Wednesday, April 2, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ယောက် ပွဲချင်းပြီး သေဆုံးသွားပြီး ၂၀ ဒဏ်ရာရတယ်လို့ ဘန်ကောက် အီရာဝန် ဆေးဌာနက ပြောပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ဗုံးကို ဘန်ခန်မြို့နယ်၊ လတ်ပလာခွာ လမ်း အမှတ် ၇၁ မှ ရှိတဲ့ မှာ ရှိတဲ့ ပစ္စည်းဟောင်းတွေ ပြန်လည်အသုံးပြုနိုင်အောင်ပြုလုပ်တဲ့ ဂိုဒေါင်မှာ ထားရင်း ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးကို ဆောက်လုပ်ရေး ၀န်ချီစက်မောင်းတဲ့ ဆောက်လုပ်ရေး အလုပ်သမား

အာဖဂန်တွင် လက်ဖြောင့် သေနတ်သမား တစ်ဦး ပစ်ခတ်လိုက်သည့် ကျည်တစ်တောင့်ဖြင့် စစ်သွေးကြွ ခြောက်ဦး သေဆုံး

အာဖဂန်တွင် လက်ဖြောင့် သေနတ်သမား တစ်ဦး ပစ်ခတ်လိုက်သည့် ကျည်တစ်တောင့်ဖြင့် စစ်သွေးကြွ ခြောက်ဦး သေဆုံး
Wednesday, April 2, 2014

အာဖဂန်နစ္စတန် နိုင်ငံတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုအတွင်း ဗြိတိသျှ စစ်တပ်မှ အသက် ၂ဝ အရွယ် လက်ဖြောင့် သေနတ်သမား တစ်ဦးသည် ကျည်တစ် တောင့်တည်းနှင့် တာလီဘန် စစ်သွေးကြွ ခြောက်ဦးကို တစ်ပြိုင်တည်း သတ်ဖြတ် နိုင်ခဲ့ကြောင်း Daily Telegraph သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်း ကာကာရန် မြို့ရှိ Cold Stream အစောင့် တပ်ဖွဲ့မှ ဒုတိယတပ်ကြပ် အဆင့်ရှိ အဆိုပါ လက်ဖြောင့် သေနတ်သမားသည် တာလီဘန် စစ်သွေးကြွ တစ်ဦးအား မီတာ ၈၅ဝ အကွာအဝေးမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်သွေးကြွ၏ ကိုယ်ခန္ဓာပေါ်တွင် လျှို့ဝှက် တပ်ဆင်ထားသော ဖောက်ခွဲရေး ပစ္စည်းများကို ထိမှန်ခဲ့ရာမှ ပေါက် ကွဲမှု ဖြစ်ပွားပြီး အခြားစစ်သွေးကြွ ငါးဦးပါ သေဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ဗြိတိန်နှင့် အာဖဂန်မှ တပ်ဖွဲ့ဝင်များ သည် တာလီဘန် စစ်သွေးကြွ ၁၅ ဦးမှ ၂ဝ ဦးအထိ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Cold Stream အစောင့်တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ရစ်ချက်ဒ် ဆလက်က ပြောကြားခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုတွင်လည်း အဆိုပါ လက်ဖြောင့် သေနတ်သမားသည် စက်သေနတ် ကိုင်ဆောင်ထားသည့် တာလီဘန် စစ်သွေးကြွ တစ်ဦးကို မီတာ ၁၃၄ဝ အကွာအဝေးမှ နေ၍ ပစ်ခတ်သတ်ဖြတ် နိုင်ခဲ့ကြောင်း သိရသည်။

(MO)
မြ၀တီ
အာဖဂန်နစ္စတန် နိုင်ငံတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုအတွင်း ဗြိတိသျှ စစ်တပ်မှ အသက် ၂ဝ အရွယ် လက်ဖြောင့် သေနတ်သမား တစ်ဦးသည် ကျည်တစ် တောင့်တည်းနှင့် တာလီဘန် စစ်သွေးကြွ ခြောက်ဦးကို တစ်ပြိုင်တည်း သတ်ဖြတ် နိုင်ခဲ့ကြောင်း Daily Telegraph သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်း ကာကာရန် မြို့ရှိ Cold Stream အစောင့် တပ်ဖွဲ့မှ ဒုတိယတပ်ကြပ် အဆင့်ရှိ အဆိုပါ လက်ဖြောင့် သေနတ်သမားသည် တာလီဘန် စစ်သွေးကြွ တစ်ဦးအား မီတာ ၈၅ဝ

ငပုတောတွင် ရဲတဦးက န၀မတန်းကျောင်းသူကို ခြိမ်းခြောက် မုဒိမ်းကျင့်မှုဖြစ်ပွား


Print This Post
န၀မတန်း ကျောင်းသူ, အဓ္ဓမ ပြုကျင့်မှု ,ရဲတပ်ဖွဲ့ဝင်, ငပုတောမြို့နယ် သင်္ကန်းကုန်း ကျေးရွာ
ငပုတော မြို့မရဲစခန်း (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် သင်္ကန်းကုန်း ကျေးရွာတွင် ရဲတပ်ဖွဲ့ဝင် တဦးက အသက် ၁၅ နှစ် အရွယ် န၀မတန်း ကျောင်းသူ တဦးကို ဓားပြ ခြိမ်းခြောက်၍ ၂ ကြိမ်တိုင် အဓမ္မ ပြုကျင့်မှု တရပ် ဖြစ်ပွားခဲ့ပြီး  အဓမ္မပြုကျင့်သည့် ရဲတပ်ဖွဲ့ ၀င်ကို သက်ဆိုင်ရာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ABSDF ရဲဘော်များ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းမည်

ဒီမိုကရေစီ အရေးတော်ပုံနှင့်အတူ ပေါ်ပေါက် လာခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်များကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းပေးမည်ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ဧပြီလ ၁ ရက်နေ့တွင် ထားဝယ်မြို့ ဇေယျဝတီ ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့သော ကျောင်းသား တပ်မတော် တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားတွင် ပြောကြားသည်။

မော်လမြိုင်ခရိုင်တွင် တပ်မတော်က သိမ်းယူခဲ့သော လယ်မြေဧက၂၀၀၀ ကျော် စွန့်လွှတ်မည်


တပ်မတော် အစိုးရလက်ထက်၌ မော်လမြိုင်ခရိုင် ခြောက်မြို့နယ်အတွင်း တပ်ရင်းပေါင်း ၃၂ ခုက သိမ်းဆည်းခဲ့သော လယ်မြေများအနက် ဆက်လက် လုပ်ကိုင်ခြင်း မရှိတော့သည့် လယ်မြေ ၂၃၈၀ ဒသမ ၈၅ ဧကကို မူရင်း လယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် စာရင်း ရောက်ရှိပြီ ဖြစ်ကြောင်း မော်လမြိုင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုင်က ပြောကြားသည်။
တပ်မတော်က အသုံးမပြုသည့် လယ်မြေများကို မူရင်းလယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကို နောက်ဆုံးထား ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်ခရိုင် အနေနှင့်လည်း ၎င်းတို့

NLD နာယက ဦးဝင်းတင် ကျန်းမာရေး သိသာစွာကောင်းမွန်


ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသခံနေသည့် အင်န်အယ်လ်ဒီ နာယက၊ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ သိသာစွာ တိုးတက်ကောင်းမွန်လာပြီဟု အနီးကပ်ပြုစုနေသူ အင်န်အယ်လ်ဒီပါတီဝင် ဦးဇော်မျိုးအောင်က မဇ္ဈိမကို ဧပြီ ၁ ရက် ညနေ ၅ နာရီခန့် တွင် အတည်ပြုပြောကြားသည်။

စစ်တွေမှ ဘင်္ဂါလီနေအိမ်များ စာကပ်၍ သပိတ်မှောက်နေ

cxfexdgg
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများအား သန်းခေါင်စာရင်းကောက်ယူရာ၌ ရိုဟင်ဂျာဟု ထည့်သွင်းပေးခြင်း မရှိသောကြောင့် ဘင်္ဂါလီများ လူမျိုးများမှာစစ်တွေ၌ စကပ်၍ သပိတ်မှောက်ခဲ့ကြသည်ဟု ဒေသခံ အစ္စလာမ်ဘာသာဝင်များထံမှ သိရှိရသည်။
လူမျိုးမှာ ရိုဟင်ဂျာဆိုပြီး စာတမ်းတွေ ကပ်ထားတာရှိတယ်၊ဘာလူမျိုးလည်းမေးရင် ရိုဟင်ဂျာလို့ ဖြေတော့ သန်းခေါင်စာရင်းကောက်တဲ့သူတွေကဆက်မကောက်တော့ဘူး၊ ပြန်ထွက်သွားတယ်ဟု စစ်တွေမြို့နေ အစ္စလာမ်ဘာသာဝင်ကိုလှမောင်က ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် NLD ပါတီဖွဲ့စည်းပုံပြင်



ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီတွင် ပြုလုပ်ရန် ကြေညာထားသော ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပါတီဖွဲ့စည်းပုံကို မတ်လ ၃၁ ရက်နေ့က ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်အရ ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အဓိကက လာမယ့် ရွေးကောက်ပွဲတွေမှာ ပါတီတွင်း လှုပ်ရှားမှုတွေ အခက်အခဲမရှိ ပိုမိုချောမွေ့အောင်လို့ ပြင်ဆင်ရတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ြေ

ရန်ကုန်တွင် ဆန္ဒပြနိုင်သော ပြည်သူ့ဟစ်တိုင် သတ်မှတ်ပေးမည်

 ပြည်သူ့ဟစ်တိုင် , ဗိုလ်မှူးကြီးတင်ဝင်း, ရန်ကုန်တိုင်းဒေသကြီးအစိုးရ, မြေသိမ်းမှု, ဆန္ဒပြပွဲ, သပိတ်စခန်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်သူများ တောင်းဆိုမှုများနှင့် ဆန္ဒထုတ်ဖော် မှုများပြုလုပ်နိုင် သည့် ပြည်သူ့ ဟစ်တိုင် နေရာသတ်မှတ်ဖော်ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယနေ့ ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆို လိုက်သည်။
လတ်တလော ရန်ကုန်မြို့တွင် ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး ယခင်အစိုးရ လက်ထက်က ဖြစ်ခဲ့သည့် ကိစ္စများကို လက်ရှိ အစိုးရ အနေဖြင့် တတ်နိုင်သမျှဖြေရှင်းပေးနေကြောင်း၊ သို့သော် ဆန္ဒပြမှုများအတွက်

သမီးကလေးကျေးရွာသူ၊ ရွာသား ၁၉၉ ဦး DKBA နောက် လိုက်ပြီ

ဒီကေဘီအေနောက်သို့ လိုက်သွားမည့် သမီးကလေးကျေးရွာသူ၊ ကျေးရွာသားများအား အထုပ်အပိုးများနှင့် အတူ ဧပြီ ၁ ရက် ညနေက တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
တပ်မြေနေရာဟုဆိုကာ စစ်တပ်က ဖယ်ရှားခဲ့၍ အောင် သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံ နေသည့် သမီးကလေးကျေးရွာ အိမ်ထောင်စု ၇၉ စုမှ မိသားစုဝင် ၁၉၉ ဦးသည် ဒီမိုကရေစီ အကျိုး ပြု ကရင်တပ်မတော် DKBA နောက် သို့ ယနေ့ (ဧပြီ ၂ ရက်) တွင် လိုက်သွားတော့မည်ဖြစ်သည်။

ရခိုင်ရှိ အဖွဲ့အစည်းဝန်ထမ်းများလုံခြုံရေးကိစ္စ ဘန်ကီမွန်း သမ္မတဦးသိန်းစိန်ထံ ဖုန်းဆက်

ရခိုင်ပြည်နယ်ရှိ လူသား ချင်းစာနာထောက်ထားမှု ဆိုင်ရာ ၀န်ထမ်းများ၏ လုံခြုံရေးအတွက် ကာကွယ်ပေးရန် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတဦးသိန်းစိန်အား တယ်လီ ဖုန်းဖြင့်ဆက်သွယ်၍ တိုက်တွန်း လိုက်သည်။
ကုလသမဂ္ဂနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အ စည်းများ၏ ပိုင်ဆိုင်မှုများနှင့် ၀န် ထမ်းများတိုက်ခိုက်ခံရမှုအပေါ် မစ္စတာဘန်ကီမွန်းက သမ္မတ ဦးသိန်းစိန်ထံ မတ်လ ၃၀ ရက် တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း ကုသလမဂ္ဂ က သတင်းထုတ်ပြန်သည်။

ဆန္ဒပြသူများအတွက် သီးသန့်နေရာ သတ်မှတ်မည်

ဆန္ဒပြသူများအတွက် သီးသန့်နေရာ သတ်မှတ်မည်

ရန်ကုန်၊ ဧပြီ ၁

အကြောင်းအမျိုးမျိုးဖြင့် ဆန္ဒပြမည့်သူများ စည်းကမ်းတကျ ဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒထုတ်ဖော်ရန် နေရာတစ်နေရာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ဒီမိုကရေစီစနစ်တွင် ဆန္ဒထုတ်ဖော်မှုများကို လက်ခံသော်လည်း စည်းကမ်းတကျ ဖြစ်စေရန်အတွက် ယင်းသို့ သီးသန့်နေရာ သတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း မိကျောင်းကန်နှင့် ဝါဝါဝင်း မြေသိမ်းဆည်းမှု ကိစ္စများအတွက် ဆန္ဒပြသူများနှင့် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများ ဧပြီလ ၁ ရက်နေ့က မြို့တော်ခန်းမ၌ ပြုလုပ်သော ညှိနှိုင်းပွဲတွင် ၎င်းက ပြောဆိုသည်။

“အခု စည်ပင်နဲ့ ညှိနှိုင်းပြီး နေရာတစ်ခု ရှာနေပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ စတိတ်စင် တစ်ခုပါမယ်။ မြို့ပြင်ထုတ်မှာ မဟုတ်ပါဘူး။ အားလုံးနဲ့ အဆင်ပြေတဲ့ မြို့ထဲက နေရာပဲ ဖြစ်မှာပါ” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ရှင်းပြသည်။

ယင်းသို့နေရာ သတ်မှတ်ပေးခြင်းဖြင့် ခွင့်ပြုချက် မပေးသော ပြဿနာကို ရှောင်ရှားနိုင်မည် ဖြစ်ပြီး လူအင်အားနှင့် ကိုက်ညီနိုင်သော နေရာအကျယ်အဝန်း ရရှိပါက ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရက ထိုသို့ နေရာသတ်မှတ် ပေးလိုက်ခြင်းဖြင့် ဆန္ဒပြမှုများ စနစ်တကျ ရှိလာမည် ဖြစ်ပြီး ဆန္ဒထုတ်ဖော်သူများနှင့် အာဏာပိုင်တို့အကြား အကြမ်းဖက်မှု ပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း၊ ယင်းအတွက် အစိုးရ၏ အစီအစဉ်ကို ကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
“ဒီမိုကရေစီ ရင့်ကျက်တဲ့ တခြားနိုင်ငံတွေမှာတော့ ရှိတယ်။ စည်းကမ်းတကျလေးပေါ့။ ဆန္ဒပြတဲ့ သူတွေကလည်း ဒီနေရာမှာ ဟောပြော ဆန္ဒထုတ်ဖော်၊ အာဏာပိုင်တွေကလည်း အလုပ်မရှုပ်တော့ဘူး။ နောက်ပြီးတော့ အခုလို မြို့နယ် တစ်ခုချင်းစီအလိုက် ခွင့်ပြုချက် တင်ရတာတွေ မလိုတော့ဘူး” ဟု ၎င်းကဆိုသည်။

လူထု ဆန္ဒထုတ်ဖော်မှုအတွက် အစိုးရက အသိအမှတ်ပြုနေရာ သတ်မှတ်ပေးခြင်းကို လက်ခံရမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးက ပြောကြားသည်။
“ကျွန်တော်တို့လည်း အဲဒါမျိုးကို ဖြစ်စေချင်တာပါ။ လူတွေ သိသာမြင်သာတဲ့ နေရာတစ်နေရာကို သတ်မှတ်ပေးဖို့တော့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ဒုတိယပတ်မှ စတင်ကာ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် မြေသိမ်း ဆည်းခံရမှုများကြောင့် နစ်နာသူများက ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံဘေးနှင့် တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင် အိမ်ရာဝင်းရှေ့တွင် သပိတ်စခန်းများ အသီးသီး ဖွင့်လှစ်ဆန္ဒပြလျက် ရှိသည်။


အကြောင်းအမျိုးမျိုးဖြင့် ဆန္ဒပြမည့်သူများ စည်းကမ်းတကျ ဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆန္ဒထုတ်ဖော်ရန် နေရာတစ်နေရာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
ဒီမိုကရေစီစနစ်တွင် ဆန္ဒထုတ်ဖော်မှုများကို လက်ခံသော်လည်း စည်းကမ်းတကျ ဖြစ်စေရန်အတွက် ယင်းသို့ သီးသန့်နေရာ သတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း မိကျောင်းကန်နှင့် ဝါဝါဝင်း မြေသိမ်းဆည်းမှု ကိစ္စများအတွက် ဆန္ဒပြသူများနှင့် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများ ဧပြီလ ၁ ရက်နေ့က

ချစ်သူကောင်မလေးအတွက် ချစ်စဖွယ် စကားများ-၁

 သင့်ချစ်သူကောင်မလေး တစ်ယောက် အံ့အားသင့်သွားအောင် လုပ်လိုပါသလား။ ချစ်သူ ကောင်မလေး ဟာ သင့်ပြောစကားတွေ ကြားလိုက်တဲ့အခါ သူမရဲ့ မျက်နှာမှာ ပြုံးရိပ်တွေ ယှက်နွယ်သွားစေဖို့ ချစ်စဖွယ် စကားလုံးတွေကို တင်ပြပေးလိုက်ပါတယ်။
မိန်းကလေးတစ်ယောက် သဘောကျလာအောင် နဲ့ သူမကို ဆွဲဆောင်ဖို့ဆိုရင် အရင်ဆုံး နှစ်လိုဖွယ်ဖြစ်တဲ့ စကားလုံးတွေ ပြောရမှာပေါ့။ ကိုယ်က သူ့ကိုဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာကို ပြသတဲ့နေရာမှာ

သင်္ကြန်မတိုင်မီ သပိတ်စခန်းများအားလုံး ရုပ်သိမ်းရန် လုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို

သပိတ်စခန်းများကို ညဥ့်သန်းခေါင်ယံ အချိန်များတွင် အင်အားသုံး စီးနင်းမှုများ ပြုလုပ်မှုကြောင့် အစိုးရကို ဝေဖန်မှုများ ဖြစ်ပေါ်နေချိန်တွင် ရန်ကုန်မြို့တော်အတွင်း ဖွင့်လှစ်ထားသည့် သပိတ်စခန်းများကို သင်္ကြန်ပွဲတော် မတိုင်မီ ရုပ်သိမ်းရန် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

၂၀၁၄ ဧပြီလအတွက် ကံကြမ္မာဟောစာတမ်း

 
တနင်္ဂနွေ -
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာ ကျိုးပေး အောင်မြင်မည်။

အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။
 

ရခိုင်ပြည်နယ်သာမက ရန်ကုန်တိုင်းနှင့် အခြားနေရာများ၌လည်း သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည် ရိုဟင်ဂျာဟု ပြောဆိုမှုများရှိနေ


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှစ၍ တစ်နိုင်ငံလုံး၌ စတင်ကောက်ယူ လျက်ရှိရာ လူမျိုးအမည်အတွက် ရိုဟင်ဂျာဟု ပြောဆိုမှုများသည် ရခိုင်ပြည်နယ်သာမက ရန်ကုန်တိုင်းနှင့် အခြားနေရာများ၌လည်း ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သတင်း ရရှိသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးခွန်း ၄၁ မျိုး မေးမြန်းသွားမည်ဖြစ်ပြီး လူတိုင်းဖြေဆိုရမည့် မေးခွန်း ၂၀ နှင့်အတူ အိမ်ထောင်ကျဖူးသူ အမျိုးသမီးတိုင်း ဖြေဆိုရမည့်မေးခွန်းများ၊ အိမ်အကြောင်းအရာနှင့် သက်ဆိုင်သည့်မေးခွန်းများ၊အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများရှိပါက ဖြေဆို

KIA ထိန်းချုပ်နေရာများတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြု



ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတချို့၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA ) ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။ သို့သော် ကချင်လွတ်လပ်ရေး တပ်မတော်ကမူ (KIA) ကမူ ၎င်းတို့ထိန်းချုပ်ရာ ဒေသတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြုကြောင်း အစိုးရထံ အကြောင်းကြား ပြီးဖြစ်သည်ဟု တုံ့ပြန်သည်။

ပြည်သူ့ရင်ပြင်၌ရိုက်နှက် လုယက်သူကို ဖမ်းဆီး

ဒဂုံမြို့နယ်တွင် အမျိုးသားတစ်ဦးကို ရိုက်နှက်ကာ ကျပ် ၁၀ သိန်းတန်ဖိုးရှိ ဆွဲကြိုးလုယူ ထွက်ပြေးသူကို သက်ဆိုင်ရာကမတ်လ၃၁ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
မတ်လ ၃၀ ရက်နေ့ ည ၈ နာရီခွဲ အချိန် မရမ်းကုန်းမြို့နယ်နေ အမျိုးသားတစ်ဦးသည် ဒဂုံမြို့နယ် ၊ ပြည်အရှေ့ရပ်ကွက်၊ပြည်သူ့ရင်ပြင်ဝင်းအတွင်းရှိ ငါးမွေးမြူရေးကန်အနီး၌ ၎င်းဖွင့်ထားသည့် ငါးစာ ဆိုင်ရှေ့တွင်ရှိနေစဉ်အမျိုးသား(၁)ဦးရောက်ရှိလာပြီး ၎င်းကိုတုတ်ဖြင့် (၇)ချက်ခန့် ရိုက်နှက်ခဲ့၍

အရက်လျှော့သောက်ခြင်း အကျိုး ၁၀ ပါး

Photo: အရက်လျှော့သောက်ခြင်း အကျိုး ၁၀ ပါး။
--------------------------

ဒီစာက အရက်သောက်ဖို့ အားပေးတာမဟုတ်ပါ။ အရက်သောက်ရင် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး မသောက်ရင်တော့ အကျိုးကျေးဇူးတွေ ရနိုင်တဲ့ အကြောင်းပါ။
အမျိုးသမီးတွေအတွက်ဆိုရင် တစ်ပါတ်ကို ၁၄ ယူနစ်၊ အမျိုးသားတွေဆိုရင် ၂၁ ယူနစ် အထိက သင့်တင့်မျှတတဲ့ ပမာဏလို့ ဆိုကြပါတယ်။ 
အကြမ်းဖျင်းအာဖြင့် ဆိုရရင် အမျိုးသားများက တစ်နေ့ကို ဘီယာ တစ်ပိုင့်ထက်၊ အမျိုးသမီးများက တစ်နေ့ကို ၀ိုင် (ခွက်အလတ်) တစ်ခွက်ထက်ပိုပြီး သောက်ရင် အကောင်းပါဘူး။ အများဆုံးသောက်ရင် တစ်နေ့ကို အမျိုးသားများက ၄ ယူနစ်၊ အမျိုးသမီးများက ၃ ယူနစ်ပါ့။ တခြားနေ့တွေမှာ ပိုပြီး လျှော့ရမှာပေါ

၁)အရက်နည်းနည်းလျှော့သောက်ရင် Diabetes Mellitus ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းသွားလိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အရက် နည်းနည်းက Insulin အင်ဆူလင်ဓာတ်ကို အလုပ်ပိုလုပ်အောင် အားပေးတယ်။ များများသောက်ရင်တော့ ဆီးချို ပိုဖြစ်တာပေါ့။

၂)အရက်နည်းနည်းလျှော့သောက်ရင် Dementia သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေ နည်းသွားမယ်။ အရက်နည်းနည်းသောက်တဲ့ သူတွေက Small Infarcts ဦးဏှောက် သွေးကြောငယ်လေးတွေ ပိတ်တာကို တားဆီးစေတယ်။

၃)အရက်နည်းနည်းလျှော့သောက်ရင် မကောင်းတဲ့အဆီ Triglycerol တွေ မတက်တော့ဘူး။ ကောင်းတဲ့ အဆီ HDL တွေကို များစေတယ်။

၎)အရက်နည်းနည်းလျှော့သောက်ရင် Heart Failure နှလုံးအားပျော့အားနည်းရောဂါ ဖြစ်နိုင်ဖြေ နည်းသွားမယ်တာ့။အရက်နည်းနည်းသောက်တာက နှလုံးကို သွေးလျှောက်တာကို အားပေးပါတယ်။

၅)အရက်နည်းနည်းလျှော့သောက်ရင် Hypertension သွေးတိုးတာ လျှော့သွားမယ်။

၆)အရက်နည်းနည်းလျှော့သောက်ရင် Atrial fibrillation နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါဖြစ်ခြင်း နည်းသွားမယ်။

ရ)အရက်နည်းနည်းလျှော့သောက်ရင် Stroke လေဖြတ်တဲ့ရောဂါ ဖြစ်ဖို့လမ်းနည်းသွားနိုင်တယ်။

ဂ)အရက်နည်းနည်းလျှော့သောက်ရင် Gall stones သည်းခြေကျောက်၊ Kidney stones ဆီးကျောက်ရာဂါဖြစ်တာ နည်းသွားမယ်။

၉ )အရက်နည်းနည်းလျှော့သောက်ရင် အရိုးတွေ အားပိုကောင်းလာနိုင်တယ်။ များများသောက်ရင်တော့ အရိုးတွေ ပါးသွားမယ်။

၁၀)အရက်နည်းနည်းလျှော့သောက်ရင် သေချာတာကတော့ Liver အသည်းရဲ့  သက်တမ်းပိုရှည်ပြီး ကားတိုက် ဆိုင်ကယ်တိုက်တာတွေ နည်းသွားမယ်။

အရက်လျှော့သောက်ခြင်းဖြင့် သင့်မိသားစုကို စောင့်ရှောက်နိုင်ပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း
ဒီစာက အရက်သောက်ဖို့ အားပေးတာမဟုတ်ပါ။ အရက်သောက်ရင် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး မသောက်ရင်တော့ အကျိုးကျေးဇူးတွေ ရနိုင်တဲ့ အကြောင်းပါ။
အမျိုးသမီးတွေအတွက်ဆိုရင် တစ်ပါတ်ကို ၁၄ ယူနစ်၊ အမျိုးသားတွေဆိုရင် ၂၁ ယူနစ် အထိက သင့်တင့်မျှတတဲ့ ပမာဏလို့ ဆိုကြပါတယ်။
အကြမ်းဖျင်းအာဖြင့် ဆိုရရင် အမျိုးသားများက တစ်နေ့ကို ဘီယာ တစ်ပိုင့်ထက်၊ အမျိုးသမီးများက တစ်နေ့ကို ၀ိုင် (ခွက်အလတ်) တစ်ခွက်ထက်ပိုပြီး သောက်ရင် အကောင်းပါဘူး။ အများဆုံးသောက်ရင်

လျှပ်စစ်ဓာတ်အား သုံးစွဲယူနစ်များ မှန်ကန် တိကျစေရေး ဆောင်ရွက်

၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သုံးစွဲသော လျှပ်စစ်ဓာတ်အား ယူနစ်များကို ပြင်ဆင် သတ်မှတ်ပြီး ဖြစ်သော နှုန်းထားသစ်များဖြင့် စတင်ကောက်ခံတော့မည် ဖြစ်ရာ လျှပ်စစ်မီတာ ဖတ်ချက်များ မှန်ကန်တိကျစေရေး အတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့(ရုံးချုပ်)မှမီတာဖတ် ကြီးကြပ်ရေး အဖွဲ့များသည် ပုံမှန် မီတာဖတ် ဝန်ထမ်းများနှင့်အတူ ဓာတ်အား သုံးစွဲသည့် ပြည်သူများထံသို့ ဧပြီ ၁ ရက်မှ ၅ ရက် အထိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိသည်။

လူတွေမှာ မတူကွဲပြားတဲ့ ခံစားချက်မျက်နှာအမူအရာ ၂၁ မျိုးရှိကြောင်း သိပ္ပံပညာရှင်တွေ တွေ့ ရှိ

Photo: လူတွေမှာ မတူကွဲပြားတဲ့ ခံစားချက်မျက်နှာအမူအရာ ၂၁ မျိုးရှိကြောင်း သိပ္ပံပညာရှင်တွေ တွေ့ ရှိ
Tuesday, April 1, 2014

လူအများစု ကာလရှည်ကြာခံယူထားတဲ့ မျက်နှာအမူအရာ ခြောက်မျိုးသာရှိတယ်ဆိုတဲ့ အယူအဆကို နောက်ဆုံးခြေဖျက်နိုင်ခဲ့ပါပြီ။ သိပ္ပံနည်းစနစ်ကျကျ လေ့လာမှုတွေပြုလုပ်ပြီးနောက်မှာ လူတွေမှာ မျက်နှာ အမူအရာပေါင်း ၂၁ မျိုး ရှိကြောင်း တွေ့ ရှိခဲ့ပါတယ်။

ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုကို အဓိကအခြေခံထားတဲ့ မျက်နှာအမူအရာအမျိုးအစားတွေကို သိပ်ရှင်းပြဖို့  မလိုပေမယ့် “Happily Disgusted” ဆိုတဲ့ ပျော်လည်းပျော်တယ်မုန်းလည်းမုန်းတဲ့ ချစ်မုန်းကြီး မျက်နှာအမူအရာကိုတော့ အသေးစိတ်ရှင်းပြချက်တွေ လိုအပ်နေပါသေးတယ်လို့ ဆိုပါတယ်။

“ ဒီ ၂၁ မျိုးသော စိတ်ခံစားမှုဖော်ကျူးတဲ့ မျက်နှာအမူအရာတွေ ပေါ်ဖို့ အတွက် သူတို့ ရဲ့ မျက်နှာကြွက်သား တွေကို ဘယ်လိုလှုပ်ရှားကြတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ကောင်းကောင်းကြီးသဘောပေါက်ခဲ့ပါပြီ။ ဒါဟာ တော်တော်အံ့သြဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ လူ့ အဖွဲ့ အစည်းအတွင်းမှာ ရှိတဲ့ လူတိုင်း ဒီ မျက်နှာ အမူအရာ ၂၁ မျိုးကို တစ်ပုံစံထဲ ဖော်ပြကြတာပါ” လို့  ဒီလေ့လာမှုကို ဦးဆောင်သူ ဒေါက်တာ အဲလက်စ် မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

အိုဟိုင်းယိုပြည်နယ်တက္ကသိုလ်ရဲ့ လေ့လာစူးစမ်းသူတွေက အပျော်တမ်းဝင်ရောက်ပါဝင်ကူညီသူ အယောက် ၂၃၀ ကို အခြေခံစိတ်ခံစားမှုတွေဖြစ်တဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ဒေါသထွက်မှု၊ ကြောက်လန့် မှု၊ အံ့အားသင့်မှု နဲ့ ရွံရှာမုန်းတီးမှု ဆိုတဲ့ ခံစားမှုခြောက်မျိုးကို မျက်နှာအမူအရာနဲ့ ဖော်ပြစေခဲ့တာ ဖြစ်ပါတယ်။

တခြားစိတ်အမူအရာရောထွေးမှုတွေဖြစ်တဲ့ ပျော်ရွှင်အံ့အားသင့်မှုနဲ့ ဝမ်းနည်းဒေါသထွက်မှု စတဲ့ အမူအရာတွေပါ ပြုလုပ်ခိုင်းခဲ့ပြီး ရလဒ်တွေ တိတိကျကျထွက်လာစေဖို့ အတွက် မျက်မှန်တွေ ၀တ်ဆင်ခွင့် မရှိသလို နှုတ်ခမ်းမွှေး၊မုတ်ဆိတ်ပေး၊ပါးသိုင်းမွှေး စတဲ မျက်နှာက အမွှေးတွေကိုပါ ရိတ်ခိုင်းပြီးမှ စမ်းသပ်ချက် ကိုပြုလုပ်ခဲ့တာပါ။ နဖူးနဲ့ မျက်ခုံး လှုပ်ရှားမှုတွေ မြင်သာအောင်လို့ ဦးထုပ်နဲ့ ခေါင်းစည်းတွေကိုလည်း ၀တ်ဆင် ခွင့်မပြုခဲ့ပါဘူး။

စမ်းသပ်ခံတဲ့လူတွေကို ဓာတ်ပုံမရိုက်ခင် မှန်ရှေ့ မှာ မျက်နှာအမူအရာလေ့ကျင့်ဖို့ အချိန်လုံလုံလောက်လောက် ပေးခဲ့ပါသေးတယ်။ အသေးစိတ်အချက်အလက်တွေ ပြီးပြည့်စုံတော့မှ လူ ၂၃၀ ရဲ့ မျက်နှာအမူအရာတွေကို ဓာတ်ပုံရိုက်ယူ လေ့လာဆန်းစစ်ခဲ့ရာမှာ လူတွေမှာ ခံစားမှုကိုဖော်ပြတဲ့ မျက်နှာအမူအရာ ၂၁ မျိုးရှိကြောင်း တွေ့ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတွေ့ ရှိချက်တွေကို အမျိုးသားသိပ္ပံပညာတိုးတက်ရေးအကယ်ဒမီရဲ့ ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

Trend Myanmar
လူအများစု ကာလရှည်ကြာခံယူထားတဲ့ မျက်နှာအမူအရာ ခြောက်မျိုးသာရှိတယ်ဆိုတဲ့ အယူအဆ ကို နောက်ဆုံးခြေဖျက်နိုင်ခဲ့ပါပြီ။ သိပ္ပံနည်းစနစ်ကျကျ လေ့လာမှုတွေပြုလုပ်ပြီးနောက်မှာ လူတွေမှာ မျက်နှာ အမူအရာပေါင်း ၂၁ မျိုး ရှိကြောင်း တွေ့ ရှိခဲ့ပါတယ်။
ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုကို အဓိကအခြေခံထားတဲ့ မျက်နှာအမူအရာအမျိုးအစားတွေကို သိပ်ရှင်းပြဖို့  မလိုပေမယ့် “Happily Disgusted” ဆိုတဲ့ ပျော်လည်းပျော်တယ်မုန်းလည်းမုန်းတဲ့ ချစ်မုန်းကြီး မျက်နှာအမူအရာကိုတော့ အသေးစိတ်ရှင်းပြချက်တွေ လိုအပ်နေပါသေးတယ်လို့ ဆိုပါတယ်။

MH370 နောက်ဆုံးပြောဆိုမှု မှတ်တမ်း အပြည့်အစုံကို မလေးရှားထုတ်ပြန်


မလေးရှားလေယာဉ် ရေဒါပေါ်က မပျောက်ဆုံးခင် အချိန်အထိ မြေပြင်နဲ့ ပြောဆိုမှု လုပ်ခဲ့တဲ့ ဆက်သွယ် ရေး မှတ်တမ်း အပြည့်အစုံကို မလေးရှား အာဏာပိုင်တွေက ထုတ်ပြန် ပေးလိုက်ပါတယ်။
အဲဒီမှတ်တမ်းတွေထဲမှာ မသင်္ကာဖွယ်ရာ အကြောင်းအရာ တခုမှ မပါဘူးလို့ ဆိုပါတယ်။
မလေးရှားလေယာဉ်ပျောက်ကို ရှာဖွေနေတာဟာ အခုဆိုရင် ရက်သတ္တပတ် ၃ ပတ် ကျော်ရှိလာပြီး သီတင်းပတ် များစွာ ကြာရှိနိုင်ကြောင်း လေတပ် အကြီးအကဲ Angus Houston က ဆိုပါတယ်။

သာသနာ့အလံအား မဖွယ်မရာပြုလုပ်သည့် နိုင်ငံခြားသူအား ပြည်ပထွက်ခွာခွင့် တားမြစ်

သာသနာ့အလံအား မဖွယ်မရာပြုလုပ်သည့် နိုင်ငံခြားသူအား 
ပြည်ပထွက်ခွာခွင့် တားမြစ်
Wednesday, April 2, 2014

ရခိုင်ပြည်နယ်နယ် အတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဗုဒ္ဓဘာသာ သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်ခဲ့သည့် INGO၀န်ထမ်း အမျိုးသမီးအား မတ်လ ၃၀ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပ ထွက်ခွာခွင့်အား နိုင်ငံတော် အစိုးရမှ တားမြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး အနေဖြင့် ရခိုင် တိုင်းရင်းသားများမှသန်းခေါင်စာရင်း 
ကောက်ခံချိန်တွင် ရိုဟင်ဂျာ အမည် လိမ်ညာ ထည့်သွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သည့် အချိန်နှင့် ရခိုင် တိုင်းရင်းသားများ၏ အိမ်တိုင်းတွင် ဗုဒ္ဓဘာသာ သာသနာအလံ လွှင့်ထူထားချိန်တွင် ယခုကဲ့သို့ သာသနာ့ အလံအား မဖွယ်မရာပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ရည်ရွယ်ချက် ရှိရမည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

“အခု လောလောဆယ် ရန်ကုန် ပို့ထားတယ်။ သူတို့နဲ့ ပတ်သက်ပြီး တိုင်ကြားချက်ကို သေချာ စစ်ဆေးသွားမယ်။ ဟိုဘက်က ဖြစ်တဲ့ ကျူးလွန်မှုတွေကိုလည်း စုံစမ်း စစ်ဆေးသွားမယ်။ ပြည်နယ် အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းမှုကိုလည်း စုံစမ်း စစ်ဆေးသွားမယ်၊ INGO အားလုံးကတော့ သူတို့ရဲ့ ဘက်မလိုက်မှုတွေ၊ လူသားချင်း စာနာမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေရှိပြီးသားပါ၊ ဒါပေမယ့် ၀န်ထမ်း အချို့မှာတော့ ဘက်လိုက်မှုတွေ၊ အားနည်းချက်တွေ ရှိတယ်”ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ဆိုသည်။

သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်နေသည့် အမျိုးသား အမျိုးသမီးတို့အား လူပုဂ္ဂိုလ် လုံခြုံရေး အတွက် ပထမဦးဆုံး ဖြစ်သည့်နေ့နောက်တစ်ရက်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပို့ဆောင်ထားပြီး ဖြစ်စဉ် အထောက်အထားများအား ပြန်လည် စစ်ဆေး၍ အဖြစ်မှန် ပေါ်ပေါက်ပါက ဥပဒေအကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာသည့် INGO အဖွဲ့များ အနေဖြင့် စည်းမျဉ်း စည်းကမ်းများနှင့် အညီ လုပ်ဆောင်ရန် လိုအပ်ပြီး ခရီးသွား ဗီဇာများ၊ စီးပွားရေး ဗီဇာများဖြင့် ၀င်ရောက်လာပြီး ၄င်းအဖွဲ့တို့ လုပ်ဆောင်နေသည့် ဒေသများသို့ သွားရောက် နေထိုင်ခြင်းများ ရှိနေသည်ဟုလည်း ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

“၀န်ထမ်းတွေ အများကြီးရှိ လာရင် ဒေသခံတွေက သို့လော သို့လော ဖြစ်တာပေါ့”ဟု ၄င်းကဆိုသည်။

ရခိုင်တိုင်းရင်းသားများ အနေဖြင့်လည်း ပြည်ပ၀န်ထမ်း လုပ်ဆောင်သည့် အမှားများအား ဥပဒေ အကြောင်းအရ တိတိကျကျ တိုင်ကြားရမည် ဖြစ်သော်လည်း စိတ်လိုက်မာန်ပါဖြင့် လက်တုံ့ပြန် ခဲ့သည့် အတွက် နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်အား ထိခိုက်စေခဲ့သည်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှ သုံးသပ်သည်။

“ခံစားချက်ကို ဦးစားပေးပြီး ဥပဒေမဲ့ လုပ်လိုက်တော့ အကျိုးဆက်က ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေက တရား လက်လွတ် လုပ်တယ်။ ဥပဒေမဲ့ လုပ်ချင်တယ်။ ဘယ်ဘာသာက ဘယ်လို ဖြစ်တယ်ဆိုတဲ့ အမြင်က ပိုပြီးတော့ပဲ ဆိုးသွားတာပေါ့။ စောစောက ၀န်ထမ်း တစ်ယောက်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်က ပျောက်သွားပြီး ဒီပုံရိပ်က ပိုထင်သွားတာပေါ့”ဟု ၄င်းက မှတ်ချက်ပေးသည်။

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၆) ပါသတင်း )
Kyaw Swar Myint
Myanmar Journal
ရခိုင်ပြည်နယ်နယ် အတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဗုဒ္ဓဘာသာ သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်ခဲ့သည့် INGO၀န်ထမ်း အမျိုးသမီးအား မတ်လ ၃၀ရက်နေ့တွင် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပြည်ပ ထွက်ခွာခွင့်အား နိုင်ငံတော် အစိုးရမှ တားမြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး အနေဖြင့် ရခိုင် တိုင်းရင်းသားများမှသန်းခေါင်စာရင်း ကောက်ခံချိန်တွင် ရိုဟင်ဂျာ အမည် လိမ်ညာ ထည့်သွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သည့် အချိန်နှင့် ရခိုင် တိုင်းရင်းသားများ၏ အိမ်တိုင်းတွင် ဗုဒ္ဓဘာသာ သာသနာအလံ လွှင့်ထူထားချိန်တွင် ယခုကဲ့သို့ သာသနာ့

အပူချိန်ကြီး၍ အပူရှပ် (Heat Stroke) အသက်သေဆုံးသည့် ဖြစ်စဉ်အချို့ရှိလာ

Myanmar Online News's photo.
မြန်မာနိုင်ငံ၏ နွေရာသီကာလတွင် မတ်လဆန်းမှစ၍ အပူချိန်တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိကာလတွင် အပူချိန်အမြင့်ဆုံးမှာ ၄၄ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အပူရှပ်ခြင်းကြောင့် အသက်သေ ဆုံးသည့် ဖြစ်စဉ်အချို့လည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ အပူချိန်အမြင့်ဆုံးဖြစ်နေသည့်ဒေသမှာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဖြစ်ပြီး အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိနေကြောင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသ ကြီး မြင်းခြံမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း မုံရွာမြို့တွင် ၄၂ ဒီဂရီ