Wednesday, April 23, 2014

NLD ပါတီအတွင်း ဒေါ်အောင်ဆန်းစုကြည် အာဏာကျဆင်းလာပြီလား



NLD ပါတီရဲ့ နာယကတစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (၂၁-၄-၂၀၁၄) ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးပြီး ဦးဝင်းတင် အသုဘသဂြိုလ်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီ အတွင်း သဘောထားကွဲလွဲမှုတွေ စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်နေပါတယ်။ တကယ်ေ တာ့ စိတ်မကောင်းစရာပါ။ NLD ပါတီဟာ နောက်ပိုင်းမှာ နိုင်ငံအုပ်ချုပ်မယ်၊ သမ္မတ လုပ်မယ်လို့ကြွေးကြော်နေ ပြီး နိုင်ငံအုပ်ချုပ်ခဲ့မယ်၊ သမ္မတလုပ်ခဲ့မယ်ဆိုရင် နိုင်ငံရဲ့ ခက်ခဲနက်နဲတဲ့ ပြဿနာများကို ဖြေရှင်းရမှာပါ။ ဒါပေမယ့် ဒီလိုအသုဘ အခမ်းအနားလေးတစ်ခုတောင် စိတ်ဝမ်း ကွဲပြီး ပြဿ နာတွေ တက်နေမယ် ဆိုရင် နိုင်ငံရဲ့ ခက်ခဲနက်နဲတဲ့ ပြဿနာတွေကို ဘယ် လိုဖြေရှင်းမလဲဆိုတာ မေးခွန်းထုတ်စရာပါ။

မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး


မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး

မန္တလေး၊ ဧပြီ ၂၂

မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့တွင် လူခြောက်ဦး၊ ဧပြီလ ၂၂ ရက်နေ့တွင် လူငါးဦး စုစုပေါင်း ၁၁ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

“အဓိက ဖြစ်တဲ့သူတွေကတော့ နေပူထဲမှာ လုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေ၊ နေပူထဲမှာနေတဲ့ ကလေးငယ်လေးတွေ၊ အရက်သမားတွေ သူတို့တွေက ပိုပြီး အဖြစ်များတယ်” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ မန္တလေးမြို့ပေါ်မှ အရက်အလွန်အကျွံ သောက်သုံးသူနှင့် နေပူထဲတွင် အလုပ် လုပ်ကိုင်သည့် လူရှစ်ဦး ရောက်ရှိလာကာ နှစ်ဦးမှာအပူရှပ် (Heat Stroke) သေဆုံးပြီး ရောက်ရှိလာခဲ့ကြောင်း ဦးမင်းလွင်က ထပ်မံပြောကြားသည်။
“မနေ့က နေတော်တော်လေး ပူတယ်။ ချွေးတွေထွက် မူးလဲပြီး ဆေးရုံ ရောက်လာတာ” ဟု မန္တလေး ဆေးရုံကြီးသို့ ဧပြီလ ၂၁ ရက်နေ့တွင် ရောက်ရှိကာ ဆေးကုသမှု ခံယူနေသည့် မန္တလေးမြို့ခံ ကျပန်း အလုပ်လုပ်ကိုင်သူ အသက် ၈၃ နှစ် အရွယ်ရှိ ဦးငွေအောင်က ဆိုသည်။

အပူရှပ်ခြင်းကြောင့် ဆေးရုံသို့ ရောက်ရှိလာသူ များသည် အသက် ၂၀ နှစ်မှ ၈၀ နှစ်ကျော်များ ဖြစ်ကြပြီး သေဆုံးသူ နှစ်ဦးသည် အသက် ၃၀ နှစ်ခန့် ရှိကြောင်း ဦးမင်းလွင်က ပြောဆိုသည်။
“ဧပြီ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ရောက်လာတယ်။ အပူကြောင့် သေဆုံးသွားတဲ့ အလောင်းနှစ်လောင်းပါ ရောက်လာတယ်။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေးတစ်ယောက် သေတာ။ ကျန်တဲ့သူတွေကတော့ လူနာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆေးရုံမှာ ဆက်ထားသွားမှာ။ ကျွန်တော်တို့ဆေးရုံ အနေနဲ့ကလည်း ရေခဲတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ၊ လူအင်အားတွေကို အဆင်သင့် လုပ်ထားပါတယ်” ဟု ၎င်းကထပ်မံဆိုသည်။
မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အခြေအနေမဲ့ သွားလာနေထိုင်နေသည့် အမျိုးသမီး တစ်ဦးသည် အရက်အလွန်အကျွံ သောက်စား၍ လမ်းဘေးတဲ အတွင်းတွင် သေဆုံးနေကြောင်း၊ အဆိုပါ နေ့ရက်တွင်ပင် အမရပူရမြို့နယ် ရှမ်းလေးကျွန်း ကျေးရွာထိပ် လမ်းလယ်ကျွန်းပေါ်တွင် အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးသည် အစာရေစာ ပြတ်လပ်၍ အပူကြောင့် အင်အားချိနဲ့ သေဆုံးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ယင်းနေ့တွင်ပင် မိတ္ထီလာမြို့ မြင်းကန်ကျေးရွာ အနီးတွင် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးသည် အရက်အလွန်အကျွံ သောက်ပြီး သေဆုံးခဲ့ကြောင်း၊ ယင်းအပြင် မြင်းခြံမြို့နယ်ရှိ ဘုန်းကြီးကျောင်း အတွင်းတွင် အသက် ၈၀ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦးသည် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခဲ့သဖြင့် အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ ထပ်မံသိရသည်။

ရာသီဥတု ခန့်မှန်းချက်အရ လက်ရှိ နှစ်နွေရာသီတွင် အပူလွန်ကာလ ဖြတ်သန်းရဖွယ် ရှိသဖြင့် ရာသီဥတု ပူပြင်းသော အချိန်တွင် အပူလွန်ရောဂါများ၊ အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားလာပါက အဆင်သင့် ကုသနိုင်ရန် မန္တလေး ဆေးရုံကြီးတွင် ဆေးဝါးများ၊ ရေခဲများ၊ အခန်းများကို မတ်လ တတိယ အပတ်မှစတင်ပြီး ကြိုတင် ပြင်ဆင်ထား ခဲ့ကြောင်း မန္တလေး ဆေးရုံကြီးဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က The Voice သို့ ပြောကြားထားသည်။

Heat Stroke ဖြစ်၍ ရောက်လာသော လူနာများအတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုကူညီရေး အသင်းများက ကူညီဆောင်ရွက်ပေးခြင်းအပြင် အရေးပေါ် လူနာကုသဌာနတွင် ဝန်ထမ်းအင်အား ၈၀ ကျော် ထားရှိထားကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး မှတ်တမ်းများအရ ထပ်မံသိရသည်။

အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားပါက အပူချိန် ကျသွားစေရန် ရေစိမ်ထားသည့် တဘက်ဖြင့် ခန္ဓာကိုယ်ကို ပတ်ထားခြင်း၊ လေအေးပေးစက် ဖွင့်ထားစေခြင်း၊ နေရောင်ခြည်ဖြင့် တိုက်ရိုက် မထိတွေ့စေခြင်းတို့ ပြုလုပ်ရန် လိုအပ်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်လွင်က ထပ်မံပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ် မေလက ပြင်းထန်သော အပူချိန်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် လူရာချီ သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် အမြင့်ဆုံး နေ့အပူချိန်မှာ ဧပြီလ ၂၁ ရက်နေ့ တိုင်းတာချက်အရ မန္တလေးမြို့တွင် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်တွင် ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည်တွင် ၄၁ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံတွင် ၄၁ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ညောင်ဦးတွင် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းတွင် ၄၀ ဒသမ ၆ ဒီဂရိစင်တီဂရိတ်တို့ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

သင်္ကြန်ကာလ အပြီးတွင် အပူချိန် သိသိသာသာ မြင့်တက်လာမှုကြောင့် မိုးရွာစေရန် မန္တလေးမြို့တော်တွင် မိုးခေါ် လွန်ဆွဲပွဲများ ကျင်းပလျက် ရှိသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ယင်းအပြင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့တွင် လူခြောက်ဦး၊ ဧပြီလ ၂၂ ရက်နေ့တွင် လူငါးဦး စုစုပေါင်း ၁၁ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။
“အဓိက ဖြစ်တဲ့သူတွေကတော့ နေပူထဲမှာ လုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေ၊ နေပူထဲမှာနေတဲ့ ကလေးငယ်လေးတွေ၊ အရက်သမားတွေ သူတို့တွေက ပိုပြီး အဖြစ်များတယ်” ဟု ၎င်းကဆိုသည်။
ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ မန္တလေးမြို့ပေါ်မှ အရက်အလွန် အကျွံ သောက်

ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားအား ထောင်အတွင်းမှ သံချေခြင်းခက်ပုံစံဖြင့် တက်ရောက်ဂါရ၀ပြု


ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားအား ထောင်အတွင်းမှ သံချေခြင်းခက်ပုံစံဖြင့် တက်ရောက်ဂါရ၀ပြု

ရန်ကုန်၊ ဧပြီ ၂၃

 
ဟံသာဝတီဦးဝင်းတင်၏ဈာပနအခမ်းအနားအား ဦးထွန်းလွင် ဆိုသူမှ ထောင်အတွင်း သံချေခြင်းခက်သည့် ပုံစံမျိုးဝတ်ဆင်ကာ တက်ရောက် ဂါရ၀ပြုခဲ့သည်။ 

၎င်းသည် ကန်ကြီးထောင့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုကဲ့သို့ တက်ရောက် ဂါရ၀ပြုရခြင်းမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် သန်း ၆၀
သော ပြည်သူလူထုအား ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား သံခြေချင်းခက်ထားသကဲ့သို့ ဖြစ်နေသောကြောင့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန်အနေဖြင့် ပြု
လုပ်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ 
 
"ကျွန်တော်တို့ရဲ့ဖခင်ကြီးဦးဝင်တင်ဟာလည်း ထောင်အကျီင်္နဲ့ပဲသေ
ဆုံးခဲ့တယ်။ သူ့ရဲစိတ်ဓာတ်ကိုလည်းလေးစားတယ်။ ဒါ့ကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ ဒီလို တက်ရောက်ဂါရ၀ပြုတာပါ " ဟု ဦးထွန်းလွင်က ဆိုသည်။ 
 
၎င်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိ လွှတ်ပေးရေုး စသည့်အကြောင်းအရာများဖြင့် တစ်ကိုယ်တော် ဆန္ဒပြခဲ့ပြီး အရေးပေါ်စီမံချက်ဥပဒေ ၅ည ဖြင့် ထောင်သုံးခါကျဘူးသည်ဟု ဆိုသည်။ 

ဖိုးလပြည့် ဟံသာဝတီဦးဝင်းတင်၏ဈာပနအခမ်းအနားအား ဦးထွန်းလွင် ဆိုသူမှ ထောင်အတွင်း သံချေခြင်းခက်သည့် ပုံစံမျိုးဝတ်ဆင်ကာ တက်ရောက် ဂါရ၀ပြုခဲ့သည်။
၎င်းသည် ကန်ကြီးထောင့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုကဲ့သို့ တက်ရောက် ဂါရ၀ပြုရခြင်းမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် သန်း ၆၀ သော ပြည်သူ လူထုအား ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား သံခြေချင်းခက်ထားသကဲ့သို့ ဖြစ်နေသောကြောင့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန်အနေဖြင့် ပြု လုပ်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

သင်္ကြန်ကာလ အတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု ၂၂ မှု ဖြစ်ပွား၍ ၁၆ ဦးသေဆုံး

Photo: သင်္ကြန်ကာလ အတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု ၂၂ မှု ဖြစ်ပွား၍ ၁၆ ဦးသေဆုံး

တောင်ငူ  ဧပြီ  ၂၂

၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်  ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့သည့် အနက် ၁၆ ဦး သေဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ပထမလေးလပတ် ကာလထက် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ပိုမို များပြားလာခဲ့ကြောင်း၊ လေးလတာ အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားခဲ့ရာ ၅၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆၂ ဦးအထိ ရှိခဲ့ကြောင်း အမြန်လမ်း ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယခုလအတွင်း ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် လူသေဆုံးမှု အများဆုံးမှာ ဧပြီ ၁၂ ရက် နံနက်က ဖြစ်ပွား ခဲ့သည့် တောင်ကြီး-ရန်ကုန် ခရီး သည်တင် မှန်လုံယာဉ် တစ်စီးက အိမ်စီးကား တစ်စီးကို နောက်မှ ဝင်တိုက်၍ လူ ၁၃ ဦး သေဆုံးကာ ငါးဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု  ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း မြင့်တက် လာခြင်းကို ကာကွယ်ရန် ယခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ အမြန်လမ်းမကြီးပေါ် ဖြတ်သန်း မောင်းနှင်နေသော အိမ်စီးယာဉ်များ၊ အဝေးပြေး အိတ်စပတ်စ် ခရီးသည်တင် မော်တော်ကားကြီးများကို သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်မှု မရှိစေရေး စစ်ဆေးမှု များအား အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာတွင် အမှုပေါင်း ၄၅ဝ ခန့်ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင် ခဲ့ကြောင်း  အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ စုံစမ်း သိရသည်။
၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့သည့် အနက် ၁၆ ဦး သေ ဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ပထမလေးလပတ် ကာလထက် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက် အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ပိုမို များပြားလာခဲ့ကြောင်း၊ လေးလတာ အတွင်း ယာဉ်

သင်မသိသေးတဲ့ ဒုတိယကမ္ဘာစစ်အကြောင်း အချက် (၁၀) ချက်


Myanmar Forward's photo.
ဒုတိယကမ္ဘာစစ်ပွဲဟာ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ခြောက်နှစ်ကြာမြင့်ခဲ့ပါတယ်။ ဂျာမနီ၊ ဂျပန်၊ အီတလီ၊ ဟန်ဂေရီစတဲ့ ၀င်ရိုးစွန်းနိုင်ငံများအဖွဲ နဲ့ ဆိုဗီယက်ယူနီယံ(ရုရှား)၊ ဗြိတိန်၊ တရုတ်၊ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု စတဲ့ မဟာမိတ်နိုင်ငံတွေက တစ်ဖက် တိုက်ပွဲဆင်နွှဲခဲ့ကြပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်း ၅၀ ကနေ ၈၀ အထိ သေဆုံးခဲ့ပြီး လူသားသမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး စစ်ပွဲ တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်နဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက် (၁၀) ချက်ကို ကြည့်ကြည့်ရအောင်။
၁။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တပ်မတော်ဟာ တရုတ်နိုင်ငံအပေါ် ပလိပ်ရောဂါကူးစက်နေတဲ့ သန်း၊မွှား တွေ ဗုံးကြဲချခဲ့ပါတယ်။

ဦးဝင်းတင် အသုဘ အကြောင်းပြု၍ အမြတ်ထုတ်မှုများကြောင့် တင်းမာမှုများ မြင့်တက်


ပြည်သူ့အာဏာ's photo.
ယနေ့ ပြုလုပ်သည့် ရေဝေးသုဿာန် ဦးဝင်းတင်၏ အသုဘတွင် နာမည်ကြီးလိုသူများ၊ လုပ်စားကြသူများနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ဦးဝင်းတင်၏ ဈာပနကို အစအဆုံးတာဝန်ယူဆောင်ရွက်ပေးသည့် နာရေး ကူညီမှုအသင်းဥက္ကဌ၊ ရုပ်ရှင် သရုပ်ဆောင်ဟောင်း ဦးကျော်သူက ကြိုတင်၍ အတန်တန် သတိပေးခဲ့သည့်ကြားမှ နိုင်ငံရေးလုပ်စားများ၊ နာမည်ကြီးလို၍ ၀င်ရောက် စွက်ဖက်သူများကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“မြင့်မြတ်သူတစ်ဦးရဲ့ နောက်ဆုံးခရီးကို ငြိမ်းချမ်း၊သိမ်မွေ့ ၊နူးညံ့၊နွေးထွေး၊လွမ်းဆွတ်စွာဖြင့် အားလုံး စည်းလုံးညီညွတ်စွာပို့ ဆောင်ပါရစေဗျာ ။အခု မြင်နေရပြီ...ပွဲဆူအောင်၊ ပွဲပျက်အောင်၊သွေး ထိုးလှုံ့ ဆော် မယ့်သူတွေ... သူတို့ ကိုငါတို့ တွေဦးအောင် ၀ိုင်းအုပ်ထားကြ! ရန်သူနဲ့ မတိုက်ရဘဲ မင်းတို့ နဲ့ တိုက် ရမယ် ဆိုလည်း ငါ ကတော့ လျှော့တိုက်မယ်လို့ တော့ မထင်လိုက်နဲ့ ဟေ့။ အသေရရအရှင်ရရဘဲကွ။

ခြင်၊ယင်၊ပုရွက်ဆိတ်တို့ကိုအိမ်ပေါ်ကဘယ်လိုမောင်းထုတ်မလဲ


ပိုးဟပ်၊ပင်ကူ၊ပုရွက်ဆိတ် စတဲ့ပိုးကောင်တွေကိုဆေးဖြန်းပြီးနှိမ်နှင်းမယ်ဆို ရင်ဆေးနံ့ကအိမ်ထဲမှာ စွဲကျန် ရစ်နေပါတယ်။ပြီးတော့ထိုဖြန်းဆေးထဲမှာပါတဲ့ဓာတုပစ္စည်းကလည်းအိမ်သူ၊အိမ်သားတွေရဲ့ကျန်းမာရေးကို
ထိခိုက်စေပါတယ်။ဒါကြောင့်သင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ပိုးကောင်တွေကိုသဘာဝနည်းအတိုင်း
ဘယ်လိုနှိမ်နှင်းရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။
Boric Acid
ဘိုင်အိုအက်စစ်နဲ့ဂျုံမှုန့်ကိုရောပြီးအင်းဆက်ပိုးကောင်တွေရှိတဲ့နေရာမှာဖြူးလိုက်ပါ။ထိုအမှုန့်တွေကိုစားမိပြီး
သူတို့သေသွားပါလိမ့်မယ်။ပင်စိမ်းရွက်ဟင်းချက်ရာမှာအသုံးပြုတဲ့လတ်ဆတ်တဲ့ပင်စိမ်းရွက်အနည်းငယ်ကို
တံခါး  ပေါက်မှာချိတ်ဆွဲထားလိုက်ရင်ခြင်၊ယင်၊တို့ရန်မှကင်းဝေးစေမှာဖြစ်ပါတယ်။

ပိန်ဖို့ကြိုးစားရင်း ထာဝရပိန်သွားရသူ


ပိန်ဖို့ကြိုးစားရင်း ထာဝရပိန်သွားရသူ

ရုရှားနိုင်ငံ မော်စကိုမြို့ က အသက် ၃၉ နှစ်အရွယ် Valeria Levitina အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ယခုတော့ မိုနာကို နိုင်ငံမှာ နေထိုင်ပါတယ်။
တကယ် တစ်ဦးတည်းပါ။ ဘယ်ရော၊ ညာရော သူမ တစ်ယောက် တည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်က အရမ်းပိန်ချင်ခဲ့ပါတယ်။ ဖက်ရှင်ရှိုး လျှောက်တဲ့ မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် ဘဝကတည်းက ပိန်ဖို့အတွက် အစာလျော့စာတာမျိုး၊ ပိန်ဆေး စားတာမျိုးတို့ ပြုလုပ်ခဲ့ပါတယ်။
ယင်းကဲ့သို့ လုပ်ရင်း၊ လုပ်ရင်းနဲ့ပဲ Anorexia လို့ခေါ်တဲ့ ရောဂါတစ်မျိုး ရသွားပါတယ်။ အစားစားချင်စိတ်လုံးဝ မရှိပါဘူး။ ဗိုက်ဆာလို့ စားရင်တောင် ယင်းအစာက အဟာရမဖြစ်သလောက်ကို နည်းပါတယ်။ ဒီတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လုံးဝကို ပိန်ချုံးသွားပါတယ်။ ဒီအတွက် ဆရာဝန်များက ကြိုးစားလို့ အဖြေရှာပေးနေပါတယ်။
ပိန်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ခံအားနည်း အတော်နည်းပါတယ်။ 

Myawady News
ရုရှားနိုင်ငံ မော်စကိုမြို့ က အသက် ၃၉ နှစ်အရွယ် Valeria Levitina အမည်ရ အမျိုးသမီး တစ်ဦး ဖြစ် ပါတယ်။ ယခုတော့ မိုနာကို နိုင်ငံမှာ နေထိုင်ပါတယ်။
တကယ် တစ်ဦးတည်းပါ။ ဘယ်ရော၊ ညာရော သူမ တစ်ယောက် တည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်က အရမ်းပိန်ချင်ခဲ့ပါတယ်။ ဖက်ရှင်ရှိုး လျှောက်တဲ့ မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် ဘဝကတည်းက ပိန်ဖို့အတွက် အစာလျော့စာတာမျိုး၊ ပိန်ဆေး စားတာမျိုးတို့ ပြုလုပ် ခဲ့ပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ကလေးသူငယ်နှင့် ဒုက္ခသည်များ အခြေအနေ စိုးရိမ်ရ

ကချင်ပြည်နယ်တောင်ပိုင်း မံဝိန်းကြီးဒေသအတွင်း မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား မကြာမီက အပြန်အလှန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကလေးသူငယ် ၁၀၀၀ နီးပါးခန့်အပါအ၀င် ထောင်ချီသော ပြည်သူများ ၎င်းတို့၏ ယာယီရွေ့ပြောင်းနေ ထိုင်သည့် နေရာများမှ ထပ်မံရွေ့ပြောင်းခဲ့ရကြောင်း UNICEF သတင်းထုတ်ပြန်ချက်အရ သိရသည်။

“တိုက်ပွဲစစ်ဖြစ်ပွားမှုနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ မိသားစုဝင်တွေ ရွှေ့ပြောင်း ရမှုကြောင့် ရေကောင်းရေသန့်နဲ့ အိမ်သာအသုံးပြုနိုင်မှု လျော့ကျသွားတဲ့အတွက် ကလေးတွေအပေါ်

စစ်ရေးအရ ဖိအားပေးလျှင် တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် လက်မှတ်မထိုးဟု ဗိုလ်ချုပ်ဂွန်မော်ပြော

Photo: စစ်ရေးအရ ဖိအားပေးလျှင် တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် လက်မှတ်မထိုးဟု ဗိုလ်ချုပ်ဂွန်မော်ပြော
Wednesday, April 23, 2014

စစ်ရေးအရ ဖိအားပေးမှုများရှိပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဗိုလ်ချုပ်ဂွန်မော်သည် ၎င်း၏ခရီးစဉ်အတွင်း ကချင်တိုင်းရင်းသားမိသားစုများ နှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တစ်ဖက်နဲ့တစ်ဖက် တွန်းအားပေးတဲ့၊ ဖိအားပေးတဲ့သဘောမျိုး တွေ့ရပါတယ်။ ထိုးစစ်ကို နည်းနည်းလုပ်လိုက်ရင်တော့ တအောင်းအဖွဲ့နဲ့ KIO ဘက်က အလွယ်တကူများ လက်မှတ်ရေးထိုးမလားဆိုတဲ့ အပိုင်းတွေလည်း ပါပါတယ်။ ဒါကြောင့်အခုနက ကျွန်တော်ပြောတာ ကျွန်တော်တို့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) အတွက် ကြိုးစားနေတဲ့ အချိန်အခါမှာ ဒီလိုမလုပ်ပါနဲ့။ စစ်ရေးအရ ဖိအားပေးရင် ကျွန်တော်တို့က လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ ပြောရတဲ့ အနေအထားဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

ဧပြီလအတွင်းက အစိုးရတပ်နှင့် ကေအိုင်အေ၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် မမျှော်လင့်သည့် အနေအထားမှ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အပြောင်းအလဲမရှိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

ဗိုလ်ချုပ်ဂွန်မော်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း ဗိုလ်ချုပ်ဂွန်မော်သည် ကုလအဖွဲ့နှင့် အမေရိကန်အစိုးရ အကြီးတန်းအရာရှိများကို တွေ့ ဆုံခဲ့ပြီး ကချင်အရေးနှင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ကေအိုင်အေဒုတိယစစ်ဦးစီးချုပ်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပါဝင်သွားရန်အတွက်လည်း တောင်းဆိုခဲ့သည်။

‘‘သဘောတူညီချက်တွေ ခိုင်မာစေဖို့ ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အသိသက်သေအနေနဲ့ ပါဝင်စေချင်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ရိုက်တာသတင်းဌာနအား ဧပြီ ၂၁ ရက်ကပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကေအိုင်အိုကိုယ်စားလှယ်များ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အစိုးရတို့ မေလအတွင်း ထပ်မံ တွေ့ဆုံ  ဆွေးနွေးကြမည်ဖြစ်သည်။

7 day Daily
စစ်ရေးအရ ဖိအားပေးမှုများရှိပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကပြောကြား လိုက်သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဗိုလ်ချုပ်ဂွန်မော်သည် ၎င်း၏ခရီးစဉ်အတွင်း ကချင် တိုင်းရင်းသားမိသားစုများ နှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တစ်ဖက်နဲ့တစ်ဖက် တွန်းအားပေးတဲ့၊ ဖိအားပေးတဲ့သဘောမျိုး တွေ့ရပါတယ်။ ထိုးစစ်ကို နည်းနည်းလုပ်လိုက်ရင်တော့ တအောင်းအဖွဲ့နဲ့ KIO ဘက်က အလွယ်တကူများ လက်မှတ်ရေးထိုး မလားဆိုတဲ့ အပိုင်းတွေလည်း ပါပါတယ်။ ဒါကြောင့်အခုနက ကျွန်တော်ပြောတာ ကျွန်တော်တို့က

ဟံသာဝတီဦးဝင်းတင် ဈာပနဂါရဝပြု မြင်ကွင်း

အင်တာနက်သတင်းများ's photo.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သဘာပတိ အဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ၏ ဈာပန နေ့တွင် ပြည်လမ်း ကမာရွတ်မြို့နယ်ရှိ ယုဒဿန်ခန်းမ၌လွမ်းသူ့ပန်းခြင်း၊ ပန်းခွေများဖြင့် လာရောက်ဂါရဝ ပြူသူ များပြားလျှက်ရှိပြီး နိုင်ငံရေး နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များက ဝမ်းနည်းခြင်း အမှတ်တရ စကားများ ပြောကြားခဲ့ကြသည် ။

ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲဆိုတာ သင်သတိထားမိရဲ့ လား

ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲဆိုတာ သင်သတိထားမိရဲ့ လား ။
23.4.2014

ဘူတာရုံမှာ ညစ်ပေဟောင်းနွမ်းနေတဲ့အ၀တ်အစားနဲ့ ညစ်တီးညစ်ပတ်အမျိုးသမီး တစ်ဦးဟာ ခေါင်းငိုက်စိုက်ချပြီး ၀မ်းနည်းပူဆွေးခြင်းအပြည့်နဲ့  ထိုင်နေတယ် ။

အဲ့ဒီလိုညစ်ပတ်နေတဲ့ ကြမ်းပြင်မှာထိုင်နေတဲ့ အမျိုးသမီးဘေးမှာ ခရီးသွားလာတဲ့လူတွေ လှုတဲ့ အကြွေတွေ ထည့်ထားတဲ့အိတ်တစ်ခုရှိနေပြီး သူမလက်ထဲမှာ ညစ်ပတ်နေတဲ့ အ၀တ်စနဲ့ ထုပ်ထားတဲ့ ၂ နှစ်အရွယ် အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်ရှိနေပါတယ် ။
ခရီးသွားလာတဲ့ သူတွေတော်တော်များများတော့ သူမကို အကြွေလေးတွေ ပစ်ပေးကြတယ် ။ ကြင်နာတတ်တဲ့ လူတွေဟာ အမြဲတမ်း ကံမကောင်းတဲ့ ဒီလူတွေဘ၀ကို စာနာတတ်ကြတယ် ။ အကျီအ၀တ်အစားလေးကအစ ၊ ကိုယ့်မှာ တစ်ပဲတပြားရှိရင်တာင် အကျိုးအကြောင်း မစုံစမ်းပဲ လှုပစ်လိုက်ချင်ကြတယ် ။

ကျွန်တော် ဒီသူတောင်းစား ရှေ့ ကနေဖြတ်သွားဖြစ်တာ ကြာပါပီ ။ ဒါပေမယ့်လဲ တစ်ခါမှမလှုဖြစ်ခဲ့ဘူး ။ ဘာလို့ လဲဆိုတော့ အဲ့ဒီ သူတောင်းစားတွေကို လူတစ်ယောက်က အုပ်ချုပ်ပီး အဲ့ဒီလူက တော်တော်ချမ်းသာတဲ့ လူဖြစ်နေတာကို ကြားဖူးသိဖူးနေခဲ့လိုပဲ..။

တလလောက်အကြာ... လမ်းမှာ အဲ့ဒီသူတောင်းစားအမျိုးသမီးနဲ့  ကျွန်တော်ရုတ်တရတ် ၀င်တိုက်သလိုဖြစ်သွားခဲ့မိတယ် ။

ကျွန်တော်လမ်းကိုဆက်လျှောက်သွားမိတယ် အမျိုးသမီးလက်ထဲက ကလေးငယ်ကိုစူးစိုက်ကြည့်ရင်းနဲ့ .....။

ခုလိုမြေအောက်ရထားလမ်းမှာ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ညစ်ပတ်ပေရေနေတဲ့ အ၀တ်စထဲကကလေးငယ်လေးရဲ့ ဘ၀က ဘယ်လိုများလဲ၊
ကလေးငယ်ဟာ အိပ်ပျော်နေတယ် ၊ ဘယ်တော့မှ အော်ခြင်း ငိုခြင်းမရှိဘူး ။ သူ့ အမေလို့ ယူဆရတဲ့ အမျိုးသမီးရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်နေတာကများတယ် ။

သင်တို့ မှာ အသက် ၁ နှစ်ကနေ ၃ နှစ်အထိ အရွယ်ရှိတဲ့ ကလေးငယ်တွေရှိကြလား ။ သူတို့ ဟာ တစ်ခါအိပ်ရင် ၂ နာရီထက်ကြာပီး နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြပါ့မလား ။
ဘယ်လိုပဲဖြစ်ဖြစ် ခုတွေ့ နေတဲ့ကလေးငယ်လေးကတော့ အမြဲအိပ်နေတတ်တယ် ။ အမြဲတမ်းပဲ ။ အဲ့ဒါကြောင့်လဲ ကျွန်တော့်စိတ်ဝင်စားမှုတွေတိုးလာခဲ့တယ် ။

" ဘာလို့  ကလေးက အမြဲတမ်းအိပ်ပျော်နေတာလဲ " ကျွန်တော်ကလေးငယ်ကိုစိုက်ကြည့်ရင်း သူမကို မေးလိုက်တယ် ။

သူတောင်းစားအမျိုးသမီးက ကျွန်တော့်မေးခွန်းကို မကြားချင်ယောင်ဆောင်ပြီး သူမ မျက်နှာကို ကော်လာအထူကြီးထောင်ထားတဲ့ ဂျက်ကင်အိင်္ကျီထဲထိ ခေါင်းစိုက်အောင် ငုံ့ ထားတယ် ။

ကျွန်တော်မေးခွန်းကို ထပ်မေးလိုက်တယ် ။

အမျိုးသမီး ကျွန်တော့်ကိုမော့်ကြည့်တယ် ၊ ပီးတော့ ကျွန်တော့်နောက်ကျော်ဖက်ကို မျှော်သလိုကြည့်လိုက်တယ် ..။

" သွားစမ်းပါ " သူမတိုးတိုးညည်းပီးပြောတယ် ။

ကျွန်တော့ရဲ့  အနောက်ဖက်ကနေ လူတစ်ယောက် ပခုံးကိုလာကိုင်တယ် ။ ကျွန်တော်လှည့်ကြည့်လိုက်တော့ အမျိုးသားတစ်ယောက် ။

"မင်းသူမဆီက ဘာလိုချင်လို့ လဲ ၊ သူ မဘ၀ ဘယ်လောက်ခက်ခဲလဲဆိုတာ မတွေ့ ဘူးလား" ပြောရင်းနဲ့  သူ့ အိပ်ကပ်ထဲက အကြွေတစ်စေ့ကို ထုတ်ပီး သူမကို လှမ်းပေးလိုက်တယ် ။
သူတောင်းစားအမျိုးသမီးက အတတ်နိုင်ဆုံးသနားစဖွယ်မျက်နှာနဲ့ ဖြစ်နေတယ် ။ ထိုလူကတော့ကျွန်တော့်ပခုံးပေါ်က သူ့ လက်ကို ဖယ်ပြီး မြေအောက်ဘူတာရုံထဲ ဆင်းသွားတယ် ။

သေချာတာတော့ ဒီလူအိမ်ရောက်ရင် သနားစဖွယ်သူတောင်းစားအမျိုးသမီးတစ်ယောက်ကို အနှောင့်အယှက်ပေးနေတဲ့ လူတစ်ယောက်လက်ထဲက သူဘယ်လိုကယ်လိုက်တယ်ဆိုပီး ပြောနေမှာပဲ .

နောက်နေ့ မှာတော့ ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို ဖုန်းဆက်ခဲ့တယ် ။ ကျွန်တော့်သူငယ်ချင်းထံကနေ ဒီလိုတောင်းစားနေမှုလုပ်ငန်းတွေဟာ သမားရိုးကျမဟုတ်ပဲ မှုခင်းတစ်ခုခုနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ အချက်တွေ သိခဲ့ရတယ် ။

အဲ့ဒီမှာရှိတဲ့ ကလေးတွေဟာ များသောအားဖြင့် အရက်သမားဆေးသမား မိသားစုတွေဆီက ငှားတာမျိုး ၊ ခိုးယူလာတာမျိုး ဖြစ်နေကြတယ် ။

ကျွန်တော်အသိချင်ဆုံးအချက်က ကလေးတွေဘာလို့  အမြဲအိပ်နေကြတာလဲဆိုတာပဲ ၊ ကျွန်တော့်သူငယ်ချင်းက အဲ့ဒီအချက်ကို အေးဆေးပဲ ပြောပြတယ် " ကလေးတွေက ဘိန်း ၊ အရက် သုံးနေကြရတာ ..။ "
" ဘယ်လို ဒီကလေးတွေက အရက်တွေ ဘိန်းတွေ သုံးနေကြရတယ် ! " ကျွန်တော် တအံ့တသြရေရွတ်မိတယ် ။

" အင်း... အဲ့ဒါကြောင့်လဲ ဒီကလေးတွေက မအော် မငိုပဲ ငြိမ်နေကြတာပေါ့ကွာ ။ အမျိုးသမီးဘေးမှာ တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ပုံမှန်ကလေးတစ်ယောက် ထိုင်နေဖို့ ဘယ်လိုဖြစ်နိုင်မလဲ ။
ကလေးငယ်တစ်နေ့ လုံးငြိမ်နေဖို့  ဆေးထိုးခြင်း အရက်တိုက်ခြင်း ၊ ဘိန်းကျွေးခြင်းစတာတွေ လုပ်ကြတယ် "
" တကယ်တမ်း ဒီလောက်ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ ဒီလို အရာတွေနဲ့ ဘယ်လို မှ မအပ်စပ်ကြဘူး ။
တခါတလေ ဒီကလေးငယ်တွေဟာ ဒါကြောင့်ပဲ ရှော့တွေဖြစ်ပီး အသက်ဆုံးရှုံးကြရတယ် ။ အဆိုးဆုံးက ဒီကလေးငယ်တွေဟာ တခါတရံ အလုပ်ချိန်မှာတင်သေဆုံးကြတယ် ။
ဒီအမျိုးသမီးတွေလဲဒီ သေဆုံးနေတဲ့ ကလေးငယ်ကို ညနေအလုပ်သိမ်းတဲ့အချိန်ထိ ချီထားတတ်ကြတယ် ။
လူတွေကလဲ သူတို့ ပါလာတဲ့ ငွေလေးတွကို လှုခြင်းဟာ ခုလို သားသည်မိခင်တစ်ယောက်အတွက် ကောင်းကျိုးပြုခြင်းလို့ မှတ်ယူတတ်ကြတာကိုး ...။ "

နောက်တစ်နေ့ မှာ ကျွန်တော် မြေအောက်ဘူတာရုံက အဲ့ဒီ သူတောင်းစားအမျိုးသမီးဆီသွားခဲ့တယ် ။ ကျွန်တော့်ရဲ့ သူတင်းထောက် လိုင်စင်ကဒ်ကို ထုတ်ပြပီး သူမနဲ့ စကားပြောဖို့  ကြိုးစားခဲ့တယ် ။ ထုံးစံအတိုင်းပဲ သူမဟာ ညစ်ပတ်နေတဲ့ ကြမ်းပြင်ပေါ်မှာထိုင်ပီး လက်ထဲမှာကလေးတစ်ယောက်ရှိနေတယ် ။

ကျွန်တော်သူမကို ဒီကလေးဟာ သူမကလေးဟုတ်မဟုတ် ၊ သက်သေခံ စာရွက်စာတမ်းရှိမရှိ မေးခဲ့တယ် ဒါ့အပြင် ဒီကလေးဟာ မနေ့ က ကလေးနဲ့  မတူတဲ့အကြောင်းပါ မေးတယ် ။
သူမ လျစ်လျှုရှုနေခဲ့တယ် ။
ကျွန်တော့်မေးခွန်းတွေကို ခရီးသွားတွေက လျစ်လျူရှုမနေခဲ့ဘူး ။
သူတို့ တွေက ကျွန်တော့်ကို သနားစဖွယ်သူတောင်းစားသားအမိ ကို ပြဿနာရှာနေတယ် ထင်ပြီး ဘူတာရုံအပြင်ကို ပို့ ခဲ့တယ် ။
နောက်ဆုံးအနေနဲ့  ကျွတော် ရဲ ကို ခေါ်လိုက်တယ် ။ ရဲတွေရောက်လာတဲ့အခါ ဒီသူတောင်းစားအမျိုးသမီးနဲ့  ကလေးပျောက်သွားတယ် ။

တကယ်လို့ များ သင်ဟာ သူတောင်းစားအမျိုးသမီး တစ်ယောက်နဲ့  ကလေးတစ်ယောက်ကို တွေ့ ခဲ့မယ်ဆိုရင် .. သင် မလှုခင်စဉ်းစားပါ ။
ဒါဟာ သင့်ရဲ့ ငွေကြေးကို ဆုံးရှုံးသွားမှာဆိုးလို့ မဟုတ်ပါဘူး ။
ဒီလို စီးပွားရေးဆန်တဲ့ လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးတွေအတွက်ပါ ။ ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်သင့်ပါတယ် ။
အိပ်ပျော်နေတဲ့ကလေးငယ်ကို သနားစဖွယ်အကြည့်နဲ့  မကြည့်ပါနဲ့ ။ ထိတ်လန့်  အံ့သြဖွယ်ရာ အမြင်နဲ့ မြင်ကြည့်ပါ ။
ခုလို ဒီစာကို ဖတ်လိုက်ရတဲ့အချိန် သင်လဲ သူတောင်းစားတွေလက်ထဲက ကလေးငယ်လေးတွေ ဘာကြောင့်အမြဲငြိမ်သက်အိပ်မောကျနေတယ်ဆိုတာ သိလောက်မှာပါ...။

credit to yu shwe ye tun
ဘူတာရုံမှာ ညစ်ပေဟောင်းနွမ်းနေတဲ့အ၀တ်အစားနဲ့ ညစ်တီးညစ်ပတ်အမျိုးသမီး တစ်ဦးဟာ ခေါင်းငိုက် စိုက် ချပြီး ၀မ်းနည်းပူဆွေးခြင်းအပြည့်နဲ့  ထိုင်နေတယ် ။
အဲ့ဒီလိုညစ်ပတ်နေတဲ့ ကြမ်းပြင်မှာထိုင်နေတဲ့ အမျိုးသမီးဘေးမှာ ခရီးသွားလာတဲ့လူတွေ လှုတဲ့ အကြွေတွေ ထည့်ထားတဲ့အိတ်တစ်ခုရှိနေပြီး သူမလက်ထဲမှာ ညစ်ပတ်နေတဲ့ အ၀တ်စနဲ့ ထုပ်ထားတဲ့ ၂ နှစ်အရွယ် အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်ရှိနေပါတယ် ။
ခရီးသွားလာတဲ့ သူတွေတော်တော်များများတော့ သူမကို အကြွေလေးတွေ ပစ်ပေးကြတယ် ။ ကြင်နာတတ်တဲ့ လူတွေဟာ အမြဲတမ်း ကံမကောင်းတဲ့ ဒီလူတွေဘ၀ကို စာနာတတ်ကြတယ် ။ အကျီအ၀တ်အစားလေးကအစ ၊ ကိုယ့်မှာ တစ်ပဲတပြားရှိရင်တာင် အကျိုးအကြောင်း မစုံစမ်းပဲ လှုပစ်

လေယာဉ်ဘီးထဲမှာ လိုက်ပါသွားတဲ့ ဆယ်ကျော်သက်တစ်ဦး

လေယာဉ်ဘီးထဲမှာ လိုက်ပါသွားတဲ့ ဆယ်ကျော်သက်တစ်ဦး
Wednesday, April 23, 2014

တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆယ်ကျော်သက်တစ်ဦးဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း(သုံးသောင်းရှစ်ထောင်)အထက်မှာ
အောက်ဆီဂျင်မရှိခဲ့သလို အပူချိန် အနုတ်ဇီးရိုးအောက်မှာ (၅)နာရီနီးပါး လေယာဉ်ဘီးရဲ့ အကန့်ထဲမှာ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
 
(၁၆)နှစ်အရွယ် အဲ့ဒီသူဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်းဂျို့မြို့ကနေ ဟာဝိုင်ရီပြည်နယ် ရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ မာဝီကျွန်းကို ဘိုးအင်း(၇၆၇)ရဲ့ ဘီးထဲကနေ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။ စောင့်ကြည့်ရေးကင်မရာတွေအရ သူဟာ ဆန်းဂျို့လေဆိပ်မှာ ခြံစည်းရုံးကို ခုန်ကျော် ၀င်ရောက်ခဲ့ပြီး ဟာဝါရီကို သွားမယ့်လေယာဉ်ဆီကို လမ်းလျှောက်သွားခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီဆယ်ကျော်သက်ဟာ အိမ်ကနေ ထွက်ပြေးလာပုံရပြီး ဘီးတစ်ချောင်းသာ ယူဆောင်လာခဲ့တယ် လို့ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ သူ့ကို ဟာဝိုင်ရီမှာရှိတဲ့ လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထားရှိထားတယ်လို့သိရပါတယ်။ ၁၉၅၇ ခုနှစ်ကတည်းက အခုလို လေယာဉ်ဘီးထဲမှာ လိုက်ပါ သွားသူဦးရေ(၁၀၅)ဦးရှိခဲ့ပြီး အသက်ရှင်မှု ရာခိုင်နှုန်း(၂၄)ရာခိုင်နှုန်း ရှိခဲ့တယ်လို့လည်း သိရပါသည်။

MRTV-4
တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆယ်ကျော်သက်တစ်ဦးဟာ ပင်လယ်ရေ မျက်နှာပြင် အထက် ပေပေါင်း (သုံးသောင်းရှစ်ထောင်)အထက်မှာ အောက်ဆီဂျင်မရှိခဲ့သလို အပူချိန် အနုတ်ဇီးရိုးအောက်မှာ (၅)နာရီနီးပါး လေယာဉ်ဘီးရဲ့ အကန့်ထဲမှာ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
(၁၆)နှစ်အရွယ် အဲ့ဒီသူဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်းဂျို့မြို့ကနေ ဟာဝိုင်ရီပြည်နယ် ရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ မာဝီကျွန်းကို ဘိုးအင်း(၇၆၇)ရဲ့ ဘီးထဲကနေ လိုက်ပါသွား ခဲ့တာ ဖြစ် ပါတယ်။ စောင့်ကြည့်ရေးကင်မရာတွေအရ သူဟာ ဆန်းဂျို့လေဆိပ်မှာ ခြံစည်းရုံးကို ခုန်ကျော်

ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ သွားရောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန်လအတွင်းတွင် နီပေါနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နီပေါ အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် kantipur သတင်းဌာနတွင် ဖော်ပြထားသည်။

ဇွန်လ ၁၄ ရက်နေ့တွင် သွားရောက်မည့် နှစ်ရက်ကြာ ခရီးစဉ်အတွင်း နီပေါနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် ထိပ်သီး ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး နီပေါ ပါလီမန်တွင် ဒီမိုကရေစီဆိုင်ရာ

မားစ်ဗိုင်းရပ်စ်ပိုး စောင့်ကြည့် ကာကွယ်ရေး မြန်မာ မစရသေး



အရှေ့အလယ်ပိုင်းနိုင်ငံ များမှ လာရောက်သော ခရီးသွား များနှင့် ထိုနိုင်ငံများမှ ပြန်လာသူ များကို ရန်ကုန်လေဆိပ်တွင် မားစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးမှု မလုပ် သေးကြောင်း သတင်းရရှိသည်။
အရှေ့အလယ်ပိုင်းတွင် ပျံ့နှံ့နေသည့် မားစ်ဗိုင်းရပ်စ်ကူး စက်မှုထိန်းချုပ်ရေးအတွက် အ ရှေ့တောင် အာရှနိုင်ငံ အချို့က စတင်ဆောင်ရွက်လျက်ရှိသည်။
လွန်ခဲ့သည့် သီတင်းပတ်အ တွင်းက ယူအေအီးနိုင်ငံမှ ပြန် လာသည့် ဖိလစ်ပိုင်နိုင်ငံသားတစ် ဦးတွင် အဆိုပါမားစ်ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရပြီး နောက်ပိုင်း အရှေ့ တောင်

လူငယ်တစ်စု ပွဲခင်းအတွင်း အဓ္ဓမ ကားပေါ်တင်ပြေးမှုတွင် တရားခံ ၄ ဦး လွတ်မြောက်နေဆဲ

လူငယ်တစ်စု ပွဲခင်းအတွင်း အဓ္ဓမ ကားပေါ်တင်ပြေးမှုတွင် တရားခံ ၄ ဦး လွတ်မြောက်နေဆဲ
Wednesday, April 23, 2014

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၌ ဇာတ်သဘင်ပွဲကျင်းပနေစဉ် ပွဲခင်းရံပုံငွေဆိုင်တစ်ဆိုင်မှ ဈေးရောင်းနေသူအသက် ၁၉ နှစ်အရွယ်မိန်းမပျို ၂ ဦးအား

လူငယ်တစ်စုမော်တော်ကားပေါ် အဓ္ဓမဆွဲတင်ပြေးခဲ့သည့်ဖြစ်စဉ်တွင် တရားခံဟုယူဆရသူ လူငယ် ၃ ဦးဖမ်းဆီးရမိပြီး ကျန် ၄ ဦးလွတ်မြောက်နေဆဲဟု သိရသည်။

အဓိကတရားခံဟုယူဆရသူ သံဖြူဇရပ်မြို့ အောင်သာယာရပ်နေ အဇွန့်နှင့် မုဒုံမြို့နယ်၊ တောင်ပကျေးရွာမှ လူငယ်များဖြစ်ကြသော အလေး၊ အမွန်၊ အညူတို့အားတရာခံပြေးဟု ကြော်ငြာဖွယ်ရှိကြောင်း၊ လက်ရှိတွင် ကွန်ပလာ၊ အတူး၊ အထွန်းတို့ ၃ ဦးကို ဖမ်းဆီးရမိထားကြောင်း ကမာဝက်နယ်မြေရဲစခန်း ဂတ်စာရေး တပ်ကြပ်ကြီးကျော်ကျော်မြင့်က ပြောသည်။

တပ်ကြပ်ကြီးကျော်ကျော်မြင့်က “အလိုမတူ အဓမ္မ အတင်းနိုင်ထက်ကားတင်ပြေးခြင်း ပ/(၁၇)/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၆ နဲ့ အမှုဖွင့်ထားတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

ပြီးခဲ့သည့်ဧပြီလ ၁၇ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်တွင် ကျေးရွာ၌ကပြဖြေဖျော်နေသော ဇာတ်သဘင်ပွဲခင်းအတွင်း ထိုသို့အခင်းဖြစ်သည်ကိုသိရှိသည်တပြိုင်နက် ကွမ်းလှာကျေးရွာမှ လူငယ် (၄၀) ကျော်ခန့်စုစည်းမိကာ မော်တော်ဆိုင်ကယ်များဖြင့်လူအုပ်စုခွဲ၍ လိုက်လံရှာဖွေခဲ့ရာ တစ်နာရီခန့်အကြာတွင် ရွာမှသုံးမိုင်ခန့်အကွာ နှီးပဒေါကျေးရွာ တံတားကြီးအလွန်၌ ရွာခံပြည်သူ့စစ်နှင့်ရဲများ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကွမ်လှာရွာသား နိုင်ဆန်နီက “မိန်းခလေးတွေကို သင်္က࿿န်ြရေပက်ကစားသလိုလိုနဲ့ ကားပေါ်အတင်းအဓမ္မဆွဲတင်ပြီး တယောက်ကိုပါးစပ်ပိတ်၊ တယောက်ကို သူတို့ဖမ်းချူပ်နှောင်ထားလိုက်တယ်၊ ကံကောင်းထောက်မလို့ မိန်ခလေးနှစ်ယောက်ကို ပြန်ကယ်တင်လိုက်နိုင်လိုက်တာပါ၊ အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး အသေသတ်လိုက်မှာလား၊ ရောင်းစားတာမှာလားတော့ မတွေးဝန့်စရာ” ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ မိန်းမပျိုတစ်ဦး၏မိခင်ဖြစ်သူ ဒေါ်ဖွားအေးက သမီးဖြစ်သူကိုလာရောက် ရည်ငံနေသည့် လက်ရှိအဓိကတရားခံဟုယူဆရသူ အဇွန့်ဆိုသူမှာ မိမိနေအိမ်သို့ နှစ်ကြိမ်နှစ်ခါခန့် လာရောက်လည်ပတ်ခဲ့ရာတွင် သမီးဖြစ်သူတစ်ခါမှအတွေ့မခံသဖြင့် မိမိသာလျှင်အားနာ၍ လက်ခံ စကားပြောပေးခဲ့ရသည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ဆိုသည်။

မွန်ပြည်နယ်တွင် အထက်ပါဖြစ်ရပ်ကဲ့သို့ မိန်းမပျိုများအား အုပ်စုဖွဲ့ကားပေါ်တင်ပြေးသည့်အမှုများ ယခင်ကဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဒေသခံများအပြောအရ သိရသည်။

မင်းထူးသစ်
လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ကွမ်လှာကျေးရွာအဝင်လမ်းအား မြင်ရပုံ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၌ ဇာတ်သဘင်ပွဲကျင်းပနေစဉ် ပွဲခင်းရံပုံငွေဆိုင် တစ်ဆိုင်မှ ဈေးရောင်းနေသူအသက် ၁၉ နှစ်အရွယ်မိန်းမပျို ၂ ဦးအားလူငယ်တစ်စုမော်တော်ကားပေါ် အဓ္ဓမဆွဲတင်ပြေးခဲ့သည့်ဖြစ်စဉ်တွင် တရားခံဟုယူဆရသူ လူငယ် ၃ ဦးဖမ်းဆီးရမိပြီး ကျန် ၄ ဦးလွတ်မြောက်နေဆဲဟု သိရသည်။
အဓိကတရားခံဟုယူဆရသူ သံဖြူဇရပ်မြို့ အောင်သာယာရပ်နေ အဇွန့်နှင့် မုဒုံမြို့နယ်၊ တောင်ပကျေးရွာမှ လူငယ်များဖြစ်ကြသော အလေး၊ အမွန်၊ အညူတို့အားတရာခံပြေးဟု ကြော်ငြာဖွယ်ရှိကြောင်း၊ လက်ရှိတွင်

ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်

ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်

ရန်ကုန်၊ ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြသည့် ပြည်ပ ခရီးသွား အချို့သည် တက်ရောက် ကြည့်ရှုခွင့် တားမြစ်ထားသော စေတီပုထိုးများပေါ်သို့ ခိုးဝှက် တက်ရောက်မှုများ ရှိနေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။

စဥ့်သုတ်အုတ်၊ ဘီလူးပန်းဆွဲများ ပျက်စီးနိုင်သည့်အတွက် တက်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားသော မင်္ဂလာ စေတီပေါ်သို့ နိုင်ငံခြားသား ခရီးသွား ဆယ်ဂဏန်းခန့် နေဝင်ချိန် ရှုခင်းကြည့်ရန် လာရောက်လေ့ ရှိကြောင်း စေတီအနီးရှိ ဒေသခံများနှင့် မျက်မြင် တွေ့ရှိသူ ဘုရားဖူးအချို့က ဆိုသည်။

နိုင်ငံခြားသား ခရီးသွားအချို့မှာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဝင်ကြေး (Zone Fees) မပေးဆောင်လိုသဖြင့် တရားဝင် တက်ရောက်ခွင့် ပြုထားသော စေတီပုထိုးများကို ရှောင်ရှားကာ ယင်းသို့ ပိတ်ပင်ထားသော စေတီများပေါ်သို့ ခိုးဝှက် တက်ရောက်ခြင်း ဖြစ်ကြောင်း ပုဂံ ရှေးဟောင်း သုတေသန ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အစိုးရက အများကြီး လျှော့ပေးထားတော့ သူတို့က လူပါးဝနေတာ။ ဒီလို ကိစ္စရပ်တွေကို အရေးယူနိုင်တဲ့ ဥပဒေတွေလည်း မရှိသေးဘူး။ ဒါအစိုးရနဲ့ ဆိုင်တယ်” ဟု ၎င်းကဆိုသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ် တားမြစ်ထားသော်လည်း ယင်းသို့ ကျူးကျော်မှုများကို တားဆီးရန် လိုကြောင်း၊ ဥပဒေများ မရှိသေးသည့်အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ရှင်းပြ ပြောဆိုမှုသာ ပြုလုပ်နိုင်ကြောင်း နေပြည်တော်ရှိ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းပြသည်။
“ဒီလို ဖြစ်ရပ်တွေအတွက် ရှေးသုတစ်ဌာနတည်းနဲ့ လုံးဝဥဿုံ မကာကွယ်နိုင်ဘူးလေ။ ဝိုင်းဝန်း တားမြစ်ဖို့ လိုပါတယ်။ တာဝန်သိသူတွေက ဒီလို ဖြစ်ရပ်တွေတွေ့ရင် ဝိုင်းဝန်းတား မြစ်စေလိုတယ်” ဟု ၎င်းကဆိုသည်။

ပုဂံဒေသတွင် အပေါ်သို့တက် ရောက်ကြည့်ရှုနိုင်သော စေတီပုထိုးပေါင်း သုံးဆယ်ကျော် ရှိပြီး ပုဂံမျှော်၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သိကြားပုန်း၊ သစ္စာဝတီ အမည်ရှိ စေတီ ၅ ဆူပေါ်သို့သာ တက်ရောက် ကြည့်ရှုခွင့် ပြုထားကြောင်း ဒေသခံများက ဆိုသည်။

မင်္ဂလာစေတီကို ပုဂံခေတ်နှောင်းပိုင်း အေဒီ ၁၂၆၀ ခုနှစ်တွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းက တည်ထား ကိုးကွယ်ခဲ့ပြီး စဥ့်သုတ် ရုပ်ကြွများဖြင့် တန်ဆာ ဆင်ထားကြောင်း၊ စေတီရံများကိုလည်း စဥ့်သုတ်အုတ်၊ စဥ့်သုတ် ဘီလူးပန်းဆွဲများဖြင့် ဖုံးအုပ် တန်ဆာဆင်ထားသဖြင့် ထိခိုက်ပျက်စီး လွယ်သောကြောင့် တက်ရောက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြ သည့် ပြည်ပ ခရီးသွား အချို့သည် တက်ရောက် ကြည့်ရှုခွင့် တားမြစ် ထားသော စေတီ ပုထိုးများပေါ်သို့ ခိုးဝှက် တက်ရောက်မှုများ ရှိနေသည်ကို မြင်တွေ့နေ ရကြောင်း ဒေသခံ များက ပြောကြားသည်။
စဥ့်သုတ်အုတ်၊ ဘီလူးပန်းဆွဲများ ပျက်စီးနိုင်သည့်အတွက် တက်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားသော မင်္ဂလာ စေတီပေါ်သို့ နိုင်ငံခြားသား ခရီးသွား ဆယ်ဂဏန်းခန့် နေဝင်ချိန် ရှုခင်းကြည့်ရန် လာရောက်လေ့ ရှိကြောင်း စေတီအနီးရှိ ဒေသခံများနှင့် မျက်မြင် တွေ့ရှိသူ ဘုရားဖူးအချို့က ဆိုသည်။
နိုင်ငံခြားသား ခရီးသွားအချို့မှာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဝင်ကြေး (Zone Fees) မပေးဆောင် လိုသဖြင့် တရားဝင် တက်ရောက်ခွင့် ပြုထားသော စေတီပုထိုးများကို ရှောင်ရှားကာ ယင်းသို့

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်လမ်း ၁၀ ချက်


Photo: ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်လမ်း ၁၀ ချက်
----------------------------------------------------------

ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင်ရဲ့လုပ်ဆောင်မှုအမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာ သင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ခြေများပါတယ်။

ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင်ရဲ့အနေအထိုင် အပြုအမူတွေကို လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်ပါတယ်။ အောက်ပါအကြံပြုချက်တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေးတွေပါ။

၁။ ကိုယ်ဟန်အနေအထားမမှန်ရင် ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထား မှန်ကန်အောင်ထိန်းသိမ်းဖို့ အရေကြီးပါတယ်။ လည်ပင်းနဲ့ ပခုံးကကြွက်သားတွေဟာ ကိုယ်ဟန်အနေအထားမမှန်ရင် တင်းတောင့်နေတတ်တဲ့အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်အနေအထား မှန်ကန်ဖို့ သတိထားသင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာဖိစီးမှုကြောင့် ခေါင်းကိုက်တာအတွက်တော့ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပေးတာက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။

၂။ စိုစွတ်တဲ့အပူဟာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ရေနွေးထဲမှာ တဘက်တစ်ထည်ကိုစိမ်ပြီး ရေညှစ်ပါ။ ပြီးရင်နာကျင်နေတဲ့နေရာပေါ်အုပ်ထားပါ။

၃။ အမျိုးသမီးတွေဟာ ရာသီမလာခင်ရက်မှာ ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်တဲ့ပုံစံကတော့ မျက်စိတွေရဲ့နောက်ဘက်နားမှာ နာကျင်မှုခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီးတွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီနည်းတဲ့အသားကို စားနိုင်ပါတယ်။

၎။ ခေါင်းကိုက်တာကိုဖြစ်စေတဲ့ အဓိကအကြောင်းကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။ အလုပ်ကိုလည်း ဆက်တိုက်အကြာကြီးမလုပ်ဘဲ ခဏတစ်ဖြုတ်နားပေးဖို့လိုအပ်ပါတယ်။

၅။ ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တဲ့အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေဆီကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းမျိုးအတွက်တော့ အနှိပ်ခံရင် သက်သာတတ်ပါတယ်။ ဖိစီးမှုတွေ ပြေပျောက်စေဖို့ ဦးခေါင်းနဲ့ပခုံးတွေကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။

၆။ အစာမစားဘဲ နေတာဟာလည်းခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့်အစာကို အချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။

၇။ ရေများများသောက်ပါ။ ရေဟာခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ နေ့စဉ်အနည်းဆုံး ရေ ရှစ်ဖန်ခွက်သောက်ပါ။

၈။ လဲလျောင်းနေပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကိုဖြေလျှော့အနားရစေပြီး ခေါင်းကိုက်သက်သာစေပါတယ်။

၉။ အကိုက်အခဲပျောက်ဆေးတွေက ခေါင်းကိုက်သက်သာစေပါတယ်။ ဒါပေမယ့် ခဏခဏခေါင်းကိုက်တိုင်း အကိုက်အခဲပျောက်ဆေး အမြဲလိုလိုသောက်နေတာက မကောင်းပါဘူး။ သင့်မှာ အစာအိမ်နာရောဂါ အပါအဝင် တခြားကျန်းမာရေး ပြဿနာတွေရှိရင် ဆရာဝန်ညွှန်ကြားမှသာ အကိုက်အခဲပျောက်ဆေးသောက်ပါ။

၁၀။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေကတော့ သူတို့စားတဲ့အစာတွေကို မှတ်တမ်းထားဖို့လိုပါတယ်။ တချို့ အစားအစာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်လို အစားအစာတွေကြောင့် သင့်ခေါင်းကိုက်တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

ဆေးပညာဆိုင်ရာဆောင်းပါးများ
==============================
သ တင်း မှန်တွေ သိ ရှိ ဖို့ "လွင်သန္တာစိုး"

http://www.facebook.com/lwinthandarsoe

ကို Like လုပ်စို
ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြ ပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင်ရဲ့လုပ်ဆောင်မှုအမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာ သင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ခြေများပါတယ်။

အပူဒဏ် မခံနိုင်၍ မန်းသားတို့ လွန်ဆွဲ ကြပြီ


အပူဒဏ် မခံနိုင်၍ မန်းသားတို့ လွန်ဆွဲ ကြပြီ
Wednesday, April 23, 2014

မန္တလေးမြို့တွင် အပူရှိန်လွန်ကဲမှုကြောင့် အပူဒဏ် မခံနိုင်၍ မြန်မာ့ဓလေ့ တစ်ရပ်ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲ ကို ယနေ့ ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အကွက် ၂၂ဝ၊ မရမ်းခြံရပ်၊ ကမ်းနားလမ်းပေါ်တွင် ကျင်းပရာ
အမျိုးသား/ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင် ဆွဲကြသည်။''လွန်ဆွဲရာမှာ အမှားအယွင်းရှိလို့ မဖြစ်ပါဘူး။ ပွဲတွေပေးရတယ်။ မိုးခေါင်ကျော်စွာနတ်၊ သာသနာစောင့် နတ်မင်းကြီး လေးပါး၊ စက်ပွဲ၊ ဆိုင်းပွဲ၊ လွန်းကြိုးပွဲတွေ ပေးရပါတယ်။ ဒီနေ့က သုံးချီ သုံးလားဆွဲတာပါ။ မနက်ဖြန် ငါးချီ ငါးလား၊ သန်ဘက်ခါ ခုနစ်ချီ ခုနစ်လား ဆွဲမှာပါ'' ဟု မိုးခေါ်လွန်ဆွဲပွဲ ဖြစ်မြောက်ရေး အလှူရှင် ဦးလွင်က ရှင်းပြသည်။

လွန်ဆွဲပွဲတွင် အမျိုးသား/ အမျိုးသမီးများက သံချပ်များသဖွယ် တိုင်တည်ရွတ်ဆို အားပေးကြပြီး ရပ်ကွက် မီးသတ်ကားများကလည်း လွန်ဆွဲသောသူများ အပူဒဏ်သက်သာမှု ရှိစေရန် ရေလောင်းပက်ဖျန်းပေး ကြ သည်။ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၌ ဧပြီ ၂၁ ရက်တွင် ဖြစ်ပေါ်နိုင်သော ခရမ်းလွန်ရောင် ခြည် အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုးများ၌ မန္တလေးတိုင်း ဒေသကြီးသည် UV Index ၁၃ ဒသမ ၁ ရှိကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန် ကြေညာ ထားရှိကြောင်း သိရသည်။

မြ၀တီ
မန္တလေးမြို့တွင် အပူရှိန်လွန်ကဲမှုကြောင့် အပူဒဏ် မခံနိုင်၍ မြန်မာ့ဓလေ့ တစ်ရပ်ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲ ကို ယနေ့ ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အကွက် ၂၂ဝ၊ မရမ်းခြံရပ်၊ ကမ်းနားလမ်းပေါ်တွင် ကျင်းပရာ အမျိုးသား/ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင် ဆွဲကြသည်။''လွန်ဆွဲရာမှာ အမှားအယွင်းရှိလို့ မဖြစ်ပါဘူး။ ပွဲတွေပေးရတယ်။ မိုးခေါင်ကျော်စွာနတ်၊ သာသနာစောင့် နတ်မင်းကြီး လေးပါး၊ စက်ပွဲ၊ ဆိုင်းပွဲ၊ လွန်းကြိုးပွဲတွေ ပေးရပါတယ်။ ဒီနေ့က သုံးချီ သုံးလားဆွဲတာပါ။ မနက်ဖြန် ငါးချီ ငါးလား၊ သန်ဘက်ခါ ခုနစ်ချီ ခုနစ်လား ဆွဲမှာပါ'' ဟု မိုးခေါ်လွန်ဆွဲပွဲ ဖြစ်မြောက်ရေး

ငွေချေးသက်သေခံလက်မှတ် နည်းဥပဒေ ရေးဆွဲပြီးဟုဆို

အရင်းအနှီး ဈေးကွက်ကို ကိုင်တွယ် ကြပ်မတ်မည့် အရေးကြီး နည်းဥပဒေဖြစ်သော ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး နည်းဥပဒေကို ရေးဆွဲပြီးပြီ ဖြစ်ကြောင်း မြန်မာငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC) မှ ညွှန်ကြားရေးမှူး ဒေါ်တင်မေဦးက The Voice သို့ ပြောကြားသည်။
အဆိုပါ နည်းဥပဒေကို ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံးတို့ကို တင်ပြထားပြီး ထွက်ပေါ်လာမည့် စတော့အိတ်ချိန်း တစ်ခုလုံးကို ကြီးကြပ် ကွပ်ကဲမည့် ငွေချေး သက်သေခံ လက်မှတ်များ

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၅ အထက်သို့ ယနေ့ ပထမဆုံးအကြိမ် ရောက်ရှိလာနိုင်

Photo: ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၅ အထက်သို့ ယနေ့ ပထမဆုံးအကြိမ် ရောက်ရှိလာနိုင်
Wednesday, April 23,2014

ယခုရက်ပိုင်းတွင် နေ့အ ပူချိန်များ ဆက်တိုက်မြင့်တက်လာသည့်အပြင် ခရမ်းလွန်ရောင် ခြည်ကျရောက်မှုလည်း ပြင်းထန် လာပြီး ညွှန်းကိန်းအဆင့် ၁၅ အ ထက်သို့ ယနေ့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

နေ့အပူချိန်များမှာ ဧပြီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ၄၄ ဒီဂရီစင် တီဂရိတ်အထိ မြင့်ခဲ့ပြီး မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၄၃ ဒီဂရီစင်တီဂ ရိတ်သို့ ရောက်ခဲ့သည်။ အပူချိန် မှာ ယခုနှစ် နှစ်စမှ လက်ရှိအချိန် အထိ အပူချိန်အမြင့်ဆုံးဖြစ်ခဲ့ပြီး ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း မှာမူ စံချိန်တင်ကျရောက်ခြင်းဖြစ် ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘လာမယ့်ရက်အတွင်း မိုး ရွာဖို့ရှိနေပြီး အပူချိန်ရော ခရမ်း လွန်ရောင်ခြည်ပါ အရှိန်လျော့ သွားနိုင်တယ်။ ဒါပေမဲ့ မိုးမရွာမ ချင်း အပူချိန်က မြင့်နေမှာဖြစ်ပြီး အနေအထိုင်အသွားအလာ သ တိထားနေဖို့ လိုပါတယ်’’ ဟု ၎င်း က အကြံပြုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ တွင် ဧပြီလ၏ ပျမ်းမျှအပူချိန် ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်း ပြည်နယ်တွင် ၃ ဒီဂရီစင်တီဂရိတ် မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တ လေးတိုင်းဒေသကြီး၊ ချင်းပြည် နယ်တို့တွင် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကြောင်းမိုး/ဇလဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ခရမ်းလွန်ရောင်ခြည်မှာ ကယားပြည်နယ်တွင် အန္တရာယ် ရှိသည့် လွန်ကဲအဆင့် ညွှန်းကိန်း ၁၅ ဒသမ ၁ အထိ မြင့်နေပြီး တစ် နိုင်ငံလုံးအနှံ့ ညွှန်းကိန်း ၁၂ အ ထက်တွင် ရှိနေကြောင်း နိုင်ငံတ ကာ မိုးလေ၀သဂြိုဟ်တုများ၏ တိုင်းတာချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတင်း ထုတ်ပြန်ထားသည်။

ဒေါက်တာထွန်းလွင်က မြန် မာနိုင်ငံမြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများ အတွင်းသို့ ရေငွေ့ပါဝင်သောလေများ ၀င်ရောက်နေ ပြီး လာမည့်ရက်သတ္တပတ်အ တွင်းနေပြည်တော်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် နေရာကွက်ပြီး မိုးရွာနိုင် ကြောင်း ခန့်မှန်းပြောကြားသည်။

7day
ယခုရက်ပိုင်းတွင် နေ့အ ပူချိန်များ ဆက်တိုက်မြင့်တက်လာသည့်အပြင် ခရမ်းလွန်ရောင် ခြည်ကျရောက် မှုလည်း ပြင်းထန် လာပြီး ညွှန်းကိန်းအဆင့် ၁၅ အ ထက်သို့ ယနေ့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိ လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

နေ့အပူချိန်များမှာ ဧပြီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ၄၄ ဒီဂရီစင် တီဂရိတ်အထိ မြင့်ခဲ့ပြီး မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၄၃

အလောင်းတော် ကဿပတွင် သစ်ခိုးထုတ်မှု မြင့်တက်

Photo: အလောင်းတော် ကဿပတွင် သစ်ခိုးထုတ်မှု မြင့်တက်
Wednesday, April 23,2014

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ယခင်နှစ်များကထက် သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာကြောင်း ယင်းမာပင်မြို့နယ် ရဲစခန်းမှ သိရသည်။

ယခုနှစ်အတွင်း အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းနှင့် ၎င်းနှင့်ထိစပ်နေသော သစ်တောများမှ ကျွန်းနှင့် တမလန်းသစ်များ ပိုမိုဖမ်းဆီးမိလာခြင်းက သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာနေသည်ကို သက်သေပြရာ ရောက်ကြောင်း ယင်းမာပင်ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ဟုတ်ပါတယ်။ ကျနော်တို့လည်း တောက်လျှောက် ဖမ်းနေပါတယ်။ တော်တော်များများ မိတာကတော့ ပိုင်ရှင်မဲ့ သစ်ခိုးထုတ်တာတွေပါ။ သူတို့က ခိုးထုတ်နေရင်း ကျနော်တို့ရောက်တော့ ထွက်ပြေးကြတယ်။ သစ်တောဦးစီးအဖွဲ့၊ ကျနော်တို့ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီးဖမ်းတာ။ ဒီနှစ်ထဲမှာ ဖမ်းမိတာ စာရင်းတော့ အတိအကျ မပြောနိုင်ပေမယ့် ကျွန်းနဲ့ တမလန်း အားလုံး စုစုပေါင်း ၁၀ တန်တော့ ကျော်မယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးရမိသော စာရင်းတချို့အရ မတ်လ ၁၅ ရက်က အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်း နံဘေးရှိ ကပိုင်ရွာ တောင်ပိုင်းတွင် စုပုံထားသော ကျွန်းနှင့် တမလန်းသစ် ၃ တန်ကျော်၊ ဧပြီလ ၅ ရက်နေ့က ၁ ဒသမ ၅ တန်ရှိ တမလန်းသစ် ဓားရွှေတုံး (ဓားဖြင့် လေးထောင့်တုံး ရွှေထားသော သစ်) ၉ တုံး၊ ဧပြီလ ၂၀ ရက်နေ့က ၂ ဒသမ ၇ တန်ကျော် ရှိသည့် တမလန်းသစ် အများဆုံးပါဝင်သော ဓားရွှေတုံး ၃၃ တုံးတို့ဖြစ်ကြောင်း ကပိုင်ရွာ ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် ဇော်ထက်ဟန်က ဧရာဝတီသို့ ပြောသည်။

သစ်ခိုးထုတ်သူများသည် တချို့နေရာတွင် အစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်ထားသည့် လက္ခဏာမျိုး တွေ့ရသော်လည်း အထောက်အထား အတိအကျ မရရှိခဲ့ကြောင်း ကပိုင်ရဲစခန်းမှ အမည်မဖော်လိုသော ရဲတဦးက ဆိုသည်။

“ရှင်းရှင်းပြောရရင်ဗျာ၊ ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာက ထွက် ” ဆိုသလိုပဲ၊ ကျနော်တို့က အချက်အလက် တိတိကျကျ မရတော့ သူများတွေကို မယိုးစွပ်ချင်ဘူး။ သစ်တွေခိုးထုတ်နေတာ ဒီနှစ်ပိုင်းမှာ ပိုများလာတာတော့ အမှန်ပဲ” ဟု ၎င်းက ဆိုသည်။

သစ်ခိုးထုတ်သူများသည် ကလေးဝဘက်ရှိ သစ်တောများမှလည်း ခိုးထုတ်ပြီး အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းကို ဖြတ်ကာ တရုတ်နယ်စပ်အထိ သယ်ယူမှုများ ရှိကြောင်း၊ ဧပြီလ ၁၂ ရက်ကလည်း ခိုးယူလာသော သစ်များကို ၁၂ ဘီးကား ၁၂ စီးဖြင့် တင်ဆောင်လာသည့် သစ်တန် ၁၈ တန်ကိုလည်း ဖမ်းဆီးရမိလိုက်ကြောင်း အလောင်းတော် ကဿပ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။

ယခုလမ်းကြောင်းကို သစ်ခိုးထုတ်ရာတွင် အဓိက အသုံးပြုလာသည့် အတွက်ကြောင့် အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အထူးဂရုစိုက်ကာ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းနှင့် ဆက်စပ် ဧရိယာများမှ ထွက်ပေါက်လမ်းများ အားလုံးကို ပိတ်ဆို့ ဖမ်းဆီးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း အလောင်းတော် ကဿပ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ အမည်မဖော်လိုသော အရာရှိတဦးကလည်း ပြောသည်။

ထို့အပြင် မတ်လအတွင်းက ကပိုင်မြို့နယ်၊ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းသို့ သွားရာလမ်းပေါ်တွင် မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သော တမလန်းသစ် ဓားရွှေတုံး ၅၃ တုံးကို ခိုးထုတ်သောသူများတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်နေသော အဖွဲ့များနှင့် ပတ်သက်သူတချို့ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုဆို ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့တာပဲ လူပေါင်း ၁၀ ဦးကျော်ပြီ။ ဒီလမ်းကြောင်းကို ဖြတ်သယ်ကြတာတွေရော၊ ဒီ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းမှာ ခိုးထုတ်တာတွေရောပဲ။ ဖမ်းမိတာ၊ ခိုးခုတ်ထားပြီး ပုံထားတာတွေရော ကားပေါ်မှာ ဖွက်သယ်လာတာတွေရော စုံနေတာပဲ။ တချို့နေရာမှာ ကျွဲ၊ နွားတွေပါ မိထားတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းမိသော တချို့ သစ်ခိုးထုတ်မှုတွင် လူများကိုပါ မိခဲ့သော်လည်း တကယ်တမ်း အရေးယူဆောင်ရွက် သည့်အခါတွင် ပိုင်ရှင်မဲ့ သစ်များအဖြစ် အရေးယူနေခြင်းကို နားမလည်နိုင်ကြောင်း၊ ထိုသို့ ထိထိရောက်ရောက် အရေးမယူသဖြင့် ဒေသခံတချို့က သစ်ခိုးထုတ်မှုကို တွေ့လျှင်ပင် သက်ဆိုင်ရာသို့ သတင်းပို့ရန် စိတ်ဝင်စားမှု လျော့ပါးလာကြောင်း ယင်းမာပင်မြို့ရှိ မြို့မိမြို့ဖ စီးပွားရေးလုပ်ငန်းရှင်တဦးက ဆိုသည်။

တချို့ သစ်ခိုးထုတ်သူများသည် ခိုးထုတ်ရာလမ်းကြောင်းတွင် အလောင်းတော် ကဿပ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ရှိနေသည်ကိုပင် မသိသူများရှိကြောင်း ၎င်းက ဆက်ပြောသည်။

“မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးတာကို ကျနော်တို့ သွားကြည့်တဲ့အခါ သူတို့အချင်းချင်း စကားပြောကြတဲ့ စကားတွေကို ကြားခဲ့ရတယ်။ ရှိတဲ့အဖွဲ့အစည်းတွေကို လမ်းကြောင်းကြေး ပေးပြီးသားတွေအကြောင်း၊ အခု ဖမ်းဆီးလိုက်တဲ့ အဖွဲ့ဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဆိုတာ ကြားတောင်မကြားဖူးဘူးဆိုတဲ့ စကားတွေကိုပါ ကြားရတာ။ ဒါ့အပြင် လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပတ်သက်သူတွေကို ဖမ်းတဲ့အတွက် မတ်လ ၂၄ ရက်နေ့က ကျနော်တို့ ယင်းမာပင်မှာ အသက်မ၀င်တဲ့ ဗုံးတလုံးကို တွေ့ရတယ်။ ဒါက ဖမ်းတဲ့အတွက် ပြန်ခြိမ်းခြောက်တဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒေသခံလူထုက အဲဒါကို မကျေနပ်ကြတာ” ဟု အဆိုပါ မြို့မိမြို့ဖ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ဧရာဝတီ

မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးရမိသော တမလန်းသစ်များ (ဓာတ်ပုံ – ဧရာဝတီ)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ယခင်နှစ်များကထက် သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာကြောင်း ယင်းမာပင်မြို့နယ် ရဲစခန်းမှ သိရသည်။

ယခုနှစ်အတွင်း အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းနှင့် ၎င်းနှင့်ထိစပ်နေသော သစ်တောများမှ ကျွန်းနှင့် တမလန်းသစ်များ ပိုမိုဖမ်းဆီးမိလာခြင်းက သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာနေသည်ကို သက်သေပြရာ ရောက်ကြောင်း ယင်းမာပင်ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ဟုတ်ပါတယ်။ ကျနော်တို့လည်း တောက်လျှောက် ဖမ်းနေပါတယ်။ တော်တော်များများ မိတာကတော့

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား ရေဝေးသုသာန်တွင် ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြီး ဂူသွင်းသဂြုင်္ိဟ်မည်

Photo: သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား ရေဝေးသုသာန်တွင် ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြီး ဂူသွင်းသဂြုင်္ိဟ်မည်
Wednesday, April 23, 2014

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနားအား ရေဝေးသုသာန်တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိကျင်းပပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

ဧပြီ ၂၃ ရက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပနအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်စီစဉ်သွားမည်ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီမှ ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ဈာပနအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကဦးဆောင်၍ စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဈာပနအခမ်းအနားအဖြစ် ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအတွင်း ဂါရ၀ပြုခြင်းအစီအစဉ်နှင့် ဂူသွင်းသင်္ဂြိုဟ်ခြင်းအစီအစဉ်ကို ရေဝေးသုသာန်တွင် ပြုလုပ်မည်ဖြစ်သည်။

ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခြင်းနှင့် ၀မ်းနည်းခြင်းပန်းခွေ၊ ပန်းခြင်းများ ပေးပို့နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) နှင့် ကမာရွတ်မြို့နယ်ရှိ ယုဒသန်ခန်းမသို့ ဧပြီ ၂၃ ရက် နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လိုအပ်သည့် သတင်းအချက်အလက်များနှင့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ၌ ဖွင့်လှစ်ထားရှိကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်ရစ်သူမိသားစုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၂ ရက် ညနေပိုင်းတွင် လာရောက်တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆရာကြီးဦးဝင်းတင်၏ ကျောက်ကုန်းနေအိမ်သို့ ဧပြီ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ မှ ညနေ ၆ နာရီ မိနစ် ၄၀ အထိ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"အဖွဲ့ချုပ်မှာ ကြီးမားတဲ့ဆုံးရှုံးနစ်နာမှု ရှိတယ်လို့ပြောတယ်။ ဈာပနကိစ္စမှာ အဘရဲ့ဆန္ဒကိုဆန့်ကျင်ပြီး သုံးရက်ထားတာကို မကြိုက်ဘူးလို့ပြောတယ်။ အဘက ချက်ချင်းသင်္ဂြိုဟ်ဖို့ပြောခဲ့တာကို မနက်ဖြန်ဈာပနကို သူလည်းလာမယ်လို့ ပြောသွားပါတယ်"ဟု ဆရာကြီးဦးဝင်းတင်၏ တပည့်ရင်းဖြစ်သူ ဦးဇော်မျိုးအောင်က ပြောကြားသည်။

"အန်တီဒေါ်အောင်ဆန်းစုကြည်လာတာကို အားရှိပါတယ်။ သူကတော့ အားပေးစကားတွေပဲ ပြောသွားတယ်။ အဘနဲ့တွဲလုပ်ခဲ့တဲ့ ကိစ္စလေးတွေကိုလည်း သူပြန်ပြောတယ်။ မနက်ဖြန်ဈာပနကိုလည်း သူလာမယ်လို့ ပြောသွားပါတယ်" ဆရာကြီး ဦးဝင်းတင်၏ မွေးစားသမီး ဒေါ်ဆွေဆွေက ပြောကြားသည်။

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်မှုအတွက် ရန်ကုန်တက္ကသိုလ် ယုဒဿ  န်ရိပ်သာတွင် အောက်မေ့ဖွယ်အခမ်းအနား ပြင်ဆင်ထားစဉ်

Eleven Media Group
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနားအား ရေဝေးသုသာန်တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိကျင်းပပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

ဧပြီ ၂၃ ရက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပနအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်စီစဉ်သွားမည်ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီမှ ဧပြီ ၂၁ ရက်တွင် သတင်း ထုတ်ပြန်သည်။

ကိုရီယားသင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်


 
 အသုဘအခမ်းအနားများ အင်္ဂါနေ့မနက်ပိုင်းမှ စတင်ပြီး သင်္ဘောနစ်မြုပ်ရာ ဒေသနှင့်နီးစပ်ရာဒေသများတွင် အဆက်မပြတ် ကျင်းပလျက်ရှိနေသည်။ လွန်ခဲ့သည့် ၆ ရက်ခန့်က ကိုရီယားကျွန်းဆွယ် အနောက် တောင် ဘက်ပိုင်းတွင် ဇောက်ထိုးအနေအထားဖြင့်နစ်မြုပ်သွားခဲ့သည့် Sewol သင်္ဘော နစ်မြုပ် မှုကြောင့် သေဆုံးသူဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ၁၂၈ ဦးကို သေဆုံးပြီ ဟု အတည်ပြုနိုင်ခဲ့ပြီး ၁၇၄ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး


မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်လုနီးရှိနေ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်ရှိရန် ၁ ဒီဂရီ စင်တီဂရိတ်သာ လိုတော့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

“ဒီနှစ်က အပူချိန် အရမ်းပြင်းထန်တဲ့နှစ်တော့ မဟုတ်သေးဘူး။ ပူတာတော့ တော်တော်ပူနေတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့ စစ်ကိုင်းတို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့တယ်” ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

၁၈၅၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အပူဆုံးသော နှစ်သုံးနှစ်ရှိခဲ့ရာတွင် ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်တို့ဖြစ်ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

“ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မြန်မာနိုင်ငံရဲ့ အပူချိန်တွေက ပုံမှန်အပူချိန်ထက် ပိုမြင့်နေတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း ကန့်ဘလူ၊ မုံရွာတို့မှာ ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ တောင်တွင်းကြီးမှာလည်း ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာဆို ၂၀၁၀ လောက်တုန်းက စံချိန်တင် အပူချိန်အဖြစ် ၄၇ ဒီဂရီ စင်တီဂရိတ်လောက်ထိကို ဖြစ်ပွားခဲ့တယ်။ ၁၉၈၀ နောက်ပိုင်းမှာ ဧပရယ်၊ မေလတွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေရဲ့ အပူချိန်က ၄၂ ဒီဂရီ စင်တီဂရိတ်ကနေ ၄၅ ဒီဂရီ စင်တီဂရိတ်လောက်အထိကို ရှိနေတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားသည်။

ဧပြီလ၏ ပျမ်းမျှအပူချိန်ထက်ပိုခဲ့သော ဒေသများသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၀ အတွင်း မတ်၊ ဧပြီ၊ မေလတွင် မြို့နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင်ပူပြင်းမှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညို ရာသီဥတုနှစ်များကို တွေ့ကြုံခဲ့ရကာ စံချိန်တင် ပူပြင်းမှုများ၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေး ချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်းများပင် ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် ရာသီဥတု ပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး ယင်းတို့မှာ ရာသီဥတု ပိုမိုပူပြင်းခြောက်သွေ့လာခြင်း၊ မုတ်သုံဝင်ရောက်ချိန် နောက်ကျခြင်း၊ မုတ်သုံအထွက်စောလာခြင်း၊ ဆောင်းရာသီများတွင် ယခင်အေးမြသော ဒေသများ ပူနွေးလာခြင်း၊ မိုးရက်နည်းပါးလာခြင်း၊ မိုးခေါင်သောနှစ်များ ကြုံတွေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့လာခြင်း စသည်တို့ ဖြစ်ကြသည်။

ဧပြီလ ၂၂ ရက်နေ့ အပူချိန်များ

ပြည်နယ်နှင့်တိုင်းဒေသကြီးများ  - အမြင့်ဆုံးအပူချိန်(ဒီဂရီစင်တီဂရိတ်)
ရန်ကုန်တိုင်းဒေသကြီး  - ၃၉
မန္တလေးတိုင်းဒေသကြီး  - ၄၄
နေပြည်တော်  - ၃၉
မကွေးတိုင်းဒေသကြီး  - ၄၃
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) -  ၄၃
ကချင်ပြည်နယ်  - ၃၅
ကယားပြည်နယ်  - ၃၆
ကရင်ပြည်နယ်  - ၃၅
ချင်းပြည်နယ်  - ၃၄
မွန်ပြည်နယ်  - ၃၄

ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် ဧရိယာအတွင်း သွားလာနေသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်လုနီးရှိနေ
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်ရှိရန် ၁ ဒီဂရီ စင်တီဂရိတ်သာ လိုတော့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
“ဒီနှစ်က အပူချိန် အရမ်းပြင်းထန်တဲ့နှစ်တော့ မဟုတ်သေးဘူး။ ပူတာတော့ တော်တော်ပူနေ တယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့ စစ်ကိုင်းတို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်လောက် ထိ ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့တယ်” ဟု ဒေါက်တာ

အသက် (၁၄) နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်

ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် အသက် (၁၄) နှစ် အရွယ်၊ အရွယ် မရောက် သေး သော မိန်းကလေး ငယ် တစ်ဦး အား ပထွေး ဖြစ်သူမှ သားမယား ပြုကျင့်မှု ဖြစ် ပွားခဲ့ကြောင်း လှော်ကားနယ် မြေ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၉) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ............ကျေးရွာ၊ .........လမ်း၊ အမှတ်... ........နေ ဒေါ်.......... (၄၂) နှစ်သည် ၎င်း ၏ ဒုတိယ ခင်ပွန်း ဖြစ်သူ ဦး...... (၃၆) နှစ် နှင့် သဘော ထားမ တိုက် ဆိုင်၍ သမီးဖြစ်သူ မ..........(၁၄) နှစ်နှင့် အတူ နေအိမ်မှ ဆင်းသွားပြီး၊ ဧပြီလ (၁၈) ရက် နေ့တွင် သမီး ဖြစ်သူ၏ ခန္ဓာကိုယ် အနေအ ထား ပျက် ယွင်းနေသဖြင့် မေးမြန်းရာ လွန်ခဲ့ သော သုံးလခန့် က မ.......(၁၄) နှစ်အား ပထွေးဖြစ်သူ ဦး.........(၃၆) နှစ်က အလိုမတူ ဘဲ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည် ဟု ပြော ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဩရုံး၏ ပထမသတင်းပေးချက်များ

အိမ်လခမပေးနိုင်၍ အိမ်ရှင်က ဆင်းခိုင်းသောကြောင့် အဘိုးအိုတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

 တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်တွင်  အိမ်ငှားနေထိုင် သည့် အဘိုးအိုတစ်ဦးသည် အိမ်လခမပေးနိုင်၍ အိမ်ရှင်က ဆင်းခိုင်း သောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
၁၀၆ ရပ်ကွက် မြိုင်တန်းသာ(၁) လမ်းရှိ အိမ်တစ်အိမ်တွင် ဧပြီ၁၈ ရက်က ဆွဲကြိုးချသေ ဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မှာ အသက်(၇၂)နှစ်အရွယ် အဘိုးအို တစ်ဦးဖြစ်ကြောင်း တောင် ဒဂုံရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။
‘‘သေသွားတဲ့ အဘက တစ် ယောက်တည်း အိမ်ငှားနေတာ။ စစ်ဆေးမှုတွေအရ အိမ်ရှင်က အိမ်လခလာတောင်းပြီး မပေးနိုင်ရင် အိမ်ကဆင်းရမယ်လို့ပြောပြီး နောက်နေ့ အိမ်ထုပ်တန်းမှာ

မန္တလေးတိုင်း ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အမှုဖွင့်

ဝန်ကြီးချုပ် ဦးရဲမြင့်
  နေအိမ်မီးလောင်မှု အတွက် အိမ်ထောင်ဦးစီးဖြစ် သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့် ကို မီးပေါ့ဆစွာသုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

နေအိမ်မီးလောင်မှုဖြစ်ပွား ခဲ့သည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်အား အောင်မြေသာစံ မြို့နယ် ရဲတပ် ဖွဲ့မှူးက  တရားလိုပြုလုပ်ကာ မီးပေါ့ဆစွာသုံးစွဲမှုအတွက် အိမ် ထောင်ဦးစီး အနေဖြင့် ဖြေရှင်း ပေးရန် နယ်မြေပိုင်ရဲစခန်းဖြစ် သည့် အမှတ်(၁)ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိ တစ်ဦးက ပြောသည်။

လက်ဖက်ရည် ပန်းကန်လုံးရှိ မိုးသီးများ ကြွေကျ၍ အဘွားအို တစ်ဦးသေဆုံး


လက်ဖက်ရည် ပန်းကန်လုံးရှိ မိုးသီးများ ကြွေကျ၍ အဘွားအို တစ်ဦးသေဆုံး

23.4.2014

ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ် မြို့ နယ်စပ်ရှိ ကျေးရွာ များတွင် ဧပြီလ (၇)ရက် နေ့က နှစ်ပေါင်း (၇၀)အတွင်း မကြုံစဖူး ထူး ထူးခြားခြား လက်ဘက်ရည် ပုဂံ လုံးခန့်ရှိ မိုး သီးမိုး များ ရွာသွန်း မှုကြောင့် အဖွား အို တစ်ဦး သေဆုံးသွားခဲ့ပြီး ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ စပျစ်ခြံများ ခြံ လုံးကျွတ် ပျက်စီး သွားကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ ရွှေဓါးသာစည်အုပ် စုရှိ သာစည်၊ ညောင်ထောက် ၊ ဈေးညောင် ကိုင်း၊ လယ်ပြင်သာ၊ ပေတောကုန်း၊ ဆည် တွင်း၊ ဂွေးကုန်း၊ ဘုရားကုန်း၊ ထန်းလေးပင် နှင့် ရမည်းသင်းမြို့နယ်အတွင်း ရွာတန်းအုပ် စုတွင် ပါဝင်သည့် သဲကျွန်းအုပ်စု၊ ရွာတန်း လယ်သာအုပ်စု၊ သိန်းညှက်ကုန်း အုပ်စု၊ အုပ်ဖို အုပ်စုနှင့် ကုလား မျှော အုပ်စုတွင် ရွာတန်း (၂၄)ရွာတွင် ပါဝင်သည့် အုတ်ဖိုအရှေ့ရွာ၊ အုတ်ဖို အနောက်ရွာ၊ လက်ပံခါးလှတောင် ရွာ၊ မြောက်ရွာ၊ အလယ်ရွာ အပါအ၀င် အခြား ကျေးရွာများမှာ အဓိက စီးပွားရေးလုပ်ငန်း အ ဖြစ် စပျစ်ခြံ လုပ် ငန်း၊ ကွမ်းစိုက်လုပ်ငန်းနှင့် ကြက်သွန်စိုက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြ သည်။ အထူးသဖြင့် စပျစ်ကို အဓိက စီးပွား ရေးလုပ်ငန်းအဖြစ် စိုက်ပျိုးကြသည်။

ဧပြီလ (၇)ရက်နေ့၊ နေ့ခင်းက နှစ် ပေါင်း (၇၀)ကျော်အတွင်း မကြုံစဖူး ထူးထူး ကဲကဲ လက်ဘက်ရည် ပုဂံလုံးခန့်ရှိ မိုးသီးမိုး ကြီးများ ရုတ်တရက် တစ်နာရီကျော် ရွာချခဲ့ရာ စပျစ်ခြံများအားလုံး စပျစ်သီးများ မိုးသီးရိုက် ၍ ကြွေကျပျက်စီးသွားခဲ့သည်။ ရွာတန်း (၂၄)ရွာတွင် စပျစ်ခြံကို တစ်ဧကမှ (၁၀)ဧက အထိ စီးပွားဖြစ် စိုက်ပျိုး ကြ သည်။ စပျစ်စိုက် ဧက (၅၀၀)ကျော်ရှိပြီး စပျစ်ခြံပေါင်း (၃၀၀) ကျော်ရှိသည်။ ယခု ကဲ့သို့ မမျှော်လင့်ဘဲ မိုး သီးမိုးကြောင့် စပျစ်ခြံအားလုံး အသီးများကြွေ ကာ မိုးသီး ရိုက်၍ စပျစ်သီး အားလုံး ပျက်စီး ဆုံးရှုံးခဲ့သည်။ စပျစ်ခြံ တစ်ခြံလျှင် သိန်းပေါင်း (၁၀၀) ကျော် (၁၅၀)ခန့် ဆုံးရှုံး ပျက်စီးခဲ့ သည်။ စပျစ်ခြံ (၃၀၀)ကျော် မှ သိန်းပေါင်း (၅၀၀၀၀)ကျော် ပျက်စီးဆုံး ရှုံးသွားခဲ့သည်။

ကွမ်းရွက်ခြံ များတွင်လည်း မိုးသီးဒဏ် ကြောင့် ကွမ်းရွက် များ ပေါက်ပြဲ ပျက်စီးဆုံးရှုံး ကြ ရသည်။ အုတ်ဖိုအရှေ့ရွာမှ ဒေါ်သိန်းကြည် (၇၀)နှစ် မှာ မန်းကျည်းသီးဆွတ်ရာမှ မိုးသီး ဒဏ်ကြောင့် သေဆုံးသွား ခဲ့ရ သည်။ မိုးသီး မိုးကြောင့် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ် မြို့နယ်များ စပျစ်ခြံ၊ ကွမ်းခြံနှင့် ကြက်သွန် ခင်းများ ပျက်စီးသွားသဖြင့် သိန်းပေါင်း (၁၀၀၀၀၀)ကျော်ဖိုးခန့် ဆုံးရှုံးပျက်စီးသွား ခဲ့ရကြောင်း သိရသည်။

Credit To #The Messenger
ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ် မြို့ နယ်စပ်ရှိ ကျေးရွာ များတွင် ဧပြီလ (၇)ရက် နေ့က နှစ်ပေါင်း (၇၀)အတွင်း မကြုံစဖူး ထူး ထူးခြားခြား လက်ဘက်ရည် ပုဂံ လုံးခန့်ရှိ မိုး သီးမိုး များ ရွာသွန်း မှုကြောင့် အဖွား အို တစ်ဦး သေဆုံးသွားခဲ့ပြီး ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ စပျစ်ခြံများ ခြံ လုံးကျွတ် ပျက်စီး သွားကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်၊ ရွှေဓါးသာစည်အုပ် စုရှိ သာစည်၊ ညောင်ထောက် ၊ ဈေးညောင် ကိုင်း၊ လယ်ပြင်သာ၊ ပေတောကုန်း၊ ဆည် တွင်း၊ ဂွေးကုန်း၊ ဘုရားကုန်း၊ ထန်းလေးပင် နှင့် ရမည်းသင်းမြို့နယ်အတွင်း ရွာတန်းအုပ် စုတွင် ပါဝင်သည့် သဲကျွန်းအုပ်စု၊ ရွာတန်း လယ်သာအုပ်စု၊

ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ

 

ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင် ၀တ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့ နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသ တင်းတွေမှာ ဖော်ပြသွားပါတယ်။

နယ်မြေထဲကို တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လာဖို့ရှိတယ်လို့ ကြိုတင်သတင်းရထားချက်အရ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့ဝင် နဲ့  နယ်မြေအထူးလုံခြုံရေး တပ်ဖွဲ့တို့  ပူးပေါင်းပြီး စောင့်ကြပ် စစ်ဆေးရာ မှာ ဧပြီ ၂၁ ရက်နေ့ ည ၉ နာ ရီအချိန်လောက်က  မှန်လုံကားအဖြူရောင် ၂ စီးပေါ်ပါလာတဲ့သူတို့ကို

၁၁ နှစ်အရွယ် ယောင်္ကျားလေးနှင့် မကြာခဏလိင်ဆက်ဆံပြီး ဗီဒီယို ရိုက်ကူးမှုကြောင့် အမျိုးသမီးတစ်ဦး ထောင်ချခံရ

 
 
 
 
 
 
အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီ မှာ  နေထိုင်တဲ့ အသက် (၃၃) နှစ် အရွယ်ရှိ ပါလီရာစီယို အမည် ရ အမျိုးသမီး တစ် ဦးဟာ အသက် (၁၁) နှစ် အရွယ် ကလေး ငယ် တစ်ဦး နဲ့ ပေါင်းသင်း နေထိုင် ခဲ့လို့ ထောင် ဒဏ် အနှစ် (၂၀) ချမှတ် ခြင်း ခံရကြောင်း သိရှိ ရပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်နဲ့ ပေါင်းသင်း နေ စဉ် အတွင်း ဗီဒီယိုရိုက်ကူးမှုတွေကို ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့ပါတယ်။

ပါလီရာစီ ယိုဟာ ၂၀၀၉ ခုနှစ်၊ မေလ ကနေ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ အထိ အသက်(၁၁)နှစ်