Sunday, January 19, 2014

ကျောက်ဖရုံသီး ( Benincasa Cerifera ) ဂုဏ်သတ္တိ

Photo: ကျောက်ဖရုံသီး ( Benincasa Cerifera ) ဂုဏ်သတ္တိ
Sunday, January 19, 2013

များသောအားဖြင့် အသီးကို သုံးရသည်။ ချို၏။ အမှည့် အနည်းငယ်ဖန်၏။ အေး၏။ (အစိမ်း) အနည်းငယ် အေး၏။ ၀ိပါက ချို၏ ။

အားကို တိုးပွားစေ၏။ သုတ်ကို တိုးပွားစေ၏။ ကြေကျက်ခဲ၏။ မှည့်သော အသီးသည် ၀မ်းမီးကို တောက် စေ၏။ ကြေကျက်လွယ်၏။

ဆီးအိမ်ကို သုတ်သင်တက်၏။ သည်းခြေကို နိုင်၏။ အသုံးပြုပုံ - ကျောက်ဖရုံသီး၏ သတ္တုရည်ကို သွေးအန် သွေးဝမ်း၊ သွေးယိုစီးသော ရောဂါများကို တိုက်ကျွေးလျှင် ပျောက်ကင်းစေသည်။

ကျောက်ဖရုံသီးကို ဆီးနည်း၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျောက်တည် ရောဂါများ၌ အသီး သတ္တုရည် ၃ ကျပ်သားတွင် ရှိန်းခိုနှင့် ဂျုံပင်ပြာ ဆားအနည်းငယ် ရောထည့်၍ တိုက်ကျွေးခြင်းဖြင့် ပျောက် ကင်းစေနိုင် သည်။

အဆုတ်နှင့် ပတ်သက်၍ မြစ်ခြောက်နာ၊ အဆုတ် ရောဂါ၌ အားအင် ကုန်းခမ်းခြင်းတို့ အတွက် အသီးကို ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်း၊ ပျားရည်၊ ထောပတ်၊ သကြားတို့နှင့် ရောစပ်၍ (ကုမ္ဘဏ္ဍ ချက်ဆေး) အဖြစ် အသုံးများကြသည်။

ကျောက်ဖရုံစေ့ ငါးမတ်သားကို ကြိတ်၍ နှမ်းဆီတို့နှင့် ဖျော်ပြီး တိုက်ကျွေးပြီးနောက် နူးညံ့သော ၀မ်းနှုတ် ဆေး တိုက်ကျွေးလျှင် သန်၊ တုတ် ပိုးမွှားကို ကျဆင်းစေသည်။

ကျောက်ဖရုံစေ့မှ အဆီထုတ်၍ တိုက်ကျွေးလျှင် သန်၊ တုတ်များကို ကျဆင်း စေပါသည်။ ကျောက်ကပ် ဖောရောင်ခြင်းနှင့် အသည်းရောင် အသားဝါ ရောဂါများ၌ အသီး၊ သတ္တုရည်ကို သကြား၊ ကလူးကို့စ် တို့နှင့် တိုက်ကျွေးခြင်းဖြင့် ပျောက်ကင်း စေပါသည်။

မြ၀တီ
များသောအားဖြင့် အသီးကိုသုံးရသည်။ ချို၏။ အမှည့်အနည်းငယ်ဖန်၏။ အေး၏။ (အစိမ်း) အနည်း ငယ် အေး၏။ ၀ိပါက ချို၏ ။

ရွှေညာမြေ က ခံတက်ရွက် ရဲ့ အာနိသင်

Photo: ရွှေညာမြေ က ခံတက်ရွက် ရဲ့ အာနိသင်
Sunday, January 19, 2013

( အညာမှာတော့ ..ခံတက်ချဉ် ရမယ် လို့  အော်ရောင်းနေသည့် ခံတက်ရွက် ဂုဏ်သတ္တိ )

ခံတက်ရွက်မှာ နွေရာသီတွင် ဖြိုင်ဖြိုင်ပေါ်သည့် အရွက် ဖြစ်သည်။ ခံတက်ရွက်ကို ပြုတ်သောက် ခြင်းဖြင့်

နွေဥတုတွင် ဖြစ်တက်သော အပူ ၀မ်းလျှော ၀မ်းပျက် ရောဂါများ၊ ချွေးငုပ်၊ မိတ်ငုပ်၊ ဓာတ် ငုပ် ရောဂါများ ပျောက်ကင်း၏။ ကလေးများတွင် ဖြစ်တက်သော ၀က်သက်၊ ရေကျောက်၊ ပဲသီတာ စ သည့် အပူနာ ရောဂါများ အတွက် ကြိုတင် ကာကွယ်ဆေး အဖြစ် ခံတက်ရွက်ကို သကြား၊ ထန်းလျက်၊ ပျားရည် စသည်တို့ဖြင့် သင့်လျော်သလို တစ်မျိုးမျိုးဖြင့် တွဲဖက်၍ သောက်သုံး နိုင်ပါ သည်။

သီတ (အအေး) အကြောင်းခံပြီး ဖြစ်သော ဆီးချို၊ လေငန်း၊ သွေးတိုး ရောဂါ၊ ရုပ် လေးလံ ထိုင်းမှိုင်းခြင်း၊ ရုပ်ဝပြီး သွေးကြော လေကြောများ ကျဉ်းခြင်း၊ အကြောတက်ခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်း စသည့် ရောဂါများ အတွက် ခံတက်ရွက်ကို သုတ်စားခြင်း၊ ပြုတ်သောက်ခြင်းဖြင့် သက်သာ ပျောက်ကင်း စေ၏။ အရွက်ကို ကြိတ်၍ ရေနှင့် ဖျော်ပြီး မီးနှင့် နွေးအောင် ပြု၍ ကိုက်ခဲနာကျင်ေ သာ နေရာတွင် လိမ်းပေးပါက အကိုက် အခဲများ ပျောက်၏။

ခံတက်ရွက် ကြိတ်ရည်နှင့် ကွမ်းရွက် ကြိတ်ရည် တို့ကို ဆတူရော၍ ထောပတ် သင့်ရုံနှင့် သောက်ပါက အဆစ်ရောင် ရောဂါ ပျောက်ကင်းသည်။ ခံတက်ချဉ် ထည့်စားခြင်း၊ သုပ်စားခြင်းဖြင့် လေ ထိုးလေအောင့် ရောဂါ ပျောက်ကင်းသည်။ သက်တန့်နာနှင့် အနာပေါက် ရောဂါတို့တွင် ခံတက်ခေါက်ကို ပရံန္န၀ါမြစ် နှင့် သွေးသောက် ပါက လျင်မြန်စွာ ပျောက်ကင်းသည်။ ခံတက်မြစ်ကို လေးပုံ တစ်ပုံ ကြွင်းကျန်အောင် ပြုတ် သောက်ပါက ဆီးချို ရောဂါ သက်သာ ပျောက်ကင်း စေသည်။

ခံတက်ခေါက်ကို လေးပုံ တစ်ပုံ ကြွင်းကျန်အောင် ပြုပြီး အဆိုပါ ပြုတ်ရည်ကို ကြံသကာ ရော၍ သောက်က ဆီးကျောက်တည် ရောဂါ၊ ဆီးအိမ် ရောဂါ များကို သက်သာ ပျောက်ကင်း စေပါသည်။ ခံတက်မြစ်ကို အပြင်းအထန် ဖျားသော ရောဂါ များတွင် ကုသသည့် ဆေးများ၌ ပါဝင် အသုံးပြုပါက ထိရောက်စွာ အကျိုး သက်ရောက်မှု ရှိပါသည်။

Mg Mandalay
မြ၀တီ
( အညာမှာတော့ ..ခံတက်ချဉ်ရမယ်လို့  အော်ရောင်းနေသည့် ခံတက်ရွက်ဂုဏ်သတ္တိ) ခံတက်ရွက် မှာ နေရာသီတွင် ဖြိုင်ဖြိုင်ပေါ်သည့်အရွက် ဖြစ်သည်။ ခံတက်ရွက်ကို ပြုတ်သော က် ခြင်းဖြင့် နွေဥတု တွင် ဖြစ်တက်သော အပူ ၀မ်းလျှော ၀မ်းပျက် ရောဂါများ၊ ချွေးငုပ်၊ မိတ်ငုပ်၊ ဓာတ် ငုပ် ရောဂါများ ပျောက်

သယံဇာတတူးဖော်မှု ပွင့်လင်းမြင်သာရေး စစ်တွေမြို့မှာ ဆွေးနွေး

Photo: သယံဇာတတူးဖော်မှု ပွင့်လင်းမြင်သာရေး စစ်တွေမြို့မှာ ဆွေးနွေး
Sunday, January 19, 2013

ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေကို စောင့်ကြည့်ပြီး ဒေသခံတွေကို ပြန်လည်ရှင်းပြမယ့် "ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတ အရင်းအမြစ်တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ " ဖွဲ့စည်းဖို့ မြို့နယ် ၁၇ မြို့နယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲကို စစ်တွေမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

EITI လို့ခေါ်တဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေ တူးဖော်မှုမှာ ပွင့်လင်းမြင်သာမှုရှိရေး ကိစ္စနဲ့ပတ်သက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကနေ "ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတအရင်းအမြစ်တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ " ဖွဲ့စည်းမှာဖြစ်တယ်လို့ အလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူ ကိုခိုင်ကောင်းစံက ပြောပါတယ်။

“ကျနော်တို့က ရခိုင်ဒေသမှာ စီမံကိန်းလုပ်ငန်းတွေလုပ်ပြီဆိုရင် ဒေသခံတွေရဲ့ ဆိုးကျိုးတွေ ဘာတွေရှိမလဲ၊ ရလာဒ်တွေက ဘာတွေရှိမလဲ၊ အဲလိုမျိုးနစ်နာမှုတွေကို ကျနော်တို့အစိုးရရဲ့ တခါတခါစီမံကိန်းဆိုပြီးဖိတ်ခေါ်တဲ့ လွဲမှားမှုတွေမှာ ဆိုးကျိုးတွေဖြစ်လာလို့ရှိရင် ဘယ်လိုဝိုင်းဝန်းကာကွယ်ကြမလဲ၊ လုပ်ဆောင်မှုတွေကို ကျနော်တို့ဒေသခံတွေကို ချပြဖို့အတွက် လုပ်ငန်းအဖွဲ့ ဖွဲ့သွားမှာပါ”

သက်ဆိုင်ရာ မြို့နယ်အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ မိမိတို့ဒေသက သယံဇာတတွေ ထုတ်ယူနေမှုအပေါ်မှာ ဒေသခံတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာနေမှုတွေကို တင်ပြဆွေးနွေးကြပြီး မနက်ဖြန် အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးတဲ့အချိန်မှာ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ကိုခိုင်ကောင်းစံက ပြောပါတယ်။

အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းမှာဖွဲ့စည်းထားတဲ့ Multi State Holder Group က ဦးဆောင်ကျင်းပတာဖြစ်ပြီး မြို့နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ် ၃ ဦးစီ တက်ရောက်ခဲ့ပြီး အခြားအရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် စုစုပေါင်း ၈၀ ကျော် တက်ရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေကို စောင့်ကြည့်ပြီး ဒေသခံတွေ ကို ပြန်လည်ရှင်းပြ မယ့် "ရခိုင်ပြည်နယ်ကိုယ်စားပြု သယံဇာတ အရင်းအမြစ်တူးဖော်မှု စောင့်ကြည့်ရေး အလုပ် အမှုဆောင်ကော်မတီ " ဖွဲ့စည်းဖို့ မြို့နယ် ၁၇ မြို့နယ်က အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ စုပေါင်းပြီး အလုပ် ရုံဆွေးနွေး ပွဲ ကို စစ်တွေမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

ခန္ဓာကိုယ်အတွက် ရေဘယ်လောက် လိုအပ်သလဲ

Photo: ခန္ဓာကိုယ်အတွက် ရေဘယ်လောက် လိုအပ်သလဲ
Sunday, January 19, 2013

ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်မှုဟာ ခန္ဓာကိုယ် အနေအထားနဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ လူတစ်ယောက် အတွက် တနေ့ကို ရေ ခြောက်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပါတယ်။

အမျိုးသားနှင့် အမျိုးသမီးများအတွက်
အမျိုးသားတွေမှာ တစ်နေ့ကို ရေရှစ်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပြီး အမျိုးသမီးတွေမှာတော့ ခြောက်ခွက်ကနေ ကိုးခွက်အထိ လိုအပ်ပါတယ်။ သင့်ပတ်ဝန်းကျင်ရဲ့ အပူအအေးနဲ့ သင်လှုပ်ရှား ရတဲ့ လုပ်ငန်းဆောင်တာပေါ်မှာ မူတည်ပြီး အနည်းငယ် ပိုလိုအပ်တာမျိုးတွေတော့ ရှိတတ်ပါတယ်။

လေ့ကျင့်ခန်း မလုပ်ခင်
လေ့ကျင့်ခန်း မပြုလုပ်ခင် နှစ်နာရီနဲ့ လေးနာရီ အလိုမှာ ရေကို အဝ သောက်ပေးသင့်ပါတယ်။ ဒါမှ သင့်ခန္ဓာကိုယ်က ရေဓာတ်ကို အပြည့်အဝ စုပ်ယူနိုင်မှာပါ။ သင်ဟာ ဆီးသွားတာကို ထိန်းထားနို င် သူဆိုရင် လေ့ကျင့်ခန်း မပြုလုပ်မီ နှစ်နာရီအလိုမှာ ရေအဝသောက်ပါ။

လေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာ
လေ့ကျင့်ခန်း ပြုလုပ်နေလို့ ၁၅-၂၀ လောက်ကြာချိန်မှာ ရေကို ခွက်တစ်ခွက်ရဲ့ တစ်ဝက်စာလောက်သာ သောက်ပေး သင့်ပါတယ်။ ရေကို တဝကြီး သောက်မပစ်လိုက်ပါနဲ့။

လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်
လေ့ကျင့်ခန်း ပြုလုပ်သူတွေဟာ လေ့ကျင့်ခန်း မလုပ်ခင်မှာ သူတို့ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ချိန်ထားလေ့ ရှိကြပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပြီးလို့ ပြန်ချိန်ကြည့်ချိန်မှာတော့ သင့်ခန္ဓာကိုယ် အလေးအချိန်ရဲ့ တစ်ပေါင်လောက်က လျော့နည်း နေတတ်ပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ်က အဆီတွေ လောင်ကျွမ်းသွားတာ မဟုတ်ဘဲ ချွေးထွက်တာကြောင့် ခန္ဓာကိုယ်က ရေဓာတ်တွေ ကုန်သွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပြုလုပ်ပြီးလို့ တစ်နာရီလောက် အကြာမှာ ရေတဝ ထပ်ပြီး သောက်ပေးရမှာပါ။

ရေဓာတ်ဆုံးရှုံးခြင်း လက္ခဏာများ
ခန္ဓာကိုယ်က ရေဓာတ်ကို လိုတာထက်ပိုပြီး ဆုံးရှုံးနေပြီ ဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ပြလာတတ်ပါတယ်။

- ခေါင်းကိုက်တာမျိုး

- ရေဆာ၊ ရေငတ်တာမျိုး

- နှုတ်ခမ်းတွေ ခြောက်သွေ့နေတာမျိုး

- ကြွက်သားတွေ နာကျင်နေတာမျိုး

- ပင်ပန်းနွမ်းနယ် နေတာမျိုး

- မူးဝေအော့အန် ချင်တာမျိုးတွေ ခံစားရတတ်ပါတယ်။

သဲသဲRef: Good Health Articles
ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်မှုဟာ ခန္ဓာကိုယ် အနေအထားနဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ လူတစ်ယောက် အတွက် တနေ့ကို ရေ ခြောက်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပါတယ်။

ပညာရေးမူဝါဒရေးဆွဲရေး ပြည်တွင်းပြည်ပ ပညာရှင်တွေကို ဖိတ်ခေါ်ကမ်းလှမ်း

Photo: ပညာရေးမူဝါဒရေးဆွဲရေး ပြည်တွင်းပြည်ပ ပညာရှင်တွေကို ဖိတ်ခေါ်ကမ်းလှမ်း
Sunday, January 19, 2013

လာမယ့် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံမူကြို ပညာရေးအဆင့်ကနေ တက္ကသိုလ်ပညာရေးအဆင့်ထိ သက်ဆိုင်တဲ့ "ပညာရေးမူဝါဒ မူကြမ်း" ရေးဆွဲရာမှာ ပြည်တွင်း ပြည်ပပညာရှင်တွေ၊ ပညာရေးအဖွဲ့အစည်းအသီးသီးနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ပါဝင်အကောင်အထည်ဖော်ရေးဆွဲဖို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ "လက်တွေ့ကျတဲ့ ပညာရေးအဆင့်မြှင့်တင်မှုလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ" ကို ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့တာပါ။

နိုင်ငံတကာအဆင့်မီတဲ့ ပညာရေးစနစ်ကို အားလုံးပူးပေါင်း အကောင်အထည်ဖော်ပေးဖို့ ဖိတ်ခေါ်တယ်လို့ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးမျိုးသိမ်းကြီးက ပြောပါတယ်။

“တမျိုးသားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှာသာ နိုင်ငံတကာ အဆင့်အတန်းမီတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာကဏ္ဍတွေဖြစ်တဲ့ မူကြို၊ အခြေခံပညာ၊ ဆရာအတတ်ပညာ၊ ကလေးဗဟိုပြုသင်ကြားနည်း၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းပြင်ပ ပညာရေး၊ အဆင့်မြင့် ပညာရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ဆေးပညာစတဲ့ ပညာရေးမူဝါဒလုပ်ငန်းစဉ် မူကြမ်းတွေကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ လာမယ့် ဇန်န၀ါရီ ၂၁ ရက်နေ့ကစပြီး အားလုံးပါဝင် ညိနှိုင်းဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ တက္ကသိုလ်ဆရာ ဆရာမများအသင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ပညာရေးမူဝါဒ ညှိနိုင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တခြားပညာရေး အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
လာမယ့် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံမူကြို ပညာရေးအဆင့်ကနေ တက္ကသိုလ် ပညာရေး အဆင့်ထိ သက်ဆိုင်တဲ့ "ပညာရေးမူဝါဒ မူကြမ်း" ရေးဆွဲရာမှာ ပြည် တွင်း ပြည်ပပညာရှင်တွေ၊ ပညာရေး အဖွဲ့ အစည်းအသီးသီးနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ပါဝင်အကောင်အထည်ဖော်ရေးဆွဲဖို့ ပညာရေး ၀န်ကြီးဌာနက ဒီနေ့ ဖိတ်ခေါ်လိုက် ပါတယ်။

ဘာသာရေး ခေါင်းဆောင်တစ်ဦး၏ အသုဘ အခမ်းအနားတွင် လူအုပ်အတွင်း စုပြုံ တိုးဝှေ့မှုကြောင့် ၁ ဦး သေဆုံး ၅၉ ဦး ဒဏ်ရာရ

Photo: ဘာသာရေး ခေါင်းဆောင်တစ်ဦး၏ အသုဘ အခမ်းအနားတွင် လူအုပ်အတွင်း စုပြုံ တိုးဝှေ့မှုကြောင့် ၁ ဦး သေဆုံး ၅၉ ဦး ဒဏ်ရာရ
Sunday, January 19, 2013

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဇန်နဝါရီ ၁၇ ရက်က သေဆုံးခဲ့သည့် Dawoodi Bohra ဘာသာ ရေး အဖွဲ့ခေါင်းဆောင် Syedna Mohammed Burhanuddin နေထိုင်ရာ Malabar စီရင်စု၌ ဇန်နဝါရီ ၁၈ ရက် နံနက် ဒေသစံတော်ချိန် ၁ နာရီ ၃ဝ မိနစ်ခန့် တွင် ၎င်းအား လာရောက် ဂါရဝပြုသူများ အကြား စုပြုံတိုးဝှေ့မှု ဖြစ်ပွားခဲ့သောကြောင့် ၁၈ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ အများစုသည် မွန်းကျပ်သည့် ဒဏ်ကြောင့် အသက်ရှူ ရပ်တန့် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး တိုးဝှေ့မှုတွင် ဒဏ်ရာရရှိသူ ၅၉ ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ၎င်းတို့အနက် ၅၆ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီး သုံးဦး ကျန်ရှိနေသေးကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဒေါက်တာ Satyapal Singh က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ အနေဖြင့် ၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားနိုင်ခြင်း မရှိသေးဘဲ အကြောင်းအရင်း အတိအကျကို စုံစမ်းမှုများ ပြုလုပ် ရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။ 

မြ၀တီ
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဇန်နဝါရီ ၁၇ ရက်က သေဆုံးခဲ့သည့် Dawoodi Bohra ဘာသာ ရေး အဖွဲ့ခေါင်းဆောင် Syedna Mohammed Burhanuddin နေထိုင်ရာ Malabar စီရင်စု၌ ဇန်နဝါရီ ၁၈ ရက် နံနက် ဒေသစံတော်ချိန် ၁ နာရီ ၃ဝ မိနစ်ခန့် တွင် ၎င်းအား လာရောက် ဂါရဝပြုသူများ အကြား စုပြုံ တိုးဝှေ့မှု ဖြစ်ပွားခဲ့သောကြောင့် ၁၈ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

ဗန်ကောက်မြို့တော် ဆန္ဒပြမှုတွင် ဗုံးပေါက်ကွဲ တစ်ဦးသေ ၊ ၃၆ ဦးဒဏ်ရာရ

Photo: ဗန်ကောက်မြို့တော် ဆန္ဒပြမှုတွင် ဗုံးပေါက်ကွဲ တစ်ဦးသေ ၊ ၃၆ ဦးဒဏ်ရာရ
Sunday, January 19, 2013

ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘန်သက်သွန်လမ်းရှိ အစိုးရ အတိုက်အခံ ဆန္ဒပြသူများ စုဝေးသည့် နေရာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် အင်တာနက် သတင်းတစ် ရပ်အရ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် အကြမ်းဖက် လှုပ်ရှားမှု တစ်ခုဖြစ်ပြီး ဆန္ဒပြမှုများကို ဟန့်တားနိုင်မည် မဟုတ်ကြောင်း၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေး ကော်မတီ(PDRC) ထောက်ခံ ဆန္ဒပြသူများ အနေဖြင့် သေရမည်ကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်းနှင့် ဆန္ဒပြသူများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အတွက် ယာယီ အစိုးရအဖွဲ့ အနေဖြင့် တာဝန်ယူ ဖြေရှင်း ဆောင်ရွက် ပေးသင့်ကြောင်း ဆူသက်သောင်ဆူဘန်က ပြောကြားခဲ့သည်။ ယာယီဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်က အဆိုပါ ဗုံးပေါက်ကွဲမှု၏ နောက်ကွယ်တွင် အစိုးရရှိသည် ဆိုသော PDRC ၏ စွပ်စွဲပြောကြား ချက်များကို ငြင်းဆိုခဲ့ပြီး မည်သည့် အကြမ်းဖက် လှုပ်ရှားမှုမျိုးကို မဆို မိမိအနေဖြင့် ထောက်ခံအားပေးမည် မဟုတ်ကြောင်းနှင့် တရားခံကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗန်ကောက်မြို့တော် ရဲတပ်ဖွဲ့ အနေဖြင့် PDRC ၏ မူလချီတက် ဆန္ဒပြမည့် လမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲခဲ့မှုနှင့် ဗုံးပေါက်ကွဲ သည့် နေရာအနီးသို့ ဝင်ရောက်မည့် ရဲတပ်ဖွဲ့နှင့် သတင်းထောက်များကို ဆန္ဒပြသူ လုံခြုံရေး အစောင့်များက ပိတ်ဆို့ဟန့်တားခဲ့မှုတို့နှင့် ပတ်သက် ၍ သံသယဖြစ်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဆူသက်သောင်ဆူဘန် ဦးဆောင်သော PDRC ထောက်ခံ ဆန္ဒပြသူများသည် ဆန္ဒပြမှုများ၌ ဗန်ကောက် မြို့သူမြို့သားများ ပါဝင်လာရေး စည်းရုံးလှုံ့ဆော်ရန် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ပသွန်ဝမ် လမ်းဆုံမှ စတင်ကာ ဟွာချမ်တံတား၊ ရတ်ချာသဝီလမ်းဆုံ၊ ပတ်ချာဘူရီ လမ်းသစ်နှင့် ဘန်သက် သွန်လမ်းတို့သို့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြ၀တီ
ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘန်သက်သွန်လမ်းရှိ အစိုးရ အတိုက်အခံ ဆန္ဒပြသူများ စုဝေးသည့် နေရာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် အင်တာနက် သတင်းတစ် ရပ်အရ သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော်လည်း ယင်းလပ်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြမည်

Photo: ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော်လည်း ယင်းလပ်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြမည်

ဘန်ကောက်၊ ဇန်နဝါရီ ၁၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြနေသူများ ချီတက် ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာ ရရှိ သွားသော်လည်း ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်ရှိရာ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၎င်းကို ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ ဆန္ဒပြသူ ၃၆ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

အဆိုပါဗုံးမှာ တရုတ်နိုင်ငံလုပ် ဗုံးဖြစ်ကြောင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများ ရှင်းလင်းရေး ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

ဘန်ကောက်ရှိ Banthad Thong လမ်းရှိ လူမနေသော အဆောက်အအုံပေါ်မှ ဆန္ဒပြ လူအုပ်ထဲသို့ ပစ်ချခဲ့သည်ဟု ယူဆရကြောင်း ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်၏ လုံခြုံရေး အစောင့် အရှောက်များက ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃၆ ဦးတွင် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ စနေနေ့ အစောပိုင်းတွင် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရာ နိုဝင်ဘာလက စတင်ခဲ့သော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း သေဆုံးသူ ကိုးဦးအထိ ရှိသွားပြီ ဖြစ်သည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီဝက်ခန့် အကြာတွင် ဆန္ဒပြရာ၌ ပါဝင်လျက်ရှိသော အစိုးရ ဝန်ထမ်းများကို ထိုင်းအစိုးရ၏ Administration  of Peace and Order (CAPO) က သတိပေးမှု ပြုလုပ်ခဲ့သည်။

ထိုင်းအစိုးရအနေနှင့် ဆန္ဒပြခေါင်းဆောင်များကိုသာမက ဆန္ဒပြသူများကိုပါ တရားစွဲဆိုသွားမည်ဟု  (CAPO) က သတိပေး ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ဆန္ဒပြမှုများသည် ယင်းလပ် အစိုးရကို ဆန့်ကျင်သော အုပ်စုများဖြစ်ပြီး ၎င်းတို့က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြကာ အိမ်စောင့်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ယင်းလပ်ကို ရာထူးမှ ဆင်းပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်၍ မြို့တော်ဘန်ကောက်ရပ်ဆိုင်းရေး လှုပ်ရှားမှုအဖြစ် ဘန်ကောက်ရှိ အဓိကနေရာ ခုနစ် နေရာတွင် ယင်းလပ်ဆန့်ကျင်ရေး အင်အားစုများက ဆန္ဒပြလျက်ရှိပြီး ယခုအခါ ထိုင်းတောင်ပိုင်းရှိ အစိုးရရုံးအချို့ပိတ်ထားသည် အထိ အရှိန်မြင့်လျက်ရှိသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြနေသူများ ချီတက် ဆန္ဒပြနေစဉ် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာ ရရှိ သွားသော်လည်း ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဟု ဆန္ဒပြသူများက ပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်မှ ပလက်ဝသို့ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင်များ အရေးပေါ် အကူအညီလိုအပ်

Photo: ဘင်္ဂလားဒေ့ရှ်မှ ပလက်ဝသို့ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင်များ အရေးပေါ် အကူအညီလိုအပ် 
Sunday, January 19, 2013

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အကြမ်းဖက် ခံရမှုများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ထွက်ပြေးလာသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃ ဦးသည် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ အရေးပေါ် လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားများ လူမှုအဖွဲ့အစည်း (ယာယီ) အဖွဲ့ဝင် ဦးလှမောင်သိန်းက ပြောကြားသည်။

အဆိုပါ ရခိုင် မျိုးနွယ်စုဝင်များသည် ပလက်ဝမြို့သို့ ဒီဇင်ဘာလကုန်ပိုင်းက ရောက်ရှိလာခြင်း ဖြစ်ပြီး ၎င်းတို့ကို ဝိသုဒ္ဓါရုံ ကျောင်းတိုက်ရှိ ဓမ္မာရုံတွင် နေရာချထားပေးကြောင်း၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များကို အလှူငွေများ ကောက်ခံကာ လုပ်ဆောင်ပေးနေကြောင်း ၎င်းကဆိုသည်။
“သူတို့ကို ကျွေးမွေးဖို့အတွက်ကို တစ်ရက်ဆန်တစ်အိတ်နဲ့ ကျပ်လေးသောင်းကနေ ငါးသောင်းအထိ ကုန်တယ်။ ဆက်ကျွေးဖို့ အခက်အခဲ ဖြစ်နေတယ်” ဟု ဦးလှမောင်သိန်းက ပြောဆိုသည်။

အဆိုပါ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃ ဦးကို ရခိုင်ပြည်နယ်သို့ လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပြထားကြောင်း ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးဌာနဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာဒေါ့ခရိုင် တင်းဆိတ်မြို့နယ်ရှိ ကျေးရွာများတွင် တောင်ယာနှင့် ဥယျာဉ်ခြံမြေ လုပ်ငန်းများ လုပ်ကိုင် စားသောက်နေသူများ ဖြစ်၍ ၎င်းတို့၏ လယ်ယာနှင့် ဥယျာဉ်ခြံမြေများ သိမ်းပိုက်ခံရ၍ ယင်းသို့ ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း ဦးလှမောင်သိန်းက ဆိုသည်။

အကြမ်းဖက် ခံရမှုများကြောင့် ၂၀၁၂ ခုနှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်မျိုးနွယ်စုဝင်များ မြန်မာနိုင်ငံသို့ ထွက်ပြေးလာကြပြီး ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ခိုလှုံသူဦးရေ ၁၅၀၀ ခန့် ရှိနေပြီ ဖြစ်သည်။

The Voice Weekly
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အကြမ်းဖက် ခံရမှုများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ထွက်ပြေးလာ သည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃ ဦးသည် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အထောက် အပံ့များ အရေးပေါ် လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားများ လူမှုအဖွဲ့အစည်း (ယာယီ) အဖွဲ့ဝင် ဦးလှမောင်သိန်းက ပြောကြားသည်။

ကျေးရွာ ၁၀ ရွာကို ကျပ်သိန်းနှစ်သောင်းနီးပါး သုံး၍ ဆိုလာစနစ်ဖြင့် မီးပေးမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၀ ရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ် သိန်းနှစ်သောင်း နီးပါးသုံးစွဲပြီး ဆိုလာစနစ်သုံးကာ ၂၀၁၄ ခုနှစ် မတ်လကုန်အတွင်း မီး လင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေ သ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

မြစ်ကြီးနားလေဆိပ် ပြင်ဆင်ရက် နန်ပေါင် တပ်မတော် လေယာဉ်ကွင်း တွင် ပြောင်းဆင်းမည်

မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးလမ်း ပြင်ဆင်မှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်မည့် နေ့ရက်များတွင် ဆင်းသက်မည့် လေယာဉ် ခရီးစဉ်များအားလုံး မြစ်ကြီးနားမြို့ နန်ပေါင် တပ်မတော် လေယာဉ်ကွင်း တွင် ပြောင်းလဲဆင်းသက်ရမည် ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိက The Voice သို့ပြောကြား သည်။

ဗုဒ္ဓဘာသာ အမျိုးသမီးများ လွတ်လပ်ခွင့် သံဃာများကြိုးပမ်း

Photo: ဗုဒ္ဓဘာသာ အမျိုးသမီးများ လွတ်လပ်ခွင့် သံဃာများကြိုးပမ်း
Sunday, January 19, 2013

ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ ဖွဲ့စည်းလိုက်တဲ့ သာသနာ့ဝံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်က အရှင် ဣန္ဒာ စက္ကာဘိဝံသက သူတို့ သံဃာတော် များအနေနဲ့ အမျိုးစောင့်ဥပဒေပေါ်ထွန်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း RFA ကို မနေ့က မိန့်ကြားလိုက်ပါတယ်။

အခုလို ဆောင်ရွက်ရတာဟာ တခြားဘာသာဝင်တစ်ဦး နဲ့ လက်ထပ်မိလို့ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုး သမီးတွေ ဆုံးရှုံးနေတဲ့ လွတ်လပ်ခွင့်ကို ရရှိဖို့ဖြစ်တယ် လို့လည်း ဆရာတော်က မိန့်တော်မူပါတယ်။

“လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ဆိုတဲ့ ဗမာစကားလုံးက ပြောတော့ပြောကြတယ်၊ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး တခြားဘာသာဝင် နဲ့ရရင် အဲလိုလွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ဆိုတဲ့ အခွင့်အရေးရသလား၊ ဘယ်သူကများ အာမခံချက် အဲသလိုပေးလဲဆိုတဲ့ အဲလိုမေးခွန်းမျိုးကို ဦးဇင်းတို့က ပြန်မေးချင်ပါတယ်၊ အဲလို ကိုယ်ယုံကြည်တာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေရနိုင်ဖို့ ရည်ရွယ်ပြီးတော့ မျိုးစောင့်ဥပဒေတွေဖြစ်ဖို့ရာ ဦးဇင်းတို့ဆောင်ရွက်နေတာပဲ”

အဲဒီလို အမျိုးစောင့် ဥပဒေပေါ်ထွန်းရေးအတွက် အများပြည်သူထံက လက်မှတ်ကောက်ခံ စုဆောင်းမှုတွေကို ဆက်လက်ဆောင်ရွက်နေကြောင်းနဲ့ ဥပဒေအဖြစ် ပေါ်ပေါက်လာရေးကိုတော့ လွှတ်တော်ကသာ အကောင်အထည်ဖေါ်ရမှာဖြစ်ကြောင်းလည်း အရှင် ဣန္ဒာစက္ကာဘိဝံသက မိန့်ကြားပါတယ်။

RFA Burmese
ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ ဖွဲ့စည်းလိုက်တဲ့ သာသနာ့ဝံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်က အရှင် ဣန္ဒာ စက္ကာဘိဝံသက သူတို့သံဃာတော်များအနေနဲ့ အမျိုးစောင့်ဥပဒေပေါ်ထွန်းရေးကို စဉ်ဆက်မပြတ် ဆောင် ရွက်နေကြောင်း RFA ကို မနေ့က မိန့်ကြားလိုက်ပါတယ်။

အစိုးရအရာရှိ လေးဆယ်ကျော်အား လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းပို့ချ

မြန်မာနိုင်ငံရှိ အကြီးတန်းအရာရှိကြီး ၄၄ ဦးအား လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးအပါအ၀င် အခြားသော ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာများကို သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းရင်းသား ရိုးရာ ဝတ်စုံများကို နိုင်ငံခြားသားများ အမြတ်တနိုး ဝယ်ယူ ဝတ်ဆင်မှု မြင့်တက်လာ

Photo: တိုင်းရင်းသား ရိုးရာ ဝတ်စုံများကို နိုင်ငံခြားသားများ အမြတ်တနိုး ဝယ်ယူ ဝတ်ဆင်မှု မြင့်တက်လာ
Sunday, January 19, 2013

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဝတ်စုံများကို နိုင်ငံခြား ခရီးသွားများမှ အမြတ်တနိုးဖြင့် ဝယ်ယူ ဝတ်ဆင်မှု များပြားလာကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ တိုင်းရင်း သား ရိုးရာဝတ်စုံ အရောင်းဆိုင် တစ်ဆိုင်မှ သိရသည်။

ယခုအခါ ပြည်တွင်းသို့ ပြည်ပ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် လာရောက် လည်ပတ်သူ ခရီးသွား အမြောက်အမြား ဝင်ရောက် လာကြသည်။ မြန်မာနိုင်ငံ တွင် နှစ်ရှည်စီးပွားရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်သော နိုင်ငံခြားသား အများစုမှာ မြန်မာဘာသာ စကားကိုပင် သင်ယူတတ်မြောက် နေကြသည့် အပြင် မြန်မာ့ရိုးရာ ဝတ်စုံ များကိုလည်း အမြတ်တနိုးဖြင့် ဝယ်ယူ ဝတ်ဆင် လာကြသည်။

နိုင်ငံခြား ခရီးသွား အများစုမှာ တိုင်းရင်းသား ရိုးရာဝတ်စုံများကို ပုံစံသစ်ပြန်လည် ဆန်းသစ် တီထွင် ထားသော ပုံစံများကို လွန်စွာ ကြိုက်နှစ်သက်ပြီး ဝယ်ယူမှုများ ပြားကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ပြည်ပ ခရီးသွားများ ဝယ်ယူမှု များပြားသည်မှာ ရှမ်းတိုင်းရင်း သားဝတ်စုံ၊ မြန်မာ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်တိုင်းရင်းသား ဝတ်စုံများကို ဝယ်ယူမှု များပြား ကြောင်းသိရသည်။

ထက်နေ
မြ၀တီ
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဝတ်စုံများကို နိုင်ငံခြား ခရီးသွားများမှ အမြတ်တနိုးဖြင့် ဝယ်ယူ ဝတ်ဆင်မှု များပြားလာကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ တိုင်းရင်း သား ရိုးရာဝတ်စုံ အရောင်းဆိုင် တစ်ဆိုင်မှ သိရသည်။

တောင်ငူတွင် ပုဒ်မ-၅၉ (ဃ/စ) ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမည်

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် ဆန္ဒပြသူများကို ဖမ်းဆီးရာတွင် အသုံးပြုသော ငြိမ်း/စု/စီ ပုဒ်မ (၁၈)၊ ပုဒ်မ ၅၀၅ (ခ)/(ဂ) နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ-၅၉ (ဃ/စ) တို့ကို ဆန့် ကျင်ကန့်ကွက်သည့် အနေနှင့် တောင်ငူမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅၀ ခန့်က ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော် ထုတ်ပွဲကို ဦးဆောင်စီစဉ်သူ နိုင်ငံရေးတက်ကြွ လှုပ် ရှားသူ ဦးသန့်ဇင်က The Voice သို့ပြော ကြားသည်။