Thursday, April 3, 2014

ယခုရာသီတွင် မိုးကြိုးပစ်ခြင်း၊လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုး သက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားနိုင်ဟုဆို


ရန်ကုန်၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာ မောင်းတိုက်ခတ်ခြင်းနှင့် မိုးသက်လေ ပြင်းများ တိုက်ခတ်ခြင်းတို့မှာ ယခုအ ချိန်တွင် ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုစိုက်ရမည့် ရာသီဥတုဖြစ် စဉ်တစ်ခုဖြစ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ပြော ကြားလိုက်သည်။
ယခုရာသီမှာ မိုးကြိုကာလဖြစ် ပြီး နွေရာသီမှမိုးရာသီသို့စတင်ကူး ပြောင်းချိန်ဖြစ်သောကြောင့် ရာသီ များ အထိုင်မကျသေးသော အချိန် ကာလဖြစ်ကြောင်း၊ နွေရာသီကာလ (မတ် ၁ ရက်မှ ဧပြီ ၁၅ ရက်ထိ) တွင် လေထုမငြိမ်သက်မှုများ ဖြစ်လာပြီး မိုးတိမ်တောင်များ ဖြစ်လာနိုင်သော ကြောင့် ဖြစ်သည်ဟု သိရသည်။

မလေးရှား လေယာဉ် ရှာဖွေရေး လက်လျှော့တော့မလား

မလေးရှား လေယာဉ် ရှာဖွေရေး လက်လျှော့တော့မလား
အိန္ဒိယ သမုဒ္ဒရာမှာ တွေ့ရှိရတဲ့ အပိုင်းအစတွေဟာ မလေးရှား လေယာဉ်ပျက်က မဟုတ်သလို၊ ရှာဖွေရာမှာလည်း လှိုင်းလေပြင်း ထန်နေတဲ့ အပြင်၊ လေယာဉ်ပါ Black Box ရဲ့ ဘက်ထရီကလည်း အားကုန်လုနီးပါးဖြစ်နေတဲ့အတွက် လေယာဉ်ပျောက် ရှာဖွေနေ သူတွေအနေနဲ့ လက်လျှော့ဖို့ စဉ်းစားနေတယ်လို့ ယမန်နေ့က Time မဂ္ဂဇင်း သတင်းမှာ ဖော်ပြထားပါတယ်။
တလနီးပါးရှိပြီဖြစ်တဲ့ လေယာဉ်ပျောက်ဆုံးမှုကို အာဏာပိုင်တွေအနေနဲ့ ဘယ်တော့မှ အဖြေရှာနိုင်မှာ မဟုတ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ မလေးရှား အာဏာပိုင်တွေဟာ လေယာဉ်ပျောက်ဆုံးမှုကို ရာဇ၀တ်မှုတခုလို သဘောထားပြီး ရှာဖွေနေတာကြောင့် ဖြစ်တယ်လို့လည်း သတင်းမှာ ဆက်လက်ရေးသား ထားပါတယ်။

DKBA ထိန်းချုပ်နယ်မြေတွင်နေထိုင်မည့် သမီးကလေးကျေးရွာမှပြည်သူများကို ကရင်ပြည်နယ်အစိုးရကတားဆီး

သမီးကလေးကျေးရွာမှ ပြည် သူများအား ဒီမိုကရေစီအကျိုးပြု ဗုဒ္ဓ ဘာသာကရင်တပ်မတော်(DKBA) ထိန်း ချုပ်နယ်မြေတွင် နေထိုင်ရန် လာရောက် ခေါ်ယူစဉ် ကရင်ပြည်နယ်အစိုးရက တား ဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
''ကရင်ပြည်နယ်အစိုးရ ခွင့်ပြုချက် တွေပါလားဆိုတာမျိုးနဲ့ တားဆီးခံရတယ် လို့ ကျွန်တော်တို့ကြားရတယ်။ ကျွန်တော် တို့က အဓိက,ကတော့ လူသားချင်းစာ နာထောက်ထားတဲ့အနေနဲ့ သမီးကလေး ကျေးရွာက လူတွေကို လာခေါ်တာပါ''ဟု မြဝတီမြို့ရှိ DKBA ဆက်ဆံရေးအ ရာရှိ ဗိုလ်ကြီးစောစိုးမြင့်က ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒပြရန် နေရာစီစဉ်ပေးမည်

ဆန္ဒထုတ်ဖော်မှုများကြောင့် အ များပြည်သူ အနှောင့်အယှက်မဖြစ်စေ ရန်နှင့် စည်းကမ်းတကျ ဖြစ်စေရန်အ တွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒပြရန် နေရာတစ်နေရာ စီစဉ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီးတင်ဝင်းက ပြောသည်။
ဧပြီ ၁ ရက် မြို့တော်ခန်းမရှေ့တွင် မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြသူ များနှင့် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်း ဖွင့် ဆန္ဒပြသူများ ဆွေးနွေးညှိနှိုင်းသည့် ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
''အများပြည်သူ အနှောင့်အယှက် ဖြစ်တယ်လို့ အကြောင်းပြပြီး ဆန္ဒထုတ် ဖော်ခွင့်ကို ငြင်းပယ်မယ်။ သူတို့ကလဲ ဆက်လုပ်မယ်ဆိုရင် အရေးယူတာပဲ အ ဖတ်တင်မယ်။ အဲဒီတော့ နေရာတစ်နေ ရာရှာဖွေပြီး

ဆိုင်ကယ်စီးပြီး လုယက်မှု ရန်ကုန်တွင် ထပ်မံဖြစ်


စက်ဘီးခြင်းအတွင်း ထည့်ထားသည့် ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးအမျိုးသား နှစ်ဦးက လုယူထွက်ပြေး သဖြင့် အရေးယူပေးရန်တိုင်ကြားမှုကို ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေသည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မတ်လ ၂၉ ရက်ည ၈ နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းနေ ဒေါ်တင်တင်ထွေးသည် မြောက်ဥက္ကလာပမြို့ နယ် (ဃ) ရပ်ကွက်ရှိ မိခင်ဖြစ်သူ နေအိမ်သို့ စက်ဘီးဖြင့်သွားစဉ် လုယက်ခံရခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းကောက်နေသော ၀န်ထမ်းများနှင့် ဒေသခံရှမ်းတိုင်းရင်းသား များအတွက် တပ်မတော် က လုံခြုံရေး ဆောင်ရွက်ပေးသင့်


မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင် စာရင်းအား မြန်မာနိုင်ငံနေရာ အနှံ့ အပြား၌ ကောက်ယူလျက်ရှိရာ KIO ထိန်းချုပ်နယ်မြေများတွင် ကောက်ယူခွင့်မပြုကြောင်းနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေ မဟုတ်သော ရှမ်းတိုင်းရင်းသားကျေးရွာများကိုပါ ခြိမ်းခြောက်တားမြစ်မှုများ ပြုလုပ်လာ၍ တပ်မတော်က လုံခြုံရေး ဆောင်ရွက်ပေးသင့်ကြောင်း ယင်းဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦးက ဆိုသည်။

တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ် ဖျက်သိမ်း

တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ် ဖျက်သိမ်း

ရန်ကုန်၊ ဧပြီ ၂

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများတွင် ရောင်းချပေးနေသည့် တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ဆင်းမ်ကတ်များကို ယခင်ကဲ့သို့ ပိုက်ဆံမဖြတ်တော့ဘဲ ငွေဖြည့်ပါက သက်တမ်းတိုးသည့် စနစ်ကို ကျင့်သုံးနေကြောင်း ၎င်းကဆိုသည်။ 
“ငွေတော့ မဖြတ်တော့ဘူး။ မသုံးဖြစ်လည်း ကတ်မပိတ်သွားအောင် သက်တမ်းတိုးဖို့ ပိုက်ဆံတော့ ထည့်ရမယ်” ဟု ၎င်းကဆိုသည်။ 

ယင်းအပြင်၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ရောင်းချခဲ့သော (၁၅၀၀ ကျပ်တန်) တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများကို စတင်ရောင်းချပြီး ၁၅ ရက်အတွင်း အသုံးပြုရမည် ဖြစ်သော်လည်း ဧပြီလမှ စတင်ကာ ရက် ၃၀ အတွင်း အသုံးပြုရမည်ဟု ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တစ်လ ၂၅၀၀ က လူအများစု ကုန်ပါတယ်။ ဖုန်းပေါက်ပြီးပြီးချင်း ၁၅ ရက်အတွင်း သုံးရမယ် ဆိုတာထက် စာရင် ခုတစ်လ အချိန်ရတော့ ကိုယ့်စိတ်ကြိုက် ဟန်းဆက်ဝယ်ဖို့ အခွင့်အရေး ပိုတာပေါ့” ဟု တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်ပြီး တန်ဖိုးနည်းဖုန်း ကိုင်ဆောင် အသုံးပြုနေသည့် ဦးပြည့်ဖြိုးအောင်က ဆိုသည်။

မဟာသင်္ကြန်ပွဲတော် ကာလ၏ အထူးအစီအစဉ် အဖြစ် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများကို အပိုငွေ ထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်တစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းအစီအစဉ်ကို မကြာမီ အသေးစိတ် ထုတ်ပြန် ကြေညာသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်း ပြည်ပဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရထားသည့် အော်ရီဒူးနှင့် တယ်လီနောတို့ကလည်း ဖုန်းလိုင်းကတ်ကို ၁၅၀၀ ကျပ်၊ ဖုန်းပြောခ တစ်မိနစ် ၂၅ ကျပ် ဝန်းကျင်နှင့် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုများ ပါသည့် ဖုန်းကတ်များကို ဇူလိုင်လအတွင်း ရောင်းချပေးမည်ဟု ကြေညာထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများတွင် ရောင်းချပေးနေသည့် တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆင်းမ်ကတ်များကို ယခင်ကဲ့သို့ ပိုက်ဆံမဖြတ်တော့ဘဲ ငွေဖြည့်ပါက သက်တမ်းတိုးသည့် စနစ်ကို ကျင့်သုံးနေကြောင်း ၎င်းကဆိုသည်။

MH 370 လေယာဉ် အပျက်အစီးများ ရှာဖွေနေစဉ် အတွင်း လေယာဉ် အချက်ပြမီး တစ်ခုကို တရုတ်သင်္ဘောနှစ်စင်း ဆယ်ယူနိုင်ခဲ့


MH 370 လေယာဉ် အပျက်အစီးများ ရှာဖွေနေစဉ် အတွင်း လေယာဉ် အချက်ပြမီး တစ်ခုကို တရုတ်သင်္ဘောနှစ်စင်း ဆယ်ယူနိုင်ခဲ့

ကျင်းကန်းရှန် ၊ ၃-၄-၂၀၁၄

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း အတွင်း မလေးရှား လေကြောင်းလိုင်း မှ ပျောက်ဆုံးနေသည့် MH 370 လေယာဉ် ၏ အပျက်အစီး များကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ် ရှာဖွေရေး သင်္ဘော နှစ်စင်းက ဧပြီ ၁ ရက်တွင် အဆိုပါ လေယာဉ်၏ အန္တရာယ် အချက်ပြမီး တစ်ခုကို ဆယ်ယူနိုင် ခဲ့ကြောင်း Xinhua သတင်းဌာန က ဖော်ပြခဲ့သည်။

အဆိုပါ အချက်ပြမီး သည် MH 370 လေယာဉ်မှ အပျက်အစီး ဖြစ်နိုင်ကြောင်း ၊ သို့သော် အတည်ပြုချက် ရယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း Jinggangshan သင်္ဘော နှင့် Donghaijiu 101 သင်္ဘောတွင် လိုက်ပါ ခဲ့သည့် သင်္ဘောအမှုထမ်း များက Xinhua သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ယင်း သင်္ဘော နှစ်စင်းသည် သြစတြေးလျ နိုင်ငံ၏ ဆိပ်ကမ်းမြို့ ၊ ပါ့သ်မြို့ အနောက်ဘက် ကီလိုမီတာ ၂၀၀၀ အကွာရှိ ရေပိုင်နက် အတွင်း အပျက်အစီး ရှာဖွေမှုများကို လုပ်ဆောင် လျက် ရှိကြောင်း သိရှိရသည်။ (Xinhua)

မြ၀တီ
အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း အတွင်း မလေးရှား လေကြောင်းလိုင်း မှ ပျောက်ဆုံးနေသည့် MH 370 လေယာဉ် ၏ အပျက်အစီး များကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ် ရှာဖွေရေး သင်္ဘော နှစ်စင်းက ဧပြီ ၁ ရက်တွင် အဆိုပါ လေယာဉ်၏ အန္တရာယ် အချက်ပြမီး တစ်ခုကို ဆယ်ယူနိုင် ခဲ့ကြောင်း Xinhua သတင်းဌာန က ဖော်ပြခဲ့သည်။
အဆိုပါ အချက်ပြမီး သည် MH 370 လေယာဉ်မှ အပျက်အစီး ဖြစ်နိုင်ကြောင်း ၊ သို့သော် အတည်ပြုချက်

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီသွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ဒုတိယပတ်အတွင်း ဂျာမနီနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတရုံးကို ကိုးကား၍ ဂျာမန်သတင်းအေဂျင်စီ dpa က ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဂျာမနီ ခရီးစဉ်အတွင်း ယင်းနိုင်ငံသမ္မတ ဂျိုအာချင်ဂေါက်နှင့် တွေ့ဆုံမည့် အပြင် နိုင်ငံတကာ ပြည်သူများအကြား နားလည်မှု မြှင့်တင်ပေးသူ များကို ရွေးချယ်ပေးအပ်သည့် Interntaional Willy Brandt Prize ကို လက်ခံရယူသွားမည် ဖြစ်ကြောင်း dpa က

မြန်မာ့ငွေကြေးဖောင်းပွမှု ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု ADB ခန့်မှန်း



ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၆ ဒသမ ၆ ရာခိုင်နှုန်း ဝန်းကျင် ရှိနေမည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်သည့် "Asian Development Outlook 2014: Fiscal Policy for Inclusive Growth" အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာတွင် အစိုးရကဏ္ဍ လစာငွေ တိုးမြှင့်မှု၊ မီတာခတိုးမြှင့်မှုနှင့် မြို့ကြီးများတွင် အိမ်ခြံမြေ ဈေးနှုန်း များ မြင့်တက်လာမှုများ ရှိနေခြင်းမှာ ငွေကြေးဖောင်းပွမှု အတွက် စိုးရိမ်ဖွယ် ဖြစ်သော် လည်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ပမာဏသည် ၂၀၁၄ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့်

လစာကွာဟချက်ကြီးမားမှု အဖြေရှာပါ



ခတ်အဆက်ဆက် ဝေဖန်ခံခဲ့ရ သော ၀န်ထမ်းလစာကို အစိုးရ သစ်လက်ထက်တွင် မြန်မြန်ဆန် ဆန် တိုးပေးခဲ့သည့်အတွက် ၀န် ထမ်းများ ပျော်ရွှင်ဝမ်းသာခဲ့ရ သည်။
သို့သော် ဌာနတစ်ခု၏ အမြင့်ဆုံးရာထူးဖြစ်သည့် ညွှန် ကြားရေးမှူးချုပ် လစာသည်ပင် သမ္မတအပါအ၀င် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်ကြီးများ၏ လစာ ခံစားခွင့် အဆောင်အယောင်နှင့် ယှဉ်လိုက်ပါက အ ဆပေါင်းများစွာ ကွာခြားနေပြီး မိသားစုဘ၀ ရပ်တည်ရေး အ တွက် ရုန်းကန်နေရဆဲဖြစ်သည်။

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မြန်မာကစားသမား ပဲပြားမောင်မောင် သေဆုံး


မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မြန်မာကစားသမား ပဲပြားမောင်မောင် သေဆုံး

ရန်ကုန်၊ ဧပြီ ၂

ရေးမြို့ ဟံဂံကျေးရွာ ဘုန်းကြီးပျံပွဲ၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့ရိုးရာ လက်ဝှေ့သမား ပဲပြားမောင်မောင်မှာ ထိုင်းလက်ဝှေ့သမားနှင့် ယှဉ်ပြိုင် ထိုးသတ်စဉ် ပထမအချီ၌ပင် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့က ထိုးသတ်ခဲ့သည့် ပဲပြားမောင်မောင်နှင့် ထိုင်းလက်ဝှေ့သမား ခင်ခွန်းတို့ ပထမအချီ ယှဉ်ပြိုင်စဉ် ထိုင်းလက်ဝှေ့သမား၏ တံတောင်ချက်ဖြင့် မေးရိုးကို နှစ်ကြိမ်ထိခိုက်မိပြီး ပဲပြားမောင်မောင် သတိမေ့သွားကြောင်း၊ ယင်းကြောင့် ပဲပြားမောင်မောင်ကို ပြိုင်ပွဲကျင်းပရာ ကျေးရွာနှင့် ဆယ်မိုင်ခန့်ဝေးသည့် ရေးမြို့နယ်ဆေးရုံကြီးသို့ သွားရောက် ပို့ဆောင်ခဲ့သော်လည်း လမ်းခရီး၌ပင် သေဆုံးသွားကြောင်း ပွဲစီစဉ်သူ ဦးစိုးသိန်း၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ရှင်းပြသည်။

“အပြိုင်အဆိုင် ထိုးသတ်ကြရင်းက ဦးနှောက်အာရုံကြောကို ထိခိုက်မိလို့ ခုလိုဖြစ်ရတာ ထင်တယ်” ဟု  ဦးစိုင်းဇော်ဇော်က သုံးသပ်ပြောဆိုသည်။ 

ရေးမြို့နယ် ဟံဂံကျေးရွာတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်နေ့ထိ ကျင်းပခဲ့သည့် မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲမှာ ယင်းကျေးရွာ ဂေါပကအဖွဲ့က တာဝန်ယူ ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံရိုးရာ အဖွဲ့ချုပ်မှ ဒိုင်လူကြီးများကို ဖိတ်ကြားခဲ့ခြင်း မရှိဘဲ ဂေါပကအဖွဲ့ကပင် ဒိုင်လူကြီးများ အဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုင်းဇော်ဇော်၏ ပြောကြားချက်အရ သိရသည်။

လွန်ခဲ့သည့် ငါးနှစ်က ငါးချီ စိန်ခေါ်ပွဲ တစ်ခုတွင် ပွဲချီအပြည့် ထိုးသတ်ပြီးမှ ယခုကဲ့သို့ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသော်လည်း ယခုဖြစ်ရပ်မှာ ပွဲအစ ပထမအချီ၌ပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများကို ထုတ်လုပ်ဖြန့်ချိ ရောင်းချသူလည်း ဖြစ်သည့် ဦးစိုင်းဇော်ဇော်က မှတ်ချက်ပြုသည်။ 

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ပဲပြားမောင်မောင်၏ မိသားစုကို ကျပ်တစ်သိန်း ထောက်ပံ့ ပေးထားကြောင်း ယင်းအဖွဲ့ချုပ် အတွင်းရေးမှူးက ပြောဆိုသည်။

မြန်မာ့ရိုးရာ ဒုတိယတန်း လက်ဝှေ့ကစားသမား ပဲပြားမောင်မောင်သည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဝါဆိုကလပ်၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ မြားထက်ကျော် လက်ဝှေ့ကလပ်တို့တွင် ကျင်လည်ခဲ့ပြီး ၂၀၁၃ ခုနှစ်က နေပြည်တော်၌ ကျင်းပသည့် ပြည်နယ်နှင့်တိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။
ရေးမြို့ ဟံဂံကျေးရွာ ဘုန်းကြီးပျံပွဲ၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့ရိုးရာ လက်ဝှေ့သမား ပဲပြားမောင်မောင်မှာ ထိုင်းလက်ဝှေ့သမားနှင့် ယှဉ်ပြိုင် ထိုးသတ်စဉ် ပထမအချီ၌ပင် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော် က ပြောကြားသည်။
ဧပြီလ ၁ ရက်နေ့က ထိုးသတ်ခဲ့သည့် ပဲပြားမောင်မောင်နှင့် ထိုင်းလက်ဝှေ့သမား ခင်ခွန်းတို့ ပထမအချီ ယှဉ်ပြိုင်စဉ် ထိုင်းလက်ဝှေ့သမား၏ တံတောင်ချက်ဖြင့် မေးရိုးကို နှစ်ကြိမ်ထိခိုက်မိပြီး ပဲပြားမောင်မောင် သတိမေ့သွားကြောင်း၊ ယင်းကြောင့် ပဲပြားမောင်မောင်ကို ပြိုင်ပွဲကျင်းပရာ ကျေးရွာနှင့်

ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသော ၄၈ လမ်းဗလီ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသည့် ဗလီဆရာနှစ်ဦးကို ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်

ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသော ၄၈ လမ်းဗလီ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသည့် ဗလီဆရာနှစ်ဦးကို ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်
Thursday, April 3, 2014

ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ်သက်၍ တရားစွဲဆို စစ်ဆေးခံနေရသော ဗလီဆရာနှစ်ဦးကို ယခုနှစ် ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ယူဆရသော ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ညပိုင်း၌ တာဝန်ကျ ဗလီဆရာနှစ်ဦးကို ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ ၃၀၄(က) ပုဒ်မ ၂၈၅ ဖြင့် တစ်နှစ်နီးပါးကြာ တရားရုံးတွင် ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းရုံးတင်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယခုနှစ် မတ် ၂၆ ရက်တွင် နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များ တရားရုံးတော်သို့ ပေးပြီးသည်ဖြစ်၍ လာမည့် ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

“ဗလီမီးလောင်မှုနှင့် ပတ်သက်ပြီး ရုံးတော်တင် စစ်ဆေးခံရသူနှစ်ဦးကို လာမယ့် ၈ ရက်မှာ အပြီးသတ် အမိန့်ချမှတ်မှာပါ။ အမှုအတွက် အပြီးသတ် လျှောက်လဲချက်ကိုလည်း မတ် ၂၆ ရက် ရုံးချိန်းမှာ ရုံးတော်ကို တင်ပြခဲ့ပြီးပါပြီ” ဟု ယင်းအမှုအား ကိုင်တွယ်နေသည့် ဗိုလ်တထောင်မြို့နယ် တရားသူကြီးက ဧပြီ ၂ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

၄၈ လမ်းဗလီ မီးလောင်မှုကြောင့် အစ္စလာမ်ဘာသာဝင် စာသင်သားကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရပြီး မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုတွင် ဗလီဆရာ နှစ်ဦးဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့တွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ပြုလုပ်သော ဗလီမီးလောင်မှု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်းဗလီ မီးလောင်မှုမြင်ကွင်းအား တွေ့ ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)

Eleven Media Group
ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ်သက်၍ တရားစွဲဆို စစ်ဆေးခံနေရသော ဗလီဆရာနှစ်ဦးကို ယခုနှစ် ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားရုံးမှ သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ယူဆရသော ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ညပိုင်း၌ တာဝန်ကျ ဗလီဆရာနှစ်ဦးကို ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ ၃၀၄(က) ပုဒ်မ ၂၈၅ ဖြင့်

မလေးရှားလေယာဉ် ဆန်းကြယ်စွာ ပျောက်ဆုံးမှုကို မည်သည့်အခါမျှ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း မလေးရှားရဲချုပ် ပြောကြား

မလေးရှားလေယာဉ် ဆန်းကြယ်စွာ ပျောက်ဆုံးမှုကို မည်သည့်အခါမျှ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း မလေးရှားရဲချုပ် ပြောကြား
Thursday, April 3, 2014

မလေးရှား လေကြောင်းလိုင်းလေယာဉ် ခရီးစဉ်အမှတ် MH370 ဆန်းကြယ်စွာပျောက်ဆုံးမှု အကြောင်းအရင်းကို အာဏာပိုင်များသည် မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ကြောင်း မလေးရှားရဲချုပ်က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။ လေယာဉ်ပျောက်ဆုံးမှုကို ရာဇ၀တ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုမှာ သီတင်းပတ် သုံးပတ်ကျော် ကြာမြင့်လာခဲ့ပြီး ကောက်ချက်မချနိုင်သေးကြောင်း၊ အချိန်ထပ်ပေး စေလိုကြောင်း ရဲချုပ်ခါလစ်အဘူဘာကာက ကွာလာလမ်ပူတွင် ပြောကြားခဲ့ကြောင်း Dow Jones Newswires က ဖော်ပြခဲ့သည်။

လေယာဉ်ပေါ် လိုက်ပါသူ တစ်ဦးဦးက လေယာဉ်ကို လမ်းကြောင်းပြောင်း ပျံသန်းစေခဲ့သည်ဟု မလေးရှားက ယူဆသဖြင့် လေယာဉ်မှူး ဇာဟာရီနှင့် တွဲဖက်လေယာဉ်မှူးတို့၏ အကြောင်းကို စစ်ဆေးနေသည်။ ဇာဟာရီ၏အိမ်တွင် တပ်ဆင်ထားသည့် လေယာဉ်မောင်းလေ့ကျင့်ရေး ပုံစံတူကိရိယာမှ သဲလွန်စ တစ်စုံတစ်ရာ ရရှိရန် မလေးရှား ရဲတပ်ဖွဲ့နှင့် အက်ဖ်ဘီအိုင်တို့က စစ်ဆေးနေသော်လည်း ခိုင်လုံသော သဲလွန်စ မရသေးကြောင်း ခါလစ်က ပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ၂၃၉ ဦးသာမက လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်အင်ဂျင်နီယာတို့၏ နောက်ကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်း မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုသည် လေယာဉ်ပြန်ပေးဆွဲမှု၊ အဖျက်အမှောင့်လုပ်ရပ် သို့မဟုတ် လေယာဉ်ပေါ် လိုက်ပါသွားသူများအကြား စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို အဓိကထားကြောင်း သိရသည်။

မလေးရှားလေယာဉ်ပေါ် လိုက်ပါခဲ့သူ ၂၂၇ ဦး၏ သုံးပုံနှစ်ပုံမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၎င်းတို့၏ ဆွေမျိုးများက မလေးရှားအစိုးရနှင့် လေကြောင်းလိုင်းကို “လူလိမ်များ” နှင့် “လူသတ်သမားများ” ဟု ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သည်။

Ref:AFP

ပျောက်ဆုံး မလေးရှားလေယာဉ် ရှာဖွေမှုတွင် ပါဝင်မည့် ဗြိတိန်နျူကလီးယား ရေငုပ်သင်္ဘော HMS Tireless ဂျီဘရော်တာဆိပ်ကမ်းသို့ ချဉ်းကပ်လာစဉ် (Photo:AFP)
Eleven Media Group
မလေးရှား လေကြောင်းလိုင်းလေယာဉ် ခရီးစဉ်အမှတ် MH370 ဆန်းကြယ်စွာပျောက်ဆုံးမှု အကြောင်းအရင်းကို အာဏာပိုင်များသည် မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ကြောင်း မလေးရှားရဲချုပ်က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။ လေယာဉ်ပျောက်ဆုံးမှုကို ရာဇ၀တ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုမှာ သီတင်းပတ် သုံးပတ်ကျော် ကြာမြင့်လာခဲ့ပြီး ကောက်ချက်မချနိုင်သေးကြောင်း၊ အချိန်ထပ်ပေး စေလိုကြောင်း ရဲချုပ်ခါလစ်အဘူဘာကာက ကွာလာလမ်ပူတွင် ပြောကြားခဲ့ကြောင်း Dow Jones Newswires က ဖော်ပြခဲ့သည်။

ရုရှား ဘာဘီမ အစားမစာပဲ နေလို့ အသက်ရှင်နိုင်ကြောင်း သက်သေပြ


ရုရှား ဘာဘီမ အစားမစာပဲ နေလို့ အသက်ရှင်နိုင်ကြောင်း သက်သေပြ 

လူသား ဘာဘီမလေး (Human Barbie) လို့ တင်စား ခေါ်ဝေါ်တဲ့ Valeria Lukyanova ဆိုတဲ့ ယူကရိန်းက အမျိုးသမီးကို သိကြမှာပါ။ ယခု သူဟာ အစားမစာပဲ အသက်ရှင်နိုင်ကြောင်း သက်သေပြမလို့ ပြုလုပ် နေပါတယ်။

အစားအစာနဲ့ ရေ ဟာ လူသားတွေ အသက်ရှင်ဖို့ အတွက် မလိုအပ် ကြောင်း သက်သေ ပြဖို့ အတွက် သူမဟာ လေပဲ ရှူမှာ ဖြစ်ပါတယ်။ လေရှူပြီး အလင်းရောင် အောက်မှာ နေရုံနဲ့ အသက်ရှင်တယ်လို့ ဆိုပြီး ယင်း ကျင့်စဉ်ကို စတင် ပြလုပ်နေပြီ ဖြစ်ပါတယ်။ သူမဟာ ပရော်ဖက်ရှင် နယ် မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလို ကျင့်စဉ်နဲ့ သက်သေ ပြရန် ပြုလုပ်မှုကိုတော့ အများက ကန့်ကွက် ဝေဖန် ရှုံ့ချ ထားပါတယ်။ 

သူမ အနေနဲ့ ကတော့ အခန်းထဲမှာ အလင်းရောင်နဲ့ လေဓာတ် ရရုံနဲ့ အသက်ရှင်နိုင်တယ်လို့ ဆိုတဲ့ Breatharianism ကို စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

.
လူသား ဘာဘီမလေး (Human Barbie) လို့ တင်စား ခေါ်ဝေါ်တဲ့ Valeria Lukyanova ဆိုတဲ့ ယူကရိန်းက အမျိုးသမီးကို သိကြမှာပါ။ ယခု သူဟာ အစားမစာပဲ အသက်ရှင်နိုင်ကြောင်း သက်သေပြ မလို့ ပြုလုပ် နေပါတယ်။
အစားအစာနဲ့ ရေ ဟာ လူသားတွေ အသက်ရှင်ဖို့ အတွက် မလိုအပ် ကြောင်း သက်သေ ပြဖို့ အတွက် သူမဟာ လေပဲ ရှူမှာ ဖြစ်ပါတယ်။ လေရှူပြီး အလင်းရောင် အောက်မှာ နေရုံနဲ့ အသက်ရှင်တယ်လို့ ဆိုပြီး ယင်း ကျင့်စဉ်ကို စတင် ပြလုပ်နေပြီ ဖြစ်ပါတယ်။ သူမဟာ ပရော်ဖက်ရှင် နယ် မော်ဒယ်

DKBA နောက်လိုက်ခဲ့သော သမီးကလေး ဒေသခံများ ဒုံသမိတံတားတွင် တားဆီးခံရ

DKBA နောက်လိုက်ခဲ့သော သမီးကလေး ဒေသခံများ ဒုံသမိတံတားတွင် တားဆီးခံရ
Thursday, April 3, 2014

DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့လာသော သမီးကလေး ကျေးရွာနှင့် အခြားရွာနေသူ ၃၀၀ ခန့်ကို ကရင်ပြည်နယ်အတွင်း မဝင်ရောက်ရန် ဒူးရင်းဆိပ် ကျေးရွာအနီး မွန်ပြည်နယ်အဆုံး ကရင်ပြည်နယ်အစ ဒုံသမိတံတားတွင် ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာရှိ အောင်သိဒ္ဓိကျောင်းတိုက်မှ ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီခန့်က ၁၂ ဘီးယာဉ် လေးစီးဖြင့် သမီးကလေးကျေးရွာ အပါအဝင် ဒေါ်ကာလီ၊ အင်းပတီးရွာတို့မှ လူဦးရေ ၂၉၅ ဦးရှိ အိမ်ထောင်စု ၈၀ ကို DKBA ထိန်းချုပ်နယ်မြေ မြဝတီမြို့အနီး ကျောက်ခတ်ကျေးရွာတွင် နေရာချပေးရန် ခေါ်ဆောင်လာစဉ် မွန်ပြည်နယ်အဆုံး ကရင်ပြည်နယ်အစ ခရိုင်ချင်း ဆက်သွယ်ထားသည့် ဒုံသမိတံတား၌ တပ်နှင့် ရဲတပ်ဖွဲ့ လက်နက်အင်အား အပြည့်အစုံဖြင့် ကရင်ပြည်နယ်အတွင်း မဝင်စေရန် ပိတ်ဆို့တားဆီးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ဒုက္ခသည်များ သိန်းချီ ရှိနေသောကြောင့် DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့လာသော လှည်းကူးမြို့နယ်ရှိ ကျေးရွာ ဖယ်ရှားခံရသူများကို ကရင်ပြည်နယ်အတွင်း နေထိုင်ခွင့် မပြုနိုင်ဟုဆိုကာ ကရင်ပြည်နယ် အာဏာပိုင် အဖွဲ့အစည်း၏ တားဆီးခြင်း ခံရပြီး ယင်းနေ့ည ၇ နာရီခန့်တွင် ပြည်နယ်ဝန်ကြီးချုပ် ခွင့်ပြုချက်ဖြင့် ဝင်ခွင့်ပြုခဲ့သည်။

အဆိုပါ ဝင်ခွင့်ပြုသော ခရီးစဉ်မှာ ကရင်ပြည်နယ် ဘားအံမြို့အနီး မြို့ရှောင်လမ်းမှ တစ်ဆင့် ဇာသပြင်ဘက်၊ ယင်းမှတစ်ဆင့် မွန်ပြည်နယ် မုဒုံမြို့မှ ဘုရားများ ဖူးရန်သာ ဝင်ခွင့်ပြုခဲ့ပြီး လတ်တလောတွင် DKBA ထိန်းချုပ်နယ်မြေ မြဝတီဘက်သို့ သွားခွင့်မပြုဘဲ လမ်းများကို ပိတ်ဆို့ထားကြောင်း အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

“ကရင်ပြည်နယ် ဝန်ကြီးချုပ်က နယ်စပ်မှာ ဒုစရိုက်မှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ရှုပ်ထွေးနေလို့ ခေါ်လာတဲ့ သူတွေကို ကရင်ပြည်နယ်စပ် တံတားမှာ ထားခဲ့ဖို့ ပြောပေမယ့် ပစ်ချခဲ့ရလောက်အောင် ဒီလူတွေက အမှိုက်မှ မဟုတ်တာ” ဟု DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ရှင်းပြသည်။

ပြောင်းရွှေ့လာသူ ၃၀၀ ခန့်မှာ ပူပြင်းလှသော နေအရှိန်ကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများမှာ ခရီးပန်းသည့်ဒဏ် ခံစားရသူများနှင့် ကျန်းမာရေး မကောင်းသူများပင် ရှိကြောင်း သမီးကလေး ကျေးရွာနေသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားကြီး တစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်ရှိ ဘုရားများဖူးရန် လေးရက်ခန့် မြဝတီမြို့သို့ ခေါ်ဆောင်ရန် DKBA မှ ဗျူဟာမှူးက ပြည်နယ်ဝန်ကြီးထံ တောင်းဆိုခဲ့သော်လည်း ကရင်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်ရှိ ဘုရားများဖူးရန်သာ ယာယီခွင့်ပြုထားကြောင်း၊ DKBA ထိန်းချုပ်နယ်မြေတွင် နေထိုင်ခွင့်ရရန် ဝန်ကြီးချုပ်ဖြင့် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကပြောကြားသည်။

“မှတ်ပုံတင် ကိုင်ထားတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကို ဟိုမဝင်ရ ဒီမဝင်ရ အပိတ်ခံရတာ နားမလည်နိုင်ဘူး။ သမ္မာအာဇီဝကျကျ ရှာဖွေစားဖို့ နေစရာပေးပြီး အလုပ်အကိုင် အခွင့်အလမ်းရှိမယ့် DKBA နောက် လိုက်လာတာ ကရင်ပြည်နယ်ထဲ ပေးမဝင်ဘူး။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းကလည်း နှင်ထုတ်ခံရတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ လုပ်နေပုံက ကျွန်တော်တို့ ရွာသားတွေ ရာဇဝတ်မှု ကျူးလွန်ထားလို့ လက်သင့်မခံနိုင်တဲ့ ပုံစံမျိုး ဆက်ဆံနေသလို ခံစားရတယ်” ဟု သမီးကလေး ကျေးရွာသား အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကြားရှိ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတားတွင် ပြောင်းရွှေ့လာသူများမှာ ပိတ်ပင်ခံထားရသောကြောင့် ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာရှိ အောင်သိဒ္ဓိကျောင်းတိုက်သို့ မပြန်လိုဟု ပြောဆိုကြကြောင်း လိုက်လံပို့ဆောင်ပေးသော လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ကိုသက်ခိုင်က ပြောကြားသည်။

The Voice Weekly
DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့လာသော သမီးကလေး ကျေးရွာနှင့် အခြားရွာနေသူ ၃၀၀ ခန့်ကို ကရင်ပြည်နယ်အတွင်း မဝင်ရောက်ရန် ဒူးရင်းဆိပ် ကျေးရွာအနီး မွန်ပြည်နယ်အဆုံး ကရင်ပြည်နယ်အစ ဒုံသမိတံတားတွင် ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာရှိ အောင်သိဒ္ဓိကျောင်းတိုက်မှ ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီခန့်က ၁၂ ဘီးယာဉ် လေးစီးဖြင့် သမီးကလေးကျေးရွာ အပါအဝင် ဒေါ်ကာလီ၊ အင်းပတီးရွာတို့မှ လူဦးရေ ၂၉၅

ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိတ်မချရသေးဟု ဆေးရုံအုပ်ကြီးပြော


ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိတ်မချရသေးဟု ဆေးရုံအုပ်ကြီးပြော

ရန်ကုန်၊ ဧပြီ ၂

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ငါးရက်တိုင် ၂၄ နာရီ စောင့်ရှောက်မှု ခံယူနေရသော အသက် ၈၄ နှစ်ရှိ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိတ်မချရသေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။

ဦးဝင်းတင်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ အဆုတ်မှတစ်ဆင့် အူနံရံ ကြွက်သားများအတွင်း လေဝင်သွားခြင်းကြောင့် အနာဖြစ်လာပြီး အူမကြီးနောက်ပိုင်းတွင် သွေးယိုစီးမှု ဖြစ်လာကာ သတိလစ်သွားခြင်း ဖြစ်ကြောင်း ဒေါက်တာလှမြင့်က ရှင်းပြသည်။

“အခြေအနေက စိတ်ချရတယ်လို့ မပြောနိုင်ဘူး။ တစ်ဖက်ကို ၅၀ ရာခိုင်နှုန်းဆီလောက်ကို မရောက်သေးဘူး။ ကုသမှုအပိုင်းမှာ အစွမ်းကုန် တာဝန်ယူ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ဟံသာဝတီ ဦးဝင်းတင်မှာ အသက်အရွယ်အရ ကျန်းမာရေး ချို့ယွင်းခြင်း ဖြစ်ပြီး ဆရာဝန်များ၏ ကုသမှုကို ကျေနပ်ကြောင်း မိသားစုဝင် တစ်ဦးက ပြောဆိုသည်။

“ဖြစ်ချိန်တန်လို့ ဖြစ်လာတာပဲ၊ ဘယ်သူမှ တားလို့ မရပါဘူး” ဟု ဦးဝင်းတင်၏ မိသားစုဝင် တစ်ဦးက မှတ်ချက်ပြုသည်။ လက်ရှိ ကျန်းမာရေး အခြေအနေ အရ ခရီးသွားနိုင်ခြင်း မရှိသည့်အတွက် ပြည်ပသို့ သွားရောက် ဆေးကုသမှု အစီအစဉ်ကိုလည်း မလုပ်ဆောင်ရန် ဆရာဝန်များက ညွှန်ကြားထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ဦးဝင်းတင် ပြန်လည် ကျန်းမာလာရန် နိုင်ငံရေးနယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များသည် ဧပြီလ ၂ ရက်နေ့က ရွှေတိဂုံစေတီတော်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့၌ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကနှင့် ပါတီအာဘော် ဒီလှိုင်းဂျာနယ်၏ အကြံပေးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ ချို့ယွင်းလာမှုကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ ဝိတိုရိယဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရာက စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ မတ်လ ၂၉ ရက်နေ့တွင် ပြောင်းရွှေ့ကုသနေခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ကာ ကူညီထောက်ပံ့နေသော ဦးဝင်းတင်သည် နှလုံးတွင် စက်တပ်ဆင်ထားရသူ ဖြစ်သည့်အပြင် ၎င်းကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား အဖြစ် အကျဉ်းထောင်အတွင်း ရှိခဲ့စဉ်က ကျန်းမာရေး ဆိုးရွားစွာ ချို့ယွင်းခဲ့ကြောင်း ၎င်းမိသားစုဝင်များက ပြောဆိုထားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ငါးရက်တိုင် ၂၄ နာရီ စောင့်ရှောက်မှု ခံယူနေရသော အသက် ၈၄ နှစ်ရှိ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိတ်မချရသေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။
ဦးဝင်းတင်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ အဆုတ်မှတစ်ဆင့် အူနံရံ ကြွက်သားများ အတွင်း လေဝင်သွားခြင်းကြောင့် အနာဖြစ်လာပြီး အူမကြီးနောက်ပိုင်းတွင် သွေးယို စီးမှု ဖြစ်လာကာ သတိလစ်သွားခြင်း ဖြစ်ကြောင်း ဒေါက်တာလှမြင့်က ရှင်းပြသည်။

အသားပေါ်မှာ စာရေးလို့ရတဲ့ အရည်အပြားရောဂါ


အသားပေါ်မှာ စာရေးလို့ရတဲ့ အရည်အပြားရောဂါ

ကမ္ဘာ့ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်တဲ့ အရည်အပြား ရောဂါ တစ်မျိုး ဖြစ်ပြီး အသားပေါ်မှာ စာရေးလို့ရတာ ကြောင့် သူ့ကို Dermatographic urticaria လို့ ခေါ်ပါတယ်။ Skin writing လို့ အင်္ဂလိပ်လိုလဲ အလွယ်ခေါ် ပါတယ်။

အထူးသဖြင့် ဆယ်ကျော်သက် တွေမှာ ဖြစ်တတ်ပြီး လက်သက်နဲ့ အသာလေး ခြစ်တာတောင် အစင်းကြောင်း ပေါ်ပါတယ်။ ဒါကြောင့် လက်သဲ ထိပ်နဲ့ စာလို ရေးသွားရင် တကယ် စာပေါ် ပါတယ်။ အချို့ ဆိုရင် ယင်း Disorder ဖြစ်နေချိန် စာရေးကြပြီး Facebook ပေါ်တင်တာတို့ ဓာတ်ပုံ ရိုက် မှတ်တမ်း တင်ထားတာတို့ ပြုလုပ်ကြ ပါတယ်။ အသက်အန္တရယ် မစိုးရိမ် ရပါဘူး။ သာမန် အရည်အပြား ရောဂါ တစ်မျိုး ဖြစ်ပြီး ဓာတ်မတည့်တဲ့ အစားအစာ တွေ စားဖြစ်ရင်လည်း ဖြစ်တတ် ပါတယ်။ အရည်အပြား ဆဲလ်ကို ကာကွယ်ပေးတဲ့ Antigen အားနည်းချိန် Histamine လို့ခေါ်တဲ့ ဆဲလ်က ကြွတတ်လာခြင်း ဖြစ်ပါတယ်။

အသေးစိတ်ကို လေ့လာချင်ရင် Wikipedia ရဲ့ http://en.wikipedia.org/wiki/Dermatographia မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

.
ကမ္ဘာ့ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်တဲ့ အရည်အပြား ရောဂါ တစ်မျိုး ဖြစ်ပြီး အသားပေါ်မှာ စာရေးလို့ရတာ ကြောင့် သူ့ကို Dermatographic urticaria လို့ ခေါ်ပါတယ်။ Skin writing လို့ အင်္ဂလိပ်လိုလဲ အလွယ်ခေါ် ပါတယ်။
အထူးသဖြင့် ဆယ်ကျော်သက် တွေမှာ ဖြစ်တတ်ပြီး လက်သက်နဲ့ အသာလေး ခြစ်တာတောင် အစင်းကြောင်း ပေါ်ပါတယ်။ ဒါကြောင့် လက်သဲ ထိပ်နဲ့ စာလို ရေးသွားရင် တကယ် စာပေါ် ပါတယ်။ အချို့ ဆိုရင် ယင်း Disorder ဖြစ်နေချိန် စာရေးကြပြီး Facebook ပေါ်တင်တာတို့ ဓာတ်ပုံ ရိုက် မှတ်တမ်း

ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအချို့တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိ


ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအချို့တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိ

၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းကို မတ် ၃ဝ ရက်မှ စတင်ပြီး ကောက်ယူခဲ့ရာ  ဧပြီ ၁ ရက် တတိယနေ့အဖြစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အချို့၌ ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်တားမြစ်မှုကြောင့်  သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသည့် နေရာများမှာ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ခွဲ၊ ကောင်နန်ရပ်ကွက်နှင့် ဆိုင်းဂျာရပ်ကွက်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ်မိုင်ခေါင်ကျေးရွာအုပ်စုနှင့် ကောင်လွင်ကျေးရွာ အုပ်စု၊ မန်စီ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂ဝ)၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ရှိ ကဆုန့်ရွာနှင့် ဇွပ်မိုင်ရွာ၊ ကျောက်မဲခရိုင် မိုးမိတ်မြို့နယ်  ဟင်ခုတ်ကျေးရွာအုပ်စု၊ နားခါးလုံ ကျေးရွာအုပ်စု၊ လွယ်ယားကျေးရွာ အုပ်စု၊ မန်တုံမြို့နယ် ပန်ကုံးကျေးရွာ အုပ်စုတို့ဖြစ်ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြေပြင် ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းကို မတ် ၃ဝ ရက်မှ စတင်ပြီး ကောက်ယူခဲ့ရာ ဧပြီ ၁ ရက် တတိယနေ့အဖြစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အချို့၌ ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်တားမြစ်မှုကြောင့် သန်းခေါင် စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။

ချောကလပ်သီး


ချောကလပ်သီး 

ပုံမှာ မြင်တွေ့နေတဲ့ အသီးကို ချောကလပ် သီးလို့လည်း အလွယ်ခေါ် ပါတယ်။ Black Sapote လို့ အမည်ရတဲ့ ဇီဝဗေဒ အမည် ကတော့ Diospyros digyna ဖြစ်ပါတယ်။

အသီးရဲ့ အရသာ ကလည်း ချောကလပ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ထူးခြားချက်က အဆီတက်စေခြင်း မရှိပဲ ဗစ်တာမင် စီ ဟာ သာမန် လိမ္မော်သီး များမှာ ပါဝင်တာထက် လေးဆတောင် ပိုမို ပါဝင် ပါတယ်။ အရွယ် အစား အားဖြင့်ကတော့ ခရမ်းချဉ်သီး အရွယ် လောက်ပဲ ရှိပါတယ်။ ၁၂ မီတာလောက် မြင့်တဲ့ အပင်မှာ ပေါက်တဲ့ အသီး ဖြစ်ပါတယ်။ 

မက္ကဆီကို၊ ကိုလီဘီယာနဲ့ အခြား အမေရိကန် အလယ်ပိုင်း ဒေသ တို့မှာပါ ရှင်သန် ပေါက်ဖွားတဲ့ ရှားပါး စားဖွယ် အသီး တစ်မျိုး ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

.
ပုံမှာ မြင်တွေ့နေတဲ့ အသီးကို ချောကလပ် သီးလို့လည်း အလွယ်ခေါ် ပါတယ်။ Black Sapote လို့ အမည်ရတဲ့ ဇီဝဗေဒ အမည် ကတော့ Diospyros digyna ဖြစ်ပါတယ်။
အသီးရဲ့ အရသာ ကလည်း ချောကလပ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ထူးခြားချက်က အဆီတက်စေခြင်း မရှိပဲ ဗစ်တာမင် စီ ဟာ သာမန် လိမ္မော်သီး များမှာ ပါဝင်တာထက် လေးဆတောင် ပိုမို

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း NCCT ရေးဆွဲပြီးဟုဆို


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် အစိုးရနှင့် ညှိနှိုင်းရန် မူကြမ်းတစ်စောင် ရေးဆွဲမှု ပြီးစီးပြီ ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ရခိုင်တပ်မတော်- Arakan Army မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ပြောကြားသည်။
ယင်းမူကြမ်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့၌ အစည်းအဝေး နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ယင်းမူကြမ်းကို သဘောတူ ရေးဆွဲလိုက်ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က “ကျွန်တော်တို့ အခန်း ခုနစ်ခန်းကို ဆွေးနွေး ရေးဆွဲကြပါတယ်။ ဒီနေ့

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အကြိုပြင်ဆင်မှု အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ၏ ဖွဲ့စည်းပုံပြင်ဆင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) သည် ရှေ့လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အဆင်ပြေ လွယ်ကူ ချောမွေ့စေရန်၊ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကြား စနစ်တကျ အပြန်အလှန် ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အဖွဲ့ချုပ်ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း မတ် ၃၁ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ပြင်ဆင်လိုက်သည့် ဖွဲ့စည်းပုံအရ အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူသည့် ရေးရာကော်မတီလေးခုနှင့် ဌာနရှစ်ခု အပါအ၀င် ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးနှင့် ရုံးအဖွဲ့ လွတ်လပ်သော ပါတီစာရင်းစစ်အဖွဲ့တို့ ပါဝင်ကြောင်းလည်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ်အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ပြန်ခေါ်သက်သေများ မလာ၍ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်း


လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ဧပြီ ၁ ရက်တွင် ပြန်ခေါ်သက်သေများ မလာ၍ မြောက်ပိုင်းခရိုင် တရားရုံး၌ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်းခဲ့ကြောင်း သတင်းရရှိသည်။
မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်တွင် တိုင်းတရားလွှတ်ရုံးသို့ စွဲချက်တင်အမိန့်ကို ပြင်ဆင် တင်သွင်းခဲ့သည့် ၁၆ ဦးထဲမှ ရှစ်ဦးအား စွဲချက်မခိုင်လုံသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တွဲဘက်(၅)

စမတ်ဖုန်းအလွန်အကျွံအသုံးပြုခြင်းသည် မျက်စိကို ထိခိုက်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူများပြော

စမတ်ဖုန်း အလွန်အကျွံအသုံးပြုသူများသည် မျက်စိထိခိုက်မှု အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မျက်မှန် ကျွမ်းကျင်သူများက ပြောကြားသည်။
ကွန်ပျူတာများ၊ Tablets, Flat Screen တီဗွီများကဲ့သို့သော အခြားပစ္စည်းကိရိယာများနှင့် စမတ်ဖုန်းများကို အလွန်အကျွံသုံးခြင်းသည် ကာလရှည် မျက်စိပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူ များက သတိပေးပြောကြားသည်။
တစ်နေ့လျှင် စမတ်ဖုန်းများကို ၃၂ ကြိမ်ခန့် အသုံးပြုသော အသက် ၂၅ နှစ် အရွယ် ပြည်သူ ၂,၀၀၀ ခန့်ကို ဆန်းစစ်လေ့လာမှု ပြုရာမှအဆိုပါ သတိပေးချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်း အချက်အလက် မှားယွင်းပါက စာရင်းကောက် ကာလအတွင်း ပြန်ပြင်နိုင်

သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှားယွင်း ထည့်သွင်း ကောက်ယူခြင်း ခံရပါက သန်းခေါင်စာရင်း ကာလအတွင်း ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ စာရင်းကောက် ဆရာမထံတွင် သွားရောက် ပြင်ဆင်နိုင်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စာရင်းကောက် ကောက်ယူသည့် သန်းခေါင်စာရင်းကို စာရင်းစစ်က စိစစ်ရပြီး မှားယွင်းမှုများ တွေ့ရှိပါက ပြန်ပြင်ခိုင်းမည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းတွင် လူမျိုးသင်္ကေတ တစ်ခုတည်း ထည့်သွင်းခြင်း မဟုတ်ဘဲ သင်္ကေတဘေးတွင် လူမျိုးအမည်ကို စာဖြင့် ရေးသားထားသဖြင့် သင်္ကေတ မှားယွင်း ထည့်သွင်းလာပါက စာရင်းစစ်က စစ်ဆေး၍ ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆိုင်ကယ်စီးနင်းလာသူကို ဝိုင်းဝန်းရိုက်နှက်ပြီး ငွေကျပ် သိန်း ၄၀ လုယူထွက်ပြေး

ဆိုင်ကယ်စီးလာသူတစ်ဦး၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ လူသုံးဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ဆိုင် ကယ်သမားထံမှ ငွေကျပ် သိန်း ၄၀ ကို လုယူထွက်ပြေးသွားသည့် အမှုတစ်ခု မတ်လ ၃၁ ရက် ညဦးပိုင်း က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့နယ်၊ မလယ် နယ်မြေရဲစခန်း ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ကျားဘိုကျွန်းတောတိုက်အနီး၌ ပဇီကြီးကျေးရွာနေ မောင်မျိုး အသက် (၂၃)နှစ်ဆိုသူသည် မတ်လ ၃၀ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်စီးလာစဉ် အမည်မသိ လူသုံးဦးက ဆိုင်ကယ်စီးလာသူ၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ

ကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များကို တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားရာမှ ငွေဖြည့်ကတ်သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့မည်

ကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များကို တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားရာမှ ငွေဖြည့်ကတ်သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့မည် 
Thursday, April 3, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အားလုံး၏ တယ်လီဖုန်းပြောဆိုခကို ယခင်ကဲ့သို့ တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားခြင်း ရှိတော့မည်မဟုတ်ဘဲ ငွေဖြည့်ကတ်တွင် သတ်မှတ်ထားသည့် သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့မည်ဖြစ်ပြီး သင်္ကြန်ကာလတွင် တယ်လီဖုန်းသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်ကိုလည်း ပြု လုပ်ပေးသွားမည်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးသို့ CDMA ၈၀၀ MHz တယ်လီဖုန်း (၂၁၅၀၀၀၀)လုံး၊GSM တယ်လီဖုန်း (၁၅၃၉၇၀၀)၊ WCDMA (၅၆၀၃၀၀)နှင့် စုစုပေါင်းတန်ဖိုးနည်း မိုဘိုင်းဖုန်း (၄ ဒသမ ၂၅) သန်းကို ရောင်းချပေးခဲ့သည်။ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ အပါအ၀င် တစ်နိုင်ငံလုံးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းပေါင်း (၈ ဒသမ ၀၅)သန်း ကျော်ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သင်္ကြန်ကာလ၌ အထူးအစီအစဉ်ဖြင့် သင်္ကြန်ရုံးပိတ်ရက်များအတွင်း မိုဘိုင်းဖုန်း စသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သက်ပြည့်ပင်စင်များ အတွက်လည်း တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ထည့်သွင်းရောင်းချပေးသွားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် လစဉ် တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် ၃၅၀၀၀၀ ကို ရောင်းချပေးခဲ့ပြီး ဧပြီလမှ စတင်ပြီး တန်ဖိုးနည်းဆင်းမ်ကတ် အရေအတွက် ငါးသောင်းထပ်မံတိုးမြင့်ကာ စုစုပေါင်း ဆင်းမ်ကတ် ၄၀၀၀၀၀ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ စောရည်နန္ဒာ

Eleven Media Group
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အားလုံး၏ တယ်လီဖုန်းပြောဆိုခကို ယခင်ကဲ့သို့ တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားခြင်း ရှိတော့မည်မဟုတ်ဘဲ ငွေဖြည့်ကတ်တွင် သတ်မှတ်ထားသည့် သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့ မည်ဖြစ်ပြီး သင်္ကြန်ကာလတွင် တယ်လီဖုန်းသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့် စွက်ပေးမည့် အစီအစဉ်ကိုလည်း ပြု လုပ်ပေးသွားမည်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာသဖြင့် အန္တရာယ် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတိပေးချက်ထုတ်ပြန်

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာမှုကြောင့် အန္တရာယ်ရှိမှုများအား ကျန်းမာရေးဝန်ကြီး ဌာနမှ သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်များတွင် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ ဖြစ်ပွားခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်းတို့ကို သတိပေးထားသည်။

မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်း သား ကျေးရွာများ၌သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၀၀၀ ကျော် စာရင်းကောက်ယူပြီးဖြစ်

မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်း သား ကျေးရွာများ၌သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၀၀၀ ကျော် စာရင်းကောက်ယူပြီးဖြစ်
Thursday, April 3, 2014

မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားကျေးရွာများတွင်သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၅၈၃ ဦး စာရင်းကောက်ယူပြီးဖြစ်ကြောင်း သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီမှ သတင်းရရှိသည်။

မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်းအား မတ် ၃၀ ရက် မွန်းလွဲပိုင်းက စတင်ကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး အုပ်စုဖွဲ့ကာ လုံခြုံရေး အပြည့်အ၀ဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ကျေးရွာများတွင် အခက်အခဲမရှိ ကောက်ယူ၍ရသော်လည်း ဘင်္ဂါလီကျေးရွာများတွင် ၎င်းတို့ထည့်လိုသည့် လူမျိုးအမည်အား ကောက်ယူခြင်း မရှိသဖြင့် သန်းခေါင်စာရင်း ကောက်ယူရေးအား ငြင်းဆိုနေကြောင်းလည်း သိရသည်။

မောင်တောခရိုင်အတွင်း မတ် ၃၀ ရက်မှ ဧပြီ ၁ ရက်အထိ သုံးရက်ကောက်ယူပြီးစီးမှုမှာ မောင်တော၊ တောင်ပြိုတွင် အိမ်ထောင်စုပေါင်း ၂၈၆၆ စု၊ လူဦးရေပေါင်း ၁၃၄၅၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၂၄၂၂ စု၊ လူဦးရေပေါင်း ၁၀၁၂၉ ဦး ကောက်ယူပြီးဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးများက စာရင်းကောက်ခွင့်မပေးဘဲ အိမ်တံခါးများ ပိတ်ထားကြောင်းနှင့် မြို့ပေါ်တွင်လည်း ဈေးဆိုင်များပါ ပိတ်ထားကြကြောင်း သိရသည်။

“သန်းခေါင်စာရင်း စကောက်တဲ့နေ့ ကတည်းက ဘင်္ဂါလီတွေ ဆိုင်သိမ်းပြီး အိမ်ပြန်ကြတယ်။ မြို့ပေါ်မှာ သွားသွားလာလာတောင် မရှိကြဘူး။ ဒီနေ့တော့ ဆိုင်တချို့ ဖွင့်လာကြတယ်။ ဒါပေမဲ့ အကုန်လုံး မဟုတ်ဘူး။ သန်းခေါင်စာရင်းမှာတော့ သူတို့ထည့်လိုတဲ့နာမည် မထည့်လို့ အကောက်မခံကြဘူး။ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းမှာဆိုလည်း ဈေးဆိုင်တွေ ပိတ်ထားကြပြီး ညအချိန် သူတို့ရွာတွေထဲက ဆူညံသံတွေ ထွက်နေတော့ တိုင်းရင်းသားတွေ မအိပ်နိုင်ဘဲ ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်နေကြရတယ်” ဟု မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာသား ဦးမင်းဦးက ပြောသည်။

လက်ရှိတွင် လေးရက်မြောက်နေ့အထိ ဗမာတိုင်းရင်းသားများ၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူများနေထိုင်သော အိမ်ထောင်စုများတွင်သာ သန်းခေါင်စာရင်း ကောက်ယူနေကြကြောင်း သန်းခေါင်စာရင်း ကောက်ယူနေသည့် ဆရာဆရာမများ၏ ပြောပြချက်အရ သိရသည်။

မောင်တောမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် မောင်တောမြို့နယ်နှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတို့တွင် ကောက်ကွက်ပေါင်း ၆၄၀ ဖွဲ့စည်းထားပြီး အိမ်ထောင်စုပေါင်း ၅၈၅၇၀ နှင့် ဘူးသီးတောင်မြို့နယ်တွင် ကောက်ကွက် ၃၅၉ ခု၊ အိမ်ထောင်စုပေါင်း ၃၉၆၂၉ တို့ကို လူဦးရေစာရင်းနှင့် အိမ်အကြောင်းအရာ အချက်အလက်များ ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မောင်တောင်ခရိုင်အတွင်း ကျေးရွာတစ်ရွာတွင် တိုင်းရင်းသားမိသားစု တစ်စုကို ဧပြီ ၁ ရက်က သန်းခေါင်စာရင်း ကောက်ယူနေစဉ်
မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားကျေးရွာများ တွင်သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၅၈၃ ဦး စာရင်းကောက်ယူပြီးဖြစ်ကြောင်း သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီမှ သတင်းရရှိသည်။
မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်းအား မတ် ၃၀ ရက် မွန်းလွဲပိုင်းက စတင်ကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး အုပ်စုဖွဲ့ကာ လုံခြုံရေး အပြည့်အ၀ဖြင့် ကောက် ယူနေခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။

မတ် ၃၁ ရက်အထိ နှစ်ရက်တာ သန်းခေါင်စာရင်းကောက်ယူမှုအပြီး အိမ်ထောင်စုနှစ်သန်းကျော် စာရင်းကောက်ယူရရှိ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို မတ် ၃၀ ရက်မှ စတင်ကာ တစ်နိုင်ငံလုံး၌ ကောက်ယူမှုပြုလုပ်ခဲ့ရာ မတ် ၃၁ ရက်အထိ နှစ်ရက်တာ သန်းခေါင်စာရင်းကောက်ယူမှုအပြီး အိမ်ထောင်စု စုစုပေါင်း နှစ်သန်းကျော် စာရင်းကောက်ယူ ရရှိခဲ့သည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က သန်းခေါင်စာရင်းကောက်ယူမှု လေးရက်မြောက်ဖြစ်သည့် ဧပြီ ၂ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

က္ခရောက် ရွာသားတွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို ဖယ်ရှားခိုင်း

Photo: ဒုက္ခရောက် ရွာသားတွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို ဖယ်ရှားခိုင်း

ဧပြီလ ၃ ရက် ၂၀၁၄ ခုနှစ်

သမီးလေးကျေးရွာအပါအဝင် ပြောင်းရွှေ့ခံရတဲ့ရွာတွေ က ကျေးရွာသူ ရွာသား ၃ဝဝ ကျော်လောက်ကို နေထိုင် ခွင့်ပေးထားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလံနီကျေးရွာက အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းကို မနေ့ကညပိုင်းက ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက အလံနီဆည်နယ်နမိတ်အတွင်းမှာ ရှိတာကြောင့် ဖယ်ရှားပေးဖို့ အကြောင်းကြားခဲ့ပါတယ်။
အရင်ကလည်း အောင်သိဒ္ဓိဘုန်းကြီးကျောင်း ရွှေ့ပေးဖို့ အသိပေးတာ ရှိခဲ့ပေမဲ့ သမီးလေးကျေးရွာ အပါအဝင် ရွာသားတွေ DKBA ရဲ့အစီအစဉ်အတိုင်း လိုက်သွားဖို့ပြင်ဆင်နေချိန်မှာ အခုလို တရားဝင်စာပို့ အကြောင်းကြားတာလို့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ပါတယ်။
" ဗိုလ်မှူးကြီး စန်းအောင်တို့ နယ်မြေထဲမှာ နေရာ ထိုင်ခင်းတွေပေးတယ်၊ အလုပ်အကိုင်တွေပေးတယ် အဲ့လိုအချိန်မျိုးကျမှ အခုမှတော့ တရားဝင်စာရောက်လာတယ်ပေါ့နော်၊ ဥပဒေအရ ပေတစ်ထောင်အတွင်းမှာ ဆည်မြောင်းဧရိယာနဲ့ မလွတ်ဘူး၊ဖယ်ရှားဆောက်လုပ်ပေးဖို့ပေါ့နော်၊ ဆည်ဆောက်တဲ့အချိန်မှာ ကျောင်းနဲ့ ဘုရားဟာ ဆည်နဲ့မလွတ်ဘူး၊ ဧရိယာထဲပါတယ် ဒါပေမဲ့လို့ အထက်ကတာဝန်ရှိတဲ့ အဲ့ဒီတုန်းကလူကြီးတွေ လာကြည့်ပြီးတော့ ဆည်စီမံကိန်း တစ်ခုလုံးကိုတော့ ပြောင်းရွေ့ပြီတော့ ကျောင်းနဲ့ဘုရားကို ချန်ပေးခဲ့တယ်"
ဒီလိုဘုန်းတော်ကြီးကျောင်းပြောင်းရွှေ့ခိုင်းတာနဲ့ပက်သက်ပြီး သက်ဆိုင်ရာကို စာပို့တင်ပြတောင်းဆို သွားမယ်လို့ ဆရာတော်က မိန့်ပါတယ်။
အောင်သိဒ္ဓိဘုန်းကြီးကျောင်းဟာ အလံနီဆည်ဘေးနားမှာ ရှိပြီး အဲဒီနားက ကျေးရွာတွေက ကလေးတွေကို အလယ်တန်းပညာရေး ပြီးဆုံးအောင် သင်ကြားပေးနေတဲ့ စာသင်ကျောင်းလည်း ရှိပါတယ်။

Credit To : RFA Burmese
သမီးလေးကျေးရွာအပါအဝင် ပြောင်းရွှေ့ခံရတဲ့ရွာတွေ က ကျေးရွာသူ ရွာသား ၃ဝဝ ကျော်လောက်ကို နေထိုင် ခွင့်ပေးထားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလံနီကျေးရွာ က အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းကို မနေ့ကညပိုင်းက ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက အလံနီဆည်နယ်နမိတ်အတွင်းမှာ ရှိတာကြောင့် ဖယ်ရှားပေးဖို့ အကြောင်းကြားခဲ့ပါတယ်။

ဒုက္ခသည်ရွာသားတွေ တင်ဆောင်လာတဲ့ DKBA ကား တားဆီးခံရ

Photo: ဒုက္ခသည်ရွာသားတွေ တင်ဆောင်လာတဲ့ DKBA ကား တားဆီးခံရ

ဧပြီလ ၃ ရက် ၂၀၁၄ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က သမီးကလေးကျေးရွာ၊ အင်းမတီးနဲ့ ဒေါ်ကာလီကျေးရွာက ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ကရင်ပြည်နယ်၊ သောင်ရင်းမြစ်နားက ကျောက်ခက်ကျေးရွာမှာ နေရာချထားပေးဖို့အတွက် ဒီနေ့မနက်ပိုင်းက ခေါ်ယူလာတဲ့ကားကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဒုံသမိတံတားနားမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆက်မသွားဖို့ တားဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပေးထားတဲ့ကတိကို DKBA အဖွဲ့က ချိုးဖောက်တဲ့အတွက် အခုလို တားဆီးတာဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောတယ်လို့ ဒုက္ခသည်တွေနဲ့အတူ လိုက်ပါသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးဇော်ဝင်းက ပြောပါတယ်။
"ဗိုလ်မှူးကြီး စောဆန်းအောင်ကို တစ်ယောက်နဲ့ တစ်ယောက် ငြိမ်းချမ်းရေးလုပ်ထားတာ တခြားအဖွဲ့အစည်းတွေနဲ့ မပတ်သက်ရဘူးဆိုပြီးပါတယ်တဲ့၊ အဲဒီအတွက်ကြောင့်မို့ ဗိုလ်မှူးကြီး စောဆန်းအောင်မှာ အပြစ်ရှိတယ်တဲ့၊ အဲဒါကြောင့်မို့ ဒီကနေ လုံးဝသွားခွင့်မပြုဘူးဆိုပြီး အမိန့်ထုတ်လိုက်တယ်"
သူတို့တွေဟာ မနက် ၅ နာရီလောက်မှာ လှည်းကူးမြို့နယ်၊ အောင်သိဒ္ဓိဘုန်းကြီးကျောင်းကနေ စတင်ထွက်ခွာခဲ့တာဖြစ်ပြီး လမ်းခရီးတစ်လျှောက်ဖြတ်သန်းခဲ့ရတဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အတားဆီးမခံခဲ့ရဘဲ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဒုံသမိတံတားနားရောက်မှ တားဆီးခံရတာ ဖြစ်ပါတယ်။

Credit To : RFA Burmese
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က သမီးကလေးကျေးရွာ၊ အင်းမတီးနဲ့ ဒေါ်ကာလီကျေးရွာက ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ကရင်ပြည်နယ်၊ သောင်ရင်းမြစ်နားက ကျောက်ခက်ကျေးရွာမှာ နေရာချထားပေးဖို့အတွက် ဒီနေ့မနက်ပိုင်းက ခေါ်ယူလာတဲ့ကားကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဒုံသမိတံတားနားမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆက်မသွားဖို့ တားဆီးခဲ့တယ်လို့ သိရပါတယ်။

ချီလီငလျင်ကြောင့် အနည်းဆုံးလူ ၆ဦး သေဆုံး


ငလျင်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ကားနဲ့စက်လှေ (Credit: Reuters) 
ချီလီနိုင်ငံမှာ ​မနေ့တုန်းက ​ပြင်းအား ​၈.၂ ​ရှိတဲ့ ​မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ​ချီလီနိုင်ငံမြောက်ပိုင်း ​ဒေသနှစ်ခုကို ​ဘေးအန္တရာယ် ​ကျရောက်ရာနေရာအဖြစ် ​သတ်မှတ်ထားပါတယ်။
မြေငလျင်လှုပ်ခတ်မှုကြောင့် ​အနည်းဆုံး ​လူ ​၆ ​ဦးသေဆုံးခဲ့ရပြီး ​လူပေါင်း ​ကိုးသိန်း ခုနှစ်သောင်းကျော်ကို ​ရွှေ့ပြောင်းမှု ​လုပ်ထားပါတယ်။
အမေရိကန် ​ဘူမိဗေဒ ​ပညာရှင်တွေရဲ့ ​အဆိုအရ ​မြေငလျင်ဟာ ​ချီလီနိုင်ငံ ​မိုင်းတွင်းများတဲ့ ​အီကီးကေး ​(Iquique) ​ဒေသနဲ့ ​၈၆ ​ကီလိုမီတာ ​ဝေးတဲ့နေရာမှာ ​ဗဟိုပြု ​လှုပ်ခတ်ခဲ့တာ ​ဖြစ်ပါတယ်။

ရိုဟင်ဂျာအမည် သန်းခေါင် စာရင်းထဲ ထည့်ခွင့် မပြုတဲ့ အပေါ် ကုလစိုးရိမ်


ရခိုင်ပြည်နယ် စစ်တွေမြို့မှာတွေ့ရတဲ့ မွတ်စလင်ရိုဟင်ဂျာ ဒုက္ခသည်စခန်း (Credit: AFP) 
မြန်မာနိုင်ငံမှာ ​နှစ်ပေါင်းသုံးဆယ်အတွင်း ​ပထမကြိမ် ​စတင်ကောက်ခံနေတဲ့ ​သန်းခေါင်စာထဲမှာ ​ရိုဟင်ဂျာအဖြစ် ​စာရင်းထည့်သွင်းချင်တဲ့ ​မွတ်စလင်တွေကို ​တားမြစ်ပိတ်ပင်တဲ့အပေါ် ​သန်းခေါင်စာရင်း ​လုပ်ငန်းတွေမှာ ​ထောက်ပံ့ပေးနေတဲ့ ​ကုလသမဂ္ဂ ​လူဦးရေဆိုင်ရာ ​ရံပုံငွေအဖွဲ့အနေနဲ့ ​အရမ်းကို ​စိုးရိမ်မိကြောင်းပြောပါတယ်။
ဒီလို ​ရိုဟင်ဂျာနာမည်ကို ​ထည့်ခွင့်ပိတ်ပင်တာဟာ ​အခြေအနေတင်းမာအောင် ​လှုံ့ဆော်ပေးသလို ​ဖြစ်နေ တယ်လို့လည်း ​UNFPA ​အဖွဲ့က ​သတိပေး ​ပြောကြားလိုက်ပါတယ်။