Tuesday, May 27, 2014

မောင်တောတွင် ခြိမ်းခြောက် ငွေတောင်းသည့် ဘင်္ဂါလီတစ်ဦးထံမှ လက်နက်ဖမ်းမိ

လက်နက်ကိုင် အကြမ်းဖက်တပ်ဖွဲ့များ မကြာခဏ ဝင်ရောက်လေ့ ရှိသည့် ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ရှိ ဦးဒေါင်းကျေးရွာအုပ်စု ဇုံမာဘင်္ဂါလီကျေးရွာ ဒေသခံများထံမှ ခြိမ်းခြောက် ငွေတောင်းယူသည့် ဘင်္ဂါလီတစ်ဦးကို သေနတ်နှင့်အတူ မေလ ၂၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း ဦးဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ပြောကြားသည်။

ဇုံမာကျေးရွာတွင် နေထိုင်သည့် ဘင်္ဂါလီများထံမှ ခြိမ်းခြောက် ငွေတောင်းယူရန် ကြိုးပမ်းသည့် အသက် ၃၀ နှစ် အရွယ်ရှိ ဘင်္ဂါလီအမျိုးသား မာမက်ယာဆိန်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ နေအိမ်ကို

အနိမ့်ဆုံးလုပ်အားခ သတ်မှတ်နိုင်ရေးအဆိုကို ယခုလာမည့်လွှတ်တော်တွင် တင်နိုင်ဖွယ်မရှိဟုဆို

ရန်ကုန်၊ မေ ၂၆- အနည်းဆုံးအခ ကြေးငွေ ဥပဒေအရ အနိမ့်ဆုံးလုပ် အားခသတ်မှတ်နိုင်ရေးကို ယခုလာ မည့်လွှတ်တော်တွင် တင်နိုင်ဖွယ် မရှိ ကြောင်း အမျိုး သားကော်မတီအဖွဲ့ ဝင်များနှင့် တိုင်းဒေသကြီးကော်မတီ ဝင်များ၏ ပြောပြချက်အရ သိရသည်။

အနည်းဆုံးအခကြေးငွေဥပဒေ အရ အနိမ့်ဆုံးလုပ်အားခ သတ်မှတ် နိုင်ရေးအတွက် ကော်မတီများဖွဲ့ကာ စစ်တမ်းများ ကောက်ခံခြင်းကို လုပ် ဆောင်လျက်ရှိနေသော်လည်း အမျိုး သားကော်မတီအဆင့် အစည်းအဝေး နှစ်ကြိမ်ခန့်နှင့် တိုင်းဒေသကြီးကော် မတီအစည်းအဝေး တစ်ကြိမ်ခန့်သာ ပြု လုပ်ရသေးကြောင်းနှင့် လုပ်ငန်း ပေါ်မူတည်ပြီး သတ်မှတ်ရေး၊ တိုင်း ဒေသကြီးအပေါ်မူတည်ပြီး သတ်မှတ်

အူရီးဒူးက ကျောင်းများအပါအ၀င် နေရာတစ်ရာခန့် အင်တာနက်အခမဲ့သုံးနိုင်အောင် ဆောင်ရွက်မည်

ဆက်သွယ်ရေးလိုင်စင်ရ အူရီးဒူးအော်ပရေတာက စာသင်ကျောင်းနှင့် အများပြည်သူ အသုံးပြုနိုင်သောနေရာ တစ်ရာခန့်တွင် တစ်နှစ်အတွင်း အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။

အူရီးဒူးသည် ဆက်သွယ်ရေးလိုင် စင် စတင်လျှောက်ထားစဉ်က မြန်မာနိုင်ငံရှိ စာသင်ကျောင်းများနှင့် နေရာပေါင်း ၅,၀၀၀ ခန့်တွင် အင်တာနက်ရရှိ အသုံးပြု နိုင်ရန် စီစဉ်ပေးသွားမည်ဟု ပြောကြားထား ပြီးနောက် မေ ၂၅ ရက်က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်း ပွဲတွင် ယင်းသို့ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။
Ross Cormack က“ကျွန်တော်တို့ တင်ဒါလျှောက်စဉ်ကတော့ စာသင်ကျောင်းလို နေရာပေါင်း ၅,၀၀၀ လောက်မှာ အင် တာနက်ရရှိအသုံးပြုနိုင်အောင် အခမဲ့လုပ် ပေးမယ်လို့ ပြောထားပါတယ်။ အခု ၀န် ဆောင်မှုပေးမယ့် တစ်နှစ်အတွင်းမှာတော့ နေရာပေါင်း ၁၀၀ လောက်အထိကို

နေပြည်တော်အမြန်လမ်း ပြည်ပကုမ္ပဏီများဖြင့် အဆင့်မြှင့်မည်

လမ်းဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လမှ ယနေ့အထိ လူပေါင်း ၃၆၀ကျော် သေဆုံးခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမှ ရန်ကုန်-နေပြည်တော်လမ်းပိုင်းကို အဆင့်မြှင့်ရန် ပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။
“လမ်းအသုံးပြုသူတွေ ယုံကြည်လာအောင် အမြန်လမ်းကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်သွားမယ်။ အခုလောလောဆယ်တော့ လေ့လာမှုတွေလုပ်နေတယ်။ အဆင့်တစ်ခုပြီးတိုင်းအားလုံးကို ချပြသွားမှာပါ ” ဟု ၎င်းက ပြောသည်။

တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တရားဥပဒေလိုက်နာရန် သတိပေးစာ ပေးပို့ခံရ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တပ်မတော်သားများနှင့် ပတ်သက်၍ စိန်ခေါ်ဟော ပြောခြင်းသည် ဘောင်ကျော်ရာ ရောက်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်း စုကြည်ကို လိပ်မူ၍ မေလ ၂၂ရက်က သတိပေးစာ ပေးပို့ခဲ့သည်ဟု သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်က မန္တလေး မြို့၊ အောင်ပင် လယ်ကွင်းတွင် ဟောပြောခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ပုဒ်မ(၄၃၆) ပြင်ဆင်ရေး ဟောပြော ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဖွဲ့စည်းပုံပြင်ကာ အမှန်တရားကိုရင်ဆိုင်ဖို့ စိန်ခေါ်ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်နှင့်အညီ လွှတ်တော်ဥက္ကဌ၏ ရှေ့မှောက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃(က) အရ ပုံစံ(က) ဖြင့် ကိုယ်တိုင်ရေးထိုး လျှောက်ထား သည့် လျှောက်လွှာတွင် ဥပဒေ ပုဒ်မ(၆) ပါ ပြဌာန်းချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံ ဇယား ၄ ပါအတိုင်း ကတိသစ္စာပြုထားသူလည်းဖြစ်ပါသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို

ပါတီများ ခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးခွင့်မရှိ

နိုင်ငံရေးပါတီများခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးနေသည်ဟု ယူဆပါက မည်သည့် ပါတီကိုမဆို သက်ဆိုင်ရာခွင့်ပြုချက်ပေးသည့် အာဏာပိုင်အဖွဲ့အစည်းများသို့ တိုင်ကြားနိုင် သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမကို ပြောသည်။
နိုင်ငံရေးပါတီများသည် စည်းရုံးရေးလုပ်ငန်းများကို အချိန်မရွေးဆောင်ရွက်ခွင့်ရှိပြီး ပါတီရုံးများတွင် လုပ် ဆောင်သည့် စည်းရုံးရေးကိုခွင့်ပြုချက်မယူဘဲ ပြုလုပ်နိုင်သော်လည်း ရုံးပြင်ပတွင် လူစုလူဝေဖြင့် ဆောင် ရွက်ပါက တည်ဆဲငြိမ်း၊စု၊စီ ဥပဒေအရသာ ဆောင်ရွက်ရမည် ဟု ဆိုသည်။
“ခွင့်ပြုချက်မှာပါတဲ့အတိုင်း မဟုတ်ဘဲ ကျော်လွန်ပြီး မဲဆွယ်တာပဲ ဖြစ်ဖြစ်၊ ဟောပြောတာပဲဖြစ်ဖြစ် ရှိတယ် ဆိုရင် မကျေနပ်တဲ့သူကတိုင်ရမယ်။ တိုင်မှ သက်ဆိုင်ရာကလည်း အရေးယူမယ်။ ကော်မရှင်ကလည်း အာဏာပိုင်က အကြောင်းကြားတော့မှ ပါတီတွေကို ပြန်သုံးသပ်တာ၊ ပါတီအဖြစ်က ပယ်ဖျက်တာတို့

ဝရမ်းပြေးသွားဖမ်းသည့် ကိစ္စနှင့်ပတ်သက်၍ ရဲကင်းစခန်းအားမီးရှို့ဖျက်စီးခံရပြီး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ၀ိုင်း ၀န်းရိုက်နှက်ခံရ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ဗန်မောက်မြို့၏ အနောက်မြောက်ဘက် မိုင်(၆၀) ခန့်ရှိ ခေါရော ကျေးရွာတွင် မေလ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ၀ရမ်းအတည်ပြုရန် တာဝန်ထမ်းဆောင်လျက်ရှိ သော ရဲတပ်ဖွဲ့ဝင်နှစ်ဦး ၀ိုင်းဝန်းရိုက်ခံရပြီး ဆိုင်ကယ်များ မီးရှို့ဖျက်စီးခံလိုက်ရကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးထံမှ သိရသည်။

ဗန်းမောက်မြို့နယ် တရားရုံး၏ အမှုအမှတ် ၁၂/ ၂၀၁၄၊ မူးယစ်ပုဒ်မ ၁၅/ ၁၆(ဂ)အမှုမှ ထွက်ပြေးတိမ်း ရှောင်နေသူ ကိုခင်မောင်ဝင်း အသက်(၃၂)နှစ်၊ဆိုသူအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/၈၈ အရ ၀ရမ်းအတည်ပြုရန် ကိုယ်ပိုင်အမှတ် လ/၂၀၅၈၆၇ ရဲတပ်သား ကျော်မိုး ဆိုသူနှင့် ကိုယ်ပိုင်အမှတ် လ/ ၁၉ ၂၀၇၁ ရဲတပ်သား ကျော်မောင်မောင် ဆိုသူတို့သည် ဆိုင်ကယ်နှစ်စီးဖြင့် ဗန်းမောက်မြို့နယ်၊ ခေါရောကျေး ရွာသို့သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

ယောက္ခမနှင့်စကားများပြီး သမက်ဖြစ်သူက နေအိမ်မီးရှို့

အလုပ်မှပြန်လာသည့် အမျိုးသားတစ်ဦးသည် နေအိမ်အတွင်း ဆဲဆိုနေသည့် သမက်နှင့် စကားများရာ သမက်ဖြစ်သူက နေအိမ်ကို မီးရှို့သည့် ဖြစ်စဉ်တစ်ခု မေ ၂၄ ရက်၊ ည ၇ နာရီခွဲအချိန်က မှော်ဘီမြို့နယ် အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ မှော်ဘီမြို့နယ်၊ မြို့ချောင်း ကျေးရွာတွင် နေထိုင်သည့် ဦးမြင့်သိန်း(၅၇) နှစ်သည် အလုပ်မှ နေ အိမ်သို့ ပြန်လာစဉ် ၎င်း၏သမီးဖြစ်သူကို ညစ်ညမ်းစွာဆဲဆိုနေသည့် သမက်ဖြစ်သူ ရဲထွဋ် (၂၅) နှစ်ကို သွားရောက်ထိန်းသိမ်းရာမှ စကားများခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။

အင်္ကျီပေးစရာရှိသည်ဟု ပြောဆိုပြီး အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်

သူငယ်ချင်း ဖြစ်သူမှ အင်္ကျီပေးစရာရှိသည်ဟု ပြောဆိုပြီးခေါ်သွားကာ အလိုမတူ ဘဲ သား
မယားအဖြစ် ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို  သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။

လက်ပံတောင်းတောင် ဒေသခံကျေးရွာ(၂၆)ရွာထဲတွင်တစ်ရွာအပါအ၀င် ဖြစ်သည့် ညောင်ပင်ကြီးကျေးရွာတွင် ယခုလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် မ.... ........(၁၇) နှစ်သည် ညောင်ပင်ကြီး ဆိပ်ကမ်းသို့ ဈေးဝယ်သွားနေစဉ်  လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ် နေသည့်  မောင်..............(၂၀) နှစ်သည်   အင်္ကျီလက်ဆောင်ပေးစရာ ရှိသည်ဟု  ပြောဆိုခေါ်ဆောင်လာခဲ့ပြီး လူသူကင်းမဲ့သည့် သပြေခြံ အရောက် တွင် အတင်း အဓမ္မ၀င်ရောက် လုံးထွေးခဲ့ပြီး မိနစ်(၂၀) ခန့် သားမယား အဖြစ် အလိုမတူဘဲပြုကျင့်ခဲ့ကြောင်း   ပထမသတင်းပေးချက် အရ သိရသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော် လက်မှတ်ရေးထိုးပွဲ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ် မြင်ကွင်း


စစ်တွေရှိ ဘင်္ဂါလီကျေးရွာတစ်ရွာတွင် လူသတ်မှုဖြစ်ပွား

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် မေလ ၂၅ ရက်နံနက်က လူသတ်မှုတစ် ခုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သည့်အမျိုးသားကို ဒေသခံရွာသားများ က ၀ိုင်းဝန်းရိုက်နှက်ရန် ကြိုးစား သောကြောင့် လုံထိန်းရဲတပ်ဖွဲ့မှ အဆိုပါအမျိုးသားအား ဖမ်းဆီးကာ စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘လင်မယားချင်းစကားများ ပြီး ယောက်ျားက မိန်းမကို ဓားနဲ့ ငါးချက် ဆင့်ထိုးသွားခဲ့တာ။ မိန်းမဘက်က အမျိုးတွေက ၀ိုင်းရိုက်မယ်ဆိုတဲ့ သတင်းကြားလို့ အမြန်သွား ဖမ်းပြီး  မြို့မရဲစခန်းကို  လွှဲပေး လိုက်တာပါ။ ကျန်တာတော့ ရဲစ ခန်းနဲ့ပဲဆိုင်ပါတော့တယ်’’ဟု စစ် တွေမြို့ရှိ ဘင်္ဂါလီကျေးရွာများ တွင် လုံခြုံရေးတာဝန်ယူထား သည် အမှတ် (၃၂) လုံခြုံရေးရဲ တပ်ဖွဲ့ခွဲ့မှရဲအရာရှိတစ်ဦးက ပြောသည်။

ဟိန္ဒားခဲမဖြူတူးဖော်ရေးသတ္တုတွင်း စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုများ အတွက် ဒေသခံများက တရားစွဲဆို ထားခြင်းကို ထားဝယ်တရားရုံးက လက်ခံ

ရန်ကုန်၊ မေ ၂၆ - ဟိန္ဒားခဲမဖြူ တူးဖော်ရေးသတ္တုတွင်းစီမံကိန်းကြောင့် တနင်္သာရီ တိုင်းဒေသကြီး၊ မြောင်ပြို ကျေးရွာဒေသခံ များက ယင်းတို့၏ ပျက်စီးဆုံးရှုံး မှုများ အတွက် တရားစွဲဆို ထားခြင်းကို ထားဝယ်တရားရုံးက လက်ခံ လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပျက်စီးဆုံးရှုံးမှုများအ တွက် အမှတ်(၂)သတ္တုတွင်းဝန်ကြီး ဌာန၊ သတ္တုတွင်း လုပ်ငန်းနှင့် Myanmar Pongpipat Company Ltd.(MPCL) တို့ကို တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း မေ ၂၅ရက်တွင် ရန်ကုန် မြို့ရှိ၊ မြန်မာမီဒီယာ စာကြည့်တိုက် တွင်ကျင်းပခဲ့သည့် ယင်းနှင့်ပတ်သက် သော သတင်းစာရှင်းလင်း ပွဲမှ သိရ သည်။
အဆိုပါတရားစွဲဆိုမှုကို မေ၉ ရက် က တရားရုံးတင်ခြင်းဖြစ်ပြီး၊ တရားရုံးမှ မေ ၁၄ရက်တွင် လက်ခံပြီး၊ ၂၉ရက်တွင် တရားပြိုင် များကို ရုံးချိန်း ခေါ်ထားကြောင်း သိရသည်။ ထားဝယ်တရားရုံးမှ ဒေါ်တင် တင်သက် က ''တရားဥပဒေအရပေး ထားတဲ့ အခွင့်အရေးအရဒေသခံတွေ ရဲ့နစ်နာမှုတွေကို လျော်ကြေးရရှိရေး အတွက်ကူညီသွားမှာပါ။ သူတို့ရဲ့ ပျက်စီးဆုံးရှုံးတာတွေ အတွက် ဥပဒေ အရ နစ်နာကြေးပြန်တောင်းခွင့်သူတို့ မှာရှိနေလို့ပါ။ အခုတရားလိုအဖြစ် တောင်းဖို့ အကူအညီတောင်းထားတာ

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်း၍ ရဟန်းရှင်လူ ပြည်သူများ၏ အကြံပြုချက်များ ပေးပို့ရန် ဖိတ်ခေါ်

အကြံပြုချက်များ ဖိတ်ခေါ် ခြင်း
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်
၁။ ဘာသာ သာသနာနှင့် ဆက်စပ်၍ အကြံပြုပေးပို့လာသော ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရေး ကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေပြု လွှတ်တော်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ရေးဆွဲပြီး ပြဋ္ဌာန်းပေး သင့်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့မှု အပေါ်၊ သက်ဆိုင်ရာ ဆက်နွှယ်သော ဌာနအသီးသီး၏ အကြံပြုချက်များကိုရယူကာ အောက်တွင် ဖော်ပြထားသည့် ယှဉ်တွဲပါဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဥပဒေ (မူကြမ်း) များ ရေးဆွဲပြီးမှ လွှတ်တော်သို့ တင်သွင်းပါရန်နှင့် လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၉၈ နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား အမှန်တကယ် ရရှိရေးအတွက် အလေးထား စဉ်းစားသုံးသပ်၍ ­ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ပြန်ကြားခဲ့ပါသည်-
(က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ - သာသနာရေးဝန်ကြီးဌာန
(ခ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ - လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန

ပြန်ပေးဆွဲခံထားရသော ကျောင်းသူ ၂၀၀ ကျော်ရှိသည့် နေရာကို သိထားပြီဟု နိုင်ဂျီးရီးယားစစ်တပ်ပြော

Photo: ပြန်ပေးဆွဲခံထားရသော ကျောင်းသူ ၂၀၀ ကျော်ရှိသည့် နေရာကို သိထားပြီဟု နိုင်ဂျီးရီးယားစစ်တပ်ပြော
Tuesday, May 27, 2014

အဘူဂျာ- ဘိုကိုဟာရမ်စစ်သွေးကြွများ ဖမ်းဆီးခေါ်ဆောင်သွားသော ကျောင်းသူ ၂၀၀ ကျော် ရှိသည့် နေရာကို သိရပြီဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်အကြီးတန်းအရာရှိတစ်ဦးက မေလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

‘‘မိန်းကလေးတွေအတွက် သတင်းကောင်းကတော့ သူတို့ဘယ်မှာ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့တွေ သိထားပါတယ်။ ဒါပေမဲ့ ထုတ်မပြောနိုင်ပါဘူး’’ ဟု လေတပ်အကြီးအကဲ အဲလက်စ်ဘက်ဒါက သတင်းထောက်များအား ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်တွင် နိုင်ဂျီးရီးယားကျောင်းသူ ၂၀၀ ကျော် ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်၍ နိုင်ဂျီးရီးယားအစိုးရနှင့် စစ်တပ်မှာ အပြင်းအထန် ဝေဖန်ခံနေရပြီး နောက်ဆုံးတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်ပနိုင်ငံများ၏ အကူအညီကို ယူခဲ့ရသည်။
    
လေတပ်အကြီးအကဲက စစ်ရေးလျှို့ဝှက်ချက်အရ ကယ်ဆယ်ရေးလုပ်ငန်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားရန် ငြင်းပယ်ခဲ့ပြီး အစိုးရသည် ကျောင်းသူကလေးများ ပြန်လည်လွတ်မြောက်စေရန် ကြိုးပမ်းလျက်ရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

7 Day Daily

ဘိုကိုဟာရမ် စစ်သွေးကြွများကထုတ်ပြန်ခဲ့သော ဗီဒီယိုဖိုင်တွင် တွေ့ရသော ဖမ်းဆီးခံ ကျောင်းသူများ
အဘူဂျာ- ဘိုကိုဟာရမ်စစ်သွေးကြွများ ဖမ်းဆီးခေါ်ဆောင်သွားသော ကျောင်းသူ ၂၀၀ ကျော် ရှိသည့် နေရာကို သိရပြီဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်အကြီးတန်းအရာရှိတစ်ဦးက မေလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

‘‘မိန်းကလေးတွေအတွက် သတင်းကောင်းကတော့ သူတို့ဘယ်မှာ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့တွေ သိထားပါတယ်။ ဒါပေမဲ့ ထုတ်မပြောနိုင်ပါဘူး’’ ဟု လေတပ်အကြီးအကဲ အဲလက်စ်ဘက်ဒါက သတင်းထောက်များအား ပြောသည်။

KTV နှင့် Club များတွင် လုပ်ကိုင်သူများအတွက် အလုပ်ချိန် တရားဝင် သတ်မှတ်မည်

Photo: KTV နှင့် Club များတွင် လုပ်ကိုင်သူများအတွက် အလုပ်ချိန် တရားဝင် သတ်မှတ်မည်
Tuesday, May 27, 2014

တရားဝင် အလုပ်ချိန် သတ်မှတ်ပေးခြင်း မရှိသေးသည့် KTV နှင့် Club များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အလုပ်ချိန်များကို တရားဝင် သတ်မှတ်ပေးရန် ၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတွင် ယခင်က ထည့်သွင်းထားခြင်း မရှိသည့် ကာရာအိုကေခန်းမ (KTV)၊ Club များအပြင် ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် အလှပြုပြင်ရေးဆိုင်များ၊ မိတ္တူကူးခြင်းလုပ်ငန်း၊ ကုန်သွယ်ရေး အလုပ်ဌာနများ၊ ဗီဒီယိုပြသရေး၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် အဆင့်မြင့် ကိရိယာများကို ပြုလုပ်တပ်ဆင်ခြင်း စသည့် အလုပ်များကို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြဋ္ဌာန်းစဉ်က လုပ်ကိုင်နေကြသည့် လုပ်ငန်းများကိုသာ ယင်းဥပဒေတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ခေတ်နှင့် လျော်ညီခြင်း မရှိတော့သဖြင့် အလုပ်အကိုင် အမျိုးစားအသစ်များကို ထပ်တိုး ထည့်သွင်းခြင်း ဖြစ်ကြောင်း ဦးဝင်းရှိန်က ရှင်းပြသည်။

အလုပ်သမားများသည် တစ်ရက်အလုပ်ချိန် ရှစ်နာရီ လုပ်ကိုင်ရမည် ဖြစ်ပြီး ရက်သတ္တတစ်ပတ်လျှင် တစ်ရက်နားခွင့် ရမည်ဖြစ်ကြောင်း၊ အချိန်ပို ခိုင်းစေရာတွင်လည်း အလုပ်သမား သဘောတူမှသာ ခိုင်းစေရမည် ဖြစ်ပြီး ဆိုင်များတွင် တစ်ပတ်လျှင် အချိန်ပို ၁၂ နာရီသာ ခိုင်းစေခွင့် ရရှိမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

KTV ဆိုင် လုပ်ငန်းရှင် သူဌေးက နေစရိတ်၊ စားစရိတ်ငြိမ်းဖြင့် အကုန်စီစဉ်ပေးကြောင်း၊ အလုပ်ချိန်မှာ ဧည့်သည်ပေါ် မူတည်ကာ နံနက် ၉ နာရီခန့်မှ ည ၁၁ နာရီခန့်အထိ ဖြစ်ကြောင်း မန္တလေးမြို့ရှိ KTV ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်လျက် ရှိသည့် မြစ်ကြီးနားမှ အသက် ၂၂ ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။ 

“လခတော့ နည်းတယ်။ လေးသောင်းလောက်ပဲ ရတယ်။ One Section ဝင်မယ်ဆိုရင် အခန်းဝင်တဲ့သူက ကောင်မလေး ခေါ်ချင်ရင် spy တစ်လုံး မှာရတယ်။ ညီမတို့က ၅၀၀ ရတယ်။ ပြီးတော့ One Section ကို ၁၀၀၀ ရတယ်။ နာမည်ကြီး KTV တွေမှာ လုပ်နေတဲ့ ကောင်မလေးတွေက ရာခိုင်နှုန်းနဲ့ ရတယ်။ တချို့ဆိုင်တွေဆို ၁ သောင်းကို ၁၀၀၀ ပြန်ပေးတယ်” ဟု ကချင်တိုင်းရင်းသူလည်း ဖြစ်သူ ၎င်းကဆိုသည်။

အလုပ်ခိုင်းစေရာတွင် အသက်အနည်းဆုံး ၁၃ နှစ် ပြည့်ပြီးသူများကိုသာ ခိုင်းစေခွင့် ရှိကာ ၎င်းတို့ကို ခိုင်းစေရာတွင် ဆရာဝန်၏ ဆေးထောက်ခံချက်ဖြင့် ခိုင်းစေခွင့် ရရှိမည်ဖြစ်ပြီး အလုပ်သမားများကို လစာ ထုတ်ပေးရာတွင်လည်း လဆန်း ၇ ရက်နေ့ထက် နောက်မကျဘဲ ထုတ်ပေးရမည် ဆိုသည့် အချက်များလည်း ထည့်သွင်းထားကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်ရန် ၂၀၁၂ ခုနှစ်မှ စတင်ကာ အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ ILO ကိုယ်စားလှယ်များနှင့်ပါ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

ွှ့The Voice 
 တရားဝင် အလုပ်ချိန် သတ်မှတ်ပေးခြင်း မရှိသေးသည့် KTV နှင့် Club များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အလုပ်ချိန်များကို တရားဝင် သတ်မှတ်ပေးရန် ၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတွင် ယခင်က ထည့်သွင်းထားခြင်း မရှိသည့် ကာရာအိုကေခန်းမ (KTV)၊ Club များအပြင် ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် အလှပြုပြင်ရေးဆိုင်များ၊ မိတ္တူကူးခြင်းလုပ်ငန်း၊ ကုန်သွယ်ရေး အလုပ်ဌာနများ၊ ဗီဒီယိုပြသရေး၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် အဆင့်မြင့်

အမြန်လမ်းပေါ်၌ခရီးသည်တင်ယာဉ်များကို ရက်အကန့်သတ်မရှိစစ်ဆေး

Photo: အမြန်လမ်းပေါ်၌ခရီးသည်တင်ယာဉ်များကို ရက်အကန့်သတ်မရှိစစ်ဆေး
Tuesday, May 27, 2014

အမြန်လမ်းပေါ်၌ အဝေးပြေး ခရီးသည်တင်ယာဉ်များကိုယခုလ ၂၄ ရက်မှစတင်ကာ ရက်အကန့် အသတ်မရှိစစ်ဆေးအရေးယူမှုများ
ပြုလုပ်နေကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ စစ်ဆေးရာတွင် ပါဝင်သူတစ်ဦးကပြောသည်။
ယခုအခါ ပညာပေးကာလပြီး ဆုံးသွားပြီဖြစ်၍ဖမ်းဆီးအရေးယူမှု ကာလကို စတင်နေပြီဖြစ်သည်။

''အမြန်လမ်းပေါ်မှာ ယာဉ် မတော်တဆမှုတွေ လျော့နည်း ပပျောက်ဖို့အတွက်ကတော့ ခုလို စစ်ဆေးမှုတွေရော၊ တခြားလမ်း ပိုင်းပြုပြင်တာတွေရော နည်းမျိုး စုံနဲ့ အရှိန်အဟုန်မြှင့်လုပ်ဆောင် သွားကြဖို့ကတော့ အများကြီးရှိပါ တယ်''ဟု နေပြည်တော် ကညနမှ ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်က ပြောသည်။
အဆိုပါ အဝေးပြေးခရီးသည် ယာဉ်များကို စစ်ဆေးရာတွင် သက်တမ်းရှိ မော်တော်ယာဉ် သက်သေခံလက်မှတ်တင်ပြနိုင်မှု၊ ယာဉ်၏အစိတ်အပိုင်းများ ကောင်း မွန်စွာအလုပ်လုပ် သုံးစွဲနိုင်မှု၊ ယာဉ်၏ကိုယ်ထည်ကြံ့ခိုင်ကောင်း မွန်မှု၊ တာယာများကောင်းမွန် ကြံ့ခိုင်မှု၊ သတ်မှတ်လူစီးထိုင်ခုံ အရေအတွက်ထက်ပိုမိုတင်ဆောင် မှု၊ ခရီးသည်အရေအတွက်နှင့် ကုန်ပစ္စည်းတင်ဆောင်မှုနှင့် သတ် မှတ်ချက်များကိုက်ညီမှု၊ သတ်မှတ် ထားသည့်အတိုင်း မီးသတ်ဆေး ဘူးများတပ်ဆင်ထားမှု၊ အရေး ပေါ်ထွက်ပေါက်ပါရှိပြီး အသုံးပြု နိုင်မှု၊ မိုးရွာသည့်အခါ ရေသုတ်တံ များကောင်းမွန်စွာအသုံးပြုနိုင်မှု၊ သတ်မှတ်ရောင်ပြန်ပြားများ တပ် ဆင်ထားမှု၊ ယာဉ်ရပ်နားစဉ်တွင် အသုံးပြုသည့်တြိဂံရောင်ပြန်နှင့် အရေးပေါ်အချိန်တွင် အသုံးပြု နိုင်ရန်မှန်ခွဲသည့် တူ၊ ပုဆိန် စသည်တို့ ပြည့်စုံစွာရှိမရှိ တို့ကို စစ်ဆေးခဲ့သည်။

ထို့အပြင် ယာဉ်မောင်းကိုစစ် ဆေးရာတွင်လည်း(၁) သက်တမ်း ရှိ'င'ယာဉ်မောင်းလိုင်စင် (၂)အရန် ယာဉ်မောင်း (၃) ယာဉ်နောက် လိုက်/ယာဉ်အကူ(၄) ယာဉ်နောက် လိုက်/ယာဉ်အကူတွင်သက်တမ်း ရှိ ယာဉ်နောက်လိုက်လက်မှတ် (၅) သတ်မှတ်ထားသည့်သက်တမ်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင် စင် (၆)ယာဉ်မောင်းများ အရက် သေစာသောက်စားထားမှု၊ မူးယစ် ဆေးဝါးသုံးစွဲထားမှု၊ (၇) အသက် ကယ်ထိုင်ခုံခါးပတ်များ တပ်ဆင် ထားရှိရန်နှင့် ခရီးမထွက်ခွာမီ ခါး ပတ်ပတ်ပြီးဖြစ်စေရန်နှင့် ယာဉ် အတွက်တာဝန်ရှိသူများက ဆောင် ရွက်ထားမှုရှိမရှိ တို့ကိုစစ်ဆေး ခဲ့ကြသည်။

လက်ရှိတွင်စစ်ဆေးမှုများအရ သတ်မှတ်ချက်များနှင့် မကိုက်ညီ သဖြင့် ဂိတ်သို့ပြန်လှည့်ခိုင်းပြီးခရီး သည်များကို ကားပြောင်းစီစဉ်ပေး ရမှုများရှိနေကြောင်းသိရသည်။

The Union Daily 
အမြန်လမ်းပေါ်၌ အဝေးပြေး ခရီးသည်တင်ယာဉ်များကိုယခုလ ၂၄ ရက်မှစတင်ကာ ရက်အကန့် အသတ်မရှိစစ်ဆေးအရေးယူမှုများ
ပြုလုပ်နေကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ စစ်ဆေးရာတွင် ပါဝင်သူတစ်ဦးကပြောသည်။
ယခုအခါ ပညာပေးကာလပြီး ဆုံးသွားပြီဖြစ်၍ဖမ်းဆီးအရေးယူမှု ကာလကို စတင်နေပြီဖြစ်သည်။

''အမြန်လမ်းပေါ်မှာ ယာဉ် မတော်တဆမှုတွေ လျော့နည်း ပပျောက်ဖို့အတွက်ကတော့ ခုလို စစ်ဆေးမှုတွေရော၊ တခြားလမ်း ပိုင်းပြုပြင်တာတွေရော နည်းမျိုး စုံနဲ့ အရှိန်အဟုန်မြှင့်လုပ်ဆောင် သွားကြဖို့ကတော့ အများကြီးရှိပါ တယ်''ဟု နေပြည်တော် ကညနမှ ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်က ပြောသည်။

ယင်းလပ်ကို ဖမ်းဆီးထားဆဲဟု ထိုင်းဒုတိယ ဗိုလ်ချုပ်ကြီး ပြောကြား

Photo: ယင်းလပ်ကို ဖမ်းဆီးထားဆဲဟု ထိုင်းဒုတိယ ဗိုလ်ချုပ်ကြီး ပြောကြား

ဘန်ကောက်၊ မေ ၂၆

ထိုင်းစစ်တပ်က သောကြာနေ့က ဖမ်းဆီးထားသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဖမ်းဆီးထားဆဲပင် ဖြစ်ကြောင်း ထိုင်း ဒု-ဗိုလ်ချုပ်ကြီး တစ်ဦးက တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။

ထိုင်းတွင် စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် ယင်းလပ်နှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင်များ အပါအဝင် လူ ၂၀၀ ခန့်ကို စစ်တပ်သို့ သတင်းပို့ကြရန် အမိန့်ထုတ်ခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို သောကြာနေ့က ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လွှတ်ပေးလိုက်ပြီဟု ထိုင်းစစ်တပ် အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ သတင်းထွက်ပေါ်ခဲ့သော်လည်း တနင်္လာနေ့က ထိုင်းအလယ်ပိုင်းစစ်တပ် တပ်မှုး ဒု-ဗိုလ်ချုပ်ကြီး Thirachai Nakwanich က ယင်းလပ်မှာ စစ်တပ်ထိန်းချုပ်မှု အောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းလပ်ကို မည်သည့် နေရာတွင် ထားရှိသည် ဆိုသည်ကိုမူ ၎င်းက ပြောကြားရန် ငြင်းဆန်ခဲ့သည်။

“ယင်းလပ်ကို ကျွန်တော်တို့ စောင့်ရှောက်ထားပါတယ်။ ယင်းလပ်အနေနဲ့ သူကြိုက်တဲ့ နေရာမှာ နေနိုင်ပါတယ်” ဟု ထိုင်း ဒု-ဗိုလ်ချုပ်ကြီး Thirachai က ပြောကြားသည်။

မေလ ၂၂ ရက်နေ့က အာဏာသိမ်းခဲ့သော ထိုင်းစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာသည် တနင်္လာနေ့ နံနက်ပိုင်းက ထိုင်းဘုရင်၏ တရားဝင် ထောက်ခံမှုကို ရရှိခဲ့ပြီ ဖြစ်သည်။

ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးမည် ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။
ထိုင်းစစ်တပ်က သောကြာနေ့က ဖမ်းဆီးထားသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဖမ်းဆီးထားဆဲပင် ဖြစ်ကြောင်း ထိုင်း ဒု-ဗိုလ်ချုပ်ကြီး တစ်ဦးက တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။

ထိုင်းတွင် စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် ယင်းလပ်နှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင်များ အပါအဝင် လူ ၂၀၀ ခန့်ကို စစ်တပ်သို့ သတင်းပို့ကြရန် အမိန့်ထုတ်ခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား

Photo: ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား
Tuesday, May 27, 2014

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရုံးတွင် ကောင်စစ်ဝန်နှင့် မန္တလေး မီဒီယာများ တွေ့ဆုံစဉ် မီဒီယာများက တရုတ်နိုင်ငံ အနေနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ရှိမရှိ မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြား သွားခြင်း ဖြစ်သည်။

မြန်မာအစိုးရနှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မည့် China Power Investment (CPI) ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်း စာချုပ်ကို ရပ်ဆိုင်းခြင်း၊ မရပ်ဆိုင်းခြင်း ကိစ္စများသည် ယင်းကုမ္ပဏီကသာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး နှစ်ဖက်အစိုးရက ဆက်လက် အကောင်အထည်ဖော်ရန် သဘောတူညီမှု မရလျှင် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းနိုင်ကြောင်း တရုတ်ကောင်စစ် ဝန်ချုပ်က ပြတ်သားစွာ ပြောဆိုသည်။
“ဒီစီမံကိန်းကို ကန့်ကွက်နေတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှာ စိုးတဲ့အတွက် ကန့်ကွက်နေတာလို့ သိထားတယ်။ ဒီစီမံကိန်း အကောင်အထည် ဖော်နိုင်ရင် အနည်းဆုံး မန္တလေးမှာ မီးမပျက်တော့ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက မြစ်ဆုံ ဝန်းကျင်တွင် ရေလွှမ်းဧရိယာ ကျယ်ပြန့်သွားမည် ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်နှင့် အဏုဇီဝများ ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကချင်ဒေသ တစ်ခုလုံး ထိခိုက် ပျက်စီးသွားနိုင်ပြီး ဧရာဝတီ မြစ်ရိုးတစ်လျှောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြော ကြားသည်။

“ဒီစာချုပ်ကို အစိုးရနှစ်ဖက်က သဘောမတူလို့ အပြီးတိုင် ဖျက်သိမ်းလို့သာ ရတယ်ဆိုရင် ဒါဟာ မင်္ဂလာသတင်းပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းသွားဖို့သာ အဓိကပါ” ဟု မန္တလေးမြို့အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တက်ရောက်လာသည့် အရပ်သားအစိုးရက ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည် မဖော်လိုရေး ကန့်ကွက်ဆန္ဒပြမှုများကို တရားဝင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က မေလ ၂၂ ရက်နေ့တွင် ပြောကြားထားသည်။

The Voice Weekly 
 တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး၌ ခရီးသွား ပြည်သူများ ဘေး အန္တရာယ် လျော့ပါး စေရေး အတွက် ကြိုတင် ကာကွယ် စစ်ဆေး မှုများ ဆောင်ရွက်

Photo: ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး၌ ခရီးသွား ပြည်သူများ ဘေး အန္တရာယ် လျော့ပါး စေရေး အတွက် ကြိုတင် ကာကွယ် စစ်ဆေး မှုများ ဆောင်ရွက်
Tuesday, May 27, 2014

၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ အမြန် လမ်းမကြီး တစ်လျှောက် နေ့စဉ် ယာဉ်စီးရေ ၁၂ဝဝဝကျော်ခန့် ဖြတ်သန်း သွားလာလျက်ရှိရာ ယာဉ်မတော်တဆမှု များလည်း များပြား လာသည်။ ၁- ၁- ၂ဝ၁၄ ရက်မှ ၂၄- ၅- ၂ဝ၁၄ ရက်အထိ အမြန် လမ်းမကြီး တစ်လျှောက် ယာဉ်မတော် တဆမှု ၁၉၇မှု ဖြစ်ပွားခဲ့ပြီး ၈၇ဦး သေဆုံးကာ ၄ဝဝ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်များ လျော့နည်းကျ ဆင်းစေရေး အတွက် ကြိုတင် ကာကွယ်ခြင်း အဖြစ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ရန်ကုန်တိုင်း ဒေသကြီး အပိုင်းတွင် အမှတ်(၃) လမ်းဆုံ တိုးဂိတ်မှလည်းကောင်း၊ နေပြည်တော် ကောင်စီ ဧရိယာတွင် နေပြည်တော် တိုးဂိတ်မှ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အပိုင်းတွင် စကားအင်းတိုး ဂိတ်မှ လည်းကောင်း၊ အမြန်လမ်း ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ စသည့် ပူးပေါင်း အဖွဲ့များဖြင့် ယာဉ်မောင်း လိုင်စင် စစ်ဆေးခြင်း၊ အရက်သောက်စား မူးယစ် မောင်း နှင်မှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ယာဉ်လိုင်စင်၊ လုပ်ငန်းလိုင်စင်များ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး ပါ/မပါ စစ်ဆေးခြင်း တို့အား နေ့စဉ် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်မောင်းလိုင်စင် မရှိသူ၊ သတ်မှတ် ယာဉ်မောင်းလိုင်စင် မဟုတ်ဘဲ မောင်းနှင်သူ၊ ယာဉ်မောင်းလိုင်စင် အတုဖြင့် မောင်းနှင်သူ၊ ယာဉ် နောက်လိုက် လိုင်စင်မရှိသူ၊ အရက်သေစာ သောက်စား မောင်းနှင်သူ များအား စစ်ဆေးတွေ့ရှိ ခဲ့သဖြင့်၎င်းတို့အား မော်တော်ယာဉ် ဥပဒေ၊ နည်း ဥပဒေများဖြင့် စစ်ဆေး အရေးယူခဲ့သည့် အပြင် ယာဉ်မောင်းလိုင်စင် အတု ကိုင်ဆောင်သူနှင့် အများပြည်သူအား အန္တရာယ် ဖြစ်လောက်အောင် အရက်သေစာ သောက် စား မောင်းနှင်သူ ယာဉ်မောင်းများအား ပြစ်မှုဆိုင်ရာ ဥပဒေဖြင့်ပါ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ခရီးသွား လုပ်သား ပြည်သူများအား ဘေးအန္တရာယ် လျော့ပါးစေရေး အတွက် ကြိုတင်ကာကွယ် စစ်ဆေးမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ သောကြောင့် မေ ၂၁ရက် မှစ၍ မေ ၂၆ရက်အထိ ယာဉ်မတော်တဆ မှုဖြစ်စဉ် များ လျော့ နည်း ကျဆင်း ခဲ့ပြီးဖြစ်ရာ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း မရှိသည့် ရက်များ ပင်ရှိ လာကြောင်း၊ စိစစ်တွေ့ရှိရသည့် ယာဉ်မောင်းများ/ ယာဉ်လိုင်းများ/ တာဝန်ရှိသူများ အနေဖြင့် ယခုလက်ရှိ အခြေအနေအား ဆက်လက် ထိန်းသိမ်း ကြပ် မတ် ဆောင်ရွက် သွားနိုင်ပါရန် အမြန်လမ်း ရဲတပ်ဖွဲ့မှ နှိုးဆော် တိုက်တွန်း ထားကြောင်း သတင်းရရှိသည်။

မြ၀တီ
၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ အမြန် လမ်းမကြီး တစ်လျှောက် နေ့စဉ် ယာဉ်စီးရေ ၁၂ဝဝဝကျော်ခန့် ဖြတ်သန်း သွားလာလျက်ရှိရာ ယာဉ်မတော်တဆမှု များလည်း များပြား လာသည်။ ၁- ၁- ၂ဝ၁၄ ရက်မှ ၂၄- ၅- ၂ဝ၁၄ ရက်အထိ အမြန် လမ်းမကြီး တစ်လျှောက် ယာဉ်မတော် တဆမှု ၁၉၇မှု ဖြစ်ပွားခဲ့ပြီး ၈၇ဦး သေဆုံးကာ ၄ဝဝ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်များ လျော့နည်းကျ ဆင်းစေရေး အတွက် ကြိုတင် ကာကွယ်ခြင်း အဖြစ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ရန်ကုန်တိုင်း ဒေသကြီး အပိုင်းတွင် အမှတ်(၃) လမ်းဆုံ တိုးဂိတ်မှလည်းကောင်း၊ နေပြည်တော် ကောင်စီ ဧရိယာတွင် နေပြည်တော် တိုးဂိတ်မှ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အပိုင်းတွင် စကားအင်းတိုး ဂိတ်မှ လည်းကောင်း၊ အမြန်လမ်း ရဲတပ်ဖွဲ့၊

ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဘုရင်အတည်ပြုချက်ရယူ

Photo: ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဘုရင်အတည်ပြုချက်ရယူ
Tuesday, May 27, 2014

ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က တိုင်းပြည်ကို စီမံခန့်ခွဲမယ့် စစ်ကောင်စီ အကြီးအကဲ ရာထူးကို ဘုရင့်ရဲ့ တရားဝင် ထောက်ခံမှုနဲ့ ရယူခဲ့တာလို့ ပြောလိုက်ပါတယ်။

"ကျေးဇူးပြုပြီး စိတ်အေးအေး ထားကြပါ။ ဒါဟာ စစ်တပ်ကောင်းစားဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ထိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာ နဲ့ အကျိုးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လိုမှ ၀င်မပါလို့ မဖြစ်လို့ပါ။ တိုက်ခိုက်မှုတွေ ရပ်ပြီး စေ့စပ်ညှိနှိုင်း အဖြေရှာရေး လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။" လို့ ဗိုလ်ချုပ်ကြီး Prayuth Chan –ocha ပြောသွားတာပါ။

နိုင်ငံရေး ဆန္ဒပြပွဲတွေ နောက်တကြိမ် ပြန်ပြီး ထကြွလာရင် အင်အားသုံးဖို့ကလွဲလို့ တခြား ရွေးစရာမရှိဘူးလို့လည်း ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ပြောပါတယ်။ တနင်္ဂနွေနေ့က နိုင်ငံတ၀ှမ်းမှာ ဆန္ဒပြသူတွေနဲ့ စစ်တပ်ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် မစ္စတာ ပရာရွတ်က ခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ထိန်းသိမ်းခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်န၀ပ်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိမရှိ ဆိုတာကိုတော့ အခုချိန်ထိ အတိအကျမသိရသေးပါဘူး။ အလားတူ အတိုက်အခံခေါင်းဆောင် ဆူသက်ပ် သောင်ဆူဘန်ကိုလည်း အမာခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။

မစ္စတာ ပရာရွတ် ၀န်ကြီးချုပ်အဖြစ် ကြေညာခဲ့ပြီး နောက်တနေ့ စနေနေ့မှာ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အမတ်တချို့ ပါဝင်တဲ့ လွှတ်တော်ကိုလည်း စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ ရွေးကောက်ပွဲတွေ အတတ်နိုင်ဆုံး အမြန်ဆုံး ကျင်းပပေးသွားမယ်လို့ မစ္စတာ ပရာရွတ် က ပြောခဲ့ပေမယ့် ဘယ်တော့လဲ ဆိုတာကိုတော့ သူက ပြောမသွားခဲ့ပါဘူး။ တိုင်းပြည် အာဏာသိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို နိုင်ငံတကာကတော့ ပြစ်တင်ဝေဖန်နေကြပါတယ်။

ကြေးမုံသတင်းစာ
ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က တိုင်းပြည်ကို စီမံခန့်ခွဲမယ့် စစ်ကောင်စီ အကြီးအကဲ ရာထူးကို ဘုရင့်ရဲ့ တရားဝင် ထောက်ခံမှုနဲ့ ရယူခဲ့တာလို့ ပြော လိုက်ပါတယ်။

"ကျေးဇူးပြုပြီး စိတ်အေးအေး ထားကြပါ။ ဒါဟာ စစ်တပ်ကောင်းစားဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ထိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာ နဲ့ အကျိုးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လိုမှ ၀င်မပါလို့ မဖြစ်လို့ပါ။ တိုက်ခိုက်မှုတွေ ရပ်ပြီး စေ့စပ်ညှိနှိုင်း အဖြေရှာရေး လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။" လို့

အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှု ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကော်မရှင် သတိပေး

အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများတွင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်သည့် ဟောပြောမှုများကို သတိထားရန် အသိပေးစာ တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူကာ ပေးပို့ထားကြောင်း ယင်းကော်မရှင်က အတည်ပြု ပြောကြားသည်။
မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယင်းအသိပေးစာကို NLD ပါတီထံ ပေးပို့ခဲပြီး အခြေခံဥပဒေပြင်ဆင်ရေး ရှင်းလင်း ဆွေးနွေးရာတွင် အခြေခံဥပဒေကို လေးစား

မိုးသီးဇွန်နှင့် မိုးဟိန်းကိုသာ ရွေးပြီးနှင်ထုတ်ခြင်းမဟုတ်ဟု လ၀ကပြော

ဦးမိုးသီးဇွန်၊ ဦးမိုးဟိန်း အပါအ၀င် သက်တမ်းလွန်နေ ထိုင်သည့် နိုင်ငံခြားသားမည်သူ ကိုမဆို ပြည်တွင်းမှ ထွက်ခွာရန် လ၀ကဥပဒေအရ အကြောင်း ကြားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းကို ဦးတည် ရွေးချယ်နှင်ထုတ်ခြင်းမျိုး မပြု လုပ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးလူဝင်မှုကြီးကြပ်ရေးညွှန် ကြားရေးမှူးကပြောကြားသည်။

‘‘နေထိုင်ခွင့်တစ်ရက်ကျော် တာနဲ့ သုံးဒေါ်လာကောက်တာ မှန်တယ်။ သို့သော်ဒါက သုံးဒေါ် လာပေးပြီး နေလို့ရတဲ့ သဘော မဟုတ်ပါဘူး။ ဘယ်နိုင်ငံမဆို လူဝင်မှုကြီးကြပ်ရေးဥပဒေတင်း ကျပ်ပါတယ်။ နိုင်ငံတကာက လည်း အိုဗာစတေးဆိုရင်တစ် ရက်တောင် လက်မခံပါဘူး။ အို ဗာစတေးဖြစ်တာနဲ့ လ၀ကဥပဒေ တစ်ခုမဟုတ်တစ်ခုနဲ့ အရေးယူ လို့ရပါတယ်။ ကိုမိုးသီးဇွန်နဲ့ ကို

စိုင်းစိုင်းခမ်းလှိုင်ရဲ့ နိုင်ငံရေး

Photo: စိုင်းစိုင်းခမ်းလှိုင်ရဲ့ နိုင်ငံရေး
Tuesday, May 27, 2014

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ နိုင်ငံရေးအကြောင်းကို တနင်္လာနေ့မနက်က အွန်လိုင်းမှာ ရေးထားပါတယ်။
သူ့ရဲ့ဖေ့စ်ဘုတ်မှာ ကဗျာဆန်ဆန် ရေးထားတာပါ။
သူ ဘာတွေ လုပ်ကိုင်နေတယ်ဆိုတာကို အဲဒီမှာ တွေ့ရပါလိမ့်မယ်။
တင်ပြီး တနာရီအတွင်း မှတ်ချက်ပေးသူ တရာကျော်သွားပါတယ်။ မှတ်ချက်ပေးသူ အများစုက အမျိုးသမီးပရိသတ်ပါ။ ပရိသတ်တယောက် မှတ်ချက်ပေးထားတာက ... နိင်ငံေ၇းလုပ်ဖို့အဆွယ်ခံနေရပြီလား တဲ့။
သူ့ facebook https://www.facebook.com/saisai.frenzo မှာ သူ ရေးထားတာတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ကျနော်
သာမန် ပြည်သူတစ်ယောက်ဖြစ်ပါသည်
အနုပညာလုပ်ပါသည်
ဖျော်ဖြေရေးလုပ်ငန်းတစ်ခုပိုင်ဆိုင်ပါသည်
ဝန်ထမ်းအနည်းငယ်ကို အလုပ်ပေးထားနိုင်ပါသည်
၎င်းတို့၏ ကိစ္စ္စအဝဝကို တာဝန်ယူနိုင်ရန် ကြိုးပမ်းပါသည်
လောလောဆယ်အထိတော့ ကျနော့်ဦးနှောက်ခပ်သေးသေးက ဒီလောက်ပဲတတ်နိုင်ပါသေးသည်
မနိုင်ဝန် မထမ်းလိုပါ
ကျွမ်းကျင်ရာသာ လိမ္မာပါသည်
ဒါသည်ပင် ကျနော်၏နိုင်ငံရေးဖြစ်ပါသည်

ဧရာဝတီ
အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ နိုင်ငံရေးအကြောင်းကို တနင်္လာနေ့မနက်က အွန်လိုင်းမှာ ရေးထားပါတယ်။
သူ့ရဲ့ဖေ့စ်ဘုတ်မှာ ကဗျာဆန်ဆန် ရေးထားတာပါ။
သူ ဘာတွေ လုပ်ကိုင်နေတယ်ဆိုတာကို အဲဒီမှာ တွေ့ရပါလိမ့်မယ်။
တင်ပြီး တနာရီအတွင်း မှတ်ချက်ပေးသူ တရာကျော်သွားပါတယ်။ မှတ်ချက်ပေးသူ အများစုက

အာဖဂန်နစ္စတန်မှာ အိုဘားမား ဘာတွေ ပြောခဲ့သလဲ

Photo: အာဖဂန်နစ္စတန်မှာ အိုဘားမား ဘာတွေ ပြောခဲ့သလဲ
Tuesday, May 27, 2014

အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ ရုတ်တရက်ပဲ အန္တရာယ်များတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို သွားပြီး စစ်မှုထမ်းနေတဲ့ သူတွေကိုတွေ့စဉ် ဘာတွေ ပြောခဲ့သလဲ ဆိုတာ အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ ဗွီဒီယို ဖိုင်ပါ။

၎ နာရီကြာ အာဖဂန် နစ္စတန်နိုင်ငံခရီးစဉ်အတွင်း Bagram လေတပ်စခန်းကို တနင်္ဂနွေနေ့က သွားရောက်ခဲ့တဲ့ အိုဘားမားဟာ မေလ ၂၆ ရက် တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day အတွက် သွားရောကာ စစ်မှုထမ်းနေ သူတွေကို ဂုဏ်ပြုစကားပြောခဲ့တာပါ။
စစ်ပွဲတွေ အတွင်း တိုင်းပြည်အတွက် အသက်ပေးသွားကြသူ စစ်သား၊ စစ်သမီးတွေကို အောက်မေ့ဂုဏ်ပြုပွဲကို Memorial Day လို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

အမေရိကန်စစ်မှုထမ်းတွေနဲ့ တွေ့ဆုံစဉ် သမ္မတ အိုဘားမားက တပ်မှူးတွေနဲ့ စစ်သား၊ စစ်သမီးတွေကို အမေရိကန်ပြည်ထောင်စုကို ကယ်တင်နိုင်ခဲ့သူတွေအဖြစ် ချီးမွမ်းဂုဏ်ပြုပါတယ်။
“ခင်ဗျားတို့ဟာ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မယ့်ရန်သူတွေရဲ့ အန္တရာယ်တွေကနေ အကာကွယ်ပေး ခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်" လို့ အိုဘားမားက ပြောပါတယ်။
အာဖဂန်နစ္စတန် စစ်မြေပြင်ကနေ အမေရိကန်တပ်တွေကို အခု ၂၀၁၄ ခုနှစ်ကုန်မှာ အဆုံးသတ်မှာဖြစ်ပြီး အမေရိကန်စစ်သားတွေလည်း ဒီနယ်မြေကနေ ဆုတ်ခွာပေးကြရမှာဖြစ်တယ်လို့ ပြောပါတယ်။
အာဖဂန်မှာ ရှိတဲ့ အမေရိကန်စစ်မှုထမ်းတွေကြောင့် အယ်လ်ကိုင်ဒါးတွေလည်း ထွက်ပြေးနေကြရပြီး အာဖဂန် မှာ နိုင်ငံသားတွေက မဲပေးနိုင်တာကိုလည်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

အာဖဂန် ခေါင်းဆောင်တွေက လုံခြုံရေး အကြံဥာဏ်တွေ လိုအပ်လို့ တောင်းဆိုမယ်ဆိုရင်တော့ ၂၀၁၄ ခုနှစ် 
နှစ်ကုန်သွားပေမယ့်နောက်ပိုင်း တပ်ဖွဲ့ အနည်းငယ်လောက်တော့ ဆက်နေဖို့ ရှိကောင်း ရှိနိုင်တယ်လို့ လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
သမ္မတ အိုဘားမားဟာ အာဖရန်နစ္စတန်ကို မကြေညာဘဲ ရုတ်တရက်လာလိုက်တာ မတိုင်ခင်မှာ တနေ့က လည်း ဝါရှင်တန်ဒီစီက လူတွေ အံ့သြသွားစေခဲ့ပါသေးတယ်။ မထင်မှတ်ပဲ အများသူငါကြားထဲ အိုဘားမားက လမ်းလျှောက်လာကာ နွေးနွေးထွေးထွေး နှုတ် ဆက်ပြော ဆိုမှုတွေကြောင့် တအံ့တသြဖြစ်ခဲ့ကြပါသေးတယ်။

အိမ့်သံစဉ် ~
ဧရာဝတီ Facebook / ဧရာဝတီ Twitter
အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ ရုတ်တရက်ပဲ အန္တရာယ်များတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို သွားပြီး စစ်မှုထမ်းနေတဲ့ သူတွေကိုတွေ့စဉ် ဘာတွေ ပြောခဲ့သလဲ ဆိုတာ အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ ဗွီဒီယို ဖိုင်ပါ။

၎ နာရီကြာ အာဖဂန် နစ္စတန်နိုင်ငံခရီးစဉ်အတွင်း Bagram လေတပ်စခန်းကို တနင်္ဂနွေနေ့က သွားရောက်ခဲ့တဲ့ အိုဘားမားဟာ မေလ ၂၆ ရက် တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day အတွက် သွားရောကာ စစ်မှုထမ်းနေ သူတွေကို ဂုဏ်ပြုစကားပြောခဲ့တာပါ။
စစ်ပွဲတွေ အတွင်း တိုင်းပြည်အတွက် အသက်ပေးသွားကြသူ စစ်သား၊ စစ်သမီးတွေကို အောက်မေ့ ဂုဏ်ပြုပွဲကို Memorial Day လို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

အမေရိကန်စစ်မှုထမ်းတွေနဲ့ တွေ့ဆုံစဉ် သမ္မတ အိုဘားမားက တပ်မှူးတွေနဲ့ စစ်သား၊ စစ်သမီးတွေကို

ရန်ကုန်မှာတွေ့ရမယ့် Hip Hop ပွဲကြီး နှစ်ခု

ရန်ကုန်က Hip Hop ပွဲ ကြည့်ချင်တဲ့ ပရိသတ်အတွက်ရော အဆိုတော်များအတွက်ပါ အခက်အခဲတခု ရှိနေပါတယ်။

အဲဒါကတော့ ရန်ကုန်မှာလုပ်မယ့် Hip Hop ပွဲကြီး နှစ်ခုက အချိန် သွားတိုက်ဆိုင်နေလို့ပါပဲ။
လာမယ့် စနေညနေ ၅း၀၀ ဝန်းကျင်။

တနေရာက ကန်တော်ကြီး မျှော်စင်ကျွန်း၊ နောက်တနေရာကတော့ ရန်ကုန်ပြည်သူ့လွှတ်တော်ဝန်းထဲက Myanmar Event Park ဆိုတဲ့ နေရာမှာပါ။
(MEP ဆိုတာ ရှင်စောပုကားရပ်နားကွင်းဘေးက ဧရာမ ရွက်ဖျင်တဲကြီးပါ။ ရှင်စောပုလမ်းထဲကနေ ဝင်ရပါမယ်။ ဘတ်စ်ကားနဲ့ သွားမယ် ဆိုရင် မြေနီကုန်းမှတ်တိုင်မှာ ဆင်းပါ)

အပစ်ရပ်စာချုပ်မူကြမ်း အချောသပ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းထံ သွားရောက်ရှင်းလင်းသည့် နည်းလမ်းကိုပါ NCCT စီစဉ်ထား

Photo: အပစ်ရပ်စာချုပ်မူကြမ်း အချောသပ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းထံ သွားရောက်ရှင်းလင်းသည့် နည်းလမ်းကိုပါ NCCT စီစဉ်ထား
Tuesday, May 27, 2014

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း အချောသပ်ရေးဆွဲနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ သဘောထားရယူရန် ထိပ်သီးခေါင်းဆောင်များ ညီလာခံခေါ်ယူသည့် နည်းလမ်း(သို့မဟုတ်) လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီအား သွားရောက်ရှင်းလင်းသည့်နည်း စသည့်နည်းလမ်းနှစ်မျိုးအနက် နည်းလမ်းတစ်မျိုးဖြင့် ဆောင်ရွက်ရန်စဉ်းစားနေသည်ဟု NCCT ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက မေ ၂၆ ရက်တွင် ပြောကြားသည်။

မူလက တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးညီလာခံခေါ်ယူပြီး အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCCT အဖွဲ့ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း (ဒုတိယအဆင့်)ကို ရှင်းပြကာ ယင်းမူကြမ်းကို အချောသပ်ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ အဆုံးအဖြတ်ရယူသွားမည်ဟု စီစဉ်ထားသော်လည်း အပစ်ရပ်စဲရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ရေးအတွက် NCCT အဖွဲ့ဝင်များ လူစုခွဲကာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီထံသို့ သွားရောက်ရှင်းလင်းသည့်နည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
တကယ်လို့ အစည်းအဝေးခေါ်ဖို့ အချိန်မရဘူးဆိုရင် ကျွန်တော်တို့ NCCT အဖွဲ့တွေ လူခွဲပြီးတော့မှ တစ်ဖွဲ့ချင်းကိုသွားတွေ့မယ်။ ဇွန်လအတွင်းမှာ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ 
"ကျွန်တော်တို့က ဖြစ်နိုင်လို့ရှိရင် ထိပ်သီးအစည်းအဝေးခေါ်မယ်။ အစည်းအဝေးကနေပြီးမှ ဆုံးဖြတ်ချက်ချမယ်။ တကယ်လို့ အစည်းအဝေးခေါ်ဖို့ အချိန်မရဘူးဆိုရင် ကျွန်တော်တို့ NCCT အဖွဲ့တွေ လူခွဲပြီးတော့မှ တစ်ဖွဲ့ချင်းကိုသွားတွေ့မယ်။ ဇွန်လအတွင်းမှာ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ အစည်းအဝေးအဖြစ်နဲ့ခေါ်မလား တစ်ဖွဲ့ချင်းတွေ့မလားဆိုပြီးတော့ ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ကျွန်တော်တို့အချိန်မရှိတဲ့အပေါ်မှာ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုနေတဲ့အတွက်ကြောင့်ပါ။ သူတို့နဲ့ (အစိုးရနဲ့) မတွေ့ခင် ထိပ်သီးတွေနဲ့တွေ့ဖို့လိုတယ်လေ။ အဲဒီအတွက်ကြောင့် ဘယ်ဟာပိုမြန်မလဲ ကျွန်တော်တို့စဉ်းစားနေတယ်။ နှစ်မျိုးဖြစ်နိုင်တယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် နှစ်ဖက်ပူးတွဲရေးဆွဲသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ်တစ်ခုရရှိရန် ညှိနှိုင်းလျက်ရှိရာ ဧပြီလဆန်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မူကြမ်း(ပထမအဆင့်) ကိုရရှိခဲ့ပြီး မေ ၂၁ရက် မှ ၂၃ရက်အထိ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မူကြမ်း(ဒုတိယအဆင့်)ကို အတည်ပြုနိုင်ခဲ့ကာ မူကြမ်းအချောသပ်ရေးဆွဲနိုင်ရေးအတွက် လာမည့်ဇွန်လအတွင်း ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။

"ဇွန်လမှာတွေ့ဆုံတဲ့အခါ ပိတ်ဆို့နေတဲ့ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အရာအားလုံးကို ဖြေလျှော့ဖို့အတွက်မှာ အခုလက်ရှိအဆင့်မှာ NCCT နဲ့ UPWC ကနေ ဆွေးနွေးလို့ ညှိလို့ရတဲ့အပိုင်းကတော့ ကျွန်တော်တို့ တော်တော်များများ ညှိထားပြီးပြီ။ ကျွန်တော်တို့သဘောထားကိုလည်း သူတို့ကိုပြောပြီးပြီ။ သူတို့သဘောထားကိုလည်း ကျွန်တော်တို့သိပြီးပြီ။ ဆိုတော့ နှစ်ဖက်သော ထိပ်သီးတွေက ဆုံးဖြတ်ချက်ပေးဖို့လိုပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အပြုသဘောဆောင် အထောက်အကူပေးနိုင်သော ညီလာခံများ၊ တွေ့ဆုံဆွေးနွေးမှုများအား တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကြား ပြုလုပ်လိုပါက ကူညီဆောင်ရွက်ပေးသွားမည်ဟု မေ ၂၃ရက်က ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT တို့၏ ဆွေးနွေးပွဲအပြီး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ် များအား ပြောကြားသည်။

မ ၂၁ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် NCCT တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး)

Eleven Media Group
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း အချောသပ်ရေးဆွဲနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ သဘောထားရယူရန် ထိပ်သီးခေါင်းဆောင်များ ညီလာခံခေါ်ယူသည့် နည်းလမ်း(သို့မဟုတ်) လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီအား သွားရောက်ရှင်းလင်းသည့်နည်း စသည့် နည်းလမ်းနှစ်မျိုးအနက် နည်းလမ်းတစ်မျိုးဖြင့် ဆောင်ရွက်ရန်စဉ်းစားနေသည်ဟု NCCT ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက မေ ၂၆ ရက်တွင် ပြောကြားသည်။