Monday, March 10, 2014

ခရီးသည် ၂၂၇ ဦးပါ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပျောက် ဆုံး၊ နှစ်ရက်နီးပါး ကြာသည်အထိ ရှာမတွေ့၊ အကြမ်းဖက်မှု ဟုတ်၊ မဟုတ် စုံစမ်း

ခရီးသည် ၂၂၇ ဦး လိုက်ပါသွားသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် မတ်လ ၈ ရက်နေ့က ပျောက်ဆုံး သွားပြီးနောက် ၂ ရက်နီးပါး ကြာမြင့်သည်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းနှင့် ခိုးယူထားသည့် ပတ်စ်ပို့နှင့် လိုက်ပါသွားသော ခရီးသည်နှစ်ဦး လေယာဉ်ပေါ်တွင် ပါရှိသည်ဟု စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါ လေယာဉ် ပျောက်ဆုံးမှုကို အကြမ်းဖက်မှု ဟုတ်မဟုတ် မလေးရှား အာဏာပိုင်များက စုံစမ်းလျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ

ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ

Photo: ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ
Monday, March 10, 2014

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

ကော့ဂွန်းဂူသို့ လစဉ် နိုင်ငံခြားသား လာရောက်လည်ပတ်မှု တဖြည်းဖြည်း များပြားလာပြီး ယခုနှစ် ဇန်နဝါရီလမှ စပြီး တစ်လလျှင် နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၁၂၀၀ ကျော်ထိ လာရောက်ခဲ့သည်ဟု ယင်းဆရာတော်က မိန့်သည်။

“တစ်ရက်ကို ပျမ်းမျှ အယောက် ၃၀ လောက် လာကြတယ်။ တချို့ရက်မှာဆို အယောက် တစ်ရာကျော် လာတာလည်း ရှိတယ်။ အများဆုံးကတော့ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန် နိုင်ငံသားတွေ” ဟု ဆရာတော် အရှင် ဦးဓမ္မပါလက မိန့်သည်။

သံလွင်မြစ်၏ အနောက်ဘက် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၁၆ ခန့် အမြင့်တွင် တည်ရှိကာ သဘာဝ ထုံးကျောက်ဂူ အမျိုးအစား ဖြစ်သည့် ကော့ဂွန်းဂူကို ၁၉၅၇ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့က ပြန်လည် ထိန်းသိမ်းထားသည်။

ကော့ဂွန်းဂူကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး နောက်ပိုင်း ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ ယဉ်ကျေးမှုဇုန် နယ်နိမိတ်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများကို တစ်ဦးလျှင် မြန်မာငွေ ၃၀၀၀ ကျပ် ဝင်ကြေး ကောက်ခံခဲ့သည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြား သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဒုံသမိမြစ်နှင့် အတ္ထရံမြစ်တို့ ပေါင်းဆုံရာ မြစ်ဝကျွန်းပေါ် မြေနုလွင်ပြင်တွင် ထင်ရှားသည့် သဘာဝ ထုံးကျောက်ဂူများ ဖြစ်ကြသည့် နိဒုံရဂူ၊ ဖားဘောင်ဂူ၊ ရေပူဂူ၊ ခရုံဂူ၊ ဓမ္မသဂူ၊ ဆန္ဒန်ဂူ၊ ဖားပျံဂူ၊ တောင်ဘလွဲဂူ၊ ရသေ့ဂူ၊ မောင်ဒီဂူ၊ ဝဲပျံဂူ၊ ဝေပုလဂူ၊ ကော့ကသောင်ဂူ၊ မင်းလွင်ဂူ၊ ဘုရင့်ညီနောင်ဂူ၊ ဝင်းဆုံဂူ၊ ဖားကပ်ဂူ၊ ကော့ဂွန်းဂူနှင့် ရသေ့ပျံ ဂူတို့တွင် ရှေးဟောင်းဗုဒ္ဓ ရုပ်တုတော်များနှင့် ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိသည့် ဂူများဖြစ်ပြီး ၎င်းအနက် ကော့ဂွန်းဂူသည် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အထင်ရှားဆုံး ဂူတစ်ခု ဖြစ်သည်။

လိုဏ်ဂူ အတွင်းပိုင်းနှင့် အပြင်ပိုင်း နံရံများပေါ်တွင် ရှေးဟောင်း မြေမီးဖုတ် အုတ်ခွက် ဘုရားများ၊ ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ထွင်းထုထားသည့် ရုပ်လုံးရုပ်ကြွများ၊ သဲကျောက်သား များဖြင့် ထွင်းထုထားသည့် ကျောက်ဆစ် ရုပ်တုများ၊ နံရံဆေးရေးစာများ၊ မင်စာများ၊ ကျောက်စာများနှင့် ရှေးမွန်စာ အရေးအသား များကို တွေ့ရှိရသည်။

ကော့ဂွန်းဂူတွင် တွေ့ရသည့် ရှေးဟောင်း မွန်ကျောက်စာသည် စာကြောင်း ၂၃ ကြောင်း ရှိပြီး ကျောက်စာပါ ရှေးမွန် အက္ခရာစာလုံးကို ပုဂံခေတ် ရှေးမွန်ကျောက်စာများနှင့် နှိုင်းလျှင် ခရစ်နှစ် (၁၁) ရာစုခန့်က ရေးထိုးထားသည့် ကျောက်စာ ဖြစ်သည်ဟု ရှေးဟောင်း သုတေသနက ခန့်မှန်းထားသည်ဟု ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ သမိုင်းစဉ် အကျဉ်းစာအုပ်တွင် ဖော်ပြထားသည်။

The Voice Weekly
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်း သမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ

Photo: EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ
Monday, March 10, 2014

EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ကြီးထွားဖွံ့ဖြိုးလာနေတာ၊ အာရှတိုက်မှာသာမက ကမ္ဘာမှာပါ တမူထူးခြားကျော်ကြားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ နေရာဒေသတွေကို ဆွဲဆောင်အားကောင်းတဲ့ လည်ပတ်ကြည့်ရှုစရာ ခရီးသွားနေရာတွေအဖြစ် ဖန်တီးနိုင်တာတွေကြောင့် ဆု ချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုကို ၂၀၀၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေ၊ ခရီးသွားတွေ လုံခြုံရေး၊ ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု စာရင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်မှု စတဲ့အချက်တွေကို အခြေခံပြီး ချီးမြှင့်ကြောင်း သိရပါတယ်။

ဒါပေမဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ ပုဂံဒေသဟာ အခုထိ ကုလသမဂ္ဂ ယူနက်စကိုရဲ့ အသိအမှတ်ပြု မခံရသေးဘဲ ရှိနေပါတယ်။ ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ယူနက်စကိုကို ပထမအကြိမ် တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပုဂံဘုရားတွေကို ထိန်းသိမ်းပြုပြင်ရာမှာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ၊ မူလလက်ရာတန်ဖိုးတွေ ဆုံးရှုံးကုန်တဲ့အတွက် ယူနက်စကိုက ပယ်ချခဲ့ပါတယ်။

စစ်အစိုးရလက်ထက်က ပုဂံ ဘုရားတွေကို ပြုပြင်ခဲ့ရာမှာ ဘုရားတစ်ဆူလုံးကို အသစ်ပြန်ပြင် ရွှေချခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့ပြင် ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ပုဂံဂေါက်ကွင်း စတာတွေကြောင့် ပုဂံရဲ့တန်ဖိုးကျဆင်းရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

RFA Burmese
EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။

ကုန်ပစ္စည်း အတုတွေကို နှိမ်နင်းနိုင်ဖို့ အတွက် မူပိုင်ခွင့် ဥပဒေရေးဆွဲနေ

မြန်မာနိုင်ငံမှာ ​ကုန်ပစ္စည်းအတုတွေ ​တင်သွင်းဖြန့်ဖြူး ​ထုတ်လုပ်ရောင်းချနေတာကို ​ထိရောက်စွာ ​အရေးယူဆာင်ရွက်နိုင်ဖို့အတွက် ​ဥာဏပစ္စည်းမူပိုင်ခွင့်ဥပဒေကို ​ရေးဆွဲနေပြီး ​နောက်ဆုံးအဆင့်ကို ​ရောက်ရှိနေပြီလို့ ​ဒီဥပဒေကို ​ရေးဆွဲနေတဲ့ ​သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ​ပြောပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့များ တပ်မတော်ကို ယုံကြည်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့ ထုတ်ပြော

Photo: လက်နက်ကိုင် တပ်ဖွဲ့များ တပ်မတော်ကို ယုံကြည်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့ ထုတ်ပြော
Monday, March 10, 2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်စဉ်က တပ်မတော်၏ ပါဝင်မှုကို သံသယ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပိုမို ယုံကြည်လာကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် အချို့က ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၉ ရက်နေ့က ပြုလုပ်သော ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ တွေ့ဆုံအပြီး ၎င်းတို့က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“တစ်ချိန်တုန်းက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးမှာ တပ်မတော်က ပါဝင်မှု မရှိဘူးလို့ ပြောကြတာ အခုကတော့ တကယ် ပါလာပြီလို့ ခံစားရပါတယ်” ဟု (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောဆိုသည်။

ဘားအံပွဲ အကြို ဆွေးနွေးပွဲတွင် တပ်မတော် ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး လေးဦးနှင့် ဗိုလ်ချုပ်အဆင့် နှစ်ဦး ပါဝင် ဆွေးနွေးသည့် အပေါ် တိုင်းရင်းသား ခေါင်းဆောင်များက ကျေနပ် အားရမှုရှိပြီး တပ်မတော် ကိုယ်စားလှယ်များ၏ တင်ပြချက်များမှာ အလားအလာ ကောင်းမွန်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ပဒိုကွယ်ထူးဝင်းက သုံးသပ်သည်။

“ငြိမ်းချမ်းရေးအတွက် တကယ် ကိုယ်ဖိ ရင်ဖိ လုပ်ချင်တဲ့ ဆန္ဒကို ဖော်ပြတဲ့ အပေါ်မှာ အများကြီး ဝမ်းသာတယ်” ဟု တပ်မတော်၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ NCCT အဖွဲ့ဝင် ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ထို့အပြင် တပ်မတော် ကိုယ်စားလှယ် များ၏ ဆွေးနွေးမှုကို များစွာ အသိအမှတ်ပြုကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် မဖြစ်မနေ ချုပ်ဆိုရမည် ဆိုသော ဆန္ဒပြင်းပြမှု တပ်မတော်တွင် ရှိနေကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

NCCT အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဦးနိုင်ဟံသာကလည်း “ဒီနေ့ သူတို့က စေတနာ ရိုးရိုးသားသားနဲ့ ဆွေးနွေးကြတယ်။ ပိုပြီးတော့ နားလည်မှု ရကြတယ်” ဟု ပြောကြားသည်။

လော်ခီးလာ ထိပ်သီးညီလာခံ အပြီး အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ တပ်မတော်က ပထမဆုံးအကြိမ် အဖြစ် ထိပ်သီးခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်လာခြင်း ဖြစ်ပြီး တိုင်းရင်းသား ကိုယ်စားပြု NCCT ခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲသို့ တပ်မတော် ကိုယ်စားလှယ်များ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ ပါဝင် တက်ရောက်ခြင်း ဖြစ်သည်။

The Voice Weekly
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်စဉ်က တပ်မတော်၏ ပါဝင်မှုကို သံသယ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပိုမို ယုံကြည်လာကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် အချို့က ပြောကြားသည်။

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်း အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်မြှုပ်နှံ

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်းများ အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်ရင်းနှီး မြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်

Photo: အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်
Monday, March 10, 2014

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ်အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် အင်းစိန်ဘက်မှ လှိုင်သာယာ ရွှေလင်ဗန်းဘက်သို့လာသော ယာဉ်အမှတ် 1G...... ဟီးနိုးအဖြူရောင်ယာဉ်မှာ အောင်ဇေယျတံတားအဆင်း ၁ ထိပ်မှတ် တိုင်အနီးအရောက် ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေသော Isuzu အပြာရောင်ယာဉ်၏ ဘယ်ဘက်ဘန်ကာ တိုက်မိခဲ့ကြောင်း သိရသည်။

၎င်းယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ လမ်းဘေး၌ရပ်ထားသော အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းဘေး၌ ရပ်နေသော အဘွားအိုတစ်ယောက် သေဆုံးခဲ့ပြီး လမ်းဘေးဈေးသည် အမျိုးသမီးတစ်ဦး အပါအ၀င် အငှားယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အငှားယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးက ကံကောင်းတယ်လို့ ပြောရမယ်။ သူတို့က လမ်းဘေးကွမ်းယာဆိုင်မှာ ကွမ်းထွက်ဝယ်တုံး ခုလိုဖြစ်တာ၊ ဒါတောင် ဒဏ်ရာတွေ ရသေးတယ်။ အငှားယာဉ်ကတော့ ပြန်ပြင်လို့တောင် ရတော့မယ်မထင်ဘူး” ဟု မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကြောင့် လှိုင်သာယာ မြို့မရဲစခန်းမှ ကျူးလွန်သူ ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ 

Eleven Media Group

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ် အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးမည်

ပန်းဆိုးတန်း-ဒလ ကူးတို့ခရီးစဉ် ပြေးဆွဲနေသော သမ္ဗန်ငယ်တစ်စီးအား တွေ့ရစဉ်

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Minister Councilor Mr.Maruyama ၏ ပြောကြားချက်အရ သိရသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် ဆွီဒင်နှင့်ဂျပန်တို့ စိတ်ဝင်စား

နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများက မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိရာ ဆက် သွယ်ရေး ကဏ္ဍ၌ ဆွီဒင်၊ ဂျပန်နှင့် စင်ကာပူ နိုင်ငံများမှ စီးပွားရေးကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရှိနေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ်စားသောက်ကာ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများအား ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်၏အရှေ့ ကျောက်ဖြူလေးချောင်းဖျား၊ တောတွင်း စခန်းတစ်ခု၌ ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ် စားသောက်ကာ သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်ခဲ့သည့် ကျူးလွန်သူလေးဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းများအား တစ်ခုတည်းဖြစ်အောင် ရေးဆွဲမည်ဟု ရန်ကုန်ဆွေးနွေးပွဲ ပထမနေ့တွင် ဆုံးဖြတ်

Photo: အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းများအား တစ်ခုတည်းဖြစ်အောင် ရေးဆွဲမည်ဟု ရန်ကုန်ဆွေးနွေးပွဲ ပထမနေ့တွင် ဆုံးဖြတ်
Monday, March 10, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှုကို မတ် ၉ ရက်ကစတင်၍ ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရ၏မူကြမ်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းအား တစ်ခုတည်းဖြစ်အောင် ပူးပေါင်းရေးဆွဲမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ဆက်လက်ပြုလုပ်ရန် နှစ်ဖက်ပူးပေါင်းရေးဆွဲမည့် မူကြမ်းအား အစိုးရအဖွဲ့မှ ကိုယ်စားလှယ်သုံးဦး၊ လွှတ်တော်မှ ကိုယ်စားလှယ်သုံးဦး၊ တပ်မတော်ဘက်မှ ကိုယ်စားလှယ်သုံးဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ အဖွဲ့ဝင်ကိုးဦးတို့ ပါဝင်သည့် အဖွဲ့ဖွဲ့ကာ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်သည်။

NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကလည်း “ကျွန်တော်တို့နဲ့ အစိုးရနဲ့က နှစ်ဖက်ဖြစ်နေတဲ့နေရာမှာ ကျွန်တော်တို့ကလည်း လော်ခီးလာရဲ့မူကို တင်တယ်။ အစိုးရဘက်ကလည်း သူတို့ရေးဆွဲထားတဲ့ သူတို့ရဲ့မူတွေ ရှိတာပေါ့။ အဲဒီတော့ သူ့မူသူကိုင်တယ်။ ကိုယ့်မူကိုယ်ကိုင်တယ်။ အဲဒီတော့ ညှိလို့ခက်တယ်ဗျ။ အဲဒီတော့ အဲဒီလို ညှိလို့ခက်နေတဲ့ အနေအထားမျိုးမှာ ကဲနှစ်ဖက်အဖွဲ့ တစ်ဖက်ဖွဲ့လိုက်မယ်။ ဟိုဘက်ကလူ တစ်ဝက် ဒီဘက်ကလူ တစ်ဝက် ဖွဲ့ပြီးတော့ မူအသစ်တစ်ခု ရေးမယ်။ အဲဒီပုံစံမျိုးနဲ့ သဘောတူတာ” ဟု ပြောကြားသည်။

ရန်ကုန်ဆွေးနွေးပွဲ ပထမရက် ဆွေးနွေးမှုသည် အောင်မြင်သော ဆွေးနွေးပွဲဖြစ်ကြောင်းနှင့် အသစ်ရေးဆွဲမည့်မူတွင် မည်ကဲ့သို့သော ခေါင်းစဉ်များထားပြီး ဆွေးနွေးရန်တို့နှင့် ပတ်သက်ပြီး မတ် ၁၀ ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပြီး ဦးနိုင်ဟံသာမှလည်း ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်အတွက် တိုးတက်မှုများစွာ ရရှိခဲ့သည်ဟု ဆိုသည်။

“ဆွေးနွေးပွဲ အခြေအနေက ရှင်းရှင်းလင်းလင်း နှစ်ဖက်သံသယတို့ သို့တည်းမဟုတ် စိုးရိမ်တာတို့၊ စိတ်ပူတာတို့ အဲဒါတွေကို နည်းနည်းဖြေလျှော့ပြီးတော့ ရှေ့ဆက်သွားနိုင်တဲ့ လမ်းစရတယ်လို့ ပြောနိုင်တာပေါ့။ တပ်ပိုင်းဆိုင်ရာကိစ္စက အဓိကဆွေးနွေးဖို့ ဖြစ်လာတာ။ ဒါကို တပ်မတော်က အကြီးအကဲတွေ အများကြီး ပါလာတယ်။ သူတို့နဲ့ဆိုင်တဲ့ အပိုင်းတွေကို အဓိကတာဝန်ခံပြီး ဆွေးနွေးနိုင်အောင် သူတို့တွေ ပါဝင်လာတာဖြစ်တော့ အရေးကြီးတယ်လို့ ပြောနိုင်တယ်။ အကယ်၍သာ တပ်မတော်ဘက်က သဘောတူတယ်ဆိုရင် ခိုင်ခိုင်မာမာ ဖြစ်သွားတာပေါ့” ဟု NCCT မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများ ကောင်းမွန်သည်ဟု ဆိုသော်လည်း နှစ်ဘက်ပူးပေါင်းရေးဆွဲမည့် မူကြမ်းအား နှစ်ဘက်ခေါင်းဆောင်များအား ပြန်လည်ရှင်းပြရမည့် ကိစ္စရပ်များကြောင့် ဘားအံဆွေးနွေးပွဲသည် သင်္ကြန်ကာလမတိုင်မီ ဖြစ်နိုင်ဖွယ် မရှိတော့ကြောင်း သိရသည်။

Eleven Media Group

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှု အခမ်းအနားအား တွေ့ရစဉ်
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှု အခမ်းအနားအား တွေ့ရစဉ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး မူကြမ်း ညှိနှိုင်းမှုကို မတ် ၉ ရက်ကစတင်၍ ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရ၏မူကြမ်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းအား တစ်ခုတည်းဖြစ်အောင် ပူးပေါင်းရေးဆွဲမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် သတင်းမီဒီယာများ အနေဖြင့်လည်း တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နာမည်ကျော် သရုပ်ဆောင် မီရှဲယိုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် မြန်မာမီဒီယာများ အနေဖြင့် လည်း လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှုပါရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံ ပလာဇာတွင် ကျင်းပသော စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။