Tuesday, March 25, 2014

သစ်ဆိုင်ရှေ့ ဖုန်းရပ်ပြောနေသူများနှင့် သစ်စက်အလုပ်သမားများ စကားများရန်ဖြစ်ရာမှ (၁)ဦးသေ (၅)ဦးဒဏ်ရာရ

၂၄.၃.၂၀၁၄ ရက်နေ့ ၂၁၀၀အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုပြည့်စုံနိုင်မှ ၎င်း၏ညီဝမ်း ကွဲတော်စပ်သူ များသည် (၂၁)ရပ်ကွက်၊ လှော်ကား လမ်းထိပ်ရှိ မိဘဂုဏ်ရှိန်သစ်စက်ရှေ့၌ ရပ်၍ ဖုန်းပြောနေစဉ် သစ်ဆိုင်သို့လာသော ယာဉ်နှင့်မလွတ်သဖြင့်ဖယ်ခိုင်းရာမှစတင်ကာ သစ်စက်အလုပ်သမား

မန္တလေးမြို့တွင်း ညအချိန် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု တစ်ညအတွင်း ဆိုင်ကယ် အစီးရေ ၂၀၀ ကျော် အရေးယူ

Photo: မန္တလေးမြို့တွင်း ညအချိန် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု တစ်ညအတွင်း ဆိုင်ကယ် အစီးရေ ၂၀၀ ကျော် အရေးယူ
Tuesday, March 25, 2014

မန္တလေးခရိုင်အတွင်း ညပိုင်းအချိန် ယာဉ်မတော်တဆ ဖြစ်ပွားမှု များပြားလာသောကြောင့် ယာဉ်မတော်တဆမှု လျော့ကျစေရန် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးက မတ်လ ၂၃ ရက်နေ့ ညမှ စတင်ကာ ရှောင်တခင် စစ်ဆေးခဲ့ရာ တစ်ညအတွင်း ဆိုင်ကယ်စီးရေ ၂၀၆ စီးနှင့် ကားနှစ်စီးတို့ကို စစ်ဆေး အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဆိုင်ကယ်၊ ကား အကုန်လုံးကို စစ်ဆေးတာပါ။ ဆိုင်ကယ်ကတော့ အဓိက ဦးထုပ်နဲ့ ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင် စစ်တယ်။ ကားကတော့ လိုင်စင်မဲ့ ကားလား၊ ယာဉ်မောင်းလိုင်စင် ဒါတွေကို စစ်ဆေးတယ်။ တစ်ညအတွင်းမှာ ဆိုင်ကယ် ၂၀၆ စီးနဲ့ ကားနှစ်စီး စစ်ဆေး အရေးယူနိုင်ခဲ့တယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ဆိုင်ကယ် မောင်းနှင်သူ အများစုမှာ ဦးထုပ် မဆောင်းခြင်းကြောင့် အပြစ်ပေး အရေးယူခံရခြင်း များပြီး လိုင်စင်မဲ့ ဆိုင်ကယ်လေးစီး ဖမ်းဆီးရမိခဲ့ကာ ရုံးတွင် ထိန်းသိမ်းထားပြီး ယာဉ်မောင်းလိုင်စင် မပါဘဲ မောင်းနှင်သော ကားနှစ်စီးကိုလည်း အရေးယူခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“လိုင်စင်မဲ့ ဆိုင်ကယ် လေးစီးကို ဌာနက သိမ်းသွားမှာ မဟုတ်ပါဘူး။ ဆိုင်ကယ် ပိုင်ရှင်တွေကိုတော့ လိုင်စင်မဲ့ ဆိုင်ကယ် မဟုတ်ကြောင်း အထောက်အထား လာပြခိုင်းပြီး ရုံးမှာ လာရွေးခိုင်းထားတယ်။ တကယ်လို့ အထောက်အထား မပြနိုင်ရင်လည်း ဆိုင်ကယ်ကို မသိမ်းဘူး။ သူတို့ကို ဒဏ်ငွေ ရိုက်ပြီးတော့ ဆိုင်ကယ်လိုင်စင် သွားရောက် ပြုလုပ်ခိုင်းမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးရမိသည့် ဆိုင်ကယ်များကို ဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းအထိ ဒဏ်ရိုက်နိုင်သော်လည်း ကျပ်တစ်သောင်း ကျပ်သာ ဒဏ်ငွေရိုက်ခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

တစ်ခါမှ ဒီလို အဖွဲ့လိုက်ကြီး ညပိုင်း ဖမ်းတာ မကြုံဖူးဘူးလေ။ အခုတော့ ဘာမှ သတင်းမထုတ်ပြန်ဘဲ ရှောင်တခင် အနေနဲ့ စစ်ဆေးတာ။ ကျွန်တော်တို့လည်း အရင်တိုင်းပဲ ညဆို ဆိုင်ကယ်ဦးထုပ် မဆောင်းဖြစ်ဘူး။ နောက်နေ့ ညတွေ ဆိုရင်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆိုင်ကယ်ဦးထုပ် ဆောင်းမှ ဖြစ်တော့မယ်” ဟု ယင်းနေ့ညပိုင်းက ဆိုင်ကယ်ဦးထုပ် မဆောင်းသဖြင့် အရေးယူခံရသော အသက်၂၀ ကျော် အရွယ်ရှိ ဦးအောင်လင်းက ဆိုသည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ယာဉ်မတော်တဆ ဖြစ်ပွားမှု ၆၁ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈ ဦး၊ ဒဏ်ရာရသူ ၉၅ ဦး ရှိကာ ယာဉ်မတော်တဆ ဖြစ်ပွားသည့် အချိန်နှင့် အမှုများမှာ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြစ်ပွားမှု ၁၅ မှု၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်ပွားမှု ၁၃ မှု၊ ညနေ ၆ နာရီမှ ညသန်းခေါင် ၁၂ နာရီအထိ ဖြစ်ပွားမှု ၂၄ မှု၊ ညသန်းခေါင် ၁၂ နာရီမှ နံနက် ၆ နာရီအထိ ဖြစ်ပွားမှု ကိုးမှု ရှိကြောင်း အဆိုပါ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly
မန္တလေးခရိုင်အတွင်း ညပိုင်းအချိန် ယာဉ်မတော်တဆ ဖြစ်ပွားမှု များပြားလာသောကြောင့် ယာဉ်မတော် တဆမှု လျော့ကျစေရန် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးက မတ်လ ၂၃ ရက်နေ့ ညမှ စတင်ကာ ရှောင်တခင် စစ်ဆေးခဲ့ရာ တစ်ညအတွင်း ဆိုင်ကယ်စီးရေ ၂၀၆ စီးနှင့် ကားနှစ်စီးတို့ကို စစ်ဆေး အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ထိုင်းတွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ အယောက် ၃၀ သေဆုံး

Photo: ထိုင်းတွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ အယောက် ၃၀ သေဆုံး
Tuesday, March 25, 2014

ထိုင်းနိုင်ငံ တာ့ခရိုင်မြောက်ပိုင်းမှာ မတ် ၂၄ ရက်နေ့ ညဦးပိုင်းက ခရီးသည်တင် ဘတ်စ်ကားတစီး ချောက်ထဲ ထိုးကျလို့ အနည်းဆုံး ခရီးသည်အယောက် ၃၀ သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။

တာ့ခရိုင်ထဲက နိုင်ငံဝန် ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အူဘွန်ရက်ဌာသာနီခရိုင်နဲ့ လာအိုနိုင်ငံကို လေ့လာရေး ခရီးထွက်ခွာနေကြ တာကြောင့် ထိခိုက်သေဆုံးသူ အများစု ဟာ နိုင်ငံဝန် ထမ်းတွေပဲ ဖြစ်ဖို့များတယ်လို့ တာ့ခရိုင် မယ်တိုမြို့နယ်ရဲမှူးက ပြောပြီး ကလေး ၂ ဦးလည်း ဒဏ်ရာရသူတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားဟာ ဘရိတ်ပေါက်ပြီး ကားလမ်းဘေးက ကွန်ကရစ်အရံအတားကိုပါ ကျော်ပြီး ၁၅၀ မီတာနက်တဲ့ ချောက်ထဲကို ကျသွားတာလို့ ရဲမှူးက ပြောပါတယ်။

မတ် ၂၅ ရက် ဒီနေ့မနက်အထိ သေဆုံးသူ အယောက် ၃၀ ရှိသွားပြီလို့ အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဟိုင်းဝေးလမ်းမတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လမ်းမတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၀ ခုနှစ်က လူ ၁ သိန်းမှာ ၃၈ ဦး ကားတိုက်မှုတွေမှာ သေဆုံးခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့နောက်မှာ ဒိုမိုနီကန်သမ္မတနိုင်ငံနဲ့ တောင်ပစိဖိတ်က နယူဝီ (Niue) ကျွန်းနိုင်ငံတွေပဲ ကျန်ပါတော့တယ်။

အာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှကားတိုက်သေဆုံးနှုန်းဟာ ၁၈ ဒဿမ၊  ၅ ဦးပဲရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသားတွေရဲ့ ဘတ်စ်ကားနဲ့ ကုန်ကား ၁ စီး တိုက်မိပြီး ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင်း ကားတိုက်မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ကားမောင်းသူတွေရဲ့ ပေါ့ဆမှုတွေကြောင့် ဖြစ်တယ်လို့ အစိုးရအာဏာပိုင်တွေက ဆိုပါတယ်။

ဒီဗွီဘီ
ထိုင်းနိုင်ငံ တာ့ခရိုင်မြောက်ပိုင်းမှာ မတ် ၂၄ ရက်နေ့ ညဦးပိုင်းက ခရီးသည်တင် ဘတ်စ်ကားတစီး ချောက် ထဲ ထိုးကျလို့ အနည်းဆုံး ခရီးသည်အယောက် ၃၀ သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။

G8 အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့ခံရမှု ရုရှား ဝေဖန်

Photo: G8 အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့ခံရမှု ရုရှား ဝေဖန်
Tuesday, March 25, 2014

ရုရှားကို စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုရဲ့ အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့လိုက်မှုဟာ ကမ္ဘာ့ ဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတား ဖြစ်စေမှုပဲလို့ ရုရှား သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Dmitry Peskov က ပြောဆိုလိုက်ပါတယ်။

နယ်သာလန် နိုင်ငံမှာ ကျင်းပနေတာ ၂ ရက် ရှိနေပြီ ဖြစ်တဲ့ နယူကလီးယား လုံခြုံရေး ထိပ်သီး အစည်းအဝေးမှာ ရုရှားကို ဦးဆောင်ဆွေးနွေးသူ နေရာမှာ မထည့်ခဲ့တဲ့ ဥရောပ၊ မြောက် အမေရိကနဲ့ ဂျပန်က အစိုးရ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်မှုကို မစ္စတာ Peskov က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ထိပ်သီး အစည်းအဝေး အတွင်း ဆွေးနွေးစရာ ကိစ္စတွေမှာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားထဲ ထည့်သွင်းခဲ့တဲ့ အကြောင်းကပဲ လွှမ်းမိုးနေပါတယ်။

ရုရှားရဲ့ အပြုအမူဟာ ကျန် ထိပ်သီး စက်မှုနိုင်ငံတွေ အတူတကွ မျှဝေ ယုံကြည်ထားမှုတွေနဲ့ မကိုက်ညီဘူးလို့ အမေရိကန် သမ္မတ အိုးဘားမားက ပြောခဲ့ပါတယ်။

ရုရှား သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Peskov ကတော့ စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုနဲ့ ဆက်ဆံရေး ပြန်လည် စတင်နိုင်ဖို့ရာ စကားပြောဆို ဆွေးနွေးကြဖို့ကို ရုရှားဘက်က အခုထက်ထိ အလိုရှိတုန်းပဲလို့ ပြောခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ရုရှားကို စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့လိုက်မှုဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေမှုပဲလို့ ရုရှားသမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောဆိုလိုက်ပါတယ်။

မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ

Photo: မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ
Tuesday, March 25, 2014

မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ယန်ဂျူး အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀၀ နီးပါးက တရားဝင် နေ့စားခ မရရှိတဲ့အပြင် ဖိနှိပ်မှုတွေ ရှိနေလို့ အလုပ်သမားအခွင့်အရေးတွေ ရရှိရေးအတွက် ဆန္ဒပြနေကြပါတယ်။

ယန်ဂျူးအထည်ချုပ် စက်ရုံက မြန်မာအလုပ် သမားတွေဟာ စက်ရုံကို အုပ်ချုပ်နေတဲ့ မန်နေဂျာအပါအ၀င် စကားပြန်တွေရဲ့ ဖိနှိပ်မှု၊ တရားဝင် လုပ်ခလစာနဲ့ အချိန်ပိုကြေးတွေ ထက်ဝက်လောက်သာ ရရှိတဲ့အပြင် ကျန်းမာရေးအတွက် ခွင့်ယူဖို့ မလွယ်တဲ့ အချက်တွေကြောင့် ဒီနေ့ ဆန္ဒပြတောင်းဆိုနေတာပါ။

သူတို့တောင်းဆိုချက်တွေ ဖြစ်တဲ့ တရားဝင်လုပ်ခ တနေ့ဘတ် ၃၀၀ နဲ့ အချိန်ပိုကြေး တနာရီ ၅၆ ဘတ်ရရှိစေဖို့၊ အလုပ်သမားတွေ ကျန်းမာရေးနဲ့ မိသားစုရေးအရ ခွင့်ယူရာမှာ ခွင့်မရရှိဘဲ အလုပ်ပျက်တာကို အကြောင်းပြပြီး အလုပ်သမားတွေဆီက ဘတ်ငွေ ၂၀၀ ဖြတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် နေ့စဉ် လုပ်နိုင်အားနဲ့ မမျှတဲ့ အထည်အရေအတွက်ကို အချိန်ပိုဆင်းပြီး ချုပ်နေရတာ၊ စက်ရုံအတွင်း အလုပ်လုပ်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ရင် အလုပ်သမားကိုယ်တိုင် ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုသရတာ စတဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ စက်ရုံမန်နေဂျာကနေတဆင့် အလုပ်ရှင်ဆီကို တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ အချက်တွေကို စက်ရုံပိုင်ရှင်နဲ့ သဘောတူညီချက်မရမချင်း အလုပ်သမားတွေဘက်က အလုပ်မဆင်းဘဲ ဆက်လက် ဆန္ဒပြသွားမှာဖြစ်ပြီး ဆ၀န်ဒီကန်ခေါ် အလုပ်သမားကာကွယ်ပေးရေးရုံးကိုလည်း တိုင်ကြားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ခင်မင်းဇော် (ဒီဗွီဘီ)
မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ယန်ဂျူး အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀၀ နီးပါးက တရားဝင် နေ့စားခ မရရှိတဲ့အပြင် ဖိနှိပ်မှုတွေ ရှိနေလို့ အလုပ်သမားအခွင့်အရေးတွေ ရရှိရေးအတွက် ဆန္ဒပြနေကြပါတယ်။

စစ်တကောင်းသည် မြန်မာပိုင်နယ်မြေဖြစ်သည်

Photo: စစ်တကောင်းသည် မြန်မာပိုင်နယ်မြေဖြစ်သည် 
Tuesday, March 25, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ်နေ့စဉ်သတင်းစာပါဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာများပေးအပ်ခဲ့..ဟူသော သတင်း တစ်ပုဒ်ကိုဖတ်လိုက်ရတဲ့အခါ မြန်မာနိုင်ငံတစ်ဦးအနေဖြင့် ၀မ်းသာစွာထောက်ခံမိပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in Rakhine State? နဲ့ပတ်သက်လို့ ပြည်သူလူထုအတွင်းမှာ ဒေါသတွေပေါက်ကွဲနေပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ဟာမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို သွေးထိုး လှုံ့ဆော်နေသလိုမြန်မာနိုင်ငံ အတွင်းမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
စစ်တွေနဲ့မောင်တောဒေသတွေမှာခရိုင်းမီးယားလို ဆန္ဒခံယူပွဲလုပ်ပြီး ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းနဲ့ ပူးပေါင်းသင့်တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhaka Tribune သတင်းစာမှာ ရေးသားထားတာဖြစ်ပါ တယ်။ ရခိုင်ဒေသမှာလက်ရှိဖြစ်နေတဲ့ အနေအထားတွေကို အခြေအနေပိုမိုဆိုးရွားအောင် ထပ်ဆင့်သွေးထိုး လှုံ့ဆော်လိုက်တာဖြစ်လို့ ပြည်သူတွေဒေါသထွက်နေကြတာဖြစ်ပါတယ်။ 

သတင်းစာဆရာ ဇီးဟန်းခန်ဆိုသူက “ရခိုင်ပြည်နယ်မှာ ဆန္ဒခံယူပွဲလား” (A Referendum in Rakhine State) လို့ ခေါင်းစဉ်တပ်ပြီး ရခိုင် ပြည်နယ်မှာ နေထိုင်သူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ဘင်္ဂါလီစကား ပြောနေကြတယ်။ စစ်တွေနဲ့ မောင်တောမှာ ၉၅ ရာခိုင်နှုန်းရှိတယ်။ စစ်တွေနဲ့မောင်တောမှာ ခရိုင်းမီးယားလို ပြည်သူ့ဆန္ဒခံယူပြီး ရခိုင်ပြည်နယ်အစား ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်တကောင်းပြည်နယ်အောက်ကို အဲဒီဒေသတွေ ပူးပေါင်းသင့်တယ်ဆိုပြီး ရေးထား တာပါ။

စစ်တွေနဲ့မောင်တောမှာ ခိုးဝင်နေထိုင်ကြတဲ့ ကုလားတွေဆိုတာ မြန်မာတိုင်းရင်းသားတွေမဟုတ်သလို မြန်မာစကားနဲ့ဒေသခံတိုင်းရင်းသားစကားတွေကို ပြောတတ်သူတွေလဲမဟုတ်ပါဘူး။ အမေရိကန်လို ဒီမိုက ရေစီ နိုင်ငံကြီးမှာတောင် သူတို့ဘာသာစကား မပြောတတ်တဲ့သူ၊ မပြောနိုင်တဲ့သူကို အမေရိကန် နိုင်ငံသား အဖြစ်မသတ်မှတ်ပါဘူး။ဘဂါင်္လီတွေကိုနိုင်ငံသားဖြစ်ခွင့်ပေးဖို့တောင် ခက်ခဲနေတဲ့အချိန်မျိုးမှာ စစ်တွေနဲ့ မောင်တောဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဖို့ဆန္ဒခံယူဖို့ ရေးသားတဲ့သူဟာ တော်တော်ကြီးကိုဦးနှောက် မကောင်းတဲ့သူ၊ ဒါမှမဟုတ် အခုချိန်ကျမှ ခရိုင်းမီးယားအရေးကို ပုံတူကူးချပြီး ဒီလိုသွေးထိုးလှုံ့ဆော်ရေးသား လိုက်တာ ရခိုင်ပြည်နယ်မှာရှိတဲ့ကုလားတွေကို ဒုက္ခရောက်သထက်ရောက်အောင် တွန်းပို့လိုက်တာပါပဲ။

ပြောရမယ်ဆိုရင် စစ်တကောင်းဒေသဟာ မြန်မာဘုရင်တွေ လက်ထက်ကဆိုရင် မြန်မာတွေ ပိုင်တဲ့နယ်မြေ ဖြစ်ပါတယ်။ ၁၈၂၄ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမှာ စစ်ရှုံးလို့ ရခိုင်ဒေသကိုနယ်ချဲ့အင်္ဂလိပ်ဆီ ပေးလိုက်ရပြီးနောက်ပိုင်းကျမှ စစ်တကောင်းဟာ အိန္ဒိယပိုင်နက်ထဲပါသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဖြစ်လာ ခဲ့တာပါ။ စစ်တကောင်းဆိုတာနဲ့ မြန်မာလူငယ်တိုင်းက မြန်မာပိုင်နယ်မြေလို့ပဲ ကြားသိထားပြီးတစ်ဆက်တည်း မှာပဲ စစ်သူကြီးမဟာဗန္ဓုလရဲ့ စွမ်းရည်သတ္တိတွေကို မြင်ယောင်နေကြပါတယ်။ စစ်တွေနဲ့မောင်တောဟာ ဘယ်အချိန်၊ဘယ်ကာလကမှ ဘင်္ဂလားဒေ့ရှ်ပိုင်မဖြစ်ခဲ့ပါဘူး။စစ်တကောင်းကသာမြန်မာပိုင်စစ်စစ်ဖြစ်ခဲ့တာပါ။ သမိုင်းကြောင်းအရ ထင်ထင်ရှားရှားရှိခဲ့တဲ့ဖြစ်ရပ်တွေရှိနေပါသေးတယ်။ ဒါကြောင့်မို့ တကယ်ဖြစ်ရမှာက စစ်တကောင်းကသာ မြန်မာနယ်မြေ ဖြစ်သင့်ပါတယ်။

credit : Maung Myochit Thu
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ်နေ့စဉ်သတင်းစာပါဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန က ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာများပေးအပ်ခဲ့..ဟူသော သတင်း တစ်ပုဒ်ကိုဖတ်လိုက်ရတဲ့အခါ မြန်မာနိုင်ငံတစ်ဦးအနေဖြင့် ၀မ်းသာစွာထောက်ခံမိပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in Rakhine State? နဲ့ပတ်သက်လို့ ပြည်သူလူထုအတွင်း မှာ ဒေါသတွေပေါက်ကွဲနေပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ဟာမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကို သွေးထိုး လှုံ့ဆော်နေသလိုမြန်မာနိုင်ငံ အတွင်းမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင် လိုက်တာဖြစ်ပါ တယ်။

ရန်သူအရပ်သား မခွဲဘဲ တိုက်ခိုက်သည့်မူကို ကျင့်သုံးသည့် တပ်မတော် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဟု ဟားဗက်စာတမ်း ဖော်ပြ

အရပ်သား-ရန်သူ မခွဲခြားဘဲ တိုက်ခိုက်သည့်မူဝါဒကို အချိန်ကြာကြာ ကျင့်သုံးလာသည့် မြန်မာ့ တပ်မ တော်သည် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ် ဟားဗတ် ဥပဒေကျောင်း၏ နိုင်ငံတကာ လူ့အခွင့်အရေး လက်တွေ့ဖော်ဆောင်ရာ ဌာနမှ လေးနှစ်ကျော်ကြာ ပြုစု ခဲ့သည့် စာတမ်းတွင် သတိပေး ဖော်ပြထားသည်။

အဆိုပါစာတမ်းရေးဆွဲရာတွင် အဓိကပါဝင်သူ အင်္ဂလန်အခြေစိုက် အကျိုးအမြတ်မယူသည့် တရားဥပဒေ စိုးမိုးရေးအဖွဲ့တစ်ခုမှ စီမံကိန်းမန်နေဂျာ Mr. Matthew Bugher က “မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေချိုးဖောက်မှုတွေနဲ့ ပြည်သူလူထုအပေါ်မှာ တိုက်ခိုက်မှုတွေကိုဖြစ်ပွားစေခဲ့တာ ကြာ မြင့်နေပြီဖြစ်တယ်ဆိုတာ တွေ့ရှိရတဲ့အတွက် ဒီပေါ်လစီတွေကို ပြန်သုံးသပ်ဖို့ လိုနေပြီ”ဟု ပြော သည်။

မြန်မာနိုင်ငံသို့ အကူအညီများ တိုးမြှင့်နေခြင်းမှာ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူပြော

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အ ကူအညီအထောက်အပံ့များ တိုး မြှင့်ပေး အပ်နေရခြင်းမှာ ဂျပန် ရင်းနှီးမြှုပ်နှံမှုများ တရုတ်နိုင်ငံ တွင် မှီခိုနေရမှုမှ ရှောင်လွှဲနိုင်ရန် ရည်ရွယ်ကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကပြောသည်။

မြန်မာနိုင်ငံသည် နိုင်ငံတ ကာရင်းနှီးမြှုပ်နှံမှုနယ်ပယ်သစ် တစ်ခုဖြစ်လာရန် အလားအလာ ကောင်းနေခြင်းကြောင့် ဂျပန်ကုမ္ပဏီများ တရုတ်နိုင်ငံတွင် ရင်းနှီး မြှုပ်နှံနေမှုမှမြန်မာနိုင်ငံသို့

လျှပ်စစ်ချွတ်ယွင်းမှုကြောင့် မလေးရှားလေယာဉ် ဟောင်ကောင်သို့ လမ်းကြောင်းပြောင်းရ

လျှပ်စစ်ချွတ်ယွင်းမှုကြောင့် မလေးရှားလေယာဉ် ဟောင်ကောင်သို့ လမ်းကြောင်းပြောင်းရ MH066 ခရီးစဉ်အဖြစ် ပျံသန်းသော Airbus A330-300 အမျိုးအစား လေယာဉ်သည် ကွာလာလမ်ပူမှ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်သို့ ပျံသန်းရင်း တနင်္လာနေ့ နံနက်အစောပိုင်းက ပြဿနာ ကြုံခဲ့ခြင်းဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းသည် လျှပ်စစ်ဆိုင်ရာ ချွတ်ယွင်းချက် တစ်ခုကြောင့် မူလလမ်းကြောင်းမှ သွေဖီကာ ဟောင်ကောင်၌ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ မလေးရှား လေကြောင်းလိုင်းမှ MH370လေယာဉ် ပျောက်ဆုံးနေမှု (၂)ပတ်ကျော် ကြာမြင့်ခဲ့သည့်နောက် နောက်ထပ် ခေါင်းခဲစရာ ပြဿနာ တစ်ရပ်နှင့် လေကြောင်းလိုင်း တာဝန်ရှိသူများ

သင်္ကြန်ရက်အတွင်း အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည်

သင်္ကြန်ရက်အတွင်း အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည်
Tuesday, March 25, 2014

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် အတွင်း ရေကစားခြင်းကြောင့် ပြည်သူများ ရေပြတ်လပ်မှု မရှိစေရန် အတွက် ရန်ကုန်မြို့တော်၏ မြို့နယ် ကိုးခုတွင် အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည့် မြို့နယ် ကိုးခုအနက် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်တို့တွင် နံနက် ၇ နာရီမှ ၁၁ အထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ကြိမ် ရေပေးဝေမည် ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်း မြို့နယ်တို့တွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်သာ ရေပေးဝေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေခြင်းကို ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ ဧပြီလ ၁၆ ရက်အထိ လေးရက် ဆောင်ရွက်မည် ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့တွင် မြို့နယ်အားလုံးကို ယခင် ပုံမှန်အတိုင်း ရေပေးဝေသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရေက အခုလည်း အချိန်နဲ့ပဲ လာတာ များတယ်။ မနက်စောစောပိုင်းနဲ့ ညပိုင်းတွေပဲ လာတာပါ။ အချိန်ပိုင်း ဖြစ်မယ် ဆိုရင်လည်း အခက်အခဲတော့ အများကြီး မရှိနိုင်ဘူး၊ ရေလာမယ့် အချိန်ကို ကြေညာပေးဖို့တော့ လိုပါတယ်” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ဦးအောင်ကျော်မြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ရေလှောင်ကန်များမှ တစ်ရက်လျှင် ရေဂါလန်သန်း ၁၆၀ ခန့်ကို နေ့စဉ် ဖြန့်ဝေပေးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှသိရှိသည်။

The Voice Weekly
မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် အတွင်း ရေကစားခြင်းကြောင့် ပြည်သူများ ရေပြတ်လပ်မှု မရှိစေရန် အတွက် ရန်ကုန်မြို့တော်၏ မြို့နယ် ကိုးခုတွင် အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် အမှိုက်သိမ်းစနစ် ပုဂ္ဂလိကထံ လွှဲပြောင်းမည်

ရန်ကုန်မြို့တော် အမှိုက်သိမ်းစနစ် ပုဂ္ဂလိကထံ လွှဲပြောင်းမည်
Tuesday, March 25, 2014 

ရန်ကုန်မြို့တော်တွင်း ထွက်ရှိသော စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်က လုပ်ကိုင်လျက် ရှိရာမှ လာမည့်နှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်တွင် ရှိသော မြို့နယ် ၃၀ ကျော်ကို ခရိုင်လေးခု ခွဲခြားကာ အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက် များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

“နိုင်ငံတကာမှာလည်း အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းတွေကို ပုဂ္ဂလိကပဲ လုပ်နေတာ ဆိုတော့ ရန်ကုန်က အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကိုလည်း ပုဂ္ဂလိက လွှဲပေးတာပါ” ဟု (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။ 

အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက်များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေနှင့် အဆိုပါ ဌာနထံ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံး ထားကာ တင်ဒါ လျှောက်ထားရမည် ဖြစ်ကြောင်း၊ အဆိုပါ ဌာနထံမှ သိရှိရသည်။

“အမှိုက်သိမ်းတဲ့ လုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေက လုပ်ကိုင်ရင် စည်ပင်ထက် ပိုကောင်းလာမယ်လို့ ထင်တယ်။ အပြိုင်အဆိုင်နဲ့ အကောင်းဆုံးနဲ့ ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ အခုလို အမှိုက်ပုံးထဲမှာ ပြည့်လျှံနေတာတို့၊ အနံ့ဆိုးတွေ ထွက်နေတာမျိုး မရှိနိုင်တော့ဘူး” ဟု အလုံမြို့နယ် ဌာနရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး လုပ်ကိုင်ခွင့် သက်တမ်း ၁၀ နှစ် ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရှိရသည်။

အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကို ခရိုင်အလိုက်သာ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး၊ မြို့နယ်တစ်ခုချင်းစီ လုပ်ကိုင်ခွင့် မပြုကြောင်း၊ တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများ အနေနှင့် အာမခံကြေး ကျပ်သိန်း ၅၀ ပေးသွင်းရမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင် ထွက်ရှိသော အမှိုက်များမှ စွမ်းအင် ထုတ်လုပ်မည့် လုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့် ပြုခဲ့သည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်မှ တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly
ရန်ကုန်မြို့တော်တွင်း ထွက်ရှိသော စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်က လုပ်ကိုင်လျက် ရှိရာမှ လာမည့်နှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်တွင် ရှိသော မြို့နယ် ၃၀ ကျော်ကို ခရိုင်လေးခု ခွဲခြားကာ အမှိုက် သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက် များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူ ပို့ဆောင်ခြင်း

မြန်မာနိုင်ငံကို ကားတင်သွင်းရာမှာ ပေးဆောင်ရမယ့် ကညန အခွန်တွေကို သိသိသာသာ လျှော့ပေးတော့မှာ ဖြစ်ပါတယ်

နိုင်ငံခြားကနေ ကားတစ်စီး သွင်းလာရင် ကာစတမ် ဂျူတီနဲ့ ကညန အခွန် ဆိုပြီး ၂ မျိုး ပေးရတာ ဖြစ်ပြီး အခု ကညန အခွန်တွေ သက်သာခွင့် ပေးမယ်လို့ ဆိုပါတယ်။
တချို့ ကားတွေကို သတ်မှတ်အုပ်စု ပြောင်းပေးလိုက်လို့ ၉၅ ရာနှုန်းအထိ အခွန် သက်သာ သွားမယ်လို့ ပြောပါတယ်။ အရင်က အိမ်စီးကား စာရင်းမှာ ထည့်ထားတဲ့အတွက် ကညန အခွန်ကို ၁ဝဝ ရာခိုင်နှုန်း အပြည့် ပေးခဲ့ရတဲ့ လူ ၁၁ ယောက်နဲ့အထက် ဘတ်စ်ကား အငယ်လေးတွေ ဆိုရင် အုပ်စုပြောင်း

ကြပ်ကြပ်ထုပ်ထုပ် ကြိုက်သူများ သတိပြု


ကြပ်ကြပ်ထုပ်ထုပ် ကြိုက်သူများ သတိပြု

ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုး သမီးများအတွက် ရွေးချယ်စရာများကလည်း များပြားလှသည်။ လူအများ ရွေး ချယ်သည့် အဝတ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေး အတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ် ဝတ်ဆင်သည့် အဝတ် အစားများ ပုံမှန်လဲလှယ်မှု မရှိသည့်အတွက် လုံလောက်သည့် သန့်ရှင်းမှု မရှိခြင်း၊ ကြပ်လွန်းသည့် အဝတ်အစားများကြောင့် သတိမပြုမိလိုက် သော်လည်း နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကုဆရာဝန် ဒေါက်တာ မြတ်စန္ဒာကျော်က ပြောသည်။ ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေသည့် ဘောင်းဘီကြပ်ကြပ်များ လူငယ်ထုအတွင်း ပိုမိုအကြိုက်များလာကြသည်။

ထိုဘောင်းဘီအကြပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဖြစ်စေသည့် အကြောင်းရင်းများစွာထဲမှ တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရသည်။ ဘောင်းဘီကြပ်ကြပ်သည် စမတ်ကျ လှပသော်လည်း သက်သောင့်သက်သာတော့ သိပ်မရှိလှပေ။ လှုပ်ရှား သွားလာနေသူများအတွက် ကြပ်နေသည့် ဘောင်းဘီသည် အရေပြား ပွန်းခြင်းများ၊ နီရဲလာခြင်းများနှင့် သွေးခြေဥခြင်းများအထိ ဖြစ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပွန်းနေသည့် အရေပြားမှတစ်ဆင့် ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်ကြောင်း သိရသည်။

ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါ မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ညပိုင်းတွင် ဆီမကြာခဏသွားခြင်း၊ ဆီးအရောင်အနံ့ပြောင်းလာခြင်းနှင့် ဆီးသွားလျှင် သွေးပါခြင်းတို့သည် ရောဂါလက္ခဏာများဖြစ်ပြီး ဆီးနှင့် ကျောက်ကပ်ရောဂါ အများစုမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပွားခြင်းဖြစ်ကာ စောစီးစွာ မကုသပါက ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ဘောင်းဘီရှည် အကြပ်သည် အစာအိမ်ကို သွားဖိမိသည့်အတွက် အစာအိမ်ထဲမှ အစာချဉ်ရည်များထွက်ခြင်း၊ ရင်ခေါင်းပူပြီးနာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မကြာခဏ ဝမ်းသွားခြင်း စသည့် ဆိုးရွားသည့် ပြဿနာများပါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

 "အောက်ခံ အဝတ်ကြပ်ကျပ်တွေကတော့ ပထမဆုံး ပေါင်ပွန်းတာတွေ ဖြစ်တယ်။ ပြီးရင် မွေးညင်းပေါက်တွေ ရောင်လာတာ၊ မှိုပိုးဝင်တာတွေ ဖြစ်လာတယ်။ အရေပြားမှာ ပွေးပေါက်တာမျိုးတွေဖြစ်ပြီး အဲဒီကနေ စနစ်တကျ ကုသမှုမရှိရင် ထပ်ဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်” ဟု ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။ အရေပြားတွင် ဖြစ်သည့် ယားနာများအတွက် လိမ်းဆေးများအသုံးပြုလျှင် လွယ်လွယ်ကူကူ ပျောက်ကင်းနိုင်သည်ဆိုသော်လည်း လိမ်းဆေးအချို့တွင် အရေပြား ကိုယ်ခံစွမ်းအားကျစေသည့် စတီးရွိုက်ပါဝင်သော လိမ်းဆေးများလည်း ရှိသည်။

ထိုကဲ့သို့သော လိမ်းဆေးများအား ရိုးရိုး ယားနာပျောက်ရန်အတွက် လိမ်းသည့်အခါ အရေပြားပွန်းပဲ့ခြင်းကြောင့် ပုံမှန်မဟုတ်သော အရေပြားသည် အရေပြားကိုယ်ခံစွမ်းအား ကျဆင်းသွားစေပြီး ပိုးဝင်ခြင်းကို ပိုမိုဆိုးရွားသွားစေသည်လည်းရှိကြောင်း သိရသည်။ ဘောင်းဘီကြပ်များက ပေါင်နေရာအား စည်းထားသလို ဖြစ်သည့်အတွက် ကျင်ခြင်း၊ နာခြင်း၊ ထုံခြင်းတို့အပြင် အာရုံကြောများ ဖိထားသလိုဖြစ်ခြင်းကြောင့် ခြေထောက် အာရုံကြောများ နာကျင်စေခြင်း၊ တင်ပါးစုံမှ အာရုံကြောများ ထိခိုက်နိုင် ခြင်းတို့ပါ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ ထို့အပြင် ကြပ်လွန်းသည့် ဘောင်းဘီများကြောင့် ခြေထောက်ရှိ အကြောများ ပြတ်တောက်၍ အရေပြားတွင် အကြောများ ပြတ်တောက်ခြင်းကြောင့် ဖြစ်သည့် ဆိုးကျိုးများလည်း ဖြစ်ပေါ်စေနိုင်သည်။ ဆီးချိုရောဂါရှိသူများ၊ ကိုယ်အလေးချိန်များသူများ၊ တုံ့ပြန်လွယ်သည့် အသားအရေရှိသူများ၊ မူလက အရေပြားရောဂါ ခံစားနေရသူများ ဘောင်းဘီကြပ်ကြပ်ဝတ်ခြင်းအား ပိုမိုသတိပြုသင့်ကြောင်း သိရသည်။ များသောအားဖြင့် ကိုယ်အလေးချိန် တက်လာသော်လည်း အောက်ခံအဝတ်အစားများအား မူလသုံးသည့် ဆိုဒ်များသာ သုံးခြင်းကလည်း အရေပြားပွန်းပဲ့ပြီး နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသား၊ အမျိုးသမီးများအတွက် အောက်ခံအဝတ်အစားများသည် ကျန်းမာရေးအတွက် အရေးကြီးသည်။ အောက်ခံအဝတ်အစားကို အကြမ်းဖျင်းအားဖြင့် တစ်ရက်ထက်ပို၍ ဝတ်ဆင်ရန် မသင့်တော်ပေ။

ခန္ဓာကိုယ်မှ ထွက်ရှိလာသည့် ချွေးများကြောင့်နှင့် စိုစွတ်နေသည့် အောက်ခံအဝတ်အစားများအတွင်း ပိုးပေါက်ဖွားပြီး မှိုပိုးများ ဝင်နိုင်ခြင်း၊ ပွေးကဲ့သို့သော အရေပြားရောဂါများ ဖြစ်ပွားလာနိုင်ခြင်း စသည်တို့ကို ခံစားကြရနိုင်ကြောင်း သိရသည်။ ထို့အပြင် အဟောင်းများကို မကြာခဏ ပြန်ဝတ်ခြင်း၊ အလွန်ဟောင်းသွားသည်အထိ ထိုအောက်ခံများအား အသုံးပြုနေခြင်းတို့သည် အောက်ခံအဝတ်များ ဟောင်းသည့်အခါတွင် ထွက်လာသော အမွေးများက အရေပြားတွင် တုံ့ပြန်လွယ်ခြင်းများကြောင့် အရေပြားနီရဲခြင်း၊ ရောင်ခြင်းများလည်း ခံစားရနိုင်ကြောင်း ဒေါက်တာ မြတ်စန္ဒာကျော်က ပြောသည်။ အောက်ခံအဝတ်အစားများအား ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ဘဲ အခြားသူများနှင့် မျှဝေသုံးစွဲခြင်း၊ တစ်ထည်တည်းကို ထပ်ခါဝတ်ခြင်း၊ ပူလောင်နေသည့် အသားဖြင့် ချုပ်ထားသော ပစ္စည်းများသုံးခြင်းကို ဆင်ခြင်ခြင်းဖြင့် ရောဂါများ ကူးစက်ဖြစ်ပွားခြင်းကိုလည်း သတိပြုရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောက်ခံအဝတ်အစား ကြပ်ကြပ်များအား ၂၄ နာရီလုံး ဝတ်ဆင်ထား ခြင်းသည် အမျိုးသားများအတွက် သားသမီးရနိုင်သည့် စွမ်းရည်ကိုပါ ကျဆင်း စေသည်အထိ ဖြစ်နိုင်ကြောင်းနှင့် ကြပ်လွန်းသည့် အောက်ခံ အဝတ်အစားများကို အမျိုးသား၊ အမျိုးသမီးများပါ ညအိပ်ဝတ်ခြင်းကိုမူ လုံးဝရှောင်ကြဉ်သင့်ကြောင်း နိုင်ငံတကာမှ ပညာရှင်များကလည်း အကြံပြု ပြောကြားထားသည်။

“ညဘက်အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေလည်း နားနေ ကြတယ်။ အဲဒီချိန်မှာ အညစ်အကြေးတွေ ထုတ်တာ၊ ကိုယ်ခံအားစနစ်တွေ ပြုပြင်ပေးတာတွေ လုပ်နေတဲ့အချိန်မှာ ကြပ်တဲ့ အောက်ခံတွေက အနှောင့် အယှက်တွေပေးတယ်။ အမျိုးသားတွေမှာ အဲလို အောက်ခံကြပ်ကြပ်တွေရဲ့ ဆိုးကျိုးကို ပိုခံစားကြရတယ်” ဟု ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။ နေ့စဉ် ဝတ်ဆင်သည့် အဝတ်အစားများမှတစ်ဆင့် ရောဂါများ ရရှိသည်အထိ မဖြစ်စေရန် ရွေးချယ်အသုံးပြုကြရန် လိုအပ်ပြီး မိမိနှင့် သင့်လျော်သည့် သိပ်မကြပ်လွန်း၊ မကျယ်လွန်းသည့် အဝတ်အစားများ အသုံးပြုခြင်း၊ အောက်ခံ အဝတ်အစားများအား တစ်ထည်တည်းကို ထပ်ခါဝတ်ဆင်ခြင်းနှင့် အချိန်ကြာ ဝတ်ဆင်ခြင်းအား သတိပြုခြင်း၊ ချွေးစုပ်နိုင်သည့် အသားဖြင့် ပြုလုပ်ထားသော အောက်ခံများအား အသုံးပြုသင့်ကြောင်း သိရသည်။ နိုင်ငံတကာရှိ ကျန်းမာရေးဆိုင်ရာ ပညာရှင်များမှ လေ့လာတွေ့ရှိထားသည့် ကျန်းမာရေးအတွက် ဆိုးရွားစေသည့် ဆင်ခြင်ရမည့် အချက်များထဲတွင် ဒေါက်ဖိနပ်အမြင့်များစီးခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ ခန္ဓာကိုယ် အပေါက် များဖောက်ခြင်း၊ နေပူခံခြင်း စသည့် အကြောင်းအရာများအပြင် အလွန် ကြပ်သည့် ဘောင်းဘီများကလည်း ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားကြသည်။

ဝတ်ရည်အောင်
ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုး သမီးများအတွက် ရွေးချယ် စရာများ ကလည်း များပြားလှသည်။ လူအများ ရွေး ချယ်သည့် အဝတ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ် ဝတ်ဆင်သည့် အဝတ် အစားများ ပုံမှန်လဲလှယ်မှု မရှိသည့်အတွက် လုံလောက်သည့် သန့်ရှင်းမှု မရှိခြင်း၊ ကြပ်လွန်းသည့် အဝတ်အစားများကြောင့် သတိမပြုမိလိုက် သော်လည်း နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကုဆရာဝန် ဒေါက်တာ မြတ်စန္ဒာကျော်က ပြောသည်။ ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေ

ဆီယက်တဲလ် မြေပြိုမှု ၈ ယောက်သေ၊ ၁၀၈ ဦး ပျောက်ဆုံးဆဲ

ဆီယက်တဲလ် မြေပြိုမှု ၈ ယောက်သေ၊ ၁၀၈ ဦး ပျောက်ဆုံးဆဲ
Tuesday, March 25, 2014

လူ ၈ ယောက်ထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူ ၁၀၈ ယောက်အထိရှိနေတဲ့ အမေရိကန်က မြေပြိုကျတဲ့ ဖြစ်ရပ်တစ်ခုမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့မျှော်လင့်ချက် မှေးမှိန်လာနေပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်မှာ သဲတွေလိုကျွံကျထားတဲ့ ရွှံ့နွံ့အပျက်အစီးပုံကြီးထဲမှာ ကယ်ဆယ်ရေး လုပ်သားတွေက ရှာဖွေရေး ဆက်လုပ်နေကြပါတယ်။ တချို့နေရာတွေမှာဆိုရင် အကျယ်အဝန်းက ၁ မိုင်ကျော်ရှိပြီး ၁၉ ပေကျော်နက်ပြီးတော့ ရွှံ့နွံတွေနဲ့ သစ်ပင်တွေနဲ့ ရောထွေး ဖုံးလွှမ်းနေပါတယ်။

စနေနေ့မနက်ပိုင်းမှာ ပြင်းထန်တဲ့အင်အားနဲ့ မြေပြိုကျခဲ့ချိန်က ဆီယက်တဲလ်မြို့တော်မြောက်ဘက် ကျေးလက်ဒေသလေးမှာ နေထိုင်ခဲ့ဖွယ် ဒါမှမဟုတ် ကား ဖြတ်မောင်းသွားဖွယ်ရှိတဲ့ လူ ၁၀၈ ယောက်ရဲ့ အမည်စာရင်းကို တာဝန်ရှိသူတွေက ထုတ်ပြန် ကြေညာထားပါတယ်။ စနေနေ့မှာ အခင်းဖြစ်ခဲ့ပြီးကတည်းက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကိုမှ မတွေ့ရသေးပါဘူး။

အပျက်အစီးပုံတွေကြားမှာ သက်ရှိထင်ရှားရှိနေသူ တစ်ယောက်ယောက်ရဲ့ ဘယ်လို အရိပ်လက္ခဏာမျိုးကိုမှ ကယ်ဆယ်ရေး လုပ်သားတွေ မကြားရသေးဘူးလို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ပြောပါတယ်။

မြေပြိုကျတဲ့လမ်းကြောင်းတလျှောက် အိမ် အလုံး ၃၀ ထက်မနည်း ပျက်စီးပြီး ဒဏ်ရာရသူ ၈ ယောက်ရှိပါတယ်။ မကြာသေးခင်က အပြင်းအထန်မိုးရွာပြီး မြေအောက်ရေ ပြည့်လျှံလာတာကြောင့် မြေပြိုကျတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။

VOA

လူ ၈ ဦးသေဆုံး၊ ၁၀၀ ကျော်ပျောက်ဆုံးနေဆဲ ဝါရှင်တန်ပြည်နယ်၊ ဆီယတ်တဲလ် မြေပြိုမှု။ (မတ်လ ၂၄၊ ၂၀၁၄)
လူ ၈ ယောက်ထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူ ၁၀၈ ယောက်အထိရှိနေတဲ့ အမေရိကန်က မြေပြို ကျတဲ့ ဖြစ်ရပ်တစ်ခုမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့မျှော် လင့်ချက် မှေးမှိန် လာနေပါတယ်။

နိုနိုင်ငံအနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်မှာ သဲတွေလိုကျွံကျထားတဲ့ ရွှံ့နွံ့အပျက်အစီးပုံကြီးထဲမှာ ကယ်ဆယ်ရေး လုပ်သားတွေက ရှာဖွေရေး ဆက်လုပ်နေကြပါတယ်။ တချို့နေရာတွေမှာဆိုရင် အကျယ်အဝန်းက ၁ မိုင်ကျော်ရှိပြီး ၁၉ ပေကျော်နက်ပြီးတော့ ရွှံ့နွံတွေနဲ့ သစ်ပင်တွေနဲ့ ရောထွေး ဖုံးလွှမ်းနေပါတယ်။

သီတင်းပတ် နှစ်ပတ်ကျော် အကြာ ထူးဆန်းစွာ ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် MH370 လေယာဉ် ရှာတွေ့ပြီ

သီတင်းပတ် နှစ်ပတ်ကျော် အကြာ ထူးဆန်းစွာ ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် MH370 လေယာဉ် ရှာတွေ့ပြီ

သီတင်းပတ် နှစ်ပတ်ကျော် အကြာ ထူးဆန်းစွာ ပျောက်ဆုံးလျက်ရှိ နေခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် MH370 လေယာဉ်အား ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က မတ် ၂၄ရက်တွင် အတည်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံး နေခဲ့သည့် အဆိုပါ လေယာဉ်၏ အပျက်အစီး များအား အိန္ဒိယ သမုဒ္ဒရာ၏ တောင်ဘက်တွင် ဗြိတိန် နိုင်ငံမှ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး ကုမ္ပဏီတစ်ခုက ဆန်းစစ် လေ့လာ ခဲ့ပြီးနောက် ယင်းသို့ အတည်ပြု နိုင်ခဲ့ခြင်းဖြစ်ပြီး  လေယာဉ်ပေါ်တွင်  လိုက်ပါလာ ခဲ့သည့်ခရီးသည်အားလုံးမှာ သေဆုံးသွားခဲ့ ကြောင်း ဝန်ကြီးချုပ် နာဂျစ် က ပြောကြားခဲ့သည်။

လေယာဉ်ပျက်အား တွေ့ရှိခဲ့သည့် နေရာသည် ဝေးလံခေါင်သီသည့် နေရာတစ်ခု ဖြစ်သောကြောင့် ခရီးသည် အားလုံးမှာ သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ယင်းနေရာ အနီး တွင် ပြင်သစ်နှင့် တရုတ် လေယာဉ်များက အပျက်အစီးများကို မတ် ၂၄ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းးက ထပ်လောင်း ပြောကြား ခဲ့သည်။

ဗြိတိန် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Inmarsat ကုမ္ပဏီက ဂြိုဟ်တုမှ ဖမ်းယူရရှိခဲ့သည့် ပုံရိပ်နှင့် အချက်အလက်များအား မလေးရှား အစိုးရထံ ပေးပို့ခဲ့ပြီး တွေ့ရှိချက် များအရ မလေးရှား ခရီးသည်တင် လေယာဉ်သည် လူသူ နီးစပ်မှု မရှိသည့် သမုဒ္ဒရာ အတွင်းသို့ ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်းကို အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာမှာ သြစတြေးလျ နိုင်ငံ ပါ့သ်မြို့၏ အနောက်ဘက် အိန္ဒိယသမုဒ္ဒရာ အတွင်း၌ ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းသည် ယခုအခါ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သည့် ခရီးသည် များ၏ ဆွေမျိုးသားချင်း များအား အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို မတ် ၂၅ရက်တွင် ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲ၌ ထပ်မံ၍ ပြောကြားသွား မည်ဖြစ်ကြောင်း နာဂျစ်က ပြောကြားခဲ့သည်။
သီတင်းပတ် နှစ်ပတ်ကျော် အကြာ ထူးဆန်းစွာ ပျောက်ဆုံးလျက်ရှိ နေခဲ့သည့် မလေးရှား လေကြောင်း လိုင်းပိုင် ခရီးသည်တင် MH370 လေယာဉ်အား ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က မတ် ၂၄ရက်တွင် အတည်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံး နေခဲ့သည့် အဆိုပါ လေယာဉ်၏ အပျက်အစီး များအား အိန္ဒိယ သမုဒ္ဒရာ၏ တောင်ဘက်တွင် ဗြိတိန် နိုင်ငံမှ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး ကုမ္ပဏီတစ်ခုက ဆန်းစစ် လေ့လာ ခဲ့ပြီးနောက် ယင်းသို့

တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီးအချို့၏ အဂတိလိုက်စားမှုများ အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့တွင် ဆန္ဒပြ

တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီး အချို့၏ အဂတိလိုက်စားမှုများ အတွက် မတ် ၂၄ ရက် နံနက်က ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။  ယင်းကဲ့သို့ ဆန္ဒပြရသည့်အကြောင်းရင်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားစီရင်ရေးနယ်ပယ်မှ တရားသူကြီးအချို့၏ မျက်ကွယ်ပြု လာဘ်စားပြီး အဂတိလိုက်စားမှု များကို ပြည်သူများ သိရှိစေရန်အတွက် ဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုက ပြောကြားသည်။  ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော်က "တိုင်းတရားသူကြီးတွေက မြို့နယ်တရားသူကြီး တွေအပေါ်မှာ လွှမ်းမိုးမှုတွေ ရှိနေတယ်။ တိုင်းတရားသူကြီး အချို့ရဲ့ အဂတိလိုက်စားမှုတွေက တရားစီရင်ရေး နယ်ပယ်ကို ယိမ်းယိုင်စေတယ်။

မန်ယူနှင့်ပွဲတွင် ဘိုင်ယန်အိမ်ကွင်း တစ်စိတ်တစ်ပိုင်းပိတ်ပင်ခံရမည်


မန်ယူနှင့် ကစားရမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းတစ်စိတ်တစ်ပိုင်း ပိတ်ပင်ခံရမည်ဖြစ်သည်။ ဘိုင်ယန် ပရိသတ်များမှာ အာဆင်နယ်နှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ပြိုင်ဘက်အသင်းကို စော်ကားကို စာတန်းများ ကိုင်ဆောင်ဖော်ပြခဲ့ကြပြီး

လူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံးက သေဒဏ်ချ


သေဒဏ်ချမှတ်ခံရသူတွေရဲ့ ဆွေမျိုးအချို့
အီဂျစ်နိုင်ငံမှာ မတရားသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ အပေါ် ထောက်ခံ အားပေးသူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံး တစ်ခုက သေဒဏ် ချမှတ် လိုက်ပါတယ်။
အဲဒီသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လက အစ္စလာမ်မစ် ဘာသာရေးဝါဒီ သမ္မတဟောင်း မော်ဆီ အပေါ် ထောက်ခံမှုကို ပြသတဲ့ ထိုင်သပိတ် ဆင်နွှဲခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရခိုင်မှာသန်းခေါင်စာရင်း ကောက်ခံမှုကို သံသနာ့အလံထူ ဆန္ဒပြ

သန်းခေါင်စာရင်း_ရခိုင်_2014325
သာသနာ့အလံကို အိမ်တွေမှာ စိုက်ထူထားကြတဲ့ပုံ (Credit: ABC) 
ရခိုင်ပြည်နယ်အတွင်းမှာ ​သန်းခေါင်စာရင်းကောက်ယူမယ့် ​အစီအစဉ်ကို ​ကန့်ကွက်တဲ့အနေနဲ့ ​မနေ့က စတင်ပြီးတော့ ​တပြည်နယ်လုံးအတိုင်းအတာနဲ့ ​သာသနာ့အလံစိုက်ထူလိုက်ကြပါတယ်။
အဲ့ဒါအပြင် ​မတ်လ ​၃၀ရက်နေ့ကနေ ​ဧပြီလ ​၁၀ရက်နေ့ထိကောက်ခံမယ့် ​သန်းခေါင်စာရင်းမှာ ​အကောက် မခံပဲနေကြဖို့လည်း ​တိုက်တွန်းထားကြပါတယ်။
သန်းခေါင်စာရင်း ​ကောက်ခံမှု ​ကန့်ကွက်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ​စစ်တွေမြို့က ​ဆန္ဒပြရာမှာ ​ဦးဆောင်သူ ​တဦးဖြစ်တဲ့ ​ဦးသန်းထွန်းက ​အခုလိုပြောပါတယ်။

သန်းခေါင်စာရင်း ဖြည့်လျှင် မျိုးနွယ်စုကို မေးမည်

Photo: သန်းခေါင်စာရင်း ဖြည့်လျှင် မျိုးနွယ်စုကို မေးမည်
2014-03-24

ကချင်ပြည်နယ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ကချင်လူမျိုးလို့ ဖြေဆိုသူတွေကို ဘာမျိုးနွယ်စုလဲဆိုတဲ့မေးခွန်းကိုလည်း မေးမြန်းမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူမယ့် မေးခွန်းပုံစံမှာ ကချင်မျိုးနွယ်စုတွေရဲ့ ဘုံနာမည်ဖြစ်တဲ့ "ကချင်" ကို မျိုးနွယ်စု စာရင်းမှာ ကုတ်နံပါတ် "၁၀၁"လို့ ထည့်သွင်းထားတဲ့အပေါ် နောက်ထပ် မျိုးနွယ်စုမေးခွန်းကို မေးမြန်းဖို့ ရှိမရှိ ဒေါ်ဒွဲဘူက မေးမြန်းခဲ့တာပါ။

ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ကချင်လို့ဖြေဆိုသူတွေကို မျိုးနွယ်စုမေးခွန်း ဆက်လက် မေးမြန်းမှာ ဖြစ်တယ်လို့ အခုလို ဖြေပါတယ်။

" မည်သို့ပင် ဖြစ်စေကာမူ ဖြေကြားသူက ကချင်လူမျိုးလို့ ဖြေကြားပါက စာရင်းကောက်များက ကချင်လူမျိုးတွင် မည်သည့် မျိုးနွယ်စု ဖြစ်ပါသလည်းဟု ထပ်မံ မေမြန်းပေးပါမည် ပြည်သူ့ဆန္ဒနဲ့ အညီလည်း လိုက်နာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထပ်မံ ရှင်းလင်းဖြေကြားအပ်ပါတယ်"

လက်ရှိ ၂၀၁၄ သန်းခေါင်စာရင်းပုံစံဟာ ၁၉၇၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းအပေါ် အခြေခံပြီး တိုင်းရင်းသား ၁၃၅ မျိုးကို အတည်ပြုထားတာဖြစ်ကြောင်းနဲ့ ကုတ်နံပါတ်မရှိသေးတဲ့ တိုင်းရင်းသားတွေကို 'အခြား' ဆိုတဲ့နေရာမှာ ထည့်သွင်းစေတာလို့  ဒုတိယ၀န်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ကချင်လူမျိုးလို့ ဖြေဆိုသူတွေကို ဘာမျိုးနွယ်စုလဲဆိုတဲ့မေးခွန်းကိုလည်း မေးမြန်းမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ရဲ့ မေးခွန်း ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

MH370 အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျ၊ အသက်ရှင်ကျန်ရစ်သူမရှိလို့ဆို


ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ် ​ဟာ ​အိန္ဒိယသမုဒ္ဒရာ ​တောင်ပိုင်းမှာ ​ပျက်ကျ သွားပြီး ​လေယာဉ်ပေါ်မှာ ​လိုက်ပါလာသူအားလုံး ​အသက်ရှင်ကျန်ရစ်တာ ​မရှိနိုင်ဘူးလို့ ​မလေးရှား ဝန်ကြီးချုပ် ​Najib ​Razak ​က ​ပြောလိုက်ပါတယ်။