Friday, May 16, 2014

အမြန်လမ်းနှင့် မိုးသည်း ည

ရာဇာမင်းမော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်ကို ဖော်ပြထားသောပုံကြမ်း
‘‘ဒီလိုဖြစ်မယ်မှန်းသိရင် ဘယ်စီးမလဲဗျာ’’
လွန်ခဲ့သည့်သုံးရက် မေလ ၁၂ ရက် ညနေက ကံမကောင်းခဲ့ သူ အမြန်လမ်းခရီးသည် ၄၆ ဦးတွင် တစ်ယောက်အပါအ၀င် ဖြစ်ခဲ့သော မန္တလေးမြို့မှ အသက် (၃၉) နှစ်အရွယ် ကိုတင်ဝိုင်းက နေပြည်တော် ခုတင် ၁,၀၀၀ အထူးကုဆေးရုံ၊ ခွဲစိပ်ကုသဆောင် ရှိ လူနာခုတင်ပေါ်တွင် ထိုင်နေ ရင်းက ပြောကြားသော စကား ဖြစ်သည်။ကံမကောင်းသူများတွင် ၎င်း၏ဖြစ်ရပ်က ပိုပြီး ခံရခက် ခက်လည်းဖြစ်နေသည်။ မန္တလေး မြို့မှ ရန်ကုန်သို့ တိုက်ရိုက်ပြေး ဆွဲသော ယာဉ်လိုင်းများစွာရှိပါ လျက် မန္တလေး-နေပြည်တော် ကားကိုစီးပြီး နေပြည်တော်မှ တစ်ဆင့် ရန်ကုန်သို့ ပြန်ရာတွင် ရာဇာမင်းကားကိုမှ စီးဖြစ်ခဲ့ခြင်း ဖြစ်လေ သည်။

ရန်ကုန်-မန္တလေးဟိုင်းဝေးလမ်းမကြီးသည် အမြန်လမ်းမကြီး မဖြစ်သေးကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

နေပြည်တော်၊ မေ ၁၅- ရန်ကုန်-မန္တလေး ဟိုင်းဝေးလမ်းမကြီးသည် အမြန်လမ်းမကြီး မဖြစ်သေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က ပြောကြားခဲ့သည်။
မေ ၁၅ရက် နေ့လယ်ပိုင်းက နေ ပြည်တော် ရထား ပို့ဆောင်ရေးဝန်ကြီး ဌာနတွင်ပြုလုပ်သော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ မော်တော် ယာဉ်များ မတော်တဆဖြစ်ပွားမှုနှင့် စပ်လျဉ်းပြီး သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု တိယဝန်ကြီး ရှင်းလင်းချက်တွင် ''ကျွန် တော်တို့နိုင်ငံမှာ အမြန်လမ်းဆိုတာ ဒီတစ်လမ်းပဲ ရှိပါတယ်။ ပထမဦးဆုံး ပေါ်လာတဲ့အမြန်လမ်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမြန်လမ်းမကြီးနဲ့ ပတ် သက်တဲ့ဥပဒေတောင် ဆွဲနေတုန်းပဲရှိ ပါသေးတယ်။ ဆွဲပြီး ပြည်သူ့လွှတ် တော်ကိုတင်ပြီးတော့

အန္တရာယ်ရှိဆိုးဆေး ပါဝင်သော အစားအသောက် ၉ မျိုး စာရင်းထုတ်ပြန်

ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော အန္တရာယ်ရှိ ဆိုးဆေးပါဝင်သော ကုန်ပစ္စည်းတံဆိပ် ၉ မျိုးကို စားသုံးရန်မသင့်ကြောင်း မေလ ၁၅ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာ သည်။

အဆိုပါ ကုန်ပစ္စည်းများတွင် ယိုစုံ၊ မုန့်ပွကြော်၊ ငရုတ်သီး အကြမ်းမှုန့်နှင့် အရောင်တင်မှုန့်၊ ငါးပိထောင်းတို့ ပါဝင်ပြီး အဝတ်အထည်များတွင် သုံးစွဲသည့် အရောင်ဆိုးဆေးများ ထည့်သွင်းထားသည့်အတွက်

ဖခင်နှင့်ကာမယှက်ရင်း ဖခင်အပေါ် အချစ်စိတ်ဝင်သည်ဟု သမီးက ပြော

ဇနီးသည်မရှိခိုက်တွင် အသက် ၄၆ နှစ်အရွယ်ခင်ပွန်းဖြစ်သူသည် သမီးဖြစ်သူနှင့် ကဂျန်းရှိနေ အိမ်တွင် ၃ နှစ်ခန့်လိင်ဆက်ဆံခဲ့သည်။

အသက် ၂၁ နှစ်အရွယ်အမျိုးသမီးသည် SPM အထိတက်ပြီးနောက် ဦးလေး၏ဆံသဆိုင်တွင် ၀င်လုပ်ခဲ့သည်။ ဦးလေးမှသတိမပြုခဲ့လျှင် သားအဖကာမယှက်ယက်မှုမှာ ဆက်ကောင်းဆက်ဦးမည်ဖြစ် သည်။

ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး လူဦးရေ ၅၀၀၀ ကျော်ဖြင့် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဆန္ဒထုတ်ဖော်

Photo: ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး လူဦးရေ ၅၀၀၀ ကျော်ဖြင့် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဆန္ဒထုတ်ဖော်
Friday, May 16, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေကို ထောက်ခံသော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက ဦးဆောင်၍ လူဦးရေ ၅၀၀၀ ကျော်ဖြင့် မေလ ၁၅ ရက်နေ့ နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀၀ နှင့်အတူ ဆန္ဒထုတ်ဖော်ပွဲသို့ ဇလွန်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၇၁ အုပ်စုမှ ဒေသခံ ၃၅၀၀ ခန့်က ထော်လာဂျီ ၁၈၅ စီး၊ မော်တော် ၆ စီးဖြင့် ပူပေါင်း ပါဝင်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ဇလွန်မြို့ အဒါလမ်းတွင် စုရပ်လုပ်ခဲ့ပြီး ဒူးယားလမ်း၊ ဆန်တန်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဇလွန်ပြည်တော်ပြန် ဘုရားကြီး လမ်းထောင့်အထိ စီးတန်း လမ်းလျှောက်ကာ ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီအရေး တို့အရေး၊ ပြည်ထောင်စုသား ဒီမိုကရေစီအရေး ၅၉ (စ) ထောက်ခံပေးရေး တို့အရေး၊ အမျိုးဘာသာ သာသနာ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့် အညီ ဆောင်ရွက်စို့ ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးချိုမြင့်ခိုင်က ရှင်းပြသည်။

လေးမျက်နှာ မြို့နယ်တွင် မေလ ၃ ရက်နေ့ နံနက် ၉ နာရီကလည်း လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဦးဆောင်ကာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် လူဦးရေ တစ်ထောင်ဖြင့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မြို့နယ်ကော်မတီဝင် ဦးကြည်ဝင်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီးတို့က ပြောဆိုထားပြီး ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေံခံဥပဒေ မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ပုဒ်မ ၅၉ (စ) တစ်ခုတည်းကိုသာ မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ယင်းမြို့နယ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ပြောဆိုသည်။

လက်ရှိအချိန်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များက ဧရာဝတီတိုင်းဒေသကြီး၌သာမက မြန်မာနိုင်ငံ ဒေသအနှံ့တွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်လျက်ရှိရာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆန့်ကျင်ဘက် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်လာနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD အလုပ်အမှုဆောင် ဦးဝိုင်းမောင်စိုးက သုံးသပ် ပြောဆိုသည်။

The Voice weekly
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေကို ထောက်ခံသော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက ဦးဆောင်၍ လူဦးရေ ၅၀၀၀ ကျော်ဖြင့် မေလ ၁၅ ရက်နေ့ နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀၀ နှင့်အတူ ဆန္ဒထုတ်ဖော်ပွဲသို့ ဇလွန်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၇၁ အုပ်စုမှ ဒေသခံ ၃၅၀၀ ခန့်က ထော်လာဂျီ ၁၈၅ စီး၊ မော်တော် ၆ စီးဖြင့်

စက်ဘီးစီးနင်းလာသူနှင့် ဆိုင်ကယ်စီးနင်းလာသူ (၂) ဦး တစ်ပြိုင်နက် မိုးကြိုး ထိမှန်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် တွင် မေလ (၁၄) ရက်နေ့က စက်ဘီးစီးနှင်း လာသူနှင့် ဆိုင်ကယ်စီးနှင်းလာသူ အမျိုးသားနှစ်ဦး တစ်ပြိုင်နက်တည်း မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း သုံးခွမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာမေလ(၁၄) ရက်နေ့ နေ့ လယ် (၃) နာရီခွဲအချိန်ခန့်တွင် သုံးခွမြို့နယ်၊ ပုလဲကျေးရွာ အရှေ့ကွင်း လမ်းမပေါ်တွင် ဦးဖြိုးလှိုင် မှာ စက်ဘီးဖြင့်လည်းကောင်း၊ မောင်နိုင်နိုင်မှာ ဆိုင်ကယ်ဖြင့် လည်းကောင်း စီးနင်းလာကြစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်း များအရ သိရသည်။ စက်ဘီးကို

မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲလုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်နိုင်မည့် မိုဘိုင်းပိုက်ဆံစနစ်ကို အူရီဒူးက မြန်မာနိုင်ငံတွင် မိတ်ဆက်မည်

ရန်ကုန်၊ ကာတာတယ်လီကွန်း(အူရီဒူး)က အရှေ့ အလယ်ပိုင်း၊ အာဖရိကနှင့် အရှေ့တောင်အာရှ ဒေသ တို့တွင် မိုဘိုင်းပိုက်ဆံ ဦးဆောင်ဦးရွက် အစီအစဉ် Mobile Money ကို စတင်လိုက် ခြင်းသည် ဘဏ်လုပ်ငန်းစနစ်ချည့်နဲ့အားနည်း လှသော မြန်မာနိုင်ငံအတွက် ကြီးမားသော ခြေ လှမ်းတစ်ရပ် ဖြစ်လာမည်ဟု Gulf Times သတင်းစာက ရေးသားလိုက်သည်။

သန်း ၆ဝ ခန့်ရှိမည်ဟုခန့်မှန်းထားသော မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း၏ ရာခိုင် နှုန်း ၈ဝ မှာ ဘဏ်ဝန်ဆောင်မှုများနှင့်ဝေးနေ ပြီး အချို့ဆိုလျှင် ဘဏ်စာရင်းပင်ဖွင့်ထားနိုင် ခြင်းမရှိကြောင်း အဆိုပါသတင်းက ဆက်လက် ရေးသားထားသည်။
ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် အတွက် အူရီဒူးက မိုဘိုင်းဖုန်းသုံးကာ ငွေလွှဲ နိုင်သည့် မိုဘိုင်းပိုက်ဆံစနစ်ကို မိတ်ဆက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံ၌

မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်းလေယာဉ် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် ကားဝင်တိုက်မိ၍ ခရီးစဉ်ရွှေ့ပြောင်း


Photo: မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်းလေယာဉ် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် ကားဝင်တိုက်မိ၍ ခရီးစဉ်ရွှေ့ပြောင်း
Friday, May 16, 2014

မေ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်း လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်ပိုင်းကို ကားတစ်စီးက ဝင်တိုက်မိသောကြောင့် ခရီးစဉ်ရွှေ့ပြောင်းလိုက်ရကြောင်း မလေးရှားလေကြောင်းလိုင်းက ပြောကြားခဲ့သည်။ မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 370 လေယာဉ် ပျောက်ဆုံးခဲ့ပြီးနောက် မလေးရှားလေကြောင်း လိုင်း၏ နောက်ဆုံးမတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။
ယခု ကားတိုက်ခံရသည့် ဘိုးအင်း ၇၃၇-၈ဝဝ အမျိုးအစားလေယာဉ်ကို အသေအချာစစ်ဆေးမှုများ ဆောင်ရွက်နေရသောကြောင့် မြန်မာနိုင်ငံသို့သွားမည့် ခရီးသည်များကို အခြားလေကြောင်းခရီးစဉ်သို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်အောက်ပိုင်းကို ကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အင်ဂျင်နီယာတွေက အပျက်အစီးကို စစ်ဆေးဖို့ အဲ့ဒီနေရာမှာ ရှိနေပါတယ်။ အကြိုစစ်ဆေးချက်တွေအရ လေယာဉ်ရဲ့ ဖွဲ့စည်းပုံအပိုင်းကို ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး။ ဒါပေမယ့် စေ့စပ်သေချာတဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့လိုအပ်တာကြောင့် လေယာဉ်ကိုဆက်ပြီး ရပ်ထားရတာပါ”ဟု မလေးရှားလေကြောင်းလိုင်း ပျံသန်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး အီဇန်အစ္စမေးက ပြောကြားခဲ့သည်။ သူက ခရီသည်များ လုံခြုံရေးသည် ထိပ်တန်းအဆင့်၌ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။ ဧပြီလကလည်း ၎င်းတို့လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် ပျံတက်စဉ် တာယာတစ်လုံး ကွဲထွက်သွားသောကြောင့် ကွာလာလမ်ပူသို့ ပြန်လှည့်ခဲ့ရသည်။

(မေ ၁၅ ရက်က ကွာလာလမ်ပူ လေဆိပ်တွင် ရန်ကုန်သို့ ပျံသန်းမည့် မလေးရှားလေကြောင်းလိုင်းပိုင်လေယာဉ်ကို ကားတစ်စီးက ၀င်တိုက်မိစဉ်)
Eleven Media Group 
 မေ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်း လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်ပိုင်းကို ကားတစ်စီးက ဝင်တိုက်မိသောကြောင့် ခရီးစဉ်ရွှေ့ပြောင်းလိုက်ရကြောင်း မလေးရှားလေကြောင်းလိုင်းက ပြောကြား ခဲ့သည်။ မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 370 လေယာဉ် ပျောက်ဆုံးခဲ့ပြီးနောက် မလေးရှားလေကြောင်း လိုင်း၏ နောက်ဆုံးမတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။
ယခု ကားတိုက်ခံရသည့် ဘိုးအင်း ၇၃၇-၈ဝဝ အမျိုးအစားလေယာဉ်ကို အသေအချာ

၁၆-၅- ၂၀၁၄ မှ ၂၂-၅-၂၀၁၄ အထိ ၇ ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ
ဤတပတ် ကံဇာတာကောင်းတဝက် ၊ မကောင်းတဝက် ဖြစ်ပါတယ်။ လုပ်ငန်း တစ်ချို့ ထစ်ငေါ့ မှု့ ဖြစ်မည်။ သို့သော် အဆင်ပြေမှုရမည်။ ကျန်းမာရေး ဂရုစိုက်ပါ။ခေါင်းကိုက် ၊ ခေါင်းခဲ ၊ မူးဝေမှု၊ အော့အန်မှု၊ အစာမကြေမှုတို့ ဖြစ်တတ်တယ်။ ငွေကြေးကိစ္စ အဆင်ပြေမည်။ စက် ၊ ရွှေ တို့ဝင်ခြင်း ၊ ထွက်ခြင်း ဖြစ်မည်။ အချစ်ရေး ကောင်းတယ်။ ယာယီ ခရီးလေးတွေရောက်မည်။
အကျိုးပေးဂဏန်း - ၁၊၆၊၄။
အထူးဟော - လူယုံမထားရ။
ယတြာ - အိမ် ဘုရားကို ရေသပ္ပါယ်ပါ။

မြန်မာပြည်မြေပုံရဲ့ ခေါင်းပိုင်းပျောက်အောင် လုပ်နေသော KIA

Photo: မြန်မာပြည်မြေပုံရဲ့ ခေါင်းပိုင်းပျောက်အောင် လုပ်နေသော KIA
Friday, May 16, 2014 

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ တစ်တိုင်းပြည်လုံး စစ်မှန်သောလွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ မြေပြန့်နှင့်တောင်တန်းဒေသများရှိ တိုင်းရင်းသားအားလုံးဟာ အဲဒီအချိန်ကစပြီး လွတ်လပ်သွားပြီးဆိုတာ သိထား၊ လက်ခံထားကြပါတယ်။ ဒါပေမဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ လွတ်လပ်ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကို အခုအချိန်တွင်သာမက နောင်တွင်လည်းရလိုကြောင်း မီဒီယာ စာမျက်နှာတွေမှာ တရားဝင်ပြောကြား လိုက်တာကို တွေ့ရပါတယ်။ ဒါဆိုရင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရှိတာကို ဗိုလ်ချုပ် ဂွမ်မော်က မသိလိုက်တာလား…….မသိချင်ယောင်ဆောင်နေတာလား….. ဒါမှမဟုတ် အင်္ဂလိပ်တွေက ကချင်လူမျိုးတွေကို တစ်ယောက်ချင်း ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်ရေး ပေးပါတယ်လို့ မပြောခဲ့လိုလား ဆိုတာကိုတောင် တွေးစရာဖြစ်နေ သည်။ 
သေချာစဉ်းစားကြည့်ရင်တော့ ဗိုလ်ချုပ် ဂွမ်မော် အကြောင်းပြချက်ပေးတာလို့ မြင်မိတယ်။ ဘာကြောင့်လဲ ဆိုတော KIA စတင်တည်ထောင်စဉ် မူလအစက ကချင်လူမျိုးများ တန်းတူအခွင့်အရေး ရဖို့ဟုဆိုကာ အစိုးရအား လက်နက်ကိုင် ပုန်ကန်ခဲ့တာပါ။ အဲ့ဒီနောက် ၁၉၉၄ ခုနှစ်မှ စတင်၍ KIA ဟာ ၁၇ နှစ်တိုင်တိုင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီး စီးပွားရေးတွေလုပ်၊ လူသစ်တွေစု၊ သယံဇာတတွေ ထုတ်ရောင်းနေတဲ့ အချိန်မှာ ကချင်ပြည်နယ်နှင့် ကချင်လူမျိုးတွေ လွတ်လပ်ရေးမရသေးဘူးလို့ တစ်ခွန်းမှပြောခဲ့ဘူးတာ မရှိပါဘူး။ ယခုနောက်ပိုင်း လူအင်အား၊ လက်နက်အင်အားနှင့် စီးပွားရေးတွေ တောင့်တင်းလာပြီး တရားမ၀င်စီးပွားရေး လုပ်ငန်းမျာလုပ်၊ တရုတ်နိုင်ငံသားများအား တရားမ၀င်ခိုးသွင်း၊ ကချင်ပြည်နယ်၏ အဖိုးတန်လှသော သယံဇာတများကိုရောင်းချ ၊ အေးချမ်းစွာ လုပ်ကိုင်စားသောက်ကြသော ကချင် တိုင်းရင်းသားနှင့် ဒေသခံတို့၏ သား/သမီးများအား အတင်းအကြပ် လူသစ်စုဆောင်းမှုတွေ ပြုလုပ်လာသဖြင့် အစိုးရမှ ဝင်ရောက်ထိန်းသိမ်းသောကြောင့် ၂၀၁၁ ခုနှစ်မှာ စပြီး စာချုပ်ပျက်ပြယ်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ဒါကို KIA က အစိုးရက ကျူးကျော်စစ်တွေ ဆင်နွဲလို့ တိုက်ပွဲတွေဖြစ်တာပါဆိုပြီး အော်ပါသေးတယ်။

တကယ်တော့ ဗိုလ်ချုပ် ဂွမ်မော်ပြောသလို KIA ဟာ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ်လွတ်လပ်ရေး မရလို့ စစ်တိုက်နေတာမဟုတ်ပါဘူး။ ကချင်ပြည်နယ်ရှိ အဖိုးတန်တွင်းထွက်ပစ္စည်းများနှင့် သယံဇာတများကို ၎င်းတို့ရဲ့ လက်တစ်စုပ်စာ KIA အဖွဲ့ရရှိဖို့ စစ်တိုက်နေတာပါ။ အဖိုးတန် သယံဇာတများမှ ရရှိတဲ့အကျိုးအမြတ်ကိုလည်း ကချင်လူထု အတွက်မဆိုထားနဲ KIA မှ အောက်ခြေရဲဘော်တွေတောင် သိခွင့်၊ ခံစားခွင့်မရှိပါဘူး။ ယခုလဲ အစိုးရက အမျိုးသားပြန် လည် စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်လိုတဲ့စိတ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်နေ သော်လည်း KIA မှ အကြောင်းအမျိုးအမျိုးပြကာ လက်မှတ်မထိုးပဲ ပြုလုပ်နေခြင်းဟာ ကချင်လူထု ကောင်းစားရေး၊ ကချင် ပြည်နယ် လွတ်လပ်ရေးအတွက် ကာကွယ်နေခြင်းမဟုတ်ပဲ ၎င်းင်းတို့၏ အကျိုးစီးပွားအတွက် ကာကွယ်နေတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ အချုပ်ပြောရရင် KIA ရဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တာပဲဖြစ်ဖြစ်၊ ၀မ်ပေါင် နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်၊ ၎င်းတို့အဖွဲရဲ့ အကျိုးစီးပွားကြောင့်ပဲဖြစ်ဖြစ် တိုက်ပွဲများဖြစ်အောင် ဖန်တီး နေခြင်းဟာ ငြိမ်းချမ်းရေးလမ်းကြောင်းထဲက သွေးဖယ်နေကာ မြန်မာပြည်မြေပုံကို ခေါင်းပိုင်းပျောက်အောင် KIA ဟာ လုပ်နေပြီး ကချင်လူမျိုးတွေကိုလဲ တိုင်းရင်းသားညီနောင်ဘွားတွေနဲ့ ကင်းကွာအောင် လွတ်လပ်ရေးတောင်းဆိုနေတာ လားလို့တောင် မေးစရာပင် ဖြစ်နေပါတော့တယ်။ 

မောင်ဇော်

Credit to Man Super မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ တစ်တိုင်းပြည်လုံး စစ်မှန်သော လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံမှာ မှီတင်းနေထိုင် ကြတဲ့ မြေပြန့်နှင့်တောင်တန်းဒေသများရှိ တိုင်းရင်းသားအားလုံးဟာ အဲဒီအချိန်ကစပြီး လွတ်လပ်သွားပြီးဆိုတာ သိထား၊ လက်ခံထားကြပါတယ်။ ဒါပေမဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ လွတ်လပ်ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကို အခုအချိန်တွင်သာမက နောင်တွင်လည်းရလိုကြောင်း မီဒီယာ စာမျက်နှာတွေမှာ တရားဝင်ပြောကြား လိုက်တာကို တွေ့ရပါတယ်။ ဒါဆိုရင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရှိတာကို ဗိုလ်ချုပ် ဂွမ်မော်က မသိလိုက်တာလား…….မသိချင်ယောင်ဆောင်နေတာလား….. ဒါမှမဟုတ် အင်္ဂလိပ်တွေက ကချင်လူမျိုးတွေကို တစ်ယောက်ချင်း ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်ရေး ပေးပါတယ်လို့ မပြောခဲ့လိုလား

အမြန်လမ်း လေးလမ်းသွားကို ရှစ်လမ်းသွားအဖြစ် ပြုပြင်ပါက ဘီလီယံ ၅၅၀ ကျော် ထပ်မံကုန်ကျမည်

ကျပ် ၉၁၇ ဘီလီယံခန့် ကုန်ကျထားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန် ကျမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က The Voice သို့ ပြော ကြားသည်။
“တစ်မိုင်ကို ၂ ဒသမ ၅ ဘီလီယံ ကုန်ခဲ့တာ။ ခုဆက်လုပ်ရင် ၆၀ ရာခိုင်နှုန်းအထက် ကုန်ဦးမယ်” ဟု ၎င်းကဆိုသည်။

အမေရိကန်အစိုးရ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ရန် စီစဉ်လျက် ရှိသော အမြန်လမ်းကို လမ်းတစ်ခြမ်းလျှင် ယာဉ်လေးစီး မောင်းနှင်နိုင်သည့် ရှစ်လမ်းသွားအဖြစ် ပြုလုပ်သွားမည် ဖြစ်သောကြောင့်

၅၉(စ)မပြင်ရန် စီတန်းလှည့်လည်အပြီး ဗုဒ္ဓဆင်းတုများ မဲဖောက်ပေး

ပုဒ်မ ၅၉(စ)မပြင်ရန် ဧရာဝတီတိုင်း၊ ဇလွန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ပါတီဝင်များနှင့် ဒေသခံငါးထောင်ကျော်တို့ ပူးပေါင်းပြုလုပ်သည့် မေ ၁၅ ရက် ဆန္ဒပြပွဲ အပြီး စီတန်းလှည့်လည်မှုတွင် ပါဝင်သူများကို ဗုဒ္ဓဆင်းတုတော်များ မဲဖောက်ပေးလိုက်သည်။
“ကျွန်တော်က ဒီပွဲကို ရည်ရွယ်ပြီး ဘုရားတွေကို ဆောင်ထားတာ မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်က ပုံမှန်လုပ်နေတာခင်ဗျ။ ဒီတစ်ခါနဲ့ဆို လေးခါလောက် ရှိပါပြီ။ ဒီနေ့တော့ အဆူရှစ်ရာ လောက်ပဲရှိတယ်”ဟု

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုများ တိုင်းပြည်ဆူပူနိုင်ဟု သမ္မတ သတိပေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးကိစ္စများကြောင့် တိုင်းပြည် ဆူဆူ ပူပူဖြစ်မည်ကို မည်သူမှ မလိုလားကြောင်း၊ တိုင်းပြည်ဆူပူပါက မိမိတို့ တိုင်းပြည်သာ နစ်နာ မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားသည်။

“ဒီလိုဖြစ်ရင် ကိုယ့်ရဲ့ပြည်သူတွေပဲ ထိခိုက်နစ်နာမှာ ဖြစ်ပါတယ်။ အမှားအမှန် အဆိုးအကောင်းကို ဒီကနေ့ ဆူဆူပူပူဖြစ်နေတဲ့ နိုင်ငံတွေရဲ့သင်ခန်းစာကိုရယူပြီး ကျွန်တော်တို့နိုင်ငံမှာ အလားတူနစ်နာ ဆုံးရှုံးမှုတွေမဖြစ်အောင် နိုင်ငံကိုချစ်တဲ့ ရဟန်းရှင်လူ ပြည်သူအားလုံး ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ

ပေါက်မြို့ လက်နက်စက်ရုံကိစ္စ CNS ထုတ်ပြန်မှု အရေးစိုက်ရန်မလိုဟု ဦးရဲထွဋ်ပြော

အမေရိကန်အခြေစိုက်၊ဂျိမ်း(စ်)မာတင် ဖျက်အားပြင်းလက်နက်များ မပြန့်ပွားရေး သုတေသန (CNS) ကမေလ ၉ ရက်တွင်ထုတ်ပြန်ခဲ့သော ပေါက်မြို့ရှိ စက်ရုံမှာ မြန်မာအစိုးရက ပြောထားသည့်အတိုင်း သာမန်လက်နက်စက်ရုံတစ်ခုမဖြစ်နိုင်ဟု ထုတ်ပြန်ချက်အပေါ် ဂရုမစိုက်ကြောင်း သမ္မတပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောသည်။
“ကျွန်တော်တို့ ပေါက်က စက်ရုံနဲ့ပတ်သက်ပြီးတော့ အင်အားကြီးနိုင်ငံ အမေရိကန်အပြင် ကုလသမဂ္ဂလို အဖွဲ့တွေကတောင် ဘာမှမပြောပါဘူး။ ဒီလိုအဖွဲ့လေးတွေက ပြောနေတာတွေကို ဂရုမစိုက်ပါဘူး။

ဘန်ကောက်ရှိ ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း ဗုံးဖြင့် တိုက်ခိုက်မှု လူသုံးဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

Photo: ဘန်ကောက်ရှိ ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း ဗုံးဖြင့် တိုက်ခိုက်မှု လူသုံးဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

ဘန်ကောက်၊ မေ ၁၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူသုံးဦး သေဆုံးသွားပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်နေရာတွင် စခန်းချထားသော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းတွင် ကြာသပတေးနေ့ အစောပိုင်းက ပေါက်ကွဲသံ၊ သေနတ်သံများ ကြားရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ပြုတ်ကျသွားခဲ့ပြီ ဖြစ်သော်လည်း ဝန်ကြီးချုပ် နေရာကို ယင်းလပ် အစိုးရအဖွဲ့ဝင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက တာဝန်ယူထားရာ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများက အစိုးရအဖွဲ့ကို ရွေးချယ်ခန့်အပ်သူများဖြင့် အစားထိုးရန် ထိုင်းဆီးနိတ်လွှတ်တော်ကို ဖိအားပေးလျက် ရှိသည်။

ထို့ပြင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် သတ်မှတ်ရေးနှင့် ပတ်သက်၍ ထိုင်းယာယီအစိုးရ အဖွဲ့နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ တွေ့ဆုံ ဆွေနွေးပွဲကိုလည်း ဖျက်သိမ်းရန် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြသူများက ကြာသပတေးနေ့တွင် ဖိအားပေးလျက် ရှိသည်။

အတိုက်အခံ ခေါင်းဆောင် ဆူသတ် ဦးဆောင်သော ယင်းလပ်ဆန့်ကျင်ရေး အင်အားစုများသည် ယာယီဝန်ကြီးချုပ် နဝတ်သန်ရောင်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အစည်းအဝေး ပြုလုပ်နေသည့် လေတပ်အခြေစိုက် စခန်းတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

“အစည်းအဝေး ပြီးသွားပါပြီ၊ ဝန်ကြီးချုပ်လည်း ထွက်ခွာသွားပါပြီ။ အစည်းအဝေး ဆက်လုပ်လို့ မရတော့ဘူး” ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်းကို အချိန်ရွှေ့ဆိုင်းရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများကို တိုက်ခိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဆိုင်ရာ တရားရုံးက အာဏာ အလွဲသုံးစားမှုဖြင့် ဝန်ကြီးချုပ် ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို ကြာသပတေးနေ့ အစောပိုင်းတွင် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သေနတ်ဖြင့်လည်း ပစ်ခတ်ခံရကြောင်း၊ ဒဏ်ရာရရှိသူများတွင် ဗုံးစများ ထိမှန်ထားသည်ကို တွေ့ရကြောင်း ဘန်ကောက်ရှိ အရေးပေါ်စင်တာမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ယခု တိုက်ခိုက်မှု ပြုလုပ်ခြင်းကို မည်သည့်အဖွဲ့ကမျှ ထုတ်ဖော်ဝန်ခံခြင်း မရှိသော်လည်း ယင်းလပ်ဆန့်ကျင်သူနှင့် ယင်းလပ်ထောက်ခံသူ နှစ်ဖွဲ့စလုံးတွင် သဘောထား တင်းမာသော လက်နက်ကိုင်များ ရှိနေကြသည်။ 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူသုံးဦး သေဆုံးသွားပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်နေရာတွင် စခန်းချထားသော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းတွင် ကြာသပတေးနေ့ အစောပိုင်းက ပေါက်ကွဲသံ၊ သေနတ်

ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်

Photo: ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်
Friday, May 16 ,2014

အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပပေးနိုင်မှာပါ။ သေချာမယ့် ရက်ကို ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအတွက် လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့ကို စမ်းသပ် ကောက်ယူရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ကျင်းပမည့်ရက် တရားဝင် ကြေညာပြီးမှသာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အောင်နိုင်မယ်၊ မအောင်နိုင်ဘူး ဆိုတာက လူထုက ရွေးချယ်ပါလိမ့်မယ်။ လုပ်စရာ ရှိတာကို လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးသာမက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို စတင် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။
“ကြားဖြတ် ဆိုတာက လစ်လပ်နေတဲ့ ကိုယ်စားလှယ်တွေကို အစားထိုးတာပါ။ အထွေထွေ ရွေးကောက်ပွဲ ဆိုတာ အစိုးရအသစ် ရွေးတာလေ။ အဲဒီတော့ နှစ်ခုစလုံးကို အာရုံစိုက်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကျင်းပပေးခဲ့သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ယခုနှစ် ပွင်းလင်းရာသီတွင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောကြားထားသည်။

ယခုနှစ်အတွင်း ကြာဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်နေသော မဲဆန္ဒနယ် မြို့နယ်များမှာ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဝိုင်းမော်၊ လှိုင်းဘွဲ့၊ ဟားခါး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ မြိတ်၊ ထားဝယ်၊ ကံမ၊ ရေနံချောင်း၊ အောင်မြေသာဇံ၊ မိုးကုတ်၊ ဂွ၊ မင်းပြား၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်စိန်၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း၊ နမ့်ခမ်း၊ တာချီလိတ်၊ မိုင်းယောင်း၊ တန့်ယန်း၊ ပန်းတနော်၊ ရေကြည်မြို့နယ်တို့ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly 
 အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။
မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း

တစ်မိုင် ကျပ်သန်း ၂၅၀၀ အကုန်အကျ ခံခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်း စံချိန်စံညွှန်း မမီဟု အစိုးရအဖွဲ့ ဝန်ခံ

၃၆၇ မိုင် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းသည် တစ်မိုင်လျှင် ကျပ်သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ်ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးတို့က ဝန်ခံ ပြောကြားလိုက်သည်။

ဘုရားပွဲမှအပြန် လမ်းကြုံလိုက်သူအား သားမယားအဖြစ်ပြုကျင့်

၂၀၁၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နေ မxxx (၃၁)နှစ်သည် လယ်ကိုင်းဘုရားထီးတင်ပွဲမှ အဖော်(၃)ဦးနှင့်အတူ စက်ဘီးဖြင့်ပြန် လာစဉ် မောင်ဝမ်းကွဲ၏ သူငယ်ချင်းဖြစ်သူ ကျော်သက်(၂၂)နှစ်မှ ဆိုင်ကယ်ဖြင့် လိုက်ရန် ခေါ်သဖြင့် လိုက်သွားခဲ့ရာ နေအိမ်သို့

ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများအတွက် ပေးသော အာမခံငွေ အစိုးရ အရှုံးပေါ်

Photo: ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများအတွက် ပေးသော အာမခံငွေ အစိုးရ အရှုံးပေါ်
Friday, May 16 ,2014

မေလ ၁၂ ရက်နေ့တွင် နေပြည်တော် အမြန်လမ်းတွင် တိမ်းမှောက်ခဲ့သော ရာဇာမင်း ခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ပေးအပ်ရသော အာမခံငွေမှာ အစိုးရအနေနှင့် အရှုံးပေါ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက The Voice သို့ ပြောသည်။
“လူတစ်ယောက် အသက်ထိခိုက်တဲ့ကြေးက ခရီးသည် တစ်သောင်းရဲ့ ပရီမီယံကြေး ဖြစ်နေတော့ အရှုံးပေါ်တာပေါ့။ အထူးခရီးသွား အသက် အာမခံကြေးကို ကျပ် ၃၀၀ ဖြင့် မေလ ၈ ရက်မှ ခရီးသွားကားများတွင် စီစဉ်ပေးခဲ့ပြီးနောက် မေလ ၁၂ ရက်တွင် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုကြောင့် ပေးအပ်ရသည့် အာမခံကြေးနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၄ ဦးအတွက် အထူးခရီးသွား အသက်အာမခံကြေး ကျပ် ၆၃၀ သိန်း ပေးအပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများအတွက် ဒဏ်ရာရ အခြေအနေအရ အများဆုံး ကျပ် ၂၄ သိန်းအထိ ပေးအပ်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အထူးခရီးသွား အသက်အာမခံ ပေးသည့် လုပ်ငန်းသည် မတော်တဆမှုများ များပြားလာပါက ထပ်မံ အရှုံးပေါ်လာနိုင်စရာ အကြောင်းရှိသော်လည်း ခရီးသွားပြည်သူကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးထားသော အစီအစဉ် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ရာဇာမင်း ခရီးသည်တင် ယာဉ်သည် မေလ ၁၂ ရက်နေ့က နေပြည်တော်-ရန်ကုန် ၁၉၇ မိုင် ၆ ဖာလုံတွင် တိမ်းမှောက်ခဲ့ပြီး နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံနှင့် လယ်ဝေးဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး မေလ ၁၅ ရက်နေ့တွင် ဒဏ်ရာရသူ ၃၀ ကျော်မှ လေးဦးမှာ ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင် ဦးစောလှက ပြောကြားသည်။

The Voice Weekly 
 မေလ ၁၂ ရက်နေ့တွင် နေပြည်တော် အမြန်လမ်းတွင် တိမ်းမှောက်ခဲ့သော ရာဇာမင်း ခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ပေးအပ်ရသော အာမခံငွေမှာ အစိုးရအနေနှင့် အရှုံးပေါ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက The Voice သို့ ပြောသည်။
“လူတစ်ယောက် အသက်ထိခိုက်တဲ့ကြေးက ခရီးသည် တစ်သောင်းရဲ့ ပရီမီယံကြေး ဖြစ်နေတော့ အရှုံးပေါ်တာပေါ့။ အထူးခရီးသွား အသက် အာမခံကြေးကို ကျပ် ၃၀၀ ဖြင့် မေလ ၈ ရက်မှ

လားရှိုးမြို့၊ ကမ္ဘောဇဘဏ်(၁)နှင့် CB Bank တို့တွင် စက္ကန့်ပိုင်းခြားပြီး ပေါက်ကွဲမှုဖြစ်ပွား

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးခဲ့

Photo: ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးခဲ့
Friday, May 16, 2014

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက် မူကြမ်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ မနေ့က ရန်ကုန် မြို့မှာ တွေ့ဆုံခဲ့ကြ ပါတယ်။ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၀ကျော်က ပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး မဲဆွယ် စည်းရုံးရေး မူကြမ်းမှာပါတဲ့ စည်းကမ်းတချို့ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် စုဝေးဟောပြောခွင့်နဲ့  မဲဆွယ်စည်းရုံးခွင့် တွေဟာ ကန့်သတ်ချက်တွေ ရှိတဲ့ အတွက် ဒါတွေကို ပြန်လည်ပြင်ဆင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးခွင့်ကို တလ သတ်မှတ်ပေးတာနဲ့ မဲဆွယ်စည်းရုံးမယ့်သူတွေအနေနဲ့ ကြိုတင်ခွင့်ပြု ချက်တောင်း ခံရမယ်ဆိုတဲ့ အချက်တွေအပေါ်မှာ နိုင်ငံရေးပါတီတွေကြား ကွဲလွဲမှုတွေရှိနေ တယ်လို့ လည်း ဆိုပါတယ်။

အစည်းဝေးတက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသား ပါတီ ခေါင်ဆောင် တဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်က အခုလိုပြောပါတယ်။

 “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွန်ကြားလွာ တခုထုတ်တယ်လေ၊ အဲဒီညွန်ကြားလွာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီအားလုံးကို ကြိုတင်ချပြတာရှိပါတယ်။ အတည်ပြုချက်တော့ မပေးသေး ဘူး ပေါ့နော်၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နှစ်ရှည် မဟာဗျူဟာစီမံချက် တွေကိုလည်း ကျနော်တို့ကို ချပြတာပေါ့နော်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေပေါ့နော် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာလုပ်မဲ့ အစီအမံတွေပေါ့ အဲဒါတွေကို ရှင်းပြပါတယ်။” 

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ရဲ့ ဖွဲ့စည်းပုံတွေကို ပေးအပ်ခဲ့ပြီး နိုင်ငံရေးပါတီနဲ့ အမတ်လောင်းတွေ လိုက်နာရမယ့် မဲဆွယ်စည်းရုံး ခွင့်ဆိုင်ရာ စည်းမျဉ်းတွေ ကိုထုတ်ပြန်ခဲ့ပြီး  မဲဆန္ဒပေးခွင့်၊ စည်းရုံးခွင့်၊ နိုင်ငံရေးပါတီတွေရဲ့ ကဏ္ဍအပေါ်မှာ သဘောထား မှတ်ချက်တွေကို တောင်းခံခဲ့တယ်လို့ ပြောပါ တယ်။

ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာလ လောက်မှာ ကျင်းပဖို့ရှိတဲ့ အကြောင်း၊ လက်ရှိမှာ လစ်လပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် အမတ်နေရာ ၃၃နေရာရှိတဲ့အကြောင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမှီ ၃လကြို တင်ပြီး ကြေညာ ပေးမယ့် အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ ထားပါတယ်။

ABC Radio Australia

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက် မူကြမ်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ မနေ့က ရန်ကုန် မြို့မှာ တွေ့ဆုံခဲ့ကြ ပါတယ်။ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၀ကျော်က ပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး မဲဆွယ် စည်းရုံးရေး မူကြမ်းမှာပါတဲ့ စည်းကမ်းတချို့ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် တွေဟာ

ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကလုပ်ဖို့ ဦးသိန်းစိန်ပြော

Photo: ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကလုပ်ဖို့ ဦးသိန်းစိန်ပြော 
Friday, May 16, 2014

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပညာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီး တချို့ဟာ မန္တလေးမြို့ကို ဒီကနေ့ရောက်ရှိလာပြီး မန္တလေးတိုင်းအတွင်း ၄၅ ရက်တာလုပ်ခဲ့တဲ့ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လုပ်အားပေး ဆရာ ဆရာမတွေနဲ့ သင်တန်းသားတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

ဒီပွဲမှာ သမ္မတဦးသိန်းစိန်က မကြာခင်ကြုံတွေရတော့မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်ကြဖို့ ၊ ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာကို ဘယ်သူကမှ လိုလားမှာ မဟုတ်ကြောင်း ပြောသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေ လုပ်မယ့်ခရီးစဉ်မတိုင်ခင် ချိန်ကိုက်လာတာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲမတိုင်ခင် မန္တလေးကို ဦးသိန်းစိန် ဒီလိုပဲ လာရောက်ခဲ့ဘူးပြီး စစ်ကိုင်းတက္ကသိုလ်အဆင့် ပေးသွားခဲ့တာမျိုးရှိခဲ့တယ်လို့ မန္တလေးမြို့က မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

ဦးသိန်းစိန်ဟာ နန်းတွင်းထဲကို သွားရောက်လေ့လာစစ်ဆေးခဲ့သလို အထွေထွေရောဂါကု ဆေးရုံကြီးနဲ့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးကိုလည်း သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပညာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီး တချို့ဟာ မန္တလေးမြို့ကို ဒီကနေ့ရောက်ရှိလာပြီး မန္တလေးတိုင်းအတွင်း ၄၅ ရက်တာလုပ်ခဲ့တဲ့ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လုပ်အားပေး ဆရာ ဆရာမတွေနဲ့ သင်တန်းသားတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

ဒီပွဲမှာ သမ္မတဦးသိန်းစိန်က မကြာခင်ကြုံတွေရတော့မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်ကြဖို့ ၊

ရာဇာမင်းမှန်လုံယာဉ်မှ ယာဉ်မောင်း လိုင်စင်ပိတ်သိမ်းခံထားရသည့် ကာလအတွင်း ယာဉ်မောင်း လိုင်စင်မရှိဘဲ ယာဉ် တက်ရောက် မောင်းနှင်ကြောင်း ပေါ်ပေါက် ယာဉ်မောင်း လိုင်စင် ရာသက်ပန် ပိတ်သိမ်း နိုင်သည်အထိ အရေးယူရန် ဆောင်ရွက်နေ

မေ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က ၁၄ ဦးသေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့သည့် ရာဇာမင်း မှန်လုံယာဉ် တိမ်းမှောက်ခဲ့မှု ဖြစ်စဉ်တွင် အဆိုပါယာဉ်အား မောင်းနှင်သူမှာ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံသူဖြစ်ကြောင်း သိရှိရပြီး ၄င်းအား ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ရာဇာမင်း မှန်လုံယာဉ်၏ ယာဉ်မောင်း ဦးမင်းခန့် (ခ) ထွန်းခန့်စိုး သည် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်အတွင်း ၄င်းမောင်းနှင်သော ယာဉ်ဖြင့် ဆလွန်းယာဉ်နှင့်

မြန်မာနဲ့ စီးပွားရေး ဒဏ်ခတ်မှု အမေရိကန်သက်တမ်းတိုး

Photo: မြန်မာနဲ့ စီးပွားရေး ဒဏ်ခတ်မှု အမေရိကန်သက်တမ်းတိုး
Friday, May 16, 2014

အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့တွဲပြီး စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်တာကို ပိတ်ပင်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု အမိန့်ကို သမ္မတ အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်းတိုး လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း စိုးရိမ်စရာ အခြေအနေတွေ အချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ကို အလွန်အမင်း ခြိမ်းခြောက်မှု ဆက်ရှိနေ တာကြောင့် အရေးယူမှုကို အခုလို ထပ်ပြီး သက်တမ်းတိုးတာဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

အခုလို သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှု ဟာ လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတော့ မဟုတ်ဘဲနဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တဲ့ အမိန့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံမှုကို ကန့်သတ်တားမြစ်တဲ့ သမ္မတရဲ့ ၁၉၉၇ခုနှစ် မေလ ၂၀ရက်နေ့ ထုတ်ပြန်ချက် အဆက်ဖြစ်ပါတယ်။

၂၀၀၃ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၈ခုနှစ်မှာ တစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ ပြင်ဆင်ချက်နဲ့အတူ သက်တမ်းတိုး ခဲ့တာပါ။ သမ္မတရဲ့ ဒီအမိန့် ထုတ်ပြန်ချက်အရ ဆိုရင်တော့ အမေရိကန် စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံ စီးပွားရေး လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့လည်း ခြွင်းချက်အနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ် လုပ်ဆောင်တာကို ကန့်သတ် တားမြစ်ထားပါတယ်။

မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံကြတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ လူ့အခွင့်အရေး ရူ့ထောင့်ကနေပြီးတော့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ကို စုံစမ်း သုံးသပ်ပြီးတော့ အများပြည်သူ သိအောင် အစီရင်ခံစာ ထုတ်ပြန်ပေး ရမှာဖြစ်ပါတယ်။

အခုလိုမျိုး သမ္မတအမိန့်နဲ့ ဒီအရေးယူမှုကို သက်တမ်းတိုးတဲ့အပေါ် အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့ဖြစ်တဲ့ USCB (U.S Campaign for Burma) က ကြိုဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးမှာ လိုအပ် ချက်တွေ ရှိနေတုန်းပဲ ဆိုတာကို သမ္မတ အိုဘားမားက အသိအမှတ်ပြုလိုက် တာဖြစ် တယ်လို့ USCB ရဲ့ အမှုဆောင်ဒါရိုက်တာ Jennifer Quigley က VOA ကိုပြောပါတယ်။

"USCB နဲ့ တခြား အဖွဲ့အစည်းတွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဒီအရေးယူမှုကို ဆက် သက်တမ်းတိုးပေးဖို့ သမ္မတ အိုဘားမားထံကို အခုလ အစောပိုင်း တုန်းကပဲ တောင်းဆိုစာ ပို့ခဲ့တာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးတော့ ရှိနေတာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှု မလုပ်တာ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဆက်ပြီးတော့ ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခုလိုမျိုး တောင်းဆိုရတာပါ။

သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံထဲ လိုအပ်ချက်တွေရှိနေတုန်းပဲ၊ ပြဿနာတွေ ရှိနေတုန်းပဲ ဆိုတာကို အသိအမှတ်ပြုပြီးတော့ အခုလို သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ်မှာ ဝမ်းမြောက်မိပါတယ်"

USCB အမှုဆောင်ဒါရိုက်တာ Jennifer Quigley ပြောဆိုသွားတာပါ။

သမ္မတ အိုဘားမားရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ အနျူမြူ အေဂျင်စီ IAEA ရဲ့ နျူကလီးယား ဘေးကင်း လုံခြုံမှုဆိုင်ရာ ဖြည့်စွက်ချက်ကို သဘောတူ လက်မှတ်ရေးထိုးတာ အပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကို အသိအမှတ်ပြု ထားပါတယ်။

ဒါပေမဲ့လို့ လူနည်းစု တိုင်းရင်းသား ဒေသတွေ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေနဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်မှာ စစ်တပ်က ဆက်ပြီးတော့ နေရာယူထားတဲ့ အခြေအနေတွေ ရှိနေတုန်းပဲလို့ သမ္မတ အိုဘားမားက သူ့ကြေညာချက် မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့လို့ ဒီလိုအခြေအနေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို အလွန်အမင်း ခြိမ်းခြောက်မှုအဖြစ် ဆက်ဖြစ်နေ တာကြောင့် သက်တမ်းတိုးဖို့ အတွက် ဆုံးဖြတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အခု ဒီသမ္မတရဲ့ အမိန့်စာမှာ ပါတဲ့အတိုင်း ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးကို ထိခိုက်မှု ရှိမရှိ စုံစမ်း စစ်ဆေးပြီးတော့ အများပြည်သူကို ထုတ်ပြန်ပေးတဲ့နေရာမှာတော့ အားနည်းမှုတွေ ရှိနေတုန်းပဲလို့ USCB ကတော့ ဝေဖန်ပါတယ်။

"အခုအချိန်အထိတော့ မြန်မာနိုင်ငံထဲ အမေရိကန်ကနေ သွားရောက် ရင်းနှီးမြုပ်နှံကြတဲ့ ကုမ္ပဏီတွေဘက်က တင်ပြချက်တွေ ပြည့်စုံမှု မရှိသေးပါဘူး။ သူတို့လုပ်ငန်းတွေဟာ လယ်မြေသိမ်းယူမှုတွေနဲ့ မပတ်သက်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချိုးဖောက်မှုတွေ မဖြစ်ခဲ့ပါဘူး ဆိုတာကို အသေအချာ စုံစမ်းစစ်ဆေးပြီး အစီရင်ခံနိုင်တာ ကုမ္ပဏီတစ်ခုပဲရှိပါတယ်။ အခြား ကုမ္ပဏီတွေ ရဲ့ အစီရင်ခံချက်တွေမှာတော့ မပြည့်မစုံဖြစ်နေတုန်းပါ။ ဒါကြောင့်မို့ လို့ ကျန်တဲ့ ကုမ္ပဏီတွေကို ဆက်ပြီးတော့ ပိုပြီးတော့ အသေးစိတ် ထုတ်ပြန်နိုင်ဖို့အတွက် ဖိအားပေးသွားမှာပါ။"

USCB က အမှုဆောင် ဒါရိုက်တာ Jennifer Quigley ပြောဆိုသွားတာဖြစ် ပါတယ်။

လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံနေတဲ့ အမေရိကန် ကုမ္ပဏီတွေ ထဲ Western Union၊ Coca Cola အပါအဝင် လုပ်ငန်းငါးခုလောက်ပဲ အများပြည်သူ သိအောင် အစီရင်ခံထားတယ်လို့ သိရပါတယ်။

အမေရိကန်က ပြဋ္ဌာန်းပြီးသား အမေရိကန်ပြည်ထောင်စုရဲ့ အရေးပေါ် အက်ဥပဒေအရ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ထိခိုက်လာနိုင်တဲ့ အခြေအနေမှာ သမ္မတအနေနဲ့ အခုလိုမျိုး အရေးယူ၊ အမိန့်ထုတ်ပြန်နိုင်တဲ့ အခွင့်အာဏာ ကို ပေးထားပါတယ်။

ဒါကြောင့်မို့လို့ ဒီလုပ်ပိုင်ခွင့်အရ သမ္မတ အိုဘားမားရဲ့ လက်မှတ်နဲ့ အရေးယူမှုကို သက်တမ်းတိုးတဲ့ အခုအမိန့်ကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အကြီးအကဲတွေကိုပါ သမ္မတအိုဘားမားက လက်မှတ်ထိုး ပေးပို့ထားပါတယ်။

VOA
အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့တွဲပြီး စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်တာကို ပိတ်ပင်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု အမိန့်ကို သမ္မတ အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်းတိုး လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း စိုးရိမ်စရာ အခြေအနေတွေ အချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ကို အလွန်အမင်း ခြိမ်းခြောက်မှု ဆက်ရှိနေ တာကြောင့် အရေးယူမှုကို အခုလို ထပ်ပြီး သက်တမ်းတိုးတာဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ ကြေညာ

သည်းခြေမှကျောက်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း


Photo: သည်းခြေမှကျောက်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း
Friday, May 16, 2014

အစာစားပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ၀မ်းဗိုက်နာနေခြင်း၊ အစာမကြေသလိုခံစားခြင်း၊ အသည်းမှာ နာနေခြင်း စသည့်ဖြစ်နေလျှင် အသည်းမှာ ကျောက်တည်နေပါပြီ။
ဆေးများစုံနေအောင် သောက်သော်လည်း မပျောက်၍သော်၎င်း၊ ဆေးရုံတက်၍ ခွဲစိပ်ရန်အဆင်မပြေ၍သော်၎င်း ရောဂါဝေဒနာကို ခံစားနေလျှင် အောက်ပါ သဘာဝကုထုံးလေးဖြင့် ကုသနိုင်ကြပါတယ်။
၁။ တစ်နေ့ကို ပန်းသီး ၄ လုံးစားပေးပါ။ သို့မဟုတ် ပန်းသီးဖျော်ရည်(Apple Juice) ၄ ခွက် သောက်ပေးပါ။

၂။ ၅ ရက်ဆက်တိုက် စားပါ။ (အစားအစာများကိုလည်း ပုံမှန်စားနိုင်ပါတယ်)
၃။ ၆ ရက်မြောက်နေ့မှာ ညစာမစားပဲ ညနေ ၆ နာရီခန့်နှင့် ည ၈ နာရီခန့်မှာ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ခွက်နဲ့ သောက်ပေးပါ။
၎။ ညအိပ်ယာမ၀င်ခင် ၁၀ နာရီခန့်မှာ သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီစစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို သံပရာရည်နှင့် သေချာစွာ ရောမွှေပြီး သောက်ပေးပါ။

ပန်းသီးသည် သည်းခြေမှ ကျောက်များကို ပျော့သွားစေနိုင်ပါသည်။ သဘာဝဆေးဖက်ဝင် သစ်သီးဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါ။ ဆားခါးသည် သည်းခြေ၏ အိတ်ပြွန်များကို ပွင့်စေပါသည်။ ဆီသည် သည်းခြေမှ ကျောက်များကို လွယ်ကူချောမွေ့ စွာ လျောကျသွားစေနိုင်ပါသည်။
နောက်တစ်နေ့ နံနက်အိပ်ယာမှာ ရေအ၀သောက်ပြီး ၃ မိနစ်ခန့် လမ်းလျှောက်ပေးပါ။ ပြီးလျှင် ၀မ်းသွားသည့်အခါ ကျောက်များပါသွားလိမ့်မည်။
ကျောက်ရောဂါကို ခံစားနေရသော ဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း သဘာဝကုထုံးဆေးနည်းလေးကို ဒါနပြုလိုက်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ကြေးမုံသတင်းစာ
ကျန်းမာရေးသတင်းများ 
 အစာစားပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ၀မ်းဗိုက်နာနေခြင်း၊ အစာမကြေသလိုခံစားခြင်း၊ အသည်းမှာ နာနေခြင်း စသည့်ဖြစ်နေလျှင် အသည်းမှာ ကျောက်တည်နေပါပြီ။
ဆေးများစုံနေအောင် သောက်သော်လည်း မပျောက်၍သော်၎င်း၊ ဆေးရုံတက်၍ ခွဲစိပ်ရန်အဆင်မပြေ ၍သော်၎င်း ရောဂါဝေဒနာကို ခံစားနေလျှင် အောက်ပါ သဘာဝကုထုံးလေးဖြင့် ကုသနိုင်ကြပါတယ်။
၁။ တစ်နေ့ကို ပန်းသီး ၄ လုံးစားပေးပါ။ သို့မဟုတ် ပန်းသီးဖျော်ရည်(Apple Juice) ၄ ခွက် သောက်ပေးပါ။

၂။ ၅ ရက်ဆက်တိုက် စားပါ။ (အစားအစာများကိုလည်း ပုံမှန်စားနိုင်ပါတယ်)

ဝေဖန်မှုများရှိနေသည့် ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်မူကြမ်းအပေါ် နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းမှု မပြီးပြတ်ခဲ့ဘဲ အကြံပြုစာများ ပေးပို့ရန် ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက်ကဲ့သို့ ဝေဖန်ခံရသည့် အချက်များစွာ ရှိနေသည့် ရွေးကောက်ပွဲကော် မရှင်၏ ညွှန်ကြားချက် မူကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများနှင့် မေ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မပြီးပြတ်ခဲ့ဘဲ အကြံပြုချက်များ ပေးပို့သွားရန် နိုင်ငံရေးပါတီများကို ပြောကြားခဲ့သည်။
“ကျွန်တော်က စေတနာနဲ့ လုပ်လိုက်တာပါ။ ရွေးကောက်ပွဲမှာ ကျွန်တော်က ဒိုင်ပါပဲ။ ခင်ဗျားတို့တွေ သဘောတူရင် ကြိုက်ရာလုပ်။ သို့ပေမယ့် တချို့ဟာလေးတွေက ကျွန်တော်ချုပ်ချုပ်ထားတာရှိတယ်။ ချုပ်ချုပ်ထားတာ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု မရှိမှာတို့၊ တရားဥပဒေနဲ့ မညီမှာတို့ ဒီလိုတွေ ဖြစ်မှာစိုးလို့သာ ချုပ်ထားတာ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်ချင်ရာ လုပ်မယ်ဆိုရင် ကျွန်တော်က ပိုသဘောကျပါတယ်။ သို့သော်လည်းပဲ သဘောကျပေမယ့် ကျွန်တော် ခွင့်မပြုပါဘူး” ဟု ၎င်းကဆိုသည်။

ကြိုးတုပ်ရိုက်သည့် ပွဲစားကို ဖမ်းဆီးပြီး လူကုန်ကူးခံရသူ မြန်မာအလုပ်သမား သုံးဦးကို ကယ်တင်

ထိုင်းနိုင်ငံမြို့တော် ဗန်ကောက် အနီးရှိ နကပထုန်နယ်မြေ အုန်းယိုင် Big C ကုန်တိုက်အနီး ခစ်စဖန် ၅ လမ်းတွင်ရှိသော ရေခဲ အရောင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများအား ကြိုးတုပ်၍ ရိုက်နှက်ကာ အဓမ္မအလုပ်ခိုင်းစေခဲ့သည့် မြန်မာပွဲစားကို ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ကြောင်းနှင့် အဆိုပါ လူကုန်ကူးခံနေရသည့် မြန်မာ အလုပ်သမား သုံးဦးအား ပူးပေါင်း အဖွဲ့တို့က မေ ၁၂ ရက်က ကယ်တင် လိုက်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (Myanmar Associationin Thailand) မှ ဆက်သွယ်ပြောချက်အရ သိရသည်။
အဆိုပါ အဓမ္မအလုပ်ခိုင်းခံ နေရသည့် မွန်ပြည်နယ် သိမ်ဇရပ်မှ မျိုးမင်းအောင်(၂၀နှစ်)၊ ဝေဇင်ထက်

လေယာဉ်စီးသူတွေ သွေးပျက်စေခဲ့တဲ့ အဖြစ်

Photo: လေယာဉ်စီးသူတွေ သွေးပျက်စေခဲ့တဲ့ အဖြစ်
Friday, May 16, 2014

န်ဒန်ကနေ အီတလီကို လေယာဉ်နဲ့ အားလပ်ရက် အပန်းဖြေခရီးသွားကြသူ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ လေယာဉ် ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ဟာ အိပ်မက်ဆိုးကြီး တခုကို မြင်လိုက်ကြတာပါဘဲ။
လေယာဉ်စီးခရီးသည်တွေလည်း သူတို့လေယာဉ်ဟာ လေထဲမှာ အတောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခု က ပြုတ်ကျတော့မယ့် အခြေအနေဖြစ်နေတာ အခု ပြသမယ့် ဗီဒီယိုက ပြသပါလိမ့်မယ်။
The CityJet airliner လေကြောင်းလိုင်းက လေယာဉ်ဟာ London City လေဆိပ်ကနေ အီတလီနိုင်ငံ Florence ဦးတည်ပျံသန်းလာခဲ့စဉ် လေယာဉ် တောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခုဟာ ချောင်ပြီး ပြုတ် ထွက် သွားခဲ့တာဖြစ်တယ်လို့ မေလ ၁၅ ရက်နေ့ The Mirror သတင်းတခုမှာ ဖော်ပြပါတယ်။
ခရီးသည်တွေလည်း ကျယ်လောင်တဲ့ အသံတခုကြားလို့ ပြူတင်းပေါက် အပြင်ကို လှမ်းကြည့် လိုက်တော့ 
လေယာဉ်မှာတွဲလောင်းကျနေတဲ့ လေယာဉ်အစိပ်အပိုင်းတခုကိုတွေ့လိုက်ကြတာလို့ ပြန်ပြောပြပါတယ်။
လေယာဉ်ပေါ်ပါသွားတဲ့ Telegraph သတင်းစာက သတင်းသမား Cole Moreton က လေယာဉ်တက် လိုက်တဲ့ အချိန်မှာ ထူးဆန်းတဲ့ အသံတခုကြားလိုက်ရပြီး လေယာဉ်ဘယ်ဘက်တောင်ပံက ၆ ပေလောက် ရှိတဲ့ အစိပ်အပိုင်းတခု ချောင်ပြီး ပြုတ်ထွက်သွားတာမြင်လိုက်ရပြီး တွဲလောင်းကျနေတယ်လို့ ပြောပါတယ်။
ခရီးသည်တွေကလည်း အရေးပေါ် သတိပေးမှုကို လေယာဉ်ဝန်ထမ်းကဆင့် လေယာဉ်မှူးဆီ အကြောင်း ကြား လိုက်တယ် တဲ့။
အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ တိုင်ပင်မှုတွေမပြီးခင် လေယာဉ်ဟာ သိမ်းမြစ်ကို ပတ်ဝဲပျံသန်း ခဲ့ပြီးနောက်ဆုံး လေဆိပ်ကို ပြန်လည့်လာခဲ့ပါတယ်။
ဂျက်လေယာဉ်ပေါ် ပါတဲ့ ခရီးသည် ၆၁ ဦးလည်း ထိခိုက်မှုမရှိ ခဲ့ပါဘဲ လေဆိပ်ကို အောင်မြင်စွာပြန်ဆင်း သက်နိုင် ခဲ့တယ် လို့ သိရပါတယ်။
ဒီခရီးသည်တွေကို နောက် ၂ နာရီလောက်အကြာ အခြား လေယာဉ်တစင်းနဲ့ မူလ ခရီးစဉ်အတွက် စီစဉ် ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီလေယာဉ်ခရီးသည်တွေ ဘယ်လောက် သွေးပျက်သွားမလဲဆိုတာ အခု ဗွီဒီယိုကို ကြည့်ရင်သိနိုင်ပါတယ်။
http://www.youtube.com/watch?v=ejqmYWzu3Og

အိမ့်သံစဉ် 
The Irrawaddy (Burmese Version)
န်ဒန်ကနေ အီတလီကို လေယာဉ်နဲ့ အားလပ်ရက် အပန်းဖြေခရီးသွားကြသူ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ လေယာဉ် ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ဟာ အိပ်မက်ဆိုးကြီး တခုကို မြင်လိုက်ကြတာပါဘဲ။
လေယာဉ်စီးခရီးသည်တွေလည်း သူတို့လေယာဉ်ဟာ လေထဲမှာ အတောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခု က ပြုတ်ကျတော့မယ့် အခြေအနေဖြစ်နေတာ အခု ပြသမယ့် ဗီဒီယိုက ပြသပါလိမ့်မယ်။
The CityJet airliner လေကြောင်းလိုင်းက လေယာဉ်ဟာ London City လေဆိပ်ကနေ အီတလီနိုင်ငံ Florence ဦးတည်ပျံသန်းလာခဲ့စဉ် လေယာဉ် တောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခုဟာ ချောင်ပြီး ပြုတ် ထွက် သွားခဲ့တာဖြစ်တယ်လို့ မေလ ၁၅ ရက်နေ့ The Mirror သတင်းတခုမှာ ဖော်ပြပါတယ်။

၂၀၁၄ အာရှဖလား(အမျိုးသမီး) ဘောလုံးပြိုင်ပွဲအုပ်စု(ခ)၊ မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)

Photo: ၂၀၁၄ အာရှဖလား(အမျိုးသမီး)
ဘောလုံးပြိုင်ပွဲအုပ်စု(ခ)
Friday, May 16, 2014

မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)

နှစ်သင်းကြားအဆင့်အတန်းအလွန်
ကွာဟမှု၊လူကောင်အရွယ်အစားချင်း
မတရားကွာဟမှုစသည်တို့ကြောင့်
အာရှထိပ်သီး၊ကမ္ဘာ့တန်းဝင်အသင်း
တစ်သင်းကိုရှုံးသင့်သည်ထက်ပိုမို
အရေးနိမ့်သွားခဲ့တယ်လို့
မြင်မိပါတယ်။မြန်မာအမျိုးသမီး
လက်ရွေးစင်အသင်းဟာလာမယ့်
မေလ ၁၇ ရက်နေ့၊မြန်မာစံတော်ချိန်
ည ၄း၄၅ မှာ တရုတ်အမျိုးသမီး
လက်ရွေးစင်အသင်းနဲ့ဆက်လက်
ယှဉ်ပြိုင်ကစားရမှာပါ။

The Top Soccer League Channel
  မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)
နှစ်သင်းကြားအဆင့်အတန်းအလွန်
ကွာဟမှု၊လူကောင်အရွယ်အစားချင်း
မတရားကွာဟမှုစသည်တို့ကြောင့်
အာရှထိပ်သီး၊ကမ္ဘာ့တန်းဝင်အသင်း
တစ်သင်းကိုရှုံးသင့်သည်ထက်ပိုမို