Sunday, April 27, 2014

ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်



Sunday, April 27, 2014

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။

ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင်နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။

Photo: ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်
 
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။

ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင်နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။

"ညီလာခံကသူတို့မျော်လင့်ချက်နဲ့သဘောထားအမြင်တွေပြောကြတဲ့အခါမှာ ရခိုင်ရဲ့စီးပွါးရေးသဘောအရချွတ်ခြုံကျနေတဲ့ရခိုင်တွေရဲ့အကြောင်းနဲ့ပြီးရင်ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီးတော့ပြောနေကြတဲ့ အကြောင်းတွေနဲ့အထူး သဖြင့်သဘောထားအမြင်တွေက အဲ့ဒီကနေပြီးတော့များပါတယ်ခင်ဗျ ၊နောက်တော့တစ်ချို့တွေကလည်းပဲ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့ ဖက်ဒရယ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေနဲ့လည်းပဲ သဘောထားတွေထဲမှာ ပါတယ်ခင်ဗျ" 

ဒါ့အပြင် စာရေးဆရာ ဖေမြင့်နဲ့ ဆရာ ကျော်ဝင်းတို့ကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီအကူးအပြောင်းနဲ့ ရခိုင်ပြည်နယ်အရေး ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးဟောပြောခဲ့ကြတယ်လို့လည်း သိရပါတယ်။ မနက်ဖြန် ညီလာခံဒုတိယနေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်၊ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း စတဲ့ ကဏ္ဍတွေ ကို ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
 
ဒီကနေ့ စပြီး မေလ ၁ရက်နေ့အထိ ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံ ကို ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စုစုပေါင်း တစ်ထောင့် တစ်ရာကျော်လောက် တက်ရောက်ဆွေးနွေးနေကြပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီး ဒုက္ခသည် ပြည်သူကို လှည့်စားနေသော KIA / KIO


Saturday, April 26, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA/KIO ဌာနချုပ် လိုင်ဇာမြို့၊ ဂျေယန်းစခန်းနှင့် ဖုန်လွမ်ယန် ဒုက္ခသည် စခန်းများ မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲများကို ဧပြီလ ၂၅ရက်က ကျင်းပခဲ့တယ်လို့ ဒုက္ခသည် ပြည်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။ “တိုက်ပွဲ မဖြစ်ခင် ၂၀၁၀ မှာ KIA/KIO ဗဟိုကနေ ကော်မတီဖွဲ့စည်ခဲ့ပြီး တာဝန်ခံ ဗိုလ်ချုပ် ဂမ်ရှောင် ဦးဆောင်ခဲ့ ပါတယ်၊ KIA အဖွဲ့ထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဘိန်းပြတ်အောင် လုပ်ပေးနိုင်ခဲ့တယ်ဆိုပေမဲ့ ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲ ပြန်ဖြစ်လာတဲ့ အချိန်မှာ မူးယစ်ဆေး ဝါးကို KIA အဖွဲ့ဝင်တွေ ကိုယ်တိုင် ပြန်ပြီးတော့ စိုက်ပျိုးခဲ့တာတွေရှိပါတယ်။

Photo: မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီး ဒုက္ခသည် ပြည်သူကို လှည့်စားနေသော KIA / KIO  

Saturday, April 26, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA/KIO ဌာနချုပ် လိုင်ဇာမြို့၊ ဂျေယန်းစခန်းနှင့် ဖုန်လွမ်ယန် ဒုက္ခသည် စခန်းများ မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲများကို ဧပြီလ ၂၅ရက်က ကျင်းပခဲ့တယ်လို့ ဒုက္ခသည် ပြည်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။ “တိုက်ပွဲ မဖြစ်ခင် ၂၀၁၀ မှာ KIA/KIO ဗဟိုကနေ ကော်မတီဖွဲ့စည်ခဲ့ပြီး တာဝန်ခံ ဗိုလ်ချုပ် ဂမ်ရှောင် ဦးဆောင်ခဲ့ ပါတယ်၊ KIA အဖွဲ့ထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဘိန်းပြတ်အောင်  လုပ်ပေးနိုင်ခဲ့တယ်ဆိုပေမဲ့ ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲ ပြန်ဖြစ်လာတဲ့ အချိန်မှာ မူးယစ်ဆေး ဝါးကို KIA အဖွဲ့ဝင်တွေ ကိုယ်တိုင် ပြန်ပြီးတော့ စိုက်ပျိုးခဲ့တာတွေရှိပါတယ်။

လိုင်ဇာမြို့အနီးက ဂျေယန်း နဲ့ ဖုန်းလွမ်းယန် ဒုက္ခသည်စခန်းတွေ မှာ KIA စစ်သားတွေက စိတ်ကြွဆေးပြားတွေ ယူလာပြီး ဖြန့်နေတာကြောင့်  ဒုက္ခသည် စခန်းကို ရောက်နေတဲ့ လူငယ်တွေ မူးယစ်ဆေးဝါး ကိုပိုပြီး တော့သုံးစွဲလာ တာ တွေ့နေရပါတယ်။ KIA စစ်သည်တွေထဲက မူယစ်ဆေး သုံးစွဲသူတွေကို ဆေးဖြတ် ပေးတာတွေကလည်း နာမည်ကောင်း ယူချင်လို့ပါ။ အခုလုပ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟောပြော ပွဲဆိုတာ  အစိုးရကိုတစ်ဖက်ကလှည့်စားပြီး ယုံကြည်မှုတွေ တည်ဆောက်ဖို့ လုပ်နေတာပါ။ 

KIA/KIO ဗဟိုက ကော်မတီတွေကိုယ်တိုင် ဘိမ်းစိုက်ပြီး တရုတ်ဘက်ကို ပို့တာတွေလုပ်နေတာ ခုထိရှိနေတုန်းပါပဲ။ သူတို့တွေ ရှိနေသမျှကာလပတ်လုံးတော့ လိုင်ဇာမြို့ကြီးက ဘယ်တော့မှမူးယစ်ဆေးဝါးပ ပျောက်နိုင်မှာ မဟုတ်ပါဘူး။ အစိုးရနဲ့ ပူးပေါင်းပြီးလုပ်တယ်ဆိုပေမဲ့လည်း အနည်းအကျဉ်းလေးလောက်ပဲ ဖျက်ဆီးတာပါ။ ဖျက်ဆီးလိုက်တဲ့ ပမာဏကလည်း ဆယ်ပုံပုံလို့တောင် တစ်ပုံစာလောက်ကို ဟန်ပြ ဖျက်ဆီးလိုက်တာ လောက်ပဲရှိတာပါ။ အကယ်လို့များ သူတို့ပြောသလို တကယ်မူးယစ်ဆေးဝါး ပပျောက်ချင်တယ်ဆိုရင် စစ်တပ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုယ်တိုင်လာပြီး ဖျက်ဆီးမှသာ ဒီပြသနာကြီး ပျောက် သွားမှာပါ။

ပြည်သူတွေအားလုံးပူးပေါင်းပြီး တိုက်ဖျက်သွားဖို့ ဟောပြောပွဲတွေလုပ်ပေမဲ့လည်း လုပ်ပြီးသွားတဲ့အချိန်ကျ တော့ သူတို့လုပ်နေကျအတိုင်းပဲ ပြန်ပြီးတော့ရောင်းချတာတွေ ကိုယ်တိုင်ကိုယ်ကျထုတ်ပြီး တဖက်နိုင်ငံကို ခိုးကြောင်ခိုးဝှက် ရောင်းချနေတာတွေရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတော် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ တစ်ခါတည်း မူးယစ်ဆေးဝါးပပျောက်ဖို့ လုပ်ပေးစေ ချင် ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခရောက်လို့ ဒီကိုလာနေတဲ့အချိန်မှာ သူတို့တွေက လူသစ်စုတာလုပ်တယ်။ လူငယ် တွေကို KIA အဖွဲ့ထဲခေါ်ထည့်တယ်။ပြီးရင် အလုပ်ခိုင်းပါတယ်။ အလုပ်လုပ်ခိုင်းလို့မလုပ်နိုင်တော့ တဲ့ အချိန် ကျရင် ဘိန်းတွေကျွေးပြီး လုပ်ခိုင်းတာမျိုးတွေ လုပ်ပါတယ်။ 

ဒါတွေကိုနိုင်ငံတော်လူကြီးတွေ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့တွေက ထိထိရောက်ရောက် တာဆီးပေးပါလို့ ကျွန်တော်အပါအဝင် ကျန်တဲ့ဒုက္ခသည် လူငယ် အားလုံးက တောင်းဆိုပါတယ်။ ဒါမှ ကချင်ပြည်နယ်မှာ  မူးယစ်ဆေးဝါးသုံးစွဲ တာတွေ အမှန်တကယ် ပပျောက်နိုင်မှာဖြစ်ပါတယ်။

အောင်ခမ်း

Online News Update

ရန်ကုန်မှာ ဟိုင်းလတ်ပြေးဆွဲခွင့် သတ်မှတ်ရက် ၂၀၁၄ နှစ်ကုန်အထိ တိုးမြှင့်ပေးရန် တောင်းဆို



Sunday, April 27, 2014

ဟိုင်းလတ်ယာဉ်လိုင်းများအား ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထား ပြေးဆွဲခွင့် ရပ်ဆိုင်းဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်က သတ်မှတ်ရက်ကို ဒီနှစ်အကုန် အထိ ရွေ့ဆိုင်းပေးဖို့ ဟိုင်းလတ်ယာဉ်လိုင်း သမားတွေက တောင်းဆိုလိုက်
ပါတယ်။

Photo: ရန်ကုန်မှာ ဟိုင်းလတ်ပြေးဆွဲခွင့် သတ်မှတ်ရက် ၂၀၁၄ နှစ်ကုန်အထိ တိုးမြှင့်ပေးရန် တောင်းဆို
Sunday, April 27, 2014

ဟိုင်းလတ်ယာဉ်လိုင်းများအား ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထား ပြေးဆွဲခွင့် ရပ်ဆိုင်းဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်က သတ်မှတ်ရက်ကို ဒီနှစ်အကုန် အထိ ရွေ့ဆိုင်းပေးဖို့ ဟိုင်းလတ်ယာဉ်လိုင်း သမားတွေက တောင်းဆိုလိုက်
ပါတယ်။

မှော်ဘီ-တိုက်ကြီး၊ သန်လျင်-ကျောက်တန်း၊ ၁၀၇ ယာဉ်လိုင်း၊ ရွှေပြည်သာ-အင်းစိန် စတဲ့ ဟိုင်းလတ်ယာဉ်လိုင်း အားလုံးက စုပြီး ဧပြီ ၂၆ ရက်နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တောင်းဆိုလိုက်တာပါ။

Hiluxဟိုင်းလတ်ယာဉ်တွေကို မီနီဘတ်စ်နဲ့ ပြောင်းလဲပြေးဆွဲဖို့ ညွှန်ကြားခဲ့
တာဖြစ်ပေမယ့် မီနီဘတ်တွေ ၀ယ်ယူရာမှာ ဈေးနှုန်းမြင့်မားတာတွေ ၀ယ်ယူရာမှာ အခက်အခဲ ရှိနေတာတွေကြောင့် အချိန်ကာလ တခုထပ်တောင်း
တာ ဖြစ်တယ်လို့ ရွှေပြည်သာ ဟိုင်းလတ်ယာဉ်လိုင်းက ကော်မတီဝင် ကိုသန်းဇော်မင်းက ပြောပါတယ်။

မီနီဘတ်စ်ဝယ်ယူရာမှာ ကုမ္ပဏီကနေ ဓာတ်ပုံကြည့် ၀ယ်ယူရတာဖြစ်ပြီး ကုမ္ပဏီမှာ လစဉ်ပေးသွင်းဝယ်ယူတာကိုလည်း ဟိုင်းလတ်ယာဉ်လိုင်း ပိုင်ရှင်တွေက မတတ်နိုင်သလို မီနီဘတ်စ် ၀ယ်ယူရာမှာ ကြုံတွေရတဲ့ အခက်အခဲကို အခုလို ပြောပါတယ်။

ရွှေပြည်သာ ဟိုင်းလတ်ယာဉ်လိုင်းက ကော်မတီဝင် ကိုသန်းဇော်မင်းက “ကားထုတ်ဖို့အတွက်ကို သိန်း ၂၂၀ ဆိုလို့ရှိရင် သိန်း ၁၁၀ သွင်းရတယ်။ သွင်းပြီးတော့မှ ကျန်တဲ့ငွေကို တလကို လစဉ် ၈ သိန်းနဲ့ ၉ သိန်းကြား သွင်းရတယ်။

အဲဒီတော့ လစဉ်သွင်းရတဲ့ငွေနဲ့ စ၀ယ်ယူတုန်းက သိန်း ၁၀၀ ကျော် သွင်းရ
တာကို ကားပိုင်ရှင်တွေက မတတ်နိုင်ကြဘူး။ နောက်တခုက အဲဒီလို ၀ယ်ပြီးသွားလို့ ရောက်လာတဲ့ မီနီဘတ်စ်ကိုလည်း ခရီးသည်တင်ဆောင်ဖို့
ပြန်ပြင်ဆင်ရပါတယ်။ ပြန်ပြင်ဆင်တဲ့ နေရာမှာလည်း အနိမ့်ဆုံး သိန်း ၂၀ နဲ့ ၃၀ ကြားလောက်မှ အကုန်အကျခံပြီး ပြန်ပြင်ဆင်မှ ခရီးသည်တင်ဆောင်လို့ရတဲ့ အနေအထားကို ရောက်မှာပါ။ အဲဒီလိုမျိုး ပြင်ဆင်တဲ့နေရာတွေ ၀ယ်ယူတဲ့နေ
ရာတွေ ငွေသွင်းရတဲ့နေရာတွေမှာ အခက်အခဲဖြစ်နေလို့ မလဲနိုင်ကြပါဘူး။ မလဲချင်ဘူးတော့ မဟုတ်ဘူး ၀ယ်ယူတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်လို့ မလဲနိုင်ကြတာပါ။ နောက်တခုက မီနီဘတ်စ်က ပြေးဆွဲရင်းနဲ့မှာ အခက်
အခဲဖြစ်ခဲ့ရင်လည်း ပြင်ဆင်ရတဲ့ ပြင်ဆင်စရိတ်က ဈေးကြီးတာတွေ ရှိပါတယ်”လို့ ပြောပါတယ်။

မီနီဘတ်ဝယ်ယူရင်လည်း သက်ဆိုင်ရာ အစိုးရက ပူးပေါင်းပါဝင် ကူညီ လုပ်ကိုင်ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ရန်ကုန် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ ဟိုင်းလတ်ယာဉ်လိုင်းတွေကို ဧပြီ ၃၀ အကုန်မှာ မပြေးဆွဲဖို့ တားမြစ်လိုက်တဲ့ အတွက် ယာဉ်ပေါင်း ၈၀၀ လောက်
ထိခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၁၄ ခုနှစ်အကုန်အထိ အချိန်တိုးမြင့်ပေးဖို့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်တွေဆီကို အသနားခံစာ တင်ထားတယ်လို့လည်း ဆိုပါတယ်။

DVB

မြန်မာ့မီဒီယာလောကသမားများ သတိထား

Sunday, April 27, 2014

ဒီမိုကရေစီအစိုးရသက်တမ်း ၃ နှစ်ပြည့်ခဲ့ပြီ မီဒီယာလွတ်လပ်ခွင့်လည်းပေးခဲ့ပြီးဖြစ်သည်။ ၀မ်းနည်း စရာကောင်းသည်မှာ မီဒီယာအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းလုပ်နေသူများသည် ကိုယ်ကျိုးသာ ကြည့်တတ်ပြီး အမှန်ကို အမှန်အတိုင်း မတင်ပြရဲခြင်းကြောင့် ပြည်သူလူထုထင်ယောင်
ထင်မှား ဖြစ်နေ ရပေသည်။  မီဒီယာတွင် ဖော်ပြတဲ့စကားအသုံးအနှုန်းကအစ ကျင့်ဝတ်နှင့်ညီဖို့လိုပါသည်။ ဘာပဲပြောပြော မိမိ နိုင်ငံကို ကိုယ်စားပြုတဲ့ မီဒီယာဖြစ်တာမို့ အဆင့်အတန်းရှိဖို့လိုပါသည်။ ဆိုလိုတာက ကိုယ်ဖော်ပြတဲ့သတင်းက ပထမအဆင့်မှန်ကန်မှုရှိလား၊ မရှိဘူးလား. ဒုတိယအဆင့် အမှန်တရားဘက်က
ရပ်တည်ပြီး မှန်မှန်ကန်ကန် ဘယ်လိုတင်ပြမှာလဲ. တတိယအဆင့်နိုင်ငံနဲ့လူမျိုးကို အကျိုးပြုရဲလား. တိုးတက်အောင်ဆောင်ရွက်ပေးနိုင်လား.
 ဒီလိုတွေကြည့်ရပါမယ်. ဆိုလိုတာကတော့ အစိုးရလုပ်ရပ်တွေကမှားတယ်ဆိုရင် မှားတယ်ဆို တာ ထောက်ပြနိုင်တာမျိုးပေါ့. အဟောင်းတွေ၊ သိပြီးသားတွေ ပုတ်ခတ်ရေးသား တာဟာ မြန်မာရဲ့အကျင့်လို ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါသည်။ မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေတဲ့သူတွေကို လေ့လာကြည့်တော့ ခေတ် အဆက်ဆက်က အစိုးရကို ပုတ်ခတ်ပြောဆိုခြင်းဖြင့်
  ထောင်ထဲဝင်ခဲ့တဲ့သူတွေ အများကြီးပါရှိနေသည်ကို တွေ့ရသည်။
  ခေတ်စနစ်ကပြောင်းသွားပါပြီ။ သိက္ခာရှိရှိရပ်တည်ဖို့ မီဒီယာလောကကို သတိပေးချင်တယ်. ဒီနိုင်ငံကို ဘယ်လိုအခတ်အခဲတွေကြားထဲက အခုလိုရပ်တည်နိုင်အောင် တည်ဆောက်ခဲ့ရတယ်ဆိုတာ သိစေချင်တယ်. မီဒီယာသည် ပါတီရဲ့လက်ပါးစေဖြစ်နေသည်။
ယခုတွေ့နေရတာတွေကတော့ မီဒီယာသမားတွေဟာ ပါတီရဲ့ လက်ပါးစေဖြစ်နေတယ်။ မြန်မာနိုင်ငံကပါတီတွေဟာ ပါတီသတင်းစာထုတ်စရာမလိုဘဲ ပါတီနှင့် ပတ်သက်တာကို မီဒီယာမှဆောင်ရွက်ပေးနေတာတွေ့ရသည်။

အသုံးအနှုန်းမှားတာတွေလဲတွေ့ရသည်။ ဥပမာ- ပြည်သူ့တပ်မတော်ကို စစ်တပ်၏လုပ်ဆောင်ချက်ဆိုပြီး အပုတ်ချသည်. တပ်မတော်က နိုင်ငံတော်ကို ကယ်တင်ထားတယ်ဆိုတာမေ့နေသည်. သမိုင်းက သက်သေရှိသည်. တပ်မတော်ဟာ တိုင်းပြည်ကို မကယ်တင်ရင် တိုင်းပြည်မီးဟုန်းဟုန်း
တောက်ပြီး အေးချမ်းမှုမရှိဘဲ တိုင်းပြည်ပြိုကွဲသွားနိုင်သည်ကို မေ့နေသည်။ သူပုန်ကို အကောင်းထင်နေသည်။
  နိုင်ငံသားတစ်ဦးအနေဖြင့် မီဒီယာလုပ်ကိုင်သူတို့ကို သတိပေးချင်ပါသည်. သိက္ခာရှိတဲ့ မီဒီယာ ဖြစ်အောင် လုပ်ပြစမ်းပါ. ကျွန်ဖြစ်မဲ့ မီဒီယာမလုပ်ဆောင်ပါနဲ့. အမှန်ကိုဖော်ပြရန် မလုပ်ဆောင်နိုင်သည့် မြန်မာ့
မီဒီယာလို့ အပြောမခံပါနဲ့။
  ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး.သယ်ပိုးနိုင်အောင်လုပ်ပါ. ပြည်သူပြည်သားတစ်ယောက်သည် တိုင်းပြည် ကို ကာကွယ်ဆောင်ရွက်ရန် တာဝန်ရှိပါသည်. မီဒီယာသမားများ မီဒီယာဖြင့် မိမိနိုင်ငံကို ကာကွယ် စောင့်ရှောက်ပါ. အမှားကို အမှားအတိုင်း အမှန်ကို အမှန်အတိုင်း ဖြစ်စေရန်မီဒီယာကျင့်ဝတ်
နှင့်အတူ ဆက်လက်ဆောင်ရွက်နိုင်ပါစေ။
မြန်မာမီဒီယာလောကကို အထင်အမြင်သေးနေသည့် ကမ္ဘာ့မီဒီယာကို မီဒီယာဖြင့် ပြန်လည် လုပ်ဆောင်ပြီး မြန်မာ့ဂုဏ်ကို မီဒီယာလောကဖြင့်မြှင့်တင်နိုင်ကြပါစေ…..
 မြန်မာ့မီဒီယာသမားများ သိတိထားရန် အကြံပြုတိုက်တွန်းလိုသည်…..
မြန်မာ့မီဒီယာလောကဖွံ့ဖြိုးတိုးတက်စေရန်……

 မောင်ငြိမ်းချမ်း

သီလဝါ အထူး စီးပွားရေး ဇုန် မြေကွက် များ မေလ အတွင်း ဈေးနှုန်း ထုတ်ပြန် ကာ ရောင်းချ မည်



Photo: သီလဝါ အထူး စီးပွားရေး ဇုန် မြေကွက် များ မေလ အတွင်း ဈေးနှုန်း ထုတ်ပြန် ကာ ရောင်းချ မည်

သီလဝါ အထူး စီးပွားရေး ဇုန်ရှိ စက်မှုဇုန် မြေကွက် ဈေးနှုန်း များကို လာမည့် မေလ အတွင်း တရားဝင် ထုတ်ပြန် ရောင်းချ ပေးသွား နိုင်ဖွယ် ရှိကြောင်း သီလဝါ သာယာရေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။ သီလဝါ အထူး စီးပွားရေး ဇုန် ၏ မြေပြုပြင် မှုနှင့် လိုအပ်သော လုပ်ငန်း များကို လုပ်ဆောင် နေရာ ယခုအခါ ရာခိုင်နှုန်း ပြည့် နီးပါး ပြီးစီးနေပြီ ဖြစ်ကြောင်း၊ စက်မှု ဇုန်မြေ ကွက်ဈေး များကို တရားဝင် မသတ်မှတ် ရ သေးသော်လည်း မေလ အတွင်း တရားဝင် ထုတ်ပြန် ကာ မြေကွက် များ စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူး စီးပွားရေး ဇုန်သည် မြန်မာ အစိုးရ နှင့် ဂျပန် နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ဟောင်ကောင် အထည် ချုပ် လုပ်ငန်း များ၊ ဂျပန် နိုင်ငံမှ မော်တော် ကား ထုတ်လုပ် ရေး လုပ်ငန်း များနှင့် စားသောက် ကုန် လုပ်ငန်း များ၊ ပြင်သစ် နိုင်ငံမှ ကုမ္ပဏီ များ ကလည်း မြန်မာ နိုင်ငံ အစိုးရ သို့ တရားဝင် ကမ်းလှမ်း ထားပြီး တခြားသော နိုင်ငံ များ မှလည်း ရင်းနှီး မြှုပ်နှံရန် အထူး စိတ်ဝင်စား လျက် ရှိကြောင်း သိရ သည်။ ဂျပန် နိုင်ငံ အခြေ စိုက် စီးပွားရေး လုပ်ငန်း များ အများဆုံး ဝင်ရောက် ရင်းနှီး မြှုပ်နှံ လာမည် ဖြစ်ကာ ဂျပန် ၏ ရင်းနှီး မြှုပ်နှံမှု ပမာ ဏ များစွာ တိုးလာဖွယ် ရှိကြောင်း သိရ သည်။

ယင်းသို့ ရောင်းချ မည့် စက်မှုဇုန် မြေကွက် ဈေးများ မှာ နိုင်ငံ တကာမှ ဝင်ရောက် ရင်းနှီး မြှုပ်နှံ လိုသူများ စိတ်ဝင်စား အဆင်ပြေ စေနိုင် မည့် နှုန်းထား များကို သတ်မှတ် သွားဖွယ် ရှိပြီး ဈေးကစား ခြင်းများ မဖြစ်ပေါ် စေရန် ထိန်းချုပ် သွားမည် ဖြစ်ကြောင်း သိရ သည်။ သီလဝါ အထူး စီးပွား ရေး ဇုန် မှာ ဧရိယာ ဟက်တာ ၃၄ဝဝ ရှိသည့် အနက် ဟက်တာ ၄ဝဝ ကို စတင် အကောင် အထည် ဖော်ခြင်း ဖြစ်သည်။

လင်းသစ်
သီလဝါ အထူး စီးပွားရေး ဇုန်ရှိ စက်မှုဇုန် မြေကွက် ဈေးနှုန်း များကို လာမည့် မေလ အတွင်း တရားဝင် ထုတ်ပြန် ရောင်းချ ပေးသွား နိုင်ဖွယ် ရှိကြောင်း သီလဝါ သာယာရေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။ သီလဝါ အထူး စီးပွားရေး ဇုန် ၏ မြေပြုပြင် မှုနှင့် လိုအပ်သော လုပ်ငန်း များကို လုပ်ဆောင် နေရာ ယခုအခါ ရာခိုင်နှုန်း ပြည့် နီးပါး ပြီးစီးနေပြီ ဖြစ်ကြောင်း၊ စက်မှု ဇုန်မြေ ကွက်ဈေး များကို တရားဝင် မသတ်မှတ် ရ သေးသော်လည်း မေလ အတွင်း တရားဝင် ထုတ်ပြန် ကာ မြေကွက် များ စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ န၀ဒေးဥယျာဉ်အိမ်ယာရှေ့မှာ လယ်သမားတွေ ဆန္ဒပြ

Photo: လှိုင်သာယာ န၀ဒေးဥယျာဉ်အိမ်ယာရှေ့မှာ လယ်သမားတွေ ဆန္ဒပြ

ဧပြီလ ၂၇ ရက် ၂၀၁၄ ခုနှစ်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က န၀ဒေးဥယျာဉ် အိမ်ယာမြေနေရာဟာ အရင်က လယ်သမားတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေကို သိမ်းခဲ့ပြီး ဆောက်လုပ်တာဖြစ်တဲ့ အတွက် လျော်ကြေးပေးဖို့ ဒီနေ့ လယ်သမား ၆၀ လောက်က န၀ဒေးဥယျာဉ်အိမ်ရာရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

ဒီနှစ်ထဲ နိုင်ငံပိုင်သတင်း စာတွေထဲမှာ အသိမ်းခံထားရဲ့လယ်သမားတွေရဲ့လယ်တွေကို စိစစ်ပြီး ပြန်လည်ပေးမယ်လို့ ပါရှိလာတာကြောင့် အခုလိုဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ လယ် ၁၄ ဧက ပိုင်ဆိုင်ခဲ့တဲ့ ဆန္ဒပြ လယ်သမား ဦးသိန်းမိုးက ပြောပါတယ်။

"၁၉၉၁-၁၉၉၂ စစ်အစိုးရလက်ထက်တုန်းက အိုးအိမ်မြေဆိုတော့ ကျနော်တို့ကဘယ်ပြောရဲမလဲ၊ သိမ်းတာတောင်မှ မဖယ်လို့ရှိရင် ကျနော်တို့ကို ဖမ်းမယ်ဆိုပြီးပြောတာ၊ အခု ၄ လပိုင်း ၅ ရက်နေ့တုန်းက သတင်းစာထဲမှာ ပြည်သူ့လွှတ်တော်အမတ်နဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်ပြီးတော့ လယ်သမားတွေကို ညှိနှိုင်းပေးပါ နစ်နာကြေးပေးမယ်၊ လျော်ကြေးပေးမယ် တောင်းဆိုလို့ရတယ်ဆိုလို့ ကျနော်တို့က အများကိုလိုက်လေ့လာပြီးတော့လုပ်ရတာ၊ ကျနော်တို့အသိဥာဏ်နဲ့ ဆန္ဒပြတာ"

အဲဒီ လယ်မြေနေရာတွေကို စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်လောက်က အိုးအိမ်ဦးစီးဌာနက သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နစ်နာကြေးရရှိဖို့ ဧပြီ ၂၅ရက်နေ့ကစပြီး န၀ဒေးဥယျာဉ်အိမ်ယာရှေ့မှာ အိုးအိမ်ဦးစီးဌာနနဲ့ န၀ဒေးဥယျာဉ်အိမ်ရာ စီမံကိန်းဆောက်လုပ်နေတဲ့ ချင်စုမေဖလားဝါးကုမ္ပဏီကို ဆန္ဒပြကြတာဖြစ်ပါတယ်။
လှိုင်သာယာ န၀ဒေးဥယျာဉ်အိမ်ယာမြေနေရာဟာ ၁၉၉၁ခုနှစ်မတိုင်ခင်က သာယာကုန်းကျေးရွာနဲ့ ရေဥက္ကံကျေးရွာက လယ်သမား ၂၇ ဦးပိုင်ဆိုင်တဲ့ ဧက သုံးရာဝန်းကျင်ရှိ လယ်ယာမြေတွေ ဖြစ်ပါတယ်။

Credit To : RFA Burmese
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က န၀ဒေးဥယျာဉ် အိမ်ယာမြေနေရာဟာ အရင်က လယ်သမားတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေကို သိမ်းခဲ့ပြီး ဆောက်လုပ်တာဖြစ်တဲ့ အတွက် လျော်ကြေးပေး ဖို့ ဒီနေ့ လယ်သမား ၆၀ လောက်က န၀ဒေးဥယျာဉ်အိမ်ရာရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

ဒီနှစ်ထဲ နိုင်ငံပိုင်သတင်း စာတွေထဲမှာ အသိမ်းခံထားရဲ့လယ်သမားတွေရဲ့လယ်တွေကို စိစစ်ပြီး ပြန်လည်ပေးမယ်လို့ ပါရှိလာတာကြောင့် အခုလိုဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ လယ် ၁၄

ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ခွေးရူးကိုက်ခံရ၍ သေဆုံးသူ များပြားနေ

Photo: ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ခွေးရူးကိုက်ခံရ၍ သေဆုံးသူ များပြားနေ
Sunday, April 27, 2014

ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ ခွေးရူးအကိုက်ခံရ၍ သေဆုံးရသည့်ဖြစ်စဉ်များ များပြားလာကြောင်းနှင့် ပြည်နယ်အချို့တွင် ခွေးရူးကာကွယ်ဆေး ကြိုတင်ထိုးနှံရန် အခက်အခဲများရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်နွေရာသီတွင် ခွေးရူးကိုက်ခံရ၍ သေဆုံးသူများရှိနေပြီး ပြည်နယ်အချို့တွင် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ခွေးရူးကာကွယ်ဆေးထိုးနှံခွင့် မရရှိကြကြောင်း သိရသည်။

“ကျွန်မတို့ဆီမှာဆိုရင် ခွေးလေခွေးလွင့်တွေ အရမ်းများတယ်။ အိမ်တစ်အိမ်မှာ ခွေးခြောက်ကောင်လောက်တော့ ရှိတယ်။ပြီးရင် အဲဒီခွေးတွေကနေ ခွေးရူးဖြစ်သွားတာတွေလည်းရှိတော့ ကျွန်မတို့အပါအ၀င် တခြားအိမ်က လူတွေကလည်း ခွေးရူးကာကွယ်ဆေး ထိုးချင်ကြတယ်။ ဒါပေမဲ့ ဒီမှာက တိရ စ္ဆာန်ဆေးကုခန်းဆိုပြီးတော့ သီးသန့် ဖွင့်ထားတာမျိုးလည်း မရှိသလို ခွေးရူးကာကွယ်ဆေးထိုးချင်လို့ ဌာနကရှိတဲ့ တိရစ္ဆာန်ဆရာဝန်ကို သွားပြောတော့လည်း ဆေးက ဒီမှာ မရှိဘူး။ ရန်ကုန်ကိုမှာ ရမယ်။ ပြီးရင် ရေခဲတွေနဲ့လည်း သယ်ရမယ်။ ခွေးရူးကာကွယ်ဆေး ထိုးထားရင် ခွေးက ခြံထဲမှာပဲနေရမယ်။ အဲ့လိုမှမဟုတ်ရင် တခြား ဆေးမထိုးထားတဲ့ ခွေးတွေ ကိုက်မိရင်လည်း ခွေးရူးရောဂါ ပြန်ဖြစ်မှာပဲ ပြောတယ်။ အဲဒါနဲ့ပဲ ဆေးထိုးချင်ရင်တောင် ဆေးထိုးလို့မရတဲ့အခြေအနေ ဖြစ်နေတယ်။ ပြီးရင် ဒီမှာက ခွေးရူးနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုးတွေက ရှားတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း ခွေးကိုက်ခံရရင် စိုးရိမ်ရမှန်း မသိကြဘူး။ ဟိုတလောကဆိုရင် အမျိုးသမီးတစ်ယောက် ခွေးရူးကိုက်ခံရတယ်။ ဒါပေမဲ့ သူ့ကို ကိုက်တဲ့ခွေး သေသွားမှ ခွေးရူးကိုက်ခံရမှန်းသိလို့ ဆေးခန်းသွားတော့ သူ့မှာလည်း ခွေးရူးပိုးဝင်နေပြီဆိုပြီး ဆရာဝန်ကပြောလိုက်တယ်လို့ ကြားတယ်” ဟု စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေသူ ဒေါ်ဇင်ဖြူ လင်းက ဆိုသည်။

ထို့ပြင် ယခင်လမှစပြီး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းအချို့၌ ဆေးခန်းများတွင် ခွေးရူးအကိုက်ခံရ၍ လာပြသူများ ရှိလာသော်လည်း ဆေးခန်းတွင် ခွေးရူးကာကွယ်ဆေးများ မရှိသဖြင့် ပြည်သူ့ဆေးရုံများသို့ လွှဲပြောင်းပေးခဲ့ရကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ထို့ပြင် ယခုလအတွင်း မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်း ခွေးရူးအကိုက်ခံရသည့် ဖြစ်စဉ်များပြားနေပြီး ဧပြီလဆန်းပိုင်းတွင် အမရပူရမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခွေးရူးကိုက်ခံရ၍ ၁၀ နှစ်အရွယ် ကိုရင်တစ်ပါး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ခွေးရူးအကိုက်ခံရသည့် နွားကိုက်၍ သေဆုံးမှုများ ရှိခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ခွေးရူးအကိုက်ခံရ၍ လူသေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

“ဒီနှစ် ခွေးရူးရာသီမှာတော့ ခွေးရူးကိုက်ခံရတဲ့သူတွေ တော်တော်များတယ်။ပြီးတော့ ခွေးရူးအကိုက်ခံရလို့ သေတဲ့သူတွေလည်း ကြိုးကြားကြိုးကြား ကြားနေရတယ်။ အကိုက်ခံရရင်လည်း ကလေးတွေ ပိုများတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဆရာဝန်တစ်ဦးက ဆိုသည်။

 ခွေးရူးကိုက်ခံရ၍ လူသေဆုံးမှုများ ရှိခဲ့သည့်အတွက် မတ်လအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခွေးလေခွေးလွင့် တစ်ထောင်ခန့်အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယခုလတွင် မန္တလေးတိုင်းဒေသကြီး၌ ခွေးကောင်ရေ ငါးထောင်ခန့်အား ခွေးရူးကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း၊မြန်မာနိုင်ငံတွင် နှစ်စဉ် ခွေးကိုက်ခံရ သူဦးရေ ခြောက်သိန်းခန့် ရှိနေကြောင်း နှင့် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေ ၁၀၀၀ အထက်တွင်ရှိနေပြီး လက်ရှိမြန်မာနိုင်ငံတွင် ခွေးကောင်ရေပေါင်း ၃ ဒသမ ၅ သန်း ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့တွင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အဖွဲ့တစ်ခုမှ ခွေးရူးကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးနေစဉ်
Eleven Media Group
ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ ခွေးရူးအကိုက်ခံရ၍ သေဆုံးရသည့်ဖြစ်စဉ်များ များပြားလာကြောင်းနှင့် ပြည်နယ်အချို့တွင် ခွေးရူးကာကွယ်ဆေး ကြိုတင်ထိုးနှံရန် အခက်အခဲ များရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်နွေရာသီတွင် ခွေးရူးကိုက်ခံရ၍ သေဆုံးသူများရှိနေပြီး ပြည်နယ်အချို့တွင် လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ခွေးရူးကာကွယ်ဆေးထိုးနှံခွင့် မရရှိကြကြောင်း သိရသည်။

အလုံမြို့နယ်အတွင်း ဖြိုဖျက်ဆဲ နှစ်ထပ်တိုက်မှ နေကာပြိုကျရာ အုတ်ကျိုးပိ၍ အလုပ်သမား သုံးဦး သေဆုံး

Myanmar Online News's photo.
အလုံမြို့နယ်တွင် ဧပြီ ၂၆ ရက်၊ ညနေ ၄ နာရီခန့်က ဖြိုဖျက်ဆဲ နှစ်ထပ်တိုက်မှ နေကာပြိုကျမှုဖြစ်ပွားခဲ့ပြီး အုတ်ကျိုးပိ၍ အလုပ်သမားသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၊ ဌာနာရပ်ကွက် အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ လူမနေသော တိုက်အဟောင်း ခြံ အမှတ်(၁၅၅)ကို ဖြို ဖျက်သည့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်အဟောင်း၏ ပြိုကျသည့် အပိုင်းဖြစ်သော နေကာအုတ်ကျိုးပိ၍ သေဆုံးသွားသော အလုပ်သမားသုံးဦးမှာ ဒလမြို့နယ်နေ

ရခိုင်အမျိုးသား ညီလာခံ တက်ရောက်မယ့်ပုဂ္ဂိုလ်တွေ အစုံအလင်ရောက်ရှိ

Photo: ရခိုင်အမျိုးသား ညီလာခံ တက်ရောက်မယ့်ပုဂ္ဂိုလ်တွေ အစုံအလင်ရောက်ရှိ

ကျောက်ဖြူမြို့မှာ မနက်ဖြန်စတင်ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံကို တက်ရောက်ဖို့ ပြည်ထောင်စုဝန်ကြီးတွေ အပါအ၀င် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမူရေး အဖွဲ့အစည်းတွေဟာ ဒီကနေ့ ကျောက်ဖြူမြို့မှာ စုံစုံညီညီရောက်ရှိနေကြပြီဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဒုတိယ၀န်ကြီး  ဗိုလ်ချုပ် မောင်မောင်အုန်းတို့ တက်ရောက်ကြသလို ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေလည်း ရောက်ရှိနေကြပါတယ်။ ညီလာခံမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ညီလာခံကျင်းပရေး ကော်မတီ ဒုတိယဥက္ကဌ ဦးဦးလှစောက ခုလိုပြောပါတယ်။

"ကျနော်တို့ ရခိုင်လူ့အဖွဲ့အစည်းမှာ ပြဿနာတွေက အများကြီးပဲ၊ အဲဒီပြဿနာတွေကို ကျနော်တို့က စာတမ်းတွေဖတ်ကြမယ်၊ နောက်ကျနော်တို့ panel discussion တွေလုပ်ကြပြီး အဲဒီကနေရခိုင်ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုနိုင်တဲ့ message တွေရနိုင်အောင်၊ နောက်တစ်ခုက ရခိုင်ပြည်သူတွေရဲ့ ရှေ့ဆက်သွားမယ့်ခရီးအတွက် သေနင်္ဂဗျူဟာတွေ ချမှတ်နိုင်အောင် ကျနော်တို့ကြိုးစားမှာပါ၊ ညီလာခံရဲ့ ဦးတည်ချက်ထဲမှာတော့ လုံခြုံတဲ့ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတဲ့ ရခိုင်လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေးဆိုတော့ အဲဒီခေါင်းစဉ်အောက်မှာတော့ အများကြီးပဲ"

ညီလာခံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ALP ရခိုင်လွတ်မြောက်ရေးပါတီနဲ့ ထိုင်နိုင်ငံနဲ့ ကချင်ပြည်နယ် အခြေစိုက် AA ရခိုင်တပ်မတော် လက်နက်ကိုင်အဖွဲ့တွေလည်း ရောက်ရှိလာသလို ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ နိုင်ငံရေး၊ လူမူရေး အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေလည်း အသီးသီးရောက်ရှိနေကြပါတယ်။

ညီလာခံကို မနက်ဖြန် ဧပြီလ ၂၇ရက်နေ့က စတင်ပြီး ဧပြီလ ၁ရက်နေ့အထိ ၅ ရက်ကြာကျင်းပသွားမှာ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့မှာ မနက်ဖြန်စတင်ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံကို တက်ရောက်ဖို့ ပြည်ထောင်စု ၀န်ကြီးတွေ အပါအ၀င် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမူရေး အဖွဲ့အစည်းတွေဟာ ဒီကနေ့ ကျောက်ဖြူမြို့မှာ စုံစုံညီညီရောက်ရှိနေကြပြီဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတို့ တက်ရောက်ကြသလို ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေလည်း ရောက်ရှိနေကြပါတယ်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း

Photo: လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း
Sunday, April 27, 2014

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်းလမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းရာသို့ လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့အပါဝင် အခြားမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ခန့်၊ မီးသတ်ယာဉ် အစီး ၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ကျွမ်းရာသို့ လာရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “မီး ဘာကြောင့်လောင်လဲဆိုတာတော့ မသိသေးပါဘူး။ အိမ်ခြောက်လုံး လောင်သွားတယ်” ဟု ပြောကြားသည်။

ထိုသို့ မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်အမှတ် ၁၉ (အေ) မှ အိမ်ထောင်ဦးစီး ဖြစ်သူအား လှိုင်မြို့မရဲစခန်းမှ (ပ)၂၃၈/၁၄၊ ပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားသည်။

Eleven Media Group
လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွား ခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်း လမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင် ကျွမ်းမှု ဖြစ် ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။

ကျန်းမားရေးကောင်းဖို့ အတွက်ဆိုရင်

Photo: ကျန်းမားရေးကောင်းဖို့ အတွက်ဆိုရင်
Sunday, April 27, 2014

1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2013 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်တော်ဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။

Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။

Credit to ကျန်းမာရေးသတင်းများ

1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathyတို့ဖြစ်ပါတယ်။