Thursday, January 30, 2014

ဝါ၀ါဝင်းကုမ္ပဏီကို လူ ၅၀၀ လောက်ဆန္ဒပြ

 
ရန်ကုန်မြို့ တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်ရပ်ကွက်မှာ အရင်ကနေထိုင်ခဲ့သူ လူပေါင်း၅၀၀ ကျော်လောက် က အဲဒီရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ မြန်မာ့ဂုဏ်ရောင်အိမ်ရာပိုင်ရှင် ၀ါဝါ၀င်းကုမ္ပဏီကို နစ်နာကြေးပေးဖို့ ဒီနေ့စတင်ပြီး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေကြပါတယ်။

ဘင်္ဂ္လားဒေ့ရှ် အစ္စလာမစ် ပါတီ ဥက္ကဋ္ဌဌ သေဒဏ်ကျ

Photo: ဘင်္ဂ္လားဒေ့ရှ် အစ္စလာမစ် ပါတီ ဥက္ကဋ္ဌဌ သေဒဏ်ကျ
Thursday, January 30, 2014

ဘင်္ဂ္လားဒေ့ရှ် နိုင်ငံမှာ အကြီးဆုံး အစ္စလာမစ် ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီ ဥက္ကဋ္ဌဌကို လက်နက် မှောင်ခိုမှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။

ပါတီ ဥက္ကဋ္ဌဌ ဖြစ်သူ မော်ရှာ ရာမန် နီဇာမီ (Motiur Rahman Nizami) နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီးဟောင်း တစ်ယောက် အပါအဝင် တခြား အမျိုးသား ၁၃ ယောက်ကို ၂၀ဝ၄ ခုနှစ်က အိန္ဒိယ နိုင်ငံ အာသံ ပြည်နယ်က ခွဲထွက်ရေး သူပုန်တွေဆီ လက်နက် ၄ ထောင်ကျော် မှောင်ခို ရောင်းချ ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။

မစ္စတာ နီဇာမီကတော့ သူ့ကို ချတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံ ဝင်မယ်လို့ ပြောပါတယ်။

သူဟာ ၁၉၇၁ ခုနှစ်က ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက်လည်း တရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေရသူ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဘင်္ဂ္လားဒေ့ရှ် နိုင်ငံမှာ အကြီးဆုံး အစ္စလာမစ် ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီ ဥက္ကဋ္ဌဌကို လက်နက် မှောင်ခိုမှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။

မြို့စွန်သင်္ချိုင်းမှာသာ ဆန္ဒပြခွင့်ရခဲ့သည့် မတ္တရာလယ်သမားများ

 Photo: မြို့စွန်သင်္ချိုင်းမှာသာ ဆန္ဒပြခွင့်ရခဲ့သည့် မတ္တရာလယ်သမားများ
Thursday, January 30, 2014

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အနီးမှာ လယ်ယာမြေတွေ သိမ်းခံထားရမှုကို မကျေနပ်လို့ ရာနဲ့ချီတဲ့ လယ်သမားတွေစုရုံးပြီး ဒီကနေ့မွန်းလွဲပိုင်းက ဟောပြောပွဲတွေနဲ့ ဆန္ဒပြပွဲတွေကျင်းပပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

လယ်သိမ်းခံ လယ်သမားတွေက လူအင်အား ၁၀၀၀ နဲ့ မတ္တရာမြို့ပေါ်မှာ စီတန်းလှည့်လည် ဆန္ဒပြခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် မြို့စွန်သင်္ချိုင်းအနီး မြေကွပ်လပ် တနေရာမှာ အင်အား ၁၀၀ လောက်နဲ့ လယ်ယာမြေသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပခဲ့တာပါ။

ခုလို ဆန္ဒထုတ်ဖော်ရခြင်းနဲ့ ပတ်သက်ပြီး ဦးဆောင် ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဦးရဲရင့်အောင်က ခုလိုပြောပါတယ်။

“ကျနော်တို့ မတ္တရာမြို့နယ် တံငါမြောက်ကျေးရွာက အသိမ်းခံမြေယာတွေနေရာကနေ မြို့နယ် သမ၀ါယမရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြဖို့ တင်ထားတာ၊ ကျနော်တင်ခဲ့တာက ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်လည်း ပါပါတယ်။ ဒါပေမယ့် သူတို့ချပေးတာက သင်္ချိုင်းကုန်းမှာ ချပေးတဲ့အတွက် ခုလိုမျိုး မြို့ပြင်သင်္ချိုင်းကုန်းမှာ လုပ်တာပါ။ ဒီအတွက် ကျနော်တို့ အင်မတန် ၀မ်းနည်းပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က သိမ်းသွားတဲ့သူတွေရှေ့မှာ ပြချင်တာ၊ ခုလိုမျိုး ချောင်ကြိုချောင်ကြားထဲမှာ ပြရတာဝမ်းနည်းပါတယ်။ အဓိက အကြောင်းကတော့ ကျနော်တို့ရဲ့ လယ်ယာမြေတွေ သိမ်းဆည်းသွားတာ ၂၇ နှစ် ကျော်ရှိလာတဲ့အချိန်မှာ ခုချိန်ထိ တစုံတရာ ဖြေရှင်းနိုင်ခြင်းမရှိတဲ့ အတွက် ကျနော်တို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့ မြေတွေကို ပြန်ပေးပါလို့ပဲ ပြောချင်ပါတယ်။”

ဒီကနေ့ ဆန္ဒပြတဲ့လယ်သမားအများစုဟာ မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေက အကြောင်းအမျိုးမျိုးကြောင့် လယ်မြေတွေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၈၆ ခုနှစ်တုန်းက စိုက်ပျိုးကုန်ထုတ် သမ၀ါယမ အသင်းလီမိတက်က သိမ်းယူထားတဲ့ လယ်ဧကပေါင်း ၆၀၀ ပြန်လည်ရရှိရေး အဓိက တောင်းဆိုခဲ့ကြတာပါ။

မတ္တရာမြို့နယ် တံငါမြောက်ကျေးရွာက လယ်မြေဧက ၂၅ သိမ်းသိမ်းခံခဲ့ရတဲ့ လယ်သမား ဦးနေ၀င်း က လယ်မြေသိမ်းမှုတွေကြောင့် မိသားစုဘ၀တွေ ဆုံးရှုံးနစ်နာ အခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ အကြောင်း ခုလို ပြောပါတယ်။

“သိမ်းကတည်းက လက်ငုတ်လက်ရင်းတွေ မရှိတော့ဘူး၊ သိမ်းပြီဆိုကတည်းက အလုပ်လက်မဲ့တွေ အကုန်ဖြစ်ကုန်ပြီ။ အလုပ်လက်မဲဖြစ်တော့ နေ့စားတွေ အကုန်ဖြစ်ကုန်တယ်၊။ ခုတော့ လက်လုပ်လက်စားပေါ့ဗျာ၊ ကြုံရာကျရာ လုပ်စားကြတာ။ ခုတော့ ချောင်းထဲက သဲတွေ ယူရောင်းတာတို့ ကျောက်ချတာတို့၊ တချို့ဆိုရွှေတောတို့ ၀ါးခုတ်တာတို့ လုပ်ရတယ်။ မျိုးဆက်ပြတ် သေကုန်တာတွေလည်း ရှိတယ်။ ကျနော်တို့ဆို ကျနော်တို့ မိသားစုလိုက်ကို ကျောင်းထွက်ခဲ့ရတာရှိတယ်။ ပညာရေးတွေ အကုန်ဆုံးရှုံးတယ်။ စီးပွားရေးတွေ ချို့တဲ့တယ်။ အဖေအမေတွေကတော့ စိတ်ရောဂါနဲ့ ဆုံးကုန်ပြီပေါ့ဗျာ။ ၁၉၈၆ ခုနှစ်မှာ သိမ်းတယ်။ ဒါကို ရလိုရငြား ၈၇၊ ၈၈ခုနှစ် ကတည်းက အသနားခံစာတင်ပြီးတော့ ပြန်ရလိုကြောင်း သိမ်းပြီးတဲ့နောက်နှစ်က စတင်လိုက်တာ ယနေ့အချိန်အထိပဲဗျ။ ပြန်အကြောင်းကြားခြင်းကို မရှိတဲ့အတွက် ဒီနေ့ ကျနော်တို့ ဆန္ဒထုတ်ဖော်ရတာ။”

ဒီဆန္ဒပြပွဲဟာ မတ္တရာမြို့နယ်ထဲမှာ နှစ်ပေါင်းများစွာ လယ်ယာမြေတွေ သိမ်းခံထားရတဲ့ လယ်သမားတွေ စုရုံးပြီး ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပြီး လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို မန္တလေး မြ၀တီကျောင်းတိုက်က ဆရာတော် အပါအ၀င် ဒေသခံရွာ သားပေါင်း ၃၀၀ ကျော်လောက်လည်း လာရောက် အားပေးခဲ့ကြပါတယ်။

By ဒီဗွီဘီ
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အနီးမှာ လယ်ယာမြေတွေ သိမ်းခံထားရမှုကို မကျေနပ်လို့ ရာနဲ့ချီတဲ့ လယ်သမားတွေစုရုံးပြီး ဒီကနေ့မွန်းလွဲပိုင်းက ဟောပြောပွဲတွေနဲ့ ဆန္ဒပြပွဲတွေကျင်းပပြီး ဆန့်ကျင်ကန့်ကွက် ခဲ့ကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ White Card ကိုင်ဆောင်သူများ မဲပေးခွင့်ပြုပါက ကန့်ကွက်မည်ဟုဆို

လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက် မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။

ကျိုင်းတုံ၌ (၁၂) ဘီးယာဉ်နှင့် ဆိုင်ကယ်ချိတ်မိ သူနာပြု ဆရာမ တစ်ဦး သေဆုံး

Photo: ကျိုင်းတုံ၌ (၁၂) ဘီးယာဉ်နှင့် ဆိုင်ကယ်ချိတ်မိ သူနာပြု ဆရာမ တစ်ဦး သေဆုံး
Thursday, January 30, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး စေတနာမြင့် ပုဂ္ဂလိက ဆေးရုံမှ သူနာပြု ဆရာမတစ်ဦး နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၃၀) ရက် နံနက်(၇)နာရီ အချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ဖရံလုံ ကျေးရွာနေ စေတနာမြင့် ပုဂ္ဂလိက ဆေးရုံ၌ တာဝန်ထမ်း ဆောင်သူ သူနာပြုဆရာမ မဧနွေလှ (၂၄)နှစ် သည် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက် သို့ ANBO အမျိုးအစား ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် ဘိလပ်မြေများတင်ဆောင်၍ ယာဉ်မောင်း ခွန်မောင်သာ (၃၃)နှစ် မောင်းနှင်သော (၁၂)ဘီး ယာဉ်အမှတ် YNG 5F/6983 မစ်ဆူဘီရှီဖူဆို အမျိုးအစားသည် အမှတ်(၁)ရပ်ကွက်၊ တပ်နယ်မှူး ရုံးရှေ့ အနီးအရောက်တွင် မဧနွေလှ၏ ဆိုင်ကယ်ကို ကျော်တက်စဉ် ကားဖြင့် ချိတ်မိကာ မဧနွေလှ၏ ဦးခေါင်းကို ယာဉ်ယာဘက် နောက်ဘီးနှင့် ကြိတ်မိ၍ ဦးခေါင်းခွံရိုးကွဲထွက်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းနေရာ တွင် သေဆုံးသွားသည်။

ယာဉ်အား မဆင်မခြင် ကျော်တက်မောင်းနှင်ပြီး ဆိုင်ကယ်ဖြင့် တိုက်မိကာ အခြားသူများအား သေဆုံးစေခဲ့သော ပြစ်မှု ကျူးလွန်သူ ယာဉ်မောင်းခွန်မောင်သာအား ကျိုင်းတုံရဲစခန်းမှ ယာဉ်(ပ) ၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ - က အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ် ပွားပြီး စေ တနာမြင့် ပုဂ္ဂလိက ဆေးရုံမှ သူနာပြု ဆရာမတစ်ဦး နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

မြန်မာ စစ်စခန်း ၄ ခု နယ်စပ်တွင် တည်ဆောက်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲ

Photo: » မြန်မာ စစ်စခန်း ၄ ခု နယ်စပ်တွင် တည်ဆောက်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲ

မြန်မာ စစ်တပ်သည် စစ်စခန်း ၄ ခုအား ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ဆောက်ထားသည်ဟု  ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စွပ်စွဲလိုက်သည်။ ၎င်းစစ်စခန်း တည်ဆောက်မူကို ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ ယခု တည်ဆောက်ထားသော မြန်မာစစ်စခန်း (၄) ခုသည် နိုင်ငံတကာ နယ်စပ် စည်းမျဉ်းများကို ချိုးဖေါက်ရာ ရောက်၍ ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာများတွင် ဖေါ်ပြသည်။

ယခု မြန်မာဘက်က တည်ဆောက်ထားသော စစ်စခန်း (၄) ခုမှာ မြန်မာဘက်မှ ဆလူတောင် ( Saludong) အရပ်တွင် ဖြစ်ပြီး နယ်စပ် စီရိုမျဉ်းမှ ကိုက် ၃၀၀ အကွာတွင် ရှိကြောင်း၊ ဘင်္ဂလာဒေခ်ျ့ဘက်က ဆိုလျှင် နယ်စပ် ကျောက်တိုင် အမှတ် ၄၅ အနီးတွင် ဖြစ်ကြောင်း၊ ၄င်းစစ်စခန်းများကို ယခုလ ဇန်န၀ါရီ ၁၁ ရက်နေ့က တည်ဆောက်ခဲ့ကြောင်း၊ စစ်စခန်းတစ်ခုစီတွင် စစ်သား ၂၄ ဦးက တာဝန် ထမ်းဆောင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ နယ်စပ်တွင် မြန်မာဘက်မှ စစ်စခန်းတည်ဆောက်နေခြင်းကို ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဂျီဘီ ရှေ့တန်း ဗျူဟာမှ ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာသို့ ယခုလ ၂၁ ရက်နေ့က စာရေးအကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ဘီဂျီဘီ တာဝန်ရှိသူများမှ မြန်မာ အနေဖြင့် ထိုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ စစ်စခန်း တည်ဆောက်ရန် အခွင့်အရေး မရှိကြောင်း၊ နတ်ကျော်ဆရီ အခြေစိုက် အမှတ် ၃၁ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး Lt Col Md Shafiqur Rahman မိမိတို့ ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ထိုသို့ ကန့်ကွက်သည်ကို မြန်မာ အာဏာပိုင်များသို့ စာဖြင့် ပို့ပေးခဲ့ကြောင်း၊ စာထဲတွင် ယခု စစ်စခန်း တည်ဆောက်မူသည် နိုင်ငံတကာ သဘောတူညီချက်များနှင့် ၁၉၈၀ ခုနှစ်က ဘင်္ဂလာ- မြန်မာ နှစ်နိုင်ငံ နယ်စပ် သဘောတူညီမူကို ချိုးဖေါက်ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ဆိုသည်။

မြန်မာဘက်မှ  ယင်းနေရာတွင် လမ်းဖေါက်နေသဖြင့် ယာယီ စစ်စခန်းများ တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားသော်လည်း မိမိတို့မှ အနီးကပ် စောင့်ကြည့်နေကြောင်း၊ သူတို့၏ အကြောင်းပြချက် ဟုတ်မဟုတ်ကို ထောက်လှမ်းရေးဌာနများမှ အသေးစိတ် လေ့လာနေကြောင်း ပြောဆိုသည်။

ယခု စစ်စခန်း တည်ဆောက်မူသည် နှစ်နိုင်ငံ နယ်စပ် တလျှောက်တွင် နေထိုင်သော ဒေသခံ ပြည်သူများကို ခြိမ်းခြောက်ရာလည်း ရောက်နေကြောင်း ပြောဆိုသည်။

ယခု သတင်းစာပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ၏ တုန့်ပြန်မူနှင့် သဘောထားကို ယခုအချိန်ထိ သိရှိရခြင်း မရှိသေးပါ။

(နိရဉ္စရာ- ၃၀ ဇန်န၀ါရီလ ၂၀၁၄)
မြန်မာ စစ်တပ်သည် စစ်စခန်း ၄ ခုအား ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ဆောက်ထားသည်ဟု  ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စွပ်စွဲလိုက်သည်။ ၎င်းစစ်စခန်း တည်ဆောက်မူကို ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

ပြည်ပ ကုမ္ပဏီ ၂ ခုကို မြန်မာ့ ဆက်သွယ်ရေးက လိုင်စင် ထုတ်ပေး

Photo: ပြည်ပ ကုမ္ပဏီ ၂ ခုကို မြန်မာ့ ဆက်သွယ်ရေးက လိုင်စင် ထုတ်ပေး
Thursday, January 30, 2014

မြန်မာ အစိုးရက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးနဲ့ မိုဘိုင်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ပြည်ပ ကုမ္ပဏီ ၂ ခုကို တရားဝင် ထုတ်ပေး လိုက်ပါတယ်။

အစိုးရဘက်က တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ အပြီးသတ် ရေးဆွဲနေရတဲ့ အတွက် တရားဝင် ချပေးဖို့ နှောင့်နှေး ကြန့်ကြာ ခဲ့အပြီး ကာတာ နိုင်ငံက အူရီဒူး ကုမ္ပဏီနဲ့ နော်ဝေ နိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီတို့ကို ဒီကနေ့ပဲ လိုင်စင် ထုတ်ပေးလိုက်တာပါ။

လိုင်စင်တွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင် အကျိုးသက်ရောက်မှာ ဖြစ်ပြီး ကုမ္ပဏီ နှစ်ခုကလည်း လာမယ့် ၆ လနဲ့ ၈ လ အတွင်း ဖုန်းကတ်တွေ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တယ်လီနော မြန်မာအား ၃၀.၁.၂၀၁၄ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်စင် တရားဝင် ပေးအပ်လိုက်ပြီ ဖြစ်ပါသည်။ ဓါတ်ပုံ - Telenor Myanmar
တယ်လီနော မြန်မာအား ၃၀.၁.၂၀၁၄ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်စင် တရားဝင် ပေးအပ်လိုက်ပြီ ဖြစ်ပါသည်။ ဓါတ်ပုံ - Telenor Myanmar
မြန်မာ အစိုးရက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးနဲ့ မိုဘိုင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ပြည်ပ ကုမ္ပဏီ ၂ ခုကို တရားဝင် ထုတ်ပေး လိုက်ပါတယ်။

မူးယစ်ဆေးသုံးသည့် ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို အရေးယူ ထောင်ချ

Photo: မူးယစ်ဆေးသုံးသည့် ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို အရေးယူ ထောင်ချ
Thursday, January 30, 2014

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲတဲ့ ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

ဒုရဲအုပ်တဦး အပါအ၀င် တပ်ကြပ်တပ်သား အဆင့်ဆင့်ကို အရေးယူ အပြစ်ပေး လိုက်တယ်လို့ သူက ပြောပါတယ်။

“အများစုကတော့ အခြားဆင့်တွေပဲ။ တပ်သားတို့၊ ဒုတပ်ကြပ်တို့၊ တပ်ကြပ်တို့ ဒီလိုတွေ ပါတာပေါ့။ အခု ပြစ်ဒဏ်ချတဲ့အထဲမှာတော့ အရာရှိအငယ်၊ ဒုရဲအုပ်အဆင့်ကတော့ ၁ ယောက် ပါတယ်။ သူတို့ကို ပြစ်ဒဏ်ချလိုက်တဲ့အထဲ အားလုံး စုစုပေါင်း ၃၆ ဦး ပြစ်ဒဏ် ချထားတယ်။ ၃ နှစ်တို့ ၅ နှစ်တို့ ထောင်ချတာ။ သုံးစွဲတဲ့ဟာကို ကျနော်တို့ သင်္ကာမကင်းဖြစ်လို့ ဆီးစစ်တယ် ဆီးမှာ အဖြေပေါ်တဲ့အတွက်ကြောင့် ရဲတပ်ဖွဲ့ဆိုင်ရာကလည်း အရေးယူတယ်။ ရဲတပ်ဖွဲ့ကလည်း ထုတ်ပယ်ရတာပေါ့။ သို့သော် သူတို့က မူးယစ်သုံးစွဲတာဖြစ်တဲ့အတွက် မူးယစ်ဥပဒေအရ နယ်ဘက် တရားရုံးမှာ တရားရင်ဆိုင်ရတာ။ နယ်ဘက် တရားရုံးက သုံးစွဲတဲ့သူကို ပြစ်ဒဏ်ချတဲ့ နေရာမှာ ၃ နှစ်ကနေ ၅ နှစ်အထိ ချလို့ရတယ်။ အဲဒီတော့ သူတို့ရဲ့ ပြစ်ဒဏ်အမျိုးအစားအရ ၃ နှစ်ကော ၄ နှစ်ကော ၅ နှစ်ကော အကုန်ပါတယ်။ ပြစ်ဒဏ် အမြင့်ဆုံးကျတဲ့သူတွေလည်း ပါတယ်။ အနိမ့်ဆုံးကတော့ ၃ နှစ်ပေါ့။”

၂၀၁၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း အခုလို အပြစ်ပေး အရေးယူခဲ့တာလို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကတော့ ကချင်ပြည်နယ်ထဲ မူးယစ်ဆေး ရောင်းချတဲ့နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှု ရှိတယ်လို့ ပြောပါတယ်။

“မူးရစ်ရဲတွေကို အထူး မူးယစ်တွေဆိုပြီးတော့ လုပ်တယ်။ ရောင်းတဲ့သူ ဂိုဏ်းကြီးတွေက သူတို့နဲ့ အဆက်အစပ်ရှိတယ်။ ဖမ်းမယ်လို့လုပ်တဲ့ အခါမှာ သူတို့က အရင်ဦးဆုံး သတင်းပေးထား လိုက်တယ်။ ရောင်းတဲ့သူတွေက ရှောင်နေလိုက်တယ်။ ပြီးရင် ဘာမှမဟုတ်တဲ့ သွားလာတဲ့သူ နည်းနည်းပါးပါးကို လိုက်ဖမ်းပြီး၊ အချုပ်ထဲမှာ ၃၀၀ လောက်ရှိတယ်။ အဲဒီလူတွေက မူးယစ်မှုတွေ မသင်္ကာမှုတွေနဲ့ အဖမ်းခံရတယ်။ တကယ့် ဂိုဏ်းသမားတွေက ဒီနေ့အထိ မိသေးဘူး။ အများကြီးပဲ အပြင်မှာ လွတ်နေတယ်။ ဘာမှ မဟုတ်တဲ့သူတွေလောက်ပဲ ဖမ်းထည့်နေတာ။”

ရဲတပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးသုံးလို့ အပြစ်ပေး အရေးယူတာ တဦးစနှစ်ဦးစ ရှိခဲ့ဖူးပြီး အခုလို အများအပြား အရေးယူ အပြစ်ပေးတာတော့ ဒါ ပထမဆုံး ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲတဲ့ ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

ကချင်စကားမပြောတတ်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေးတောင်းယူ

 
ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် ခါ့ပရာကျေးရွာအကြားခါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း များ၌ သစ်တင်ရောင်ချနေသော မံသာကျေးရွာနေ ရွာသား(၆)ဦးကို ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် KIA အဖွဲ့ဝင်များမှ ပြင်း ထန်စွာ ထိုးကြိတ်ရိုက်ပုတ်နှိပ်စက်ပြီး ငွေခြောက်သောင်း တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ကချင်ဒုက္ခသည်များ ငြိမ်းချမ်းရေးရလိုဟု ဗြိတိန်ဝန်ကြီးထံ တင်ပြ

ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီးဖြစ်သူ Hugo Swire ဇန်န၀ါရီ ၂၉ ရက်က ကချင်ပြည် နယ်ဝိုင်း မော်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှုရာတွင် ကချင် ဒုက္ခသည် တို့က နေရပ်ပြန် လိုပြီး ငြိမ်းချမ်းရေးအမြန်ရစေကြောင်း တင်ပြခဲ့သည်ဟု ကချင်ဒုက္ခသည်များကို အကူအညီပေးနေသူ ဦးကေဘောမ်အောက ပြောသည်။

မြစ်ကြီးနားမြို့တွင် ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များတွေ့ရှိ

Myanmar Online News's photo.
မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်း ဇန်န၀ါရီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များ၌ ၉၆၉ တံဆိပ်ပါ ပါတိတ် လုံချည် ၀တ်ဆင်သူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်-အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်အဖွဲ့မှ လိုက်လံ ၀ယ်ယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ မြစ်ကြီးနားမြို့ပေါ်ရှိ အထည်ဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ အထည်ဆိုင်များကို အဆိုပါ ပါတိတ်လုံချည်များအား ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုချီးရားတန်းကျေးရွာ မီးလောင်မှုဖြစ်ရပ်မှန် ပြန်ကြားရေးက ထုတ်ပြန်

 
ရခိုင်ပြည်နယ် မောင်းတောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီးပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့ ဒုချီးရားတန်း အနေက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်စစ်တွေ၊ ဇန်န၀ါရီ ၂၉ မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်န၀ါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။