Saturday, February 15, 2014

ကင်တားနားကို ရခိုင်ပြည်နယ်တွင် ဒေသခံများဆန္ဒပြ

Photo: ကင်တားနားကို ရခိုင်ပြည်နယ်တွင် ဒေသခံများဆန္ဒပြ
Saturday, February 15, 2014

လူ့အခွင့်အရေး အခြေအနေ လေ့လာရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို ဘင်္ဂါလီများကို ဘက်လိုက်၍ အစီရင် ခံစာရေးသားသည်ဟုဆိုကာ စစ်တွေမြို့ခံ ၂၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

ကင်တားနားကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ရှစ်နာရီကျော်မှ စတင်ကာ စစ်တွေလေဆိပ်တွင် စတင်ဆန္ဒပြခဲ့ကြပြီး ၎င်းသွားသည့် နေရာများကိုလည်း လိုက်ပါ ဆန္ဒပြခဲ့ကြကြောင်း ‘တစ်ဖက်သတ် အကြုံပြုချက်များ အလိုမရှိ၊ သွေးထိုးလှုံ့ဆော်သူ ကင်တားနား ထွက်သွား’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း ၎င်းကဆိုသည်။

ကင်တားနားမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းနှင့် အစိုးရ တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ဆိုသည်။

ကင်တားနားသည် စစ်တွေမြို့ရှိ အကျဉ်းထောင်၊ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းများကို သွားရောက် တွေ့ဆုံခဲ့ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ အလုပ်အမှုဆောင် ကော်မတီဝင် နှစ်ဦးနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ချဉ်းကပ်ပုံ မှားယွင်းနေမှု၊ ပဋိပက္ခ အခြေအနေများ၊ ရခိုင်တိုင်းရင်းသားများ၏ ခံစားချက်၊ သဘောထားများကို ကင်တားနားကို ရှင်းပြခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် ရခိုင်တိုင်းရင်းသားများ အမှန်တကယ် ကြုံတွေ့ခံစားရမှုများကို ကိုယ်စားမပြုနိုင်သဖြင့် ဘက်လိုက်သည်ဟု ပြောဆိုနေခြင်း ဖြစ်သည်ဟုလည်း ရှင်းပြခဲ့ကြောင်း RNDP မှ အလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ကြီးက ပြောကြားသည်။
“ငါ့ဘက်မလိုက်ဘူး။ ဘက်လိုက်တာ မဟုတ်ကြောင်းကို နောက်ဆုံး အစီရင်ခံစာ စောင့်လို့ကြည့်ပါလို့ ပြောတယ်” ဟု ကင်တားနားက ပြောဆိုခဲ့ကြောင်း ၎င်းက ပြန်လည် ပြောဆိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စများ၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အကူအညီများ လိုအပ်သော်လည်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့် ရရှိရေးမှာ ပိုမိုအရေးကြီးကြောင်းကို ရှင်းပြခဲ့ကြောင်း ဦးခင်မောင်ကြီးက ထပ်မံပြောကြားသည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်သည့် သက်တမ်း ခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ နောက်ဆုံး အစီရင်ခံစာကို တင်ပြရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။ 

ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရောက်ရှိသည့် ကင်တားနားသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်း၏ ခရီးစဉ်တွင် ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ သီလဝါ အထူးစီးပွားရေးဇုန်တို့ကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ တရားဝင် ရှစ်ကြိမ်ထက်မနည်း ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာကာ ကုလသမဂ္ဂကို အစီရင်ခံစာ တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ၎င်းရေးသားသည့် အစီရင်ခံစာများတွင် ဘင်္ဂါလီများ အခွင့်အရေး ချိုးဖောက် ခံနေရသည်ဟု တစ်ဖက်သတ် စွပ်စွဲရေးသား တင်ပြသည်ဟုဆိုကာ ယခုတစ်ကြိမ် အပါအဝင် ၎င်း၏ရခိုင်ပြည်နယ်ခရီးစဉ် ငါးကြိမ်အနက် သုံးကြိမ်တွင် ရခိုင်ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

The Voice Weekly
လူ့အခွင့်အရေး အခြေအနေ လေ့လာရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိ လာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို ဘင်္ဂါလီများကို ဘက်လိုက်၍ အစီရင် ခံစာရေးသား သည်ဟု ဆိုကာ စစ်တွေမြို့ခံ ၂၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

ထိုင်းအစိုးရ ရုံးများ ပြန်လည် ရယူရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာ တပ်ဖြန့်

ထိုင်းအစိုးရ ရုံးများ ပြန်လည် ရယူရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာ တပ်ဖြန့်
Saturday, February 15, 2014

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားသည့် အစိုးရ ဌာနချုပ်များနှင့် ရုံးများကို ပြန်လည် ရယူနိုင်ရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာကို သောကြာနေ့တွင် တပ်ဖြန့် ချထားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အစိုးရအိမ်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသော ရုံးများကို ပြန်လည် ရယူနိုင်ရေး အစီအစဉ် ချမှတ်ထားသည်ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က AFP သတင်းကို ပြောကြားသည်။

သို့သော်လည်း ဆန္ဒပြသမားများနှင့် ဦးစွာ ဆွေးနွေးပြီးမှ ဆက်လက် လုပ်ဆောင် သွားမည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ တတ်နိုင်သလောက် ပြန်ယူပါမယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကို ဖမ်းဆီးပါမယ်။ ဆန္ဒပြမှုကို ဖိနှိပ်တာ မဟုတ်ပါဘူး။ ဆန္ဒပြမှု ဖြစ်ပွားနေတဲ့ နေရာတွေမှာ တရားဥပဒေ စိုးမိုးအောင် လုပ်တာပါ” ဟု အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲက ဆိုသည်။

လက်ရှိ ဆောင်ရွက်မည့် စစ်ဆင်ရေးမှာ အစိုးရ ရပ်ကွက်များကို အဓိက ဦးတည်ထားပုံရပြီး ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားရာ အဓိက လမ်းဆုံ လမ်းခွ နေရာများကို ဦးတည်ခြင်း မဟုတ်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ ရုံးအနီးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းနေလျက်ရှိပြီး ယင်းရုံးမှာ ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်းကြောင့် နှစ်လကျော်ကြာ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းနေသည်။

ဆန္ဒပြသမားများ၏ တဲများကို အဓိကရုဏ်း ရဲများက ဖယ်ရှားနေပြီး စစ်ဆင်ရေးကို ခုခံခြင်း မပြုရန် သတိပေး ပြောကြားလျက် ရှိကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ဝင်များမှာ စစ်ဆင်ရေးကို ညင်သာစွာ ကိုင်တွယ်နေပြီး အင်အား လျော့နည်းလာသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို သေချာ ကိုင်တွယ်နိုင်ရန် ဒီဇိုင်း ဆွဲထားပုံရကြောင်း၊ ဘန်ကောက် မြို့ပြင်ရှိ ဒေသများမှနေ၍ အဓိက ဆန္ဒပြမှုများ ဖြစ်ပွားရာ မြို့လယ် ဒေသများသို့ တဖြည်းဖြည်း ချဉ်းကပ်နေကြောင်း Rueters သတင်းတွင် ဖော်ပြထားသည်။

ထိုင်းအတိုက်အခံများက ကြီးမားသော လူထု ဆန္ဒပြပွဲများကို သုံးလကျော်ကြာ ဆက်တိုက် ကျင်းပနေပြီး ဝန်ကြီးချုပ် ယင်းလပ် ရာထူးမှ နုတ်ထွက်ပေးရန် ဖိအား ပေးနေသော်လည်း အစိုးရအဖွဲ့က လက်ရှိအချိန်ထိ ရာထူးမှ နုတ်ထွက်ခြင်း မရှိပေ။

ဆန္ဒပြမှုများ၏ ဖိအားပေးမှု သက်သာစေရန် ယင်းလပ် အစိုးရအဖွဲ့က ယခုလ အစောပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း အတိုက်အခံများက ရွေးကောက်ပွဲကိုလည်း ဆန္ဒပြထားသည်။

ယင်းကဲ့သို့သော စုဝေးမှုများမှာ တရားမဝင် စုဝေးမှု ဖြစ်ကြောင်း၊ လူစုလူဝေး နေရာများတွင် လက်နက်များ တွေ့ရှိရကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က ပြောကြားသည်။

“အဲဒါတွေက အစိုးရ ရုံးတွေပါ။ အစိုးရက ပြည်သူတွေကို အလုပ်အကျွေး ပြုရမှာပါ” ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း အစိုးရ ဆန့်ကျင်ရေး ခေါင်းဆောင်များက သောကြာနေ့မှ စပြီး နှစ်ရက်ကြာ ဆန္ဒပြပွဲ ဆက်လက် ပြုလုပ်ရန် တောင်းဆိုထားသည်။

အကျင့်ပျက် လာဘ်စားမှု၊ မဲဝယ်မှု စသည်တို့ကို ဖြေရှင်းနိုင်ရန် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင် ရမည် ဖြစ်ကာ ဝန်ကြီးချုပ် ယင်းလပ် အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ပေးပြီး ရွေးကောက်ခံ မဟုတ်သည့် ပြည်သူ့ကောင်စီများက ယင်းပြုပြင်ရေးများကို ဦးဆောင်ရမည်ဟု ထိုင်းအတိုက်အခံများက တောင်းဆိုထားသည်။

The Voice Weekly ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားသည့် အစိုးရ ဌာနချုပ်များနှင့် ရုံးများကို ပြန် လည် ရယူနိုင်ရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာကို သောကြာနေ့တွင် တပ်ဖြန့် ချထားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အစိုးရအိမ်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသော ရုံးများကို ပြန်လည် ရယူနိုင်ရေး အစီအစဉ် ချမှတ်ထားသည်ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က AFP သတင်းကို ပြောကြား သည်။

တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက်ကောင်း


တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။
တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစား ကို မြင့်တက် စေကြောင်း လေ့လာချက်အသစ်များအရသိရသည်။
တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်

ဂျာဗားကျွန်း မီးတောင်ပေါက် ၃ဦးသေ

ဂျာဗားကျွန်း မီးတောင်ပေါက် ၃ဦးသေ

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းက မီးတောင်ကြီးတစ်လုံး ပေါက်ကွဲတာကြောင့် လူသုံးဦးထက်မနည်း သေဆုံးပြီး လူ ၁၀၀,၀၀၀ ထက်မနည်းကို ရွှေ့ပြောင်း ကယ်ဆယ်ခဲ့ရပါတယ်။ Kelud မီးတောင် ကြာသပတေးနေ့က ပေါက်ကွဲ တာကြောင့် ချော်မှုန်တွေဟာ လေထုထဲကို ၁၈ မိုင်အမြင့်ထိ ပြန့်နှံ့ သွားခဲ့ပါတယ်။ သောကြာနေ့က အစိုးရအဖွဲ့အစည်းအဝေး ထိုင်ပြီးတဲ့နောက် သမ္မတ ဆူဆီလို ဘမ်ဘန်း ယိုဒိုယိုနို (Susilo Bambang Yudhoyono) က Kelud တောင်နဲ့ အနီးတ၀ိုက်ဒေသအတွက် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် မိုင် ၃၀၀ ကျော်အဝေးမှာရှိတဲ့ မြို့တွေမှာ ပြာမှုန်တွေ၊ ကျောက်တုံးကျောက်ခဲတွေ ဖုံးလွှမ်း သွားခဲ့ပြီး ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ အပြင် လေဆိပ်ခုနှစ်ခုကိုလည်း ပိတ်ပစ်ခဲ့ရပါတယ်။ အဆိုးဆုံး အခြေအနေကို လွန်သွားပြီလို့ သိပ္ပံပညာရှင်တွေက ယူဆကြပေမဲ့ သောကြာနေ့မှာ နောက်ဆက်တွဲ ပေါက်ကွဲမှု အသေးစားလေးတွေ ဆက်ဖြစ်ခဲ့ပါသေးတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ရှင် အရေအတွက် ၁၃၀ လောက် ရှိပါတယ်။

ပြီးခဲ့တဲ့လကလည်း ဆူမတြားကျွန်းပေါ်က Sinabung မီးတောင် ပေါက်ကွဲတဲ့အတွက် လူ ၁၆ ယောက်သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေ ထွက်ပြေးခဲ့ရသလို ကောက်ပဲသီးနှံတွေလည်း ပျက်စီးခဲ့ပါတယ်။

VOA
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းက မီးတောင်ကြီးတစ်လုံး ပေါက်ကွဲတာကြောင့် လူသုံးဦးထက် မနည်း သေဆုံးပြီး လူ ၁၀၀,၀၀၀ ထက်မနည်းကို ရွှေ့ပြောင်း ကယ်ဆယ်ခဲ့ရပါတယ်။ Kelud မီးတောင် ကြာသပတေးနေ့က ပေါက်ကွဲ တာကြောင့် ချော်မှုန်တွေဟာ လေထုထဲကို ၁၈ မိုင်အမြင့်ထိ ပြန့်နှံ့ သွားခဲ့ပါတယ်။ သောကြာနေ့က အစိုးရအဖွဲ့အစည်းအဝေး ထိုင်ပြီးတဲ့နောက် သမ္မတ ဆူဆီလို ဘမ်ဘန်း ယိုဒိုယိုနို (Susilo Bambang Yudhoyono) က Kelud တောင်နဲ့ အနီးတ၀ိုက်ဒေသအတွက် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

ဘင်္ဂါလီ ၁၃၀၀ ကျော် ထိုင်းအစိုးရပြန်ပို့မှု လက်ခံထားခြင်း မရှိဟု မြန်မာအစိုးရဆို

ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီ ဒုက္ခသည် ၁၃၀၀ ကျော်ကို ထိုင်းအစိုးရက နှစ်ဖက်အစိုးရ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ထိုင်း အစိုးရသည် မြန်မာအစိုးရထံ တစ်စုံတစ်ရာ ညှိနှိုင်း အသိပေးခဲ့ခြင်း မရှိသကဲ့သို့ မြန်မာဘက်တွင် ယင်း ဒုက္ခသည် များကိုလည်း လက်ခံရရှိထားခြင်း မရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

သမ္မတ မဖြစ်နိုင်တော့ ဟု ထုတ်ပြောခဲ့သည့် ဦးဝင်းတင်ကို မြင့်မြတ်ဂိုဏ်းက စိတ်ဆိုးနေ ဟု ဆို

သမ္မတ မဖြစ်နိုင်တော့ ဟု ထုတ်ပြောခဲ့သည့် ဦးဝင်းတင်ကို မြင့်မြတ်ဂိုဏ်းက စိတ်ဆိုးနေ ဟု ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မကြာသေးခင်က အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံမေးမြန်းရာတွင် ၂၀၁၅ ၌ ဒေါ်စု သမ္မတ မဖြစ်နိုင်တော့ကြောင်း ဦးဝင်းတင်က ထုတ်ဖော်ပြောကြားခဲ့၍ ဒေါ်စုနှင့် နေပြည်တော်အဖွဲ့က မကျေမနပ် ဖြစ်နေ ကြောင်း သိရသည်။

" ဘဘ ဦးဝင်းတင်က ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ရှိတယ်။ ပါတီဝင်တွေ ၊ ပါတီဝင်တွေရဲ့ မိသားစုတွေ နစ်နာတယ် ဒုက္ခခံကြရတယ်ဆိုတဲ့ စာနာစိတ်ရှိတယ်၊ ကိုယ်ချင်းစာတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုလဲ ပြန်ကြည့်ပေးတာ ဘဘ ဦးဝင်းတင်ပဲ။  ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေကို ကြည့်ပါ၊ ဒေါ်စုကို ကျွန်တော်တို့က ခေါင်းဆောင်အဖြစ် လက်ခံထားတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ တစ်သားတည်း ဖြစ်တာက ဦးဝင်းတင်ပဲ" ဟု ရန်ကုန်တိုင်း NLD စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။

"ဦးဝင်းတင်ရဲ့ စကားက ကျွန်တော်တို့ ဥက္ကဌကို စော်ကားတာပဲ။ ပါတီကူးလာတဲ့သူတွေကို သာကူး လို့ ပြောတာ အတော်ရိုင်းပါတယ်။ ကိုယ်ယုံကြည်လို့ ကိုယ် ပါတီပြောင်းတာ။ လက်မခံရင်လဲ အစကတည်းက လက်မခံနဲ့ပေါ့။ သူများတွေလို လွှတ်တော်ထဲ မရောက်လို့ ဘုကလန့် လုပ်နေတဲ့အထဲမှာ ကျွန်တော် မပါဘူး။ ကျွန်တော်က NLD အရှိန်နဲ့ လွှတ်တော်ထဲ ရောက်လာတာ မဟုတ်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တာ ကျွန်တော့်ဘာသာ အရည်အချင်းရှိလို့ လွှတ်တော်အမတ် ဖြစ်လာခဲ့တာပဲ။ သူများတွေလို NLD ပါတီထဲ ၀င်ပြီးမှ လွှတ်တော်ထဲ ရောက်တာ မဟုတ်ဘူး" ဟု NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောဆိုသည်။ 

ယခုနောက်ပိုင်းတွင် NLD ပါတီအတွင်း၌ ဒေါက်တာမြတ်ဥာဏစိုးနှင့် ဦးဝင်းမြင့် ဦးဆောင်သော မြင့်မြတ်ဂိုဏ်းနှင့် ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း ဦးဆောင်သော ၀င်းဝင်းဂိုဏ်းအတွင်း အားပြိုင်မှုများ ပြင်းထန်လာခဲ့ကြောင်း သိရသည်။ 

P-94082074
မကြာသေးခင်က အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံမေးမြန်းရာတွင် ၂၀၁၅ ၌ ဒေါ်စု သမ္မတ မဖြစ်နိုင်တော့ကြောင်း ဦးဝင်းတင်က ထုတ်ဖော်ပြောကြားခဲ့၍ ဒေါ်စုနှင့် နေပြည်တော်အဖွဲ့က မကျေမနပ် ဖြစ်နေ ကြောင်း သိရသည်။

တပ်မတော် နဲ့ KIA ဘာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေသလဲ

 

ဒီအကြောင်းဟာ မိမိနဲ့ သိပ်ပြီး မသက်ဆိုင်ပေမယ့် လူတော်တော်များ မသိကြပဲ ပြည်တွင်းမီဒီယာတွေ က သတင်းအမှောင်ချထားတာမို့ မနေနိုင်လို့ ရေးမိပါတယ်။အခုတလော တပ်မတော် နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်နေတာလဲ ဆိုတာ ကျွန်တော် ရှင်းပြပါမယ်။အဓိကက ဘာကြောင့် တိုက်ပွဲ ဖြစ်တယ်ဆိုတာ ကို ဘယ်ပြည်တွင်းသတင်းမီဒီယာမှ မဖော်ပြလို့ ကျွန်တော်ကပဲ အမုန်းခံပြီးရေးလိုက်တာပါ။

ယာဉ်တိုက်ခံရ ဟန်ဆောင်၍ ငွေကြေးတောင်းခံသူများ မန္တလေးခရိုင် အထူးအဖွဲ့မှ ဖမ်းဆီးရမိ

မန္တလေးမြို့ပေါ် ရှိ သားကောင်အဖြစ် သတ်မှတ် ထားသော မော်တော်ယာဉ် များ အတိုက်ခံရပုံ ဟန်ဆောင်၍ ငွေကြေး လိမ်လည် ခြောက်လှန့် တောင်းယူမှုများ အကြိမ်ကြိမ် ဖြစ်ပွား နေကြောင်း သတင်းအရ မန္တလေးခရိုင် အထူး ရဲတပ်ဖွဲ့ သည် ဖေဖော်ဝါရီ ၄ ရက်က အဆိုပါ ပြစ်မှု ကျူးလွန်သူများကို စုံစမ်းရာ ပြည်ကြီးတံခွန် တံခွန်တိုင် ရပ်ကွက်နေသူ အောင်စိုးလင်း (ခ) ရေစင် နှင့် ချမ်းအေးသာစံ မြို့နယ် ဘီးဝန်းရပ် နေ အောင်ကျော်ထွန်း (ခ) မဲကြီး တို့မှာ ကျူးလွန်လေ့ ရှိကြောင်း သတင်းအရ ခေါ်ယူ စစ်ဆေးရာမှ ၄င်းတို့သည် မန္တလေးမြို့ပေါ် တွင် တရုတ် အမျိုးသမီး များ မောင်းနှင်သည့် အိမ်စီးကား

ကွင်းဆင်းစစ်ဆေးမှုများအရ ဘင်္ဂါလီများ အသတ်ခံရသည်ဆိုသည့် သတင်းများမှာ အတည်ပြုချက်မပေးနိုင်သော သတင်းများသာဖြစ်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

ပြည်ပသတင်းဌာနများတွင် ဖော်ပြခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်းကျေးရွာ၌ ဘင်္ဂါလီများသတ်ဖြတ်ခံခဲ့ရသည်ဆိုသည့် သတင်းများမှာ ကွင်းဆင်းစစ်ဆေးမှုများအရ အတည်ပြုချက်မရှိသည့် သတင်းများသာဖြစ်သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှ အလုပ်လျှောက်ထားနိုင်မည့်စနစ် ဧပြီလတွင် စတင်မည်

Photo: တစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှ အလုပ်လျှောက်ထားနိုင်မည့်စနစ် ဧပြီလတွင် စတင်မည်
Saturday, February 15, 2014

မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက်ထားနိုင်မည့် Labour Exchange Mangement စနစ်ကို လာမည့်ဧပြီလတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ပြောကြားခဲ့သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေဖြင့် Labour Exchange Mangement စနစ်ထူထောင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာန၏ website အပြင် အခြားဝက်ဘ်ဆိုက်အသစ်တစ်ခုအား အသုံးပြုသွားမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာန website www.mol.gov.mm နှင့် ချိတ်ဆက်ထားမည်ဟု သိရသည်။

"website အသစ်တစ်ခု လုပ်မှာဖြစ်တဲ့အတွက် ပရိုဂရမ်အကုန်လုံးကို အစကနေ ပြန်ဆွဲနေရတယ်။ လာမယ့် ဧပြီ၊ မေလမှာ စတင်နိုင်မယ်။ ဒီစနစ်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်ဒေသကပဲဖြစ်ဖြစ် အလုပ်ရှာဖွေတဲ့သူတွေအနေနဲ့ သူတို့ရဲ့ CV ကို တိုက်ရိုက်တင်ပြီး အလုပ်လျှောက်ထားနိုင်တယ်။ ကုမ္ပဏီတွေက အလုပ်ခေါ်ရင် ဘယ်ဒေသ၊ ဘယ်သူက ကျွမ်းကျင်မှုဘယ်လောက်ရှိတယ်။ ဒီလိုမျိုး ငါတို့ဘက်က တင်ပေးမယ်။ အလုပ်ရှင်တွေ၊ ကုမ္ပဏီတွေ၊ အလုပ်ရုံတွေနဲ့လည်း ချိတ်ဆက်ထားတယ်" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးတွင် လာရောက်တင်ထားသည့် အလုပ်လျှောက်လွှာများကိုလည်း အဆိုပါဝက်ဘ်ဆိုက်တွင် တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ Labour Exchange Mangement စနစ် ထူထောင်ရန်အတွက်  သက်ဆိုင်ရာဝန်ထမ်းများကို ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။   

Eleven Media Group

ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် သုခစုစံ အလုပ်အကိုင်ပြပွဲတွင် အလုပ်လျှောက်ထားသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - နန်းစုနှင်းထွေး)
မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက်ထားနိုင်မည့် Labour Exchange Mangement စနစ်ကို လာမည့်ဧပြီလတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ပြောကြားခဲ့သည်။

ဖြူးမြို့နယ်၌ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်အကြာတွင် ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး ဦးခေါင်းဖြတ်ကာ ခန္ဓာကိုယ်အား ပီနံအိတ်ဖြင့်ထုပ်၍ ချောင်းဘေး၌ လွှင့်ပစ်ထားခဲ့သည့် လူသတ်မှုမှ ကျူးလွန်သူအား တစ်နှစ်အကြာတွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဆက်ဆံရေးပြေလည်ပြီး ရာထူးမှအနားယူမည်ဟု ပြောကြားထားသော ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် RCSS/SSA ဥက္ကဋ္ဌရာထူးအတွက် ထပ်မံရွေးချယ်ခံရ

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအနက် သမ္မတဦးသိန်းစိန်နှင့် ဆက်ဆံရေးပြေလည်ပြီး ရာထူးမှ အနားယူမည်ဟု ပြောကြားထားသော ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌရာထူးသက်တမ်းသစ်အတွက် ထပ်မံရွေးချယ်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။