Saturday, February 1, 2014

ကျူးကျော်တွေကို နေရာချထားပေးမယ်လို့ သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာ ကျူးကျော် ၀င်ေ ရာက်နေ ထိုင်တဲ့ မြေယာမဲ့အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံ ကိန်းတွေနဲ့အညီ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ် ကိုင် တွယ်သွားမယ်လို့လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

ဘူးသီးတောင်တွင် လူတစ်ထောင်ကျော်စုရုံးပြီးမှ ယူအန်နှင့် အိုင်အန်ဂျီအိုများကို ဆန္ဒပြခွင့်မရ

Photo: ဘူးသီးတောင်တွင် လူတစ်ထောင်ကျော်စုရုံးပြီးမှ ယူအန်နှင့် အိုင်အန်ဂျီအိုများကို ဆန္ဒပြခွင့်မရ
Saturday, February 1, 2014

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယူအန်နှင့် အိုင်အန်ဂျီအိုများ ကို ကန့်ကွက် ဆန္ဒပြရန် လူပေါင်း ၁၀၀၀ ကျော်စုရုံးပြီးမှ အာဏာပိုင်များက ခွင့်မပြုသဖြင့် ယနေ့ ဆန္ဒပြမည့် အစီအစဉ်အား ရပ်ဆိုင်းပြီး လာမည့် ဖေဖေါ်ဝါရီလ ၅ ရက်သို့ ရွှေ့လိုက်ရသည်ဟု ဆန္ဒုပြပွဲ စီစဉ်သူ တစ်ဦးဖြစ်သူ ဖြစ်သူ ဦးသန်းလိုင်က နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ဒီကနေ့ နေ့လည် ၁၂ နာရီမှာ လူပေါင်း တစ်ထောင်ကျော် ဘူးသီးတောင်မြို့ ဧစေတီကျောင်းမှာ စုရုံးခဲ့ကြပါတယ်။ အာဏာပိုင်တွေက ပြလို့ရတယ်။ ခွင့်ပြုချက်တင်စရာ မလိုဆိုတဲ့ အတွက် နားလည်မူနဲ့ ပြပါဆိုတဲ့ အတွက် ဒီကနေ့ ပြဖို့လုပ်တော့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲမှူးကြီးက လာတားပါတယ်။ သူတို့က မေတ္တာရပ်ခံတဲ့ အတွက် ဒီနေ့ ဆန္ဒပြမယ် အစီအစဉ်ကို လာမယ့် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကို ရွှေ့လိုက်ပါတယ်” ဟု သူက ပြောသည်။

ဆန္ဒပြရန် လာသူများမှာ ယူအန်နှင့် အိုင်အန်ဂျီအိုများ အပေါ် အထူး မကျေနပ်ဖြစ်နေသဖြင့် ဆန္ဒပြပွဲအား ယနေ့တွင် မပြုလုပ်ကြရန် အထူး အနူးအညွှတ် တောင်းပန်ခဲ့ရသည်ဟု သူက ဆိုသည်။

“ တက်ရောက်လာတဲ့ ပြည်သူတွေက မောင်တော ဒုချီးရားတန်း ပြဿနာမှာ သတင်းမှားတွေထုတ်ပြန်ပြီး ပြဿနာတွေ ကြီးထွားအောင် အကွက်ဆင် လုပ်နေတဲ့ ယူအန်နဲ့အိုင်အိုဂျီတွေကို လုံးဝ မကျေနပ်ဖြစ်နေကြတယ်။ ဒါကြောင့် ဆန္ဒပြဖို့ တကဲကဲ လုပ်နေတဲ့ အတွက်  အာဏာပိုင်တွေနဲ့ စကားများတာတွေတောင် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှ အတင်းဖျောင်းဖျပြီး လူစု ခွဲခဲ့ရပါတယ်” ဟု ဆိုသည်။

ဆန္ဒပြပွဲ ပြုလုပ်ဖြစ်ပါက ယူအန်နှင့် အိုင်အန်ဂျီအိုများ သတင်းမှား ထုတ်ပြန်မူကို ရုတ်သိမ်းရန်၊ ဘူးသီးတောင်မြို့နယ်မှ ၎င်းအဖွဲ့အစည်းများ ခုနှစ်ရက်အတွင်း ထွက်ခွာသွားကြရန် တောင်းဆိုသွားမည်ဟု ဦးသန်းလိုင်က ဆက်ဆိုသည်။

ယူအန်နှင့် အိုင်အန်ဂျီအိုများ အနေဖြင့် ဒေသဖွံ့ဖြိုး လုပ်ငန်းများနှင့် အတူ ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ ကူညီမူများပြုလုပ်နေသဖြင့် ဒေသအတွက် သူတို့ရှိနေခြင်းဖြင့် အကျိုးမရှိနိုင်ဘူးလားဟု မေးမြန်းရာ ဦးသန်းလိုင်က ယခုလို ပြောကြားသည်။

“ သူတို့က ဘင်္ဂလီတွေဘက်ကဘဲ တစ်ဘက်သတ် ရပ်တည်ပြီး ကူညီနေတာ ဖြစ်တယ်။ ဒ့ါပြင်သွေးထိုး လုံဆော်မူတွေနဲ့ မြှောက်ပင့်မူတွေ အမြဲပြုလုပ်နေတယ်။ ဒါကြောင့် ဒီဒေသမှာသူတို့ရှိနေသမျှ ကာလပတ်လုံး လူမျိုးနှစ်ခုအကြား သင့်မြတ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ပြဿနာဖြစ်အောင် အမြဲဖန်တီးနေတဲ့ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကို ကျွန်တော်တို့ မလိုလားဘူး။ သူတို့ကို ကျွန်တော်တို့ ဒေသက ထွက်ခွာသွားဖို့ကိုသာ ကျွန်တော်တို့ လိုလားပါတယ်” ဟု ဆိုသည်။

ယူအန်နှင့် အိုင်အန်ဂျီအိုများ၏ သတင်းအမှားများ လုပ်ကြံ ထုတ်ပြန်မူကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဗုဒ္ဓဘာသာ ရခိုင်လူအုပ်စုများ၏ သတ်ဖြတ်မူကြောင့် မွတ်ဆလင် အမျိုးသမီးနှင့် ကလေးငယ် ၄၈ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံတကာ သတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့် သတင်းဖေါ်ပြခဲ့ကြသဖြင့် ရခိုင်လူမျိုးများအပေါ် အထူးထိခိုက် နစ်နာမူများရှိခဲ့သည်။

ဘူးသီးတောင်မြို့ တာဝန်ရှိ ရဲအရာရှိကမူ ယနေ့ ဆန္ဒပြပွဲအားခွင့်ပြုချက်မရှိသဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိပါက တားမြစ်စရာ အကြောင်း မရှိပါကြောင်း နိရဉ္စရာသို့ ပြောကြားသွားသည်။

နိရဉ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက်ဆန္ဒပြရန် လူပေါင်း ၁၀၀၀ ကျော်စုရုံးပြီးမှ အာဏာပိုင်များက ခွင့်မပြုသဖြင့် ယနေ့ ဆန္ဒပြမည့်အစီအစဉ်အား ရပ်ဆိုင်းပြီး လာ မည့် ဖေဖေါ်ဝါရီလ ၅ ရက်သို့ ရွှေ့လိုက်ရသည်ဟု ဆန္ဒုပြပွဲ စီစဉ်သူ တစ်ဦးဖြစ်သူ ဖြစ်သူ ဦးသန်းလိုင်က နိရဉ္စရာ သို့ ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တိုးတက်နေ

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တိုးတက်နေ

နေပြည်တော် ဇန်နဝါရီ ၃၁

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရောက်ရှိနေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းနှင့် ဦးအုန်းမြင့်၊ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဗိုလ်ချုပ်ဇာနည်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈ နာရီက ညောင်ပင်ကြီး၊ မိုးကြိုးပြင်၊ ကံကုန်း၊ ဒုံးတောကျေးရွာများသို့ ရေပေးဝေ ဖြန့်ဖြူးမည့် ညောင်ပင်ကြီး လျှပ်စစ် မြစ်ရေတင် စီမံကိန်း၏ ရေပေးဝေရေး တူးမြောင်း ပြန်လည်ပြုပြင်တည်ဆောက်နေမှုအား လည်းကောင်း၊ PS-1 မှ PS-2 သို့ Concrete Lining ပြုပြင် တည်ဆောက်နေမှုအား လည်းကောင်း၊ ဆက်လက်၍  တောင်ပ လူကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်းဘေး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်ပြီးစီးမှု အခြေ အနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ယင်းမာပင်မြို့နယ် တည်ပင်ကန်ကျေးရွာ ခေတ်သစ်အလင်းတန်း စာကြည့်တိုက်ဖွင့်ပွဲ အခမ်း အနားနှင့် တည်ပင်ကန်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်း၊ ဆက်လက်၍ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်းတက်ရောက် အားပေးသည်။

ဆက်လက်၍ ဝက်မှေး-ကံတောကျေးရွာ သစ်နှင်ဆည်တည်း-ဇီးတောကျေးရွာသစ်ရှိ မူလတန်းကြိုကျောင်း များဖွင့်ပွဲ အခမ်းအနားနှင့် ကျောင်းဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ကြသည်။

ထို့နောက် ဖောင်းကတာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၏ RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန မြန်မာ့ အထည်အလိပ် လုပ်ငန်း အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး) ရှိ အထည်ချုပ်လုပ်ငန်း သင်တန်းတွင် တက်ရောက် သင်ကြားလျက်ရှိသည့် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေး ပြီးယင်းစက်ရုံ အစည်းအဝေးခန်းမ၌ ဒေသခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ အနေဖြင့် အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပွင့်လင်းမြင်သာစွာ ချပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်း မြေယာ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ မြေယာ လျော်ကြေးများကို သတ်မှတ်နှုန်းထားအတိုင်း ထုတ်ပေးခဲ့ရာ အချို့မှာ ထုတ်ယူပြီးဖြစ်သော်လည်း အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်း အနေဖြင့် မြေယာ သိမ်းဆည်းခံရသူများအပေါ် နစ်နာကြေး၊ လျော်ကြေးများ အပြင် ထောက်ပံ့ကြေးများကိုလည်း ထပ်မံ ထုတ်ပေးနိုင်ရန်အတွက် ဒေသခံများနှင့် လာရောက် တွေ့ဆုံ ရခြင်းဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များအပြင် အခြား ဆောင်ရွက်ပေးသင့်သည့် လူမှုစီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထပ်မံ ဖြည့်စွက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထပ်မံချုပ်ဆိုသည့် သဘောတူစာချုပ်သစ်အရ နိုင်ငံတော်မှ ရရှိမည့် အကျိုးအမြတ် များသည် လက်ပံတောင်းတောင် စီမံကိန်းဒေသ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူတို့ အတွက်သာ ဖြစ်ပါကြောင်း၊ စီမံကိန်း စနစ်တကျ အောင်မြင်စွာ ပိတ်သိမ်းနိုင်ရန် (Mine Closure Plan) ကိုလည်း ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှု ကွာဟခြင်း မရှိစေရန် ဘက်စုံ၊ ကဏ္ဍစုံ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံ ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး ရရှိသင့်သည့် အခွင့်အရေးများ အပြည့်အဝ ရရှိရန် ဖော်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ မိမိကိုယ်ကျိုးအတ္တ တစ်ခုတည်းကို မကြည့်ဘဲ အများအတွက် ငဲ့ညှာပြီး ဆောင်ရွက်သွားကြ ရမည် ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဗိုလ်ချုပ် ဇာနည်ဝင်းက သိမ်းဆည်း မြေယာများအတွက် ထောက်ပံ့ကြေးများကို  လယ်မြေတစ်ဧက ကျပ် ၁၂ သိန်းနှုန်း၊ (ဦးပိုင်ပေါက်) ယာမြေ တစ်ဧက ကျပ်ရှစ်သိန်းနှုန်းနှင့် (ဦးပိုင်မပေါက်) ယာမြေ တစ်ဧက ကျပ်သုံးသိန်းနှုန်းတို့ဖြင့် ထပ်မံ၍ ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါငွေများကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ စတင်၍ ထုတ်ယူ နိုင်ကြောင်း၊ ယခင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသည့်သူများ အတွက် ယခု ထောက်ပံ့ကြေးကို တစ်ပေါင်းတည်း ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဒေသခံများ၏ အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်း ပတ်ဝန်းကျင်ဒေသရှိ တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်ပညာ တက်ရောက် သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးတို့အား ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် အတွက် ပညာသင် ထောက်ပံ့ကြေး ကျပ် ၂၅၄ သိန်းကို ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်သည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင် တိုးတက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု ထိခိုက်နစ်နာ မှုမရှိစေရန် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် ပိုမို အောင်မြင်မှုများ ရရှိလာမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရည်မြင့်မား တိုးတက်လာစေရန် ပညာသင် ထောက်ပံ့ ကြေးများပေးအပ်ခြင်းသည် မိမိတို့တိုင်းပြည်၊ မိမိတို့ဒေသ၏ လူသားစွမ်းရည် အရင်းအမြစ်များ မြင့်မား လာစေရန် ဖြစ်ကြောင်း၊ ရသင့်ရရှိရမည့် အခွင့်အရေးများရရှိရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလီမိတက်ရှိ အငယ်တန်းအော်ပရေတာ လုပ်ငန်းခွင် သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ အမှာစကားပြောကြားရာတွင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းသည် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ရမည့် နိုင်ငံတော် စီမံကိန်းကြီး ဖြစ်သည့်အတွက် မိမိတို့ ကျရာအခန်းကဏ္ဍများတွင် မိမိတို့တာဝန် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပြီး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို လေ့လာဖတ်ရှုရန် တိုက်တွန်း ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာကောင်းများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းဖြင့်  မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရောက် ရှိနေသော လက် ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း

တောင်ငူခရိုင် သန်းခေါင်စာရင်း ကောက်ယူရန် ပညာရေး ဝန်ထမ်း ၁၇၀၀ ကျော် သုံးမည်

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင် ခြောက်မြို့နယ် ဖြစ်သော တောင်ငူ၊ ထန်းတပင်၊ ရေတာ ရှည်၊ ကျောက်ကြီး၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်တို့တွင် ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကောက်ယူ မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် အခြေခံပညာ ဦးစီးဌာနမှ ပညာရေး ဝန်ထမ်း ၁၆၇၇ ဦးနှင့် အရန်အင်အား ၈၄ ဦး အပါအဝင် ဆရာ၊ ဆရာမ ၁၇၀၀ ဦးကျော်ကို အသုံးပြုသွား မည် ဖြစ်ကြောင်း တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဝင်းက ပြောကြားသည်။

ရန်ပုံငွေ ခွဲဝေ ချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိ နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည်

Photo: ရန်ပုံငွေ ခွဲဝေ ချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိ နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည်
Saturday, February 1, 2014

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရုံးအမှတ် (၁၈) ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသော ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးသည်။

ဒုတိယသမ္မတက ဆွေးနွေးပြောကြားရာတွင် ယခုဆွေးနွေးပွဲသည် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင် ရွက်နိုင်မည့် နည်းလမ်းများကို လေ့လာဆန်းစစ် ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ တာဝန်ယူ ဆောင်ရွက်နေသည့်ကာလ သုံးနှစ်နီးပါး ရှိချိန်တွင် ကျန်းမာရေးကဏ္ဍ၌ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ ရှိနေသေးသဖြင့် ဤဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အစိုးရ အဖွဲ့သစ် တာဝန်ယူပြီးနောက်လပိုင်း အတွင်းမှာပင် ကျန်းမာရေးကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အငြိမ်းစား ပညာရှင်ကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲ ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြ၍ ဆွေးနွေးပွဲရလဒ် များကို အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနတွင် ဦးစီးဌာန (၇) ခုရှိပြီး ကျန်းမာရေး ဦးစီးဌာန တစ်ခုတည်းက ဝန်ကြီးဌာနတစ်ခုလုံး၏ လုပ်ငန်းတာဝန်၏ ၈ဝ ရာခိုင်နှုန်းခန့်ကို တာဝန်ယူ ဆောင်ရွက်နေရ၍ တခြားသော ဦးစီးဌာနများသို့ လိုအပ်ပါက တာဝန်များခွဲဝေပေးခြင်းဖြင့် လုပ်ငန်း ပိုမို မြန်ဆန်အောင်မြင်မည်ဟု သုံးသပ် အကြံဥာဏ် ပေးခဲ့ဖူးကြောင်း၊ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်မှာ ပညာရှင် များကဆွေးနွေး ဆုံးဖြတ်ကြရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ရာတွင် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများရှိပြီး ရောဂါ ကြိုတင်ကာကွယ်ရာ၌ ကာကွယ်၍ ရသည့်ရောဂါများ ရှိသကဲ့သို့ ကြိုတင်ကာကွယ်၍ မရသည့် ရောဂါများလည်း ရှိပါကြောင်း၊ ကျန်းမာရေး အသိရှိသော နေထိုင်မှုစနစ်သည် သာလျှင် ဖြစ်ပွားနိုင်သည့် ရောဂါများကို အနည်းနှင့်အများ ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ငယ်စဉ်ကတည်းက ကျန်းမာ ရေးအသိဖြင့် နေထိုင်စားသောက်တတ်စေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကုသရေး အပိုင်းကို ဆွေးနွေးရ လျှင်မြန်မာနိုင်ငံတွင် ဆရာဝန်ဦးရေ သုံးသောင်းဝန်းကျင်ရှိပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံသာ အစိုးရ ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ထို့အတူ သူနာပြုနှင့် သားဖွားဆရာမများလည်း လိုအပ်ချက် ရှိနေပါသေးကြောင်း၊ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းမှာ ကျေးရွာပေါင်း ၆၄ဝဝဝ ကျော် အတွင်း မှီတင်းနေထိုင်လျက်ရှိပြီး ယင်းကျေးရွာတိုင်းသို့ ဆရာဝန်များ၊ သူနာပြုနှင့် သားဖွားများ ရောက်အောင် မသွား နိုင်ပါကြောင်း၊ အရန် သားဖွားဆရာမများ၊ ကျန်းမာရေး လုပ်သားများကို သင်တန်းပေး စေလွှတ် ခန့်ထား နိုင်မည်ဆိုလျှင် အခြေခံလူတန်းစားများအတွက် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု၊ လွှမ်းခြုံမှုကို အနည်း နှင့်အများရရှိစေမည်ဟု ယူဆရပါကြောင်း၊ ထို့အတူ ပြည်ပသို့ သွားရောက် ဆေးဝါးကုသမှု စရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ခန့် ကုန်ကျနေပါ၍ နိုင်ငံတော်၏ ဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများတွင် ဆေးဝါးကုသမှုဆိုင်ရာ အထောက်အကူပစ္စည်းများ ပြည့်စုံမှုမရှိသေးသဖြင့် ထိုသို့ သွားရောက်ကုသနေရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လိုအပ်သည့် နိုင်ငံတကာအဆင့်မီ ဆေးရုံ၊ ဆေးခန်းနှင့် အထောက်အကူ ပစ္စည်းများကို ထောက်ပံ့ဖြည့်ဆည်း ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ကျန်းမာရေး ကဏ္ဍကို မြှင့်တင်နိုင်ရန်အတွက် နှစ်စဉ် ကျန်းမာရေးရန်ပုံငွေကို တိုးမြှင့် ချထားပေးပြီး ဖြစ်ပါ ကြောင်း၊ သို့သော် ရနိုင်သည့်ပမာဏသည် ပြည့်မီခြင်း မရှိသေးဘဲ နည်းပါးနေသေးပါကြောင်း၊ နိုင်ငံ၏ ရန်ပုံငွေ ခွဲဝေချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိပြီး နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး အတွက် ကျင်းပသည့် ယခုဆွေး နွေးပွဲတွင် တက်ရောက်လာသူအားလုံးက လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပညာရေး၊ ကျန်းမာရေး ကဏ္ဍဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် အမျိုးသား ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် ဖြည့်စွက် ဆွေးနွေး တင်ပြသည်။ မွန်းလွဲပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြသည်။

မြ၀တီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရုံးအမှတ် (၁၈) ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပသော ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေး ပွဲသို့ တက်ရောက် ဆွေးနွေးသည်။

တရားမ၀င် သစ်ခိုး ထုတ် မှု များကို ဖမ်းဆီး စစ်ဆေးစဉ် ကေအိုင်အေ အဖွဲ့မှ နှောက်ယှက် ပစ်ခတ်

Photo: တရားမ၀င် သစ်ခိုး ထုတ် မှု များကို ဖမ်းဆီး စစ်ဆေးစဉ် ကေအိုင်အေ အဖွဲ့မှ နှောက်ယှက် ပစ်ခတ်
Saturday, February 1, 2014

သစ်တောပြုံးတီးမှု၏ အဓိက အကြောင်းအရင်းဖြစ်သည့် တရားမ၀င် သစ်ခုတ်ခြင်း၊ တစ်ဖက် နိုင်ငံသို့ သစ်များ တရားမ၀င် ခိုးထုတ်ခြင်းများအား ဖော်ထုတ် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိရာ ဇန်န၀ါရီလ ၃၀ ရက် နံနက်ပိုင်းက တရားမ၀င် သစ်ဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်ကောက် ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား (၁၀)ဦးပါသည့် ယမ်းဖောင်သစ်တင်ယာဉ်(၁၅)စီး၊ ၆ဘီး ယာဉ်(၆)စီး၊ စုစုပေါင်း ယာဉ် (၂၁)စီးကို ရပ်တန့်စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ယာဉ်များပေါ်တွင် တရားမ၀င် သစ်မျိုးစုံ တန်(၇၀)ခန့်ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။

ထိုသို့ ဖမ်းဆီးရမိ သစ်များကို စစ်ဆေးနေစဉ် ကေအိုင်အေ အဖွဲ့မှ အင်အား (၃၀)ဦးခန့်သည် စစ်ဆေးရေးအဖွဲ့ စစ်ဆေးနေသည့် နေရာသို့ လက်နက်ငယ်များဖြင့် လာရောက် နှောက်ယှက်ပစ်ခတ်ခဲ့ပါသည်။ စစ်ဆေးရေး အဖွဲ့တွင် လုံခြုံရေးအဖြစ်လိုက်ပါလာသည့် တပ်မတော်သားများမှ ပြည်လည်ခုခံ ပစ်ခတ်မှုကြောင့် ကေအိုင်အေ အဖွဲ့မှ ပြန်လည် ဆုတ်ခွာ သွားကြပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

တရားမ၀င် သစ်ခိုးထုတ်မှုများတွင် ကေအိုင်အေအဖွဲ့သည် ပါဝင်ပတ်သက်လျက်ရှိပြီး သစ်ခိုးထုတ်သူများထံမှ ဆက်ကြေးငွေကောက်ခံ၍ လုံခြုံရေးအတွက် တာဝန် ယူပေးလျက်ရှိပြီး သစ်တောဦးစီးဌာန၏ တရားမ၀င် သစ်များ ဖော်ထုတ် ဖမ်းဆီးရေး အဖွဲ့များကို နှောက်ယှက် ပစ်ခတ်လေ့ရှိကြောင်း သိရှိရပါသည်။

မြ၀တီ
သစ်တောပြုံးတီးမှု၏ အဓိက အကြောင်းအရင်းဖြစ်သည့် တရားမ၀င် သစ်ခုတ်ခြင်း၊ တစ်ဖက် နိုင်ငံသို့ သစ်များ တရားမ၀င် ခိုးထုတ်ခြင်းများအား ဖော်ထုတ် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက် ရှိရာ ဇန်န၀ါရီ လ ၃၀ ရက် နံနက်ပိုင်းက တရားမ၀င် သစ်ဖော်ထုတ် ဖမ်းဆီးရေးအဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များနှင့် နယ်မြေခံ တပ်မတော်သားများက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်ကောက် ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား (၁၀)ဦးပါသည့် ယမ်းဖောင်သစ်တင်ယာဉ်(၁၅)စီး၊ ၆ဘီး ယာဉ်(၆)စီး၊ စုစုပေါင်း ယာဉ် (၂၁)စီးကို ရပ်တန့် စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ယာဉ်များပေါ်တွင် တရားမ၀င် သစ်မျိုးစုံ တန်(၇၀)ခန့်ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။

မူလတန်းအဆင့်တွင် တိုင်းရင်းသား ဘာသာစကားနှင့် သင်ကြားရန် တောင်းဆို

တိုင်းရင်းသား ဒေသများရှိ မူလတန်းအဆင့် စာသင်ကျောင်းတို့တွင် ပြဋ္ဌာန်း သင်ရိုးညွှန်းတမ်း များကို သက် ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားနှင့်သာ သင်ကြားပေးရန် ဇန်နဝါရီလ ၃၁ ရက်နေ့ ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ကျင်းပသော မိခင်ဘာသာစကား သင်ကြားမှု တိုးမြှင့်ရေး ဆွေးနွေးပွဲ တက်ရောက် လာသူ တိုင်းရင်းသား ကိုယ်စားလှယ်များက တောင်းဆို လိုက်သည်။

မကွေးတိုင်းဒေသကြီးတွင် စက်ရုံအလုပ်ရုံများ လုပ်ပေးရန် ကုန်သည်ကြီးများအသင်း တင်ပြ

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသော မကွေးတိုင်းဒေသကြီးတွင် လူအများစုအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် စက်ရုံအလုပ်ရုံများလုပ်ဆောင်ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းနှ င့် တွေ့ဆုံစဉ် မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက တင်ပြထားကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်က ထုတ်ဖော် ပြောကြားသည်။

မေတ္တာလှိုင်းခရီးသည်တင်ယာဉ်တစ်စီးဘရိတ်ပေါက် ကိုယ် ဝန်ဆောင် တစ်ဦး ဒဏ်ရာရ

Photo: မေတ္တာလှိုင်းခရီးသည်တင်ယာဉ်တစ်စီးဘရိတ်ပေါက် ကိုယ် ဝန်ဆောင် တစ်ဦး ဒဏ်ရာရ
Saturday, February 1, 2014

ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် မေတ္တာ လှိုင်း(၃)ခရီးသည်တင်ယာဉ် ယာဉ် အမှတ် ၇ခ/xxxxxသည် ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဘေလီ မှတ်တိုင်ဘက်မှ စံပြဈေးလမ်းသို့ အသွား မိုးစွေမှတ်တိုင်နှင့်(၃၁) ဂိတ်ဟောင်းမှတ်တိုင်အနီး ပန်းခြံ ထောင့်တွင်ဘရိတ်ပေါက်ပြီး လမ်း ဘေးကွမ်းယာဆိုင်နှင့် ဗာဒံပင်ကို တိုက်၍ ရပ်တန့်သွားသည်။ ယာဉ် မောင်းမှာ ဦးခေါင်းနှင့်မျက်နှာ
ပြင်းထန်စွာဒဏ်ရာရရှိပြီး ယာဉ် ပေါ်ပါ ကိုယ်ဝန်သည်အမျိုးသမီး
နှင့်ကွမ်းယာဆိုင်မှ အမျိုးသမီးတို့ ဒဏ်ရာရရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုက်ကား တစ်စီးနှင့် လမ်းဘေးဓာတ်တိုင် နှစ်တိုင် အနည်းငယ်ပျက်စီးပြီး ယာဉ်မှုစစ်မှ ဆက်လက်စုံစမ်း အရေးယူကြောင်းသိရသည်။

The Union Daily
ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် မေတ္တာ လှိုင်း(၃) ခရီးသည်တင်ယာဉ် ယာဉ် အမှတ် ၇ခ/xxxxxသည် ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဘေလီ မှတ်တိုင် ဘက်မှ စံပြဈေးလမ်းသို့ အသွား မိုးစွေမှတ်တိုင်နှင့်(၃၁) ဂိတ်ဟောင်းမှတ်တိုင်အနီး ပန်းခြံ ထောင့်တွင် ဘရိတ်ပေါက်ပြီး လမ်း ဘေးကွမ်းယာဆိုင်နှင့် ဗာဒံပင်ကို တိုက်၍ ရပ်တန့်သွားသည်။ ယာဉ် မောင်းမှာ ဦးခေါင်းနှင့်မျက်နှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ယာဉ် ပေါ်ပါ ကိုယ်ဝန်သည် အမျိုးသမီးနှင့် ကွမ်းယာဆိုင်မှ အမျိုးသမီးတို့ ဒဏ်ရာရရှိကြောင်း သိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၃၈ ရာခိုင်နှုန်းသာ ပြည်သူ့ ဆန္ဒဖြင့် ရွေးချယ်နိုင်ခဲ့ဟု ၈၈ ထုတ်ပြန်

ပြည်သူ့ကိုယ်စားပြု ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ၃၈ ရာခိုင်နှုန်းသာ ပြည်သူ လူထုက အမှန်တကယ် ရွေးချယ် တင်မြှောက်နိုင်ခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

ယနေ့အချိန်တွင် ကိုလိုနီခေတ်ကထက် တောင်သူလယ်သမားများဘ၀ ပိုမိုနိမ့်ကျနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မြေလတ်ဒေသ တောင်သူလယ်သမားညီလာခံ၌ ပြောကြား

Photo: ယနေ့အချိန်တွင် ကိုလိုနီခေတ်ကထက် တောင်သူလယ်သမားများဘ၀ ပိုမိုနိမ့်ကျနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မြေလတ်ဒေသ တောင်သူလယ်သမားညီလာခံ၌ ပြောကြား
Saturday, February 1, 2014

ကိုလိုနီခေတ်ကတည်းက နိမ့်ကျနေခဲ့ရသည့် တောင်သူလယ်သမားများဘ၀မှာ ယနေ့အချိန်တွင် ထို့ထက်ပိုဆိုးနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မကွေးမြို့ သံဃာရာမကျောင်းတိုက်၌ ဇန်န၀ါရီ ၃၁ ရက်နံနက်က ကျင်းပခဲ့သည့် မြေလတ်ဒေသ တောင်သူလယ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။

မကွေးတိုင်း ၂၅ မြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ခဲ့ပြီး အစိုးရသစ်လက်ထက် မကွေးတိုင်းအတွင်း ပထမဆုံးအနေဖြင့် တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းခဲ့သည့် ယင်းပွဲတွင် တောင်သူလယ်သမားများအနေဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်မရှိသေးခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ထိ တောင်သူလယ်သမားတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို တန်းတူညီမျှမှု မရရှိသေးဘူး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိသေးဘူး လယ်မြေတွေ မတရားသိမ်းဆည်းခံရတယ် သိမ်းခံရတဲ့ လယ်မြေတွေကို ပြန်ရဖို့တောင်းတော့ အဖမ်းခံကြရတယ် ဒီလိုအခြေနေတွေကို ကာကွယ်နိုင်ဖို့ တောင်သူလယ်သမား သမဂ္ဂတွေဖွဲ့ဖြစ်အောင်ဖွဲ့ပါ"ဟု မကွေးတိုင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်လည်းဖြစ်သည့် ဦးမြင့်သိန်းက ပြောကြားသည်။

အဆိုပါညီလာခံသို့ တက်ရောက်လာသည့် တောင်သူလယ်သမား အများစုကလည်း လယ်ယာမြေ မတရားသိမ်းယူခံရခြင်းများ စိုက်ပျိုးမြေမရှိတော့၍ အခြားနယ်များသို့ ထွက်ခွာအလုပ်လုပ်ရသူ များပြားလာသောကြောင့် လုပ်သားရှားပါးမှု ကြုံတွေ့ရခြင်းများအား အများဆုံး တင်ပြဆွေးနွေးခဲ့ကြသည်။

"တောင်သူလယ်သမားတွေရဲ့ဘ၀က ဂျာအေးသူ့အမေရိုက်ဆိုတဲ့ ကဗျာလေးလိုပဲ လုံးလည်လိုက်နေတယ် တောင်သူတွေက ဂျာအေးတွေ ရိုက်နေတဲ့ သူ့အမေဆိုသူတွေက စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေပဲ"ဟု ယင်းညီလာခံသို့ တက်ရောက်ခဲ့သည့် ပဲခူးတိုင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားခဲ့သည်။

မကွေးမြို့ မြစ်ကွေ့ဧရာလူမှုကွန်ရက်မှ မကွေးတိုင်းအတွင်း တောင်သူလယ်သမားများအား နှစ်နှစ်ကြာ လယ်ယာမြေဥပဒေ သင်တန်းများ ပေးခဲ့အပြီး ယင်းညီလာခံအား ကျင်းပနိုင်ခဲ့ကြောင်း အဆိုပါညီလာခံသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်)နှင့် (ပြည်ခရိုင်)တို့မှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။

(မြေလတ်ဒေသ လယ်သမားညီလာခံတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ဟောပြောနေစဉ်)

Eleven Media Group
Add captio(မြေလတ်ဒေသ လယ်သမားညီလာခံတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ဟောပြောနေစဉ်)


ကိုလိုနီခေတ်ကတည်းက နိမ့်ကျနေခဲ့ရသည့် တောင်သူလယ်သမားများဘ၀မှာ ယနေ့ အချိန်တွင် ထို့ထက် ပိုဆိုးနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း က မကွေးမြို့ သံဃာ ရာမကျောင်း တိုက် ၌ ဇန်န၀ါရီ ၃၁ ရက်နံနက်က ကျင်းပ ခဲ့သည့် မြေလတ်ဒေသ တောင်သူလယ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။

ယူနတီ ဂျာနယ် သတင်းထောက် ထိန်းသိမ်းခံရ

Photo: ယူနတီ ဂျာနယ် သတင်းထောက် ထိန်းသိမ်းခံရ
Saturday, February 1, 2014

ဇန္နဝါရီ ၂၅ ရက်နေ့ထုတ် ယူနတီ ဂျာနယ်မှာ ပေါက်မြို့မှာ ရှိတဲ့ ဓါတုလက်နက် စက်ရုံလို့ ယူဆရတဲ့ စက်ရုံ ဓါတ်ပုံကို မျက်နှာဖုံး မှာ ဖော်ပြမိလို့ တပြည်လုံးက ဖြန့်ချီရေးတွေကို သက်ဆိုင်ရာက လိုက်သိမ်းနေတယ်လို့ ယူနတီ ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းက ပြောပါတယ်။

ပေါက် မြို့က ယူနတီ ဂျာနယ် သတင်းထောက် ကိုလည်း ခေတ္တ ခေါ်ယူ မယ်ဆိုပြီး ဖမ်းထားတယ် ၊ အခုတော့ ရဲစခန်းမှာ စစ်ကြောနေလို့ အမှု မဖွင့်သေးဘူးလို့ သူက ဆိုပါတယ်။

ရန်ကုန် အခြေစိုက် တခြား အကြီးတန်း သတင်းထောက် နှစ်ယောက်နဲ့ အငယ်တန်း သတင်းထောက် တယောက်ကိုလည်း အိမ်တွေမှာ ရဲက လိုက်မေးနေတယ်လို့ သူက ပြောပါတယ်။

အဓိက ကတော့ ပေါက်မြို့မှာ ရှိတဲ့ လယ်ဧက သုံးသောင်း သုံးထောင် သုံးရာ ရှစ်ဆယ့် ခုနှစ် ဧက ပေါ်မှာ တည်ထားတဲ့ ဓါတု စက်ရုံ ကြီးနဲ့ ပတ်သက်လို့ ယူနတီက သတင်းထောက်တွေ စက်ရုံထဲ ဝင်ရောက် မေးမြန်းခဲ့တာတွေ လုပ်ခဲ့ပြီး ဂျာနယ်မှာ ဖော်ပြခဲ့လို့ အခုလို လိုက်လံ ဖမ်းဆီး အရေးယူမှုတွေ လုပ်နေတာလို့ သူက ရှင်းပြခဲ့ပါတယ်။

ဓါတု စက်ရုံ ဆိုတဲ့ အထောက်အထားတွေ ဆိုတာကတော့ သူတို့ကိုယ်တိုင် ထိပ်ဖူးလို့ ထင်ရတာတွေ တွေ့ရှိခဲ့ကြောင်း ၊ လှိုဏ်ခေါင်း ဓါတ်ပုံ ၁ဝဝလောက် သူတို့ ရိုက်ယူခဲ့ကြောင်းနဲ့ အလုပ်သမားတွေကိုလည်း မေးမြန်းခဲ့တယ်လို့ ဦးတင့်ဆန်းက ဆိုပါတယ်။

အဲဒီ စက်ရုံဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးဘဲလို့ အနားက ဒေသခံတွေက ပြောကြောင်း သူက ရှင်းပြပါတယ်။

ဒါ့အပြင် အဲဒီ စက်ရုံဟာ ပေါက်မြို့ထဲကနေ ၁၂မိုင်လောက် ဝေးပြီး တောင်ကြားမှာ ရှိတယ်လို့ သူက ပြောပါတယ်။

၂ဝဝ၈ ခုနှစ်တုန်းက စဆောက်ခဲ့တဲ့ ဒီစက်ရုံဟာ အခုဆို ပြီးသလောက် ရှိသွားပြီး ဖြစ်တဲ့အပြင် လယ်မြေတွေကို သိမ်းတုန်းက တဧကကို ကျပ်ငါးထောင်သာ လျော်ကြေးပေးခဲ့တာလို့ ဦးတင့်ဆန်းက ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဇန္နဝါရီ ၂၅ ရက်နေ့ထုတ် ယူနတီ ဂျာနယ်မှာ ပေါက်မြို့မှာ ရှိတဲ့ ဓါတုလက်နက် စက်ရုံလို့ ယူဆရတဲ့ စက်ရုံ ဓါတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြမိလို့ တပြည်လုံးက ဖြန့်ချီရေးတွေကို သက်ဆိုင်ရာက လိုက်သိမ်းနေတယ်လို့ ယူနတီဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း က ပြောပါတယ်။

ဘင်္ဂါလီများ သတ်ဖြတ်ခံရသည်ဟု ကုလထုတ်ပြန်ချက် ပြန်ရုပ်သိမ်း ရန် မောင်တော၊ ဘူးသီးတောင်တွင် ဆန္ဒပြမည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီ များ အသတ်ခံရသည်ဟု ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထုတ်ပြန် ချက်ကို ပြန်ရုပ်သိမ်းရန် မောင်တောနှင့် ဘူးသီးတောင် မြို့တို့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ ဒေသခံ များ ထံမှ သိရှိရသည်။

Justin Bieber ကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တဲ့ ရဲ အရေးယူခံရ

ကနေဒါ နိုင်ငံသား ပေါ့ပ်အဆိုတော် Justin Bieber ထိန်းသိမ်းခံရစဉ်အတွင်း ဓါတ်ပုံရိုက်ဖို့ သင့် တင့်လျောက်ပတ်မှုမရှိစွာ ကြိုးစားမှုနဲ့ မိုင်ယာမီက အမျိုးသမီးရဲအရာရှိ တယောက်ကို စုံစမ်းစစ်ဆေးနေ တယ်လို့ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က ရဲတွေက ပြောပါတယ်။

သူရိယနေဝန်း အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိ

Photo: သူရိယနေဝန်း အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိ
Saturday, February 1, 2014

ယခင် တပ်မတော်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် ယင်းတို့နှင့် ပတ်သက် ဆက်နွှယ်ခဲ့သော စီးပွားရေး လုပ်ငန်းရှင်များ အကြောင်းကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသား ထုတ်ဝေသည့် သူရိယနေဝန်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယင်းသတင်းစာတိုက်နှင့် နီးစပ်သူများထံမှ သိရှိရသည်။

ထို့ပြင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ ပြည်ပ ထွက်ခွာသူ စာရင်းတွင်လည်း မပါရှိကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဦးမိုးဟိန်း၏ အွန်လိုင်း စာမျက်နှာပေါ်တွင် “ကျုပ်ကိုတော့ ဒင်းတို့ လုပ်ပြန်ပြီဗျာ ... ဒေါ်လာခြောက်သိန်း ပိုက်ပြီး ထွက်သွားတယ်တဲ့ ...။ နောက် အမေရိကန် နိုင်ငံသားမို့လို့ ဆိုပြီး ကန်ထုတ်လိုက်တယ် ... မဟုတ်ရပါဘူးဗျာ ... ဒေါ်လာက ၁၀ သိန်း လောက်လေးကို ...” ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်၍ အမှုဆောင် အယ်ဒီတာချုပ်ဖြစ်သူ မိုးဟိန်းထံသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းပိတ်ထားသဖြင့် ၎င်းအလုပ်လုပ်ကိုင်သည့် ဂျာနယ်တိုက်နှင့် ထုတ်ဝေသူ ဦးခင်အေးကို ဆက်သွယ် မေးမြန်းရာတွင်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးတေဇကို ဦးမိုးဟိန်း၏ သူရိယနေဝန်း ဂျာနယ်တွင် “မင်းတို့ခရိုနီတွေ ဘင်္ဂလား ပင်လယ်ထဲကိုသာ ခုန်ချကြပေတော့ (သို့မဟုတ်) ဦးတေဇနှင့် စိန်စီသောညများ” ဟူသည့် ဆောင်းပါး ရေးသား ဖော်ပြခဲ့သည့်အတွက် ဦးတေဇက ၎င်းပိုင် အွန်လိုင်း စာမျက်နှာပေါ်တွင် “ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ် စော်ကားမှုများ အတွက်လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေ ဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင် အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုံ့ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်” ဟု တုံ့ပြန် ရေးသားထားခဲ့သည်။

ယင်းကဲသို့ ဦးတေဇက ရေးသားပြီး နောက်တွင် သူရိယနေဝန်း ဂျာနယ်တွင် ဦးတေဇအကြောင်း ပါရှိလာခြင်း မရှိတော့ပေ။

သူရိယနေဝန်း အမည်ဖြင့် ဂျာနယ် ပြောင်းလဲမထုတ်မီ သူရိယအလင်းဂျာနယ် အမည်ဖြင့် စောင်ရေ ၁၂ စောင် ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့၌ အမှုဆောင်ချုပ် ဦးမိုးဟိန်းက (ထုတ်ဝေသူ ဦးယုနိုင်နှင့် အဆင်မပြေဖြစ်ကာ) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် သူရိယအလင်း ဂျာနယ် အတိအလင်း ရပ်စဲလိုက်ပြီး သူရိယနေဝန်း အမည်ဖြင့် ပြောင်းလဲ ထုတ်ဝေခဲ့ရာ ၁၄ စောင် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

The Voice Weekly
ယခင် တပ်မတော်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် ယင်းတို့နှင့်ပတ်သက်ဆက်နွှယ်ခဲ့သော စီးပွားရေး လုပ်ငန်း ရှင်များအကြောင်းကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသားထုတ်ဝေသည့် သူရိယနေဝန်းဂျာနယ် အမှုဆောင် အရာရှိ ချုပ်ဖြစ်သူ ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွား သည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယင်းသတင်း စာတိုက်နှင့် နီးစပ်သူ များထံမှ သိရှိရသည်။

ကြယ်ငါးပွင့်ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (၀င်းဟောင်း) နယ်မြေရှိ မြေခုနစ်ဧကကျော် အား BOT စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ခွင့်ပြု

နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်၊ Shopping Mall စီးပွားရေးအဆောက်အအုံနှင့် Service Apartment လုပ်ငန်းများလုပ်ကိုင်ရန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(၀င်းဟောင်း)နယ်မြေ ရှိ မြေ ခုနစ်ဧကကျော်အား BOT စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေး ခဲ့ကြောင်း သိရသည်။