Tuesday, April 8, 2014

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် လုံခြုံရေးအရ သန်ခေါင်းစာရင်း ကောက်ယူရန် ခက်ခဲသော ကျေးရွာများသို့ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ



KIA တပ်ဖွဲ့များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့ ၌ လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသဖြင့် တပ်မတော် မှ လုံခြုံရေး အစောင့်အရှောက် များ အကူအညီ ပေး၍ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မန်စီမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ မှ ဒေသခံပြည်သူ ၂၉၆၉ ဦး ၊ နောင်စွမ်း မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ပြည်သူ ၅၉၁ ဦး ၊ ပန်ခမ်းမြို့နယ် အတွင်းရှိ ကျေးရွာ ၅

UWSA နဲ့ SSA တောင်းပိုင်း တပ်ဖွဲ့ သံလွင် အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်

Photo: UWSA နဲ့ SSA တောင်းပိုင်း တပ်ဖွဲ့ သံလွင် အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်
Tuesday, April 8, 2014

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် မြို့နယ်ထဲမှာ ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် UWSA ဘက်က တဦးကျဆုံးပြီး တဦး ဒဏ်ရာရသွားတယ်လို့ သတင်း ရရှိပါတယ်။

မိုင်းပန်မြို့ရဲ့တောင်ဘက် မိုင် ၂၀ လောက် အကွာမှာရှိတဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်းမှာ ဒီလ ၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး SSA တောင်ပိုင်းဘက်က ပြောတာကတော့ UWSA တပ်ဖွဲ့တွေ သူတို့နယ်ထဲကို ကျွံဝင်လာရာကနေ ပစ်ခတ်မှုတွေ ဖြစ် တာလို့ ဆိုပါတယ်။

မိုင်းပန်မြို့အခြေစိုက် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး အောင်ကျန်မိဏ်း က “ကျနော်ကြားသလောက်တော့ ဝ ဘက်က တယောက်ဆုံးတယ်၊ တယောက် ဒဏ်ရာ ရတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

သံလွင်မြစ်ခြားထားပြီး နယ်မြေချင်းထိစပ်နေတဲ့ တပ်ဖွဲ့နှစ်ဖွဲ့ရဲ့ တိုက်ပွဲဖြစ်ပွားမှုမှာ အကျိုးစီးပွားတွေ ပါနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပေမယ့် RCSS/SSA ကတိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။

ဒီတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး UWSA တာဝန် ရှိသူတွေကိုလည်း ဧရာဝတီက ဆက်သွယ်ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

သံလွင်မြစ် အရှေ့ဘက်အခြမ်းမှာ လှုပ်ရှားနေတဲ့ UWSA တပ်ဖွဲ့တွေ အနေနဲ့ SSA တောင်ပိုင်းထိန်းချုပ်တဲ့ မြစ်အနောက်ဘက် အခြမ်းကို ကူးပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေတာကို SSA တောင်ပိုင်း ရှေ့တန်းလှုပ်ရှား တပ်ဖွဲ့တွေနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာလို့ မိုင်းပန်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ RCSS/SSA အရာရှိတဦးက ပြောပါတယ်။

“သံလွင် အရှေ့ဘက်ကြတော့ ဝ ရဲ့ နယ်နိမိတ်ခင်ဗျ၊ အခုဖြစ်တာက ဝ က သံလွင်အနောက်ဘက်ခြမ်း ကျနော်တို့ နယ်မြေထဲ အထိ ကျူးကျော်လာပြီးတော့ ရွှေတူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်တာ၊ သတိပေးပေမယ့် ဇွတ်ဝင်ပြီး ဇွတ်လုပ်နေတဲ့ အခါကြတော့ ပစ်ခတ်မှုတွေ ဖြစ်သွားတာဗျ”လို့ အဆိုပါ အရာရှိက ဧရာဝတီကို ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် နှစ်ဖက်တင်းမာမှုတွေရှိနေပြီး“သူတို့ တပ်ဖွဲ့တွေအနေနဲ့ ဒီနယ်မြေကနေ ထွက်သွားရင်သွား မသွားရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်မှာပဲ”လို့ RCSS/SSA အရာရှိက ဆိုပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတွေက သံလွင်မြစ်ကြောင်း တလျှောက်မှာ ရွှေနဲ့ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေလုပ်ကိုင်နေကြပြီး လုပ်ကိုင်ခွင့် ရရှိဖို့အတွက် အစိုးရစစ်တပ်၊ UWSA နဲ့ RCSS/SSA တို့ကို အခွန် ပေးဆောင်နေရတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အရာရှိတွေက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လက ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမှူး ဒေသမှာ SSA တောင်းပိုင်း အဖွဲ့ရဲ့ အရာရှိ ၂ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးကို UWSA က နယ်မြေကျူးကျော်မှုနဲ့ ဖမ်းဆီးခဲ့ဖူးပြီး နောက်ပိုင်းမှာ နှစ်ဖက်တာဝန်ရှိသူတွေ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် UWSA က ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

၆၇ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အထိမ်းအမှတ်ပွဲမှာ စစ်ရေးပြနေကြတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ရဲ့ ကွန်မန်ဒို တပ် ဖွဲ့ဝင်များ (ဓာတ်ပုံ – ကျော်ခ )

ဧရာဝတီ
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် မြို့နယ်ထဲမှာ ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် UWSA ဘက်က တဦးကျဆုံးပြီး တဦး ဒဏ်ရာရသွားတယ်လို့ သတင်း ရရှိပါတယ်။

မိုင်းပန်မြို့ရဲ့တောင်ဘက် မိုင် ၂၀ လောက် အကွာမှာရှိတဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်းမှာ ဒီလ ၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး SSA တောင်ပိုင်းဘက်က ပြောတာကတော့ UWSA တပ်ဖွဲ့တွေ

ရန်သူ၏ ဦးခေါင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ကျောင်းသူများကို အဓမ္မပြုကျင့်ရန်

ရန်သူ၏ ဦးခေါင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ကျောင်းသူများကို အဓမ္မပြုကျင့်ရန် တက္ကသိုလ်တွင် မြေအောက်ခန်းတည်ဆောက်ခဲ့သည့် ဂဒါဖီး
Tuesday, April 8, 2014

သံမဏိ လက်သီး ဥပဒေများပြဌာန်းပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့သော အာဏာရှင် မွမ်မာဂဒါဖီ သည် သူ၏ အမုန်းတီးရဆုံး ရန်သူတစ်ယောက်၏ ဦးခေါင်းပြတ်ကို နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် ၂၅ နှစ်ကြာ သိမ်းဆည်းခဲ့သည့်အပြင် တက္ကသိုလ်ကျောင်းသူလေးများကို အဓမ္မပြုကျင့်ရန်အတွက် တက္ကသိုလ်တွင် လျှို့ဝှက် အဓမ္မပြုကျင့်သည့်အခန်းငယ်တည်ဆောက်ခဲ့သည်ဟု မကြာခင် ထုတ်လွှင့်တော့မည့် ဂဒါဖီး ၏ မိုက်မဲမှုများကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ဒါ့အပြင် ဂဒါဖီသည် သူကိုယ်တိုင်သတ်ဖြတ်ခဲ့သော လူများ၏ရုပ်အလောင်းများကိုလည်း နေအိမ်ရှိ ရေခဲခန်းအတွင်းထိန်းသိမ်းထားပြီး အပျင်းပြေ ကြည့်ရှု့လေ့ရှိသည်။ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သည့် မြေအောက်ခန်းကိုတော့ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ထရီပိုလီ တက္ကသိုလ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဖော်ပြပါအချက်အလက်များပါဝင်သည့် ရုပ်သံမှတ်တမ်းကို ဗြိတိန်နိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ ခရစ်စတိုဖာ အိုဂီရေတီ၏ "Mad Dog: Inside the Secret World of Muammar Gaddafi" ဆိုသည့် ရုပ်သံ မှတ်တမ်းသစ် တွင်ဖော်ပြထားခြင်းဖြစ်သည်။၎င်းဗီဒီယိုမှတ်တမ်းတွင် ဂဒါဖီ၏ ကြေးစားလူသတ်သမားအဖြစ်လုပ်ဆောင်ခဲ့ဖူးသော CIA သစ္စာဖောက် ဖရက်တာပဲ နှင့်တွေ့ဆုံမေးမြန်းထားသောအင် တာဗျူးလည်းပါဝင်လာခဲ့သည်။ ဖရက်တာပဲ၏ အင်တာဗျူးတွင်ဖြေကြားချက်များအရ ဂဒါဖီက သူ့ကို လူတစ်ယောက်၏ ဦးခေါင်းကိုဖြတ်ကာ သူ့ထံသို့ ပြန်လည်ပေးပို့နိုင်ပါက အမေရိကန်ဒေါ်လာ တစ်သန်းပေးမည်ဟု ခိုင်းစေခြင်းကို ခံခဲ့ရကြောင်း ဆိုသည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က လစ်ဗျားသူပုန်များ၏ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသော ဂဒါဖီက ထိုလူ၏ ဦးခေါင်းပြတ်ကို ရေခဲသေတ္တာထဲတွင်အခြားသော လူသေ အလောင်းများနှင့်အတူ သိမ်းဆည်း ထားခဲ့သည်။ ဖရက်တာပဲ၏ ပြောကြားချက်အရ "ကျွန်တော်က ဂျီနီဗာမှာရှိနေခဲ့တယ် အဲ့ဒီလူကို သတ်ပြီး ခေါင်းပြတ်ကို ဂဒါဖီ ဆီကို မပုပ်မသိုးဖြစ်အောင်ပြင်ဆင်ပြီးပို့လိုက်တော့ ကျွန်တော်ဆီကို အမေရိကန် ဒေါ်လာ တစ်သန်း တန်ဖိုးရှိတဲ့ ချက်လက်မှတ်တစ်စောင်ရောက်လာတာပါပဲ" ဟုပြောကြားထားသည်။ဖရက်တာအနေနဲ့ ၎င်းအမှုနှင့်ပတ်သက်ပြီး သံသယဖြစ်ခြင်းခံလိုက်ရချိန်မှာတော့ ကျူးဘားသို့ထွက်ပြေးခဲ့သည်ဟု New York Post သတင်းဌာန၏မှတ်တမ်းများအရသိရသည်။

ရုပ်သံမှတ်တမ်းတွင်ပါဝင်သည့် ဂဒါဖီ၏ မိုက်မဲသည့် နောက်ထပ်လုပ်ရပ်တစ်ခုမှာ ဂဒါဖီအနေဖြင့် ထရီပိုလီ တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားပြီးသည့်အခါတိုင်း ကျောင်းသူလေးများကို အဓမ္မပြုကျင့်သည့် မြေအောက်ခန်း တည်ဆောက်ထားခြင်းဖြစ်သည်။"လူမသိအောင်တည်ဆောက်ထားတဲ့အဲ့ဒီ အခန်းလေးထဲမှာ ကုတင်တစ်လုံးရယ်၊ ရေပန်းနှင့် နှိမ့်နယ်ခြင်းခံယူနိုင်တဲ့ Jacuzzi ဆိုတဲ့ ရေကန်လေးရယ် ၊ အဓမ္မပြုကျင့်ခံရမည့် ကျောင်းသူကို လိင်ပိုင်းဆိုင်ရာ ကူးစက်ရောရှိမရှိစစ်ဆေးတဲ့ နေရာလေးရယ်၊ ရာဘာမျက်နှာဖုံးရယ် ၊ လူကိုမူးဝေသွားအောင်ပြုလုပ်နိုင်တဲ့ ပစ္စည်းအချို့ရယ် ပါဝင်တယ်" ဟု၎င်းမှတ်တမ်းဗီဒီယိုကိုရိုက်ကူးထားသည့် ခရစ်စတိုဖာ အိုဂီရေတီ ကပြောကြားသည်။ "ဂဒါဖီက လစ်ဗျားနိုင်ငံကို စိတ်ကြိုက် ကိုယ်ထင်ရာ ကိုယ်လုပ်ပြီးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆိုးတစ်ယောက်ပါ" ဟု အိုဂီရေတီ ကဖြည့်စွက်ပြောကြားခဲ့သည်။"Mad Dog" ရုပ်သံမှတ်တမ်းကို သောကြာနေ့တွင် ထုတ်လွှင့်ပြသမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ရုပ်သံလိုင်းကို ဖော်ပြထားခြင်းမရှိပေ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
သံမဏိ လက်သီး ဥပဒေများပြဌာန်းပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့သော အာဏာရှင် မွမ်မာဂဒါဖီ သည် သူ၏ အမုန်းတီးရဆုံး ရန်သူတစ်ယောက်၏ ဦးခေါင်းပြတ်ကို နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် ၂၅ နှစ်ကြာ သိမ်းဆည်းခဲ့သည့်အပြင် တက္ကသိုလ်ကျောင်းသူလေးများကို အဓမ္မပြုကျင့်ရန်အတွက် တက္ကသိုလ်တွင် လျှို့ဝှက် အဓမ္မပြုကျင့်သည့်အခန်းငယ်တည်ဆောက်ခဲ့သည်ဟု မကြာခင် ထုတ်လွှင့်တော့မည့် ဂဒါဖီး ၏ မိုက်မဲမှုများကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ဒါ့အပြင် ဂဒါဖီသည် သူကိုယ်တိုင်သတ်ဖြတ်ခဲ့သော လူများ၏ရုပ်အလောင်းများကိုလည်း နေအိမ်ရှိ ရေခဲခန်းအတွင်းထိန်းသိမ်းထားပြီး အပျင်းပြေ

ဇနီးဖြစ်သူမှအတွေ့မခံသဖြင့် အရက်မူးယစ်ပြီး အဆောင်အားမီးရှို့သူကို အရေးယူ

၇.၄.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်ရှိ “ချမ်းမြေ့”အဆောင်ပိုင်ရှင် ဦးသန်းဌေးအောင်မှ ၎င်းသည် မြို့တွင်းသို့သွားနေစဉ် အဆောင်၌မီးရှို့မှုဖြစ်ပွားကြောင်းကြားသိရသဖြင့် ပြန်လာခဲ့ပြီးဖြစ်စဉ်အားစုံစမ်းမေးမြန်းခဲ့ကြောင်း၊ ထိုသို့စုံစမ်းခဲ့ရာ အဆောင်တွင် ငှားရမ်းနေထိုင်သော ဒေါ်ခင်နှင်းဖြူ ထံသို့ ၎င်း၏တူမတော်စပ်သူ မစန်းသန္တာကိုမှာ ခင်ပွန်းဖြစ်သူ ခင်မောင်ဆွေနှင့် အဆင်မပြေဖြစ်ပြီးရောက်ရှိနေထိုင်နေစဉ် ၁၄၅၅ အချိန်တွင် ခင်မောင်ဆွေမှ လာရောက်
တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံသည်ကို မစန်းသန္တာကိုမှ အတွေ့မခံသဖြင့် ခင်မောင်ဆွေမှ အရက်မူးပြီး

လမ်းစရိတ်မရှိ၍ မပြန်နိုင်သော မှော်သူမှော်သားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

Photo: လမ်းစရိတ်မရှိ၍ မပြန်နိုင်သော မှော်သူမှော်သားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်
Tuesday, April 8, 2014

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်နှင့် အခြားမှော်များ၌ အလုပ်လုပ်ကိုင်နေသော မှော်သူ မှော်သားများအား KIA အဖွဲ့မှ မောင်းထုတ်လျက်ရှိရာ ဧပြီ ၇ ရက်နေ့တွင် ဇီးဖြူကုန်းမှော်၌ လမ်းစရိတ် မရှိ၍ မပြန်နိုင်သော မှော်သူမှော်သားများအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမှော်သူမှော်သား များထံမှ သိရသည်။

တနိုင်းမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာသော မှော်သူမှော်သားများမှာ တစ်သောင်းကျော်ခန့်ရှိနေပြီး အဆိုပါ မှော်များ၌ အလုပ်လုပ်ကိုင်နေသူများမှာ အင်အားတစ်သိန်းကျော်ခန့်ရှိသည်ဟုလည်း ဒေသခံမှော်လုပ်သား တစ်ဦးက ပြောသည်။

မတ်လ ၃၀ ရက်မှစ၍ ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ KIA မှ ၎င်းတို့၏ ထိန်းချုပ် နယ်မြေများ၌ ကောက်ယူခွင့်မပြုသည့်အပြင် ထိန်းချုပ်နယ်မြေမဟုတ်သော ကျေးရွာများအထိပါ လိုက်လံ ခြိမ်းခြောက်နေမှုကြောင့် တနိုင်းမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

`` KIA အဖွဲ့က ပထမတော့ ခြိမ်းခြောက်တားမြစ်တယ်၊ ဒီတော့ သန်းခေါင်စာရင်းကောက်မယ့် ၀န်ထမ်းတွေကို တပ်မတော်က လုံခြုံရေးလိုက်ပေးတယ်၊ နောက်တော့ KIA က ခြိမ်းခြောက်ရုံအဆင့်မဟုတ်ဘဲ ချောင်းပြီးပစ်လို့ တပ်မတော်က ဒုတပ်ရင်းမှူးတစ်ဦးကျသွားတယ်၊ လုံခြုံရေးရှိနေတာတောင် စိတ်မချရတော့ ကျွန်တော်တို့လည်း သန်းခေါင်စာရင်းကောက်သာနေရတယ်၊ ခပ်လန့်လန့်ပါပဲ ´´ ဟု မန်စီမြို့နယ်တွင် သန်းခေါင်စာရင်းလိုက်လံကောက်ယူနေသော ဆရာတစ်ဦးက ဆိုသည်။

KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် တနိုင်းမြို့ပေါ်သို့ ရောက်လာကြသော မှော်သူမှော်သားများ သည် နေရပ်များသို့ ပြန်နေကြပြီဖြစ်သော်လည်း အချို့မိသားစုများမှာ လမ်းစရိတ်မရှိ၍ မှော်ထဲ၌ ဆက်လက် နေထိုင်ကြရကြောင်း တနိုင်းမြို့သို့ ရောက်လာသော မှော်လုပ်သားများထံမှ သိရသည်။

``အချို့က လမ်းစရိတ်မရှိလို့ မှော်ထဲမှာ ကျန်ခဲ့ကြတယ်၊ KIA က အတင်းမောင်းထုတ်တော့ လမ်းစရိတ်မရှိလို့ မပြန်နိုင်တဲ့အကြောင်း ပြောပါတယ်၊ ဒါပေမယ့် KIA အဖွဲ့က ထိုးကြိတ်ရိုက်နှက်ပြီး လူသစ်အဖြစ် ဖမ်းခေါ်သွား ပါတယ်၊ ကျွန်တော်တို့ မိသားစုတောင် ဇီးဖြူကုန်းမှော်ကနေ မနည်းလွတ်အောင် ထွက်ပြေးခဲ့ရတာ ´´ ဟု မိတ္ထီလာဘက်မှ လာရောက်လုပ်ကိုင်နေသော မှော်လုပ်သား ကိုကျော်ဌေး က ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော မှော်သူမှော်သားများမှာ အင်အား(၃၀)ခန့်ရှိပြီး အဆိုပါမှော်ထဲ၌ မနေရဲတော့ပဲ တနိုင်းမြို့ပေါ်သို့ ဖြစ်သလို ပြေးလာကြရကြောင်း ၎င်းက ဆက်လက်ပြောကြားသွားသည်။

ကေကေ (တနိုင်း)
Photo. Internet
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်နှင့် အခြားမှော်များ၌ အလုပ်လုပ် ကိုင်နေသော မှော်သူ မှော်သား များအား KIA အဖွဲ့မှ မောင်းထုတ်လျက်ရှိရာ ဧပြီ ၇ ရက်နေ့တွင် ဇီးဖြူကုန်းမှော်၌ လမ်းစရိတ် မရှိ၍ မပြန်နိုင်သော မှော်သူမှော်သားများအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမှော်သူမှော်သား များထံမှ သိရသည်။

တနိုင်းမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာသော မှော်သူမှော်သားများမှာ တစ်သောင်းကျော်ခန့်ရှိနေပြီး

မြစ်ဆုံအထိ လမ်းလျှောက်အဖွဲ့ဝင်အချို့ ကားစီးမှုနှင့် ပတ်သက်၍ အဖွဲ့ဝင်အချင်းချင်း စကား အချေအတင်ဖြစ်

Photo: မြစ်ဆုံအထိ လမ်းလျှောက်အဖွဲ့ဝင်အချို့ ကားစီးမှုနှင့် ပတ်သက်၍ အဖွဲ့ဝင်အချင်းချင်း စကား အချေအတင်ဖြစ်
Tuesday, April 8, 2014

မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့မှ အင်အား(၁၀၀)ဦးခန့်ဖြင့် စတင်ထွက်ခွာလာသည့် လမ်းလျှောက်အဖွဲ့သည် မကွေးမြို့သို့ ရောက်ရှိစဉ် ဧပြီ ၆ ရက်နေ့တွင် ခေါင်းဆောင်(၄)ဦး နှုတ်ထွက်ခဲ့သလို ဧပြီ ၇ ရက်နေ့ ကလည်း ကားစီးမှုနှင့်ပတ်သက်၍ စကားအချေအတင်ဖြစ်ခဲ့ကြကြောင်း ခရီးစဉ်လိုက်ပါသူအချို့ထံမှ သိရသည်။

`` ကျွန်တော်တို့က မြစ်ဆုံအထိ လမ်းလျှောက်မယ့်အဖွဲ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဦးဆောင်ခဲ့တာပါ၊ လမ်းလျှောက်အဖွဲ့ဆိုမှတော့ လမ်းလျှောက်ရမှာပေါ့၊ အချို့က လမ်းမလျှောက်ဘဲ ကားစီးနေတော့ ပြည်သူက လည်း မြင်ပြီပေါ့ဗျာ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စကားအချေအတင်ဖြစ်ကြတယ်´´ ဟု နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ချုပ်မှ ဦးဆောင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ခရီးစဉ်တွင် လမ်းလျှောက်အဖွဲ့နှင့်အတူ အ၀တ်အထည်အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်သော Toyota Lite Ace တစ်စီးနှင့် Suzuki R + တစ်စီးတို့ ပါဝင်ပြီး လမ်းလျှောက်အဖွဲ့ထဲမှ အသက်အရွယ်ကြီးရင့် သူအချို့က ကားပေါ်၌ စီးနင်းလိုက်ပါနေကြောင်း မကွေးမြို့ခံတစ်ဦးက ပြောသည်။

``အသက်အရွယ်ကြီးတဲ့သူတွေတင်မကပါဘူး၊ လူငယ်တွေလည်း တက်စီးနေတာပါ၊ မြို့ထဲဝင်ခါနီးမှ ကားပေါ်က ဆင်းပြီး လမ်းလျှောက်ကြတာ၊ ရန်ကုန်ကနေ ဒီ မကွေးအထိ ဒီလိုပဲ လုပ်နေကြတာနဲ့ တူပါတယ်၊ ခေါင်းစဉ်က မြစ်ဆုံအထိလမ်းလျှောက်အဖွဲ့ဆိုတော့ အထင်ကြီးစရာပေါ့၊ ဒါပေမယ့် ကျွန်မကတော့ ကိုယ်တိုင် မြင်ခဲ့ရတာဆိုတော့ လုံးဝအယုံအကြည် မရှိပါဘူး ´´ ဟု မကွေးမြို့ခံ မဇာခြည်သန်းက ပြောကြားသွားသည်။

လမ်းလျှောက်အဖွဲ့တွင် ငွေကြေးပြဿနာများနှင့် အခြားညှိနှိုင်း မရသော ပြဿနာများကြောင့် ခေါင်းဆောင် (၄)ဦး နှုတ်ထွက်သွားမှုနှင့်ပတ်သက်၍ `` လမ်းလျှောက် အဖွဲ့ ခေါင်းဆောင်က သူလုပ်ချင်သလို လုပ်နေတာပါ၊ ဘယ်သူနဲ့မှ မတိုင်ပင်ဘူး၊ ဒေသခံအာဏာပိုင်တွေနဲ့ တွေ့ရင်လည်း မချေမငံပြောတော့ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်တာကို လူပြောစရာဖြစ်နေတာပေါ့၊ ပြည်သူတွေလှူတဲ့ ငွေတွေကိုလည်း ရှင်းလင်းမပြနိုင်ပါဘူး၊ လုပ်ငန်း လိုအပ်ချက်အရ အစည်းအဝေးလုပ်ဖို့ ပြောရင်တောင် လက်မခံတော့တဲ့အတွက် ရှေ့ဆက်မလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ ´´ ဟု လမ်းလျှောက်အဖွဲ့၏ စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူခဲ့သူ ကိုသက်ပိုင်စိုးက ပြောသည်။

လမ်းလျှောက်အဖွဲ့သည် မိုင်ပေါင်း(၁၆၀၀) ခရီးကို (၄)လနီးပါးကြာ လမ်းလျှောက်ရန် စီစဉ်ထားပြီး ဧပြီ(၈) ရက်နေ့ (ယနေ့)တွင် ရေနံချောင်းသို့ ဆက်လက်ချီတက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

ကိုလင်း (မကွေး)
အမေ့အိမ်

မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့မှ အင်အား(၁၀၀)ဦးခန့်ဖြင့် စတင်ထွက်ခွာလာသည့် လမ်းလျှောက် အဖွဲ့သည် မကွေးမြို့သို့ ရောက်ရှိစဉ် ဧပြီ ၆ ရက်နေ့တွင် ခေါင်းဆောင်(၄)ဦး နှုတ်ထွက်ခဲ့သလို ဧပြီ ၇ ရက်နေ့ ကလည်း ကားစီးမှုနှင့်ပတ်သက်၍ စကားအချေအတင်ဖြစ်ခဲ့ကြကြောင်း ခရီးစဉ်လိုက်ပါသူ အချို့ထံမှ သိရသည်။

`` ကျွန်တော်တို့က မြစ်ဆုံအထိ လမ်းလျှောက်မယ့်အဖွဲ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဦးဆောင်ခဲ့တာပါ၊ လမ်းလျှောက်အဖွဲ့ဆိုမှတော့ လမ်းလျှောက်ရမှာပေါ့၊ အချို့က လမ်းမလျှောက်ဘဲ ကားစီးနေတော့ ပြည်သူ က လည်း မြင်ပြီပေါ့ဗျာ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စကားအချေ အတင်ဖြစ်ကြတယ်´´ ဟု နိုင်ငံရေး

သင်္ကြန်စာအလိုအရ သြဂုတ်လမတိုင်ခင် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးနိုင်မည်ဟုဆို

Photo: သင်္ကြန်စာအလိုအရ သြဂုတ်လမတိုင်ခင် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးနိုင်မည်ဟုဆို
Tuesday, April 8, 2014

၁၃၇၆ ခုနှစ် မဟာသင်္ကြန်စာမှာ သိကြားမင်းရဲ့ လက်တဘက်က အဲမောင်း ကိုင်ထားတာကြောင့် လာမယ့် သြဂုတ်လ မတိုင်ခင် ပြည်တွင်း ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုက ဧရာဝတီကို ပြောပါတယ်။

“စာရွက်ပေါ်က ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်တော့ ဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် တိုက်ပွဲတွေတော့ ရှိနိုင်သေးတယ်၊ နောက်တဘက်က ချွန်းကို ကိုင်ထားတာကြောင့် အဲဒါတွေကိုတော့ အချိန်မီ တားဆီးနိုင်မယ်” လို့ သူက ရှင်းပြပါတယ်။

နှစ်စဉ် ဧပြီလရောက်ပြီဆိုတာနဲ့ မြန်မာလူမျိုးအများစုဟာ သင်္ကြန်စာရဲ့ ဟောပြောချက်တွေကို သိချင်သလို၊ သိကြားမင်း လူ့ပြည်ကို ဘယ်လို ဆင်းသက်မလဲ ဆိုတာကို ကြည့်ပြီး တိုင်းရေးပြည်ရေး၊ စားဝတ်နေရေးက အစ ကြိုတင်တွေးတော တတ်ကြပါတယ်။

ဒီနှစ်သင်္ကြန်စာအရတော့ သိကြားမင်းက “မြွေ” ကို စီးပြီး လက်တဘက်က အဲမောင်းကိုကိုင်၊ ကျန်လက်တဘက်က ချွန်း ကို ကိုင်ပြီး လူ့ပြည်ကို ဆင်းလာမယ်လို့ ဆိုထားပါတယ်။

သိကြားမင်းက “မြွေ” သတ္တဝါ ကို စီးပြီး လူ့ပြည်ကို ဆင်းသက်လာတဲ့အတွက် အဆိပ်ရှိသတ္တဝါတွေ ပေါများမယ့် နှစ်ဖြစ်သလို၊ မူးယစ်ဆေးဝါး သုံးစွဲမှုလည်း များပြားလာနိုင်တယ်၊ ရာသီဥတုက ပူလွန်းအေးလွန်း တာကြောင့် စပါး အထွက်နှုန်း လျော့ကျနိုင်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သင်္ကြန်စာအရ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကလည်း ကောင်းမွန်တဲ့ အနေအထား ရှိတယ်လို့ ဆရာစံဇာဏီဘိုက ဆိုပါတယ်။

ဗြဟ္မာမင်းဦးခေါင်းကို ဒီနှစ် လက်လွှဲယူတဲ့ ဒမ်သီ အမည်ရ နတ်သမီး ကလည်း ဦးခေါင်းလက်ခံရာမှာ ပြုံးရယ်ပြီး ယူတာကြောင့် မြန်မာပြည်မှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတခု ရှိနေတယ်လို့ ဆရာစံဇာဏီဘိုရဲ့ အဆိုအရ သိရပါတယ်။

“ထင်မှတ်ထားတာထက် ပိုပြီး ကောင်းတဲ့ အပြောင်းအလဲ၊ အကြောင်းအရာတွေ ရှိလာလိမ့်မယ်” လို့ သူက ပြောပါတယ်။

မဟာသင်္ကြန်စာရဲ့ အဆိုအရ ဒီနှစ်ဟာ ဗုဒ္ဓဟူးနမ် သားသမီးများ “တာ” စားတဲ့အတွက် အကောင်းအဆိုး များနေပြီး အင်္ဂါနမ် သားသမီးများအတွက် အကောင်းဆုံးနှစ်၊ တနင်္ဂနွေနဲ့ တနင်္လာနမ် သားသမီးများက ဒုတိယနဲ့ တတိယ အကောင်းဆုံးဖြစ်ပြီး ကျန်ရှိတဲ့ နေ့နမ်သားသမီးများ အညံ့များတဲ့နှစ် ဖြစ်ကြောင်း သိရပါတယ်။

၇ ရက်သားသမီးတွေ အတွက် သင်္ကြန်စာ ဟောစာတမ်းမှာတော့ အလုပ်အကိုင်၊ စီးပွားရေး၊ ကျန်းမာရေး၊ ဝင်ငွေ နဲ့ အချစ်ရေးစတဲ့ အပိုင်းတွေမှာ အကောင်းအဆိုးက တွဲလျက်ပါပဲ။

၁၃၇၅ ခုနှစ်တုန်းကတော့ သိကြားမင်းက နဂါး ကိုစီး၊ လေးနဲ့မြား၊ ဒိုင်းကို ကိုင်ပြီး လူ့ပြည်ကို ဆင်းသက်ခဲ့ပါတယ်၊ ဗေဒင်ဆရာ တွေကတော့ နိုင်ငံရေး အခင်းအကျင်း မကောင်းတဲ့နှစ်၊ ရင်းနှီးမြှုပ်နှံမှု များပြားမယ့်နှစ်၊ ကျန်းမာရေး သတိထားရမယ့်နှစ်၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ အောင်မြင်မယ့်နှစ်လို့ ဟောပြောခဲ့ကြပါတယ်။

၁၃၇၆ ခုနှစ် မဟာသင်္ကြန်စာ အရ ဒီနှစ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ ရာသီဥတုနဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ များမှာ ထူးခြားတဲ့ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

၁၃၇၆ ခုနှစ် သင်္ကြန်စာ (ဓာတ်ပုံ – ဧရာဝတီ)
ဧရာဝတီ

၁၃၇၆ ခုနှစ် မဟာသင်္ကြန်စာမှာ သိကြားမင်းရဲ့ လက်တဘက်က အဲမောင်း ကိုင်ထားတာကြောင့် လာမယ့် သြဂုတ်လ မတိုင်ခင် ပြည်တွင်း ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုက ဧရာဝတီကို ပြောပါတယ်။

“စာရွက်ပေါ်က ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်တော့ ဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် တိုက်ပွဲတွေတော့ ရှိနိုင်သေးတယ်၊ နောက်တဘက်က ချွန်းကို ကိုင်ထားတာကြောင့် အဲဒါတွေကိုတော့ အချိန်မီ တားဆီးနိုင်မယ်” လို့ သူက ရှင်းပြပါတယ်။

သွားလာရေး ခက်ဦးမယ့် သင်္ကြန်

Photo: သွားလာရေး ခက်ဦးမယ့် သင်္ကြန်
Tuesday, April 8, 2014

ယခင် သင်္ကြန်ကာလတွေ အတွင်းမှာ လိုင်းကားတွေ ရပ်နားတာကြောင့် သွားလာရေး အရမ်းခက်ခဲပါတယ်။ ဒီနှစ် သင်္ကြန်မှာတော့ ဒီလို အခက်အခဲ မဖြစ်ရလေအောင် သက်ဆိုင်ရာ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (မ.ထ.သ) က ဆောင်ရွက်နေတယ် လို့ သိရပါတယ်။

ရန်ကုန်မှာ ရှိတဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၂၀ဝ ကျော် နေ့စဉ် ပြေးဆွဲပေး ပေမယ့် သင်္ကြန် ကာလမှာ တော့ ယာဉ်လိုင်း ၁၀ဝ ကျော်သာ ပြေးဆွဲမယ်လို့ သိရပါတယ်။ သင်္ကြန် ကာလ ဧပြီ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ ကနေ ဧပြီ ၁၆ ရက် သင်္ကြန် အတက် နေ့ အထိ ယာဉ်လိုင်း ၁၀ဝ ကျော် ရပ်နားမယ်လို့ သိရပါတယ်။

မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က “တချို့ ယာဉ်လိုင်းတွေ ရပ်နားတာ ရှိပေမယ့် ခရီးသွား ပြည်သူတွေ အဆင်ပြေအောင်လို့ ပြေးဆွဲပေးမယ့် ယာဉ်လိုင်းတွေ ရှိပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

သင်္ကြန် ကာလတွင်း မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် လက်အောက်ခံ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးက ပြေးဆွဲနေတဲ့ ပါရမီ၊ အဓိပတိလိုင်းကားတွေ အားလုံးနဲ့ အခြားယာဉ်လိုင်း ၈ ခုမှ လိုင်းကားတွေ အားလုံး ရပ်နားမှာ ဖြစ်ပါတယ်။ မ.ထ.သ လိုင်းကား တွေကတော့ နေ့စဉ် ပြေးဆွဲပေးမယ်လို့ သိရပါတယ်။

သင်္ကြန် ကာလအတွင်းမှာ ယာဉ်လိုင်း ၁၁၃ လိုင်းက လိုင်းကားစီးရေ ၁၆၂၈ စီး ပုံမှန်ပြေးဆွဲမှာ ဖြစ်ပြီး ယာဉ်စီးခကိုလည်းပုံမှန် အတိုင်းပဲ ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။ ပြေးဆွဲမယ့် လိုင်းကားတွေ အတွက် စည်းကမ်းချက်တွေ ထုတ်ပြန်ထားပြီး စည်းကမ်းချိုးဖောက်ရင် ထိရောက်စွာ အရေးယူဖို့ ရှိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန် ပြောဆိုပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲမှူးသာဌေးက “သင်္ကြန်မှာ အရက်သေစာ သောက်ထားပြီး ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ဖြစ်လောက်တဲ့ အပြုအမူမျိုးနဲ့ မောင်းနှင်ရင်တော့ ဖမ်းဆီး အရေးယူမှာပါ။ ယာဉ်ထိန်း အင်အားကိုလည်း တိုးပြီး ချထားပါတယ်”လို့ မတ်လ နောက်ဆုံးပတ်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ ပါတယ်။

သင်္ကြန် ကာလတွင်း လိုင်းကား ယာဉ်မောင်းအများစုက အရက်သေစာ သောက်စားတာ၊ ယာဉ်ကိုမဆင်မခြင် မောင်းနှင်တာ၊ ခရီးစဉ် အစအဆုံး မပြေးဆွဲတာ၊ သတ်မှတ် ယာဉ်စီးခထက် ပိုမိုကောက်ခံတာတွေ လုပ်လေ့ ရှိပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာက အဲဒီလို ဖြစ်နေတာကို စီမံချက်နဲ့ ချမှတ် အရေးယူမယ်လို့ ဆိုပေမယ့် အဲဒီ စည်းကမ်း ချိုးဖောက်မှုတွေကို ရန်ကုန် ပြည်သူလူထုက နှစ်စဉ်ကြုံတွေ့ နေရတာပါပဲ။

ရန်ကုန်မြို့ခံ ခရီးသွားတဦးက “သက်ဆိုင်ရာက ဖမ်းမယ်ဆိုလည်း ထိထိရောက်ရောက် လုပ်သင့်တယ်။ သက်ဆိုင်ရာက မနှစ်ကလည်း ပြောတာပဲ။ ယာဉ်စီးခ ပိုကောက်ရင် တိုင်လို့ ရပါတယ်။ ဖုန်းဆက်လို့ရပါတယ် လို့ ပြောတာတွေ ရှိပေမယ့်လည်း အရေးယူမှုပိုင်းမှာ အားနည်းတယ်။ သင်္ကြန်မှာ ကားအများစုက မထွက်ကြတော့ သူတို့က ထွက်ပေးနေရလို့ပါ ဆိုပြီး ယာဉ်စီးခတွေ ပိုကောက်တယ်လို့ အကြောင်းပြချက် အမျိုးမျိုး ပြကြတယ်” လို့ ဆိုပါတယ်။

အဝေးပြေး ယာဉ်လိုင်းတွေကတော့ သင်္ကြန် ကာလမှာ လုံးဝရပ်နား ကြမှာ ဖြစ်ပါတယ်။

သင်္ကြန် မတိုင်မီကာလတွေမှာ အဝေးပြေး ကားလက်မှတ် ဝယ်မရတာတွေ မှောင်ခို ပြဿနာတွေ အမြဲပဲ ကြုံတွေ့ နေရပါတယ်။

မြန်မာ့ မီးရထားအနေနဲ့ သင်္ကြန်ကာလ အတွင်း ပုံမှန်ပြေးဆွဲနေတဲ့ မြို့ပတ်ရထား စီးရေကို လျှော့ချ ပြေးဆွဲသွားမယ်လို့ ကြေညာ ထား ပါတယ်။ နှစ်ဆန်းတရက်နေ့ ရောက်မှသာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမှာ ဖြစ်ပါတယ်။

သင်္ကြန်ကာလမှာ ဘတ်စ်ကားတွေထက် တက္ကစီ အငှားယာဉ်တွေကိုပဲ အဓိက အားကိုးရပြီး တက္ကစီတွေ ကလည်း ဈေးနှုန်းကို မြင့်မြင့်မားမား တောင်းကြတာမို့ သွားရေး လာရေး ခက်တဲ့ သင်္ကြန် ကာလ လိုရာခရီးကို ရောက်နိုင်ဖို့ အငှားယာဉ်တွေနဲ့သာ အဓိက ထား သွားကြရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေ ကလည်း မြင့်မားလွန်းတာမို့ သာမန်ဝင်ငွေ ရှိရုံနဲ့တော့ ကား မငှားနိုင်ပါ။ ဒီနှစ် သင်္ကြန် ကလည်း အရင်နှစ်တွေလိုပဲ သွားလာရေး အတော် ခက်ခဲဦးမှာပါ။

ဧရာဝတီ

သင်္ကြန်ကာလ အတွင်းမှာ ယာဉ်လိုင်း ၁၁၃ လိုင်းမှ လိုင်းကား အစီးရေ ၁၆၂၈ စီး၊ ပုံမှန်ပြေးဆွဲပေးမှာ ဖြစ်ပြီး ယာဉ်စီးခ ကို လည်း ပုံမှန်အတိုင်း ကောက်ခံဖို့ သတ်မှတ် ထားပါတယ်(ဓာတ်ပုံ – စိုင်းဇော်/ဧရာဝတီ)

ယခင် သင်္ကြန်ကာလတွေ အတွင်းမှာ လိုင်းကားတွေ ရပ်နားတာကြောင့် သွားလာရေး အရမ်းခက်ခဲပါ တယ်။ ဒီနှစ် သင်္ကြန်မှာတော့ ဒီလို အခက်အခဲ မဖြစ်ရလေအောင် သက်ဆိုင်ရာ မော်တော် ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (မ.ထ.သ) က ဆောင်ရွက်နေတယ် လို့ သိရပါတယ်။

ရန်ကုန်မှာ ရှိတဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၂၀ဝ ကျော် နေ့စဉ် ပြေးဆွဲပေး ပေမယ့် သင်္ကြန် ကာလမှာ တော့ ယာဉ်လိုင်း ၁၀ဝ ကျော်သာ ပြေးဆွဲမယ်လို့ သိရပါတယ်။ သင်္ကြန် ကာလ ဧပြီ ၁၃ ရက်နေ့

သင်္ကြန်ကာလ လှည်းကူးတွင် လုံခြုံရေး အထူးတိုးမြှင့်မည်

Photo: သင်္ကြန်ကာလ လှည်းကူးတွင် လုံခြုံရေး အထူးတိုးမြှင့်မည်
Tuesday, April 8, 2014

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မကြာသေးမီ ဖြစ်ပွားခဲ့သော ဘာသာရေး ၊ လူမျိုးရေး ပဋိပက္ခ ဦးတည်သော မတည်မငြိမ်မှုများကြောင့် သင်္ကြန်ကာလ လုံခြုံရေး တိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရန်ပွဲကို အကြောင်းပြု၍ ဘာသာရေး ၊ လူမျိုးရေး ပဋိပက္ခသို့ ဦးတည်သော အကြမ်းဖက်တချို့ ပေါ်ပေါက်ခဲ့ပြီး သက်ဆိုင်ရာ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် လူစုလူဝေးတချို့က ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာက အကြမ်းဖက်သူ ၆ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ထိုသို့ဖြစ်စဉ်များကြောင့် သင်္ကြန်ကာလ လှည်းကူးတွင် လုံခြုံရေးတိုးမြှင့်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လှည်းကူးတွင် သင်္ကြန်ကာလ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့ ၊ မီးသတ် ၊ ကြက်ခြေနီ တပ်ဖွဲ့များ ပူးပေါင်း၍ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လှည်းကူး၏ လက်ရှိ အခြေအနေမှာ အေးဆေး တည်ငြိမ် နေကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဘက်ကလည်း အရေးပေါ်ဖြစ်လာရင်၊ အကြောင်း တစုံတရာ ထူးခြားမှုရှိရင် ချက်ချင်းသွားလို့ ရတယ်။ ခရိုင်အဆင့် ၊ မြို့နယ်အဆင့် တပ်ဖွဲ့တွေအားလုံးကို အဆင်သင့် ပြင်ထားပါတယ်” ဟု ဗိုလ်မှူးကြီးတင်ဝင်းကဆိုသည်။

လှည်းကူးမြို့တွင် ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများကြောင့် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်မှု မရှိတော့ဘဲ မြို့နယ်အုပ်ချုပ်ရေးမဏ္ဍပ်တခုသာ ရှိတော့မည်ဖြစ်ကြောင်း လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက်တွင်
နေထိုင်သူ ဦးမျိုးဝင်းက ပြောသည်။

“ တချို့ တက္ကသိုလ် ကျောင်းသားလေးတွေ သူတို့အိမ်ရှေ့မှာ မဏ္ဍပ်ထိုး ရေလောင်းတာမျိုးလောက်ပဲ ရှိလိမ့်မယ်။ ဒီက အခြေအနေတွေကြောင့် တချို့ကတော့ ကားငှားပြီး ရန်ကုန်မှာ လာလည်ကြလိမ့်မယ်။ ဒီမှာ ဖြစ်တဲ့ ပြဿနာတွေကလည်း နိုင်ငံအနှံ ကြားနေရတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတယ်။ ကြားနေရတဲ့
သတင်းတွေကြောင့် နှစ်ဘက်စလုံးရဲ့ ရင်ထဲမှာတော့ ရှိနေကြတာပေါ့ ။ တဖက်က စရင်တော့ ပြဿနာတက်မှာ စိုးရိမ်ရတယ် ”ဟု ဦးမျိုးဝင်းက ဆိုသည်။

လှည်းကူး ပြဿနာမှာ လူမျိုးရေး ၊ ဘာသာရေး အဓိကရုဏ်းပုံစံထက် ရဲတပ်ဖွဲ့ဝင်များ၏ ၀င်ရောက်ဖြေရှင်းမှု အားနည်းချက်များကြောင့် အေးချမ်းနေသောမြို့မှာ မထင်မှတ်ဘဲ လူအုပ်စုဖြင့် အကြမ်းဖက်သည့် အဆင့်အထိ
ရောက်ရှိသွားသည်ဟု လှည်းကူးဒေသခံတချို့က သုံးသပ်ကြသည်။

“ သင်္ကြန်မှာ လူစုတော့ ပြဿနာ မဖြစ်နိုင်ဘူးလို့ ကံသေကံမ ပြောလို့မရဘူး။ ဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင် ဘူးလို့ ထင်တာပဲ။ ရပ်ကွက်တိုင်းမှာကလဲ မွတ်စလင်တွေ ရှိတာပဲ။ အားလုံးက ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေလာကြတာကြာပြီ ” ဟု လှည်းကူးဒေသခံ ဦးညွှန့်လှိုင်က ဆိုသည်။

လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်ဇင်ဦးက လှည်းကူး အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် သည်ဟု ယူဆရသူ ၆ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက် ရှိသည်ဟု ဆိုသည်။

“ ကျနော်တို့ ဗမာရော ၊ မွတ်စလင်ရော အကြမ်းဖက်မှုမှာ ပါတယ်လို့ ယူဆရတဲ့သူ ၆ ဦးကို ဖမ်းဆီး ထား ပါတယ်” ဟု ဒုရဲအုပ် ကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။

၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က လှည်းကူးဈေးတွင် မိုးကာရေဖျင်ဆိုင် ဖွင့်လှစ်ရောင်းချသူ ကိုသက်ပိုင်ဦးနှင့် ဦးကိုကိုလေး၏ သားနှင့် တူများ လူငယ်ချင်း စကားများ ရန်ဖြစ်ကြရာမှ ကိုသက်ပိုင်ဦး၏ မျက်လုံးကို ဦးကိုကိုလေး၏ သားနှင့်တူများက ကတ်ကြေး ဖြင့်ထိုးခဲ့သဖြင့် ကိုသက်ပိုင်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊
အဆိုပါရန်ပွဲကို အကြောင်းပြု၍ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခအသွင်ဖြစ်ပေါ်စေမည့် လူစုလူဝေးဖြင့် ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီ

ဧပြီလ ၄ ရက်နေ့ညပိုင်း လှည်ကူးမြို့တွင်ဖြစ်ပွားခဲ့သော မတည်ငြိမ်မှု မြင်ကွင်း။ (ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မကြာသေးမီ ဖြစ်ပွားခဲ့သော ဘာသာရေး ၊ လူမျိုးရေး ပဋိပက္ခ ဦးတည်သော မတည်မငြိမ်မှုများကြောင့် သင်္ကြန်ကာလ လုံခြုံရေး တိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရန်ပွဲကို အကြောင်းပြု၍ ဘာသာရေး ၊ လူမျိုးရေး ပဋိပက္ခသို့ ဦးတည်သော အကြမ်းဖက်တချို့ ပေါ်ပေါက်ခဲ့ပြီး သက်ဆိုင်ရာ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊

အာဏာမသိမ်းလို၍ လွှတ်တော်တွင် တပ်မတော်ပါဝင်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြော

Photo: အာဏာမသိမ်းလို၍ လွှတ်တော်တွင် တပ်မတော်ပါဝင်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြော
Tuesday, April 8, 2014

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရာတွင် တပ်မတော်သည် အာဏာပြန်လည် မသိမ်းလို၍ လွှတ်တော် တွင် ပါဝင်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေးက ပြောဆိုလိုက်သည်။

ပုသိမ်မြို့ ဧရာရွေဝါခန်းမတွင် ဧပြီလ ၇ ရက်နေ့ ကပြုလုပ်သည့်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ဦးတင်အေးက ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်ပြီး တပ်မတော် သည် ဒီမိုကရေစီရေချိန်မြင့်မားမှသာလျှင် လွှတ်တော်မှ ထွက်ခွာမည်ဟု ပြောဆိုသည်။

“တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာရှိနေတယ်။ ရှင်းရှင်းပြောရရင် အာဏာမသိမ်းချင်လို့ ကျနော်တို့ လုပ်ထားတာ။ တပ်မတော်ဟာ အာဏာလိုချင်လို့ လွှတ်တော်ထဲပါတာ မဟုတ်ပါဘူး။ Negotiate
(စေ့စပ်ဆွေးနွေး ညိနှိုင်းခြင်း) လုပ်ဖို့ လွှတ်တော်ထဲပါတာပါ။ မပါဘူးဆိုရင် အာဏာပြန်သိမ်းရရင် မကောင်းလို့ ကျနော်တို့ပါတာ။ ဘယ်အချိန်ထွက်မလဲ။ ဒီမိုကရေစီရေချိန် မြင့်တဲ့အချိန် ထွက်သွားပါလိမ့်မယ်”ဟု ဦးတင်အေးကပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြုပြင်စရာများရှိသည်မှာ မှန်ကန်သော်လည်း ကောင်းသည့် အချက် များစွာ ရှိကြောင်း၊ အချုပ်အခြာအာဏာထိပါးမည့်ကိစ္စများကို အလောတကြီး မပြင်ဆင်သင့်ကြောင်း၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလအတွင်း ကျင်းပ သွားမည်ဖြစ်ပြီး လွပ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ အစိုးရ အာဏာပိုင်များအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ဘက်မလိုက်ဘဲ ကြားနေဖို့လိုအပ်ကြောင်း ဦးတင်အေးက ပြောဆိုခဲ့သည်။

“အရင်ကအတွေ့အကြုံတွေကို ကောင်းတာတွေယူပြီး၊ မကောင်းတာတွေကို ပြင်နေပါတယ်။ အဓိက, က ၂၀၁၅ အတွက်ပါ။ ၂၀၁၃ ခုနှစ်သည် Data Collection (အချက်အလက်ကောက်ယူ) ကာလ။ ၂၀၁၄ က Voter Education (မဲဆန္ဒရှင်ပညာပေး) ကာလဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို စနစ်ကျအောင် ကျနော် လုပ်ပေး ပါမယ်။ လွပ်လပ်ရမယ်။ တရားမျှတရမယ်”ဟု ၎င်းက ရှင်းပြသည်။

ဧပြီလ ၇ ရက်နေ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ အသီးသီး မှတိုင်းအဆင့်တာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အပါအ၀င် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ပုသိမ်တွင် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံနေသည့် ဦးတင်အေး။(ဓာတ်ပုံ-ဆလိုင်းသန့်စင်)
ဧရာဝတီ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရာတွင် တပ်မတော်သည် အာဏာပြန်လည် မသိမ်းလို၍ လွှတ်တော် တွင် ပါဝင်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေးက ပြောဆိုလိုက်သည်။

ပုသိမ်မြို့ ဧရာရွေဝါခန်းမတွင် ဧပြီလ ၇ ရက်နေ့ ကပြုလုပ်သည့်ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ဦးတင်အေးက

ရဲတိုက် ထောင် ၆ နှစ် ကျခြင်း နဲ့ အဆိုတော် ရန်ရန်ချန်းရဲ့အားပေးချက်


Myanmar Online News's photo.
သရုပ်ဆောင်ရဲတိုက် မူးယစ်ဆေးမှုနဲ့ ထောင် ၆ နှစ် ချခံရကြောာင်းသတင်းကို ဒီကနေ့ထုတ် သတင်းစာ အများအပြားမှာ တွေ့ရပါတယ်။
အွန်လိုင်းမှာ ၂ ရက် ဆက်တိုက် လူပြောများနေတဲ့အကြောင်းအရာတွေထဲမှာလည်း ဒီသတင်းက ထိပ်ဆုံး နားမှာ ရှိနေတာပါ။
အခုလေးတင် အဆိုတော် ရန်ရန်ချန်းက သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ စာကြောင်းတကြောင်း ချရေးလိုက်ပါတယ် - ရဲတိုက် ပြန် ထွက် လာ ရင် အရင် လို ပဲ အားပေးမယ် . . . သ ဘော တူ လားps:ဘာကြောင်းပြချက် မှမရှိဘူး ကိုယ် ချင်းစာ လို့  ဆိုပြီး ရေးထားတာပါ။

အဝေးသင်ဘွဲ့ရ ကျောင်းသားများကို အစိုးရ လျစ်လျူရှုထား


အဝေးသင်ပညာဖြင့် ဘွဲ့ရရှိခဲ့သည့် ကျောင်းသူကျောင်းသားများ အလုပ်အကိုင်ရရှိရန် အစိုးရက လျစ်လျူရှုထားသည်ဟု Victorial University Collage နာယက ဒေါက်တာနေ၀င်းနိုင်က ဝေဖန်ပြော ဆိုလိုက်သည်။
အဝေးသင်တက္ကသိုလ်ပညာဖြင့် ဘွဲ့ရရှိသည့် ကျောင်းသား၊ ကျောင်းသူများတွင် ထိရောက်ပြီး ပညာသင် ကြားမှုများ မရရှိခြင်းအပေါ် ဝေဖန်မှုများရှိနေသော်လည်း သင်ယူသည့် ပညာရပ်ဆိုင်ရာနှင့် ပတ်သက်၍ အကျိုးရှိစေရန်နှင့် အလုပ်ရှင်များက အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန် အစိုးရမှတာဝန်ယူ ဖြေရှင်းပေး ရမည် ဖြစ်သည်ဟု ဆိုသည်။
“အဝေးသင်ပညာရေးကို အစိုးရက ဖွင့်ပေးထားပြီး အလုပ်ကိုင်အခွင့်အလမ်း ရှာပေးမှုကိုတော့

အမေဖြစ်သူကို ကျောက်ကပ်ပေးကာ အသက်စွန်ခဲ့တဲ့ ၇နှစ်အရွယ်ကလေး

Myanmar Online News's photo.
အမေဖြစ်သူကို ကျောက်ကပ်ပေးကာ အသက်စွန်ခဲ့တဲ့ ၇နှစ်အရွယ်ကလေး
ဦးနှောက်ကင်ဆာဖြစ်နေတဲ့ ၇နှစ်အရွယ် ကလေးတစ်ဦးဟာ သူ့အမေရဲ့အသက်ကို ကျောက်ကပ်ပေး ကယ်တင်ကာ သူ့အသက်ကို စွန့်လွှတ်ခဲ့တယ်လို့ဆိုပါတယ်။

သူ့ရဲ့ဦးနှောက်ထဲမှာ အကြိတ်ကြီးတစ်ခုကို တွေ့ရှိတဲ့အချိန်မှာ Chen Xiaotian ဟာ ၅နှစ်သားဖြစ်ပြီး အမေဖြစ်သူ ၃၄နှစ်အရွယ် Zhou Lu မှာလည်း ကျောက်ကပ်ရောဂါ စွဲကပ်နေကြောင်းမသိမီ လပိုင်း အလိုလည်း ဖြစ်ပါတယ်။
ကနဦးမှာ Chen ဟာ သက်သာလာမယ့် လက္ခဏာတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ရောဂါဟာ

ပျောက်ဆုံးလေယာဉ်နှင့် ပတ်သတ်သည့် အကောင်းဆုံးသဲလွန်စကို တွေ့ ရှိကြောင်း သြစတြေးလျပြောဆို

Black Box ရီကော်ဒါများမှထုတ်လွှင့်သော အသံလှိုင်းနှင့်ကိုက်ညီမှုရှိသော အချက်ပြမှု များကို ပျောက် ဆုံးလေယာဉ် ရှာဖွေနေသောဩစတြေးလျ သင်္ဘောတစ်စင်းကထောက်လှမ်း ရရှိခဲ့ပြီး ယင်းအချက်ပြမှု များမှာ အဖြစ်နိုင် ဆုံး သဲလွန်စများဖြစ်ကြောင်း လေယာဉ်ရှာဖွေရေးတွင်ပါဝင်သော အရာရှိများက ဧပြီ ၇ရက်က ထုတ်ဖော်ပြောကြားသည်။
အသံရှာဖွေကိရိယာ တပ်ဆင်ထားသော အမေရိကန်ရေတပ်သင်္ဘောနှင့် ချိတ်ဆက်ထားသည့် Ocean Shield ဩစတြေးလျသင်္ဘောသည် ပတ်သ်မြို့ အနောက်မြောက်ဘက် ၁၆၈၀ ကီလိုမီတာအကွာရှိ ဧရိယာတစ်ခုအတွင်း ရှာဖွေမှုပြုလုပ်စဉ် ဖော်ပြပါ အချက်ပြမှုများကို ထောက်လှမ်းဖမ်းယူရရှိ ခဲ့ကြောင်း၊ ဂြိုဟ်တု အချက်အလက်များ အပေါ် လေ့လာသုံးသပ်ချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ၌

ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိကြောင်း MDCF အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆို

Photo: ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိကြောင်း MDCF အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆို
Tuesday, April 8, 2014

ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည့် အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ- ၁၈ ဖြင့် တရားစွဲဆို ထားသဖြင့် ရုံးချိန်းလာရောက်ရာမှ ယင်းကဲ့သို့ စာရွက်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြန့်ဝေတောင်းဆိုရခြင်း အကြောင်းမှာ လက်ရှိပြည်ထောင်စု အစိုးရလက်ထက်တွင် ပြည်သူများမှာ ဆင်းရဲသည်ထက် ပိုဆင်းရဲလာပြီး တရားရေးမဏ္ဍိုင်၏ ယိမ်းယိုင်မှုများ၊ အာဏာပိုင်များ၏ ဥပဒေ လက်တစ်လုံးခြား ပြုလုပ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသေးဖြင့် အစိုးရကို နုတ်ထွက်ပေးရန် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုရခြင်း ဖြစ်သည်ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော်က ဆိုသည်။

၎င်းက "တိုင်းပြည်က ငတ်နေပြီ။ တရားစီရင်ရေး စနစ်တွေကလည်း ယိုင်နဲ့နေပြီ။ ခရိုနီတွေက အစိုးရရဲ့ ကာကွယ်မှုကို ရနေတယ်။ တရားသူကြီးတွေကလည်း လာဘ်စားနေတယ်။ လျှပ်စစ်မီတာခတွေ တက်လိုက်တဲ့အတွက် ကုန်ဈေးနှုန်း တက်လာတယ်" ဟု အနောက်ပိုင်းခရိုင် တရားရုံးအနီးတွင် ကြွေးကြော်ကာ စာရွက်များ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ယင်းစာရွက်တွင် အခြေခံလူတန်းစားများ၏ ဘ၀နှင့် ၀င်ငွေကို လေ့လာခြင်းမရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်သည် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အလုပ်လက်မဲ့များနေသော ပြည်သူများ ငတ်နေကြောင်း စသည့်အကြောင်းအရာများ ပါဝင်သည်။

Eleven Media Group

(MDCF အဖွဲ့မှ ကိုထင်ကျော် အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေနေစဉ် (ဓာတ်ပုံ-ကြည်နိုင်))
ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေတောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည့် အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ- ၁၈ ဖြင့် တရားစွဲဆို ထားသဖြင့်

သတင်းသွားမေးသော DVB သတင်းထောက်အား ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုများဖြင့် မကွေးမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်၊ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းသည် သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိ


Myanmar Online News's photo.
 

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုနှင့် အားပေးကူညီမှုတို့ဖြင့် တရားစွဲဆိုထားသော ဒီဗွီဘီသတင်းထောက် ဦးသူရသက်တင် (ခ) ဦးဇော်ဖေနှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ထောင်ဒဏ်တစ်နှစ်စီကျခံရန် မကွေးမြို့နယ် တရားရုံးက ဧပြီ ၇ ရက်က အမိန့်ချမှတ်ခဲ့သည်။

ဒီဗွီဘီသတင်းထောက် ကိုသူရသက်တင်နှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၅၃ အရ ထောင်ဒဏ်တစ်နှစ်၊ ပုဒ်မ ၄၄၈ အရ ထောင်ဒဏ်တစ်နှစ်၊ အဆိုပါပြစ်ဒဏ်များအား

မတ်လအတွင်း ယာဉ်တိုက်မှု ၁၃၁၀ ဖြစ်ပွား ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၇၄၂၉၆၂၀၀ ရှိ

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် မတ်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ယာဉ်တိုက်မှုပေါင်း ၁၃၁၀ ဖြစ်ပွားရာ သေဆုံးသူ ၄၇၂ ဦး၊ ဒဏ်ရာ ရသူ ၂၃၆၇ ဦး ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၇၄၂၉၆၂၀၀ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုများထဲမှ နေပြည်တော်တွင် ၃၆ မှုဖြစ်ပွားရာ သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာရသူ ၆၅ ဦးနှင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၀၀၈၀၀၀ ရှိခဲ့သည်။ ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှု ၃၆ မှုဖြစ်ပွားရာ သေဆုံးသူ ၁၅ဦး၊ ဒဏ်ရာရသူ ၆၀ နှင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၂၀၂၅၀၀ ရှိခဲ့ပြီး

အာဏာရှင်ကင်ဂျုံအန်း ပြည်သူ့ လုံခြုံရေးဝန်ကြီး အိုဆန်ဟွန်းကို မီးသေနတ်နဲ့ မီးလောင်တိုက်သွင်းပြီး ကွပ်မျက်

Photo: အာဏာရှင်ကင်ဂျုံအန်း ပြည်သူ့ လုံခြုံရေးဝန်ကြီး အိုဆန်ဟွန်းကို မီးသေနတ်နဲ့ မီးလောင်တိုက်သွင်းပြီး ကွပ်မျက်
Tuesday, April 8, 2014

မြောက်ကိုးရီးယားပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး အိုဆန်ဟွန်း ကို မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း တစ်ယောက် မီးသေနတ်နဲ့ မီးလောင်တိုက်သွင်းသတ်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ အိုဆန်ဟွန်းဟာ မကြာမီက ခွေးစာကျွေးပြီး အဆုံးစီရင်ခံခဲ့ရသူ ကင်ဂျုံအန်းရဲ့ ဦလေး နဲ့ ဆက်နွယ်နေမှုကြောင့် အခုလို အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဖခင်ဖြစ်သူသေဆုံးပြီး မြောက်ကိုးရီးယားခေါင်းဆောင်နေရာကို လွှဲပြောင်းယူခဲ့တဲ့ ကင်ဂျုံအန်း လက်ထက်မှာ အစိုးရထိပ်တန်းခေါင်းဆောင် အနည်းဆုံး ၁၂ ယောက် အဆုံးစီရင်ခံခဲ့ရတယ်လို့  ဖော်ပြထားပါတယ်။

ပြည်သူ့ လုံခြုံရေးဝန်ကြီး အိုဆန်ဟွန်းကို မီးမှုတ်သေနတ်ကိုင်အဖွဲ့ နဲ့ အဆုံးစီးရင်ခဲ့ပြီး ဦးလေးကို အဆုံးစီရင်ခဲ့တဲ့ လမ်းစဉ်အတိုင်းပဲ အလောင်းကို ခွေးစာကျွေးဖို့  ကင်ဂျုံအန်းက အမိန့် ပေးခဲ့တယ် လို့  ဆိုပါတယ်။

ပြုံယမ်းမှာ အခုလို မတည်ငြိမ်ဖြစ်နေမှုတွေကို တောင်ကိုးရီးယားဘက်ကလည်း စိုးရိမ်မှုတွေ ရှိနေပြီး အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့အဖွဲ့ တွေ ရှိကြောင်း တောင်ကိုးရီးယားက အတည်ပြုဖို့ ကြိုးစား စုံစမ်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တောင်ကိုးရီးယားဘက်က ဒီဖြုတ်ချဖို့ ကြိုးပမ်းမှုတွေက နှစ်နိုင်ငံ ဆက်ဆံရေးမတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားစေမယ်လို့ ခန့် မှန်းထားကြပါတယ်။

မကြာသေးမီကလည်း မြောက်ကိုးရီးယားမောင်းသူမဲ့လေယာဉ်တစ်စီးကို တောင်ကိုးရီးယားသိမ်းဆည်းရမိခဲ့ပြီး တောင်ကိုးရီးယားရဲ့နန်းတွင်းနေရာတွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပါရှိတယ်လို့ ဆိုပါတယ်။

Ref: Mirror.co.uk
Trend Myanmar
မြောက်ကိုးရီးယားပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး အိုဆန်ဟွန်း ကို မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း တစ်ယောက် မီးသေနတ်နဲ့ မီးလောင်တိုက်သွင်းသတ်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ အိုဆန်ဟွန်းဟာ မကြာမီက ခွေးစာကျွေးပြီး အဆုံးစီရင်ခံခဲ့ရသူ ကင်ဂျုံအန်းရဲ့ ဦလေး နဲ့ ဆက်နွယ်နေမှုကြောင့် အခုလို အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဖခင်ဖြစ်သူသေဆုံးပြီး မြောက်ကိုးရီးယားခေါင်းဆောင်နေရာကို လွှဲပြောင်းယူခဲ့တဲ့ ကင်ဂျုံအန်း လက်ထက်မှာ အစိုးရထိပ်တန်းခေါင်းဆောင် အနည်းဆုံး ၁၂ ယောက်

လှည်းကူးမြို့ ပဋိပက္ခ ပါဝင်ပတ်သက်သူ ၁၉ ဦး ဖမ်းဆီး


လှည်းကူးမြို့၊ မြို့မဈေးမှာ ဧပြီ်လ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူ ၁၉ ဦးကို ဖမ်းဆီးထားပြီး အဲဒီနေ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေရဲ့ ဗီဒီယိုမှတ်တမ်းကို ပြန်လည်ကြည်ရှုပြီး ဆက်လက်ဖမ်းဆီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။
လှည်းကူးပဋိပက္ခဖြစ်စဉ်ကို အရေးယူမှုနဲ့ ပတ်သက်လို့ လှည်းကူးမြို့နယ် ရဲစခန်းက ဒုရဲအုပ် သန်းထွန်းလင်းက အခုလို ပြောပါတယ်။
"ပုဒ်မ ၃၂၆ နဲ့ ဖွင့်ထားတာ ၃ ယောက် ဖမ်းထားတယ်၊ ပုဒ်မ ၄၄ဝ နဲ့က ၈ ယောက်၊ ပုဒ်မ ၁၈၈ က ၈ ယောက်ပါ၊ ကျနော်တို့ ဗွီဒီယိုဖိုင်ကို ကြည့်ပြီးတော့ ပါတဲ့လူမှန်သမျှကို ဖမ်းမလို့လုပ်ထားပါတယ်၊

အစိုးရနှင့် NCCT တို့အကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း ရေးဆွဲရာတွင် ထည့်သွင်းမည့် အခန်းခုနစ်ခန်းအနက် အခန်း(၅)အထိ ဆွေးနွေးပြီးဖြစ်

Photo: အစိုးရနှင့် NCCT တို့အကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း ရေးဆွဲရာတွင် ထည့်သွင်းမည့် အခန်းခုနစ်ခန်းအနက် အခန်း(၅)အထိ ဆွေးနွေးပြီးဖြစ်

Tuesday, April 8, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုတည်းဖြစ်အောင် ရေးဆွဲရာတွင် ထည့်သွင်းမည့် အခန်းခုနစ်ခန်းအနက် အခန်း (၅) အထိ ဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ဧပြီ ၅ရက်မှ စတင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနှစ်ရပ်ပါ ကွဲလွဲချက်များညှိနှိုင်းမှုကို  ဧပြီ ၇ ရက်အထိ ရက်တိုး၍ ဆွေးနွေးခဲ့သော်လည်း ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသောကြောင့် ဆွေးနွေးပွဲ ဧပြီ ၈ ရက်အထိ ထပ်မံရက်တိုး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဆွေးနွေးပွဲရလဒ်က အခုအချိန်ထိတော့ ၅၀-၅၀ ပေါ့။ မူဝါဒပိုင်းမှာညှိနှိုင်းရတာ ခက်တယ်လို့တော့မဟုတ်ဘူး။ ဒီလိုစာချုပ်တွေမှာ သဘောတူညီချက်တွေမှာ နှစ်ဖက်လုံးကတော့ ဆွေးနွေးညှိနှိုင်းတယ်ဆိုပေမယ့် တစ်ဖက်က ခံကတုတ်သဖွယ်ချထားတဲ့မူတွေက ခိုင်ပါတယ်။ အဲဒီလိုခိုင်တဲ့အပိုင်းလေးတွေမှာ နည်းနည်းညှိရတာ အချိန်ယူရတာပေါ့။ ချက်ချင်းကြီးတော့ လွယ်လွယ်ကူကူတော့ နှစ်ဖက်သဘောတူဖို့ ခက်တာပေါ့။ ဒီလိုအခိုင်အမာမူတွေကျတော့ ။ ဒါကိုတော့ ပြန်ညှိရတာပေါ့" ဟု ဧပြီ ၇ရက်ဆွေးနွေးပွဲအပြီးတွင် NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းထောက်များအား ပြောကြားသည်။

အစိုးရနှင့် NCCT ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲနေသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းသည် ယခုဆွေးနွေးပွဲတွင် ထွက်ပေါ်လာနိုင်မည်မဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအချောသတ်ရရှိရန် ဘားအံဆွေးနွေးပွဲမတိုင်မီ ထပ်မံတွေ့ဆုံညှိနှိုင်းရန် လိုအပ်သည်ဟု ဗိုလှ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

"ဒီဆွေးနွေးပွဲမှာ မူကြမ်းမပြီးဘူးခင်ဗျ။ မူကြမ်းရဲ့ အကြမ်းလောက်တော့ ရနိုင်တယ်။ အကြမ်းဆိုတာ ထပ်ညှိဖို့ ပြင်ဖို့ဘာဖို့ တော်တော်လေးကြမ်းသေးတာပေါ့။  အငြင်းမပွားတဲ့ ကိစ္စတော်တော်များများတော့ ဖြတ်ကျော်နိုင်ပါပြီ။ အခန်း ၅ အထိ ဆွေးနွေးပြီးတာပါ။ ရေးပြီးတာတော့မဟုတ်ဘူး။ ဆွေးနွေးပြီးတယ်ဆိုတာက တူတာကိုယူထားတယ်။ မတူတာကို ဆက်လက်ညှိနှိုင်းဖို့ချန်တယ်။ တချို့အရေးကြီးတာကို အထက်ကိုတင်ပြမယ်ဆိုပြီး ချန်တယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်ပြောကြားသည်။

ဧပြီ ၇ရက် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် NCCT ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက " သူ့အမြင်၊ ကိုယ့်ရဲ့အမြင်တွေကို တင်ပြတဲ့အခါမှာလည်း ကျွန်တော်တို့ ဒီအနေအထားပေါ်မှာ မူကြမ်းတစ်ခုတည်း ရရှိရေးအတွက် ဆွေးနွေးတဲ့အတွက်ကြောင့် နားလည်မှုတွေ တိုးတက်လာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အခန်းကဏ္ဍတော်တော်များများကိုလည်း ပြီးစီးအောင်ဆောင်ရွက်လုပ်ဆောင် ၊ ဆွေးနွေးနိုင်ခဲ့တယ်။ လုပ်နိုင်ခဲ့တယ်။ တချို့ ကျွန်တော်တို့ တင်ပြတဲ့အချက်နဲ့ အစိုးရတင်ပြတဲ့အချက်တွေမှာကတော့ ကွဲလွဲမှုတွေရှိပေမယ့် တစ်ခုတည်းဖြစ်ဖို့ ညှိနှိုင်းပြီးတော့လုပ်နိုင်ခဲ့တယ်။ တချို့အချက်တွေမှာကျတော့ ကျွန်တော်တို့ ဒီကပြန်ပြီးတော့ ဆွေးနွေးရမယ့်အချက်တွေရှိတယ်။ သဘောမတူဘူးဆိုတဲ့ အနေအထားတော့မဟုတ်ဘူး။ ပြန်လည်ဆွေးနွေးရမယ်ဆိုတဲ့ အနေအထားမျိုးရှိတဲ့ အားရမှုရှိတဲ့ ဆွေးနွေးမှုညှိနှိုင်းမှုတစ်ခုတော့ ဖြစ်တယ်" ဟုပြောကြားသည်။

Myanmar Peace Center မှ ဦးလှမောင်ရွှေက "ကျွန်တော်တို့ နှစ်ဖက်ပြီးခဲ့တဲ့ ပထမနေ့ ဆွေးနွေးပွဲမှာ နိဒါန်းရယ်၊ အခြေခံမူတွေရယ်ကို ဆွေးနွေးခဲ့တယ်။ ဒီနေ့ကတော့ အခန်း ၅ ခန်းရှိ နောက်ဆုံးအပိုဒ်အထိ ဆွေးနွေးနိုင်ခဲ့ပြီးတာ့ မနက်ဖြန်တော့ ကျန်တဲ့အခန်းနှစ်ခန်းကို ဆက်ပြီးဆွေးနွေးသွားဖို့ရှိတယ်။ မူကြမ်းအနေနဲ့ မနက်ဖြန်နောက်ဆုံးထား ဆွေးနွေးသွားဖို့ရှိတယ်။ ဒီနေရာမှာတော့ ကျွန်တော်တို့ နှစ်ဖက်သဘောတူထားတာက မူကြမ်းအဆင့်ရရှိရေးသာဖြစ်ပြီးတော့ ဆက်ပြီးညှိနှိုင်းဆောင်ရွက်ရမှာတွေ ရှိပါတယ်" ဟု ပြောကြားသည်။

Eleven
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တစ်ခုတည်းဖြစ်အောင် ရေးဆွဲရာတွင် ထည့်သွင်းမည့် အခန်းခုနစ်ခန်းအနက် အခန်း (၅) အထိ ဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် ကျောက်တံခါးမြို့နယ် တရားရုံးမှအလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ဧပြီ ၇ ရက်က မူးယစ်ဆေး ၀ါးလက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း ကျောက် တံခါးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

"တရားလို ရဲအုပ်လှမြင့်ဦး စွဲဆိုထားတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ဒီကနေ့ ဧပြီ ၇ ရက်မှာ ကျောက်တံခါးမြို့နယ် တရားရုံး ကနေ မူးယစ်ပုဒ်မ-၁၆(ဂ)အရ အလုပ် ကြမ်းနဲ့ ထောင်