Monday, April 28, 2014

အိန္ဒိယသမုဒ္ဒရာကြမ်းပြင်၌ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုထပ်မံတိုးချဲ့


Monday, April 28, 2014
ပျောက်ဆုံး မလေးရှားလေ ယာဉ်ရှာဖွေမှု ရက် ၅ဝ အတွင်း ချင်းနင်းဝင်ရောက်လာချိန်တွင် ဧပြီ ၂၆ ရက်က အိန္ဒိယသမုဒ္ဒရာကြမ်း ပြင်၌ ရှာဖွေမှုထပ်မံတိုးမြှင့်လိုက် ခြင်းနှင့်အတူ ပျောက်ဆုံးလေယာဉ် ရှိနိုင်သည်ဟု ယူဆကြသော ဧရိယာကို ကျော်လွန်ကာ ရှာဖွေမှု များ ပြုလုပ်လျက်ရှိကြသည်။
ခေတ်မီမောင်းသူမဲ့ ရေငုပ် သင်္ဘောငယ် Bluefin-21သည် လေယာဉ်၏ Black Box မှလာ သည်ဟု ယူဆရသော အသံလှိုင်း အချက်ပြမှု ထောက်လှမ်းရရှိခဲ့ သည့် အိန္ဒိယသမုဒ္ဒရာကြမ်းပြင်၏ ၁ဝ စတုရန်းကီလိုမီတာ ၆ ဒသမ ၂ စတုရန်းမိုင်ရှိ ရှာဖွေနယ်နိမိတ် တွင် ထောက်လှမ်းမှုပြုလုပ်ခဲ့ပြီး ယခုအခါ ရှာဖွေနယ်နိမိတ်၏ ၉၅ ရာခိုင်နှုန်းကို ထောက်လှမ်းပြီးစီးခဲ့ ပြီဖြစ်သည်။
အဝေးထိန်းစနစ်ပါ ရေငုပ် သင်္ဘောငယ် Bluefin-21၏ ဆော့ဖ်ဝဲ ချွတ်ယွင်းသွားမှုကြောင့် ဧပြီ ၂၅ ရက်က ရေမျက်နှာပြင် ပေါ် ပြန်တက်ခဲ့ရပြီး ရှာဖွေမှုပါ ခေတ္တရပ်ဆိုင်းခဲ့သည်။ ကျွမ်းကျင် သူများက ရေငုပ်သင်္ဘောငယ်ကို နေ့ချင်းညချင်း ပြင်ဆင်လိုက်ပြီး နောက် ဧပြီ ၂၆ ရက်က ၁၆ နာရီကြာမည့် (၁၄)ကြိမ်မြောက် ခရီးစဉ်အဖြစ် ရေအောက်သို့ ပြန်လည်ဖြန့်ကြက်လိုက်ကြောင်း သိရသည်။
ခေတ်မီ ရေငုပ်သင်္ဘောငယ် အနေဖြင့် တစ်စုံတစ်ရာ ရှာဖွေ ထောက်လှမ်းနိုင်မှုမရှိပါက မူလ ရှာဖွေနယ်နိမိတ်ဖြစ်သော ၁ဝ စတုရန်းကီလိုမီတာ ရှာဖွေနယ် နိမိတ်နှင့်ဆက်စပ်သော နေရာ များတွင် ဆက်လက်ရှာဖွေမှု ပြုလုပ် မည်ဖြစ်ကြောင်း သြစတြေးလျ ပူးတွဲအေဂျင်စီ ညှိနှိုင်းရေးဌာနမှ တာဝန်ရှိသူများက ပြောကြား သည်။

ချစ်ခြင်း၊ မုန်းခြင်းအလျဉ်းမရှိ လူသားမျက်စိဖြင့် ဦးသန်းရွှေကို ကြည့်လျှင်

Monday, April 28, 2014
တာဝန်ကနေ အပြီးအပိုင် အနားယူသွားပြီဖြစ်တဲ့ ဦးသန်းရွှေနဲ့ ပတ်သက်လို့ မီဒီယာမျက်နှာစာတွေမှာ အပေါစား တောရမ်းမယ်ဖွဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် အရေးအသားကအစ၊ မှန်တစ်ဝက်၊ မှားတစ်ဝက် ခပ်တည်တည် ခပ်ဖိန့်ဖိန့် ရေးသားတင်ပြချက်တွေ အလယ်၊ ဓားသွားပမာ တိကျသေသပ်တဲ့ ပညာရှင်၊ အကယ်ဒမစ်တွေရဲ့ သုံးသပ်ချက်တွေအဆုံး အခွင့်အခါသင့်ရင် သင့်သလို ပေါ်ထွက်လာလေ့ရှိပါတယ်။
Photo: ချစ်ခြင်း၊ မုန်းခြင်းအလျဉ်းမရှိ လူသားမျက်စိဖြင့် ဦးသန်းရွှေကို ကြည့်လျှင်

Monday, April 28, 2014

တာဝန်ကနေ အပြီးအပိုင် အနားယူသွားပြီဖြစ်တဲ့ ဦးသန်းရွှေနဲ့ ပတ်သက်လို့ မီဒီယာမျက်နှာစာတွေမှာ အပေါစား တောရမ်းမယ်ဖွဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် အရေးအသားကအစ၊ မှန်တစ်ဝက်၊ မှားတစ်ဝက် ခပ်တည်တည် ခပ်ဖိန့်ဖိန့် ရေးသားတင်ပြချက်တွေ အလယ်၊ ဓားသွားပမာ တိကျသေသပ်တဲ့ ပညာရှင်၊ အကယ်ဒမစ်တွေရဲ့ သုံးသပ်ချက်တွေအဆုံး အခွင့်အခါသင့်ရင် သင့်သလို ပေါ်ထွက်လာလေ့ရှိပါတယ်။

၂ဝ၁ဝ ပြည့်နှစ်နှောင်းပိုင်း ကာလတွေမှာ အာဏာရပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ အနားယူသွား ပြီဖြစ်တဲ့ ဦးသန်းရွှေနဲ့ ပတ်သက်လို့မီဒီယာတွေရဲ့ မေးခွန်းထုတ်မှုတွေ ကိုမကြာခဏဆိုသလို ရင်ဆိုင်ကြရပါ တယ်။ ဒီမေးခွန်းတွေကို ပြန်လည်ဖြေကြားချက်တွေဟာ သူ့ရှုထောင့်နဲ့သူ၊ သန်ရာသန်ရာ အယူအစွဲတွေနဲ့ အနက်ဖွင့်ဆိုခြင်းလည်း ခံရပါတယ်။

မူလကဖြေကြားသူက ပေးချင်တဲ့အချက်အလက်နဲ့ သွေဖည်အံချော်သွားတဲ့ အနက်ဖွင့်ဆို တင်ပြမှုတွေ လည်း မကြာခဏဆိုသလို ဖြစ်ပျက်သွားတတ်တာကို တွေ့မြင်ရပြန်ပါတယ်။

နိုင်ငံတော် အကြီးအကဲဟောင်း ဦးသန်းရွှေရဲ့ ဆောင်ရွက်မှုတွေကို ချစ်ခြင်း၊ မုန်းခြင်းအလျဉ်းကင်းပြီး လေ့လာကြည့်ရင် မျက်မှောက်ကာလရဲ့ နိုင်ငံရေးဖြစ် ထွန်းမှုအတွက် ကောင်းသော ပျိုးထောင်မှုကို စတင်ပေးနိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ တစ်နည်းပြောရရင် ဦးသန်းရွှေ ရွှေ့ခဲ့တဲ့အကွက်တွေ၊ ချမှတ်ဆောင်ရွက်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ ယနေ့ဖြစ်ထွန်းနေတဲ့ တိုးတက်မှု တွေကို တိုက်ရိုက်၊ သွယ်ဝိုက် မြေတောင် မြှောက်နိုင်တဲ့ အထိသက်ရောက်မှုအား ကြီးပါတယ်။

စစ်အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေး သို့ သွေးတစ်စက်မှမကျစေပဲ ငြိမ်းချမ်းစွာ ကူးပြောင်းစေတာ၊ အုပ်ချုပ်ရေး မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းရွှေ့တည်ထောင်ပစ်တာ၊ Road Map ကိုတစ်ဆင့်ပြီး တစ်ဆင့်၊ ဗျူဟာတွေတစ်ရစ်ပြီးတစ်ရစ် ချည်နှောင်သိုင်းဝိုင်းပြီး ကိုယ်လိုချင်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ခဲ့တာတွေကမှတ်သားလောက်စရာပါ။

၂ဝဝ၄ ခုနှစ်မှာ အမျိုးသား ထောက်လှမ်းရေး ဗျူရိုကိုဖျက်သိမ်း ပစ်ဖို့ ဆုံးဖြတ်လိုက်တာ ကတော့ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးနဲ့ ရင်သပ်ရှုမောဖွယ် အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ပြောနိုင်ပါတယ်။ အကြောင်း ကတော့ဒီဆုံးဖြတ်ချက်ဟာ အခန့်မသင့်ရင် တပ်မတော်ကိုပြိုကွဲ သွားစေနိုင်လို့ပါပဲ။ သို့ပေမယ့် ဒီအရေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ ပြီးဆုံးသွားပါတယ်။

အရပ်သား ဒီမိုကရေစီ အစိုးရအတွက် လမ်းတွေ၊ တံတားတွေ ဖောက်လုပ်ပေးခဲ့ပါတယ်။ ဆည်မြောင်း တာတမံတွေ ဆောက်ပေးခဲ့ပါတယ်၊ အင်္ဂါရပ်နဲ့ ညီတဲ့ မြို့တော်၊ လွှတ်တော် နဲ့ ခမ်းမတွေ ဆောက်လုပ်ပေးခဲ့ပါတယ်။

ဦးသန်းရွှေဟာ နိုင်ငံတော်အာဏာကို အလွန်ညင်သာသိမ်မွေ့စွာနဲ့ လွှဲပြောင်းပေးနိုင်ဖို့အတွက် အစီအမံတွေများစွာ ပြုလုပ်ခဲ့ပုံရပါတယ်။ ဒီနေရာမှာ အလေးအနက်ဖော်ပြရမှာက သူဟာ လူရွေးမှန်ခဲ့ပါတယ်။

သူ့လက်ထက် အလွန်မှာနိုင်ငံရဲ့တာဝန်ကို ထမ်းဆောင်မယ့်အရေးပါဆုံး အဖွဲ့အစည်း လေးခုဖြစ်တဲ့ အစိုးရ၊ လွှတ်တော်၊ ပါတီ၊ စစ်တပ်တွေမှာ ဦးဆောင်မယ့် ခေါင်းဆောင်တွေကို အတတ်နိုင်ဆုံး လူမှန်၊ နေရာမှန် ရွေးချယ်ခဲ့တာကလည်း နောက်ပိုင်းမှာ အလွန်တရာ အကျိုးများခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ နိုင်ငံတော် သမ္မတအဖြစ် ဦးသိန်းစိန်ကိုရွေးချယ်တာဝန်ပေးခဲ့ခြင်းပါပဲ။

ဦးသန်းရွှေဟာ အပြီးအပိုင်အနားယူသွားတာမှန်ပေမယ့် လက်ရှိထိပ်တန်းခေါင်းဆောင်တွေမှာ သြဇာ ရှိနေတုန်းပါပဲ။ ဆရာတစ်ဦးရဲ့ အသုံးအနှုန်းအရဆိုရင် သူ့မှာ passive influence ရှိနေပါတယ်။ ပြီးတော့ သူဟာ hegemony ပါ။ ဦးသန်းရွှေဟာ လက်ရှိ အာဏာရအသိုင်းအဝိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မှု နေရာမှာ ရှိနေပါသေးတယ်။

ဒီလိုဖြစ်နေတာကလည်း ကောင်းပါတယ်။ အကြောင်းကတော့ အာဏာရ အသိုင်းအဝိုင်းကြား အုပ်စုအသီးသီးတွေရဲ့ အားပြိုင်မှုကို ချိန်ခွင်လျှာ ညှိယူပေးနိုင်လို့ပါပဲ။

zaw aung
credit to : Online Update News
၂ဝ၁ဝ ပြည့်နှစ်နှောင်းပိုင်း ကာလတွေမှာ အာဏာရပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ အနားယူသွား ပြီဖြစ်တဲ့ ဦးသန်းရွှေနဲ့ ပတ်သက်လို့မီဒီယာတွေရဲ့ မေးခွန်းထုတ်မှုတွေ ကိုမကြာခဏဆိုသလို ရင်ဆိုင်ကြရပါ တယ်။ ဒီမေးခွန်းတွေကို ပြန်လည်ဖြေကြားချက်တွေဟာ သူ့ရှုထောင့်နဲ့သူ၊ သန်ရာသန်ရာ အယူအစွဲတွေနဲ့ အနက်ဖွင့်ဆိုခြင်းလည်း ခံရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်ထပ်တိုးလာနိုင်

Monday, April 28, 2014
ချင်းပြည်နယ်လွှတ်တော် ဖလမ်း မြို့နယ်ကိုယ်စားလှယ် ဦးနထန်း သည် ယခုလ ၂၃ရက်တွင်ကွယ်လွန် ခဲ့သည့်အတွက်ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲလစ်လပ်မဲဆန္ဒနယ်များ ထပ်မံ တိုးပွားလာမည်ဖြစ်သည်။''လစ်လပ်သွားတဲ့နေရာအတွက်ထည့်သွင်းကျင်းပမလားဆိုတာက တော့ ရွေးကောက် ပွဲကော်မရှင် ကပဲဆုံးဖြတ်ရမှာပါ''ဟု ချင်း အမျိုးသားပါတီအထွေထွေအတွင်း ရေးမှူး ဆလိုင်းငယ်ပီး က ပြည် ထောင်စုနေ့စဉ်သို့ပြောသည်။လွှတ်တော်တွင်းမှဝန်ကြီးခန့်အပ်မှုများ၊ ကွယ်လွန်သူများ ရှိသော ကြောင့် ယခုနှစ်မကုန်မီ ကြားဖြတ် ရွေးကောက်ပွဲပြု လုပ်ပေး မည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက လွှတ်တော်၌ဖြေကြား ထားပြီးဖြစ် သည်။လစ်လပ်မဲဆန္ဒနယ်များမှာ အမျိုးသားလွှတ်တော်ခြောက်နေရာ၊
ပြည်သူ့လွှတ်တော် ၁၃နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ် တော် ၁၁နေရာအထိရှိပြီး ချင်း ပြည်နယ်အတွင်း၌ ယခုလစ်လပ် သည့် နေရာအပါအဝင်အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်
ပြည်နယ်လွှတ်တော်တစ်နေရာစီ လစ်လပ်လျက်ရှိသည်။
The Union Daily

လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင် စုံစမ်းစစ်ဆေးမှု အထွေထွေအစီရင်ခံစာကိုလာမည့်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည်

Monday, April 28, 2014
ဧပြီ ၂၅- လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးချက် အထွေထွေအစီရင် ခံစာကို လာမည့်ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များက ပြောသည်။
ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထား သည့်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရ မှုမှ ပြည်သူများ နစ်နာမှုမရှိစေရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် နိုင်ငံတစ်ဝန်း လယ်ယာမြေများ နှင့်ပတ်သက်၍ လွှတ်တော်သို့ အစီရင်ခံစာ သုံးကြိမ်အ ထိ တင်သွင်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
''အခုတစ်ကြိမ်ကတော့ အထွေထွေပေါ့။ စစ်တပ်၊ ကုမ္ပဏီတို့က သိမ်းတာမဟုတ်ဘဲ အောက်ခြေ မှာ မြေစာရင်းဌာနတို့နဲ့ပေါင်းပြီး ဒေသအာဏာပိုင်၊ ခရိုင်၊ မယကတို့ လုပ်ထားကြတာတွေကို တင်မှာပါ'' ဟု လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးဖေသန်းက ပြောသည်။

ထိုင်းနိုင်ငံတွင်း ခိုးဝင် မြန်မာနိုင်ငံသား ၇၁ ဦး ဖမ်းဆီးခံရ


Monday, April 28, 2014
ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်ဘက်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၁ ဦးကို ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးရမိကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကြိုတင်သတင်းရရှိချက်အရ အဲဒီမြန်မာနိုင်ငံသားတွေကို ရနောင်းခရိုင် အမှတ် ၂၅ အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေ ပူးပေါင်းပြီး ကရပူရီမြို့နယ် ဟိန်ယိုင်ကျေးရွာ အုပ်စုထဲမှာရှိတဲ့ ဆီအုန်းခြံတွေထဲမှာ ၀င်ရောက်ပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့ အမှတ် ၂၅ စစ်တပ်ဗျူဟာမှူးး ဗိုလ်မှူး စူရဆတ် ဖိန့်ယဲမ့်က သတင်းထောက်တွေကို ပြောပါတယ်။

MERS ဗိုင်းရပ်ကြောင့် ဆော်ဒီမှာ လူ ၁၀၀ ကျော်သေ

Monday, April 28, 2014

ဆော်ဒီ အာရေဗျနိုင်ငံမှာ MERS လို့ခေါ်တဲ့ အရှေ့ အလယ်ပိုင်း ဒေသ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် နောက်ထပ် လူ ၁၀ ယောက်သေဆုံး သွားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဒီရောဂါကို စတင်တွေ့ရှိ ချိန်ကစပြီး သေဆုံးသူဦးရေဟာ ၁၀၂ ယောက်အထိရှိသွားခဲ့ပါပြီ။

Photo: MERS ဗိုင်းရပ်ကြောင့် ဆော်ဒီမှာ လူ ၁၀၀ ကျော်သေ
Monday, April 28, 2014

ဆော်ဒီ အာရေဗျနိုင်ငံမှာ MERS လို့ခေါ်တဲ့ အရှေ့ အလယ်ပိုင်း ဒေသ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် နောက်ထပ် လူ ၁၀ ယောက်သေဆုံး သွားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဒီရောဂါကို စတင်တွေ့ရှိ ချိန်ကစပြီး သေဆုံးသူဦးရေဟာ ၁၀၂ ယောက်အထိရှိသွားခဲ့ပါပြီ။

စနေနေ့က ၂ ယောက်သေဆုံးပြီးနောက် မနေ့ တနင်္ဂနွေနေ့မှာ နောက်ထပ် ၈ ယောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် ဒီရောဂါပိုးစတင်တွေ့ရှိချိန်ကစပြီး ရောဂါဖြစ်တဲ့သူ ၃၃၉ ယောက်ရှိခဲ့တယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ ဆော်ဒီကျန်းမာရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အီဂျစ်နိုင်ငံမှာလည်း ဒီရောဂါဖြစ်နေသူတဦးကိုတွေ့ရှိခဲ့ပြီး အဲဒီလူဟာ သိပ်မကြာသေးခင်က ဆော်ဒီအာရေဗျနိုင်ငံကို သွားခဲ့တာဖြစ်ပါတယ်။ နှာခေါင်းနဲ့ပါးစပ်တွေကို ဖုံးအုပ်ထားကြဖို့ လက်ကို မကြာခဏဆေးဖို့အပါအ၀င် ရောဂါမကူးစက်နိုင်အောင် တခြားလုပ်စရာတွေကိုလုပ်ဖို့ ဆော်ဒီကျန်းမာရေးတာဝန်ရှိသူတွေက မှာကြားထားပြီး တချို့မိဘတွေက သူတို့ရဲ့ကလေးတွေကို ကျောင်းကို မသွားခိုင်းတော့ဘဲ အိမ်မှာပဲ နေခိုင်းထားပါတယ်။ ရိယာဒ့်၊ ဂျက်ဒါနဲ့ ဒမ်မန်မြို့တွေက ဆေးရုံ ၃ ခုကို MERS ရောဂါအထူးကုသဖို့အတွက် သတ်မှတ်ပေးထားပါတယ်။

MERS ရောဂါဟာ ကမ္ဘာတဝှမ်း လူ ၈၀၀ ကျော်သေဆုံးခဲ့တဲ့ SARS ရောဂါနဲ့ ဆက်စပ်မှုရှိတဲ့ရောဂါလည်းဖြစ်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ဘာမှ မသိသေးသလို ကုသဖို့ ဆေးဝါးလည်း မရှိသေးဘဲဖြစ်နေပါတယ်။

ရောဂါပိုးဘယ်လိုကူးစက်တယ်ဆိုတာ မသေချာသေးပေမယ့် ကုလားအုပ်တွေကနေ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရှမ်းအရှေ့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ဖွင့်


Monday, April 28, 2014

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပိုမိုတိုးမြှင့်ရန်အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသထွက် လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
“ကုန်သွယ်ရေးကတော့ ဒီဧပြီ နောက်ဆုံးပတ်ထဲမှာ စဖွင့်နေပြီ။ မြန်မာ-တရုတ် နှစ်ဖက်လူကြီးတွေ လာကြည့်ပြီး ဖွင့်ပေးဖို့ကတော့ မလုပ်ရသေးဘူး။ ဆန်၊ ပြောင်း၊ နှမ်းတွေကို တင်ပို့နိုင်မှာပါ။ နောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူကိုလည်း တင်ပို့နိုင်မှာပါ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် မြန်မာဘက်က လယ်ယာထွက်ကုန် အနည်းငယ် တင်ပို့ထားပြီး တရုတ်နိုင်ငံဘက်ကမူ လူသုံးကုန်ပစ္စည်း ၅၆ မျိုးကို တင်သွင်းထားသည်ဟု အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ် မိုင်းလားမြို့မှ ကုန်သည်များအတွက် ကုန်သွယ်ရာတွင် ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း၊ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် သွင်းကုန်၊ ထုတ်ကုန် လိုင်စင်ထုတ်ပေးခြင်း၊ တစ်ပိုင်တစ်နိုင် ကုန်သွယ်ခွင့်ကတ်များ ထုတ်ပေးခြင်းများကိုပါ ပြုလုပ်ပေးလျက် ရှိသည်ဟု အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးသော နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ထန်တလန်၊ တမူးနှင့် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မြဝတီ၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းတို့ ဖြစ်သည်။

The Voice Weekly

မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်


Monday, April 28, 2014
Photo: မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်
Monday, April 28, 2014

ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော အမျိုးသား သုံးဦးကို ငါးဖမ်းလှေသို့ ရောင်းစားခဲ့ပြီး အမျိုးသမီး ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ရက်တွင် ရခိုင်ပြည် နယ် ပုဏ္ဏားကျွန်းမြို့နယ် ကန် တော့ခံရွာမှ ရခိုင်အမျိုးသမီးတစ် ဦးနှင့် အမျိုးသားသုံးဦးတို့အား လုပ်ခလစာကောင်းရရှိမည်ဟု ဆိုကာ ရခိုင်ပွဲစားအမျိုးသမီးက ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခဲ့ပြီး မြန်မာပွဲစားအမျိုးသမီးတစ်ဦးနှင့် ပူးပေါင်းကာ အမျိုးသားသုံးဦးကိုထိုင်းငါးဖမ်းလှေသို့ ရောင်းချခဲ့သည်။

ထို့နောက် အသက်(၂၀)အ ရွယ် ရခိုင်အမျိုးသမီးတစ်ဦးကိုလေးရက်ကြာအခန်းပိတ်လှောင် ထားပြီး ၎င်း၏အစ်ကိုဖြစ်သူအား ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေး ယူရန်၊ မရွေးယူပါက ပြည့်တန် ဆာအဖြစ်ရောင်းချမည်ဟု ခြိမ်း ခြောက်ခဲ့သည်။

ထို့နောက်အမျိုးသမီးငယ်၏ အစ်ကိုအား ထိုင်းဘတ်ငွေရှစ်ထောင်အား လွှဲပို့ပေးရန်နှင့် ကျန်ဘတ်ငွေလေးထောင်အား ရခိုင်ပွဲစားတစ်ဦး၏ ဘဏ်စာအုပ်တွင် ထည့်သွင်းပေးရန် မြန်မာပွဲစားအမျိုးသမီးက တောင်းခံခဲ့သည်။ ထိုသို့ တောင်းခံသောကြောင့် အမျိုးသမီးငယ်၏အစ်ကိုသည် ထိုင်းဘတ်ငွေ ရှစ်ထောင်ကို တောင်းခံသည့် မြန်မာပွဲစားအမျိုးသမီးထံ လွှဲပို့ခဲ့၍ လေးရက်ကြာပိတ် လှောင်ခံထားရသည့် အမျိုးသမီးငယ်အား ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ စင်ထရယ်ကုန်တိုက်အနီးသို့ အငှားယာဉ်ဖြင့် ပို့ဆောင်ပေးလိုက်ကြောင်း ထိုအမျိုးသမီးငယ်လွတ်ရေး ၀ိုင်းဝန်းကူညီခဲ့သော ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းကပြောသည်။

‘‘ရခိုင်ပွဲစားနဲ့ ဗမာပွဲစားမနဲ့ ပေါင်းပြီး လူရောင်းစားကြတာ ဖြစ်မယ်။ အရပ်လေးမျက်နှာကို တောင်မသိတတ်ကြတဲ့ လူတွေ ဖြစ်တယ်။ ထိုင်းပုလိပ်တွေက မ ကြာမကြာပြောတာတော့ ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ မြန်မာပွဲစား တွေလုံးဝမရှိစေရတော့ဘူး။ အခု ကတည်းက စတင်ပြီးနှိမ်နင်းနေ ပြီလို့ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ လူကုန်ကူးခံရတာတွေက ရှိနေတုန်းပါပဲ’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းက ပြောသည်။ 

အဆိုပါ ရခိုင်အမျိုးသမီးအားထိုင်းနိုင်ငံရှိ ၎င်း၏အစ်ကိုဖြစ်သူ ထံပို့ဆောင်ပေးခဲ့ပြီး ပိတ်လှောင် ခံထားရသည့်နေရာကို ၎င်းအမျိုးသမီးက မမှတ်မိတော့သဖြင့် လူကုန်ကူးခဲ့သောမြန်မာပွဲစား အမျိုးသမီးနှစ်ဦးအားဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဦးကျော်သောင်းကပြောသည်။

Author: ငြိမ်းချမ်း

7Day Daily

ငွေညှစ်ခံရသည့် အမျိုးသမီးငယ်နှင့် အစ်ကိုဖြစ်သူတို့ကို မီဒီယာများ မေးမြန်းနေစဉ် (ဓာတ်ပုံ - ရွှေလုပ်သား)
ငွေညှစ်ခံရသည့် အမျိုးသမီးငယ်နှင့် အစ်ကိုဖြစ်သူတို့ကို မီဒီယာများ မေးမြန်းနေစဉ် (ဓာတ်ပုံ - ရွှေလုပ်သား)

ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော အမျိုးသား သုံးဦးကို ငါးဖမ်းလှေသို့ ရောင်းစားခဲ့ပြီး အမျိုးသမီး ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ရက်တွင် ရခိုင်ပြည် နယ် ပုဏ္ဏားကျွန်းမြို့နယ် ကန် တော့ခံရွာမှ ရခိုင်အမျိုးသမီးတစ် ဦးနှင့် အမျိုးသားသုံးဦးတို့အား လုပ်ခလစာကောင်းရရှိမည်ဟု ဆိုကာ ရခိုင်ပွဲစားအမျိုးသမီးက ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခဲ့ပြီး မြန်မာပွဲစားအမျိုးသမီးတစ်ဦးနှင့် ပူးပေါင်းကာ အမျိုးသားသုံးဦးကိုထိုင်းငါးဖမ်းလှေသို့ ရောင်းချခဲ့သည်။

ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ NGO အချို့ကို ဝေဖန်ကြပြီ၊ အချို့ NGO နှင့် INGO များ စီမံခန့်ခွဲမှုစရိတ် ရာခိုင်နှုန်း ၇၀ အထိရှိနေ

Monday, April 28, 2014

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိသော အချို့ NGO များနှင့် INGO အဖွဲ့အစည်းများသည် ၎င်းတို့၏ စီမံခန့်ခန်မှုစရိတ်ကို ၎င်းတို့ရရှိသော ငွေကြေး၏ ရာခိုင်နှုန်း ၇၀ အထိ အသုံးပြုနေပြီး အများပြည်သူသို့ လက်တွေ့ကူညီမှုမှာမူ ရာခိုင်နှုန်း ၃၀ ခန့်သာ သုံးစွဲလျက်ရှိကြောင်း NGO အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ပညာရှင်များက ပြောကြားသည်။
“တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်းအောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၅၀၊ ၇၀ ထည့်တယ်။ ၁၀၊ ၁၅ လောက်ပဲ သုံးတယ်။ ပြည်သူလူထုလက်ထဲ မရောက်ဘူး” ဟု FREDA ဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။

Photo: ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ NGO အချို့ကို ဝေဖန်ကြပြီ၊ အချို့ NGO နှင့် INGO များ စီမံခန့်ခွဲမှုစရိတ် ရာခိုင်နှုန်း ၇၀ အထိရှိနေ
Monday, April 28, 2014

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိသော အချို့ NGO များနှင့် INGO အဖွဲ့အစည်းများသည် ၎င်းတို့၏ စီမံခန့်ခန်မှုစရိတ်ကို ၎င်းတို့ရရှိသော ငွေကြေး၏ ရာခိုင်နှုန်း ၇၀ အထိ အသုံးပြုနေပြီး အများပြည်သူသို့ လက်တွေ့ကူညီမှုမှာမူ ရာခိုင်နှုန်း ၃၀ ခန့်သာ သုံးစွဲလျက်ရှိကြောင်း NGO အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ပညာရှင်များက ပြောကြားသည်။
“တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်းအောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၅၀၊ ၇၀ ထည့်တယ်။ ၁၀၊ ၁၅ လောက်ပဲ သုံးတယ်။ ပြည်သူလူထုလက်ထဲ မရောက်ဘူး” ဟု FREDA ဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော နိုင်ငံတကာ INGO အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိနေပြီး ထိုအထဲတွင် အဖွဲ့ ၆၀ က ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre) နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။
ပြည်တွင်းမှ ပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် လုပ်ကိုင်နေသည့် ပြည်တွင်း NGO အရေအတွက်မှာ ၁၅၀ ခန့်ရှိပါသည်။
ထို့ပြင် ကုလသမဂ္ဂ (UN) နှင့် စပ်ဆက်နေသော INGO အဖွဲ့ ၁၂ ဖွဲ့ခန့်ရှိနေပြီး မကြာသေးမီက လုပ်ငန်းဆောင်ရွက်မှု ပိုမိုမြှင့်တင်လာသည့် USAID နှင့် World Bank ကဲ့သို့သော ခိုင်မာသည့် INGO အဖွဲ့အစည်းများလည်း ရှိနေသည်။
ပြည်တွင်းပြည်ပ NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ခန့်ရှိနေပြီး ၎င်းတို့အနက် အရေအတွက် ၁၀၀ ကျော်ခန့်ရှိပြီး နိုင်ငံခြားသား ပညာရှင်များဖြင့် လည်ပတ်နေသည့် INGO များ၏ စီမံခန့်ခွဲမှု အသုံးစရိတ်များအပေါ် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။
“ပြည်တွင်း NGO တွေက ဘာမှရတာ မဟုတ်ဘူး။ အလွန်ဆုံး သူတို့ရရင် ဒေါ်လာ သောင်းဂဏန်းပဲရှိတာ။ ခြစားမှုရှိနိုင်တယ်။ ဒါပေမဲ့ မများဘူး။ သို့သော် ဒေါ်လာသန်းချီပြီး အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ INGO တွေရဲ့ စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်တွေက လက်တွေ့ကူညီမှုပြုလုပ်တဲ့ ငွေကြေးထက် များနေတယ်” ဟု မြန်မာနိုင်ငံမှ INGO လောကနှင့် နီးစပ်သည့် နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက ဆိုသည်။
“နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတွေက ပြည်တွင်းကပညာရှင်တွေကို အသုံးပြုပြီး ပိုက်ဆံတွေ ယူနေတယ်။ NGO နဲ့ INGO တွေ လုပ်စားနေတာက အဖွဲ့တိုင်းတော့ မဟုတ်ဘူး။ တကယ်အလုပ်လုပ်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ကိုယ်ကျိုးလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒီလိုအလုပ်တွေကို စီးပွားရှာသလို လုပ်နေကြတယ်” ဟု BANCA ဥက္ကဋ္ဌ ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။
၂၀၀၈ ခုနှစ် မတိုင်မီကာလက မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်သော INGO အဖွဲ့အစည်း အရေအတွက်မှာ အနည်းငယ်သာရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် ပိုမိုများပြားလာခဲ့သည်။ သို့သော် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီကုန်ကျသော ပရောဂျက်များကို ကိုင်တွယ်ဆောင်ရွက်သည့် UN နှင့်ဆက်စပ်သော INGO အဖွဲ့အစည်းများမှာ ၂၀၀၈ ခုနှစ်မတိုင်မီ ကာလကပင် ရှိနေခဲ့သည်။
NGO နှင့် INGO များအား ညွှန်းဆိုရာ၌ ယေဘုယျအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်ပြီး ပထမအမျိုးအစားမှာ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များ၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့နေသော အဖွဲ့များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ၌ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စများ၌ ကူညီနေသော အဖွဲ့များဟူ၍ ခွဲခြားနိုင်ပါသည်။
စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်ကို ရရှိသော ဘတ်ဂျက်၏ရာခိုင်နှုန်း ၇၀ ခန့် အသုံးပြုပြီး ဆောင်ရွက်နေသော INGO များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များဖြစ်ကြသည်။ ထိုအဖွဲ့များသည် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီသည့် ပရောဂျက်များကို လုပ်ကိုင်နေသည့် အဖွဲ့များဖြစ်ကြသည်။ ထိုသို့ လုပ်ဆောင်နေသည့် အဖွဲ့များထဲတွင် UN နှင့် ဆက်စပ်နေသော အဖွဲ့များ၊ USAID နှင့် World Bank ကဲ့သို့ အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
NGO နှင့် INGO အဖွဲ့အစည်းအချို့ အနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၌ မလိုလားအပ်သော အသုံးစရိတ်များ ပြားမှုများရှိနေပြီး လက်တွေ့ဆောင်ရွက်မှုအပိုင်း၌ ထိရောက်မှု အားနည်းနေခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။
“ပရောဂျက်တွေကို သတိထားကြည့်တဲ့အခါ onsite ထဲ မရောက်ဘူး။ သူတို့ရဲ့ လစာတင်ပဲ ပရောဂျက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၃၀၊ ရာခိုင်နှုန်း ၄၀ ဖြစ်နေတယ်။ သူတို့ရဲ့ ခရီးသွားလာစရိတ်နဲ့ နေထိုင်စားသောက်စရိတ်က ရာခိုင်နှုန်း ၂၀ ဖြစ်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက အိမ်ငှားခတွေ၊ ကားစီးတဲ့စရိတ်တွေ ဖြစ်နေတယ်။ ပြည်တွင်းက ပညာရှင်တွေကို ငှားတဲ့စရိတ်က ရာခိုင်နှုန်း ၂၀ လောက် ဖြစ်နေတယ်။ တကယ်လုပ်ငန်းထဲကို ရောက်တာက ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၃၀ ပဲရှိတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ဆိုသည်။
စစ်တွေမြို့တွင် မတ်လနောက်ဆုံးပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း အပျက်အစီးများနှင့်တွေ့ရသော INGO က ငှားရမ်းထားသည့် အဆောက်အအုံတစ်လုံး
အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေသော INGO များမှ နိုင်ငံခြားသား ပညာရှင်များ၊ အရာရှိများ၏ အခြေခံအသုံးစရိတ်များသည် များပြားသောငွေကြေးများ ဖြစ်နေပြီး ၎င်းတို့၏ အိမ်ငှားစရိတ်၊ ယာဉ်အသုံးပြုစရိတ်များမှာ လစဉ်အမေရိကန်ဒေါ်လာ သောင်းနှင့်ချီ၍ သုံးစွဲနေကြောင်း သိရသည်။
INGO လောကနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ USAID အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ နိုင်ငံခြားသား ပညာရှင်တစ်ဦးသည် ရန်ကုန်မြို့၌ ၎င်းနေထိုင်သည့် အိမ်အတွက် ငှားရမ်းခကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀၀ ခန့် အသုံးပြုခြင်း ရှိခဲ့သည်။
ထို့အပြင် UN နှင့် ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုက မီးစက်အသုံးပြုမှု တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀ တင်ပြတောင်းခံခဲ့ခြင်းလည်း ရှိခဲ့သည်။
“UN အခြေစိုက် အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေက ခရီးတစ်ခုသွားရင် တစ်နေ့ကို ဒေါ်လာ ၁၀၀ လောက်ရတယ်။ စာတမ်းတွေရေးတဲ့အခါ နိုင်ငံတကာ အဆင့်အတန်း မီအောင်ဆိုပြီး ကြွေရည်လောင်းထားတဲ့ စာရွက်တွေကို အသုံးပြုတယ်။ အဲဒီမှာလုပ်ရင် တကယ့်အခွင့်ထူးခံ လူတန်းစားလို နေလို့ရတယ်” ဟု INGO ၀န်ထမ်းဟောင်းတစ်ဦးက ပြောကြားသည်။
အခြေခံ အသုံးစရိတ်များနှင့် နေထိုင်ငှားရမ်း စရိတ်များမှာပင် လစဉ် အမေရိကန်ဒေါ်လာ သောင်းချီသုံးစွဲနေသော အချို့ INGO များ၌ လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၀န်ထမ်းများနှင့် အဆင့်မြင့်ရာထူး မြန်မာဝန်ထမ်းများသည် မြန်မာနိုင်ငံတွင် ၀င်ငွေအကောင်းဆုံးသူများ ဖြစ်နေကြောင်း သိရသည်။
“ရန်ကုန်မြို့က ဈေးအကြီးဆုံး ကော်ဖီဆိုင်တွေ၊ ဘားတွေကို သွားကြည့်လိုက်ရင် INGO မှာ လုပ်နေတဲ့သူတွေနဲ့ ခရိုနီတွေ၊ ခရိုနီတွေနဲ့ ဆက်နွှယ်နေသူတွေ၊ သံရုံးအရာရှိတွေကိုပဲ တွေ့ရလိမ့်မယ်။ နောက်ပြီး ရန်ကုန်က ဈေးအကြီးဆုံး KTV၊ အနှိပ်ခန်းတွေမှာလည်း သူတို့ကို တွေ့ရလိမ့်မယ်။ တစ်ညတစ်ညကို မြန်မာငွေသိန်းချီ သုံးနေတဲ့ သူတို့ရဲ့ ငွေကြေးတွေက အလှူရှင်တွေဆီက ရထားတဲ့ ငွေကြေးတွေပါပဲ” ဟု INGO လောကနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အခြားတစ်ဖက်တွင်လည်း အစီရင်ခံစာကောင်း ရေးသားတတ်ခြင်းနှင့် အလှူရှင်များစိတ်ကြိုက် လုပ်ပြခြင်းဖြင့် ရရှိနေသော ငွေကြေးများကို NGO နှင့် INGO အဖွဲ့အစည်းများက ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးပြုနေသည်မှာ မှန်မှန်ကန်ကန် လုပ်ကိုင်နေသူများအတွက် မျက်နှာပျက်စရာ ဖြစ်နေပါသည်။
“INGO တွေရဲ့ အသုံးစရိတ် များတယ်ဆိုတာ အမှန်ပဲ။ ပြည်တွင်းအဖွဲ့အစည်းတွေက အဲဒီလို အခွင့်အရေး မရှိဘူး။ INGO တွေက အစီရင်ခံစာ ရေးသားခြင်းနဲ့ အလှူရှင်တွေစိတ်ကြိုက် လုပ်နိုင်ရင် တကယ်ထိရောက်တဲ့ နေရာတွေ၊ ပြည်သူပြည်သားတွေဆီ ရောက်တာနည်းတယ်။ Budget Line ဆွဲကတည်းက Overall Charges တွေက တော်တော်ယူထားပြီး ဖြစ်နေတယ်” ဟု ရွှေမင်းသားဖောင်ဒေးရှင်းကို တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောသည်။
“မြန်မာနိုင်ငံက အဖွဲ့အစည်း တော်တော်များများမှာ လုပ်နေတဲ့ မြန်မာနိုင်ငံက ပညာတတ်တွေက ပြောသင့်ပြောထိုက်တာကို မပြောဘဲ နေသာသလို နေနေကြတဲ့သူတွေ အများကြီးရှိတယ်။ ငွေကြေးလှူဒါန်းကြတဲ့ အဖွဲ့တွေက မကျွမ်းကျင်ကြဘူး ဆိုပြီးတော့ အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး လုပ်ချင်သလို လုပ်နေကြတယ်။ တချို့ INGO တွေက နိုင်ငံတကာ ပညာရှင်တွေကိုခေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် ခိုင်းတယ်။ နိုင်ငံတကာပညာရှင်တွေ လာကူညီတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ပြတယ်။ အဲဒီလို လုပ်ပြတဲ့အတွက် အစီရင်ခံစာရေးလို့ ကောင်းသွားတယ်။ အဲဒီလိုလုပ်နေတဲ့ ပြည်တွင်းအဖွဲ့တွေရော၊ ပြည်ပအဖွဲ့တွေ ပါရှိနေတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။
သို့သော် အချို့သော INGO များက ပြည်တွင်း NGO များ၏ လုပ်ဆောင်မှုအပေါ် နိုင်ငံတကာ အလှူရှင်များ၏ အမြင်မှားစေရန် သတင်းမှားပေးမှုများလည်း ရှိနေကြောင်း သိရသည်။
“ပြည်တွင်း NGO တွေရဲ့ လုပ်ဆောင်နိုင်မှု အရည်အချင်း မပြည့်ဝဘူး ဆိုပြီးတော့ နိုင်ငံတကာ အလှူ ရှင်တွေ အမြင်မှားအောင် လုပ်ထားတယ်။ သူတို့က တစ်ဆင့်ပဲလှူ အောင် လုပ်တာများတယ်” ဟု ဦးမြတ်သူဝင်းက ဆိုသည်။
NGO နှင့် INGO အချို့တွင် စီမံခန့်ခွဲမှုစရိတ်ကို အကြောင်းပြုပြီး ငွေကြေးအလွဲသုံးစားမှုများ ရှိနိုင်သဖြင့် ပြည်တွင်း NGO များအနေဖြင့် စာရင်းဇယားများကို တိကျစွာဖြင့် လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း အကြံပြုချက်များ ရှိသည်။
“စီးပွားရေး အဖွဲ့အစည်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ အစိုးရ အဖွဲ့အစည်းပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေမှာ ခုတ်ရာတခြား၊ ရှရာတစ်လွဲ လုပ်နေတာတွေရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက စာရင်းစစ်တွေနဲ့ စနစ်တကျ လုပ်ထားတဲ့အတွက် အဲဒီလိုလုပ်လို့ မရဘူးလို့တော့ ထင်တာပဲ။ ဒါပေမဲ့ ထိုင်းတို့လို ဒေသတွင်းနိုင်ငံတွေကလာတဲ့ အဖွဲ့အစည်းတွေကိုတော့ မပြောတတ်ဘူး။ ဒါတွေက မရှိဘူးလို့ ပြောလို့မရသလို၊ ရှိတယ်လို့လည်း တပ်အပ်မပြောနိုင်ဘူး” ဟု ပြည်တွင်း NGO အဖွဲ့တစ်ခုဖြစ်သော EcoDev ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။
အစီရင်ခံစာကောင်းပြီး အလှူ ရှင်စိတ်ကြိုက် ပရောဂျက်လုပ်ဆောင်နေသည့် INGO အဖွဲ့အစည်းအချို့၏ လက်တွေ့ပြည်သူ့အကျိုးပြု လုပ်ဆောင်မှုများမှာ အားရစရာမရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။
ဥပမာအားဖြင့် လတ်တလော ကာလအတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ထားဝယ်တို့၌ ပရောဂျက် လုပ်ဆောင်ခဲ့သော World Bank ၏ ဆောင်ရွက်မှုများအပေါ် ဝေဖန်မှုများ ရှိနေသည်။
“World Bank က လုပ်တဲ့ကိစ္စက ဘာလဲဆိုတော့ ငွေချေးတယ်။ သူတို့အဖွဲ့တွေ ရွာကိုရောက်လာတယ်။ သူတို့လိုချင်တဲ့ အချက်အလက်နဲ့ ကိုက်ညီသလား ဆန်းစစ်တယ်။ အဲဒီဒေသအကြောင်း၊ ဘာတွေလိုအပ်ချက် ရှိလဲဆိုတာ မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့ Check List နဲ့ ကိုက်တယ်ဆိုပြီး အကူအညီပေးတယ်။ အဲဒီအတွက် ပြင်ဆင်မှုက နေ့တစ်ဝက်ပဲရှိတယ်။ သူတို့ပြန်တော့ ဘဏ်မှာ ပိုက်ဆံထည့်ပေးခဲ့တယ်။ သူတို့ပြန်သွားတဲ့အခါ အဲဒီဒေသမှာ ပြဿနာတွေ ကျန်ခဲ့တယ်” ဟု နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် NGO နှင့် INGO များအနေဖြင့် မိမိတို့လုပ်ဆောင်မည့်ဒေသ အခြေအနေကို မသိဘဲ ပရောဂျက်တွင် ပါရှိသော Check List အတိုင်းသာ လုပ်ဆောင်နေသဖြင့် ထိရောက်မှုအတိုင်းအတာ မရှိခြင်းဖြစ်ကြောင်း INGO ၀န်ထမ်းဟောင်းတစ်ဦးက ဆိုသည်။
“သူတို့ကို စစ်လို့မရဘူး။ စစ်တဲ့အခါ သူတို့က ပြန်ပြောလိမ့်မယ်။ ငါတို့ကပေးထားတဲ့ Check List အတိုင်း လုပ်တယ်ပေါ့။ ငါတို့ တာဝန်ကျေတယ်ပေါ့။ Check List အတိုင်းလုပ်တာတော့ မှန်တယ်။ အဲဒီဒေသမှာ ဘာလိုနေလဲ။ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိတော့ သူတို့လုပ်တာတွေက သဲထဲရေသွန် ဖြစ်နေတာပေါ့။ ဥပမာ-အိမ်သာပရောဂျက်ဆိုပြီး အိမ်သာကိစ္စတွေ လုပ်ကြတယ်။ အိမ်သာတော့ ပြီးသွားတယ်။ ဒါပေမဲ့ အိမ်ကစုတ်ပြတ်နေပြီး အိမ်သာက အရမ်းကောင်းနေတာမျိုးတွေ ဖြစ်ကုန်တယ်” ဟု INGO ၀န်ထမ်းဟောင်းက ပြောကြားသည်။
ထိုကဲ့သို့ Check List တစ်ခုတည်းအပေါ်ကို အားထားပြီး ဒေသအခြေအနေမှန်နှင့် ပတ်ဝန်းကျင်၏ အမှန်တကယ် လိုအပ်ခြင်းများကို ရှာဖွေနိုင်စွမ်း မရှိသောကြောင့် IRI စစ်တမ်း ရလဒ်ကဲ့သို့သော လွဲမှားသည့်ရလဒ်များ ထွက်ပေါ်နေရခြင်း ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။
လက်ရှိအစိုးရလက်ထက်၌ NGO နှင့် INGO များ ပိုမိုများပြားနေပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေသည်။ ထိုသို့ ရှိနေသည့်အနက် ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်ခုတည်းတွင် NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး ထိုအထဲတွင် ၁၉ ဖွဲ့မှာ တရားဝင် မှတ်ပုံတင်မရှိသော အဖွဲ့များဖြစ်သည်။
လူဦးရေ သုံးသန်းရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိသော ရခိုင်ပြည်နယ်တွင် NGO နှင့် INGO အရေအတွက်မှာ ပြည်နယ်လူဦးရေနှင့် မလိုက်အောင် များပြားနေပြီး ထိုအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုမှာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် သက်ရောက်မှုနည်းပါးကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် INGO အဖွဲ့အစည်းအချို့၏ မလျော်ကန်သော လုပ်ရပ်များနှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။
“NGO၊ INGO တွေအားလုံး မကောင်းဘူးလို့ပြောတာ မဟုတ်ဘူး။ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းက လုပ်ချင်ရာ လုပ်နေလို့တော့ မဖြစ်ဘူး။ NGO တွေ၊ Civil Society တွေက ရှိကိုရှိနေရမယ်။ အခုဖြစ်နေတဲ့ အလွဲသုံးစားမှုတွေ၊ စီမံခန့်ခွဲမှုစရိတ် အများဆုံးသုံးနေတာတွေက အစိုးရနဲ့ bilateral လုပ်ထားတဲ့ INGO တွေမှာ အများဆုံး ဖြစ်နေတာ။ ပြည်တွင်းကလူတွေ လုပ်နေတဲ့ NGO သေးသေးတွေက ဘာမှရတာမဟုတ်ဘူး။ အလွဲသုံးစားမှုတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဖွဲ့ကြီးတွေလောက် မများဘူး။ အစိုးရနဲ့ ပေါင်းလုပ်နေတဲ့ အဖွဲ့ကြီးတွေမှာပဲ ဖြစ်နေတယ်။ သူတို့ရဲ့ အလွဲသုံးစားမှုတွေကို ဖော်ထုတ်ရေးသားဖို့တော့ လိုအပ်မယ်” ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။

Eleven Media Group

(စစ်တွေမြို့တွင် INGO များနှင့် ဒေသခံများအကြား ပဋိပက္ခတွင် ဖျက်ဆီးခံခဲ့ရသည် INGO မှ ငှားရမ်းထားသည့် အဆောက်အအုံတစ်ခု)
(စစ်တွေမြို့တွင် INGO များနှင့် ဒေသခံများအကြား ပဋိပက္ခတွင် ဖျက်ဆီးခံခဲ့ရသည် INGO မှ ငှားရမ်းထားသည့် အဆောက်အအုံတစ်ခု)

လျှပ်စစ်မီးမရရှိသည့် ဘူတာရုံငယ် ၁၀၀ ခန့်အား ဆိုလာစနစ်ဖြင့် မီးရရှိစေမည်

Monday, April 28, 2014
ရထားပို့ဆောင်ရေးဝန်ကြီးဌာနက်အောက်ရှိ လျှပ်စစ်မီးမရရှိသေးသော ဘူတာရုံငယ် ၁၀၀ ခန့်ကို ဆိုလာ အလင်း ရောင်ဖြင့် လျှပ်စစ်မီးပေးဝေနိုင်ရေးအတွက်အလှူရှင်ကုမ္ပဏီတစ်ခုက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
 
ဘူတာရုံငယ်များမှာ ညအချိန်တွင် လျှပ်စစ်မီးမရရှိသည့်အတွက် မီးရထားဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် အခက်အခဲရှိနေခြင်းကြောင့် ဆိုလာစွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်သည့် ဂလောရပ်စ်မြန်မာကုမ္ပဏီလီမိတက်မှ လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

Raytheon ကုမ္ပဏီမှ Excalibur လေဆာပဲ့ထိန်း ကျည်သစ် တစ်မျိုးအား စမ်းသပ် ပစ်ခတ်ရန် စီစဉ်ဆောင်ရွက်နေခြင်း


Monday, April 28, 2014
Raytheon ကုမ္ပဏီသည် Excalibur-S အမည်ရှိ ၁၅၅ မီလီမီတာ လေဆာရောင်ခြည်သုံး digital semi-active laser (dSAL) ပဲ့ထိန်းကျည် တစ်မျိုးကို တီထွင် ထုတ်လုပ်လျက် ရှိပြီး အဆိုပါ ကျည်အမျိုးအစား၏ ပစ်ခတ် စမ်းသပ်မှုများကို လာမည့် ၉ လအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။
Photo: Raytheon ကုမ္ပဏီမှ Excalibur လေဆာပဲ့ထိန်း ကျည်သစ် တစ်မျိုးအား စမ်းသပ် ပစ်ခတ်ရန် စီစဉ်ဆောင်ရွက်နေခြင်း

Raytheon ကုမ္ပဏီသည် Excalibur-S အမည်ရှိ ၁၅၅ မီလီမီတာ လေဆာရောင်ခြည်သုံး digital semi-active laser (dSAL) ပဲ့ထိန်းကျည် တစ်မျိုးကို တီထွင် ထုတ်လုပ်လျက် ရှိပြီး အဆိုပါ ကျည်အမျိုးအစား၏ ပစ်ခတ် စမ်းသပ်မှုများကို လာမည့် ၉ လအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။

ယင်းကျည်အမျိုးအစားအား ကုမ္ပဏီ၏ Excalibur Ib ကျည်အမျိုးအစား၏ ဒီဇိုင်းပုံစံကို ယူ၍ တည်ဆောက်ထားကြောင်း၊ အရည်အသွေး စစ်ဆေးသည့် အပြီးသတ် လုပ်ငန်းများမှာလည်း နောက်ရက် ပေါင်း ၆ဝ ခန့်တွင် ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း၊ ထို့အပြင် ကုမ္ပဏီ၏ အခြား စစ်လက်နက် ပစ္စည်း လုပ်ငန်းခွဲများတွင် တပ်ဆင် အသုံးပြုလျက် ရှိသော dSAL စနစ်ကို ယခုဒီဇိုင်းပုံစံ၌ တပ်ဆင် အသုံးပြု ထားကြောင်း Raytheon ကုမ္ပဏီ၏ လုပ်ငန်း ဖွံ့ဖြိုးမှု မန်နေဂျာ Dave Brockway မှ IHS Jane's  သတင်း ဌာနသို့ ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

ကုမ္ပဏီအနေဖြင့် SAL စနစ်ကို အသုံးပြု၍ ပစ်မှတ်အား တိကျစွာ စမ်းသပ် ပစ်ခတ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိကြောင်း၊ သို့မှသာ စစ်မြေပြင်တွင် သတ်မှတ်ထားသော ပစ်မှတ်အား ထိရောက်စွာ တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ယင်းကျည် အမျိုးအစားဖြင့် လှုပ်ရှား ပစ်မှတ်များကိုလည်း ပစ်ခတ်နိုင်ရန် တီထွင် ထုတ်လုပ်ထားပြီး လက်တွေ့သရုပ်ပြ ပစ်ခတ်နိုင်ရန် စီစဉ်ထားကြောင်း Dave Brockway မှ ထပ်လောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ကျည်အမျိုးအစားသည် စစ်မြေပြင်ရှိ တပ်ဖွဲ့များအား ထိရောက်စွာ အထောက်အကူပြု နိုင်မည်ဖြစ်ပြီး အမြောက်လက်နက်များမှ အခြားသော ပစ်မှတ် ရှာဖွေရေး ကိရိယာများ အပေါ် မှီခိုနေရသည့် အခြေအနေများ လျော့နည်းလာမည် ဖြစ်ပါသည်။ ယင်းပစ်မှတ် ရှာဖွေရေး ကိရိယာများကို သီးခြား အသုံးပြုခြင်းကြောင့်လည်း အချိန်နှင့် လုပ်ငန်း ကန့်သတ်ချက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုသို့သော ကန့်သတ်ချက် များကို လျော့ချနိုင်ရေး အတွက် ယခုကဲ့သို့ စွမ်းရည်ရှိသော ကျည်အမျိုးအစားကို တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု Brockway မှ ပြောကြားခဲ့ပါသည်။

စစ်မြေပြင်တွင် ပစ်မှတ် တည်နေရာအား တိကျစွာ သိရှိနိုင်ရန် ခက်ခဲမှုရှိကြောင်း၊ အကယ်၍ ပစ်မှတ် တည်နေရာသည် ၂ဝ၊ ၃ဝ နှင့် ၅ဝ မီတာအတွင်း ကွာဟချက်ရှိပါက Excalibur ကျည်ကို အသုံး ပြု၍ ပစ်ခတ်နိုင်ကြောင်း၊ ယင်းကျည်မှလည်း ချိန်ရွယ်ထားသော ပစ်မှတ်အား လှုပ်ရှား စစ်ကစားကာ တိုက်ခိုက်သွားလိမ့်မည် ဖြစ်ကြောင်း၊ အကယ်၍ ပစ်မှတ် တည်နေရာမှာ ရုတ်တရက် ပြောင်းလဲ သွားပါကလည်း အဆိုပါ ကျည်အမျိုးအစားသစ်မှ ကျည်သွား လမ်းကြောင်း ပြောင်းလဲကာ လှုပ်ရှား တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း၊ သို့သော် ပစ်မှတ်တည်နေရာသည် ၃ဝ မီတာနှင့် အထက် ပြောင်းလဲသွားပါက Excalibur ကျည်မှာ ပေါက်ကွဲမှု ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း စသည်ဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအား Brockway မှ ရှင်းလင်း ပြောကြားခဲ့ပါသည်။

လက်ရှိ အခြေအနေတွင် အမေရိကန် တပ်ဖွဲ့များ၌ အမြောက်စခန်းများမှ လှုပ်ရှား ပစ်မှတ်များအား တိကျစွာ ပစ်ခတ်နိုင်ရန် အတွက် Excalibur-S ကျည်အမျိုးအစားများ လိုအပ်လျက် ရှိပါသည်။ ယင်းလိုအပ်ချက်မှာလည်း ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် ကြည်းတပ်ဖွဲ့၏ Non-line-Of-Sight Cannon (NLOS-C) စီမံကိန်းများအား ပင်တဂွန်မှ ဖျက်သိမ်းပြီးနောက် လိုအပ်ချက် အရေအတွက် ပမာဏများစွာ ဖြစ်ပေါ်ခဲ့ပါသည်။

Excalibur-S ကျည်အမျိုးအစားအား နိုင်ငံတကာမှ စိတ်ဝင်စားမှု ရရှိစေရန် ဒီဇိုင်း နည်းပညာသစ် များကို ကြိုးပမ်း တီထွင်သွားရမည် ဖြစ်ပြီး အရည်အသွေး စစ်ဆေးမှုများနှင့် သရုပ်ပြ စမ်းသပ် ပစ်ခတ်မှု များကိုလည်း လိုအပ်သော အနေအထားသို့ ရောက်ရှိစေရန် ကြိုးပမ်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း Brockway မှဆွေးနွေး ပြောကြားခဲ့သော်လည်း ပြည်ပတင်ပို့ ရောင်းချမှုများနှင့် ပတ်သက်သော အသေးစိတ် သတင်း အချက်အလက် များကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

လက်ရှိ Excalibur ကျည်အမျိုးအစား များအား အမေရိကန် ကြည်းတပ်နှင့် မရိန်းတပ်ဖွဲ့ တို့တွင် တပ်ဆင် အသုံးပြုလျက် ရှိပြီး သြစတြေးလျ၊ ကနေဒါနှင့် ဆွီဒင်နိုင်ငံ များသို့လည်း တင်ပို့ ရောင်းချထား ပါသည်။

Excalibur-S ကျည်အမျိုးအစား၏ ကိုယ်ထည် ပုံစံအား Raytheon ကုမ္ပဏီ၏ Paveway နှင့်ွ Griffin ခဲယမ်း အမျိုးအစားများတွင် တပ်ဆင် အသုံးပြုထားပြီး ဖြစ်သော dSAL ကိုယ်ထည်ပုံစံကို အသုံးပြု တည်ဆောက် ထားပါသည်။ ယင်းခဲယမ်း အမျိုးအစား ၂ မျိုးသည်လည်း စီမံကိန်း တစ်ခုအနေဖြင့် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ပါသည်။ ယခု ကျည်အမျိုးအစားသည်လည်း Excalibur Ia-2 ကျည်အမျိုး အစားကဲ့သို့ပင် အကွာအဝေး ၃၇.၅ ကီလိုမီတာအထိ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိပါသည်။

စည်းကမ်းမဲ့ ခရီးသည်တင် ယာဉ်များကို အရေးယူရန် တာဝန်ရှိသူများအား ညွှန်ကြားသွားမည်




Monday, April 28, 2014
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသော ခရီးသည်တင် ယာဉ်များနှင့် ခရီးသွား ပြည်သူများကို ရိုင်းပျစွာ ဆက်ဆံသော ခရီးသည်တင် ယာဉ်လုပ်သားများကို ထိရောက်စွာ အရေးယူရန်သက်ဆိုင်ရာ ယာဉ်လိုင်း တာဝန်ရှိသူများအား ညွှန်ကြားသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်ထံမှ သိရသည်။ ယာဉ်လုပ်သားက ခရီးသွား ပြည်သူများအပေါ် ယာဉ်စီးခ ပိုမိုတောင်းခံသော ဖြစ်စဉ်မှာ မ-ထ-သ (ဗဟို)သို့ တိုင်ကြားသော ဖြစ်စဉ်များအနက် အများဆုံး ဖြစ်စဉ်ဖြစ်ပြီး ယာဉ်လုပ်သားများက ခရီးသွား ပြည်သူများ အပေါ် ရိုင်းပျစွာ ပြောဆိုဆက်ဆံသော ဖြစ်စဉ်များလည်း ရှိနေသေးကြောင်း မ-ထ-သ (ဗဟို) မှ သိရသည်။ ထို့အပြင် တချို့သော ခရီးသည်တင် ယာဉ်များမှာ မှတ်တိုင်များတွင် အချိန်ကြာမြင့်စွာ ရပ်နားခြင်း၊ မှတ်တိုင် နေရာမဟုတ်ဘဲ လမ်းပိတ်ရပ်နားခြင်း စသည့် ဖြစ်စဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများလည်း ဖြစ်ပေါ်လျက်ရှိပြီး သတ်မှတ် လမ်းကြောင်းအတိုင်း မမောင်းနှင်ခြင်းနှင့် လမ်းပြောင်းပြန် မောင်းနှင်ခြင်း စသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ခရီးသွား ပြည်သူများ သွားလာရေး ပိုမို အဆင်ပြေစေရေး တို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် ခရီးသည်တင် ယာဉ်လုပ်သားများကို အရေးယူရန် သက်ဆိုင်ရာ ယာဉ်လိုင်း တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
မြ၀တီ

မြိတ်မြို့မှ ဗန်ကောက်မြို့သို့ Union Express Charter Cargo Airမှ စတင် ပျံသန်း ပြေးဆွဲ တော့မည်




Monday, April 28, 2014
မြိတ်ဒေသရှိ ပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရေးနှင့် ဒေသထွက် ရေထွက်ကုန် ပစ္စည်းများ ကုန်စည် စီးဆင်းမှု မြန်ဆန်ရေးအတွက် Myanmar Union Express Aviation Group နှင့် မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်တို့ ပူးပေါင်း၍ Union Express Charter Cargo Air ဖြင့် မြိတ်မြို့မှ ဗန်ကောက်မြို့သို့ မေ ၈ ရက်မှ စတင်၍ တိုက်ရိုက် ခရီးစဉ် ပျံသန်းပြေးဆွဲတော့မည်ဖြစ်ကြောင်းသိရသည်။တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။ ၎င်းလေကြောင်း လိုင်းတွင် ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးနှင့် လေကြောင်းလိုင်း လုပ်ငန်းများ ပျံသန်းပြေးဆွဲနိုင်ရေး အတွက် ကုမ္ပဏီမှ တာဝန်ရှိသူများ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရာ မကြာမီ အချိန်အတွင်းမှာ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ပြည်သူများနှင့် ဒေသထွက် ကုန်ပစ္စည်းများကို အချိန်တိုအတွင်းမှာ ပို့ဆောင်နိုင်တော့မည် ဖြစ်သည်။ယခုကဲ့သို့ မြိတ်-ဗန်ကောက် ခရီးစဉ် Myanmar Union Express Charter Air တွင် ပြေးဆွဲမည့် လေယာဉ်မှာ Boeing 737 လေယာဉ်ဖြစ်ပြီး မေ ၈ ရက်မှ စတင်ကာ မြိတ်မြို့မှ ဗန်ကောက်မြို့သို့ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုင်းတွင် ခရီးသည် ၁၆၈ ဦးလိုက်ပါနိုင်ပြီး ကုန်တန်ချိန် နှစ်တန်ကို ပို့ဆောင်ပေးသွားမည် ဖြစ်သည်။ ၎င်း လေကြောင်းလိုင်းတွင် စီးနင်းလိုက်ပါမည့် ခရီးသွား ပြည်သူများအတွက် လေကြောင်း လိုင်း တာဝန်ရှိသူများ မှ နိုင်ငံကူး လက်မှတ် (Passport) နှင့် ပြည်ဝင်ခွင့် (Visa) များ ပြုလုပ်နိုင်ရေး အတွက် ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
မြ၀တီ

ဆန္ဒ ဖော်ထုတ် ပွဲများ ဥပဒေ ဘောင်အတွင်း ပြုလုပ် နိုင်ရန် မန္တလေးမြို့၌ မနော်ရမ္မံ ပြည်သူ့ ရင်ပြင် တည်ဆောက်

Monday, April 28, 2014
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား မနော်ရမ္မံ ဥယျာဉ် တွင် အများပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်ရန်ပြည်သူ့ရင်ပြင်ကို မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီက တည်ဆောက်ပေးလျက်ရှိရာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။ မနော်ရမ္မံပြည်သူ့ရင်ပြင်ကို မနော်ရမ္မံမြောင်း ကျောက်ရိုးစီ မြေထိန်းနံရံပြုလုပ်ပြီး အပေါ်တွင် အလျား ပေ ၃၅ဝ၊ အနံ ပေ ၁၅ဝ၊ အကျယ် ကွန်ကရစ်ပြင်လောင်းထားသည်။ပြည်သူ့ရင်ပြင်တွင် ဆန္ဒဖော်ထုတ်ခြင်းများ၊ အများပြည်သူနှင့်ဆိုင်သော အခမ်းအနားများ ကျင်းပမည် ဖြစ် သည်။ မန္တလေးမြို့တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဟောပြောပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် အောင်မြေသာဇံမြို့နယ် ၁၉ လမ်း နန်းရှေ့ဘောလုံး ကွင်း၌သာ ကျင်းပခွင့်ပြုခဲ့ရာမှ ယခုအခါ မနော်ရမ္မံ ပြည်သူ့ရင်ပြင် ပြီးစီးပါက မန္တလေးမြို့တွင် ပထမဆုံး ပြည်သူ့ ဟစ်တိုင်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြ၀တီ