Saturday, April 19, 2014

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်၌ အမှုပေါင်း ၆၀၀ ခန့်ဖြစ်ပွား၊ လူ ၄၀ ကျော် သေဆုံး


သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်၌ အမှုပေါင်း ၆၀၀ ခန့်ဖြစ်ပွား၊ လူ ၄၀ ကျော် သေဆုံး

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် သင်္ကြန်ရေသဘင် ပွဲတော်ကာလ ဖြစ်သည့်  ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) မှ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) အထိ အမှုပေါင်း ၆၀၀ ခန့် ဖြစ်ပွားပြီး လူ ၄၃ ဦး သေဆုံးကာ ၂၅၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကာလအတွင်း လူသတ်မှု ကိုးမှု၊ မုဒိမ်းမှု သုံးမှု၊ ယာဉ်တိုက်မှု ၆၀ ကျော်၊ ခိုက်ရန်ဖြစ်ပွားမှု  ၅၈ မှု၊ ဝတ္တရားနှောင့်ယှက်မှု တစ်မှု၊ သေမှုသေခင်း ၂၇ မှု၊ ကာယိနြေ္ဒဖျက်ဆီးမှု ၁၁ မှု၊ မူးယစ်ရမ်းကားမှု  ၉၇ မှုနှင့် ခိုးမှု အပါအဝင် အခြားအမှုပေါင်း ၃၁၁ မှု စုစုပေါင်း ၅၇၈ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် သင်္ကြန်ပွဲတော် ကာလအတွင်း ဖြစ်ပွားခဲ့သည့် ယင်းအမှုများအနက် ယာဉ်မတော်တဆမှုမှာ ၆၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး သေဆုံးကာ လူပေါင်း ၁၈၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆမှု ၆၂ မှုအနက် သင်္ကြန်ကာလအတွင်း ရေပက်ကစားရာမှ ဖြစ်ပွားသည့် ယာဉ်မတော်တဆ ၁၀ မှု ပါဝင်ကြောင်း၊ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၁၅ ဦးအနက် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၁၇၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး၏ စာရင်းများအရ သိရှိရသည်။ 

၂၀၁၄ခုနှစ် သင်္ကြန်ကာလတွင် ဖြစ်ပွားသော အမှုများမှာ ယခင် ၂၀၁၃ ခုနှစ် သင်္ကြန်ထက် အမှုပေါင်း ၁၇၀ ကျော် ပိုမိုဖြစ်ပွားခဲ့ကြောင်း၊ ယင်းအမှုများတွင် ယခင်နှစ်ထက် ခိုက်ရန်ဖြစ်ပွားမှု ၁၆ ခုသာ လျော့နည်းခဲ့ပြီး လူသတ်မှု ခြောက်ခု၊ မုဒိမ်းမှု သုံးခု၊ မူးယစ်ရမ်းကားမှု ၆၆ ခု၊ သေမှုသေခင်း ကိုးခုနှင့် အခြားသော အမှုပေါင်း ၇၆ ခု၊ ကာယိနြေ္ဒဖျက်ဆီးမှု ခြောက်မှုအထိ မြင့်တက်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံး၏ စာရင်းဇယားများအရ သိရသည်။

သင်္ကြန်ကာလတွင် ခိုက်ရန်ဖြစ်ပွားမှု၊ မူးယစ်သောက်စား ရမ်းကားမှုနှင့် ခါးပိုက်နှိုက်မှု လျော့ကျရန် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပြီး ခါးပိုက်နှိုက်ဖွယ် ရှိသူများကို  စာရင်းပြုစုခြင်း၊ စောင့်ကြည့်ခြင်းများကို လုပ်ဆောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက မတ်လကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင် လူသတ်မှု သုံးမှု၊ မုဒိမ်းမှု တစ်မှု၊ ယာဉ်တိုက်မှု ၃၉ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၇၄ မှု၊ သေမှုသေခင်း ၁၈ မှု၊ ကာယိနြေ္ဒ ဖျက်ဆီးမှု ငါးမှု၊ မူးယစ်ရမ်းကားမှု ၃၁ မှု၊ စည်းကမ်းပျက်မှု တစ်မှုနှင့် ခိုးမှု အပါအဝင် အခြားအမှုပေါင်း ၂၃၅ မှု စုစုပေါင်း အမှုပေါင်း ၄၀၇ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 

အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်တွင် နှစ်သစ်ကူးပွဲတော် ဖြစ်သော သင်္ကြန်ကာလ လေးရက်အတွင်း လူသတ်မှုကြောင့် သုံးဦးနှင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာနခွဲ (နေပြည်တော်) မှ ဒုရဲမှူး အောင်ဝင်းက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်များသည် သင်္ကြန်ပွဲတော် သတ်မှတ်ရာ မဏ္ဍပ်ဧရိယာ ပြင်ပရှိ မြို့နယ်၊ ရပ်ကွက်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ လူသတ်မှုများမှာ ရေကစားချိန် ပြီးစီး၍ အိမ်ပြန်ချိန်တို့တွင် ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိ မြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် သင်္ကြန်ရေသဘင် ပွဲတော်ကာလ ဖြစ်သည့် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) မှ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) အထိ အမှုပေါင်း ၆၀၀ ခန့် ဖြစ်ပွားပြီး လူ ၄၃ ဦး သေဆုံးကာ ၂၅၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ကာလအတွင်း လူသတ်မှု ကိုးမှု၊ မုဒိမ်းမှု သုံးမှု၊ ယာဉ်တိုက်မှု ၆၀ ကျော်၊ ခိုက်ရန်ဖြစ်ပွားမှု ၅၈ မှု၊ ဝတ္တရားနှောင့်ယှက်မှု တစ်မှု၊ သေမှုသေခင်း ၂၇ မှု၊ ကာယိနြေ္ဒဖျက်ဆီးမှု ၁၁ မှု၊ မူးယစ်ရမ်းကားမှု ၉၇ မှုနှင့်

နေ့အပူချိန် မြင့်တက်နေခြင်းကြောင့် မေလအကုန်အထိ မိုးတိမ်တောင် အန္တရာယ် သတိပြုရန်လိုဟုဆို


 
 နေ့အပူချိန်များ မြင့်တက် နေခြင်းကြောင့် မိုးကြိုကာလတွင် တိုင်းဒေသကြီး အချို့၌ လေထု မငြိမ်မသက် ဖြစ်ပြီး မိုးတိမ်တောင်နှင့် စိုက်ဆင်းလေပြင်း တိုက်ခတ်မည့် အန္တရာယ်ကို မေလ နောက် ဆုံးပတ် အထိ အထူးသတိထားရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီ ဧပြီလ ၁၅ ရက်နေ့မှ မေလအကုန်ထိ ရန်ကုန်တိုင်းဒေသကြီး၊

သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဇုန်မှာ လည်ပတ်နေတဲ့ ကမ္ဘာနဲ့ အရွယ်တူ ဂြိုလ် တလုံးကို တွေ့ရှိတယ်လို့ ကြာသာပတေးနေ့မှာကြေညာ

Photo: သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဇုန်မှာ လည်ပတ်နေတဲ့ ကမ္ဘာနဲ့ အရွယ်တူ ဂြိုလ်တလုံးကို တွေ့ရှိတယ်လို့ ကြာသာပတေးနေ့မှာကြေညာပါတယ်။ 

ကက်ပလာ ၁၈၆ လို့ ခေါ်တဲ့ ကြယ်ဟာ နဂါငွေ့တန်းကြယ်စုကနေ အလင်းနှစ် ၅၀၀ အကွာအဝေးမှာ တည်ရှိပြီး ဂြိုလ်တည်ရှိနေတဲ့ ဇုန်ဟာ သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေရှိနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်၊ ကက်ပလာ ကြယ်ဟာ မိခင်ကြယ်ကြီးဆီက ရောင်ခြည်ဖြာထွက်တာကို သုံးပုံတပုံလောက် ရရှိနေပုံဟာ ကမ္ဘာဂြိုလ်က နေဆီက အလင်းရောင်ကို ရနေပုံမျိုးနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။  အဲဒီ ဂြိုလ်ပေါ်မှာ နေ့လယ်ခင်းအချိန်ဟာ ကမ္ဘာပေါ်မှာ နေမ၀င်ခင် တနာရီနဲ့ ဆင်တူတယ်လို့ နာဆာ အဖွဲ့က အာကာသ ဗေဒ ပညာရှင် သော်မက် ဘာကလေက ပြောပါတယ်။ 

“ဒီဂြိုလ်ဟာ ကမ္ဘာနဲ့ အမွှာလို မတူပေမယ့် ၀မ်းကွဲလို ဆင်တယ်” လို့ ဂိုလ်ကို တွေ့ရှိတဲ့ သိပ္ပံပညာရှင်အဖွဲ့က ဘာကလေက ပြောပါတယ်၊  နာဆာအဖွဲ့ဟာ ကက်ပလာ အာကာသ အဝေးကြည့်မှန်ပြောင်းကို ၂၀၀၉ ခုနှစ်မှာ တပ်ဆင်ပြီး ကြယ်ပေါင်း တသိန်းငါးသောင်းကို လေ့လာခဲ့ပါတယ်။ ကက်ပလာ ကြယ်ရဲ့ လေထုအနေအထားကိုတော့ သိပ္ပံပညာရှင်တွေ အတိအကျ မသိသေးပါဘူး။ 

နောက်ထပ် အာကာသ အဝေးကြည့်မှန်ပြောင်းတွေကို သုံးပြီး အဲဒီ ဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဓာတု ဓာတ်တွေ ရှိ၊ မရှိကို လေ့လာသွားဖို့ ရှိပါတယ်၊ အခုအထိ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကမှာ ဂြိုလ်ပေါင်း ၁၈၀၀ နီးပါးကို သိပ္ပံပညာရှင်တွေက တွေ့ရှိထားပြီ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဇုန်မှာ လည်ပတ်နေတဲ့ ကမ္ဘာနဲ့ အရွယ်တူ ဂြိုလ် တလုံးကို တွေ့ရှိတယ်လို့ ကြာသာပတေးနေ့မှာကြေညာပါတယ်။

ကက်ပလာ ၁၈၆ လို့ ခေါ်တဲ့ ကြယ်ဟာ နဂါငွေ့တန်းကြယ်စုကနေ အလင်းနှစ် ၅၀၀ အကွာအဝေးမှာ တည်ရှိပြီး ဂြိုလ်တည်ရှိနေတဲ့ ဇုန်ဟာ သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေရှိနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်၊ ကက်ပလာ ကြယ်ဟာ မိခင်ကြယ်ကြီးဆီက ရောင်ခြည်ဖြာထွက် တာကို သုံးပုံတပုံလောက် ရရှိနေပုံဟာ ကမ္ဘာဂြိုလ်က နေဆီက အလင်းရောင်ကို ရနေပုံမျိုးနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။ အဲဒီ ဂြိုလ်ပေါ်မှာ နေ့လယ်ခင်းအချိန်ဟာ ကမ္ဘာပေါ်မှာ နေမ၀င်ခင် တနာရီနဲ့

ရန်ကုန်အခြေခံပညာ အောင်စာရင်း အဋ္ဌမတန်းနှင့် နဝမတန်း ကျရှုံးသူ စံချိန်တင် များပြားဟုဆို

ပညာရေးဝန်ကြီးဌာန လက်အောက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဧပြီလ ၁၈ ရက်နေ့ ထုတ်ပြန်သည့် အောင်စာရင်း၌ အဋ္ဌမတန်းနှင့် နဝမတန်းအဆင့်၌ ကျရှုံးသူ သိသိသာသာ များပြားခဲ့ကြောင်း အခြေခံပညာ ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
သူငယ်တန်းမှ သတ္တမတန်း အဆင့်တွင် ကျရှုံးသူ အလွန်နည်းပါးသော်လည်း အဋ္ဌမတန်းနှင့် နဝမတန်း တို့တွင်မူ ယခင်နှစ်ထက် ကျရှုံးသူ များပြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စာမေးပွဲကျရှုံးသူ ဦးရေကိုမူ အသေးစိတ် မသိရှိသေးကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။

ကေအိုင်အေနှင့် တပ်မတော်အကြား ပစ်ခတ်မှုများ နှစ်ဆန်းနှစ်ရက်အထိ ဆက်တိုက်ဖြစ်



ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှ စတင်ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကေအိုင်အေတပ်များ အကြား အပြန်အလှန် ပစ်ခတ်မှုများမှာ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက် ဖြစ် ပွားနေကြောင်း ကေအိုင်အို နည်းပညာအဖွဲ့ (TAT) မှ ပြောခွင့်ရသူ ဦးဒေါင်ခါးက The Voice သို့ ပြောကြား သည်။
သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလအတွင်း မိုးမောက်မြို့နယ်၊ မန်စီမြို့နယ်နှင့် မန်ဝိန်းကြီးကျေးရွာနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့သည့် အကြိမ်အရေ အတွက် အတိအကျကိုမူ မသိရှိရသေးကြောင်း၊ ဧပြီလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များ၌ မိုးမောက်မြို့နယ်

သင်္ကြန်ကာလတွင် နိုင်ငံတစ်ဝန်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှုနှင့် ယာဉ်တိုက်မှု ၃၃၃ မှုအပါအ၀င် အမှုပေါင်း ၈၃၆ မှု ဖြစ်ပွားပြီး ၉၁ ဦး သေဆုံး


သင်္ကြန်ကာလတွင် နိုင်ငံတစ်ဝန်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှုနှင့် ယာဉ်တိုက်မှု ၃၃၃ မှုအပါအ၀င် အမှုပေါင်း ၈၃၆ မှု ဖြစ်ပွားပြီး ၉၁ ဦး သေဆုံး

သင်္ကြန်ကာလအတွင်း ပြည်တွင်း၌ လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက် မှု ၃၃၃ မှု အပါအ၀င် စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး ၀င်းစိန်က ဧပြီလ ၁၈ ရက် နံနက် ပိုင်းက ပြောကြားသည်။

နေပြည်တော် တိုင်းဒေသကြီးများအားလုံးတွင် ၂၀၁၄ ခုနှစ် မဟာသင်္ကြန်ကာလ လေးရက်အတွင်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက်မှု ၃၃၃ မှု၊ နာကျင်မှု ၁၅၀ မှု၊ ခိုးမှု(၆၁)၃ မှု၊ ခိုးမှု(ဆိုင်ကယ်) ၁ မှု၊ ခိုးမှု(ခါးပိုက်နှိက်) ၂ မှု၊ ခိုးမှု(ရိုးရိုး) ၁၂ မှု၊ ခိုးမှု(၆၈၂) ၅ မှု၊ သေမှုသေခင်း ၁၆ မှု နှင့် အခြားအမှု ၂၆၈ မှု စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ် အားလုံးမှာ သင်္ကြန် ကာလအတွင်း သင်္ကြန်နှင့် ဆက်စပ်ဖြစ်ပွားခဲ့သော မှုခင်းများနှင့် သင်္ကြန်နှင့်ဆက်စပ်မှု မရှိဘဲ ဖြစ်ပွားခဲ့သော မှုခင်းများဖြစ်သည်။

"သင်္ကြန်ကာလ အတွင်းမှာ သင်္ကြန်နဲ့ ဆက်စပ်ဖြစ်ပွားတဲ့ မှုခင်းဖြစ်စဉ်တွေကို ပြီးခဲ့တဲ့နှစ်ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမှုပေါင်းအရေအတွက်မှာ ၁၇ မှုနဲ့ ဒဏ်ရာရရှိ သူ အရေအတွက်မှာ ရှစ်ဦး ပိုပြီးဖြစ်ပွားခဲ့ တယ်။ သေဆုံးခဲ့တဲ့သူ အရေအတွက်မှာ တော့ ၁၇ ဦး လျော့နည်းခဲ့တယ်။ ရဲတပ်ဖွဲ့ အနေနဲ့ သင်္ကြန်ကာလမတိုင်ခင်မှာ မှုခင်းတွေလျော့နည်းဖို့နဲ့ လုံခြုံရေးအပိုင်းတွေကို စီမံချက်ချမှတ်ပြီးတော့ လိုတာထက် ပိုပြီး တော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ တယ်။ ဒါ့ကြောင့် တချို့ဖြစ်ပွားမှုနှုန်းတွေ လျော့ကျလာတာ တွေ့ရတယ်။ အမှုပေါင်း အရေအတွက်မှာတော့ ပိုပြီးဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းက မော်တော်ကားတွေ၊ ဆိုင် ကယ်တွေ သိသိသာသာ တိုးပွားလာလို့ ယာဉ်တိုက်မှုတွေ ယမန်နှစ်ကထက် တိုး လာတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီးဝင်းစိန်က ပြောကြားခဲ့သည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ဆက်စပ်ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များမှာ လူသတ်မှု  ၅ မှု၊  ၅ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ၊ မုဒိမ်းမှု ၃ မှု၊ ယာဉ်မတော်တဆမှု ၂၅ မှု(၄ ဦး သေဆုံး၊ ၈၈ ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၆၄ မှု(၁၀၂ ဦး ဒဏ်ရာရ)၊ ၀တ္တရားနှောင့်ယှက်မှု ၂ မှု (၂ ဦးဒဏ်ရာရ)၊ မူးယစ်ရမ်းကားမှု ၁၃ မှု၊ ကာယိအိနြေ္ဒဖျက် ဆီးမှု ၅ မှု၊  အခြားအမှု ၆ မှု၊ ခိုးမှု/ခါးပိုက်နှိုက်မှု ၅၂ မှု၊ သေမှုသေခင်း ၅ မှု(၆ ဦး သေဆုံး)၊ လက်နက်ကိုင်ဆောင်မှု (၁၄)မှု၊ စုစုပေါင်း ၁၉၄ မှု ဖြစ်ပွားခဲ့ပြီး ၁၅ ဦး သေဆုံး၍ ၁၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယရဲမှူးကြီးဝင်းစိန်က "ဥပမာ ရေကစားရင်းနဲ့ ရန်ဖြစ်တဲ့အမှု ဆိုရင်တော့ သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့မှုခင်း ဖြစ်စဉ်တွေထဲမှာ ပါဝင်တယ်။ ဒါပေမဲ့ သင်္ကြန်ကာလ အတွင်းမှာပဲ နေအိမ်ထဲမှာ စကားများရန်ဖြစ် ခဲ့တယ်ဆိုရင် တော့ ဒီဖြစ်စဉ်က သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်စဉ်တွေထဲမှာ မပါဝင်ပါဘူး။ သင်္ကြန်နဲ့ ဆက်စပ်ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေကိုပဲ သင်္ကြန်ကာလမှုခင်း ဖြစ်စဉ်တွေအဖြစ် ထုတ်ပြန်ခဲ့တာဖြစ်တယ်" ဟု ဆိုသည်။

၂၀၁၃ ခုနှစ် မဟာသင်္ကြန်ကာလတွင် စုစုပေါင်းအမှု ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦး သေဆုံး၍ ၁၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။

(၂၀၁၄ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့တွင် ကမ္ဘာအေးဘုရားလမ်း၌ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့များအား တွေ့ရစဉ်(ဓာတ်ပုံ-တိုးဝေဖြိုး))
သင်္ကြန်ကာလအတွင်း ပြည်တွင်း၌ လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက် မှု ၃၃၃ မှု အပါအ၀င် စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး ၀င်းစိန်က ဧပြီလ ၁၈ ရက် နံနက် ပိုင်းက ပြောကြားသည်။
နေပြည်တော် တိုင်းဒေသကြီးများအားလုံးတွင် ၂၀၁၄ ခုနှစ် မဟာသင်္ကြန်ကာလ လေးရက်အတွင်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက်မှု ၃၃၃ မှု၊ နာကျင်မှု ၁၅၀ မှု၊ ခိုးမှု(၆၁)၃ မှု၊ ခိုးမှု(ဆိုင်ကယ်) ၁ မှု၊ ခိုးမှု(ခါးပိုက်နှိက်) ၂ မှု၊ ခိုးမှု(ရိုးရိုး) ၁၂ မှု၊ ခိုးမှု(၆၈၂) ၅ မှု၊ သေမှုသေခင်း ၁၆ မှု နှင့် အခြားအမှု ၂၆၈ မှု စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၂၂ ကြိမ် ဖြစ်ပွားပြီး သေဆုံးသူ ၁၆ ဦး နှင့် ဒဏ်ရာရသူ ၄၃ ဦးရှိခဲ့


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၂၂ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရသူ ၄၃ ဦး ရှိခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ပိုမိုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေ၀င်းက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။
"ဧပြီ ၁၂ ရက်က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုကတော့ အမြန်လမ်းတစ်လျှောက် သေဆုံးမှု စံချိန်တင်ခဲ့တယ်လို့ ပြောလို့ရတယ်။ သေဆုံးမှုကလည်း ၁၃ ယောက်ဆိုတော့ အများဆုံးဖြစ်သွားတယ်။ အမှန်ကတော့ ဆလွန်းကားလေးကပျက်လို့ ရှေ့ကကားက ကြိုးနဲ့ဆွဲပြီး သွားနေတာ။ ဒါကိုတောင်ပြာတန်း ခရီးသည်တင်ယာဉ်က ၀င်တိုက်ခဲ့တာ။ ယာဉ်မောင်းတွေကို ဖမ်းမိဖို့ ကြိုးစားနေပါတယ်" ဟု

ရိုဟင်ဂျာလူမျိုးဟု မထည့်၍ သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ဘင်္ဂါလီအချို့ လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် လာရောက်အကောက်ခံမှုများ ရှိနေ

  Photo: ရိုဟင်ဂျာလူမျိုးဟု မထည့်၍ သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ဘင်္ဂါလီအချို့ လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် လာရောက်အကောက်ခံမှုများ ရှိနေ 
Saturday,April 19, 2014

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသည့် ကာလအတွင်း ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများထဲမှ အချို့က လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် သန်းခေါင်စာရင်း လာရောက်အကောက်ခံမှုများ ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

တရားဝင်သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်းကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုး အများစုက ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံမှုများ ရှိခဲ့သည်။ လက်ရှိတွင် တရားဝင်သန်းခေါင်စာရင်း ကောက်ကာလ ပြီးဆုံးပြီဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာ ကြန့်ကြာမှု (Technical Delay) အတွက် အချိန်ရှစ်ပတ်ထပ်တိုး ကောက်ခံပေးနေပြီး ယင်းကာလတွင် ယခင်အကောက်မခံသည့် မိသားစုအချို့က သတ်မှတ်ချက်နှင့်အညီ လာရောက်အကောက်ခံ နေခြင်းဖြစ်ကြောင်း သိရသည်။

"ရခိုင်ဘက်မှာတော့ တချို့အိမ်ထောင်စုတွေက ညဘက်ညဘက်မှာ ဆက်သွယ်ပြီးတော့ လာအကောက်ခံတဲ့ အိမ်ထောင်စုတွေ တဖွဲဖွဲနဲ့ ရှိနေတယ်ဗျ။ သက်ဆိုင်ရာ ကွပ်ကဲမှုရုံးတွေကို မိသားစုလိုက် ထွက်လာပြီး ဆက်သွယ်အကောက်ခံနေတဲ့ အဖွဲ့တွေရှိတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။

ထို့ပြင် ယင်းကဲ့သို့ မိသားစုလိုက် လာရောက်အကောက်ခံ ခြင်းမျိုးအပြင် အင်နှင့်အားနှင့် လာရောက် အကောက်ခံရေးအတွက် ရန်ကုန်မြို့ရှိ ဘင်္ဂါလီခေါင်းဆောင်များနှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီခေါင်းဆောင်များ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဦးမြင့်ကြိုင်က "နောက်တစ်ခုက ရခိုင်မှာက သူတို့အင်နဲ့အားနဲ့ အကောက်ခံဖို့ပေါ့။ သူတို့ လူကြီးပိုင်းတွေနဲ့။ လူကြီးပိုင်းဆိုတာက ရန်ကုန်မြို့က ဘင်္ဂါလီခေါင်းဆောင်တွေနဲ့ ရခိုင်က ဘင်္ဂါလီခေါင်းဆောင်တွေလည်း သူတို့အဖွဲ့တွေနဲ့ ဆွေးနွေးနေကြတာ တွေရှိတယ်။ သူတို့က တကယ်လို့ အကောက်မခံတော့ဘူးဆိုရင် သူတို့စာရင်းက လုံးဝကျန်တော့မှာ။ အဲဒီတော့ သူတို့က ပြန်ညှိပြီးတော့ အမြန်ဆုံးအကောက်ခံဖို့ အကြောင်းပြန်ပါ့မယ်လို့တော့ ဆက်သွယ်တာတွေ ရှိနေပြီဗျ။ ရှစ်ပတ်အချိန်ပေးထားတယ် ဆိုတာလည်း သူတို့ကို အသိပေးထားတယ်။ ကျန်ခဲ့ရင် သူတို့အတွက် ဘယ်လောက်နစ်နာမယ် ဆိုတာလည်း သူတို့သိတယ်" ဟု ပြောကြားသည်။

ယင်းကဲ့သို့ ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံသည့် သူများမှာ ရခိုင်ပြည်နယ်အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားဒေသများ၌ပါရှိခဲ့ပြီး ရန်ကုန်မြို့မှ အကောက်မခံသည့် သူအများစုမှာမူ တရားဝင်သန်းခေါင်စာရင်းကောက် ကာလမပြီးဆုံးမီ ဘင်္ဂါလီလူမျိုးအဖြစ် ပြန်လည်အကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

၎င်းနှင့် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားတို့ ၂၀၁၂ ခုနှစ်  ဧပြီ ၃၀ ရက်တွင် လက်မှတ်ထိုးစဉ်က ရိုဟင်ဂျာကိစ္စမှာ မရှိသေးကြောင်း၊ ၁၉၃၁ ခုနှစ်၊ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်များတွင် သန်းခေါင်စာရင်း ကောက်ယူစဉ်ကလည်း ဘင်္ဂါလီဟုသာ ထွက်ဆိုထားပြီး နိုင်ငံတော် ပြန်တမ်းများလည်း ရှိကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ဒုတိယအကြိမ် ပြဿနာဖြစ်သည့် အကြိမ်ကျမှသာ အစပိုင်းတွင် ဘင်္ဂါလီဟုပြောပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာဟု ပြောဆိုခြင်းဖြစ်ကြောင်း၊ လက်ရှိတိုင်းရင်းသား လူမျိုးစာရင်းတွင်လည်း ရိုဟင်ဂျာဟူ၍ မပါရှိဘဲ ယင်းကဲ့သို့ ထည့်သွင်းပါက ပြဿနာ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်သည့်အတွက် အမျိုးသားအကျိုးစီးပွားအတွက် ၎င်းတို့ကို ထည့်သွင်း မကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

ထို့ပြင် ရိုဟင်ဂျာဟု ပြောဆိုနေကြသူ အားလုံးမှာလည်း ရိုဟင်ဂျာဖြစ်ချင်သူများ မဟုတ်ကြကြောင်းနှင့်  ၎င်းင်းတို့တွင်လည်း ဖိ အားပေး ခြိမ်းခြောက်ခံရမှုများရှိနေကြောင်း လည်း ၀န်ကြီးဦးခင်ရီက ပြောကြားထားသည်။

ရိုဟင်ဂျာဟု ပြောဆိုခြင်းမှလွဲ၍ နည်းပညာ ကြန့်ကြာမှုကြောင့် ဆက်လက်စောင့်ပေးမည့် အချိန်ရှစ်ပတ်အတွင်း အချိန်မရွေး ပြန်လည်ကောက်ခံ ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောကြားထားသည်။ 

Eleven
ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသည့် ကာလအတွင်း ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများထဲမှ အချို့က လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် သန်းခေါင်စာရင်း လာရောက် အကောက်ခံမှုများ ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

တရားဝင်သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်းကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုး အများစုက ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက်

ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေပြီး ဧပြီ ၁၈ ရက်က တိုက်ပွဲအချို့ ဖြစ်ပွား

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ဧပြီ ၁၈ ရက်တွင်လည်း တိုက်ပွဲအချို့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

"ဒီနေ့မနက်ပိုင်းမှာလည်း မိုးမောက်ဘက်မှာ ဖြစ်တယ်လို့ ကြားထားတယ်။ အတိအကျတော့ မသိရသေးဘူး" ဟု မြစ်ကြီးနားမြို့ရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဦးဒေါင်ခါးက ဧပြီ ၁၈ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

ရာသီသိမ်း ကာလတွင် အသင်းတိုင်း ခြေချော်လက်ချော် ဖြစ်နိုင်ဆဲဟု ပယ်လီဂရီနီသုံးသပ်

ရာသီသိမ်း ကာလတွင် အသင်းတိုင်း ခြေချော်လက်ချော် ဖြစ်နိုင်ဆဲဟု ပယ်လီဂရီနီသုံးသပ်
=====

ပရီးမီးယားလိဂ် ရာသီသိမ်း ကာလတွင် ခြေချော်လက်ချော် အပြောင်းအလဲများကို မိမိ မျှော်လင့်ထားဆဲဟု မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

မန်စီးတီးသည် လီဗာပူးလ်ကို အရေးနိမ့်ပြီး ဆန်းဒါးလန်းနှင့်ပွဲတွင် ဆက်တိုက် သရေကျခဲ့သည့်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုသည် လီဗာပူးလ်အတွက် အလားအလာ အကောင်းဆုံး ဖြစ်လာခဲ့သည်။ လက်ရှိတွင် မန်စီးတီးသည် လီဗာပူးလ်ထက် တစ်ပွဲလျော့ ကစားပြီး (၆)မှတ်လျော့ အနေအထားဖြင့် ရပ်တည်လျှက်ရှိသည်။ ချန်ပီယံဆုကို ၎င်းတို့နှစ်သင်းအပြင် ချယ်လ်ဆီးကလည်း စိန်ခေါ်နေရာ အန်းဖီးလ်တွင် လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ ရင်ဆိုင်မည့် ပွဲစဉ်ကလည်း အရေးပါလျှက်ရှိသည်။

ချီလီသား မန်နေဂျာကြီးကမူ ရာသီသိမ်း ကာလများတွင် အသင်းကြီးများ ခြေချော်တတ်လေ့ရှိရာ ယင်းအခြေအနေမျိုး ဖြစ်လာနိုင်ဆဲဟု ယုံကြည်နေသည်။ “ဆန်းဒါးလန်းကို သရေကျခဲ့တာ တကယ့်ကို စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့က ပွဲတိုင်း အနိုင်ရချင်နေတာ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ပွဲမစခင် ကတည်းက ကျွန်တော် ပြောဖူးပါတယ်။ တန်းဆင်းဇုန်နားက အသင်းတွေကို ရင်ဆိုင်ရတာ အင်မတန် ခက်ခဲပါတယ်။ သူတို့ဟာ ပွဲအပေါ် (၁၀၀)ရာခိုင်နှုန်း နှစ်မြှုပ်ကစားလေ့ ရှိတယ်လေ။ ဆန်းဒါးလန်းက အဲဒီနေ့တုန်းက သိပ်ကောင်းပါတယ်”ဟု ပယ်လီဂရီနီက မှတ်ချက်ပြုခဲ့သည်။

၎င်းက “ကျွန်တော် အသေအချာ ယုံကြည်ထားတာက အသင်းတိုင်း အမှတ်လျော့နိုင်ဆဲ ဆိုတာပါပဲ။ လီဗာပူးလ်၊ ချယ်လ်ဆီးတို့ဟာ နောက်ဆုံးပွဲစဉ်မှာတောင် အမှတ်ဆုံးရှုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့က (၁၅)မှတ် လက်ကျန်အားလုံး အရယူနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရနိုင်သမျှ အမှတ်အားလုံး စုဆောင်းယူဖို့ ကြိုးစားရလိမ့်မယ်။ ရာသီသိမ်းချိန်မှာမှ ဘယ်အသင်း ဖလားရမယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နိုင်မှာပါ။ ကျွန်တော်တို့ ရာသီသစ်အတွက် ပြင်ဆင်နေပါပြီ။ ဒါပေမဲ့ ဒီရာသီကို ဘယ်လိုအပြီးသတ်မလဲ ဆိုတာကို အရင်လုပ်ဆောင်ရလိမ့်မယ်။ ရာသီကို အကောင်းဆုံး သိမ်းနိုင်ဖို့ဆိုတာ ကစားသမားတွေရော၊ မန်နေဂျာရဲ့ ခေါင်းထဲမှာပါ ရှိနေရမယ့် အရာတစ်ခုပါပဲ”ဟုလည်း ပြောဆိုသွားခဲ့သည်။ 

Ref: Sky Sports
ပရီးမီးယားလိဂ် ရာသီသိမ်း ကာလတွင် ခြေချော်လက်ချော် အပြောင်းအလဲများကို မိမိ မျှော်လင့်ထားဆဲဟု မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။
မန်စီးတီးသည် လီဗာပူးလ်ကို အရေးနိမ့်ပြီး ဆန်းဒါးလန်းနှင့်ပွဲတွင် ဆက်တိုက် သရေကျခဲ့သည့်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုသည် လီဗာပူးလ်အတွက် အလားအလာ အကောင်းဆုံး ဖြစ်လာခဲ့သည်။ လက်ရှိတွင် မန်စီးတီးသည် လီဗာပူးလ်ထက် တစ်ပွဲလျော့ ကစားပြီး (၆)မှတ်လျော့ အနေအထားဖြင့် ရပ်တည်လျှက်ရှိသည်။ ချန်ပီယံဆုကို ၎င်းတို့နှစ်သင်းအပြင် ချယ်လ်ဆီးကလည်း စိန်ခေါ်နေရာ

ဂွတ်ဒီဆင်ပါ့ခ်တွင် မိုယက်စ်ကို လေးစားမှုအပြည့် ယှဉ်ပြိုင်မည်ဟု မာတီနက်ဇ်ပြောကြား

ဂွတ်ဒီဆင်ပါ့ခ်တွင် မိုယက်စ်ကို လေးစားမှုအပြည့် ယှဉ်ပြိုင်မည်ဟု မာတီနက်ဇ်ပြောကြား
=====

ဂွတ်ဒီဆင်ပါ့ခ်သို့ ပထမဆုံးအကြိမ် ပြန်လာသော ဒေးဗစ်မိုယက်စ်ကို လေးစားမှု အပြည့်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်သည်။

မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က အဲဗာတန်မှ မန်ချက်စတာ ယူနိုက်တက်သို့ ကူးပြောင်းကိုင်တွယ်ခဲ့ပြီး ၎င်းနေရာကို မာတီနက်ဇ်က ဆက်ခံခဲ့သည်။ လက်ရှိ အနေအထားတွင် မိုယက်စ်နှင့်အတူ ယူနိုက်တက်မှာ ရုန်းကန်ဖြတ်သန်းနေရပြီး အဲဗာတန်ကမူ ယူနိုက်တက်အထက်တွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပင် မျှော်လင့်နေပြီ ဖြစ်သည်။ ပထမအကျော့က ယူနိုက်တက်၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ရင်ဆိုင်စဉ်ကလည်း အဲဗာတန်ကပင် (၁-၀)ဖြင့် အနိုင်ရရှိထားသေးသည်။

မာတီနက်ဇ်က ယခုရာသီ ယူနိုက်တက်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့လုံး အနိုင်ယူနိုင်ရန် မျှော်လင့်မိကြောင်း ဆိုသည်။ “ယူနိုက်တက်ကို နှစ်ကျော့စလုံး နိုင်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့လေ။ ပြီးတော့ ဒီပွဲဟာ မိုယက်စ်ရဲ့ အပြန်ခရီးလည်း ဖြစ်နေတယ်”ဟု စပိန်သား မန်နေဂျာက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ကျွန်တော်တို့ အသင်းဟာ ပုံစံတစ်ခုကို အပြည့်အဝ တည်ဆောက် ဖြည့်သွင်းထားနိုင်ခဲ့ပါပြီ။ ထူးခြားတဲ့ ဘောလုံးအသင်း တစ်ခုအနေနဲ့လည်း ရပ်တည်နေတယ်လေ။ မိုယက်စ်ကို သူဒီမှာ စွမ်းဆောင်ပေးခဲ့သမျှ အရာတွေအတွက် ကျွန်တော်တို့ လေးစားမှု ထားရှိနေမှာပါ”ဟုလည်း ပြောဆိုခဲ့သည်။

၎င်းက အဲဗာတန် ပရိသတ်များ အနေဖြင့်လည်း အသင်းမန်နေဂျာဟောင်းကို အလေးအစား အချစ်အခင်မပျက် ရှိနေမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ “သူတို့ ဒီလိုကြိုဆိုပါလိမ့်မယ်။ ကျွန်တော် သေချာပေါက် ပြောရဲတယ်။ အဲဗာတန်မှာ သူလုပ်ဆောင်ခဲ့တာတွေဟာ ဒီအတွက်တော့ ထိုက်တန်ပါတယ်။ သူလုပ်ပြခဲ့တာတွေက ခမ်းနားလွန်းတယ်လေ။ သူဟာ ခုချိန်မှာ ယူနိုက်တက်ရဲ့ မန်နေဂျာ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်ပါတယ်။ ဒါပေမဲ့ အဲဗာတန်ရဲ့ မန်နေဂျာဟောင်းလည်း ဖြစ်ပြန်တယ်လေ။ အဲဗာတန်သား အားလုံးက သူလုပ်ပေးခဲ့သမျှ အရာတိုင်းကို အမှတ်ရနေမှာပါ”ဟုလည်း မာတီနက်ဇ်က သုံးသပ်သွားခဲ့သည်။ 

Ref: Sky Sports
ဂွတ်ဒီဆင်ပါ့ခ်သို့ ပထမဆုံးအကြိမ် ပြန်လာသော ဒေးဗစ်မိုယက်စ်ကို လေးစားမှု အပြည့်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်သည်။
မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က အဲဗာတန်မှ မန်ချက်စတာ ယူနိုက်တက်သို့ ကူးပြောင်းကိုင်တွယ်ခဲ့ပြီး ၎င်းနေရာကို မာတီနက်ဇ်က ဆက်ခံခဲ့သည်။ လက်ရှိ အနေအထားတွင် မိုယက်စ်နှင့်အတူ ယူနိုက်တက်မှာ ရုန်းကန်ဖြတ်သန်းနေရပြီး အဲဗာတန်ကမူ ယူနိုက်တက်အထက်တွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပင် မျှော်လင့်နေပြီ ဖြစ်သည်။ ပထမအကျော့က ယူနိုက်တက်၏

ကျောင်းသား ၃၀၀ ကို ပညာသင်ကြားပေးနိုင်ခဲ့တဲ့ ဆိုက်ကားသမား


ကျောင်းသား ၃၀၀ ကို ပညာသင်ကြားပေးနိုင်ခဲ့တဲ့ ဆိုက်ကားသမား

လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကားသမား တစ်ယောက် ရှိပါတယ်။ အဲဒီခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါတယ်။ သူဟာ အသက်ကြီးသောကြောင့် အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ လုပ်လုပ်နေသော ကျောင်းနေ အရွယ် ကလေးတွေကို မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ်ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါတယ်။ ဒါကြောင့် ထိုကလေးတွေကို ကျောင်းထားပေးဖို့ သူစိတ်ကူး လိုက်တယ်။

ထို့ကြောင့် ဘေဖန်လီဟာ သူ၏ ဆိုက်ကားနှင်းတဲ့ အလုပ်ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခပေးရမှာ စိုးသောကြောင် သူဟာ ဘူတာရုံမှာ နေပါတယ်။ အဝတ်အစားဆိုလျှင်လည်း ဝယ်ပြီးမဝတ်ပါဘူး။ လမ်းဘေးမှာ သူများတွေ ပစ်ထားသော အဝတ်အစားတွေကိုပဲ ဝတ်ပါတယ်။ အစားအသောက်ဆိုလျှင်လည်း ချို့ချို့တည့်တည့် စားပြီး ပိုက်ဆံကို စုဆောင်းခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက်မှာ သူ၏ အသက်ဟာ ၉၀ ရှိပါပြီ။ တရုတ်နိုင်ငံမှ တန်ဂျင်ရိုဟ ဆိုတဲ့ အလယ်တန်းကျောင်းကို သွားခဲ့ပါတယ်။ ထို့နောက် သူဟာ အခုလိုပြောပါတယ်။

 " ကျွန်တော် အလုပ်မလုပ်နိုင် တော့ပါဘူး၊ ဒီပိုက်ဆံဟာ ကျွန်တော်၏ နောက်ဆုံးထောပ်ပံ့ငွေပါ။ " ထိုအချိန်မှာ အဲဒီကျောင်းမှ ဆရာမနှင့် ကျောင်းသားတွေဟာ မျက်ရည်တွေ ကျခဲ့ကြပါတယ်။

ဘေလီဖန်ဟာ ၃၅၀၀၀၀ ယွမ်ကို ဆင်းရဲသော ကျောင်းသားများအတွက် လှူဒါန်းလိုက် ပါတယ်။ ၎င်းဟာ ၂၀၀၅ ခုနှစ်မှာ လူ့လောကကြီးကို ကျောခိုင်းထွက်ခွာ သွားခဲ့ပါတယ်။

အချုပ်အားဖြင့် ဆိုရလျှင် လေလီဖန်ဟာ အလွန်ဆင်းရဲသော လူ့အသိုင်းအဝိုင်း မှာ ပေါက်ဖွားကြီးပြင်း လာခဲ့တယ်။ သူဟာ ဆိုက်ကားနှင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တယ်။ သူဟာ ပညာမတတ်ပါဘူး။
သို့သော်လည်းပဲ သူဟာ ကျောင်းသား ၃၀၀ ကို ပညာတတ်အောင် သင်ကြားပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဘေလီဖန်ဟာ ဂုဏ်ယူ လေးစားထိုက်တဲ့ လူတစ်ယောက် ဆိုလည်း မမှားပါဘူး။ လောကမှာ ဖြစ်ချင်တဲ့စိတ်၊ လုပ်ချင်တဲ့စိတ် တစ်ခုတည်းသာ ရှိပါစေ အရာအားလုံး၊ အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မှာ အလွဲဧကန်ပါ။

တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်ဆိုလျှင် မိမိတစ်ယောက်တည်း အောင်မြင်နေရုံဖြင့် မလုံလောက်ပါဘူး။ မိမိပတ်ဝန်းကျင် မိမိအသိုင်းကိုပါ ပြုပြင်ပြောင်းလဲ ပေးနိုင်ရ လိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး)
လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကားသမား တစ်ယောက် ရှိပါတယ်။ အဲဒီခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါတယ်။ သူဟာ အသက်ကြီးသောကြောင့် အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ် လိုက်တယ်။
တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ လုပ်လုပ်နေသော ကျောင်းနေ အရွယ် ကလေးတွေကို မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ်ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါတယ်။ ဒါကြောင့် ထိုကလေးတွေကို ကျောင်းထားပေးဖို့ သူစိတ်ကူး လိုက်တယ်။
ထို့ကြောင့် ဘေဖန်လီဟာ သူ၏ ဆိုက်ကားနှင်းတဲ့ အလုပ်ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခပေးရမှာ

ယခုရက်ပိုင်းအတွင်း မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပွား၊ နှစ်ဆန်း ၁ ရက်က အင်းလေးဒေသတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၇ လုံး ပျက်စီး


သင်္ကြန်ကာလအတွင်း မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဆန်း ၁ ရက်နေ့၌ အင်းလေးဒေသအတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၇ လုံး ထိခိုက် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ ၁၂ မှ ၁၇ ရက်အတွင်း လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးရွာသွန်းမှုဖြစ်ပွားခဲ့သော နေရာများမှာ ၁၂ ရက်တွင် တောင်ကြီးမြို့၌ မိုးသီးကြွေကာ မိုးရွာသွန်းခဲ့ခြင်း၊ ၁၄ ရက်၌ ကရင်ပြည်နယ် ဘားအံမြို့တွင် လေပြင်းတိုက်ခတ်ကာ လျှပ်စီးလက်ခြင်း၊ ၁၅ ရက်တွင် ကရင်ပြည်နယ်ကော့ကရိတ်၌ မိုးကြိုးပစ်ကာ မိုးရွာသွန်းခဲ့ပြီး ၁၇ ရက်၌ မန္တလေးတိုင်းဒေသကြီး