Sunday, May 18, 2014

ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား


Photo: ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
Sunday, May 18, 2014

ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌ စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ် မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်အို ဗဟိုကော်မတီထံ ဗိုလ်ချုပ်ဂွမ်မော်ထံမှ တစ်ဆင့် စာပို့ တောင်းဆိုထားကြောင်း၊ ကျန်ရှိရွာပေါင်း ၉၇ ရွာတွင် သန်းခေါင်စာရင်းကောက်ရန် ကေအိုင်အိုကို သင်တန်းပေးပြီး ဆောင်ရွက်နိုင်ကြောင်း၊ အခြားနည်းဖြင့်လည်း ကောက်ယူနိုင်သည်ဟု တောင်းဆိုစာတွင် ဖော်ပြထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ ကောက်လို့ ရမယ်ဆို ကောက်ခွင့်ပြုမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်အရ သတ်မှတ်ကာလနောက် ရက်သတ္တပတ် ရှစ်ပတ်အတွင်း ထပ်မံကောက်ယူနိုင်ပြီး ယင်းကာလအတွင်း ကေအိုင်အို နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အိုနှင့် ဆွေးနွေးနေဆဲ ဖြစ်ပြီး အတိအကျ မသိရှိသေးကြောင်း ဦးခင်ရီက ပြောဆိုထားသည်။

ကေအိုင်အို နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ ညွှန်ကြားထားမှု မရှိကြောင်း၊ ဆက်ကောက်မည် ဆိုပါက ဝန်ကြီးဌာနနှင့် ကေအိုင်အိုအကြား ညှိနှိုင်းဆောင်ရွက်မှု အရသာ လုပ်ဆောင်မည် ဖြစ်ပြီး တပ်မတော်က ပါဝင်ဆောင်ရွက်ရန် မရှိသေးကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ကချင်ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရန် ၉၇ ရွာ ကျန်ရှိနေကြောင်း ဝန်ကြီးဦးခင်ရီက ပြောဆိုသော်လည်း ကျေးရွာ ၄၀ ခန့်တွင် အမှန်တကယ် လူနေထိုင်မှု မရှိသည်မှာ ၁၀ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ဒုက္ခသည် စခန်းများလည်း ကျန်ရှိနေသည့်အတွက် နည်းလမ်းနှစ်ခု စဉ်းစားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထပ်လောင်း ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ဒေသအချို့၌ သန်းခေါင်စာရင်း ကောက်ယူရေးမှ အစပြုကာ တပ်မတော်နှင့် ကေအိုင်အေ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က ပြောဆိုထားသော်လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အို အဖွဲ့တို့က သန်းခေါင်စာရင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်ဟု နှစ်ဖက်ခေါင်းဆောင်များက ငြင်းဆိုထားသည်။

The Voice Weekly 
 ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌ စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ် မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်အို ဗဟိုကော်မတီထံ ဗိုလ်ချုပ်ဂွမ်မော်ထံမှ တစ်ဆင့်

ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်

Photo: ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်
Sunday, May 18, 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ယင်းစည်သွတ် စက်ရုံသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိပြီး အခန်း ၁၀ ခန်း ပါဝင်ရာ အရှည်ပေ ၁၅၀ ရှိပြီး ရှမ်းတရုတ် အမျိုးသား ဦးကျော်မြင့်၏ အမဲစည်သွတ်စက်ရုံ ဖြစ်ကြောင်း၊ ယင်းစက်ရုံ ပတ်လည်တွင် ဒေသခံကျေးရွာ ၁၅ ရွာ ရှိခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူ တားဆီးပေးရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများသို့ မေလပထမပတ် အတွင်းက စုပေါင်း လက်မှတ်ရေးထိုး၍ အကြောင်းကြားစာ ပေးပို့ထားကြောင်း ကန့်ကွက်သူများအဖွဲ့ကို ဦးဆောင်သည့် ငရုတ်ကောင်းမြို့နယ်ခွဲ ဓမ္မိကာရုံကျောင်း တိုက်ဆရာတော် ဦးဉာဏက မိန့်ကြားသည်။

“ဦးကျော်မြင့်ဆိုတဲ့ ဒကာကြီးက အမဲသတ်လိုင်စင် ၂၇ ခုကို အမည်အမျိုးမျိုးနဲ့ ရထားတယ်။ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲနဲ့ ငရုတ်ကောင်း မြို့နယ်ခွဲတွေမှာလည်း သားသတ်လိုင်စင်တွေ ရထားတယ်။ ဒီစည်သွတ်စက်ရုံ ဖွင့်ပြီဆိုရင် နေ့စဉ် ကျွဲ၊ နွားကောင်ရေ ၁၅၀ ထက်မနည်း အသတ်ခံရတော့မယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ၊ ငပုတောမြို့နယ် မော်တင်စွန်း ဒေသနှင့် မြစ်တစ်ရာ တိုက်နယ်အတွင်းရှိ ကျေးရွာများရှိ တောင်သူများမှာ လယ်ယာလုပ်ငန်းအတွက် ကျွဲ၊ နွားများကိုသာ အားထားနေရကြောင်း ရေနက်ကွင်းနှင့် တောတောင်လျှိုမြောင် များပြားသောဒေသ ဖြစ်ခြင်းကြောင့် ဆီထွက်သီးနှံ (ဆောင်းမြေပဲ) စိုက်ပျိုးခြင်းနှင့် တောတောင်ကို အမှီပြု၍ လုပ်ကိုင် နေရခြင်းတို့ကြောင့် ကျွဲနွားရှားပါးမည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံ တောင်သူများထံမှ စုံစမ်းသိရှိရသည်။

“လူတစ်ဦးနှစ်ဦးက အချိန်တိုအတွင်းမှာ အလွန်ချမ်းသာ သွားနိုင်ပေမယ့် ဒေသခံ တိုင်းရင်းသားတွေရဲ့ လူမှုဘဝတွေကတော့ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်” ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောကြားသည်။

The Voice Weekly
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ယင်းစည်သွတ် စက်ရုံသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိပြီး အခန်း ၁၀ ခန်း ပါဝင်ရာ အရှည်ပေ ၁၅၀ ရှိပြီး ရှမ်းတရုတ် အမျိုးသား ဦးကျော်မြင့်၏ အမဲစည်သွတ်စက်ရုံ ဖြစ်ကြောင်း၊ ယင်းစက်ရုံ

မျိုးစောင့်ဥပဒေရေးဆွဲနေဆဲကာလ၌ ဝေဖန်မှုများသည်ရည်ရွယ်ချက်ပါသော လုပ်ရပ်များသာဖြစ်ဟု မဘသဆို

မျိုးစောင့်ဥပဒေရေးဆွဲရေးကော်မရှင်က နိုင်ငံတော်သမ္မတ အပါ အဝင် ပြည်သူများ၏အကြံပြုတင်ပြချက်များနှင့်ရေးဆွဲနေဆဲ ဖြစ်သော မျိုးစောင့်ဥပဒေမူကြမ်းကို ဝေဖန်အကြံပြုကန့်ကွက်နေမှုများ ပြုလုပ်နေ ခြင်းမှာ သဘာဝမကျ၍အခြားမသမာသောရည်ရွယ်ချက်များသာဖြစ် သည်ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)က သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်မှုကို ယနေ့ ညနေ ၃ နာရီတွင် ရွာမပရိယတ္တိ စာသင်တိုက်၌ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ကကျင်းပသော မျိုးစောင့်ဥပဒေဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန်အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး

သမ္မတဦးသိန်းစိန်နှင့် ၀ူခုန်းမင်းသား တွေ့ဆုံမည်

ဝူခုန်းမင်းသားဟု နာမည်ကျော်ကြားသည့် သရုပ် ဆောင်မစ္စတာ လျူချီယိုလင်တန် သည် မေလ တတိယပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်မည်ဖြစ်ပြီး ခရီးစဉ် အတွင်း နိုင်ငံတော် သမ္မတနှင့်လည်း တွေ့ ဆုံမည်ဟု သတင်းရရှိသည်။

အနောက်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ် ကားတွင် စွန်းဝူခုန်းမျောက်မင်း အဖြစ် မြန်မာပရိသတ်များအ ကြိုက်တွေ့ခဲ့သည့် မင်းသားမှာ မေလ ၂၁ ရက်မှ ၂၆

ယခင်အစိုးရ အမှားများလုပ်ခဲ့သည်ကိုဝန်ခံသော်လည်း တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ခဲ့ခြင်းသာဖြစ်ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးပြော

ရန်ကုန်၊ မေ ၁၆- ယခင်တပ်မ တော်အစိုးရအနေဖြင့် အမှားများ ဆောင်ရွက်ခဲ့ သည်ကို ဝန်ခံလိုသော် လည်း အစိုးရအနေဖြင့် တိုင်းပြည်အ တွက် အကောင်းဆုံးလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ယခင်အစိုးရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်အဖြစ်ဆောင်ရွက် ခဲ့သူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောကြား သည်။
မေ ၁၆ရက်မွန်းလွဲပိုင်းက ရန် ကုန်မြို့ ဆမ်းမစ်ပတ်ဗျူးဟိုတယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်နှင့် သတင်းမီဒီယာ အဖွဲ့အစည်း များမှ အမှုဆောင်များတွေ့ဆုံရာ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
''အချို့က ကျွန်တော်တို့ကို တောင်းပန်စေချင်တယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်

ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲ မဘသနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မန္တလေးသို့ မေလ ၁၈ ရက်နေ့တွင် လာရောက် ဟောပြောမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲ နေ့တွင်ပင် ဝံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာက အမျိုးသားရေး အသိပညာပေး ဟောပြော ပွဲ ကျင်းပမည် ဖြစ်ရာ ယင်းဟောပြောပွဲ ကိစ္စရပ်များ အားလုံးသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့အား RSO သောင်းကျန်းသူများ ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်ငံမှ RSO သောင်းကျန်းသူများက မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့အား ချုံခိုပစ်ခတ်မှုကြောင့် မေ ၁၇ ရက် နံနက်ပိုင်းတွင် ထပ်မံပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး မြန်မာ နယ်ခြားစောင့်တပ်မှ လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ နှစ်ဦးပျောက် ဆုံးနေကြောင်း မောင်တောမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

ချုံခိုပစ်ခတ်ခံရသည့်နေရာမှာ မှတ်တိုင် ၅၂ နှင့် နတ်ရေကန်ကြားတွင်ဖြစ်ပြီး တစ်ဖက်နိုင်ငံမှ RSO သောင်းကျန်းသူ အင်အား ၄ဝ ခန့်က မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အင်အား စုစုပေါင်းရှစ်ဦးပါ

ဖွဲ့စည်းပုံပြင်ရေးအတွက် အသက်၁၈နှစ် မပြည့်သေးသူများ ကာချုပ်ထံ တိုက်ရိုက်စာပို့ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

မန္တလေး၊ မဇ္ဈိမ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အသက် ၁၈နှစ် မပြည့်သေးတဲ့ ပြည်သူတွေကလည်း ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်စာတင်ပြီး တောင်းဆိုကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေး၊ အောင် ပင်လယ်ကွင်း၌ မေလ ၁၈ရက်က တိုက်တွန်းလိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ရက် နံနက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကိုရီးယား လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

Photo: သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကိုရီးယား လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ
Sunday, May 18, 2014 

ကိုရီးယားနိုင်ငံ ဆိုလ်းမြို့အခြေစိုက် True Foundation က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို လူ့အခွင့်အရေးဆု ချီးမြှင်လိုက်ကြောင်း ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဦးအောင်ကျော်က ပြောကြားသည်။

ဦးဝင်းတင်နှင့် ၎င်းတည်ထောင်ခဲ့သော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းသည် တပ်မတော်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို လူသားချင်းစာနာမှုဖြင့် ကူညီထောက်ပံ့ခဲ့သောကြောင့် အဆိုပါဆုကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ဆီက အချက်အလက် တောင်းသွားတာ ကြာပါပြီ။ အဲဒီ ဖောင်ဒေးရှင်းက တစ်နှစ်ကို တစ်ယောက်ပဲ လူ့အခွင့်အရေးဆု ချီးမြှင့်တာပါ” ဟု ၎င်းကဆိုသည်။

ဆုကြေးငွေ ၇၀၀၀ ဒေါ်လာ ရှိသော လူ့အခွင့်အရေးဆုကို ဇွန်လ ၂၆ ရက်နေ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပေးအပ်မည် ဖြစ်သော်လည်း သွားရောက် ဆုလက်ခံမည့် ကိုယ်စားလှယ်များကို ရွေးချယ်ရခြင်း မရှိသေးကြောင်း ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းထံမှ သိရသည်။

အဆိုပါ True Foundation သည် ကိုရီးယားနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ရင်း အာဏာရှင်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်ပြီး အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ ကူညီထောက်ပံ့ငွေ လုံးဝမယူဘဲ အဖွဲ့ဝင်များ၏ ကိုယ်ပိုင် လှူဒါန်းငွေများဖြင့်သာ နှစ်စဉ် ဆုချီးမြှင့်ခြင်း ဖြစ်သည်။

NLD ပါတီကို စတင် ထူထောင်သူ တစ်ဦးဖြစ်သော ဦးဝင်းတင်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေစဉ် ၁၉၉၂ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်၂၀ အကျဉ်းချခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို တည်ထောင်ကာ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုဝင်များ ကူညီထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနိုကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းတို့က ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

NLD နာယက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ဒီလှိုင်းဂျာနယ်တွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး အသက် ၈၅ နှစ်အရွယ် ၂၀၁၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

The Voice Weekly 
 ကိုရီးယားနိုင်ငံ ဆိုလ်းမြို့အခြေစိုက် True Foundation က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို လူ့အခွင့်အရေးဆု ချီးမြှင်လိုက်ကြောင်း ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဦးအောင်ကျော်က ပြော ကြားသည်။

ဦးဝင်းတင်နှင့် ၎င်းတည်ထောင်ခဲ့သော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းသည် တပ်မတော်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို လူသားချင်းစာနာမှုဖြင့် ကူညီထောက်ပံ့ခဲ့သောကြောင့် အဆိုပါဆုကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ဆီက အချက်အလက် တောင်းသွားတာ ကြာပါပြီ။ အဲဒီ ဖောင်ဒေးရှင်းက တစ်နှစ်ကို

တပ်သားသစ် စုဆောင်းရန် ဖမ်းဆီးထားသူ တချို့ KIA ပြန်လွှတ်

Photo: တပ်သားသစ် စုဆောင်းရန် ဖမ်းဆီးထားသူ တချို့ KIA ပြန်လွှတ်
Sunday, May 18, 2014 

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တပ်သားသစ်စုဆောင်းရေးအတွက် ဖမ်းဆီးထားသော ဒေသခံ တိုင်းရင်းသား တချို့ကို ပြန်လွှတ်ပေးလိုက်ပြီး ဖမ်းဆီးခံရသူတချို့လည်း KIA စခန်းမှ ထွက်ပြေး လွတ်မြောက် လာကြကြောင်း သိရှိရ သည်။

KIA က မေလ၃ ရက်နေ့ နောက်ပိုင်း တပ်သားသစ်စုဆောင်းရေးအတွက် ဒေသခံ တိုင်းရင်းသားတချို့ကို ဖမ်းဆီးခဲ့ ကြောင်း ၊ ဖမ်းဆီးခံရသူများသည် မြစ်ဆုံအနီးရှိ တန်ဖဲရွာနှင့် အနီးနားကျေးရွာများမှ ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ရွာသား ၁၈ ဦးကို KIA က မေလ၁၆ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသော ရွာသား ၃ ဦးမှာ KIA စခန်း များမှ ထွက်ပြေး လွတ်မြောက်လာကြောင်း သိရှိရသည်။

KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က မေ ၁၂ရက်နေ့က KIAက ဖမ်းဆီးထားသော ရွာသား ၁၂ယောက်ကို ပြန်လည် လွှတ် ပေးခဲ့ပြီး KIA က ဖမ်းဆီးမှု ခံထားရသူများကို ပြန်လွှတ်ပေးရန် ညွှန်ကြားထားကြောင်း ပြောသည်။

“ကျနော်တို့ဘက်က စစ်သားစုဆောင်းရေးဘက်မှာက မူတခုထားတယ်။ အဲဒါကဌာနေနေသူတွေကို တပ်သားသစ် စုဆောင်း ပါ တယ်။ ဒီတော့ ကချင်နဲ့ ရှမ်းတိုင်းရင်းသားတွေကို ဌာနေတိုင်းရင်းသားသတ်မှတ်ပါတယ်။ဒီတော့ သူတို့တွေ ကို စုဆောင်းတယ်။ ဒီ လိုစုဆောင်းတာမှာ ၁၆နှစ်အောက်တော့ မစုဆောင်းဖို့ ပြောတယ်။ ခုကျတော့ရှမ်းတိုင်းရင်းသား တွေက နားလည်မှု လွဲလာတော့ ဒါကိုပြန်စိစစ်ရမယ်။ တချို့ကျတော့လည်း သူတို့ဟာသူတို့ ဝင်လာတယ်။ အိမ်ကို မပြော ခဲ့တာ ရှိတယ်။ တချို့ဆိုရင် အရာရှိတွေတောင်ဖြစ်ပြီ။ အိမ်ထောင်ကျနေသူတွေလည်းရှိတယ်”ဟု ဗိုလ်ချုပ်ဂွန်မော် က ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် KIA နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးစဉ် မေ ၁၃ရက်နေ့ တွင် တပ်သားသစ်စုဆောင်းခံရသည့် ရှမ်းတိုင်းရင်းသား တချို့၏မိသားစုများနှင့် ဆွေမျိုးများက KIA ၏ ဖမ်းဆီးမှုခံ ထားရ သော သားသမီးများအတွက် ဆန္ဒပြခဲ့ကြပြီး KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က အဆိုပါမိသားစု များနှင့် တွေ့ဆုံ ခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသောသူများ၏ နာမည်စာရင်းကို ဗိုလ်ချုပ်ဂွန်မော်က မိသားစုများထံမှ တောင်းခံ ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ မေလ ၁၂ရက်နေ့က ဖမ်းခံရတဲ့ရွာသားတွေကို KIA တပ်ဆီ ကနေ ပြန်သွားခေါ်ပေးခဲ့တယ်။ ပြီးတော့ အစိုးရစစ်တပ်ဆီကို သေချာပြန်အပ်ပေးခဲ့တယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဦးလမိုင်ဂွန်ဂျာကပြောသည်။

လက်ရှိတွင် KIA က ဖမ်းဆီးထားသော ရွာသား စုစုပေါင်း၅၇ဦးရှိပြီး ယခုအချိန်အထိ ၃၉ ဦး ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာတွင် KIA က ဖမ်းဆီးခဲ့သော ဒေသခံ တိုင်းရင်းသား များကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲကို မေလ ၁၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။

“ခုချိန်ထိ KIA ဘက်ကနေ ၃၉ဦး လွတ်လာတယ်။ ကျနော်တို့ ကျန်နေတာ ၁၀ယောက် ကျော်လောက် ရှိဦးမယ်။ ဒီလူတွေ ထပ်လွတ်ဖို့ လည်း လုပ်ဆောင်နေပါတယ်။ဖမ်းတဲ့ထဲမှာ မိန်းကလေးတွေလဲပါတယ်။ သူတို့တွေမလွတ်သေးဘူး။ ကျန်တဲ့ မိသားစု တွေအတွက် ကျနော်တို့ မြောက်ပိုင်းတိုင်းဘက်က KIA ဘက်ကို အကြောင်းကြားထားပါတယ်။”ဟု မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးခင်မောင်မောင်ကပြောသည်။

KIA၏ ဖမ်းဆီးမှုခံနေရဆဲဖြစ်သော ကလေးငယ်တဦး၏ မိခင်တဦးက “ကျမ သားလေးက ၈တန်းကျောင်းသားပါ။ တောင်ဖဲရွာမှာ နေတာပါ။ အိပ်နေတုန်းလာဖမ်းခေါ်သွားတာပါ။ ကျမသားခုချိန်ထိ မလွတ်သေးပါဘူး။ လာခေါ်ပြီးချင်း ကျမ တပ်မတော်ဘက်ကို သွားပြောတာပါ။ ခုပါမယ်ထင်တာမပါဘူး။ ထွက်မပြေးရဲလို့ထင်တယ်။ မပါဘူး။ အေးအေးဆေးဆေး ပညာသင် စေ ချင်တယ်။ ကလေးကမလိုက်ချင်ဘူး။ အိပ်နေတာကိုခေါ်တာ။ ခုတော့တပ်က အရာရှိတွေက တော့ ရအောင် လုပ် ပေးမယ်ပြော ပါတယ် ”ဟု ဧရာဝတီသို့ ပြောသည်။

KIA ၏ ဖမ်းဆီးမှု ပြန်လည်လွတ်မြောက်လာသော အသက် ၁၃ နှစ် ကချင်တိုင်းရင်းသား ဆွတ်ဂျာကမူ ယောင်္ကျားလေး များသာမက မိန်းကလေးငယ်များပါ KIA ၏ ဖမ်းဆီးမှု ခံနေရကြောင်း ပြောသည်။

“ကျနော်က ရိက္ခာယူခိုင်းတုန်း ထွက်ပြေးလာတာပါ။ ၁၀ရက်လောက် ဖမ်းခံရတယ်။ စစ်ထဲဝင်ရမယ်ပြောတယ်။ ကျနော်က မဝင်ချင်ဘူးပြောတယ်။ ဝင်ရမယ်တဲ့။ကျနော်အသက်မပြည့်သေးလို့ မဝင်သေးဘူးပြောတယ်။ အိမ်မှာနေရင်းလာဖမ်းတယ်။ အသက်ငယ် လည်း ခေါ်မယ်ပြောတယ်။ ဖမ်းခံရတာ ၁၀ရက်ကျော်တယ်။ ကျနော်က ၆တန်းတက်နေတာပါ။ မိန်းကလေး တွေ လည်းဖမ်းထားတာရှိတယ်။ တောထဲမှာပဲ နေရတယ်။ကျနော်အရွယ် ၃ယောက်လောက်ရှိတယ်။ စစ်မတိုက်ချင်ဘူး။ ပြောတယ်။ နောက်ကလိုက်ဖမ်းတယ်။ ကျနော်ကကျနော်နဲ့အတူ အကိုတယောက်နဲ့ ထွက်ပြေးတယ်။ ပလောင်ရွာ ဘက်က နေ တန်ယန်ဇွတ်ကိုပြေးတယ်။ နောက်အဲဒီကအုပ်ချုပ်ရေးမှုးနဲ့ တွေ့ပြီး တပ်ကစစ်သားတွေဆီပို့ပေးတယ်။ ကျနော် ရောက်တော့ တပ်ကအကိုတွေက ခေါ်ထားပြီး အဖေကိုခေါ်ပေးတယ်” ဟု ဆွတ်ဂျာ ပြောသည်။

လက်ရှိ KIA စခန်းများတွင် ဖမ်းဆီးခံထားရသူ မိန်းကလေးငယ်များ အပါအဝင် ၁၄ ဦးခန့်ကျန်ရှိနေကြောင်း မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်နှင့် ပြန်လည် လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ဧရာဝတီ 
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တပ်သားသစ်စုဆောင်းရေးအတွက် ဖမ်းဆီးထားသော ဒေသခံ တိုင်းရင်းသား တချို့ကို ပြန်လွှတ်ပေးလိုက်ပြီး ဖမ်းဆီးခံရသူတချို့လည်း KIA စခန်းမှ ထွက်ပြေး လွတ်မြောက် လာကြကြောင်း သိရှိရ သည်။

KIA က မေလ၃ ရက်နေ့ နောက်ပိုင်း တပ်သားသစ်စုဆောင်းရေးအတွက် ဒေသခံ တိုင်းရင်းသားတချို့ကို ဖမ်းဆီးခဲ့ ကြောင်း ၊ ဖမ်းဆီးခံရသူများသည် မြစ်ဆုံအနီးရှိ တန်ဖဲရွာနှင့် အနီးနားကျေးရွာများမှ ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ရွာသား ၁၈ ဦးကို KIA က မေလ၁၆ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊

ဘော်လ်ကန်ဒေသ ရေကြီးမှု ၂၀ ကျော် သေ

Photo: ဘော်လ်ကန်ဒေသ ရေကြီးမှု ၂၀ ကျော် သေ
Sunday, May 18, 2014 

Balkan ဒေသမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် ဆားဘီးယားနဲ့ Bosnia-Herzegovina မှာ လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီး
ထောင်ပေါင်းများစွာ ရေဘေးဒုက္ခရောက်နေကြပါတယ်။

ဥရောပအလယ်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ၄ လစာနဲ့ညီမျှတဲ့ မိုးရေပမာဏနဲ့ မိုးရွာသွန်းခဲ့တဲ့အတွက် အကြီးအကျယ်ရေကြီးနေတာကြောင့် သေဆုံးတဲ့အရေအတွက် ပိုများလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ လေယာဉ်ပျံတွေနဲ့ ဝေဟင်ကနေ မြင်ရတဲ့အတိုင်းဆိုရင် အိမ်တွေ၊ လမ်းတွေ ရထားလမ်းတွေအပါအဝင် Bosnia ဒေသရဲ့ ၃ ပုံဟာ ရေလွှမ်းနေတယ်လို့ တာဝန်ရှိသူတွေက စနေနေ့က ပြောကြားခဲ့ပါတယ်။

ရေကြီးနေတဲ့ ဒေသမှာ လူပေါင်း ၁ သန်းလောက် နေထိုင်ကြမယ်လို့ Bosnia အစိုးရပြောခွင့်ရသူက ခန့်မှန်းပါတယ်။ ရေကြီးမှုကြောင့် မြေပြိုကျတဲ့ အန္တရာယ်လည်း ပိုများလာသလို ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက Bosnia စစ်ပွဲအတွင်း ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲနိုင်တဲ့အန္တရာယ်လည်း ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Bosnia အရှေ့မြောက်ဖက်နား ဆင့်ကဲဗုံးတွေနဲ့ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေရှိတဲ့ နေရာတွေနားမှာ သတိပေးထားတဲ့ ဆိုင်းဘုတ်တွေ အများအပြား ရေနဲ့အတူ မျောပါသွားတယ်လို့ AP သတင်းက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 
 Balkan ဒေသမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် ဆားဘီးယားနဲ့ Bosnia-Herzegovina မှာ လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီးထောင်ပေါင်းများစွာ ရေဘေးဒုက္ခရောက်နေကြပါတယ်။

ဥရောပအလယ်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ၄ လစာနဲ့ညီမျှတဲ့ မိုးရေပမာဏနဲ့ မိုးရွာသွန်းခဲ့တဲ့အတွက် အကြီးအကျယ်ရေကြီးနေတာကြောင့် သေဆုံးတဲ့အရေအတွက် ပိုများလာနိုင်တယ်

အများပြည်သူ သိရှိစေရန် ကြေညာချက်

၁။ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာနသည် အမှတ် ၁၂၈- ၁၃၂ ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တွင် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကို ၁-၄-၂၀၁၄ ရက်မှစ၍ တည်ထောင် ဖွင့်လှစ် ထားပါသည်။ အဆိုပါ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် ဝင်ငွေ ခွန်ဥပဒေ၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေနှင့် ယင်းဥပဒေတို့၏ နည်းဥပဒေများ၊ စည်းမျဉ်းများပါ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ 

၂။ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် မြန်မာနိုင်ငံရှိ အကြီးဆုံးသော အခွန်ထမ်းကြီးများအား အရည်အသွေး ပြည့်ဝသည့် ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ကျွမ်းကျင် အခွန်အရာရှိများဖြင့် ခန့်အပ် တာဝန် ပေးထားသည့် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် အခွန် ဥပဒေများ အရ လိုအပ်ချက်များကို အခွန်ထမ်းကြီးများ ပိုမို တိုးတက် လိုက်နာ ဆောင်ရွက်နိုင်စေရန်နှင့် တစ်ချိန်တည်း၌ အခွန်ထမ်းကြီးများ တင်ပြသည့် သတင်း အချက်အလက်များသည် မှန်ကန်ကြောင်း၊

ကေအိုင်အေ လူသစ်စုဆောင်း ခံခဲ့ရသူများကို မိဘများထံ ပြန်အပ်

ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ လူသစ်စုဆောင်းခြင်း ခံခဲ့သူများအနက် ၂၁ ဦးကို အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့၏ ညှိနှိုင်းမှုဖြင့် မေလ ၁၆ ရက်နေ့က ဧရာဝတီမြစ်ဆုံဒေသ၌ မိဘများထံ ပြန်လည် အပ်နှံခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ခင်မောင်မောင်က ပြော ကြားသည်။
မြစ်ကြီးနား မြို့နယ်အတွင်း မေလဆန်းပိုင်းက လူသစ်စုဆောင်းခြင်း ခံရသူများကို မေလ ၁၆ ရက်နေ့က တီယန်ဇွပ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကေအိုင်အေ တပ်ဖွဲ့ဝင်များထံမှ ခေါ်ဆောင်ခဲ့ပြီး မိဘများထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ၂၁ ဦးအနက် ၁၈ ဦးမှာ

ကွန်ပြူတာ ပိတ်ထားလဲ အချိန်မှန်နေ စေတဲ့ CMOS

Photo: ကွန်ပြူတာ ပိတ်ထားလဲ အချိန်မှန်နေ စေတဲ့ CMOS
Sunday, May 18, 2014 

ဘယ်သူတွေများ စဉ်းစားမိကြလဲ မသိဘူး။ ကွန်ပြူတာ၊ လပ်တော့တွေကို Power off လုပ်လိုက်ပေ မယ့် ပြန်ဖွင့်လိုက်တဲ့အခါတိုင်း အချိန်နဲ့ နေ့ စွဲတွေ၊ နှစ်တွေက သူ့အချိန်နဲ့ သူ မှန်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
အကြောင်းအရင်းကတော့ CMOS ကြောင့် ဖြစ်ပါတယ်။ အရှည်အားဖြင့် Complementary metal oxide semiconductor လို့ ခေါ်ပါတယ်။ သူက Microprocessor, microcontroller, Static RAM တို့အပြင် အခြားသော ဆားကစ်တွေအတွက်လည်း အသုံးပြုပါတယ်။ ရှင်းရင်နဲ့ မရှုပ်စေချင်လို့ လိုရင်းပဲ ပြောပါမယ်။ CMOS မှာ Energy store လုပ်နိုင်တဲ့ Battery ပါဝင်ပါတယ်။ CMOS Baterry လို့ ခေါ်ပါတယ်။ CMOS ဘက်ထရီက ဘာလုပ်သလဲဆို အထက်က ပြောခဲ့တဲ့ အချိန်၊နေ့စွဲ၊ နှစ်သက္ကရာဇ် တို့ကို မပြောင်းလဲအောင် ထိန်းသိမ်းပေးပြီး အခြားသော ကွန်ပြူတာကို ပိတ်လိုက်ပေမယ့် ဆက်တိုက် Run ဖို့လိုအပ်နေတဲ့ Program and Chip တွေကို ဆက်မောင်းပေးပါတယ်။

CMOS ဘက်ထရီ ကို စက်ရုံက ထုတ်ကတည်းက သွင်းပြီးသားပါ။ စွမ်းအင် အသုံးပြုမှုကလည်း မထင်ရ လောက်အောင် အင်မတန် နည်းပါးပါတယ်။ ဒါကြောင့် နှစ်လရှည်ကြာ အတော်ခံပါတယ်။ အချို့  ဆို ကွန်ပြူတာ ပျက်တဲ့အထိ Life Time တောင် အာမခံတာ ရှိပါတ်။ အကယ်၍ ကွန်ပြူတာရဲ့  Time and Date က မှားနေပြီဆိုရင် CMOS ဘက်ထရီ ပျက်နေပြီ သို့မဟုတ် အားကုန်နေပြီဆိုတာကို သိနိုင်ပါတယ်။ သူပျက်တယ်ဆိုရင် ကွန်ပြူတာ ဖွင့်တိုင်း CMOS မှာ အချိန်၊နေ့စွဲကို setup လုပ်ပေးနေရမှာ ဖြစ်ပါတ်။ ဒီတော့ CMOS ဘက်ထရီကို ပြန်လှဲရမှာပါ။

အများအားဖြင့် ကွန်ပြူတာ စဖွင့်ပြီး Boot တက်ချိန်မှာ Delet ကီးနှိပ်ပြီး CMOS ကို စိတ်ကြိုက် ဝင်ရောက် Option ပေး၊ Edit လုပ်နိုင်ပါတယ်။
Ref: hardwarelearning, wiki
Special Trick –
ကွန်ပြူတာ Time and Date ကို အမှားပေးပြီး Location ကိုပါ အမှာပေးထားရင် Log in လုပ်ရတဲ့ ဆိုဒ်အတော်များများ ဝင်လို့ မရပါဘူး။ ဥပမာ - Facebook, Google Mail တို့ကို ဝင်လို့ရမရ ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ ယင်း ဆိုဒ် Server များက Client ရဲ့  ကွန်ပြူတာ ဟာ ဘယ်ဒေကလာတယ်။ ဘယ် OS သုံးတယ်၊ ဘယ်အချိန် အစရှိသဖြင့် အခြေခံအချက်အလက်ကို ယူသုံးပါတယ်။ ဒါကြောင့် အဲဒါတွေ အမှာပေးထားရင် DNS တောင် Response မပေးပါဘူး။ Security ထိခိုက်နိုင်လို့ Log in ဆိုဒ် အများစုက set up လုပ်ထားတဲ့ Policy ဖြစ်ပါတယ်။

အားလုံး ဗဟုသုတ တိုးပွားစေဖို့ မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး) 
ဘယ်သူတွေများ စဉ်းစားမိကြလဲ မသိဘူး။ ကွန်ပြူတာ၊ လပ်တော့တွေကို Power off လုပ်လိုက်ပေ မယ့် ပြန်ဖွင့်လိုက်တဲ့အခါတိုင်း အချိန်နဲ့ နေ့ စွဲတွေ၊ နှစ်တွေက သူ့အချိန်နဲ့ သူ မှန်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
အကြောင်းအရင်းကတော့ CMOS ကြောင့် ဖြစ်ပါတယ်။ အရှည်အားဖြင့် Complementary metal oxide semiconductor လို့ ခေါ်ပါတယ်။ သူက Microprocessor, microcontroller, Static RAM တို့အပြင် အခြားသော ဆားကစ်တွေအတွက်လည်း အသုံးပြုပါတယ်။ ရှင်းရင်နဲ့ မရှုပ်စေချင်လို့ လိုရင်းပဲ ပြောပါမယ်။ CMOS မှာ Energy store လုပ်နိုင်တဲ့ Battery ပါဝင်ပါတယ်။ CMOS Baterry လို့ ခေါ်ပါတယ်။ CMOS

လာအို ကာကွယ်ရေးဝန်ကြီး လိုက်ပါသည့် လေယာဉ် ပျက်ကျ

Photo: လာအို ကာကွယ်ရေးဝန်ကြီး လိုက်ပါသည့် လေယာဉ် ပျက်ကျ
Sunday, May 18, 2014 

လာအိုနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းစစ်ဘက် အရာရှိများ စီးနင်း လိုက်ပါလာသော စစ်လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လာအိုနိုင်ငံ မြို့တော် ဗီယင်တိန်းမှ ထွက်ခွာလာသော အဆိုပါ စစ်ဘက် လေယာဉ်သည် မြို့တော်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၁) အကွာရှိ ရှန်ခေါင်ပြည်နယ်ထဲသို့ ပျက်ကျသွားသည်ဟု ယူဆရသည်။

လေယာဉ်ပေါ်တွင် လာအို ကာကွယ်ရေးဝန်ကြီး ဒိုယန်ချေဖီချစ်နှင့် အခြားအရာရှိ ၂၀ ခန့် ပါသွားသည်ဟုလည်း ယူဆရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့သည် ရှန်ခေါင်ပြည်နယ်သို့ ဧည့်ခံပွဲတစ်ခု တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ဖွယ်ရှိပြီး ယခုကဲ့သို့ လေယာဉ် ပျက်ကျသွားပြီးနောက် လေယာဉ်ပေါ် ပါသွားသူများ၏ သေဆုံး၊ ဒဏ်ရာရ သတင်းကိုမူ ယခုအထိ မသိရသေးပေ။

ယမန်နှစ် အောက်တိုဘာလကလည်း လာအို လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရာသီဥတု ဆိုးဝါးခြင်းကြောင့် မဲခေါင်မြစ်ထဲသို့ ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်ပါသူ လူ ၄၉ ဦးစလုံး သေဆုံးခဲ့ရသည်။

လူဦးရေ ခုနစ်သန်းခန့်သာ ရှိပြီး ကုန်းတွင်းပိတ် နိုင်ငံဖြစ်သော လာအိုနိုင်ငံသည် တစ်ပါတီ ကွန်မြူနစ်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်ကာ အာရှတိုက်အတွင်း အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

The Voice Weekly
လာအိုနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းစစ်ဘက် အရာရှိများ စီးနင်း လိုက်ပါလာသော စစ်လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လာအိုနိုင်ငံ မြို့တော် ဗီယင်တိန်းမှ ထွက်ခွာလာသော အဆိုပါ စစ်ဘက် လေယာဉ်သည် မြို့တော်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၁) အကွာရှိ ရှန်ခေါင်ပြည်နယ်ထဲသို့ ပျက်ကျသွားသည်ဟု ယူဆရသည်။

မျိုးရိုးဗီဇဆိုင်ရာသံသယရှိခြင်းခံထားရသည့်တောင်ကိုရီးယားအမျိုးသမီးအသင်း တိုက်စစ်မှူးအရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စောင့်ကြည့်

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ် နေသည့် အာရှအမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး အသင်းနှင့်ပွဲစဉ်၌ခြေစွမ်းပြကစား ခဲ့သည့် Park Eun Sun လိင်မျိုးရိုးဗီဇဆိုင်ရာနှင့် သံသယရှိခြင်းခံခဲ့ ရသူဖြစ်ပြီး ယင်း ကစားသမားနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာစောင့် ကြည့်နေကြောင်း သိရသည်။

အသက်၂၈နှစ်ရှိပြီး အရပ်၅ ပေ၁ဝလက်မရှိကာကိုယ်အလေး ချိန်၁၆၃ရှိ Seol Metropolitan Government အသင်းတိုက်စစ်မှူးPark Eun Sun မှာအမျိုးသမီးကစားသမား ဟုတ်မဟုတ်နှင့်ပတ်သက်၍

အမေရိကန်ရဲ့ ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြမယ်လို့ အစိုးရပြောကြား

Photo: အမေရိကန်ရဲ့ ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြမယ်လို့ အစိုးရပြောကြား
Sunday, May 18, 2014 

အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့် လိုက်တယ်ဆိုတာဟာ အမေရိကန် လွှတ်တော်ဖက်က ပြဌာန်းထားတဲ့ ဥပဒေကို သက်တမ်းတိုး တာသာဖြစ်ပြီး အိမ်ဖြူတော်ဖက်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပြီး ဖြစ်ကြောင်းနဲ့ မြန်မာအစိုးရ အနေနဲ့ အမေရိကန်တွေဖက်က ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြသွားမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သိမ်ဖြူလမ်း ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေရေးနည်းဥပဒေ ပြဌာန်းရေးဆွေးနွေးပွဲမှာ သတင်းထောက်တစ်ဦးက အမေရိကန်က ပိတ်ဆို့မှု တစ်နှစ်သက်တမ်းတိုး လိုက်တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အခုလို ဖြေကြားခဲ့တာပါ။

"အဓိကကတော့ ကျနော်တို့က ဒီပိတ်ဆို့မှုကို တတ်နိုင်သမျှ အကုန်လုံး ဖယ်ပေးစေချင်တယ်ဆိုတာက ဒါကျမှ ပြည်သူတွေရဲ့ လူမှုစီပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မြန်လုပ်လို့ရမှာ သို့သော် အခုအကုန်တော်တော်များများ ဖယ်ထားပြီးပြီ ဥရောပသမဂ္ဂဆိုရင် အားလုံးနီးပါး ဖယ်လိုက်တယ်၊ ကျနော်တို့ကတော့ လက်ရှိရှိတဲ့အတိုင်းအတာနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရနေပြီ၊ တစ်ကတော့ သူတို့သက်တမ်းတိုးပေမယ့်လည်း ကျနော်တို့လုပ်စရာရှိတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရအောင်ဆက်လုပ်သွားမယ်၊ နှစ်ကတော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ပိုပြီးတော့ ယုံကြည်လာအောင် အလုပ်နဲ့သက်သေပြသွားမယ်"

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိပေမယ့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်ခွင့်တွေ လမ်းပွင့်ကာစ အခြေအနေမှာပဲရှိသေးသလို၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေ ပြီး၊ နိုင်ငံရေးနဲ့  စီးပွါးရေးကဏ္ဍမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍ ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့အတွက် အမျိုးသားအရေးပေါ်အက်ဥပဒေနဲ့ ဆက်လက်အရေးယူရန် လိုအပ်တယ်လို့ မိမိအနေနဲ့ ဆုံးဖြတ်ကြောင်း စတဲ့အချက်တွေနဲ့ အမေရိကန်သမ္မတ အိုဘားမားက မေလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။

တပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ရှင်သန်ထွန်းကားပြီး နောက်ကြောင်းပြန် လှည့်မသွားအောင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့လည်း သမ္မတ အိုးဘားမားက ပြောပါတယ်။

RFA Burmese 
 အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့် လိုက်တယ်ဆိုတာဟာ အမေရိကန် လွှတ်တော်ဖက်က ပြဌာန်းထားတဲ့ ဥပဒေကို သက်တမ်းတိုး တာသာဖြစ်ပြီး အိမ်ဖြူတော်ဖက်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပြီး ဖြစ်ကြောင်းနဲ့ မြန်မာအစိုးရ အနေနဲ့ အမေရိကန်တွေဖက်က ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြသွားမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

အခြေခံ ဥပဒေကို လွှတ်တော်တွင်း ကသာ ပြင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Photo: အခြေခံ ဥပဒေကို လွှတ်တော်တွင်း ကသာ ပြင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား
Sunday, May 18, 2014 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် လွှတ်တော်အတွင်းကသာ ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ အဲဒီလိုပြင်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆီက လက်မှတ်တွေ လိုက်လံကောက်ယူသွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဒီကနေ့ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဟောပြောခဲ့ကြပါတယ်။

အဲဒီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကို အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်းသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး စသည့် ပြည်ထောင်စုအရေးတို့နဲ့ ပတ်သက်နေတယ်၊ ဒါကြောင့် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ပုဒ်မ ၄၃၆ ကို ပြည်သူက ရွေးကောက်တင်မြောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သုံးပုံနှစ်ပုံနဲ့ ပြင်မယ်

ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လက်မှတ်တွေ ကောက်ယူသွားမှာဖြစ်ပြီး အချိန်ကာလအားဖြင့် လာမယ့် မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ နှစ်လနီးပါးကြာ ကောက်ယူသွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ဗိုလ်စိန်မှန်ကွင်းမှာ အခုလို ကြေညာခဲ့ပါတယ်။

"ကျနော်တို့ ဒီလက်မှတ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံပြီးတော့ ကောက်ခံမှာပါ၊ ပြည်သူတွေ လက်မှတ်ရေးထိုးဖို့အတွက် ကျနော်တို့ လက်မှတ်စာအုပ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်ရုံးတွေနဲ့ ရပ်ကွက်ကျေးရွာရုံးတွေမှာ ထားရှိမှာဖြစ်ပါတယ်၊ တချို့ရပ်ကွက်တွေ ကျေးရွာတွေမှာ ကျနော်တို့ရုံး မရှိတဲ့အခါကျတော့ အဲဒီရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ အဖွဲ့ဝင်တွေရဲ့အိမ်မှာ မြို့နယ်စည်းရုံးရေးအဖွဲ့တွေ ရပ်ကွက်ကျေးရွာက ကျနော်တို့ အမှုဆောင်အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်ခံပြီးတော့ ထားရှိပေးမှာဖြစ်ပါတယ်၊ လက်ကမ်းစာစောင်နည်းတွေ ကြေငြာတဲ့နည်းတွေနဲ့ လက်မှတ်စာအုပ်ထားရှိတဲ့နေရာကို သိရှိအောင် ကြေညာဆောင်ရွက်ပေးမှာဖြစ်ပါတယ်"

ဗိုလ်စိန်မှန်ကွင်း လူထုဟောပြောပွဲကို ပရိသတ် တစ်သောင်းနီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ဟာ မနက်ဖြန်မှာတော့ မန္တလေး အောင်ပင်လယ်ကွင်းမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာလည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပွဲကို လာမယ့်မေလ ၁၉ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲကို မိုးညှင်းမြို့အရှေ့ကျောင်းတိုက်က ရွှေသာလျောင်းကျောင်းမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ မိုးညှင်းမြို့ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်အေးက RFA ကို ပြောပါတယ်။

RFA Burmese
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် လွှတ်တော်အတွင်းကသာ ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ အဲဒီလိုပြင်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆီက လက်မှတ်တွေ လိုက်လံကောက်ယူသွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဒီကနေ့ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက်

တောင်တရုတ်ပင်လယ်အကျပ်အတည်း အရုတ်နှင့် ဗီယက်နမ်စတင်ဆွေးနွေး

Photo: တောင်တရုတ်ပင်လယ်အကျပ်အတည်း အရုတ်နှင့် ဗီယက်နမ်စတင်ဆွေးနွေး
Sunday, May 18, 2014

တရုတ်နှင့် ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲချက်များ ဖြေရှင်းရန် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားပြီး နောက် သောကြာနေ့က တရုတ်မြို့ ချင်းတောင်၌ ကျင်းပခဲ့သည်။

ဗီယက်နမ်နှင့် ဖိလစ်ပိုင်ဆန္ဒပြသူများသည် မနီလာမြို့ တရုတ်သံရုံးအပြင်ဘက်၌ ဆန္ဒပြခဲ့ရာ တရုတ်နိုင်ငံက အဆိုပါနှစ်နိုင်ငံက ပိုင်ဆိုင်ထားသော နယ်မြေများကို ကျူးကျော်နေသည်ဟု ဆိုသည်။

ယင်းတို့က ဗီယက်နမ်ပြည်သူများနှင့် ဖိလစ်ပိုင်တို့က တရုတ်နှင့်မပေါင်းရန် တိုက်တွန်းဆော်သြ လိုက်သည်။ ယင်းအဓိကရုဏ်း၌ ဆက်နွှယ်သူ ၅ဝဝ အား ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောသည်။

ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများကို လုံခြုံရေးအာမခံပေးရန် တောင်းဆိုလိုက်ကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုဆိုခွင့်ရှိသူ ရှန်ဒန် ရန်းကပြောသည်။

တရုတ်နိုင်ငံသားများ သေဆုံး မှုရှိပြီး ၉ဝ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း ၎င်းကပြောသည်။

တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ကာလအတန်ကြာကပင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခဲ့သည်။

တရုတ်တို့က တောင်တရုတ် ပင်လယ်ကြီးတစ်ခုလုံးကို ၎င်းပိုင်ဆိုင်ကြောင်း ပြောဆိုထားသည်။ သို့သော်လည်း ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ရှိသည်။ ယင်းရေပိုင်နက် နယ်မြေအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်တွေ့ရှိလိမ့်မည်ဟု ယုံကြည် ထားကြသည်။

ဘီဘီစီ 
 တရုတ်နှင့် ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲချက်များ ဖြေရှင်းရန် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားပြီး နောက် သောကြာနေ့က တရုတ်မြို့ ချင်းတောင်၌ ကျင်းပခဲ့သည်။

ဂျယ်ကောင် ရွှေလီရောက် မြန်မာပြည်သားများအား တရုတ် အာဏာပိုင်များ ဖမ်းဆီး


သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် တလျှောက် တရုတ်ပြည်ဘက်၌ ရွှေလီမြို့အသွား လမ်းမကြီးပေါ် တွင် တရုတ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားများအား မတရားဖမ်းဆီးနေကြောင်း ဖမ်းဆီးခံရသူမိသားစုများထံမှ စုံ စမ်းသိရှိရသည်။

မြန်မာနိုင်ငံ နမ့်ခမ်းမြို့ တဘက်ကမ်းရှိ နောင်တောင်းမြို့မှ ရွှေလီမြို့ သွားရာလမ်းမကြီးတလျှောက် နှင့် ကုန် သွယ်ရေးမြို့ဖြစ်သော ဂျေကောင်မြို့မှရွှေလီမြို့သို့သွားရာလမ်းမတို့၌ မြန်မာနိုင်ငံသားများအား တရုတ်အာ ဏာပိုင်များက ဆီးစစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသည့် ဆေးစစ်ချက် ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ