Monday, May 26, 2014

ကမ္ဘာ့အကောင်းဆုံးအစားအသောက်များတွင် မုန့်ဟင်းခါးပါဝင်

Photo: ကမ္ဘာ့အကောင်းဆုံးအစားအသောက်များတွင် မုန့်ဟင်းခါးပါဝင်
Monday, May 26, 2014

အမေရိကန်နိုင်ငံအခြေစိုက် နာမည်ကြီးသတင်းစာတစ်စောင်ဖြစ် သော နယူးယောက်တိုင်းမ်သတင်း စာက စုစည်းဖော်ပြသော ကမ္ဘာ့ အကောင်းအဆုံးအစားအသောက် များစာရင်းတွင်မြန်မာ့ရိုးရာစားစရာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါးကို ထည့်သွင်းဖော်ပြခဲ့သည်ဟုသိရသည်။

နယူးယောက်တိုင်းမ် သတင်း စာသည် ကမ္ဘာအရပ်ရပ်မှရိုးရာ အစားအသောက်များကို လှည့် လည် လေ့လာမှုပြုလုပ်ပြီးနောက် အကောင်းဆုံးအစားအသောက်များ စာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ် ပြီး မုန့်ဟင်းခါးကိုထိပ်တန်းအစား အသောက်များစာရင်း၌ ထည့်သွင်း ဖော်ပြခဲ့သည်။ ပျမ်းမျှရောင်းဈေး အမေရိကန်တစ်ဒေါ်လာတန်ဖိုး အောက်တွင်ရှိသော မြန်မာ့ရိုးရာ အစားအစာမုန့်ဟင်းခါးမှာ အရသာ ထူးခြားကောင်းမွန်သည့်အပြင် နံနက်စာအဖြစ်စားသုံးရန်သင့်တော် သောအခြေအနေမျိုးပိုင်ဆိုင်ထား သည်ဟု နယူးယောက်တိုင်းမ်က သုံးသပ်ချက်ပေးခဲ့သည်။

နယူး ယောက်တိုင်းမ်မှ တာဝန်ရှိသူများ သည် အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူများ၊အာဟာရဆိုင်ရာ ပညာရှင်များ၏ အကူအညီဖြင့် ကမ္ဘာအရပ်ရပ်မှ အစားအသောက် များကို လက်တွေ့လေ့လာမှုပြုလုပ် ခဲ့ခြင်းဖြစ်၍ မုန့်ဟင်းခါးမှာကမ္ဘာ့ ထိပ်တန်းအစားအစာတစ်ခုဖြစ်သည် ဟု ဆိုသည်။

The Union Daily
အမေရိကန်နိုင်ငံအခြေစိုက် နာမည်ကြီးသတင်းစာတစ်စောင်ဖြစ် သော နယူးယောက်တိုင်းမ်သတင်း စာက စုစည်းဖော်ပြသော ကမ္ဘာ့ အကောင်းအဆုံးအစားအသောက် များစာရင်းတွင်မြန်မာ့ရိုးရာစားစရာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါးကို ထည့်သွင်းဖော်ပြခဲ့သည်ဟုသိရသည်။

နယူးယောက်တိုင်းမ် သတင်း စာသည် ကမ္ဘာအရပ်ရပ်မှရိုးရာ အစားအသောက်များကို လှည့် လည် လေ့လာမှုပြုလုပ်ပြီးနောက် အကောင်းဆုံးအစားအသောက်များ စာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ် ပြီး မုန့်ဟင်းခါးကိုထိပ်တန်းအစား အသောက်များစာရင်း၌ ထည့်သွင်း ဖော်ပြခဲ့သည်။ ပျမ်းမျှရောင်းဈေး အမေရိကန်တစ်ဒေါ်လာတန်ဖိုး အောက်တွင်ရှိသော မြန်မာ့ရိုးရာ အစားအစာမုန့်ဟင်းခါးမှာ အရသာ

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားများကို ဝေဖန်မှု ဘောင်ကျော်နေပြီဟု ရွေးကော်ပွဲကော်မရှင် သတိပေး

ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တပ်မတော်သားများနှင့် ပတ်သက်၍ စိန်ခေါ်ဟောပြောခြင်းသည် ဘောင်ကျော်ရာ ရောက် သည်ဟု ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူ၍ မေလ ၂၂ ရက်က သတိပေးစာ ပေးပို့ ထားသည်။
ယင်းစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးမြို့၊ အောင် ပင်လယ်ကွင်းတွင် ဟောပြောခဲ့သည့် "ကျွနိုပ်တို့တွေဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာ မက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက
Photo: ဆန္ဒပြမှုများကို ဆက်လက်သည်းခံလိမ့်မည်မဟုတ်ဟု ထိုင်းစစ်အစိုးရ သတိပေး
Monday, May 26, 2014

စစ်တပ်အာဏာသိမ်းမှုကို မလိုလားသူများ၏ ဆန္ဒပြမှုများကို ဆက်လက် သည်းခံတော့မည်မဟုတ်ဟု ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်က မေလ ၂၆ရက် ညနေက သတိပေးကြေငြာလိုက်သည်ဟု အေဖက်ပီ သတင်းဌာနက ရေးသားထားသည်။
ထိုင်းနိုင်ငံအား ကစဥ့်ကလျား ဖြစ်စေခဲ့သော လပေါင်းများစွာဆန္ဒပြမှုများ နှင့် နိုင်ငံရေး အကြမ်းဖက်မှုများ ထပ်ဖြစ်မလာအောင် ကာကွယ်ရန် ထိုင်းစစ်အစိုးရအနေဖြင့် 
ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြောခဲ့သည်။
“ဆန္ဒပြသူတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ရပ်သင့်ပါပြီ။ ဘာကြောင့်လည်းဆိုတော့ အခုအခါမှာ ဥပဒေဟာ တင်းကျပ်လာပြီ ဖြစ်တဲ့အတွက် သူတို့နဲ့ သူတို့ရဲ့ 
မိသားစုဝင်တွေကို ထိခိုက်မှာ ဖြစ်လို့ပါ” ဟု ဆန္ဒပြသူများအား ဗိုလ်ချုပ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှုများ ဖြစ်ပွားနေကြသော ထိုင်းနိုင်ငံတွင် အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် ထိုင်းနိုင်ငံအား ဦးဆောင်ခွင့်ကို ထိုင်းဘုရင်က မေ ၂၆ရက်က တရားဝင် အတည်ပြုပေးခဲ့သည်။
စစ်အစိုးရခေါင်းဆောင်အဖြစ် ပြုလုပ်ခဲ့သော သူ၏ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်အကြီးအကဲ ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) က၊ ရွေးကောက်ပွဲများကို တတ်နိုင်သမျှ မြန်မြန်ကျင်းပပေးမည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း အချိန်စာရင်း အတိအကျ မရှိသေးပေ။ လူဦးရေ ၆၇ သန်းခန့်ရှိသော 
ထိုင်းနိုင်ငံတွင် စစ်တပ်က ပြီးခဲ့သည့် မေလ ၂၂ရက်က အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

အပြောကြမ်းသော ထိုင်းကာကွယ်ရေးဦးစီးချုပ်သည် အရပ်ဘက် လွတ်လပ်ခွင့်အချို့ကို ပိတ်ပင်ခဲ့ပြီး၊ မီဒီယာ များကိုလည်း ကန့်သတ်ခဲ့ကာ၊ ညမထွက်ရ (ကာဖျူး) အမိန့်ကိုလည်း ထုတ်ပြန်ထားသည်။ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းလိုက်ပြီး၊ ဥပဒေများ ရေးဆွဲပြဌာန်းနိုင်သည့် အခွင့်အာဏာကိုလည်း အပြည့်အဝ ရယူထားသည်။

ကိုးကား- AFP
ဓာတ်ပုံ- EPA
Mizzima - News in Burmese
စစ်တပ်အာဏာသိမ်းမှုကို မလိုလားသူများ၏ ဆန္ဒပြမှုများကို ဆက်လက် သည်းခံတော့မည်မဟုတ်ဟု ထိုင်း အာဏာသိမ်း စစ်ခေါင်းဆောင်က မေလ ၂၆ရက် ညနေက သတိပေးကြေငြာလိုက် သည်ဟု အေဖက်ပီ သတင်းဌာနက ရေးသားထားသည်။
ထိုင်းနိုင်ငံအား ကစဥ့်ကလျား ဖြစ်စေခဲ့သော လပေါင်းများစွာဆန္ဒပြမှုများ နှင့် နိုင်ငံရေး အကြမ်းဖက်မှုများ ထပ်ဖြစ်မလာအောင် ကာကွယ်ရန် ထိုင်းစစ်အစိုးရအနေဖြင့် ပြတ်ပြတ် သားသား ဆောင်ရွက် သွားမည် ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြောခဲ့သည်။
“ဆန္ဒပြသူတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ရပ်သင့်ပါပြီ။ ဘာကြောင့်လည်းဆိုတော့ အခုအခါမှာ ဥပဒေဟာ တင်းကျပ်လာပြီ ဖြစ်တဲ့အတွက် သူတို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ထိခိုက်မှာ ဖြစ်လို့ပါ” ဟု ဆန္ဒပြသူများအား ဗိုလ်ချုပ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်က နိုင်ငံအကျိုးကို ကာကွယ်ပြီး ပြင်ဆင် လိမ့်မည်ဟု အာဏာရပါတီ ကိုယ်စားလှယ်များပြော

ရန်ကုန်၊ မေ ၂၅- ဖွဲ့စည်းပုံပြင်ဆင် ရေးတွင် တပ်မတော်သား ကိုယ်စား လှယ်များမှ နိုင်ငံအကျိုးကာကွယ် ကာ ပြင်ဆင်မည်ဖြစ်ပြီး မည်သို့ပြင် ဆင်မည်ကို လွှတ်တော်၌ ဆွေးနွေး ချိန်များတွင် စောင့်ကြည့်ရန် ရှိကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဝင် လွှတ်တော်ကိုယ်စား လှယ်များမှ ဆိုသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပုဒ်မ-၄၃၆ ပြင် ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်း/ပွင့်) တို့ ပူးပေါင်းလုပ်ဆောင်နေသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေ လူထုဆန္ဒထုတ်ဖော် ပွဲများတွင်ြီူ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်မှ တပ်မတော်အနေဖြင့် ဂုဏ်သိက္ခာမြှင့်တင်ရန် ပုဒ်မ-၄၃၆ ပြင်ဆင်ရေးတွင် ကာကွယ်ရေးဦးစီး ချုပ်နှင့် လွှတ်တော်တွင်းရှိ တပ်မ တော်သား

ထိုင်းနိုင်ငံကဲ့သို့ အာဏာသိမ်းသည့်ဖြစ်စဉ် မြန်မာနိုင်ငံတွင်ပေါ်ပေါက် မလာနိုင်ဟု ဦးရဲထွဋ်ပြော

ရန်ကုန်၊ မေ ၂၄- မြန်မာ့တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ ဆောင် ရွက်နေသဖြင့် နိုင်ငံရေးပြောင်းလဲမှုများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်တွင်း ရှိနေပါက ထိုင်းနိုင်ငံကဲ့သို့ အာဏာသိမ်း သည့်ဖြစ်စဉ်မျိုး မြန်မာနိုင်ငံတွင် ပေါ်ပေါက် မလာနိုင်ဟု နိုင်ငံတော် သမ္မတ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

''ထိုင်းမှာက ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ထဲမှာ မဖြေရှင်းနိုင်လို့ တပ်မ တော်က ကြားဝင်လိုက်တာ။ ကျွန်တော်တို့ နိုင်ငံမှာ တပ်မတော်က ဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်မယ်လို့ ပြောပြီးတဲ့အတွက် ဖွဲ့ စည်းပုံအတိုင်း ဆောင်ရွက်မှာပဲ''ဟု ယင်း က ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်ထဲမှသာဆောင်ရွက်ရန် ဦးသိန်းညွှန့်တိုက်တွန်း

အခြေခံဥပဒေပြင်ဆင် ရေးအတွက် ဆောင်ရွက်သူများအနေဖြင့် နိုင်ငံရေးသတ္တိရှိစွာဖြင့် လွှတ်တော်ထဲမှ ပြင် ဆင်ရန်လိုအပ်ကြောင်း၊ အခြားသောနည်း ဖြင့် ပြင်ဆင်ပါက တိုင်းပြည်လဲဆုံးရှုံး လူထု လဲနစ်နာမည်ကို သတိချပ်ရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်း ညွန့်က သတိပေးပြောကြားလိုက်သည်။

မေ ၂၄ ရက်က အမျိုးသားဒီမို ကရေစီပါတီသစ်ရုံးတွင် ကျင်းပသော ပါတီ အစည်းအဝေးတွင် လက်ရှိတိုင်းပြည်၏နိုင်ငံ ရေးအခြေအနေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ သတိပေးပြောကြားခြင်းဖြစ်သည်။
ဦးသိန်းညွန့်က ''ကျောင်းသား ခေါင်းဆောင်ဟောင်းတချို့က အခြေခံဥပ ဒေကိုလွှတ်တော်ထဲမှာပြင်နိုင်ဖို့ လုပ်ကိုလုပ် ရမယ်။ မရရင် အခြားနည်းနဲ့သွားမယ်။ အဲ ဒီမှာမပြင်ဘူး။ မရဘူးဆိုရင် တိုင်းပြည်ဟာ

ထိုင်းရုပ်သံ ဆက်ပိတ်ပါက အင်တာနက်မှတစ်ဆင့် နှစ်လုံးထီ ဆက်ကစားရန် စီစဉ်

Photo: ထိုင်းရုပ်သံ ဆက်ပိတ်ပါက အင်တာနက်မှတစ်ဆင့် နှစ်လုံးထီ ဆက်ကစားရန် စီစဉ် 

မြိတ်၊ မေ ၂၅

ထိုင်းနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ထိုင်းစတော့ရှယ်ယာ ဈေးကွက်သတင်းများကို ရုပ်သံမှ ဆက်လက် မထုတ်လွှင့်တော့ပါက နှစ်လုံးထီကို အင်တာနက်မှတစ်ဆင့် ရယူကာ တစ်ရက်နှစ်ကြိမ် ကစားသွားမည် ဖြစ်ကြောင်း မြိတ်ဒေသရှိ နှစ်လုံးထီဒိုင်ကြီး အသိုင်းအဝိုင်းထံမှ သိရသည်။

စစ်အာဏာ သိမ်းသည့် မေလ ၂၂ ရက်နေ့ ညနေပိုင်းကစပြီး ထိုင်းစတော့ရှယ်ယာ ဈေးကွက်များကို ရုပ်သံမှ မလွှင့်ထုတ်တော့သောကြောင့် တစ်ရက်လျှင် လေးကြိမ် ကစားသည့် တရားမဝင် နှစ်လုံးထီကို ရပ်နားလိုက်ရပြီး အင်တာနက်မှ ဂဏန်းကို ကြည့်ကာ ကစားရန် စမ်းသပ်ကြည့်ရှုဆဲ ဖြစ်ကြောင်း မြိတ်မြို့ နှစ်လုံးထီ လောင်းကစားသူများ အသိုင်းအဝိုင်းထံမှ သိရသည်။

“မေလ ၂၂ ရက်နေ့က မနက်ပိုင်းနဲ့ ညနေပိုင်း အထိတော့ ဈေးကွက်က ရှိနေသေးတော့ ကစားလို့ ရပါသေးတယ်။ ညနေပိုင်း ၄ နာရီ အချိန်ကျတော့ ဈေးကွက်က ဘာမှ မလာတော့ဘူး။ ကျွန်တော်တို့လည်း ဆက်မကစားတော့ ထိုးသားတွေကိုလည်း ငွေပြန်အပ်ပေးလိုက်တယ်” ဟု မြိတ်တောင်ကျေးရွာရှိ နှစ်လုံးထီဒိုင်တစ်ခုမှ အမျိုးသားတစ်ဦးက ပြောကြားသည်။

ရုပ်သံ ပိတ်လိုက်သော်လည်း ထိုင်းစတော့ရှယ်ယာ သတင်းများကို မေလ ၂၃ ရက်နေ့ ညနေအထိ အင်တာနက် စာမျက်နှာများမှတစ်ဆင့် ကြည့်ရှုနိုင်ဆဲ ဖြစ်ပြီး ထိုင်းစစ်အာဏာသိမ်းမှုကို ထိုင်းစတော့ရှယ်ယာ ဈေးကွက်က ဂရုတစိုက် တုံ့ပြန်ဆောင်ရွက်နေကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

ထားဝယ် ဒေသတွင်လည်း နှစ်လုံးထီကို မေလ ၂၂ ရက်နေ့တွင် သုံးကြိမ်သာ ထွက်နိုင်ပြီး ထိုင်းစစ်အာဏာ သိမ်းသည့် ညနေပိုင်းကတည်းက ရပ်နားလိုက်ရကြောင်း ထားဝယ်မြို့မှ နှစ်လုံးထီဒိုင်တစ်ဦးက ပြောကြားသည်။

တစ်ရက်လျှင် လေးကြိမ် ကစားလေ့ ရှိသော နှစ်လုံးထီများ ရပ်နားလိုက်ရသည့်အတွက် ရက်ပိုင်းတွင် များစွာ မသိသာသော်လည်း ရက်သတ္တပတ်ပေါင်းများစွာ ရပ်နားလိုက်ရပါက အလယ်လတ်စား ထီဒိုင်များ၊ နှစ်လုံးထီ ရောင်းသူများ ဝင်ငွေကို များစွာ ထိခိုက်နိုင်ကြောင်း ၎င်းကဆိုသည်။
“တစ်ပတ် နှစ်ပတ် နားရင် အဆင်ပြေသေးတယ်။ လုံးဝ နားလိုက်ရရင် လွယ်မှာ မဟုတ်ဘူး” ဟု အထက်ပါ ထီဒိုင်က ပြောကြားသည်။

ထားဝယ်ဒေသတွင် သာမန် နှစ်လုံးထီ ရောင်းသူတစ်ဦး၏ ဝင်ငွေသည် အနည်းဆုံး ၇၅၀၀ ကျပ် ရှိပြီး ရက်ရှည်နားရပါက သာမန်ထီရောင်းသူများ၏ ဝင်ငွေကိုလည်း ထိခိုက်နိုင်ကြောင်း ထားဝယ်ဒေသ ထီလုပ်ငန်း လုပ်ကိုင်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

အာဏာသိမ်းမှုကြောင့် နှစ်ပတ်ခန့် ထီအရောင်း ရပ်နားထားရမည်ဟု မျှော်လင့်ထားပြီး နှစ်လုံးထီ ထွက် မထွက်နှင့် မည်သည့်နည်းဖြင့် ဆက်ကစားမည်ကို လာမည့် တနင်္လာနေ့တွင် ထပ်မံ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ထားဝယ်မြို့မှ ထီဒိုင်တစ်ဦးက ဆိုသည်။

လကုန်နှင့် လလယ်တွင် လစဉ် နှစ်ကြိမ်ထွက်လေ့ ရှိသော ထိုင်းသုံးလုံး ထီအရောင်းကိုမူ စောင့်ကြည့်ဆဲ ဖြစ်ကြောင်း ထားဝယ်မြို့ ထီလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

တရားမဝင် နှစ်လုံးထီကို ယခုကဲ့သို့ ဆက်လက် ပိတ်ထားပါက အခြေခံ လူတန်းစားများအတွက် စားဝတ်နေရေးနှင့် အခြားကိစ္စရပ်များ အဘက်ဘက်က ပိုမိုအဆင်ပြေလာနိုင်ဖွယ် ရှိသည့်အတွက် လုံးဝ ပိတ်သိမ်းလိုက်လျှင် ပိုကောင်းမည်ဟု နေ့စဉ် နှစ်လုံးထီ လောင်းကစား ပြုလုပ်သည့် မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မ အမျိုးသမီးတစ်ဦးက ဖွင့်ဟသည်။

နှစ်လုံးထီ လောင်းကစားသည် တရားမဝင် လောင်းကစားခြင်း တစ်မျိုးဖြစ်ပြီး ဒေသအာဏာပိုင်နှင့် ရဲများကို လစဉ်လိုင်းကြေး ပေးသွင်းပြီး လောင်းကစားလေ့ ရှိသည်ဟု ဆိုသည်။

(Dawei Watch)
ထိုင်းနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ထိုင်းစတော့ရှယ်ယာ ဈေးကွက်သတင်းများကို ရုပ်သံမှ ဆက်လက် မထုတ်လွှင့်တော့ပါက နှစ်လုံးထီကို အင်တာနက်မှတစ်ဆင့် ရယူကာ တစ်ရက်နှစ်ကြိမ် ကစားသွားမည် ဖြစ်ကြောင်း မြိတ်ဒေသရှိ နှစ်လုံးထီဒိုင်ကြီး အသိုင်းအဝိုင်းထံမှ သိရသည်။

စစ်အာဏာ သိမ်းသည့် မေလ ၂၂ ရက်နေ့ ညနေပိုင်းကစပြီး ထိုင်းစတော့ရှယ်ယာ ဈေးကွက်များကို ရုပ်သံမှ မလွှင့်ထုတ်တော့သောကြောင့် တစ်ရက်လျှင် လေးကြိမ် ကစားသည့် တရားမဝင် နှစ်လုံးထီကို ရပ်နားလိုက်ရပြီး အင်တာနက်မှ ဂဏန်းကို ကြည့်ကာ ကစားရန် စမ်းသပ်ကြည့်ရှုဆဲ ဖြစ်ကြောင်း မြိတ်မြို့ နှစ်လုံးထီ လောင်းကစားသူများ အသိုင်းအဝိုင်းထံမှ သိရသည်။

စိမ့်စမ်းရည် ဘုန်းကြီးကျောင်းကို ဓမ္မစက်နှင့် မရသဖြင့် အာဏာစက်ဖြင့် ဖယ်ရှားဟုဆို

Photo: စိမ့်စမ်းရည် ဘုန်းကြီးကျောင်းကို ဓမ္မစက်နှင့် မရသဖြင့် အာဏာစက်ဖြင့် ဖယ်ရှားဟုဆို

မန္တလေး၊ မေ ၂၅

အင်တာနက် စာမျက်နှာများနှင့် သတင်းစာ မျက်နှာများတွင် ယခုသတင်းပတ်အတွင်း ရေးသားဖော်ပြမှု အများဆုံး ဖြစ်သည့် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ရဲတပ်ဖွဲ့အင်အား အသုံးပြုပြီး ဖယ်ရှားခဲ့သည် ဆိုခြင်းမှာ မမှန်ကန်ဘဲ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားလွှာများကို အခြေခံပြီး သံဃာ့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဓမ္မစက်နှင့် မရသဖြင့် အာဏာစက် အကူအညီရယူကာ နှင်ထုတ် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယက ဆရာတော် ဦးဇဋိလက မိန့်ကြားသည်။

မေလ ၂၅ ရက်နေ့တွင် မဟာအောင်မြေ မြို့နယ်ရှိ ၈၈ လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ 

“ဘုန်းကြီးတို့က သူတစ်ပါး ကျောင်းထဲမှာ ကျူးကျော် ဝင်ရောက်နေတာကို ဖယ်ရှားပေးဖို့ တိုင်းသံဃနာယက၊ မြို့နယ် သံဃနာယက အဖွဲ့တွေက စာထုတ်ပြီး လာရောက် ညှိနှိုင်းဖို့ သုံးကြိမ်တိုင်တိုင် ဖိတ်ခေါ်ပါတယ်။ နောက်ဆုံး မလာတဲ့အတွက် အာဏာပိုင် အဖွဲ့အစည်း အသီးသီးရဲ့ အင်အားကိုရယူပြီး ကျောင်းတိုက်ကနေ ထွက်ခွာဖို့ လုပ်ရတာပါ။ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြနေသလို ရဲအင်အားသုံးပြီး အဓမ္မနှင်ထုတ်တာ မဟုတ်ပါဘူး” ဟု ဆရာတော်က မိန့်ဆိုသည်။

စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် မူရင်းကျောင်းမှာ နွားလပို့တောင်တွင်ရှိပြီး အဆိုပါကျောင်းမှ မြို့တွင် ကျောင်းတက်နေသည့် ကလေးများ အဆင်ပြေရေးအတွက် နိဂြောဓာရုံ ကျောင်းတိုက် ဆရာတော်က ယင်းကျောင်းအတွင်းရှိ မြေကွက်လပ်တစ်ခုကို ကလေးများ လွယ်ကူစွာ ကျောင်းတက်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် ခေတ္တနေထိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ကျောင်းတက် ကလေးငယ်များကို အကြောင်းပြပြီး ကျောင်းဝင်းအတွင်း အဆောင် ၄ ဆောင် တိုးချဲ့ ဆောက်လုပ်ခြင်းအပြင် နိဂြောဓာရုံ ကျောင်းတိုက်၏ အမည်ကို အသုံးပြုပြီး စိမ့်စမ်းရည်ကျောင်းသည် နိဂြောဓာရုံကျောင်း၏ တစ်စိတ်တစ်ပိုင်း အဖြစ်ပါ ကြေညာလာခြင်းများ ရှိသည့်အတွက် နိဂြောဓာရုံ ဆရာတော်က မြို့နယ် သံဃနာယကအဖွဲ့ထံ တင်ပြတိုင်ကြားခဲ့ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။ 

“အဲဒီနေ့တုန်းက ဘုန်းကြီးတို့လည်း ပါပါတယ်။ ရဲတွေက သူ့ဘာသာ သူရပ်နေတာပါ။ ကလေးတွေကလည်း ၁၀၀ ဝန်းကျင် မရှိပါဘူး။ ကိုရင် ၁၇ ပါး၊ ရဟန်း ၂ ပါး၊ သီလရှင် ၂၃ ပါးသာ ရှိပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် ဦးဥတ္တမက မိန့်ဆိုသည်။ 
ယခုကိစ္စနှင့် ပတ်သက်၍ လူလိမ်များ၏ စကားကို မယုံကြည်ရန်နှင့် ကိုယ်တိုင် လာကြည့်ပါဟု  ဖယ်ရှားခံရသော စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဆရာတော် ဦးဥတ္တမက မိန့်ကြားသည်။ 

မြို့နယ် သံဃနာယကအဖွဲ့ အနေနှင့် ကလေးငယ်များကို သက်ဆိုင်ရာ ဘကကျောင်းများ၌ အပ်နှံပေးမည် ဖြစ်သော်လည်း စိမ့်စမ်းရည် ဆရာတော်က လက်မခံဘဲ ငြင်းဆန်ကြောင်း၊ ယခုကဲ့သို့ လူမြင်ကွင်းတွင် ဘာသာသာသနာ ညှိုးနွမ်းအောင် ပြုမူနေထိုင်နေမှုအတွက် ကလေးများနှင့် စိမ့်စမ်းရည် ဆရာတော်ကို ၎င်းတို့၏ မူရင်းကျောင်းဖြစ်သော နွားလပို့ရွာရှိ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြန်လည် နေထိုင်ရန်အတွက် သံဃနာယက အစည်းအဝေး တစ်ရပ်ပြုလုပ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးဝေပုလ္လက The Voice သို့ မိန့်ကြားသည်။
အင်တာနက် စာမျက်နှာများနှင့် သတင်းစာ မျက်နှာများတွင် ယခုသတင်းပတ်အတွင်း ရေးသားဖော်ပြမှု အများဆုံး ဖြစ်သည့် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ရဲတပ်ဖွဲ့အင်အား အသုံးပြုပြီး ဖယ်ရှားခဲ့သည် ဆိုခြင်းမှာ မမှန်ကန်ဘဲ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားလွှာများကို အခြေခံပြီး သံဃာ့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဓမ္မစက်နှင့် မရသဖြင့် အာဏာစက် အကူအညီရယူကာ နှင်ထုတ် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယက ဆရာတော် ဦးဇဋိလက မိန့်ကြားသည်။

လူအင်အား ၁ဝဝဝ ခန့် ဆန္ဒထုတ်ဖော်နိုင်မည့် လူထုဟစ်တိုင်ကွင်း ဆောက်လုပ်ပြီးစီးတော့မည်

ရန်ကုန်၊ မေ ၂၄- ပြည်သူများတောင်းဆိုမှုနှင့် ဆန္ဒထုတ်ဖော်မှုများကို လွတ်လပ်စွာ ပြုလုပ်နိုင်မည့် လူထုဟစ်တိုင်ကွင်းကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အနောက်မြင်း ပြိုင်ကွင်းနေရာတွင် တည်ဆောက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။
''တာမွေအနောက်မြင်းပြိုင်ကွင်းနေရာမှာ ဆောက်နေတာ တစ်ပတ် လောက်ရှိပြီ။ ရှေ့တစ်ပတ်လောက်ဆို အပြီးသတ်နိုင်မှာပါ။ လူဦးရေ ၅ဝဝ နဲ့ ၁ဝဝဝ ကြား အသုံးပြုလို့ရပါတယ်။ ဆောက်ပြီးသွားရင် အသေးစိတ်သတင်းထုတ်ပြန်သွား မှာပါ''ဟု ယင်းကပြောသည်။

ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီ မြန်မာနိုင်ငံ လာမည်

ဘာစီလိုနာအသင်း၏ ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ်မက်ဆီ မြန်မာနိုင်ငံ လာရောက်ရန်အတွက် Ooredoo ကုမ္ပဏီမှ ညှိနှိုင်းမှုများ ပြုလုပ်နေသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကုမ္ပဏီအဖြစ် လုပ်ပိုင်ခွင့်ရထားသော ကာတာအခြေစိုက် ကုမ္ပဏီ Ooredoo အနေဖြင့် ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အတွက် လီယွန်နယ် မက်ဆီ ဖောင်ဒေးရှင်းနှင့်ပူးပေါင်းကာ မြန်မာပြည်သူ ခြောက်သန်းကျော်ကို နှစ်နှစ်အတွင်း ကူညီ ကုသမှုပေးရန် စီစဉ်ထားသည်။
ယင်းအစီအစဉ်အတွက် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့သို့ သွားရောက်ကာ မက်ဆီ မြန်မာနိုင်ငံ လာရောက်ရန်အတွက် ညှိနှိုင်းထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသေးစိတ် အချက်အလက်များ ထပ်မံထုတ်ပြန်မည်ဟု Ooredoo ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ

ရည်းစားကိစ္စဖြင့် အုပ်စုဖွဲ့ရိုက်နှက်မှု လူငယ်တစ်ဦးသေဆုံး

အရက်အတူထိုင်သောက်ရင်း ရည်းစားကိစ္စဖြင့် စကားများရာမှ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူငယ် တစ်ဦး သေဆုံးသွားသော ဖြစ်စဉ်တစ်ခု မေ ၂၃ရက်၊ ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ မောင်ရှိုင်းထက်(၁၉)နှစ်သည် သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ ချစ်ကို (၂၀)နှစ် အပါအ၀င် လူငါးဦးဖြင့် ပင်လုံခုံးတံတားအနီးတွင် အရက်အတူသောက်နေရာ ရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြပြီး ချစ်ကို အပါအ၀င် လူငါးဦးက သံပိုက်လုံးဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြသည်ဟု မြောက်ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ပြောသည်။

ထိုင်းစစ်တပ်က နှိမ်နင်းသည့် ဆန္ဒပြသူများသေဆုံးမှု တာဝန်မယူဟု အာဏာသိမ်းအဖွဲ့ကြေငြာ

ဟင်္သာနီ (မွန်မြေ)

စံခရပူရီ၊ မဇ္ဈိမ။ ။ ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေငြာထားသည့် ကာလ၌ ဆန္ဒပြမှုများကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်း၍ ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့လျှင် 
စစ်တပ်က တာဝန်ယူလိမ့်မည် မဟုတ်ဟု ကြည်းတပ် ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထိုင်စုဝါရီက မေလ ၂၅ ရက်တွင် ကြေငြာခဲ့သည်။

ထိုင်းနိုင်ငံ၌ စစ်တပ်အာဏာ သိမ်းမှု ဆန့်ကျင် ဆန္ဒပြသည့် အင်အားစုများ မြင့်တက်လာပြီး ဘန်ကောက် အပြင် ရှပ်နီ (တက်ဆင် ထောက်ခံသည့် အင်စားစု)များ အမာခံ နယ်မြေ ချင်းမိုင်ခရိုင်သို့ပါ 
ပြန့်နှံ့ လာနေခဲ့သည်။

အော်ရီဒူးက တာဝါတိုင် ၁၀၀ ကျော် တည်ဆောက်ပြီးဟုဆို

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးရန် ပြင်ဆင်နေသည့် အော်ရီဒူးက လက်ရှိ အချိန်အထိ မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် ၁၀၀ ကျော် တည်ဆောက်ပြီး ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က The Voice သို့ ပြောကြားသည်။
“ဆင်းမ်ကတ် စရောင်းတဲ့ အချိန်မှာ တာဝါတိုင် ၄၀၀ ကျော်လောက် ပြီးစီးအောင် တည်ဆောက်သွားပါမယ်။ တယ်လီနောတို့လို ဆက်သွယ်ရေး အော်ပရေတာတွေနဲ့လည်း မိုဘိုင်းလ် ကွန်ရက်ထဲမှာ အပြန်အလှန် ချိတ်ဆက် ပြောဆိုနိုင်ဖို့ သဘောတူညီမှု ရထားပါတယ်” ဟု ၎င်းကဆိုသည်။
မြေနေရာရရှိရေး၊ ရုံးလုပ်ငန်းပိုင်း ဆိုင်ရာများ အပါအဝင် အခက်အခဲများကြောင့် တာဝါတိုင် တည်ဆောက်ရာတွင် ပြဿနာအချို့ ရှိခဲ့သော်လည်း ယခုအခါ ဖြေရှင်းပြီး ဖြစ်သောကြောင့် တည်ဆောက်ရေး

ထီတစ်စောင်တန်ဖိုး တိုးမြှင့်ရန် စီစဉ်

ဆုကြေးငွေတိုးမြှင့်ရန်နှင့် e-lottery စနစ် ကျင့်သုံးရန် ပြင်ဆင်

အောင်ဘာလေထီ ဈေးကွက်တည်ငြိမ်စေရေးနှင့် ဆုကြီးများထွက်ရှိရေးအတွက် ထီစနစ်ပြောင်းလဲရန် ကြိုးပမ်းနေပြီး ထီတစ်စောင်တန်ဖိုးကိုလည်း တိုးမြှင့်ရန် စီစဉ်နေသည်ဟု အောင်ဘာလေသိန်းဆု ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က မဇ္ဈိမကို ပြောသည်။

လက်ရှိထီတစ်စောင်တန်ဖိုးမှာ အစိုးရ ရောင်းဈေး၂၀၀ ဖြစ်ကာ ထီဆိုင်များက ၃၀၀ ကျပ်နှင့် ပြန် လည်ရောင်းချလျက်ရှိ ပြီး ယင်းထက်ပို၍ မြင့်လာဖွယ်ရှိသည်။

ဆိုင်ကယ်ကယ်ရီးများကြောင့် အနှေးယာဉ်လုပ်သားများ ဝမ်းရေးအတွက် အခက်တွေ့နေ

Photo: ဆိုင်ကယ်ကယ်ရီးများကြောင့် အနှေးယာဉ်လုပ်သားများ ဝမ်းရေးအတွက် အခက်တွေ့နေ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®

ဖျာပုံ  မေ  ၂၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဖျာပုံမြို့သည် မြို့တွင်းလမ်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ခရီးသည်တင်ပြေးဆွဲနေသော ဆိုင်ကယ် ကယ်ရီများ၊ သုံးဘီးဆိုင်ကယ်များနှင့် အနှေးယာဉ်ဆိုက်ကားများ နေ့စဉ်ဝမ်းရေးအတွက် ဝင်ငွေရရှိစေရန်ဆောင်ရွက်နေရာတွင် အနှေးယာဉ် ဆိုက်ကားများထက် ဆိုင်ကယ် ကယ်ရီသမားများက နေ့စဉ် ပိုမိုဝင်ငွေရရှိနေကြောင်း သိရှိရသည်။ ဖျာပုံမြို့ တွင် အနှေးယာဉ်ဆိုက်ကားဂိတ် ၅၀ကျော် တရားဝင်သတ်မှတ်ထားပြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က တရားဝင် လိုင်စင်ထုတ်ပေးထား သော ဆိုက်ကားစီးရေ ၁၈၀၀ ကျော်ရှိပြီး လူနင်းလိုင်စင် တရားဝင်ထုတ်ပေးပြီး သတ်မှတ်ဂိတ်များတွင်သာ စီး ရေအလိုက်ဂိတ်ထိုး၍ခရီးသည်များ ပို့ဆောင်၍ မိသားစုဝမ်းရေးအ တွက်ဝင်ငွေရှာနေကြသည်ကို တွေ့ရသည်။ သို့ရာတွင် ယခုအခါ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်စနစ်အရဆိုင်ကယ်ကယ်ရီသမားများ ခရီးသည် တင်ပြေးဆွဲနေသည်မှာ ခရီးသွားပြည်သူများ အချိန်ကုန်သက်သာလျင်မြန်စွာ ခရီးသွားနိုင်ပြီဖြစ်သော်လည်း အဆိုပါ ဆိုင်ကယ်ကယ်ရီများမှာတရားဝင်သတ်မှတ်ဂိတ်မရှိခြင်း၊ ခရီးသည် နှစ်ယောက်ထက် ပိုမိုတင် ဆောင်ခြင်းများအပြင် လူစည်ကားရာဆိုက် ကားဂိတ်များတွင် ဆိုင်ကယ် ကယ်ရီများက ဂိတ်ရှေ့ပိတ်၍ ဂိတ် ထိုးခြင်းများကို စည်းကမ်းမဲ့လုပ်ဆောင်ခြင်းများကြောင့် အနှေးယာဉ်ဆိုက်ကားလုပ်သားများ ဝမ်းရေး အတွက် အခက်အခဲတွေ့နေရကြောင်းသိရသည်။

“ ကျွန်တော်က ဆိုက်ကားနင်းပြီးမိသားစုဝမ်းရေးကို နေ့စဉ် ဖြေရှင်းနေ ရတာ နှစ်တော်တော်ကြာနေပါပြီ။ တရားဝင်သတ်မှတ်ဂိတ်မှာ ဂိတ်ထိုးရပါတယ်။ သတ်မှတ်ထားတဲ့ဂိတ် မဟုတ်ရင် ဂိတ်မထိုးရပါဘူး။ ခရီး သည် တစ်ယောက်ရဖို့က မလွယ်ပါဘူး။ ဆိုက်ကားစီးရေကလည်းများပြီး လူတိုင်း ကိုယ်ပိုင်ဆိုင်ကယ်တွေရှိ တော့ ကျေးလက်ဒေသက ခရီးသွားဧည့်သည်တွေကိုပဲ အားကိုးရတာပါ။ကုန်ပစ္စည်းတင်မှသာ လာငှားတာပါ။ ယခုဆို ပိုဆိုးတာက ဆိုင်ကယ်ကယ်ရီတွေ သတ်မှတ်ဂိတ်မရှိဘဲ ဂိတ်ထိုးချင်သလို စိတ်ကြိုက်ထိုးပြီး ဆိုက်ကား ရှေ့က ပိတ်ပြီးလူခေါ်တော့ ဘယ်လိုလုပ်ပြီးခရီးသည်ရတော့မလဲ၊ ဆိုင်ကယ် ကယ်ရီတွေက ခရီးဝေးကျေးရွာ သွားတဲ့လူတွေကို ပို့ဆောင်တာ ဖြစ်သင့်ပါတယ်။ မြို့တွင်းကိုပါ ခရီးသည် ပို့နေတော့ တစ်နေ့ထက်တစ်နေ့ ခရီးသည်ရဖို့ ပိုခက်လာပါတယ်”  ဟုနေသူရိန်ဆိုက်ကားဂိတ်မှ အနှေး ယာဉ်လုပ်သားတစ်ဦးက ပြောသည်။ 

ဖျာပုံမြို့ အနှေးယာဉ်ဆိုက်ကား လုပ်သားများ စည်းကမ်းမဲ့ဂိတ်ထိုးရ ခြင်းမှာ ဆိုင်ကယ်ကယ်ရီများ ဂိတ်လု ထိုးခြင်းများကြောင့် ခရီးသည်ရမည့်နေရာများတွင် တာဝန်ရှိစစ်ဆေးသူများအလစ်ဂိတ်ထိုး၍ ခရီးသည်ခေါ် ယူခြင်းများ တွေ့ရှိနေရပြီး ထိုကဲ့သို့ဖြစ်စဉ်များ မဖြစ်ပေါ်စေရန်အတွက်ဆိုင်ကယ်ကယ်ရီ များကို စည်းကမ်း တကျဖွဲ့စည်းပေး၍ တရားဝင် ဆိုင်ကယ် ကယ်ရီဂိတ်များ သတ်မှတ်ပေး ပြီး ခရီးသည်တစ်ဦးထက် ပိုမိုတင် ဆောင်ခြင်းများ၊ ဆိုက်ကားဂိတ်များ ရှေ့တွင်ပိတ်၍ ဂိတ်ထိုးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက် ပေးမှသာ အနှေးယာဉ်ဆိုက်ကား လုပ်သားများ ဝမ်းရေးအတွက်ဝင်ငွေထိခိုက်မှု ကင်းဝေးစေနိုင်မည်ဖြစ် ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဖျာပုံမြို့သည် မြို့တွင်းလမ်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ခရီးသည်တင်ပြေးဆွဲနေသော ဆိုင်ကယ် ကယ်ရီများ၊ သုံးဘီးဆိုင်ကယ်များနှင့် အနှေးယာဉ်ဆိုက်ကားများ နေ့စဉ်ဝမ်းရေးအတွက် ဝင်ငွေရရှိစေရန်ဆောင်ရွက်နေရာတွင် အနှေးယာဉ် ဆိုက်ကားများထက် ဆိုင်ကယ် ကယ်ရီသမားများက နေ့စဉ် ပိုမိုဝင်ငွေရရှိနေကြောင်း သိရှိရသည်။ ဖျာပုံမြို့ တွင် အနှေးယာဉ်ဆိုက်ကားဂိတ် ၅၀ကျော် တရားဝင်သတ်မှတ်ထားပြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က တရားဝင် လိုင်စင်ထုတ်ပေးထား သော ဆိုက်ကားစီးရေ ၁၈၀၀ ကျော်ရှိပြီး လူနင်းလိုင်စင် တရားဝင်ထုတ်ပေးပြီး သတ်မှတ်ဂိတ်များတွင်သာ စီး ရေအလိုက်ဂိတ်ထိုး၍ခရီးသည်များ ပို့ဆောင်၍ မိသားစုဝမ်းရေးအ တွက်ဝင်ငွေရှာနေကြသည်ကို တွေ့ရသည်။ သို့ရာတွင် ယခုအခါ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်စနစ်အရဆိုင်ကယ်ကယ်ရီသမားများ ခရီးသည် တင်ပြေးဆွဲနေသည်မှာ ခရီးသွားပြည်သူများ အချိန်ကုန်သက်သာလျင်မြန်စွာ ခရီးသွားနိုင်ပြီဖြစ်သော်လည်း

ပုသိမ်တွင် ကြွက်များ အစုလိုက် သေသောကြောင့် ကျောင်းအပ် လက်ခံမည့်ရက် နောက်ဆုတ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရှောပြာကျေးရွာရှိ နေအိမ်များတွင် ကြွက်များ အစုလိုက် အပြုံလိုက် သေဆုံးခဲ့မှုကြောင့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ် ကျောင်းအပ် လက်ခံမည် ရက်ကို နောက်ဆုတ်ပေးခဲ့ကြောင်း ယင်းကျေးရွာ အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီး ဦးဗိုဟိန်းက ပြောကြားသည်။

၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တွင် ပညာသင်ကြားရမည့် အခြေခံပညာ ကျောင်းသား ကျောင်းသူ များကို မေလ ၂၅ ရက်နေ့တွင် စတင် လက်ခံရမည် ဖြစ်သော်လည်း မေလ ၂၂ ရက်နေ့က ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ခြင်းကြောင့် မေလ၂၇ ရက်မှသာ ကျောင်းအပ် လက်ခံနိုင်မည်ဟု ၎င်းက ပြောဆိုသည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်များ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကောက်ခံနေသော အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ဆန္ဒလက်မှတ်များကို မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့ အတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူလူထုထံမှ ကောက်ယူသွားမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း ပေးပို့မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 
“ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အတွက် ပြည်သူတွေ ဆန္ဒ ဘယ်လောက်ရှိတယ် ဆိုတာ ထုတ်ပြန်မယ်။ ပြီးရင် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်တဲ့ နေရာအသီးသီးကိုလည်း ပေးပို့သွားမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းလပ်ကို ဖမ်းဆီးပြီး နိုင်ငံရေးသမား ၁၅၀ ခန့် စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်

ထိုင်းနိုင်ငံကို စစ်တပ်က အာဏာ သိမ်းလိုက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ထင်ရှားသော ပညာရှင်များ အပါအဝင် လူ ၃၅ ဦးကို စနေနေ့ နေ့လယ် မတိုင်မီ ထိုင်းစစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထိုင်းစစ်တပ်သည် သောကြာနေ့က ဝန်ကြီးချုပ်ဟောင်း ယင်းလပ် အပါအဝင် နိုင်ငံရေးသမား ၁၅၀ ကျော်ခန့်ကို စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်ခဲ့ပြီး ယင်းလပ်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက် တစ်ရက်တွင် နောက်ထပ် လူ ၃၅ ဦးကို စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

သမ္မတအမိန့်ဖြင့် နိုင်ငံခြားဘဏ်များရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံတွင် ဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည့် နိုင်ငံ ခြားဘဏ်များ ရွေးချယ်ရေးအစီ အစဉ်တွင် ပွင့်လင်းမြင်သာမှုရှိစေ ရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်း များနှင့် ကိုက်ညီစေရန် နိုင်ငံခြား ဘဏ်များရွေးချယ်ရေးအဖွဲ့ကို မေလ ၁၂ရက်တွင် ဖွဲ့စည်းလိုက် ပြီဖြစ်သည်။

ထိုကဲ့သို့ ဖွဲ့စည်းရန် နိုင်ငံ တော်သမ္မတရုံးမှ အမိန့်ကြော်ငြာ စာအမှတ် ၃၆/၂၀၁၄ထုတ်ပြန်၍ နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ထိုင်းနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်း နိုင်ရန်အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးကို စစ်ဘက်က ဖျက်သိမ်း


Photo: ထိုင်းနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်း နိုင်ရန်အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးကို စစ်ဘက်က ဖျက်သိမ်း

ထိုင်းစစ်ဘက်သည် နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရန် အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးကို မေ၂၄ ရက်တွင် ဖျက်သိမ်း ခဲ့ပြီး အထက်လွှတ်တော်မှ အရေးပါသည့် အရာရှိကြီး များကို ပြောင်းလဲခန့် အပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရေး အတွက် လုပ်ဆောင်ရာတွင် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးမှ  အတည်ပြုချက် ရယူနိုင်ရေးကို ရှောင်ရှားနိုင်ရန် အတွက် ယခုကဲ့သို့ လွှတ်တော် နှစ်ရပ်စလုံးကို အစိုးရသစ် မဖွဲ့စည်းနိုင်သည့် အချိန်ကာလ အထိ ရပ်ဆိုင်း ထားခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာက ပြောကြားခဲ့သည်။

ထိုင်းစစ်ဘက်မှ အခြားရာ ထူးသို့ ပြောင်းရွှေ့ခန့်အပ် ခဲ့သူများတွင် ရဲချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ် ဆေးဆင်ခရူးနှင့် အထူး စုံစမ်းရေး အဖွဲ့မှ အကြီးအကဲ သာရစ်ပန်ဒစ် နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး ဗိုလ်ချုပ်ကြီး နီပက်သွန်လက်တို့ ပါဝင်ကြောင်း သိရသည်။

ရဲချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ်ဆေး ဆင်ခရူ၊ ဗိုလ်ချုပ်ကြီးပန်ဒစ်နှင့် ဗိုလ်ချုပ်ကြီး နီပက်တို့သည် ယခင်ယာယီ အစိုးရ အဖွဲ့အား ထောက်ခံသည့် အမာခံ ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သိရသည်။ 
ထိုင်းစစ်ဘက်သည် နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရန် အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးကို မေ၂၄ ရက်တွင် ဖျက်သိမ်း ခဲ့ပြီး အထက်လွှတ်တော်မှ အရေးပါသည့် အရာရှိကြီး များကို ပြောင်းလဲခန့် အပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရေး အတွက် လုပ်ဆောင်ရာတွင် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးမှ အတည်ပြုချက် ရယူနိုင်ရေးကို ရှောင်ရှားနိုင်ရန် အတွက် ယခုကဲ့သို့ လွှတ်တော် နှစ်ရပ်စလုံးကို အစိုးရသစ် မဖွဲ့စည်းနိုင်သည့် အချိန်ကာလ အထိ ရပ်ဆိုင်း ထားခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာက ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံးစာအုပ်ထဲမှ ပန်းကလေးတစ်ပွင့်

Photo: ကမ္ဘာ့အကြီးဆုံးစာအုပ်ထဲမှ ပန်းကလေးတစ်ပွင့်
Monday, May 26, 2014

ရေးသားသူ- အေးမွန်ရာပြည့်

ဘုရားတန်ဆောင်းအတွင်း အုတ်ခုံပေါ်တွင်ထိုင်နေသည့် သမီးရည်းစားစုံတွဲတစ်တွဲရှေ့၌ရပ်ကာ စံပယ်ပန်းကုံးတစ်တွဲချိတ်ထားသည့်လက်ကို ဆန့်တန်းလိုက်သည်။ အမျိုးသမီးဖြစ်သူက သူမရှေ့တွင်ရပ်နေသည့် ကလေးငယ်နှင့် ငါးမိနစ်ခန့်စကားပြောပြီး ပန်းတစ်တွဲကိုယူကာ ငါးရာတန်တစ်ရွက်ကို ထုတ်ပေးနေသည်။ ကလေးငယ်က ငါးရာတန်ကို လက်ထဲတွင်ပိုက်ထားသည့် စံပယ်ပန်းကုံးများဖြင့် ပြည့်မောက်နေသည့် စကောဗန်းထဲသို့ ထိုးထည့်လိုက်ပြီး ပန်းဝယ်မည်ဟု ယူဆရသည့် နောက်ထပ်ဧည့်သည်များကို ဘုရားဝင်းတစ်ပတ်ပတ်ကာ ရှာဖွေနေသည်။

မင်းတုန်းမင်းတရားကြီးတည်ထားခဲ့သည့် မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားအတွင်းသို့ လာရောက်သည့် ဧည့်သည်များအား တစ်မနက်ခင်းလုံး ပန်းလိုက်ရောင်းနေသည့် မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ်များပင်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟုထင်ရှားပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်ရော ပြည်တွင်းခရီးသွားဧည့်သည်များပါ နေ့စဉ်စည်ကားနေသည့် အဆိုပါဘုရားကြီးကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းရှာနေရသူများကလည်း ဒုနှင့်ဒေး။ ၎င်းတို့အထဲတွင် မျိုးရိုးစဉ်ဆက်ပန်းရောင်းကာ အသက်မွေးခဲ့သည့် ၎င်းတို့မိသားစုတစ်စုမှာလည်း တစ်စုအပါအ၀င်ပင်ဖြစ်သည်။

သနပ်ခါးပါးပါးကို ညက်နေအောင်လိမ်းထားသည့် မျက်နှာပေါ်တွင် သနပ်ခါးထူထူကို သစ်ရွက်ပုံဖော်ပြီး ထပ်လိမ်းထားသည်။ နှုတ်ခမ်းတွင် ပန်းရောင်နှုတ်ခမ်းဆိုးဆေးကို ဆိုးထားသည်။ ကုပ်ထိအောင်ရှည်နေပြီဖြစ်သည့် ဆံပင်များကိုလည်း နှစ်ခြမ်းခွဲကာ ကျစ်ဆံမြီးကျစ်ထားသည်။ အနည်းငယ်ဟောင်းနွမ်းနေသည့် စကတ်တိုနှင့် နှစ်ထပ်အင်္ကျီကို ၀တ်ထားသည်။ ထိုသို့ အပျိုမကြီးပုံစံဖမ်းထားသော်လည်း ငယ်သွားလဲရန် ကျိုးနေသည့်သွားလေးများ၊ ဖြူဖွေးနေသည့် မျက်လုံးအတွင်းသားများနှင့် မည်းညစ်နေသည့် ခြေလက်များကတော့ အပြစ်ကင်းစင်နေသည့် ကလေးငယ်တစ်ဦးရဲ့ သွင်ပြင်လက္ခဏာများ အထင်းသားပေါ်စေသည်။ သူမ၏နာမည်အပြည့်အစုံမှာ ယဉ်ယဉ်ချောဖြစ်သည်။

ကုသိုလ်တော်ဘုရားဝင်းပရိဝုဏ်အတွင်းတွင် အသက် ၂ နှစ်ခွဲခန့်အရွယ်ကတည်းက ပန်းရောင်းခဲ့သည့် ယဉ်ယဉ်ချောမှာ ယခုအသက်(၇)နှစ်ကျော်ရှိပြီဖြစ်သည်။ ပန်းရောင်းခဲ့သည့်သက်တမ်းမှာလည်း လေးနှစ်ခွဲကျော် ငါးနှစ်အတွင်းသို့ပင် ၀င်တော့မည်။ အဘွားဖြစ်သူလက်ထက်မှ သူမ၏အမေဖြစ်သူပါ မျိုးရိုးစဉ်ဆက်ပန်းရောင်းခဲ့သည့် ကုသိုလ်တော်ဘုရားဝင်းအတွင်းပင် သူလည်း ပန်းရောင်းတာဝန်ကို ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

အဖေဖြစ်သူဆုံးပါးပြီး အမေကလည်း နောက်အိမ်ထောင်ပြုခဲ့သည့်အတွက် ယဉ်ယဉ်ချောတစ်ယောက် အဘိုးအဘွားများနှင့်သာ အတူနေထိုင်သည်။ အဘိုးအဘွားကိုပင် အဖေ၊ အမေအဖြစ်ပင် ပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့သည်မှာ သူသိတတ်စအရွယ်မှပင် ဖြစ်သည်။ သူ၏အဘိုးက စာကလေးအစာရောင်းပြီး အဘွားကတော့ အိမ်မှုကိစ္စများကိုသာ တာဝန်ယူထားသည်။ တစ်နေ့တာ ပန်းရောင်းရသမျှငွေများအားလုံးကိုလည်း ရေတွက်မနေဘဲ အဘွားလက်ထဲသို့ပင် အကုန်ပေးသည်။ ဘုရားဖူးဧည့်သည်များလျှင်များသလို ယဉ်ယဉ်ချော၏ တစ်နေ့ပန်းရောင်းရငွေမှာ အများဆုံးကျပ်ငါးထောင်ခန့်အထိ ရတတ်သည်။

တစ်ခါတစ်ရံ ပန်းရောင်းရငွေများထဲမှ ငွေတစ်ရာ၊ နှစ်ရာကို ဘုရားဘဏ္ဍာငွေအလှူခံသည့်ပုံးအတွင်း ထည့်တတ်သေးသည်။ “အဲဒီလိုထည့်ရင် ပန်းများများ ပိုရောင်းရတတ်တယ်။ များများရောင်းရတော့ စောစောပြန်ရတယ်”ဟု ယဉ်ယဉ်ချောက ပွင့်လင်းသွက်လက်စွာပြောသည်။

လက်ရှိအချိန်တွင် မူလတန်းတက်နေရပြီဖြစ်သည့်အတွက် ယခင်ကလို တစ်နေကုန်ပန်းမရောင်းနိုင်တော့ပါ။ ညနေအချိန်ပိုကျောင်းဆင်းပြီး လေးနာရီနောက်ပိုင်းအချိန်များတွင်သာ အချိန်လုကာ ပန်းရောင်းနေရသည်။ ယင်းအချိန်ပိုင်းအတွင်း သူ၏ပန်းရောင်းရကြေးက ငွေတစ်ထောင်ကျော်သည်။

ကျောင်းချိန်နှင့်တိုက်၍ ပန်းမရောင်းနိုင်တော့သည့်အတွက် အဘိုးဖြစ်သူ၏ စာကုသိုလ်ရောင်းရငွေများနှင့်သာ မိသားစုနေ့စဉ်စားစရိတ်အတွက် ရပ်တည်နေရသည်။ အချိန်ပိုင်းပန်းရောင်းရသည့်ငွေများကိုမူ ကျောင်းအချိန်ပိုကြေးတစ်လလေးထောင် အချိန်မှန်ပေးရန်အတွက် အဘွားက သီးသန့်စုပေးထားသည်။

ကျောင်းတက်နေသည့်ရက်များတွင်လည်း တစ်ရက်မှ ကျောင်းပျက်မခံဘဲ နေ့စဉ်အိမ်စာများကို အကြွေးမထားဘဲ စိတ်ပါလက်ပါလုပ်တတ်သောကြောင့် ပြီးခဲ့သည့်လပတ်စာမေးပွဲတွင် အဆင့်လေးနေရာ ရခဲ့သေးသည်။

အသက် ၇ နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦးအနေဖြင့် လိုချင်စရာအဆန်းအပြားပစ္စည်းများကလည်း ပေါများလှသည်။ တစ်ခါတစ်ရံ သူလိုချင်လွန်းလှသည့် ဒေါက်ဖိနပ်၊ ကွန်ပါဘူးကဲ့သို့သော ပစ္စည်းများကိုဝယ်ပေးရန် အဘိုးအဘွားများထံသို့ ရှားရှားပါးပါးပူဆာတတ်သေးသည်။ မ၀ယ်ပေးလျှင်လည်း ခဏတိုင်း နားပူနားဆာလုပ်တတ်သူ မဟုတ်ကြောင်း သူမ၏အဘွားဖြစ်သူ ဒေါ်ရင်သန်းက ယဉ်ယဉ်ချော၏ဆံပင်များကို ဖြီးသင်ပေးနေရင်းပြောသည်။

သူပန်းရောင်းနေသည်ကို သတိထားမိသည့် နိုင်ငံခြားဧည့်သည်အချို့ကလည်း ၎င်းတို့တွင်ပါလာသည့် သော့ချိတ်များ၊ အရုပ်များ၊ ဖောင်တိန်များ မကြာခဏပေးသွားတတ်သည်။ တစ်ခါကလည်း နိုင်ငံခြားသားတစ်ဦးက ပြည်ပမဂ္ဂဇင်းတစ်အုပ်ထဲတွင် ပါလာသည့် သူမရယ်နေသည့်ပုံကိုဖြဲကာ လက်ဆောင်ပေးခဲ့ဖူးသည်။
ထိုစာမျက်နှာအား ယနေ့အချိန်ထိ သူအိပ်သည့်ခေါင်းရင်းတွင် ကပ်ပြီးထားထားသည်ဟု ယဉ်ယဉ်ချောက ဆေးဆိုးထားသည့်နှုတ်ခမ်းပါးကို ကော့ပျံနေအောင် ပြုံးရယ်ရင်းပြောသည်။ 

လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် ကုသိုလ်တော်ဘုရားတွင် ပန်းရောင်းနေရသော်လည်း သူကြီးလာလျှင် ဆရာဝန်မကြီး (သို့မဟုတ်) ဧည့်လမ်းညွှန်လုပ်လိုသည်။

“အဘွားက ရောင်းခိုင်းလို့သာရောင်းရတာ။ ဒေါက်တာဆရာမကြီးဖြစ်ချင်တာ။ တိုးရစ်ဂိုက်မကြီးလည်းဖြစ်ချင်တယ်။ တိုးရစ်ဂိုက်အစ်မတစ်ယောက်ကဆို အခုချိန်ထိ ဘုရားလာတိုင်း မုန့်ဖိုးတွေပေးတယ်”ဟု ယဉ်ယဉ်ချောက နာမည်ကိုစာရွက်ပေါ်တွင် လက်သေးသေးလေးများဖြင့် ရေးပြနေရင်းပြောသည်။

ပညာတတ်ကြီးတစ်ယောက်အထိဖြစ်ရန် ယဉ်ယဉ်ချောတစ်ယောက် စိတ်ကူးယဉ်နေသော်လည်း အဘွားဖြစ်သူကမူ ရည်းစားထားပြီး စိတ်လေလွင့်မည်ကို စိုးရိမ်သောကြောင့် ငါးတန်းထိသာ ကျောင်းတက်ခိုင်းပြီး စက်ပန်းထိုးပညာရပ်ဖြင့် အိမ်တွင်းတွင်ပင် အလုပ်လုပ်ခိုင်းရန် စိတ်ကူးထားသည်ဆိုပါသည်။ ဆယ်ကျော်သက်အရွယ် သမီးရည်းစားစုံတွဲများစွာ ကုသိုလ်တော်ဘုရားဝင်းအတွင်း လာရောက်နေကြသည်ကို မြင်တွေ့နေရသည့် ဒေါ်ရင်သန်းတစ်ယောက် မြေးဖြစ်သူအပေါ် စိတ်အပူကြီးပူကာ အိမ်တွင်ပင် အလုပ်လုပ်စေရန် စီစဉ်နေခြင်းဖြစ်သည်။

“စာလည်းတတ်စေချင်တယ်။ ရှစ်တန်း၊ ကိုးတန်းရောက်လို့ စရိတ်စကကြီးတာကတစ်မျိုး၊ ပျက်ဆီးမှာစိုးတာကလည်းတစ်မျိုး၊ စိတ်ပူနေရမှာကြောင့် ငါးတန်းလောက်ပြီးရင် စက်ပန်းထိုးသင်ပေးဖို့တော့ စီစဉ်ထားတာပဲ”ဟု ဒေါ်ရင်သန်းကပြောသည်။

ယဉ်ယဉ်ချောမှာ ကုသိုလ်တော်ဘုရားသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအကြားတွင် ထင်ရှားကျော်ကြားသကဲ့သို့ ပြည်ပခရီးသွားများလာသည်နှင့်အမျှ နိုင်ငံခြားတွင်လည်း သူပုံရိပ်များက ပျံနှံ့နေပြီဖြစ်သည်။ ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်းတွင် ကုသိုလ်တော်ဘုရားသို့ အလည်ရောက်ခဲ့ဖူးသည့် ခရီးသွားဧည့်သည်များမှ သူနှင့်ပတ်သက်သည့် အချက်အလက်များ ပြန်လည်ဖြန့်ဝေမှုကြောင့် သူနှင့်တွေ့ဆုံရန် ကုသိုလ်တော်ဘုရားသို့ တကူးတကလာရောက်ကြရသည့် နိုင်ငံခြားသားများလည်းရှိသည်ဟု မန္တလေးမြို့ခံ နိုင်ငံခြားသားစကားပြန်တစ်ဦးကပြောသည်။

ပန်းဗန်းကိုရွက်ကာတစ်မျိုး၊ ပိုက်ကာတစ်မျိုးဖြင့် ရယ်နေသည့် သူ၏ပုံတူများမှာလည်း ပြည်တွင်းမှ ဓာတ်ပုံပညာရှင်များ၊ ပန်းချီပညာရှင်များ၏ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင်သာမက ပြည်ပပညာရှင်များအထိပင် ပျံ့နှံ့နေပြီဖြစ်သည်။

ကလေးငယ်တစ်ဦး ဈေးရောင်းနေသည်ဖြစ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ငြိစွန်းမှုများရှိနေနိုင်သော်လည်း သူ၏ချစ်စရာကောင်းလွန်းသည့် သွင်ပြင်လက္ခဏာများကြောင့် ခရီးသွားဧည့်သည်များမှအစ ပညာရှင်အဆင့် ဓာတ်ပုံရိုက်သူများပါ သူ၏ပုံကိုမှတ်တမ်းတင်ရန် စိတ်အားထက်သန်သွားတတ်ကြသည်ဟု မန္တလေးမြို့မှဓာတ်ပုံပညာရှင် မောင်ဘဦး (မန္တလေး)ကပြောသည်။ ဓာတ်ပုံထဲတွင် သူ၏ပုံရိပ်များ အသက်ဝင်ပြီးလှနေစေသည့် လျှို့ဝှက်ချက်မှာ အသံထွက်အောင် ရယ်ခြင်းပင်ဖြစ်သည်။

သူ့ကို ပုံတူပန်းချီရေးဆွဲရန် အုပ်ထိန်းသူလက်မှတ်ထိုးပေးရန် နိုင်ငံခြားသူအမျိုးသမီးတစ်ဦးကတောင်းဆို၍ ထိုးပေးခဲ့ရဖူးသည်။ ပြည်တွင်းပညာရှင်တစ်ဦးကလည်း သူ၏ တစ်နေ့တာဖြတ်သန်းပုံများကို အသေးစိတ်မှတ်တမ်းဓာတ်ပုံ ယူသွားခဲ့ဖူးသည်။ သို့သော်လည်း သူ၏ပုံရိပ်ကို အသုံးပြုသည့်အတွက် အခကြေးငွေတစ်စွန်းတစ်စမှ မရရှိခဲ့ဖူးသေးပါ။ သူ၏ဓာတ်ပုံများကို ပြည်တွင်းပြည်ပတွင် ပြပွဲများ၊ မဂ္ဂဇင်းများတွင် ထည့်သွင်းအသုံးပြုပြီး အကျိုးအမြတ်များ ခံစားနေရသော်လည်း မိသားစုမှာမူ ယနေ့အချိန်ထိ နေ့စဉ်စားဝတ်နေရေး ပူပန်နေရဆဲဖြစ်သည်။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်လည်းဖြစ်၍ တစ်နေကုန်ပန်းရောင်းရန် ဘုရားဝင်းအတွင်းရောက်နေသည့် ယဉ်ယဉ်ချောတစ်ယောက် ထမင်းစားနားနေသည်မှာ နှစ်နာရီနီးပါးရှိတော့မည်။ နံနက်ခင်းတစ်ပိုင်းလုံး ပန်းရောင်းခဲ့ပြီး နေ့လယ် ၁၂ နာရီကတည်းက အနားယူခဲ့သည်မှာ ယခုနှစ်နာရီထိုးခဲ့ပြီဖြစ်သည်။ ပန်းသွားမရောင်းမီ မျက်နှာပေါ်မှာ သနပ်ခါးနှင့် နှုတ်ခမ်းနီအား အဆင်ပြေ၊ မပြေ မှန်ကိုတစ်ချက်ကြည့်လိုက်ပြီး ပန်းဗန်းကို ခေါင်းပေါ်ရွက်တင်လိုက်သည်။

ညနေစောစောပြန်ရရေးအတွက် ဗန်းအတွင်းမှ လက်ကျန်ပန်းအားလုံးကို အမြန်ရောင်းထွက်စေရန် ဘုရားဘဏ္ဍာငွေ အလှူခံသည့်ပုံးအတွင်းသို့ တစ်ရာကျပ်သွားထည့်လိုက်သည်။ ထို့နောက် ဘုရားအတွင်းသို့ဝင်လာသည့် ၀၀ဖိုင့်ဖိုင်အသက်ခပ်ကြီးကြီး နိုင်ငံခြားသားစုံတွဲဆီသို့ ပန်းသွားရောင်းနိုင်ရန် ခြေလှမ်းပြင်လိုက်သည်။ ခေါင်းပေါ်ရွက်ထားသည့် ပန်းဗန်းကလေးကလည်း ယဉ်ယဉ်ချောခေါ်ရာနောက်သို့ မလိုက်ချင်၊ လိုက်ချင်နှင့် တလှုပ်လှုပ်။

ဓာတ်ပုံ- အေးမွန်ရာပြည့်

Credit to Shwe Nyar Thar
ရေးသားသူ- အေးမွန်ရာပြည့်

ဘုရားတန်ဆောင်းအတွင်း အုတ်ခုံပေါ်တွင်ထိုင်နေသည့် သမီးရည်းစားစုံတွဲတစ်တွဲရှေ့၌ရပ်ကာ စံပယ်ပန်းကုံးတစ်တွဲချိတ်ထားသည့်လက်ကို ဆန့်တန်းလိုက်သည်။ အမျိုးသမီးဖြစ်သူက သူမရှေ့တွင်ရပ်နေသည့် ကလေးငယ်နှင့် ငါးမိနစ်ခန့်စကားပြောပြီး ပန်းတစ်တွဲကိုယူကာ ငါးရာတန် တစ်ရွက်ကို ထုတ်ပေးနေသည်။ ကလေးငယ်က ငါးရာတန်ကို လက်ထဲတွင်ပိုက်ထားသည့် စံပယ်ပန်းကုံးများဖြင့် ပြည့်မောက်နေသည့် စကောဗန်းထဲသို့ ထိုးထည့်လိုက်ပြီး ပန်းဝယ်မည်ဟု ယူဆရသည့် နောက်ထပ်ဧည့်သည်များကို ဘုရားဝင်းတစ်ပတ်ပတ်ကာ ရှာဖွေနေသည်။

ပူစပ်သည့် ဟင်းလျာများ စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုရှည် စေနိုင်ဟု သိပ္ပံ ပညာရှင်များ ပြောကြား

Photo: ပူစပ်သည့် ဟင်းလျာများ စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုရှည် စေနိုင်ဟု သိပ္ပံ ပညာရှင်များ ပြောကြား

ပူစပ်သည့် ဟင်းလျာများကို စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုမိုရှည်လျား စေနိုင်သည်ဟု  လေ့လာတွေ့ရှိချက် စာစောင် တစ်ခုတွင် ရေးသားဖော်ပြ ထားသည်။

ပူစပ်သည့် ဟင်းလျာများတွင် ပါဝင်သော ငရုတ်သီးများ၏ နာကျင်မှုကို ဟန့်တားနိုင်စွမ်းရှိသည့် စွမ်းရည်သည် လူ့ဘဝ သက်တမ်းကို ပို၍ ရှည်စေကြောင်း သိပ္ပံ ပညာရှင်များက ပြောကြားထားပြီး ကြွက်များတွင် စမ်းသပ် မှု ပြုလုပ်ပြီးနောက် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိရစ္ဆာန် များတွင် နာကျင်မှုဒဏ်ကို ခံစားနိုင်သည့်ျTRPV1 ပရိုတင်းကို မထုတ်လုပ် နိုင်ခြင်းသည် ၎င်းတို့ ပို၍ အသက်ရှည်ရသည့် အကြောင်းရင်း ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း၊ တိရစ္ဆာန်များသည် လူသားများထက် ပို၍ ကျန်းမာမှု ရှိသည့်အပြင် ၁၄ ရာခိုင်နှုန်းခန့် ပို၍ အသက်ရှည်ကြကြောင်း သိပ္ပံပညာရှင် များက ပြောကြားသည်။

ထို့ကြောင့် နာကျင်သည့် ခံစားမှု အချက်ပြ မှုများအား ဦးနှောက်သို့ ပေးပို့မှုကို ဟန့်တား နိုင်စွမ်းရှိသည့် ငရုတ်သီးများ၏ စွမ်းရည်ကြောင့် အစပ်ချက်ထားသော ဟင်းလျာများကို စားသုံးသူများသည် သက်တမ်း ပို ရှည်နိုင်ကြောင်း၊ ထို့အပြင် ထိုကဲ့သို့ စားသုံးခြင်းသည် အဝလွန်ခြင်းနှင့် ဆီးချို ရောဂါများကိုလည်း ကာကွယ် ပေးနိုင် သည်ဟု ယူဆ ရကြောင်း သိပ္ပံပညာ ရှင်တစ်ဦးဖြစ်သူ အန်ဒရူး ဒိုင်လန်က ပြောကြားသည်။
ပူစပ်သည့် ဟင်းလျာများကို စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုမိုရှည်လျား စေနိုင်သည်ဟု လေ့လာတွေ့ ရှိချက် စာစောင် တစ်ခုတွင် ရေးသားဖော်ပြ ထားသည်။

ူစပ်သည့် ဟင်းလျာများတွင် ပါဝင်သော ငရုတ်သီးများ၏ နာကျင်မှုကို ဟန့်တားနိုင်စွမ်းရှိသည့် စွမ်းရည်သည် လူ့ဘဝ သက်တမ်းကို ပို၍ ရှည်စေကြောင်း သိပ္ပံ ပညာရှင်များက ပြောကြားထားပြီး ကြွက်များတွင် စမ်းသပ် မှု ပြုလုပ်ပြီးနောက် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိရစ္ဆာန် များတွင် နာကျင်မှုဒဏ်ကို ခံစားနိုင်သည့်ျTRPV1 ပရိုတင်းကို မထုတ်လုပ် နိုင်ခြင်းသည် ၎င်းတို့ ပို၍ အသက်ရှည်ရသည့် အကြောင်းရင်း ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း၊ တိရစ္ဆာန်များသည် လူသားများထက် ပို၍ ကျန်းမာမှု ရှိသည့်အပြင် ၁၄ ရာခိုင်နှုန်းခန့် ပို၍ အသက်ရှည်ကြကြောင်း

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်း၏ ၀င်ငွေမှာ ၁၀ ဒေါ်လာအောက် လျော့နည်းနေပြီး အသေးစား ငွေကြေးလုပ်ငန်းများ အောက်ခြေအထိ ပြန့်နှံ့စေခြင်းဖြင့် အကျိုးများနိုင်ဟု သိရ

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်း၏ ၀င်ငွေမှာ ၁၀ ဒေါ်လာအောက် လျော့နည်းနေပြီး အသေးစားငွေကြေးလုပ်ငန်းများ အောက်ခြေအဆင့်အထိ ပြန့်နှံ့အောင် လုပ်ခြင်းဖြင့် နိုင်ငံ့လူဦးရေ အများစုကို အကျိုးများစေမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP နှင့် ကုလအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ UNCDF တို့ ပူးပေါင်းကောက်ယူခဲ့သော Making Access Possible (MAP) စစ်တမ်းအရ သိရသည်။

၎င်းတို့စစ်တမ်း၏ တွေ့ရှိချက်အရ အစိုးရ၊ ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတကာ အလှူရှင်များကို အဆိုပါနယ်ပယ်တွင် အာရုံစိုက်စေမည်ဖြစ်ပြီး ပုံစံတကျ ဖွဲ့စည်းထားသည့် ငွေကြေးဝန်ဆောင်မှုကို ရရှိခြင်းဖြင့် နိုင်ငံ့လူဦးရေ အများစုမှာ အကျိုးကျေးဇူးများ ခံစားရစေမည်ဟု ဆိုသည်။

RSO လက်နက်ကိုင်သောင်းကျန်းသူများ မြန်မာလုံခြုံရေးတပ်ဖွဲ့များကိုပင် တိုက်ခိုက်လာခြင်းကြောင့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးတိုးမြှင့်ရန် ဒေသခံများ လိုလား

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအနီးတွင် တွေ့ရသော လုံခြုံရေး ကင်းစခန်းတစ်ခုတစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက် လှုပ်ရှားနေသည့် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များ အနေဖြင့် မြန်မာလုံခြုံရေး တပ်ဖွဲ့များကိုပင် ပစ်ခိုက်တိုက်ခိုက်မှု ပြုလုပ် လာခြင်းကြောင့် မောင်တော နယ်စပ်ဒေသတွင် လုံခြုံရေးတိုးမြှင့်ပေးရန် လိုလားကြောင်း ဒေသခံများက ပြောကြားသည်။

ယခင်က မောင်တောနယ်စပ်တွင် လက်နက်ကိုင် ဓားပြများသာ ရှိခဲ့ပြီး ယခုကဲ့သို့ အင်အားဖြင့် ဝင်ရောက်လှုပ်ရှားမှုများ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ဝင်ရောက်လှုပ်ရှားလာခြင်းမှာ မောင်တောမြို့နယ် အတွင်း သောင်းကျန်းမှု ခြေကုပ်ရယူရန် စတင်ကြိုးပမ်းလာခြင်းဖြစ်၍ အမြစ်ပြတ် ချေမှုန်းတားဆီးရန် လိုအပ်နေသလို နယ်စပ်လုံခြုံရေးအား အလေးထားရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။

အူရီဒူးမြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ဇူလိုင်မှ စက်တင်ဘာကာလအတွင်း စတင်ရောင်းချရန် စီစဉ်ထားပြီး လက်ရှိတွင် တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်နေ

Photo: အူရီဒူးမြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ဇူလိုင်မှ စက်တင်ဘာကာလအတွင်း စတင်ရောင်းချရန် စီစဉ်ထားပြီး လက်ရှိတွင် တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်နေ
Monday, May 26, 2014

အူရီဒူးမြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ဇူလိုင်မှ စက်တင်ဘာလ ကာလအတွင်း စတင်ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်လျက်ရှိပြီး ၁၀၀ ကျော်မှာ တည်ဆောက်ပြီးစီးသွားကြောင်း မေ ၂၅ ရက်က ဆူးလေ-ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားခဲ့သည်။

“နှစ်ကုန်ပိုင်းမှာတော့ တာဝါတိုင်ပေါင်း ထောင်ချီရှိလာအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တာဝါတိုင် တည်ဆောက်တဲ့ကိစ္စက ရှုပ်ထွေးပါတယ်။ မြေအမျိုးစားဆိုရင် ၁၂ မျိုးလောက် ရှိတယ်။ တာဝါတည်ဆောက်ဖို့အတွက် လျှောက်လွှာတင်ရတာ ရှိတယ်။ တင်ကြတာက ကျွန်တော်တို့တစ်ခုတည်း မဟုတ်ဘူး။ အပြိုင်အဆိုင် အများကြီး တင်ကြတာဖြစ်လို့ မြို့နယ်ရုံးတွေမှာ လျှောက်လွှာတွေ အများကြီး ပုံနေတယ်။ လုပ်ကိုင်ရင်း သင်ယူသွားတာ အခုဆိုရင် တော်တော်သိလာပါပြီ။ တာဝါတည်ဆောက်ရာမှာလည်း အခု အဆင်ပြေလာပါပြီ။ ရန်ကုန်နဲ့ မန္တလေးမှာ ဒေတာစင်တာတွေ တည်ဆောက်ပြီးပါပြီ။ လာမယ့် နှစ်ပတ်လောက်ဆိုရင် နေပြည်တော်က ဒေတာစင်တာလည်း အသင့်ဖြစ်ပါပြီ။ တခြားကွန်ရက်တွေနဲ့ ဖုန်းဆက်သွယ် ခေါ်ဆိုမှုတွေလည်း စမ်းသပ်အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။ 3G ကွန်ရက် ၀န်ဆောင်မှုပေးတဲ့အခါ သူ့ရဲ့အားသာချက်တွေက ဖုန်းခေါ်ဆိုတဲ့အခါ အသံကြည်လင်ပြတ်သားတာ၊ SMS ပို့ရင် လွယ်ကူမြန်ဆန်တာ၊ အားလုံးရဲ့ အိတ်ကပ်ထဲကို အင်တာနက်ရောက်လာမှာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားခဲ့သည်။

တာဝါတိုင်မှာ ၁၀ မီတာပတ်လည် အကျယ်အ၀န်း၊ အနက်မှာ ၂ မီတာခန့်၊ အမြင့်မှာ ၃၀ မီတာမှ အမြင့်ဆုံး ၈၀ မီတာအထိရှိကြောင်း သိရသည်။ တာဝါတိုင်တစ်ခု တည်ဆောက်မှုကုန်ကျစရိတ်မှာ ခေါင်မိုးပေါ်တွင်ဆောက်ရသော တာဝါမှာ ဒေါ်လာ ၁၇၀၀၀ ၀န်းကျင်ခန့်၊ တာဝါတိုင်အကြီးမှာ ဒေါ်လာတစ်သိန်းဝန်းကျင်ခန့် ကုန်ကျမှုရှိကြောင်း သိရသည်။

ဆင်းကတ်တစ်ခုလျှင် ၁၅၀၀ ကျပ်ဝန်းကျင်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကာ မှတ်ပုံတင်လိုအပ်မည်ဟု သိရသည်။ ခေါ်ဆိုခနှုန်းထား၊ အင်တာနက်မြန်နှုန်း စသည့်အခြားအသေးစိတ် အချက်အလက်များကိုမူ ရောင်းချခါနီးအချိန် ရောက်မှသာ ထုတ်ပြန်နိုင်မည်ဖြစ်သည်။  

မေ ၂၅ ရက်ကပြုလုပ်ခဲ့သည့် Ooredoo ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို တွေ့ရစဉ်
Eleven Media Group
အူရီဒူးမြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ဇူလိုင်မှ စက်တင်ဘာလ ကာလအတွင်း စတင်ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်လျက်ရှိပြီး ၁၀၀ ကျော်မှာ တည်ဆောက်ပြီးစီးသွားကြောင်း မေ ၂၅ ရက်က ဆူးလေ-ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားခဲ့သည်။

“နှစ်ကုန်ပိုင်းမှာတော့ တာဝါတိုင်ပေါင်း ထောင်ချီရှိလာအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တာဝါတိုင် တည်ဆောက်တဲ့ကိစ္စက ရှုပ်ထွေးပါတယ်။ မြေအမျိုးစားဆိုရင် ၁၂ မျိုးလောက် ရှိတယ်။ တာဝါတည်ဆောက်ဖို့အတွက် လျှောက်လွှာတင်ရတာ ရှိတယ်။ တင်ကြတာက ကျွန်တော်တို့တစ်ခုတည်း