Friday, January 3, 2014

ပြည်သူများ ဘေးအန္တရာယ် ကင်းစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးက သံဃာများကို ၂၄ နာရီ ပဋ္ဌာန်းရွတ်ရန် ခိုင်းစေ

၂၀၁၄ နှစ်သစ်တွင် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဟူသော အကြောင်းဖြင့် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများက သံဃာတော်များ အား ၂၄ နာရီ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ကြရန် တိုက်တွန်း ညွှန်ကြား ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ရှိ သံဃာတော်များက ပြောသည်။
““ဦးဇင်းတို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်န၀ါရီ ၁ ရက်နေ့အထိ ၂၄ နာရီ ပဋ္ဌာန်း ရွတ်ပေး ရမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက လာလျှောက် တာ။ သူတို့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးနေရာမှာ ရွတ်ဖို့ပေါ့”” ဟု ဓမ္မသီရိ ကျောင်းတိုက် ဆရာတော်က မြို့နယ်အုပ်ချုပ်ရေးမှူး ၏ စေခိုင်းချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကပဋ္ဌာန်း ရွတ်ရန် လာရောက် လျှောက်ထားပုံကို ရှင်းပြသည်။

လသာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပခုံးတံဆိပ်ကိုင်ကာ ဆဲဆိုခဲ့သူ အရက်ဘား တာဝန်ခံဟောင်းကို အမှုဖွင့်


ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရဲစခန်းတွင် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၃၀ ခန့်က စားသောက်ဆိုင် တစ်ခု၏ အရက်ဘား တာဝန်ခံ အသက် ၂၉နှစ် အရွယ် ကိုရဲနိုင်က အရက်မူးလာကာ လသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်သိန်း၏ ပခုံးရှိ ရာထူးတံဆိပ်ကို ကိုင်ကာ ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ၎င်းကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ အမျိုးသားမှာ အရက်မူး၍ လသာမြို့မ ရဲစခန်းရှေ့သို့ ရောက်ရှိလာပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုခဲ့ကြောင်း၊ ယင်းနောက် လသာမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး တင်သိန်း၏ ပခုံးရှိရာထူး တံဆိပ်ကိုကိုင်၍ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ပြည်သူများ ဘေးအန္တရာယ် ကင်းစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးက သံဃာများကို ၂၄ နာရီ ပဋ္ဌာန်းရွတ်ရန် ခိုင်းစေ

၂၀၁၄ နှစ်သစ်တွင် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဟူသော အကြောင်းဖြင့် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများက သံဃာတော်များ အား ၂၄ နာရီ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ကြရန် တိုက်တွန်း ညွှန်ကြား ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ရှိ သံဃာတော်များက ပြောသည်။

““ဦးဇင်းတို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်န၀ါရီ ၁ ရက်နေ့အထိ ၂၄ နာရီ ပဋ္ဌာန်း ရွတ်ပေးရမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက လာလျှောက် တာ။ သူတို့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးနေရာမှာ ရွတ်ဖို့ပေါ့”” ဟု ဓမ္မသီရိ ကျောင်းတိုက် ဆရာတော်က မြို့နယ်အုပ်ချုပ်ရေးမှူး ၏ စေခိုင်း ချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကပဋ္ဌာန်း ရွတ်ရန် လာရောက် လျှောက်ထားပုံကို ရှင်းပြသည်။

တိုင်းပြည်၏ လိုအပ်ချက်ကြောင့် လေးပွင့်ဆိုင်ဆွေးနွေး သွားရန် တောင်းဆို ခဲ့ရခြင်းဟု ဒေါ်အောင်ဆန်း စုကြည်ပြော

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံရန် တောင်းဆိုခြင်းသည် မိမိ၏မျှော်လင့်ချက် အရ တောင်းဆိုခြင်းမဟုတ်ဘဲ တိုင်း ပြည်အတွက် လိုအပ်ချက်အရ တောင်း ဆိုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ဇန်နဝါရီ၂ရက်က အင်း လျားလမ်းရှိ လွှတ်တော် ရုံးခွဲတွင် ပြုလုပ်သည့် တရားဥပဒေစိုးမိုး မှုရှိရေးဆွေးနွေးပွဲအပြီး သတင်း ထောက်များ၏ မေးမြန်းချက် ကို ယင်းကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်နှစ်သစ်ကူးည ရဲတစ်ဦးကို အရပ်သားခြောက်ဦးက ၀ိုင်းဝန်းရိုက်နှက်

နှစ်သစ်ကူးညတွင် အသံချဲ့စက် ဆောင်းဘောက်များဖြင့် ကခုန်နေသူများက ဆူညံခြင်းမပြုလုပ်ရန် တားမြစ်သူ ရဲတပ်ကြပ်တစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခု သန်လျင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၄၅ မိနစ်က သန်လျင်မြို့နယ် မြို့ဟောင်း အလယ် ရပ်ကွက်၊ ကမ်းနားဈေးရှေ့တွင် ရပ်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ကြပ် လွင်ဦးနှင့် ရဲတပ်ကြပ် သန့်ဇင်တို့ကို ဗိုလ်ချုပ်နေ၀င်းလမ်း၊ စိန်လရောင် စားသောက်ဆိုင်ရှေ့တွင် လူခြောက်ဦးတို့ က ဆောင်းဘောက်များဖွင့်၍ ပတ်ဝန်းကျင်လူများအား နားမခံနိုင်လောက်အောင် အော်ဟစ် ဆူညံနေ ကြောင်း တိုင်တန်းလာသည်။

ဂျာမနီက မြန်မာတွင် မီးရထားနှင့် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ကိုင်ရန် စိတ်ဝင်စား

ဂျာမနီကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် မီးရထားပြေးဆွဲခြင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အပါ အ၀င် အခြေခံအဆောက်အအုံကဏ္ဍ ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် စိတ်ဝင်စားနေကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထို့အပြင် ဂျာမန်စီးပွားရေးလုပ်ငန်းများအနေဖြင့် လူသုံးကုန်နှင့်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတို့ ကိုပါ မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စိတ်ဝင်စားမှုများရှိနေပြီး ၂၀၁၂ ခုနှစ်တွင် ဂျာမန်နိုင်ငံခြားရေး ၀န်ကြီး Guido Westerwelles ၏ မြန်မာခရီးစဉ်အတွင်းရရှိခဲ့သော သဘောတူညီမှုများ၏ ရလဒ်အဖြစ် ၂၀၁၃ ခုနှစ်အတွင်း၌ ဂျာမနီနှင့် မြန်မာနှစ်နိုင်ငံစီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ သိသာစွာပေါ်ထွက် လာကြောင်း ယင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် မလေးရှားရောက် မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံနေရပြီး ဇန်န၀ါရီ ၁ ရက်ကလည်း မြန်မာနိုင်ငံသားတစ်ဦး ထပ်မံအသတ်ခံရ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆက်တိုက်အကြမ်းဖက် သတ်ဖြတ်ခြင်း ခံနေရပြီး ဇန်န၀ါရီ ၁ ရက် (အင်္ဂါနေ့) ကလည်း မြန်မာနိုင်ငံသားတစ်ဦး ထပ်မံအသတ်ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ သတင်းစာ Bernama ၏ ဖော်ပြချက်အရ သိရသည်။

အင်္ဂါနေ့နံနက် အစောပိုင်းက မလေးရှားနိုင်ငံ မလက္ကာမြို့ရှိ Pandan Malim ပလာဇာ၊ အစား အသောက် ရောင်းချသည့်နေရာတွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲကြောင့် မြန်မာနိုင်ငံသား တစ်ဦး သေဆုံး ခဲ့ရပြီး ၎င်းအား မလေးရှားနိုင်ငံသား သုံးဦးက ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း Bernama သတင်းစာက ဖော်ပြခဲ့သည်။

လွတ်လပ်ရေးနေ့လွတ်ငြိမ်းခွင့် ထောက်လှမ်းရေးနှင့် နိုင်ကျဉ်း မပါနိုင်ဟုဆို

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် လက်ကျန်နိုင် ကျဉ်းစိစစ်ရေးကော်မတီ တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မလွတ်မြောက်နိုင်ဟု ကော် မတီဝင်အချို့က မဇ္ဈိမကို ပြောသည်။

၂၀၁၄ ခုနှစ်၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ကို ကော်မတီမှ တင်ပြထားသည့် ရာဇ၀တ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် မျှော်လင့်နေကြ သည့် အကျဉ်းကျခံ နိုင်ကျဉ်းတစ်ဦးတစ်ယောက်မှ မပါသည့်အပြင် တပ်မတော်ထောက်လှမ်းရေး၊ နယ် စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးအဖွဲ့(နစက)မှ အကျဉ်းကျခံရသူများ တစ်ဦးမျှလွတ်မြောက်ရန် မရှိကြောင်း ကော် မတီဝင် ဦးရဲအောင် က ဆိုသည်။