Sunday, March 30, 2014

ပရီးမီးယားလိဂ်

     
                            ပွဲစဉ်               ရမှတ်

1 Liverpool              32                  71
2 Chelsea                32                  69
3 Manchester City    30                   67
4 Arsenal                32                   64
5 Everton               31                    60
6 Tottenham           32                    56
7 Manchester          32                    54
8 Southampton       32                    48
9 Newcastle United 32                    46

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရှိ

Photo: သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရှိ

ရန်ကုန်၊ မတ် ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း အဆိုပါ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဟံသာဝတီ ဦးဝင်းတင်သည် ကျန်းမာရေး အခြေအနေများကို စစ်ဆေးရန် ဝိတိုရိယဆေးရုံတွင် ဆေးကုသနေရာမှ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အသက်ရှူကျပ်လာပြီး သတိမရသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ရကြောင်း ၎င်းကဆိုသည်။

“ကျွန်တော် နေ့လယ်က သွားကြည့်တဲ့အထိ သတိမရသေးဘူး၊ အောက်ဆီဂျင် ပေးထားရသေးတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို သွားရောက်ကြည့်ရူခဲ့သူ ဒီလှိုင်းဂျာနယ် အမှုဆောင် အယ်ဒီတာ မုံရွာအောင်ရှင်ကို ညနေ ၆ နာရီတွင် ဆက်သွယ် မေးမြန်ရာတွင် သတိပြန်လည်ရရှိခြင်း မရှိသေးဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင် ၅-၆ တွင် ကုသနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မနေ့ကအထိ ကောင်းကောင်းမွန်မွန်ပဲ။ မနက်ကျမှ အသက်ရှူကျပ်ပြီး သတိလစ်သွားတာနဲ့ ဆေးရုံပြောင်းလိုက်ရတယ်။ အဆုတ်ကနေ ပြန်ဖြစ်တာလို့ ဆရာဝန်တွေက ပြောတယ်” ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်သည် အသက် ၈၄ နှစ်ရှိပြီး နှစ်ရှည်လများ အကျဉ်းထောင်တွင်း ရရှိခဲ့သော ဒဏ်ရာများအပြင် နှလုံးတွင်လည်း စက်တပ်ဆင်ထားရသော သူတစ်ဦးဖြစ်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တည်ထောင်ခဲ့သူ ဦးဝင်းတင်သည် ယခင်အစိုးရများ လက်ထက်တွင် ထောင်ဒဏ်နှစ် ၂၀ ကျော် ချမှတ်ခြင်းခံရပြီး ထောင်တွင်းတွင် ၁၉ နှစ်ကျော် နေထိုင်ခဲ့ရကာ၂၀၀၈ ခုနှစ်စက်တင်ဘာ ၂၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခြင်းခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ထုတ်ဝေသော ဒီလှိုင်းဂျာနယ်တွင်လည်း အကြံပေးအဖြစ် ဆောင်ရွက်လျက် ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း အဆိုပါ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
ဟံသာဝတီ ဦးဝင်းတင်သည် ကျန်းမာရေး အခြေအနေများကို စစ်ဆေးရန် ဝိတိုရိယဆေး ရုံတွင် ဆေးကုသနေရာမှ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အသက်ရှူကျပ်လာပြီး သတိမရသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ရကြောင်း ၎င်းကဆိုသည်။

ရည်းစားမထားခင် သိထားသင့်၊ ကန့်သတ်ထားသင့်တဲ့ အရာများ

ကိုယ့်ကို ချစ်ကြိုက်နေတဲ့ ကောင်လေး၊ လိုက်နေတဲ့ ကောင်လေးရှိတယ် ဆိုပါစို့။ သူ့ကိုလည်း ကိုယ်က ပြန်စိတ်ဝင်စားနေပြီ။ ဒါပေမယ့် သူ့ကိုတန်းပြီးတော့ အဖြေမပေးချင်သေးဘူး။ အနည်းဆုံး သူနဲ့ ဒိတ်ကြည့်ဦးမယ်။ ပြီးတော့မှ အဖြေပေးမယ်လို့ စဉ်းစားထားတဲ့ ပျိုမေတွေအတွက် ကိုယ့်ကိုယ်ကို ကန့်သတ်ထားသင့်တဲ့အရာတွေ ရှိနေပါတယ်။ စည်းမျဉ်းစည်းကမ်းတစ်ချို့ကို ကိုယ်တိုင်ချမှတ်ထား မှသာ နောက်ပိုင်းအတွက် အဆင်ပြေမှာပေါ့။
၁။ပထမဆုံး ဒိတ်တဲ့နေ့မှာ မနမ်းမိပါစေနဲ့။

Laser World ကုမ္ပဏီက တရားစွဲလျှင် ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိဟု တေးသံရှင် Cobra ပြောကြား



ရိုက်ကူးရန် စီစဉ်နေသော ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူ ပျောက်ဆုံးမှုဖြင့် အမှုဖွင့်ခံထားရသော Laser World ကုမ္ပဏီမှ အမျိုးသမီး ဝန်ထမ်းဟောင်း ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်ခတ်ကာ ဆေး ကုသမှု ခံယူနေပုံကို လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် တင်ခဲ့မှုနှင့် ပတ်သက် ၍ Laser World ကုမ္ပဏီက တရားစွဲဆိုလာပါက ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိကြောင်း တေးသံရှင် Cobra က The Voice သို့ ပြောကြားသည်။
“ဒီဓာတ်ပုံကို တင်ခဲ့တယ် ဆိုတာကလည်း ဒီကောင်မလေးနဲ့က ကိုယ့်ကို အင်တာဗျူးတွေလုပ်ရင်း

စစ်တွေပဋိပက္ခ ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမည်



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် INGO နှင့် ဒေသခံများကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူ များကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့သည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဦးဆောင် ပါဝင်ခဲ့သူများနှင့် ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေး ဖော်ထုတ်ရန်

ရိုဟင်ဂျာဟု သန်းခေါင် စာရင်းတွင် ရေးသွင်းမှု ခွင့်မပြုဟု သမ္မတ ပြော

ရိုဟင်ဂျာ, ဘင်္ဂါလီ, သန်းခေါင်စာရင်း ကောက်ယူမှု, ဦးရဲထွဋ်, ၀န်ကြီး ဦးခင်ရီ
ယနေ့တွင် ကျင်းပသည့် တွေ့ဆုံပွဲ၌ သမ္မတအား တိုင်ရင်းသား ခေါင်းဆောင် အချို့နှင့် အတူတွေ့ရပုံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
သန်းခေါင်စာရင်း၌ လူမျိုးနေရာ ဖြည့်သွင်းမှုတွင် ရိုဟင်ဂျာဟု လုံးဝ ဖြည့်သွင်းခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ထည့်သွင်းရမည်ဟု သမ္မတက ပြောထားကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က “၀န်ကြီး ဦးခင်ရီက တိတ်တိတ်လေး ခေါ်ပြီးတော့ ခင်ဗျားတို့ စိတ်ချတော့၊ သမ္မတကြီးကလည်း ခွင့်ပြု ပေးလိုက်ပြီ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အတိုင်းအတာ တခုအထိ ရခိုင်တွေဆန္ဒနဲ့ ထပ်တူ ကျပါတယ်လို့

၁၅ နှစ်ကျော် မိန်းကလေးကို ဇနီးဖြစ်သူက ဆေးတိုက်ပြီး ခင်ပွန်းဖြစ်သူက အဓမ္မပြုကျင့်


ဒဂုံ ဆိပ်ကမ်းမြို့နယ် တွင် အသက်(၁၅) နှစ် (၉) လ အရွယ် မိန်းကလေးငယ် တစ်ဦး ကို လင်မယား နှစ်ဦး က ဆေးတိုက် ကာ ခင်ပွန်း ဖြစ်သူ က အဓမ္မ ပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ ကြောင်းဒဂုံ ဆိပ်ကမ်း မြို့မရဲစခန်းမှ သိရသည်။
မတ်လ (၂၄) ရက်နေ့၊ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့် က နေအိမ် သို့ လိုက်လည် သော (၁၅) နှစ်ကျော် အ ရွယ် မိန်းကလေး တစ်ဦးကို မ...... တို့ လင်မယားကအမျိုးအမည် မသိ ဆေးတစ်လုံးတိုက်ကာ နိုက်ကလပ် တစ်ခု သို့ ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် မတ်လ (၂၅) ရက်နေ့ နံနက် (၃) နာရီ အချိန် တွင် နိုက်ကလပ်မှ မ... ..တို့နေအိမ်သို့ မိန်းကလေး ကို ပြန်ခေါ်လာကြောင်း သိရသည်။ ဆေး အရှိန်ဖြင့် ခေါင်းမှုးကာ

NLD ဦးဝင်းတင်ကို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသ


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ဟာ ဒီကနေ့ မနက်ပိုင်းက ဝိတိုရိယဆေးရုံးကြီးကနေ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင် ( ICU ) သို့ ရွှေ့ပြောင်း ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ဦးဝင်းတင်သည် အသက်ရှုလမ်းကြောင်းရောဂါ တခုကြောင့် အသက်ရှုခက်ခဲနေပြီး အောက်စီဂျင်ပေးထား ရတယ်လို့လည်း သိရပါတယ်။

အသဲပုံ မျက်နှာလိုချင်လို့ ကိုရီးယားမ တစ်ဦး ခွဲစိတ်ပြုပြင်ခဲ့

တောင်ကိုရီယားက TV Presenter အမျိုးသမီး တစ်ဦးဟာ အသဲပုံ ပုံသဏ္ဍန် မျက်နှာကိုလိုချင်တာကြောင့် ပလပ်စတစ်ဆာဂျီရီ ခွဲစိတ်ပြုပြင်ခဲ့ပြီး အွန်လိုင်းမှာ သူမရဲ့  ဓာတ်ပုံများ ပြန့်နှံ့ခဲ့ ပါတယ်။
ယခင်က လှပနေတဲ့ ရုပ်ရှည်ကို ဂျပန်ကာတွန်းမလေးတွေ လို မှေးစေ့ချွန် ချွန် အသဲပုံ ပုံသဏ္ဍာန်လိုချင်တာကြောင့် ခွဲစိတ်ပြုပြင် လိုက်ခြင်း ဖြစ်ပါ တယ်။ သူမရဲ့  ခွဲစိတ်မှုဟာ အန္တရာယ် အင်မတန် များပါတယ်။ အသား အရည်တင်မဟုတ်ပဲ အရိုးအကြောများကိုပါ ခွဲစိတ်ပြုပြင်ရတာမို့ သေစေတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒါကြောင့်မှု ပလပ်စတစ် ဆာဂျရီနဲ့ ပက်သက် လို့ တောင်ကိုရီး ယား မှာ ဥပဒေ

Electronic Ticket အစားထိုး အသုံးပြုမည့် မြို့ပတ်ရထားလက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို စတင်ခေါ်ယူ

Photo: Electronic Ticket အစားထိုး အသုံးပြုမည့် မြို့ပတ်ရထားလက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို စတင်ခေါ်ယူ 

March 30, 2014

ယခင်က ခရီးသည်တင် ဘတ်စ်ကားများတွင် အသုံးပြုခဲ့သည့် i-pay ကတ်ကဲ့သို့ အသုံးပြုနိုင်မည့် ရထားလက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို မတ် ၂၉  ရက်က ခေါ်ယူမှု ပြုလုပ်ခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ရထားစီးနင်းခ လက်မှတ်များကို ပြောင်းလဲအသုံးပြုခြင်းမှာ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရပ်ကွက်မှ ရထားအသုံးပြုသူများ ပိုမိုအဆင်ပြေရန်အတွက် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။

“အခုက ဒီ E-ticket ကို အသုံးပြုဖို့ လုပ်ဆောင်တာက စီနင်းသူတွေ များလာတယ်။ များလာတဲ့အတွက်လည်း လက်မှတ်အသုံးပြုတာကိုလည်း အဆင်ပြေအောင် လုပ်ဆောင်တာပါ။ နောက်ပြီး ရထားစနစ်တွေကိုလည်း နိုင်ငံတကာစံနှုန်းနဲ့ မီအောင် လုပ်ဆောင်နေတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းစနစ်ကို ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ ပြေးဆွဲနေသော ရထားအားလုံးတွင် အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ဝက်ခန့်တွင်  စတင်နိုင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လုပ်ကိုင်လိုသူများအနေဖြင့် ဧပြီ ၁၁ ရက်မတိုင်မီ ရန်ကုန်ဘူတာကြီးသို့ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တင်ဒါစိစစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ယခင်က ဒေါ်လာဖြင့် ကောက်ခံနေသော ရန်ကုန်မြို့ပတ်ရထားအား အသုံးပြုနေသည့် နိုင်ငံခြားသားများအတွက် ရထားလက်မှတ်ခကိုလည်း မြန်မာကျပ်ငွေဖြင့် ဧပြီ ၁ ရက်မှ စတင်ကာ ရောင်းချမှုကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထား အသုံးပြုမှုမှာ တစ်ရက်လျှင် စုစုပေါင်းလူဦးရေ ၁၀၀၀၀၀ ခန့် ရှိနေပြီး နိုင်ငံခြားသားခရီးသည်များမှာ ၂၀၀ ခန့်ရှိနေကြောင်း ရန်ကုန်ဘူတာကြီး မှ သိရသည်။

လက်ရှိတွင် ရန်ကုန်ဘူတာကြီးကို နိုင်ငံတကာစံနှုန်းအတိုင်း ပြောင်းလဲအသုံးပြုနိုင်ရန် နိုင်ငံတကာအပါအ၀င် ပြည်တွင်းမှ လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူနိုင်ရန် စီစဉ်လျက်ရှိပြီး ဂျပန်အပါအ၀င် စင်ကာပူနိုင်ငံများရှိ ကုမ္ပဏီ လေးခုမှ လာရောက်တင်ပြထားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။ 

Eleven
ယခင်က ခရီးသည်တင် ဘတ်စ်ကားများတွင် အသုံးပြုခဲ့သည့် i-pay ကတ်ကဲ့သို့ အသုံးပြုနိုင်မည့် ရထား လက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို မတ် ၂၉ ရက်က ခေါ်ယူမှု ပြုလုပ် ခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ရထားစီးနင်းခ လက်မှတ်များကို ပြောင်းလဲအသုံးပြုခြင်းမှာ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး

သမီးကလေးကျေးရွာ ပြောင်းရွှေ့သူများ အဆင်မပြေသဖြင့် အများစု DKBA နောက်သို့ လိုက်တော့မည်

Photo: သမီးကလေးကျေးရွာ ပြောင်းရွှေ့သူများ အဆင်မပြေသဖြင့် အများစု DKBA နောက်သို့ လိုက်တော့မည် 

March 30, 2014

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်ရှိသည့် ၀ါးယားကုန်းကျေးရွာအနီးရှိ မြေကွက်သို့ မတ် ၂၇ ရက်က ပြောင်းရွှေ့ခဲ့ကြသည့် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုမှာ ပြန်လည်ချပေးသည့် မြေကွက်မှာ ရေရှည်အာမခံချက် မရှိဟုဆိုကာ မတ် ၂၉ ရက် နံနက်ပိုင်းက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက The Daily Eleven  သတင်းစာသို့ မိန့်ကြားသည်။

အစားပြန်လည်နေရာချပေးသည့် မြေကွက်သို့ မတ် ၂၇ ရက်တွင် စတင်ပြောင်းရွှေ့ခဲ့ကြပြီး မြေကွက်များကို မဲနှိုက် နေရာချ ပေးသည့်အခါ အမည်ပေါက် မပေးသဖြင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု ၆၄ စုက လက်မှတ်မထိုးကြဘဲ မတ် ၂၉ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

ဝါးယားကုန်းမှ ပြန်လည်ထွက်ခွာလာသည့် သမီးကလေးကျေးရွာသားတစ်ဦးက  “အာမခံချက် ဘာမှမရှိဘူး။ မြေကွက်ပိုင်ဆိုင်မှုဆိုတာလည်း မရှိဘူး။ ၀ါးတဲတောင် မဆောက်ပေးဘူး။ နောက်ပြီး ဒီမြေကွက်မှာ ၁၀ ရက်အတွင်း အိမ်ဆောက်နေရမယ်ဆိုတော့ ဘာမှမရှိတာ ဘယ်လို သွားဆောက်ရမှာလဲ။ ရေ ရတယ်လို့ပြောတယ်။ သောက်ရေက ရှိမှမရှိတာ။ နောက်ပြီး မြွေပွေးကလည်း တော်တော်ပေါတယ်။ ဒါကြောင့် မနေနိုင်တော့ဘူး။ DKBA နောက်ပဲ လိုက်တော့မယ်။ အားလုံးလိုလိုပဲ လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ”ဟု ပြောကြားသည်။

အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက“ပြောင်းရွှေ့ခဲ့တဲ့ အိမ်ထောင်စု ၆၄ စုလုံး ဒီမနက်မှာပဲ ဘုန်းကြီးကျောင်းကို ပြန်ရွှေ့လာကြတယ်။ သူတို့ မနေနိုင်တဲ့အချက်ကတော့ ဒီမြေကွက်တွေက ရေရှည်နေထိုင်ခွင့်ရဖို့ အာမခံချက် မရှိတဲ့အတွက်လို့ ပြောတယ်။ ပဲခူးမြို့နယ်ထွေအုပ်လည်း ကျောင်းကိုလာသွားတယ်။ တဲတွေကို ဖျက်ခိုင်းတယ်။ ကိုယ့်ဘာသာကိုယ် မဖျက်ရင် သူတို့ဖျက်မယ်လို့ပြောတယ်။ ဦးဇင်းကတော့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာကုန်ပြီ။ ခုလေးတင်ပဲ DKBA ကို ဖုန်းလှမ်းဆက်ပြီး သွားပါပြီ။ သမီးကလေး ရွာသားတွေတင်မကဘူး အနီးနားရွာက လူတွေလည်းလိုက်ကြမှာ”ဟု မတ် ၂၉ ရက် နံနက်ပိုင်းက မိန့်ကြားသည်။

မြေနေရာ ပြန်လည်ချပေးသည့်နေရာမှာ လှည်းကူးမြို့နယ်ရှိ မင်းကုန်းကျေးရွာအုပ်စု ၀ါးယားကုန်းကျေးရွာအနီးဖြစ်ကာ အိမ်ထောင်စုတစ်စုလျှင် ပေ ၂၀၊ ပေ ၅၀ရှိ မြေကွက်များကို မဲနှိုက်ချပေးခဲ့ခြင်း ဖြစ်သော်လည်း သမီးကလေးကျေးရွာသားများကမူ မိုးတွင်းဘက် ရေ၀ပ်သည့်နေရာဖြစ်ခြင်း၊ ကွင်းပြောင်ပြောင်ဖြစ်ခြင်းနှင့် ရေရှည်ပိုင်ဆိုင်ခွင့် မရှိခြင်းတို့ကြောင့် လက်မခံဘဲ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှည်းကူးအမှတ်(၂) မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက “ဘာကြောင့်ပြန်ပြောင်းရွှေ့ရတာလဲဆိုတာတော့ အကြောင်းစုံ မသိသေးပါဘူး” ဟု မတ် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

လက်ရှိတွင် ပြန်လည်ထွက်ခွာလာခဲ့သည့် အိမ်ထောင်စု ၆၄ စုမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်ခိုလှုံလျက်ရှိကြောင်း နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်နေထိုင်ခွင့်မှာ မတ် ၃၀ ရက် နောက်ဆုံးဖြစ်ကြောင်း သိရသည်။ 

Eleven
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်ရှိသည့် ၀ါးယားကုန်းကျေးရွာ အနီးရှိ မြေကွက်သို့ မတ် ၂၇ ရက်က ပြောင်းရွှေ့ခဲ့ကြသည့် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုမှာ ပြန်လည်ချပေးသည့် မြေကွက်မှာ ရေရှည်အာမခံချက် မရှိဟုဆိုကာ မတ် ၂၉ ရက် နံနက်ပိုင်းက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

မောင်တောမြို့နယ်အတွင်း စိုက်ခင်းရေလောင်းရန် သွားသော ဒေသခံတစ်ဦး မတ် ၂၉ ရက် နေ့လယ်ပိုင်း၌ အသတ်ခံခဲ့ရ

မောင်တောမြို့မှ လေးမိုင်အကွာတွင်ရှိသော မကျည်းကုန်း တိုင်းရင်းသားကျေးရွာမှ သက်လူမျိုး တောင်သူတစ်ဦးဖြစ်သည့် ဦးထွန်းစိန်မှာ မိမိစိုက်ခင်းထဲသို့ နွားကျောင်းရင်းဖြင့် စိုက်ခင်းရေလောင်းရန် သွားရောက်ခဲ့စဉ်အတွင်း နေ့လယ်ပိုင်းအချိန်၌ပင် သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

သတ်ဖြတ်ခံရသူမှာ မကျည်းကုန်းကျေးရွာနေ ဦးထွန်းစိန်၊ အသက်(၄၉)နှစ်၊ (ဘ) ဦးထွန်းဇံဖြစ်ပြီး ဖြစ်စဉ်မှာ ရွာ၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ ၎င်း၏ တောင်ယာစိုက်ခင်းသို့ နွားကျောင်း၊

သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရသည့် ပါတီ ၁၁ ပါတီသာရှိ

Photo: သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရသည့် ပါတီ ၁၁ ပါတီသာရှိ 

March 30, 2014

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရခဲ့သည့် ပါတီမှာ ၁၁ ပါတီသာ ရှိခဲ့သည်။

သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပါတီအားလုံးနှင့် မတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေဆုံခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါတီအနက် ၆၃ ပါတီမှ ကိုယ်စားလှယ် ၁၇၉ ဦး တက်ရောက်ခဲ့သည်။
အဆိုပါ တက်ရောက်လာသည့် ပါတီများကို သမ္မတထံ တိုက်ရိုက်တင်ပြခွင့်အတွက် မဲနှိုက်စေခဲ့ပြီး နံပါတ်စဉ် ၁ မှ ၁၁ အထိရသည့် ပါတီများက တိုက်ရိုက်တင်ပြခွင့် ရခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပါတီများမှ တင်ပြခွင့်အတွက် ငါးမိနစ်စီ အချိန်ရခဲ့ပြီး တိုက်ရိုက်တင်ပြခွင့်ရခဲ့သည့် ၁၁ ပါတီမှာ ကယန်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ပြည်ထောင်စု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။

“ပါတီတစ်ခုကို ငါးမိနစ်ပြောရင်တောင်မှ ပါတီ ၆၀ ဆိုရင် မိနစ် ၃၀၀ လောက်အထိ ဖြစ်သွားနိုင်ပါတယ်။ တစ်နေကုန် ဆွေးနွေးလို့တောင် ပြီးချင်မှပြီးမယ့် အနေအထားဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အပိုင်းအားဖြင့် ခွဲခြားပြီးတော့ ပထမပိုင်းမှာတော့ ကျွန်တော်ပါဝင်နားထောင် ဆွေးနွေးပေးပြီးတော့ ကျန်တဲ့အပိုင်းတွေမှာတော့ ကျွန်တော်တို့ဆီက ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ရှိတဲ့ဝန်ကြီးတွေ ရှိပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရှိပါတယ်။ အဲဒီတော့ ဒုတိယပိုင်းဆက်ပြီး ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ နောက်တချို့လည်း ပြောစရာကျန်ရှိနေရင် ကျွန်တော်တို့ဆီကို စာနဲ့ပေနဲ့ ပို့ပေးလို့ရပါတယ်။ စာနဲ့ပေနဲ့ ပေးပို့တင်ပြလာရင်လည်း ဒါတွေကို အရေးယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ၁၁ ပါတီတင်ပြမှုအပြီး ပြန်လည်သုံးသပ်ရာတွင် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် အဖွင့်အမှာစကားပြောကြားရာ၌ သမ္မတ ဦးသိန်းစိန်က ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်ရေးဦးတည်ကာ နိုင်ငံရေးဆွေးနွေးပွဲကို ဦးတည်ကြိုးစားနေပါကြောင်း၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးသည် နှင့်အဓိက အင်အားစုများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ခုကို ရေးဆွဲသွားမည်ဖြစ်ပြီး အဆိုပါမူဘောင်မှတစ်ဆင့် မည်သူများပါဝင်သင့်သည်၊ မည်ကဲ့သို့ လုပ်ဆောင်သင့်သည် ဆိုသည်များကိုမူတည်ကာ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်းစသည်ဖြင့် ထည့်သွင်းပြောကြားသွားသည်။

“အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံက ခွဲထွက်မယ်ဆိုတဲ့ ကိစ္စတွေကလွဲရင် အခြားကိစ္စအားလုံးကို ဆွေးနွေးနိုင်ဖို့အတွက် တံခါးဖွင့်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

အသက်ဝင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ရန်အတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနှင့် သဟဇာတဖြစ်အောင် အခြေအနေ၊ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမည် ဆိုသည့်အခြေခံမူကို ၎င်းအနေဖြင့် ဆုပ်ကိုင်ထားရမည်ြ1ဖစ်ကြောင်း၊ ၎င်းအနေဖြင့်မူ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို တားမြစ်ခြင်းမျိုး မဖြစ်စေလိုသည့် စေတနာရှိသော်လည်း တစ်ဖက်တွင်လည်း မိမိတို့အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သည့် အကာအကွယ်ပေးနိုင်သည့် အခြေခံမူများရှိရန်လည်းလိုလားကြောင်း သမ္မတက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ ပိုမိုခိုင်ခံ့စေရန် ဦးတည်သကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲအတွက် တံခါးပေါက် ဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါအပစ်အခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးကြသူများအနေဖြင့် နောက်ပြန်မလှည့်ပါဘူးဆိုသည့် သန္နိဋ္ဌာန်လည်း ဖြစ်ပါကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရသည့် ပါတီများအနေဖြင့် တင်ပြမှုများ ပြုလုပ်ရာတွင် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးမပြင်ရေး၊ ပါတီငယ်များ၏ အခက်အခဲများ၊ သန်းခေါင်စာရင်းဆိုင်ရာကိစ္စများ စသည်တို့ တင်ပြခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တင်ပြရာတွင် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ဖျက်သိမ်း၍ အဆိုပါကောင်စီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သမ္မတမှ တာဝန်ယူဆောင်ရွက်ရန်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အနာဂတ်လွှတ်တော်များတွင် အဆင့်ဆင့်လျှော့ချသွားရန်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနကို ဖျက်သိမ်းပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ထည့်သွင်းရန်၊ ၀န်ကြီးနေရာအားလုံးတွင် သင့်လျော်သော အရပ်ဘက်ပုဂ္ဂိုလ်များအား ဦးစားပေးခန့်အပ်ရန် စသည်ဖြင့် တင်ပြမှုများပြုလုပ်ခဲ့သည်။

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က တင်ပြရာတွင် တပ်မတော်သားများသည် လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ဖြစ်သည့်အတွက် ရွေးကောက်ပွဲတွင် မဲပေးခွင့် ထပ်မံမပေးရန်၊ လေးပွင့်ဆိုင်တွေ့ဆုံမှုအစား တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး ထည့်သွင်းကာ ငါးပွင့်ဆိုင်ဆွေးနွေးမှုဖြစ်စေရန် စသည်ဖြင့် တင်ပြမှုများ ပြုလုပ်ခဲ့သည်။

သမ္မတသည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုအနေဖြင့် ယခင်က သုံးကြိမ်ရှိခဲ့ပြီး အတိုက်အခံပါတီ NLD အပါအ၀င် ပါတီ အားလုံးနှင့် တွေ့ဆုံမှုမှာမူ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း သိရသည်။ 

Eleven Media Group
သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရခဲ့သည့် ပါတီမှာ ၁၁ ပါတီသာ ရှိခဲ့သည်။
သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပါတီအားလုံးနှင့် မတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ တွေဆုံခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါတီအနက် ၆၃ ပါတီမှ ကိုယ်စားလှယ် ၁၇၉ ဦး တက်ရောက်ခဲ့သည်။