Friday, April 25, 2014

နေအိမ်အတွင်း အိပ်ပျော်နေစဉ် ဆင်းနင်းခံရ၍ နှစ်ဦးသေဆုံး

ကလေးဝ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာနှင့် မန်ဖာလေးကျေးရွာတို့တွင် ယခုလ ၂၄ ရက် နံနက် ၄ နာရီအချိန်က ဆင်းတစ်ကောင်က အစွယ်ဖြင့်ထိုးကာ နင်းခဲ့သည့်အတွက် လူနှစ်ဦးသေဆုံးခဲ့သည်ဟု ကလေးဝမြို့နယ် သစ်တောဦးစီးမှူးရုံးက ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြော သည်။

အဆိုပါ ဆင်နင်း၍ လူနှစ်ဦးသေဆုံးသည့်နေရာသို့ မြို့နယ်သစ်တောဦးစီးမှူး ဦးကောင်းညွှန့်နှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ယခုလ ၂၄ ရက် နံနက် ၄နာရီအချိန်က ကလေးဝ - မော်လိုက် ကားလမ်းအနီးရှိ နန်းစလိန်ကျေးရွာနေ ဦးအဲညီထွေးဆိုသူသည် ၎င်း၏ နေအိမ်၌ အိပ်ပျော်နေစဉ် ဆင်တစ်ကောင်က အိမ်ဝင်းအတွင်းသို့ ၀င်ရောက်လာပြီး ဦးအဲညီထွေးကို အစွယ်ဖြင့် ထိုးကာ နင်းသတ်ခဲ့ခြင်းဖြစ်သည်။
၎င်းဆင်သည် ထို့နေ့ နံနက် ၇ နာရီက မန်ဖာလေး ကျေးရွာအနီးရှိ ဦးဘသောင်၏ လယ်စောင့်တဲအား

FMI CITY ဝင်းရှိ ရေကူးကန် သန့်စင်ခန်း၌ အမျိုးသားတစ်ဦး သေဆုံး

လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ပဒေသာပင် လမ်းမကြီးဘေးရှိ ရေကူးကန်၏ သန့်စင်ခန်းတွင် ဧပြီလ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦး နှုတ်ခမ်းများ ပြာနှမ်းကာ ဦးခေါင်းနောက်ပိုင်း ကွဲရှဒဏ်ရာဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။

သေဆုံးသူ အမျိုးသားမှာ အမှတ် (၄) ရပ်ကွက်၊ ကန်သာယာလမ်းရှိ ကွန်ဒိုတွင် နေထိုင်သူ စင်ကာပူနိုင်ငံပိုင် Global သင်္ဘောလိုင်း၌ တတိယတန်း အင်ဂျင်နီယာ အဆင့်ဖြင့် အလုပ်လုပ်ကိုင်နေသူ

ပိုက်လိုင်းလုံခြုံရေး ဆောင်ရွက်နေသော လွယ်ဂျက် လုံခြုံရေး ကင်းစခန်းအား TNLA အဖွဲ့မှ အင်အားသုံး တိုက်ခိုက်မှုကြောင့် စစ်သည် တစ်ဦးနှင့် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရ

နမ့်ခမ်းမြို့နယ် တောင်ဘက် မိုင်(၂၀)ခန့်အကွာတွင် တပ်မတော်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်နေသော လွယ်ဂျက် လုံခြုံရေး ကင်းစခန်းအား ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA ) အဖွဲ့မှ အင်အားသုံး တိုက်ခိုက်မှု ကြောင့် စစ်သည်တစ်ဦးနှင့် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။
အဆိုပါ ကင်းစခန်းတွင် ပိုက်လိုင်းလုံခြုံရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်(၆)ဦး ခန့်သာ ရှိပြီး TNLA အဖွဲ့မှ အင်အား (၇၀)ဦးခန့်ဖြင့် ၀င်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ၇ နာရီခန့်တွင် ပြန်လည်
တံတားကြီးကို အမှီပြုပြီး ကလေးတွေကို စာသင်ပေးခဲ့တယ်

ပုံမှာ စာသင်နေတာကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၏ တံတားအောက် တစ်နေရာပင် ဖြစ်ပါတယ်။ ကျောင်းမနေနိုင်တဲ့ ကလေးအယောက် ၅၀ ကို တစ်နေ့ကို နှစ်နာရီခန့် စာသင်ကြား ပေးခဲ့ပါတယ်။ သင်ကြားပေးတဲ့ သူတွေက ကျောင်းဆရာတွေ မဟုတ်ဘဲ တက္ကသိုလ် ကျောင်းသားများသာ ဖြစ်ပါတယ်။

ထိုသူနှစ်ယောက်ဟာ ကျောက်သင်ဘုန်း အဖြစ် တံတားနံရံများကို အသုံးပြုခဲ့ကြပါတယ်။ ကလေးများကလည်း စာသင်ခုန်တွေနဲ့ စာသင်ရတာ မဟုတ်ပါဘူး။ မြေပြေင်ပေါ်မှာပဲ မောက်လျက်စာရေး ရတာဖြစ်ပါတယ်။

ထိုသူနှစ်ယောက်ဟာ ကလေးတွေကို စာပဲ သင်ပေးတာ မဟုတ်ဘဲ လိုအပ်သော အသုံးအဆောင် ပစ္စည်းတစ်ချို့ကိုလည်း ထောက်ပံပေးခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီမှ တက္ကသိုလ် ကျောင်းသား နှစ်ယောက်၏ ပညာရေး အပေါ် လေးစားတန်ဖိုးထားမူ ကတော့ ချီးကျူး စရာပင် ဖြစ်လို့ မျှဝေပေးလိုက်ရပါတယ်။  

ကျော်လင်းနိုင် (ရိုးရာလေး)
တံတားကြီးကို အမှီပြုပြီး ကလေးတွေကို စာသင်ပေးခဲ့တယ်ပုံမှာ စာသင်နေတာကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၏ တံတားအောက် တစ်နေရာပင် ဖြစ်ပါတယ်။ ကျောင်းမနေနိုင်တဲ့ ကလေးအယောက် ၅၀ ကို တစ်နေ့ကို နှစ်နာရီခန့် စာသင်ကြား ပေးခဲ့ပါတယ်။ သင်ကြားပေးတဲ့ သူတွေက ကျောင်းဆရာတွေ မဟုတ်ဘဲ တက္ကသိုလ် ကျောင်းသားများသာ ဖြစ်ပါတယ်။
ထိုသူနှစ်ယောက်ဟာ ကျောက်သင်ဘုန်း အဖြစ် တံတားနံရံများကို အသုံးပြုခဲ့ကြပါတယ်။ ကလေးများ ကလည်း စာသင်ခုန်တွေနဲ့ စာသင်ရတာ မဟုတ်ပါဘူး။ မြေပြေင်ပေါ်မှာပဲ မောက်လျက်စာရေး ရတာဖြစ်ပါတယ်။

ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ

Photo: ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ
Friday, April 25, 2014

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော်မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ ကျွန်မ တာလတ်ရွာက မူလတန်းပြဆရာမပါ။ တာလတ်ရွာမှာ လီဆူးတိုင်းရင်းသားနဲ့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိပါတယ်။ တာလတ်ရွာက သမီးတို့ထွက်ပြေးလာတာ မတ်လဆန်းကပါ။ မှတ်မှတ်ရရ ကျွန်မ ခင်ပွန်းရဲ့ ဖခင်ရက်လည်ပြီးနောက်ရက်ကပါ။ သမီးတို့ ရွာကိုလွန်ခဲ့တဲ့နှစ်ကလည်း ပလောင်စစ်တပ်(TNLA)က စစ်သားတွေလာတယ်။ ရွာမှာပလောင်စစ်သားလာစုဆောင်းတာပါ။ ရွာမှာရှိတဲ့ လူငယ်လူရွယ်တွေကထွက်ပြေးပြီး အမျိုးတွေရှိရာ လားရှိုး၊ နမ္မတူ၊ ကျောက်မဲဘက်ပြေးကြရတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပလောင်စစ်တပ်က လူသစ်လာစုတယ်။ ဖေဖော်ဝါရီ(၂၈)ရက်နေ့ ညသန်းခေါင်လောက်မှာ လူ ၂ ယောက် ရွာကိုရောက်လာတယ်။ သူတို့နှစ်ယောက်စလုံး ယူနီဖောင်းဝတ်ထားတယ်။ ပလောင်စကားပြောတယ်။ သမီးရဲ့ယောက်ကထီး ဦးမောင်စိန် နဲ့စိုင်းမြင့်အောင်တို့ (၂)ယောက်ကို လာခေါ်သွားတယ်။ သူတို့လာခေါ်တာ ရွာက လူတွေမြင်လိုက်ကြပါတယ်။ နောက်နေ့ မနက်ရောက်တော့ ဦးမောင်စိန်နဲ့ စိုင်းမြင့်အောင်တို့ကို လက်ဖက်ခြံထဲမှာ သေနေတာတွေ့ကြရတော့ တစ်ရွာလုံးကြောက်ကြတယ်။ ဒါနဲ့ ရက်လည်ပြီးနောက်နေ့မှာ ကျွန်မတို့ နေရပ် စွန့်ခွာထွက်ပြေးလာရပါတယ် ’’ ဟု နေရပ်စွန့်ခွာလာသူ မဖြူဖြူဝင်းက ပြောသည်။

“ ဒီရွာကိုရောက်လာတဲ့ လီဆူးအိမ်ထောင်စုပေါင်း(၅၇)အိမ်ထောင်စုပါ လူပေါင်း(၂၇၀)ရှိပါတယ်။ ကလေး သူငယ်(၈၀)လောက်ပါတယ်။ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်း ပါတယ်။ တစ်ရွာလုံးပြေးလာတာ လောလောဆယ်သူတို့ကို အီနိုင်းရွာမှာရှိတဲ့ လီဆူးတိုင်းရင်းသားတွေနေထိုင်ရာ အနီးအနားမှာ နေရာချထားပေး ပါတယ်။ လတ်တလောမှာ သူတို့အလုပ်အကိုင်မရှိတော့ စားဝတ်နေရေးခက်ပါတယ်။ စေတနာရှင်တွေလာပြီး လှူတာ၊ ကူညီတာနဲ့ လောလောဆယ်ဘ၀ရပ်တည်နေကြပါတယ်။ လီဆူးအမျိုးသားအချို့ကတော့ ပြောင်းခြံပိုင် ရှင်တွေက နေ့စားအလုပ်သမားအဖြစ် ခေါ်ခိုင်းနေပါတယ် ” ဟု အီနိုင်းကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လီဆူးတိုင်းရင်းသားအများစုမှာ လက်ဖက်စိုက်ပျိုးခြင်းအပေါ် လုံးဝမှီခိုဘ၀ရပ်တည်နေသူများဖြစ်ပြီး၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် ဘ၀ကို ရိုးရိုးသားသားဖြတ်သန်းသူများဖြစ်ကြောင်းကိုလည်း လီဆူးတိုင်းရင်းသား လူငယ်တစ်ဦးက “ ပလောင်စစ်တပ်က စားစရာနဲ့ငွေကြေးကောက်ခံတော့ များများမပေးနိုင်ပါဘူး။ လူတွေ ကလည်း ပလောင်စစ်တပ်ထဲ မလိုက်ချင်ကြပါဘူး။ ရိုးရိုးသားသားပဲ လုပ်စားချင်တယ်။ မိသားစုတွေကလည်း များတယ်။ အခုလို နေရပ်စွန့်ပြေးရတော့ လောလောဆယ်အလုပ်ရှာလုပ်ရပါတယ်။ အလုပ်မရွေးလုပ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့စားရတဲ့ငွေနဲ့စားလို့ မလောက်တော့ ခက်တာပေါ့ ” ဟု ပြောသည်။

မမ - ရှမ်းမြောက် (လားရှိုး)
Hot News
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော်မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ ကျွန်မ တာလတ်ရွာက မူလတန်းပြဆရာမပါ။ တာလတ်ရွာမှာ လီဆူးတိုင်းရင်းသားနဲ့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိပါတယ်။ တာလတ်ရွာက သမီးတို့ ထွက်ပြေးလာတာ မတ်လဆန်းကပါ။ မှတ်မှတ်ရရ ကျွန်မ ခင်ပွန်းရဲ့ ဖခင်ရက်လည်ပြီးနောက်ရက်ကပါ။ သမီးတို့

သံဃာတော်များအား သင်္ကန်းချွတ်၍ နပမ်းလုံးရန် ပြောကြားသည်အထိ NLD ပါတီဝင်များက စော်ကား ဟု ဆို


သံဃာတော်များအား သင်္ကန်းချွတ်၍ နပမ်းလုံးရန် ပြောကြားသည်အထိ NLD ပါတီဝင်များက စော်ကား ဟု ဆို

Friday, April 25, 2014

သံဃာတော်များအား လူများလှူသည် ဆွမ်းတစ်နပ်စားပြီး ဒီမိုကရေစီကို ထိခိုက်ပြောဆိုသည် ဟု စွပ်စွဲပြောကြားပြီး သင်္ကန်းချွတ်ပြီး နပမ်းလုံးရန် စိန်ခေါ်ခဲ့သည့် ဘာသာ၊ သာသနာကို စော်ကားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အထက်ပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ ညနေ ၄နာရီခန့်က မြိတ်ခရိုင်ကျွန်းစုမြို့နယ်ညောင်ဘီးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ စော်ကားခဲ့သူ ကာယကံရှင်များနှင့် NLD ပါတီ တာဝန် ရှိသူများက တရားဝင် လူသိထင်ရှား သိရှိစေရန် ၀န်ချတောင်းပန်ရန် အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်း ဦးဆောင်သံဃာတော်များ၊ မြန်မာအမျိုးသားကွန်ရက်တာဝန်ရှိသူများ၊ အမျိုး ဘာသာ သာသနာ မြှင့်တင်ရေးကွန်ရက် နှင့် တက်ကြွသော မျိုးချစ်လူငယ်များက တောင်းဆိုထားကြောင်း သိရှိရသည်။

“NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့ ဒေါ်တင်တင်ရီရယ်၊ ကျွန်းစုမြို့နယ် NLD ဥက္ကဌ ဦးကိုကိုလေးရယ် ဦးဆောင်တဲ့ NLD ပါတီဝင် စုစုပေါင်း ၁၅ ယောက်လောက်ရှိမယ်။ ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၄ နာရီလောက်မှာ ညောင်ဘီး ကျေးရွာ ဓမ္မရခက္ခိတကျောင်း ကို ရောက်လာတယ်။ ဆရာတော် ဦးစင်္ကြာသီလက သူတို့ကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအကြောင်းကို မေးတယ်။ ကောင်းကောင်း မွန်မွန် ပြန်မဖြေနိုင်ဘူး။ ကျန်တဲ့ ရွာသူရွာသားတွေလည်း ရှိတယ်။ NLD ပါတီ အရှက်ကွဲသွားရတယ်။ အဲဒီမှာပဲ NLD က ဒေါ်အေးစန်း ဆိုတဲ့ အမျိုးသမီးက မိုက်မိုက်ရိုင်းရိုင်း စော်စော် ကားကား ပြောတယ်။ ဘုန်းကြီးတွေက လူတွေ လှူတဲ့ ဆွမ်း စားပြီး ဒီမိုကရေစီကို ထိခိုက်အောင် ပြေတယ်။ နိုင်ငံရေး အကြောင်း ဘာမှ နားမလည်ညဲနဲ့ NLD ကို စော်ကားတယ်။ ဒီလို စော်ကားတာကို မခံဘူး။ သင်္ကန်းချွတ်ပြီး နပမ်းလုံးရအောင် ဆိုပြီး တော်တော်ကြီးကို ဆိုးဆိုးရွားရွား ပြောတယ်ဗျာ။ NLD ပါတီက ဒီလို လုပ်တာ မြင်ရတော့ ကျွန်တော်တို့ တော်တော်လေး ခံစားရပါတယ်။ ကြောက်လည်းကြောက်မိတယ်။ သံဃာတော်တွေကို ဒီလိုမျိုး ပြောရဲတာ၊ ပြောနေတာတွေကို ဘယ်လိုမှ မခံစားနိုင်ဘူး။ အဲဒီမှာ ရှိတဲ့ လူတွေအတော်များများ ငိုကြယိုကြနဲ့ပေါ့” ဟု ညောင်ဘီးကျေးရွာမှ ဦးအောင်နိုင်စန်းက ပြောကြားသည်။

ထို့အပြင် ထိုသို့ အချင်းများသည့်အချိန်တွင်  ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးကိုလေးကလည်း လူလိမ္မာ စကားကို ယုံ၊ လူမိုက်စကားကို မယုံရန်၊ ၀ိနည်း မညီ၊ သီလ မရှိ ၊ နိုင်ငံရေး လုပ်နေသည့် ဘုန်းကြီးမျိးကို တရားစွဲမည် ဟု ဆဲဆို ကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ညောင်ဘီး ကျေးရွာ NLD အတွင်းရေးမှူး ဦးခင်မောင်ဝင်းကလည်း နိုင်ငံရေး လုပ်မည် ဆိုလျှင် သင်္ကန်းကို အရင်ချွတ်ပြီး လုပ်ပါဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

“အဲဒီမှာ အတူပါလာတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီကို ဒေါ်အေး စန်းက ပြောတယ်။ ဒီဘုန်းကြီး ဦးစင်္ကြာသီလကို တရားစွဲပေးပါ ဆိုပြီး။ လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့ ဒေါ်တင်တင်ရီက ဆရာတော်ကို တရားစွဲမယ်။ ထောင်ချပစ်မယ် ဆိုပြီး ပြေတယ်။ တွေးကြည့်တာနဲ့ ကျောချမ်းစရာ ကြောက်စရာ ကောင်းပါတယ်ဗျာ” ဟု ဦးအောင်နိုင်စန်းက ပြောဆိုသည်။ 

“ဘုန်းကြီးတို့ အသေးစိတ် မေးမြန်းထားပါတယ်။ ခုချိန်ထိ ကြားသိရသလောက်ကတော့ ဦးစင်္ကြာသီလ ပြောတာ အမှား မပါဘူး လို့ သိရပါတယ်။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးနဲ့ လူ့အခွင့်အရေး ဘယ်ဟာကို အလေးထားမလဲ မေးတယ်။ ကိုယ့်အမျိုး ဘာသာ သာသနာကို မစောင့်ရှောက်နိုင်တဲ့ နိုင်ငံရေး ပါတီ၊ မစောင့်ရှောက်ချင်တဲ့ နိုင်ငံရေးပါတီဟာ နိုင်ငံတော်နဲ့ ပြည်သူကို ဘယ်လို ကာကွယ်စောင့်ရှောက်မလဲ ဆိုပြီး မေးတယ် လို့ သိရပါတယ်။ ဘာပဲ ပြောပြော သံဃာတော်တွေကို ဒီလိုမျိုး နင်ပဲငဆ စော်ကားတာမျိုးကတော့ ခွင့်လွှတ်စရာ မရှိပါဘူး။ အဲဒီမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပါတယ်။ သူကိုယ်တိုင်က သံဃာတော်တွေကို စော်ကားတာကို တားဆီးခြင်း မရှိဘူး။ တရားစွဲဆိုနိုင် အောင် လုပ်မယ် ဆိုပြီး အားပေးအားမြှောက် ပြုတယ် ဆိုပြီး သိရပါတယ်။ အသေးစိတ် သိရပြီးရင်တော့ ဘုန်းကြီးတို့အနေနဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်တွေကို တရားဝင် တောင်းဆိုချက် ပို့သွားမှာပါ” ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ။ သံဃာကို သင်္ကန်းချွတ် နပမ်းလုံးရအောင် ဆိုပြီး ပြောတာကတော့ လက်ခံနိုင်စရာ လုံးဝ မရှိဘူး။ သံဃာတွေကတော့ မေတ္တာသမားတွေ ဖြစ်တဲ့အတွက် သည်းခံနိုင်ရင် သည်းခံနိုင်လိမ့်မယ်။ နိုင်ငံရေးလုပ်ချင်ရင် သင်္ကန်းချွတ်လိုက် ဆိုတဲ့ စကားက ဒေါ်စု အမာခံတွေ လူမှုကွန်ရက်မှာ ပြောနေတဲ့ စကားပဲ။ ဒါဟာ NLD ရဲ့ မူဝါဒလား ကျွန်တော်တို့ အလေးထား စဉ်းစားရတော့မယ်။ NLD ပါတီက တာဝန်ရှိသူတွေကိုယ်တိုင် အမျိုး ဘာသာ သာသနာကို စော်ကားနေတာ အကြိမ်ကြိမ် ရှိနေပြီ။ ဒီပါတီဟာ အာဏာရဖို့ ဘာမဆိုလုပ်မယ့် ပါတီ။ သံဃာကို စော်ကားတယ်။ သာသနာကို စော်ကားတယ်။ ဒီလို ပါတီမျိုးကို ကျွန်တော်တို့ လက်ပိုက် ကြည့်မနေနိုင်ဘူး။ သံဃာတော်ကို သင်္ကန်းချွတ်၊ နပမ်းလုံးမယ် ဆိုတဲ့စကား ဘ်ာဗုဒ္ဓဘာသာဝင် ပြောရဲသလဲ။ ပါးစပ်က ဘယ်လို ပြောထွက်မလဲ။ စဉ်းစားကြည့်။ အခု NLD က လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် တောင်းပန်တာ မလုပ်တဲ့အပြင် သံဃာတော်ကို တရားစွဲမယ် ဆိုပြီး အလိုတူအလိုပါ လုပ်တယ်။ ဒီလွှတ်တော် ကိုယ်စားလှယ်မှာလည်း တာဝန်ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချပါတယ်။ NLD ပါတီ ဥက္ကဌ ကိုယ်တိုင် သံဃာတော်တွေကို တောင်းပန်ပါ။ တောင်းပန်တာ မလုပ်ဘူး ဆိုရင် သာသနာကို စော်ကားမှု၊ သံဃာကို စော်ကားမှုနဲ့ ကျွန်တော်တို့ကိုယ်တိုင် တရားစွဲမယ်။ NLD လုပ်ရပ်တွေက တဖြည်းဖြည်းနဲ့ လွန်လာပြီ။ NLD တာဝန်ရှိသူတွေကိုယ်တိုင် မြှောက်ပင့်ပေးနေတာ တွေ့နေရပြီ” ဟု တက်ကြွသောမျိုးချစ်လူငယ်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

“ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စကို NLD ပါတီ အမြန်ဆုံး ဖြေရှင်းပေးပါ။ ၀န်ချတောင်းပန်ပေးပါ လို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ လွှတ်ပေးထားလို့ မရတော့ဘူး။ ခုဟာက ဗုဒ္ဓမြတ်စွာဘုရားရှင်ကို စိဉ္စမာဏ စော်ကားတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ အနေနဲ့ မဆိုင်သလို ကြည့်နေလို့ မရတော့ဘူး။ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အမြန်ဆုံး ၀န်ချ တောင်းပန်ဖို့ တောင်းဆိုပါတယ်” ဟု အမျိုး ဘာသာ သာသနာ မြှင့်တင်ရေးကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောကြားသည်။ 

ယခုကဲ့သို့ သံဃာတော်အား မကြံကောင်းမစီရာ စော်ကားခြင်းနှင့်ပတ်သက်၍ NLD ပါတီ တာဝန်ရှိသူများက မည်သို့ ဖြေရှင်းဆောင်ရွက်မည်ကို အလေးထား စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(ဓာတ်ပုံ_ကျွန်းစု NLD ပါတီ ဥက္ကဋ္ဌဦးကိုလေးနှင့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီတို့အား တွေ့ရစဉ်) 

P-874629302654
သံဃာတော်များအား လူများလှူသည် ဆွမ်းတစ်နပ် စားပြီး ဒီမိုကရေစီကို ထိခိုက်ပြောဆိုသည် ဟု စွပ်စွဲပြော ကြားပြီး သင်္ကန်း ချွတ်ပြီး နပမ်းလုံးရန် စိန်ခေါ်ခဲ့သည့် ဘာသာ၊ သာသနာကို စော်ကား သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
အထက်ပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ ညနေ ၄နာရီခန့်က မြိတ်ခရိုင်ကျွန်းစု မြို့နယ်ညောင်ဘီးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ စော်ကားခဲ့သူ ကာယကံရှင် များနှင့် NLD ပါတီ တာဝန် ရှိသူများက တရားဝင် လူသိထင်ရှား သိရှိစေရန် ၀န်ချတောင်းပန်ရန် အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်း ဦးဆောင် သံဃာတော်များ၊ မြန်မာအမျိုးသား

လိင် အကြမ်းဖက် (၂၁) နိုင်ငံ စာရင်းထဲ မြန်မာ ပါနေဆဲ


Photo: လိင် အကြမ်းဖက် (၂၁) နိုင်ငံ စာရင်းထဲ မြန်မာ ပါနေဆဲ
Friday, April 25, 2014

ပဋိပက္ခတွေအတွင်း လက်နက်ကိုင်အဖွဲ့တွေက အမျိုးသမီးတွေ အပေါ်အဓမ္မကျင့်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံပေါင်း လက်ရှိ (၂၁) နိုင်ငံရှိကြောင်း မနေ့က အသစ် ထုတ်ပြန်လိုက် တဲ့ ကုလသမဂ္ဂ အစီရင်ခံစာက ဖေါ်ပြခဲ့ရာ မှာ မြန်မာနိုင်ငံဟာလည်း စာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း အာရှ၊ အာဖရိက၊ တောင်အမေရိက၊ အရှေ့အလယ်ပိုင်း နဲ့ ဥရောပတိုက်တွေ မှာ ရှိတဲ့ နိုင်ငံပေါင်း (၂၁) နိုင်ငံက စစ်တပ်၊ ပြည်သူ့စစ်၊ သူပုန် စတဲ့ လက်နက်ကိုင်အဖွဲ့ (၃၄) ဖွဲ့ဟာ အမျိုးသမီး တွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ ကြတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသူတွေအပေါ် အစိုးရတပ်ဖွဲ့တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင်၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နဲ့ပတ်သက် ပြီး စုံစမ်း စစ်ဆေးအရေးယူဖို့၊ ကုလသမဂ္ဂ နဲ့အတူ ပူးပေါင်း ဆောင်ရွက်ဖို့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအကူအညီနဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံရသူတွေကို ထိထိ ရောက်ရောက်အကာအကွယ်ပေးနိုင်မယ့် မူဝါဒတွေ ချမှတ်နိုင်အောင် ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်း က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမိးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုရေးသားမှု တွေ အများအပြားတွေ့ရှိလာနေ ရကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ကြောင်း၊ ကျူးလွန်သူ တွေ ဟာ လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်ပြီး၊ အကြမ်းဖက်ခံရသူတွေထဲမှာ အသက် (၇) နှစ်အထိ ငယ်ရွယ်တဲ့ မိန်းကလေးတွေပါဝင်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

RFA
ပဋိပက္ခတွေအတွင်း လက်နက်ကိုင်အဖွဲ့တွေက အမျိုးသမီးတွေ အပေါ်အဓမ္မကျင့်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေ ပေါ်ပေါက် ခဲ့တဲ့ နိုင်ငံပေါင်း လက်ရှိ (၂၁) နိုင်ငံရှိကြောင်း မနေ့က အသစ် ထုတ်ပြန်လိုက် တဲ့ ကုလသမဂ္ဂ အစီရင်ခံစာက ဖေါ်ပြခဲ့ရာ မှာ မြန်မာနိုင်ငံ ဟာလည်း စာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း အာရှ၊ အာဖရိက ၊ တောင်အမေရိက၊ အရှေ့အလယ်ပိုင်း နဲ့ ဥရောပ တိုက်တွေ မှာ ရှိတဲ့ နိုင်ငံပေါင်း (၂၁) နိုင်ငံက စစ်တပ်၊ ပြည်သူ့စစ်၊ သူပုန် စတဲ့ လက်နက်ကိုင်အဖွဲ့ (၃၄) ဖွဲ့ဟာ အမျိုးသမီး တွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ ကြတယ်လို့

အမေရိကန်-တရုတ် နဲ့ ကချင်ပြည်နယ်အရေး

Photo: အမေရိကန်-တရုတ် နဲ့ ကချင်ပြည်နယ်အရေး

ဧပြီလ ၂၅ ရက် ၂၀၁၄ ခုနှစ်

ဗမာအစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတုန်းမှာ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ (၄) ဦး ကိုယ်စားလှယ်အဖွဲ့ ဧပြီလ (၁၃) ရက်နေ့က ဝါရှင်တန်ဒီစီမြို့ တော်ကို ရောက်ရှိလာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဖိတ်ကြားလို့ ရောက်လာတာပါ။ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် Samantha Power အပါအဝင် အမေရိကန်အစိုးရ ထိပ်တန်းအရာထမ်းတွေနဲ့ တွေ့ဆုံပြီး ဧပြီလ (၁၉) ရက်နေ့မှာ ဆွေးနွေးပွဲပြိးဆုံးကြောင်း သိရှိရပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမေရိကန်ကူညီမယ်လို့ ဗိုလ်ချုပ်ဂွမ်မော်ကို ပြောကြားလိုက်ကြောင်း သိရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ပိုင်းမှာ အမေရိကန်တပ်က စစ်ဆင်ရေးလုပ်တဲ့အခါ အမေရိကန်စစ်သားတွေရဲ့ အသက်ကို ကချင်ပြောက်ကျားတွေက ကယ်ဆယ်ခဲ့လို့ နောက်ဆုံးအောင်ပွဲခံပုံကို နိုင်ငံခြားရေးဌာန၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးရာ လက်ထောက်နိုင်ငံခြားဝန်ကြီး Tom Malinowski က ဧပြီလ (၁၉) ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ချီးကျူးဂုဏ်ပြုထားပါတယ်။ (၁၇) နှစ် အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည်ဖြစ်ပွားတဲ့ ကချင်ပြည်နယ်စစ်ပွဲဟာ ပြည်တွင်းရေးသာ မဟုတ်တော့ဘဲ အပြည်ပြည်ဆိုင်ရာအရေးအဖြစ် အသွင်ဆောင်လာတဲ့သဘော ဖြစ်ပါတယ်။

ဒါပေမဲ့ ကချင်အရေးနဲ့ တိုက်ရိုက်ပတ်သက်နေသူဟာ တရုတ် ဖြစ်ပါတယ်။ အရင်က KIA နဲ့ရော ဗမာအစိုးရနဲ့ရော လက်တွဲလုပ်ကိုင်ခဲ့တဲ့ တရုတ်ဟာ KIA နဲ့ ဗမာအစိုးရ စစ်ဖြစ်တဲ့အခါမှာ နစ်နာဆုံးရှုံးစရာတွေ အများကြီးရှိလာပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေးကိုပါ ထိခိုက်လာတဲ့အတွက် ကချင်ပြဿနာမှာ တရုတ်ပါဝင်လာရပါတော့တယ်။ ပြည်တွင်းရေး မစွက်ဖက်ရေးလမ်းစဉ်ကနေ ပြည်တွင်းရေး ကူညီရေးလမ်းစဉ်ကို တရုတ်က ကျင့်သုံးလာပါတယ်။ KIA နဲ့ ဗမာအစိုးရ ရွှေလီမှာ ဆွေးနွေးနိုင်အောင် တရုတ်က စီစဉ်ပေးပါတယ်။ အိမ်နီးချင်းနိုင်ငံရဲ့  ပြည်တွင်းရေးပဋိပက္ခမှာ ပထမဦးဆုံးအကြိမ် တရုတ်ကကြားဝင် ဖြန့်ဖြေပေးတာ ဖြစ်ပါတယ်။ ပြည်တွင်းက ဆွေးနွေးပွဲတွေကိုလည်း တရုတ်က တက်ရောက်ပါတယ်။ ကချင်ပြဿနာဟာ တရုတ်အစိုးရရဲ့  မဟာဗျူဟာဆိုင်ရာ အကျပ်အတည်း ဖြစ်လာပါတယ်။

ကချင့်အရေးဟာ ဒေသအရေးကနေ နိုင်ငံတကာအရေး ဖြစ်သွားမှာကို တရုတ်က အလွန်စိုးရိမ်တယ်လို့ Stimson Center က တရုတ်အမျိုးသမီးသုတေသီ ယွန့်စွန် (Yun Sun) က ဆိုပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလထုတ် စာတမ်းမှာ သုံးသပ်ထားတာ ဖြစ်ပါတယ်။ ၂၀၁၃ မတ်လက ကျင်းပတဲ့ ရွှေလီဆွေးနွေးပွဲမှာ အခြားနိုင်ငံတွေပါဝင်ဖို့ ဖိတ်ခေါ်တဲ့စာပိုဒ်ကို တရုတ်က ကန့်ကွက်လို့ ဖျက်သိမ်းပေးလိုက်ရတဲ့အတွက် နောက်ပိုင်း တရုတ်ပြည်မှာ မဆွေးနွေးတော့တာလို့ ဆိုပါတယ်။ ဒါကြောင့် မြစ်ကြီးနားမှာ ကျင်းပတဲ့ မေလ ဆွေးနွေးပွဲကျမှ ကုလသမဂ္ဂကိုယ်စားလှယ်ကို ဖိတ်ခေါ်နိုင်တာ ဖြစ်ပါတယ်။ ကချင်ပြဿနာ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂနဲ့ တရုတ်ဟာ လေ့လာသူအဆင့်က ပါဝင်လာပါတယ်။ ဒါပေမဲ့ ကချင်အရေးမှာ အမေရိကန်ပါလာမှာကို တရုတ်အကြောင်းဆုံး ဖြစ်တယ်လို့ ယွန့်စွန် က ဆိုပါတယ်။

စစ်အစိုးရနဲ့ ရယူခဲ့တဲ့ သဘောတူချက်ဟာ အာမခံသူမရှိတဲ့အတွက် ခိုင်မာအားနည်းတာလို့ KIA ဖက်က ယူဆပါတယ်။ ဒါကြောင့် တရုတ်အပြင် ကုလသမဂ္ဂ၊ ဗြိတိန် နဲ့ အမေရိကန်လည်း ပါဝင်သင့်တယ်လို့ ကချင်ဖက်က မြင်ပါတယ်။ ကချင်ပြောတာကိုချည်း နားမထောင်ဘဲ အပြန်အလှန် ဆွေးနွေးတာကို သိရအောင်။ လေ့လာသူအဖြစ် နိုင်ငံတကာကိုယ်စားလှယ်တွေ တက်ရောက်တာကို ဗမာအစိုးရဖက်ကလည်း လိုလားပါတယ်။ ဒါပေမဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ပါဝင်တာဟာ မိမိအကျိုးစီးပွားကို ထိခိုက်နိုင်တယ်လို့ တရုတ်က မြင်ပါတယ်။ ကချင်အရေးကို (၂) နိုင်ငံ ဖြေရှင်းရမယ့် ပြဿနာအဖြစ်သာ တရုတ်က မြင်ပါတယ်။ အမေရိကန် ပါဝင်လာရင် ကချင်ပြည်နယ်မှာသာမကဘဲ တပြည်လုံးမှာပါ တရုတ်သြဇာအရှိန်အဝါ ကျဆင်းလာနိုင်တယ်လို့မြင်ကြောင်း ယွန့်စွန် က ဖော်ပြပါတယ်။

ကချင်ပြည်နယ်ဟာ ယူနန်ပြည်နယ်နဲ့ ဆက်နေတာမို့ တရုတ်အကျိုးစါးပွားနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ကချင်ပြဿနာ ဖြေရှင်းရာမှာ မလွှဲမသွေ တရုတ်ပါဝင်လာရပါတယ်။ အမေရိကန်ကတော့ ဒီလို မဟုတ်ပါဘူး။ ကချင်အရေးကို ဦးသိန်းစိန်အစိုးရရဲ့  ပြုပြင်ရေးလုပ်ငန်းတခုအနေနဲ့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ စာနယ်ဇင်း၊ အန်ဂျီအို နဲ့ ဒီမိုကရေစီသမားတွေ ဝိုင်းဝန်းတိုက်တွန်းတာဟာလည်း ကချင်အရေးကို အမေရိကန် အာရုံစိုက်ရတဲ့အကြောင်းရင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် ကချင်အရေးကို အမေရိကန်မှာ အလေးထားဖို့ကိစ္စဟာ လော်ဘီလုပ်နိုင်တဲ့ အတိုင်းအတာပေါ်မှာ မူတည်နေပါတယ်။

အမေရိကန်ပြည်နယ်အသီးသီးမှာ ရှိနေကြတဲ့ ကချင်အသင်း (၂၀) ကျော်ကို စုပေါင်းထားတဲ့ ကချင်မဟာမိတ်အဖွဲ့ Kachin Alliance ဆိုတာရှိပြီး သမ္မတအိုဘားမားဆီကို စာရေးတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ ကွန်ဂရက်လွှတ်တော်ကို ဦးတည်တဲ့ ကချင်လော်ဘီအုပ်စုကိုတော့ သတိမထားမိသေးပါဘူး။ အီးယူဥရောပအဖွဲ့နဲ့ အာဆီယံအသင်းတို့ရဲ့  ပူးပေါင်းဆောင်ရွက်မှုကြောင့် အာချေ လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့ အင်ဒိုနီးရှားအစိုးရတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ရယူနိုင်တာဟာလည်း ကချင်အတွက် သင်ခန်းစာတခု ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာပါဝင်လာလို့ သဘောတူညီချက် ရယူနိုင်တဲ့ သာဓက ဖြစ်ပါတယ်။

Credit To:VOA ဗမာအစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေး တပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတုန်းမှာ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ (၄) ဦး ကိုယ်စားလှယ်အဖွဲ့ ဧပြီလ (၁၃) ရက်နေ့က ဝါရှင်တန်ဒီစီမြို့ တော်ကို ရောက်ရှိလာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဖိတ်ကြား လို့ ရောက် လာ တာပါ။ ကုလသမဂ္ဂအမြဲ တမ်းကိုယ်စားလှယ် Samantha Power အပါအဝင်

ရန်ကုန်မြို့၄၈ လမ်း အစ္စလာမ် ဘာသာရေး စာသင်ကျောင်းနဲ့ ဗလီ မီးလောင်မှု တာဝန်ရှိ ဗလီဆရာနှစ်ဦးအားထောင် (၈) နှစ်ချ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)'s photo.
ပြီခဲ့သည့်နှစ် ဧပြီ လ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အစ္စလာမ် ဘာသာရေး စာသင်ကျောင်းနဲ့ ဗလီ မီးလောင်ခဲ့တဲ့ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီးတော့ အဲဒီ ဗလီနဲ့ စာသင်ကျောင် မှာတာဝန်ရှိဗလီဆရာနှစ်ဦး ကို ဗိုလ်တစ်ထောင်တရားရုံးက မီးပါ့ဆမှုကြောင့် ထောင်ဒဏ် ၂နှစ်၊ ပုဒ်မ ၃၀၄ (က) လူသေမှု အရ ထောင်ဒဏ် (၆) နှစ် စုစုပေါင်း (၈) နှစ် ချမှတ် လိုက်ကြောင်းသိရသည်။
ယင်း ၄၈လမ်းမီးလောင်မှုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ကိုင်တွယ်ခဲ့ပြီး လောင်မှုနှင့် ပတ်သက်၍ ဒုတိယ အကြိမ်ပြုလုပ်သောသတင်းစာရှင်း လင်းပွဲတွင် မီးလောင်မှုဖြစ်ပွားချိန် မနက် ၃ နာရီမှာ ဗလီ စာသင်ကျောင်းဝင်းအတွင်း ရှိနေတဲ့ စာသင်သား ကလေးငယ်တွေ ဟာ အပြင်ကို ထွက်နိုင်တဲ့

အပူချိန်နှင့် လေဖြတ်ခြင်းအန္တရာယ်


လာမည့် မေလ ၂၃ ရက်နေ့ကို အပူချိန်လူသတ်သမား၏ အန္တရာယ်သတိပြုလိုက်နာ ဆောင်ရွက်ရေးနေ့ (A Major Killer Heat Awareness Day) ဖြစ်ကြောင်း ပညာရှင်များက ပြောဆိုလျက်ရှိသည်။ ဆိုလိုသည်မှာ အပူချိန်ကို သတိပြုရှောင်ကြဉ်နိုင်ရန် အသိပေးနှိုးဆော်လိုက်ခြင်းဖြစ် ပါသည်။ နေ့အပူချိန် မြင့်တက် လာချိန်တွင် အဓိကအားဖြင့် အပူလျှပ်ခြင်း (Heat Stoke) အဖြစ်များခြင်း၊ သွေးတိုး၊ နှလုံးနှင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်း စသော အသက်အန္တရာယ်ခြိမ်းခြောက်နိုင် သည့်ရောဂါများ ခံစားရလေ့ရှိပါသည်။
ရာသီဥတုပူပြင်းမှုကြောင့် လူ့ခန္ဓာကိုယ်တွင် ပြင်းထန်သည့် အပူချိန်ကို တိုးစေပါသည်။ ယင်းကဲ့သို့ ခံစားရသည့် အပူချိန်ကို (Feel Temperature) ဟုခေါ်ဆိုကြပါသည်။ လူ့ခန္ဓာကိုယ်ခံစား ရသည့် အပူချိန်

အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တိုင်ကြားစာ သုံးလအတွင်း၂၀၀ ကျော်ရှိဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဆို

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ပြည်သူလူထုက သုံးလအတွင်း တိုင်ကြားစာပေါင်း ၂၀၀ ကျော်ကို ပေးပို့ တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများက လွှတ်တော်ရုံးသို့ ပေးပို့လာသော

အငြိမ်းစား ဝန်ထမ်းများ အပိုထောက်ပံ့ကြေးပေးရန် လွှတ်တော်တွင် အဆိုတင်

အငြိမ်းစား ဝန်ထမ်းများကို ပင်စင် လစာအပြင် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုရန် ဧပြီလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အဆိုတင် သွင်းလာကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အငြိမ်းစား ဝန်ထမ်းများ အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုရန် အဆိုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်က တင်သွင်းခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

လူသုံးဦးကို ကြိတ်မိသည့် မီးသတ်ယာဉ်ကို ဆက်အသုံးမပြုတော့

ပြည်၊ မဇ္ဈိမ။ ။ သင်္ကြန်ကာလအတွင်းက ကလေးတစ်ဦးအပါအဝင် လူသုံးဦးကို ကြိတ်မိခဲ့သည့် မီးသတ်ယာဉ်ကို မီးသတ်ဦးစီးဌာနက ဆက်လက်အသုံးမပြုတော့ဘဲ အသစ်တစ်စီး
လဲလှယ်လိုက်သည်ဟု ပြည်မြို့ ခေတ္တရာမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေမှူး ဦးဇော်လွင်က ပြောသည်။
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ခေတ္တရာမြို့သစ်တွင် ၂၀၁၂ခုနှစ် သင်္ကြန်အတွင်းက ယာဉ်တိုက်မှုဖြစ်ကာ လူသေမှု ဖြစ်ခဲ့သော မီးသတ်ယာဉ်ကို လဲလှယ်ပေးရန် ၂၀၁၃ခုနှစ်က တောင်းခံခဲ့ရာ၂၀၁၄ခုနှစ် ဧပြီလ ၂၄ ရက်တွင် မီးသတ်ယာဉ်သစ်တစ်စီး လဲလှယ်လိုက်ခြင်းသည်ဟု ဆိုသည်။

ဖားကန့်တွင် မြေစာပုံပြိုကျရာ ရေချိုးနေသော မောင်နှမသုံးဦးသေဆုံး

 မြေစာပုံပြိုကျမှုကြောင့် ရေကန်ရေလျှံပြီး ကလေးငယ်သုံးဦး ရေနစ်မြုပ် ပျောက်ဆုံး သွားရာ ဒေသခံများ ၀ိုင်းဝန်းရှာဖွေနေစဉ် (ဓာတ်ပုံ−ကိုရွှေသိန်း)
ဖားကန့်မြို့နယ်တွင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ တစ်ခုကစုပုံထားသည့် ပေ ၃၀၀ ခန့်အမြင့်ရှိ    မြေစာပုံပြိုကျမှု ကြောင့် အနီးရှိရေကန်တွင် ရေချိုးနေသည့်    မောင်နှမသုံးဦး ရေနစ်မြုပ် သေဆုံး သွားကြောင်း  ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

မောင်နှမသုံးဦး ရေချိုးနေစဉ် အနီးရှိမြေစာပုံ ပြိုကျခဲ့ရာမှ ရေ ကန်အတွင်း ၁၅ ပေမြင့်သော လှိုင်းလုံးများ ဖြစ်ပေါ် ခဲ့ပြီး တက္ကသိုလ်ဝင်တန်းနှင့် အဋ္ဌမတန်းကျောင်းသူ နှစ်ဦးနှင့် လေးနှစ်အရွယ်ကလေး ငယ်တစ်ဦး အပါအ၀င် မောင်နှမသုံးဦး သေဆုံးသွားခဲ့သည်။

မိုးကုတ်တွင် နေအိမ်အချို့ကို မီးလိုက်ရှို့သူများ ရှိနေ

မိုးကုတ်မြို့
 ယခုရက်ပိုင်း အတွင်း မိုးကုတ်မြို့၌ လူတစ်စုက လူနေအိမ်များကို လူခြေ တိတ်သော ညဥ့်သန်းခေါင်ကျော် အချိန်များတွင် လိုက်လံ မီးရှို့နေသောကြောင့် ဒေသခံများ ထိတ်လန့် နေကြကြောင်း မိုးကုတ်မြို့ခံ များကပြောသည်။
‘‘မီးကဆက်တိုက်လိုလို လိုက်ရှို့နေတော့ အခုဆို ဒေသခံတွေ ကြောက်နေကြတယ်။ အရင်ကလည်း မီးရှို့မှုတွေ ဖြစ်ခဲ့ဖူးတော့ ညဘက်တွေမှာ ကောင်းကောင်းတောင် မအိပ်ရဲကြဘူး ဖြစ်နေတယ်’’ဟု မိုးကုတ် မြို့ခံတစ်ဦး ကပြောသည်။

နှစ်ရက်ဆက်တိုက် ရှို့မီးနှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် မီးသတ်ဌာန၊ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ ပူးပေါင်းပြီး ၀န်ထမ်း အင်အား သုံးကာ နေ့၊ ညနှစ်ဆိုင်းခွဲ၍ လုံခြုံရေးလုပ်ငန်းများ

ထိပ်တန်းတွေးခေါ်သူများထဲ မြန်မာ တဦးပါဝင်

Photo: ထိပ်တန်းတွေးခေါ်သူများထဲ မြန်မာ တဦးပါဝင်
Friday, April 25, 2014

ဗြိတိန်နိုင်ငံထုတ် Prospect မဂ္ဂဇင်းရဲ့ ၂၀၁၄ ခု ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ World Thinker 2014 အယောက် ၅၀ မှာ မြန်မာနိုင်ငံက ဒေါက်တာ သန့်မြင့်ဦးကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

လက်ရှိ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ အခက်အခဲတွေ ဖြေရှင်းတဲ့ နေရာမှာ ပါဝင်ကူညီနေတဲ့ တွေးခေါ်သူ အယောက် ၅၀ ကို နှစ်စဉ်ရွေးချယ်တဲ့ နေရာမှာ ဒေါက်တာ သန့်မြင့်ဦးဟာ နံပါတ် ၁၅ နေရာမှာ ရွေးချယ် ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က သူရေးသားတဲ့ Where China Meets India: Burma and the New Crossroads of Asia  စာအုပ်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အာရှ မဟာအင်အားကြီး၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကြား ရောက်နေချိန် ဆိုတဲ့ သူရဲ့တွေးခေါ်ရေးသားမှုတွေ ဟာ မြန်မာလူ့အဖွဲ့ အစည်းအတွက် အကျိုးရှိစေခဲ့တယ်လို့ ဆိုပါတယ်။

သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးဟာ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ  အစိုးရရဲ့ အထူး အကြံပေးတဦးဖြစ်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ဦးသန်းရဲ့ မြေးလည်း ဖြစ်ပါတယ်။

ပထမနံပါတ် ၁ နေရာ ရရှိသွားသူကတော့ ၁၉၉၈ ခုနှစ်က စီးပွားရေး နိုဘယ်လ်ဆုရရှိခဲ့တဲ့ လက်ရှိ အမေရိကန်နိုင်ငံ ဟားဗက်ဒ် တက္ကသိုလ်က ပါမောက္ခ ဖြစ်သူ အိန္ဒိယ စီးပွားရေး နဲ့ အတွေးအခေါ်ပညာရှင် Amartya Sen ဖြစ်ပါတယ်။

ABC
ဗြိတိန်နိုင်ငံထုတ် Prospect မဂ္ဂဇင်းရဲ့ ၂၀၁၄ ခု ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ World Thinker 2014 အယောက် ၅၀ မှာ မြန်မာနိုင်ငံက ဒေါက်တာ သန့်မြင့်ဦးကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်

လက်ရှိ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ အခက်အခဲတွေ ဖြေ ရှင်းတဲ့ နေရာမှာ ပါဝင်ကူညီနေတဲ့ တွေးခေါ်သူ အယောက် ၅၀ ကို နှစ်စဉ်ရွေးချယ်တဲ့ နေရာမှာ ဒေါက်တာ သန့်မြင့်ဦးဟာ နံပါတ် ၁၅ နေရာမှာ ရွေးချယ် ဖော်ပြ ခံခဲ့ရတာ ဖြစ်ပါတယ်။

ထိုးစစ်ဆင်တာကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို UNFC ပြော

Nai Han Thar
UNFC ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီရဲ့ ညီလာခံတစ်ခု (Credit: ABC) 
မြန်မာစစ်တပ်အနေနဲ့ ​ကချင် ​KIA ​၊ ​တအောင်း ​ပလောင်TLNA ​နဲ့ ​ရှမ်း ​SSA(N) ​တပ်ဖွဲ့တွေ ​အပေါ် ​သာလွန်တဲ့စစ်အင်အားတွေသုံးပြီး ​ထိုးစစ်ဆင်နေတာကို ​ရပ်တန့်ဖို့ ​UNFC ​ခေါ် ​ညီညွတ်သော ​တိုင်းရင်းသားလူမျိုး ​များဖက်ဒရယ်ကောင်စီက ​ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ ​တပ်မ ​၁၁၊ ​၃၃၊ ​၅၅၊ ​၆၆၊ ​၇၇၊ ​၈၈ ​နဲ့ ​၉၉ ​တို့ဟာ ​ကချင်နဲ့ ​ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ​၀င်ရောက်နေရာယူ ​ထိုးစစ်ဆင်နေတာကြောင့် ​စစ်ပြေးဒုက္ခသည်တွေ၊ ​လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ​လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ​စစ်ရာဇ၀တ်မှုကျူးလွန်တာတွေ ​ကြားသိနေရတဲ့အတွက် ​စိုးရိမ်

ဘရိတ်ပေါက်ပြီး ပေ၂ဝ ချောက်ထဲထိုးကျ ကားတစ်စီးလုံးမီးလောင်မှုဖြစ်

ဘရိတ်ပေါက်ပြီး ပေ၂ဝ ချောက်ထဲထိုးကျ ကားတစ်စီးလုံးမီးလောင်မှုဖြစ်
**********************************************
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၅) 

ထက်နိုင် ၊ ကျိုင်းတုံ၊ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ် ၍ ကားလမ်းမကြီး၏ယာဘက်ဘေး ရှိ ပေ ၂ဝ ခန့်အနက်ရှိသော ရေ ချောင်းအတွင်း ထိုးကျသွားပြီးနောက် ယာဉ်တစ်စီးလုံး မီးလောင်မှု ဧပြီ ၁၈ ရက်ညနေ ၅နာရီခွဲက ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့မှ တာချီလိတ်မြို့ သို့ တာချီလိတ်မြို့နယ်ဟောင်လိတ် ကျေးရွာအုပ်စု ဝမ်လုံကျေးရွာနေ ယာဉ်မောင်း ဦးစိုင်းရှဲန်(ဟောင် လိတ်ပြည်သူ့စစ်ခေါင်းဆောင်) ၄၉ နှစ်သည် ဖော်ကျူးနားခဲရောင်ယာဉ် အမှတ် ၄ဂ/xxxx အား မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုကားလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၄၈ နှင့် ၄၉ ကြားအရောက်တွင် ဘရိတ် ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ ပေ ၂ဝခန့်အနက်ရှိသော ရေချောင်း အတွင်းသို့ ထိုးကျမီးလောင်ခဲ့ကြောင်း သိရသည်။

ယာဉ်တစ်စီးလုံး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်း ဦးစိုင်းရှဲန်၌ ယာဘက်မျက်ခုံးပေါက် ပြဲ၊ ဝဲလက်ကောက်ဝတ်ပွန်းပဲ့၊ ဝဲ လက်သြူ<ွကယ်ပွန်းပဲ့၊ ယာဘက်လက် ဖျံပြတ်ရှဒဏ်ရာ၊ ယာဉ်ပေါ်ပါလာ သူ မိုင်းဖြတ်မြို့နယ်ဈေးတန်းရပ်နေ ဦးစိုင်းဆမ်ပျဲန်း ၃၉ နှစ်၌ ဝဲလက်ဖျံ ပေါက်ပြဲ၊ ဝဲလက်ကောက်ဝတ်ပြတ်ရှ ဒဏ်ရာ၊ တာချီလိတ်မြို့နယ် တောင် လိတ်ကျေးရွာအုပ်စု ဝမ်လုံကျေးရွာ နေ ဦးစိုင်းကျောက်(ပြည်သူ့စစ်) ၄၈ နှစ်တွင် ရင်ဘတ်နာကျင်၊ ယာပေါင် ရင်းနာကျင်ဒဏ်ရာများ ရရှိကြသ ဖြင့် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာများအဖြစ် ဆေးဝါးကုသ မှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မောင်းဦးစိုင်းရှဲန်အား ကျိုင်းတုံမြို့ မြို့မရဲစခန်းက ယာဉ်(ပ)၁၉/၂ဝ၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ် ၍ ကားလမ်းမကြီး၏ယာဘက်ဘေး ရှိ ပေ ၂ဝ ခန့်အနက်ရှိသော ရေ ချောင်းအတွင်း ထိုးကျသွားပြီးနောက် ယာဉ်တစ်စီးလုံး မီးလောင်မှု ဧပြီ ၁၈ ရက်ညနေ ၅နာရီခွဲက ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့မှ တာချီလိတ်မြို့ သို့ တာချီလိတ်မြို့နယ်ဟောင်လိတ် ကျေးရွာအုပ်စု ဝမ်လုံကျေးရွာနေ ယာဉ်မောင်း ဦးစိုင်းရှဲန်(ဟောင် လိတ်ပြည်သူ့စစ်ခေါင်းဆောင်) ၄၉ နှစ်သည် ဖော်ကျူးနားခဲရောင်ယာဉ် အမှတ် ၄ဂ/xxxx အား မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု ကားလမ်းမကြီး အတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၄၈ နှင့် ၄၉ ကြားအရောက်တွင် ဘရိတ် ပေါက်ပြီး

သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့်ပြုမည်ဟု ကော်မရှင်ဥက္ကဋ္ဌ၏ ပြောကြားချက် ဟုတ် မဟုတ် အတည်ပြုပေးရန် ကော်မရှင်သို့ NLD မေးမြန်းထား

Photo: သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့်ပြုမည်ဟု ကော်မရှင်ဥက္ကဋ္ဌ၏ ပြောကြားချက် ဟုတ် မဟုတ် အတည်ပြုပေးရန် ကော်မရှင်သို့ NLD မေးမြန်းထား
Friday, April 25, 2014

လာမည့် ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့်ပြုမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြောကြားချက်အား အတည်ပြုနိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ သဘောထားတောင်းထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

RFA  သတင်းဌာနမှ ပုံမှန်တင်ဆက်လျက်ရှိသော “ဒီမိုကရေစီ ခရီးကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် RFA သတင်းဌာနမှ ဧပြီ ၂၃ ရက် ညနေပိုင်းက ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စရပ်အား ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီကိစ္စက ပထမ ဒီဟာဟာ ရွေးကောက်ပွဲကောက်မရှင်ကို အစ်မတို့အနေနဲ့ တရားဝင် ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားကို တောင်းထားပါတယ်။  Request လုပ်တယ်။ ဒါက သဘောထားကို တရားဝင် ထုတ်ထားတာ မဟုတ်ပါဘူး။ ပြောကြားချက်ဆိုပြီးတော့ပဲ သတင်းတွေထဲမှာ ပါလာတယ် ဆိုတော့ အဲဒီဟာကို ဒါဟာ အတည်ပြုသလား။ မပြုသလားဆိုတာကို အစ်မတို့ ပထမသိချင်တယ်။ သိပြီးတော့မှ ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ အခြေခံပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သဘောထားတောင်းခံထားမှုမှာ ဧပြီ ၂၄ ရက် အထိ တရားဝင်စာပို့ထားခြင်း မရှိသေးကြောင်း၊ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ထားမေးမြန်းခြင်း ရှိ မရှိကို မိမိတို့အနေဖြင့် မသိရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက“လာမယ့် ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပြောပါ။ မဆိုင်တဲ့လူ လာမပြောနဲ့။ ၀င်ချင်ဝင် မ၀င်ချင်နေ။ ကျွန်တော် ဒီမြို့ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူ လာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျွန်တော်ကအချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါက ကျွန်တော့် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်”ဟု ဆိုသည်ဟု ဧရာဝတီ သတင်းဌာန၏ သတင်းဖော်ပြချက်တွင် ပါရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သူမပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အားလုံးနီးပါးတွင် ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မအားလပ်ပါက ကိုယ်စားဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲကိုယ်စားလှယ် ထားရှိခွင့်ပေးထားသည့်အတွက် လာမည့်ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဟုဆိုသည်မှာ မဟုတ်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ခန့်ထားသည့် ရွေးကောက်ပွဲကိုယ်စားလှယ်များပင် ရွေးကောက်ပွဲကော်မရှင်တွင် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေချိန် အခြားပြင်ပမှ ပုဂ္ဂိုလ်များအနေဖြင့်  ခရီးသွားဟန်လွဲဟောပြောမှုများ လုပ်ဆောင်၍ မရကြောင်း၊ ယခင် ထိုသို့ကိစ္စရပ်များ ရှိခဲ့ရှိခဲ့နိုင်သော်လည်း လာမည့် ရွေးကောက်ပွဲများတွင် အဘက်ဘက်မှ Free & Fair ဖြစ်စေရန်နှင့် သတ်သတ်မှတ်မှတ်ဖြစ်စေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးသောင်းလှိုင်က ပြောကြားသည်။

“Election Campaign နဲ့ပတ်သက်လို့ရှိရင် ကော်မရှင်က ညွှန်ကြားချက်အသစ် ထုတ်ပြန်ဖို့ ရေးဆွဲနေပါတယ်။ ရေးဆွဲတယ်နေရာမှာလည်း ခုနကပြောသလို Free & Fair ဖြစ်အောင် ရေးဆွဲနေတယ်။ အဲဒါလည်း ထုတ်ပြန်ဖို့ ရှိပါတယ်။ အသေးစိတ်ကတော့ လူကြီးတွေက ရေးဆွဲတုန်းပဲ ရှိပါသေးတယ်”ဟု ဦးသောင်းလှိုင်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်ရှိ အမျိုးသားလွှတ်တော် တစ်နေရာတွင်သာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအား ရှုံးနိမ့်ခဲ့သည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် တစ်နေရာတွင်သာ အနိုင်ရရှိခဲ့သည်။ 

Eleven Media Group
လာမည့် ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့်ပြုမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြောကြားချက်အား အတည်ပြုနိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ သဘောထားတောင်း ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

RFA သတင်းဌာနမှ ပုံမှန်တင်ဆက်လျက်ရှိသော “ဒီမိုကရေစီ ခရီးကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် RFA သတင်းဌာနမှ ဧပြီ ၂၃ ရက် ညနေပိုင်းက ဆက်သွယ်မေးမြန်းရာ အဆိုပါ

ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုနှင့် ပတ်သက်၍ ဗလီ စာသင်ဆရာနှစ်ဦးကို ထောင်ဒဏ် ရှစ်နှစ်စီ ချမှတ်

Photo: ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုနှင့် ပတ်သက်၍ ဗလီ စာသင်ဆရာနှစ်ဦးကို ထောင်ဒဏ် ရှစ်နှစ်စီ ချမှတ် 
Friday, April 25, 2014

ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုနှင့် ပတ်သက်၍ တရားစွဲဆို စစ်ဆေးခံနေရသော ဗလီစာသင်ဆရာနှစ်ဦး ဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေး တို့ကို ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒဏ်ရှစ်နှစ်စီ သီးခြားကျခံစေရန် ဧ ပြီ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ဗလီမီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ယူဆရသော ညပိုင်းတာဝန်ကျ ဗလီစာသင်ဆရာနှစ်ဦးကို ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ- ၃၀၄(က)(လူသေမှု)၊ ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု)တို့ဖြင့် တစ်နှစ်နီးပါးအကြာ  ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များကို စစ်ဆေးသုံးသပ်ချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားရခြင်းမှာ မီးအားမြှင့်စက် အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ရခြင်းဖြစ်ကာ ဗလီမှာ သော့အထပ်ထပ် ခတ်ထား၍ မီးသတ်ဝန်ထမ်းများက တံခါးများအား ရိုက်ဖွင့်၍ မီးငြှိမ်းသတ်ခဲ့ရပြီး ညပိုင်း တာဝန်ကျ ဗလီစာသင်ဆရာနှစ်ဦး၏ ပေါ့ဆမှုဖြစ်သည်မှာ ပေါ်လွင်ခဲ့ကြောင်း တရားရုံးစီရင်ချက်များအရ သိရသည်။

ယင်းဗလီ မီးလောင်မှုကြောင့် အိပ်ခန်းအတွင်း အိပ်ပျော်နေသော အစ္စလာမ်ဘာသာဝင် စာသင်သား ကလေးငယ် ၁၃ ဦးမှာ မီးခိုးမွန်၍ မီးလောင်၍ သေဆုံးခဲ့ရကြောင်း သိရသည်။

"တရားရုံးက ချမှတ်ခဲ့တဲ့ အမိန့်ပေါ်ကို တရားခံရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ တရားရုံးကို အယူခံဝင်သွားမှာပါ" ဟု ပြစ် ဒဏ်ချမှတ်ခံရသူ နှစ်ဦး၏ ရှေ့နေဖြစ်သူ ဦးအုန်းမောင်က ပြောကြားခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ သေဆုံးခဲ့သော ကလေးငယ် ၁၃ ဦး၏ မိဘနှင့် အုပ်ထိန်းသူများမှ အမှုအား ကျေအေးကြောင်း ရုပ်သိမ်းလွှာကို လက်မှတ်ရေးထိုး တင်ပြထားခဲ့သော်လည်း တရားစီရင်မှုတွင် ပြည်သူအချင်းချင်း ဖြစ်ပွားသည့် ကိစ္စများကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးရန် ပြဌာန်းထားသည့်အ တွက် ပြည်သူများ၏ အသက်အိုးအိမ်တို့ကို ကာကွယ်ပေးရန် တရားရုံးများ၌ တာဝန်ရှိသည်နှင့်အညီ ယင်းကဲ့သို့ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးစီရင်ချက်အရ သိရသည်။

Eleven Media Group

ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုနှင့် ပတ်သက်၍ တရားစွဲဆို စစ်ဆေးခံနေရသော ဗလီစာသင်ဆရာနှစ်ဦး ဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေး တို့ကို ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒဏ်ရှစ်နှစ်စီ သီးခြားကျခံစေရန် ဧ ပြီ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ဗလီမီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ယူဆရသော ညပိုင်းတာဝန်ကျ ဗလီစာသင် ဆရာနှစ်ဦးကို ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ- ၃၀၄(က)(လူသေမှု)၊ ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု)တို့ဖြင့်