို့ပေါ်တွင် We are Citizen အဖွဲ့မှ ဆိုင်ကယ်စီးသူများကို စစ်တမ်း ကောက်ယူနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

No comments:

Post a Comment