Friday, March 7, 2014

အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် လုပ်ငန်းများ အကဲဖြတ်ရေး ဗြိတိန် ဒေါ်လာနှစ်သန်း ကူညီမည်

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း လုပ်ကိုင်သည့် (Private - Public Partnership - PPP) စီမံကိန်းများနှင့် ဖက်စပ် လုပ်ငန်းများကို အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် မဟာဗျူဟာ ရေးဆွဲခြင်း လုပ်ငန်းများ အတွက် ဗြိတိန် အစိုးရက အမေရိကန်ဒေါ်လာ နှစ်သန်း ကူညီမည် ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စီမံခန့်ခွဲမည် ဖြစ်ကြောင်း ADB က သတင်း ထုတ်ပြန်သည်။

ပညာရေးဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်

Photo: ပညာရေးဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်
Friday, March 7, 2014 

နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကနေ ပညာရေးမူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို သဘောတူညီချက် ရရှိခဲ့ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်အောင် ဆက်လက် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကို မနေ့က အပြီးသတ် ဆွေးနွေးခဲ့ပြီး ရရှိလာတဲ့ ပညာရေးဆိုင်ရာ မူဝါဒတွေနဲ့ ဥပဒေကြမ်းကို အစိုးရနဲ့ လွှတ်တော်အဆင့်ဆင့် တင်ပြပြီး အတည်ပြုချက် ရယူသွားမယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောပါတယ်။

Education Meeting 06032014တင်ပြမယ့် ပညာရေးဆိုင်ရာမူဝါဒတွေ အတည်ပြုပြီးပါက ၂၀၁၄-၁၅ ဘတ်ဂျက်ကာလမှာ ပညာရေးဆိုင်ရာ အခြေခံကျတဲ့လုပ်ငန်းတွေကို အကောင်းအထည်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။

အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးချက်တွေဟာ အောက်ခြေအဆင့်က ပညာရေးကို စိတ်ပါဝင်စားတဲ့ သူတွေအားလုံ ပါဝင်ထားတဲ့ ဆွေးနွေးတင်ပြချက်တွေ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာဇော်မင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တင်မှု အကောင်အထည်ဖော်လာနိုင်အောင် ၂၀၁၂ ခုနှစ်ကတည်းက ဆွေးနွေးပွဲတွေလုပ်ပြီး အကြံပြုချက်တွေ တောင်းခံလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) က အခု အစိုးရက လုပ်တဲ့ အမျိုးသားအဆင့် ပညာရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးချက်တွေဟာ ဗဟိုချုပ်ကိုင်မှုတွေ များနေလို့ ကန့်ကွက်သွားမယ်လို့ လုပ်ငန်းအဖွဲ့ဝင် ဦးရဲဝင်းက ပြောပါတယ်။

အမျိုးသားအဆင့်အနေနဲ့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (အမ်အိုင်စီစီ) ခန်းမ ၂ မှာ မတ် ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်တာကျင်းပ ပြုလုပ်ခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဖိတ်ကြားထားတဲ့ ပညာရေးဌာန တာဝန်ရှိသူတွေ၊ ပုဂ္ဂလိကပညာရေးကျောင်း သင်ကြားနေတဲ့ဆရာ၊ ဆရာမတွေနဲ့ ပါမောက္ခကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

DVB
နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကနေ ပညာရေးမူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို သဘောတူညီချက်ရရှိခဲ့ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်အောင် ဆက်လက် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် လုပ်ငန်းများ အကဲဖြတ်ရေး ဗြိတိန် ဒေါ်လာနှစ်သန်း ကူညီမည်

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း လုပ်ကိုင်သည့် (Private - Public Partnership - PPP) စီမံကိန်းများနှင့် ဖက်စပ် လုပ်ငန်းများကို အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် မဟာဗျူဟာ ရေးဆွဲခြင်း လုပ်ငန်းများ အတွက် ဗြိတိန်အစိုးရက အမေရိကန်ဒေါ်လာ နှစ်သန်း ကူညီမည် ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စီမံခန့်ခွဲမည် ဖြစ်ကြောင်း ADB က သတင်း ထုတ်ပြန်သည်။

မိုင်းထောင်သူ မိုင်းကွဲသေဆုံး

Photo: မိုင်းထောင်သူ မိုင်းကွဲသေဆုံ
Friday, March 7, 2014 

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာနေ (အဘ)ဦးလင်ခွန်နော်+(အမိ)ဒေါ်ဇိန်ခံကော့၊ (ဇနီး)ဒေါ်ခွန်မိုင်၏ ယောကျာ်းဖြစ်သူ KIA တပ်သား ဦးအင်ခွန်တန်သည် ၄င်းဟိုကပ်ကျေးရွာအနီး ရွာသူ/သားများ လယ်ယာလုပ်ငန်းခွင်သွားရာနှင့် တပ်မတော်နှင့် တာလောကြီးဒေသ ဌာနေပြည်သူ့စစ်များ လှုပ်ရှားသွားလာသည့် လမ်းကြောင်းတွင် မိုင်းထောင်ရာ မိုင်းပေါက်ကွဲသဖြင့် (၃-၃-၂၀၁၄)ရက်နေ့ ညနေ (၃း၀၀)နာရီကျော်အချိန်တွင် ဟိုကပ်ကျေးရွာ မန်ကွေ့လယ်ထိပ် လူသွားလမ်းကြောင်း၌ မိုင်းထောင်သူ ဦးအင်ခွန်တန် သေဆုံးနေကြောင်း ကျေးရွာပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ မိုင်းထောင်သူ KIA တပ်သား ဦးအင်ခွန်တန်သည် မိုင်းကွဲ၍ သေဆုံးသည်မှာ မှန်ကန်ပါကြောင်း ဟိုကပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းမြင့်နှင့် တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူးတို့က အတည်ပြု ပြောဆိုပါသည်။

ဧရာဝတီမြစ်ဖျားဆီက
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာနေ (အဘ)ဦးလင်ခွန်နော်+(အမိ)ဒေါ်ဇိန်ခံကော့၊ (ဇနီး)ဒေါ်ခွန်မိုင်၏ ယောကျာ်းဖြစ်သူ KIA တပ်သား ဦးအင်ခွန်တန်သည် ၄င်း ဟိုကပ်ကျေးရွာအနီး ရွာသူ/သားများ လယ်ယာလုပ်ငန်းခွင်သွားရာနှင့် တပ်မတော်နှင့် တာလောကြီးဒေသ ဌာနေပြည်သူ့စစ်များ လှုပ်ရှားသွားလာသည့် လမ်းကြောင်းတွင် မိုင်းထောင်ရာ မိုင်းပေါက်ကွဲသဖြင့် (၃-၃-၂၀၁၄) ရက်နေ့ ညနေ (၃း၀၀)နာရီကျော်အချိန်တွင် ဟိုကပ်ကျေးရွာ မန်ကွေ့လယ်ထိပ် လူသွား လမ်းကြောင်း၌ မိုင်းထောင်သူ ဦးအင်ခွန်တန် သေဆုံးနေကြောင်း ကျေးရွာပြည်သူများ၏ သတင်းပေးပို့ချက် အရ သိရှိရသည်။

သိန်လင်ရွာက လူငယ်ရှစ်ဦးအား KIA မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုဖြစ်ပွား

Photo: သိန်လင်ရွာက လူငယ်ရှစ်ဦးအား KIA မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုဖြစ်ပွား
Friday, March 7, 2014 

မြန်မာပြည်မြောက်ပိုင်း၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အနီး သိန်လင်ရွာက လူငယ်(၈)ဦးအား (၄၊၃၊၂၀၁၄) ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့၊ သိန်လင်ရွာအနီး မန်ရွက်ကျေးရွာနောက်ကျောတွင် ဆိုင်ကယ်နဲ့ အလုပ်သွားတဲ့ လူငယ်(၈)ဦးကို “လမ်းမှာ ဆိုင်ကယ်နဲ့ ခေါ်သွားတာ၊ မင်းတို့ ရှေ့ကသွား၊ ငါတို့ နောက်ကလိုက်မယ်ဆိုပြီး KIA က နောက်ကလိုက်တာ၊ လူငယ်တွေက ရှေ့ကသွားတဲ့အခါ လမ်းခြားတဲ့အခါကျတော့ တောင်ပေါ်မှာကျတော့ တအားမောင်းပြေးခဲ့တာ၊ နှစ်ယောက်ပဲ ကျန်ခဲ့တယ်လို့ပြောတယ်၊ ကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ ပါသွားသလား မပါသွားသလားဆိုတာ ဘာမှသတင်းမရသေးဘူးပေါ့၊ ကျန်တဲ့ ခြောက်ယောက်ကတော့ ပြန်ရောက်လာတာပေါ့၊ အဲဒီဘက်က KIA ရင်း(၁၂) ဖြစ်မယ်ထင်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောကြားသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က “ကျွန်တော်တို့ကတော့ KIO နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့လည်း သွားမယ်၊ ကုလသမဂ္ဂ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာကိုလည်း တင်ပြပြီး အကူအညီ တောင်းခံသွားမယ်၊ ပြည်သူ့စစ်တွေလည်း အမြန်ဆုံး ဖွဲ့စည်းနိုင်အောင် စီစဉ်ဆောင်ရွက်သွားရမယ်”လို့ ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းထိန်လင်းက ပြောကြားသည်။

KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုခံရသူ သိန်လင်ရွာက လူငယ်တွေကတော့ ၁။မောင်မြင့်ကြိုင် (အဘ-ဦးကျော်စိန်+အမိ-ဒေါ်အောင်ပွဲ)၊ ၂။မောင်ကျော်လင်း (အဘ-ဦးရီပွဲ+ဒေါ်ဆိုင်းသာ)၊ ၃။မောင်သန်းစိုး(အဘ-ဦးဆန်းမောင်)၊ ၄။မောင်ကျော်ဆင့် (အဘ-ဦးအိုက်ဆိ+အမိ-ဒေါ်ထွေး)၊ ၅။မောင်စိုးနိုင် (အဘ-ဦးတင်မောင်)၊ ၆။မောင်အောင်တိုး (အဘ-ဦးတင်မောင်)၊ ၇။မောင်ဝင်းထွန်း (အမိ-ဒေါ်ငြိမ်း)၊ ၈။မောင်တင်ညွှန့် (အမိ-ဒေါ်ဆွဲ့နှင်းရီ) တို့ ဖြစ်တယ်လို့ သိရသည်။

ဧရာဝတီမြစ်ဖျားဆီက
မြန်မာပြည်မြောက်ပိုင်း၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အနီး သိန်လင်ရွာက လူငယ်(၈)ဦးအား (၄၊၃၊၂၀၁၄) ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိဟု အစိုးရ ထပ်မံငြင်းဆို

Photo: မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိဟု အစိုးရ ထပ်မံငြင်းဆို
Friday, March 7, 2014 

တပ်မတော် အစိုးရလက်ထက် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ပုံမှန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှ အပ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ လုံးဝ မရှိတော့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထပ်မံ ငြင်းဆိုလိုက်သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည့် မြောက်ကိုရီးယား စစ်ရေးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်လက်နက် ရောင်းဝယ်မှုများ ရှိနေသေးကြောင်း ဖော်ပြထားမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် မြောက်ကိုရီးယားနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များ အတိုင်း လိုက်နာမည် ဖြစ်ပြီး သံတမန် ဆက်ဆံရေးမှ အပ စစ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အကြိမ်ကြိမ် ပြောပြီးသားပါ၊ လက်တွေ့မှာလည်း တကယ်မရှိပါဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းနိုင်ငံ ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ခပ်ခွာခွာ ပြုလုပ်နေသော်လည်း စစ်လက်နက်ပစ္စည်း ဝယ်ယူမှုများမှာမူ ရှိနေဆဲ ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ စစ်လက်နက် ပစ္စည်းများကို မြန်မာ အပါအဝင် အီရန်၊ ဆီးရီးယားနှင့် အခြားနိုင်ငံများသို့ ကမ္ဘာအနှံ့ ကွန်ရက်ကို ချိတ်ဆက် ရောင်းချမှုများ ပြုလုပ်နေကြောင်း၊ နည်းပညာ လွှဲပြောင်းမှု များလည်း ပါဝင်ကြောင်း အမေရိကန် အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာအစိုးရက မြောက်ကိုရီးယားနှင့် ပုံမှန် မဟုတ်သည့် ဆက်ဆံရေးများ ရပ်ဆိုင်းပြီး ဖြစ်သည်ဟု ဆိုသော်လည်း ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနှင့် လက်နက် ရောင်းဝယ်မှု အတွက်ဟု ဆိုကာ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ချမှတ်ထားသော ဆုံးဖြတ်ချက်အရ မြန်မာအစိုးရ အနေနှင့် မြောက်ကိုရီးယား နိုင်ငံမှ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုကို ကန့်သတ် တားမြစ်ထားသည်။

The Voice Weekly
တပ်မတော် အစိုးရလက်ထက် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ပုံမှန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှ အပ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ လုံးဝ မရှိတော့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထပ်မံ ငြင်းဆိုလိုက်သည်။

မိုးကုတ်ရွှေဆိုင်ဓားပြမှု တရားခံသုံးဦး အဖွဲ့အစည်းတစ်ခုနှင့်ဆက်နွယ်နေ၍ဖမ်းဆီးမရမိသေး

ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ အောင်ချမ်းသာဈေးတွင် ဇန်န၀ါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ တိုက်မှုတွင် ပါဝင်ခဲ့သော တရားခုနစ်ဦးအနက် လေးဦး ဖမ်းဆီးရမိကာ သုံးဦးမှာ အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်နေ၍ သွားရောက်ဖမ်းဆီးခြင်းမရှိသေးကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးဇော်မင်းဦးက မတ်လ ၆ ရက်၌ မဇ္ဈိမကို ပြောသည်။

အခြေခံနှင့် အဆင့်မြင့်ပညာ ပြောင်းလဲမှုများ လာမည့် ပညာသင်နှစ် စတင်မည်ဟုဆို

Photo: အခြေခံနှင့် အဆင့်မြင့်ပညာ ပြောင်းလဲမှုများ လာမည့် ပညာသင်နှစ် စတင်မည်ဟုဆို
Friday, March 7, 2014 

အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲ ရလဒ်များပေါ် မူတည်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံနှင့် အဆင့်မြင့်ပညာရပ် ဆိုင်ရာ အခြေခံကျသော ပြုပြင် ပြောင်းလဲမှုများ စတင်မည် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အကြံပြုခဲ့ကြသော အချက်အလက် များကို အမျိုးသားပညာရေး ဥပဒေ နောက်ဆုံးအဆင့် မူကြမ်းတွင် ထည့်သွင်းပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ ယခုနှစ်အတွင်း တင်သွင်းသွားရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် ရေးဆွဲထားသော ပညာရေး မူဝါဒများကို အတည်ပြုပြီးလျှင် အကောင်အထည် ဖော်မှု အစီအစဉ်ပါ တစ်ဆက်တည်း စတင်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

“မူဝါဒထဲမှာ ပါမှ အသုံးစရိတ် ရမှာမို့ လုပ်ငန်းစဉ် အလိုက် လုပ်သွားတာပါ” ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြောဆိုသည်။

သို့သော် ရေတိုနှင့် လတ်တလော ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ပြောကြားခြင်း မရှိချေ။

လာမည့် ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူတိုင်းကို ပြဋ္ဌာန်းစာအုပ် အခမဲ့ ဖြန့်ဝေပေးခြင်း၊ တတ်မြောက်မှု စာမေးပွဲစနစ် ပြောင်းလဲခြင်းနှင့် အခြေခံပညာ ကျောင်းများ အသုံးစရိတ် တိုးမြှင့်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် မသင်မနေရ ပညာရေးကိုမူ ဥပဒေ ရေးဆွဲပြီးမှသာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၈ ဘီလီယံကျော် သုံးစွဲရန် လျာထားကြောင်း အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက် (မူကြမ်း) တွင် ဖော်ပြထားသည်။

The Voice Weekly
အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲ ရလဒ်များပေါ် မူတည်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံနှင့် အဆင့်မြင့်ပညာရပ် ဆိုင်ရာ အခြေခံကျသော ပြုပြင် ပြောင်းလဲမှုများ စတင်မည် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

သန်းခေါင်စာရင်း မေးခွန်းပုံစံနှင့် အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ အသုံးပြုမယ့် သန်းခေါင်စာရင်း မေးခွန်းပုံစံတွေနဲ့ အထောက် အပံ့ပစ္စည်းတွေကို နေပြည်တော်ရုံးချုပ်နဲ့ ရန်ကုန်မြို့ကတဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်တွေကို လက်ဝယ်အရောက် ကုန်တင်ယာဉ်ကြီးတွေနဲ့ စနစ်တကျ ထုတ်ပိုးသယ်ဆောင် ဖြန့်ဝေနေပါတယ်။