Saturday, May 31, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်ခြားစောင့်ကင်းစခန်း ၂၈ခု တိုးချဲ့တည်ဆောက် လက်နက်မှောင်ခို မှုနှင့် မူးယစ်ဆေး ဝါးရောင်း ဝယ်မှု တိုက်ဖျက်ရန်ဟုဆို


မောင်တော၊ မေ ၃၀- မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်တစ်လျှောက် တွင် သောင်း ကျန်းသူ လက်နက်ကိုင်များ နှင့် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင် များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကမ်း၌လည်း နယ်ခြားစောင့် ကင်းစခန်း ၂၈ခုကို တိုးချဲ့တည် ဆောက်ရန် စီစဉ်နေကြောင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှလာသည့် သတင်းများအရ သိရသည်။
ယခုကဲ့သို့ နယ်ခြားစောင့်ကင်း စခန်းများ တိုးချဲ့တည်ဆောက်ရခြင်း မှာ လက်နက်မှောင်ခိုမှုနှင့် တရား မဝင်

နေထီးဆောင်းခြင်း

ဒီကနေ့ ပြည်မြို့ဘက်မှာ နေထီး ဆောင်းတာကို တွေ့ကြရတော့ လူတွေအမျိုးမျိုးပြောနေကြတယ် လို့ သတင်းမီဒီယာဌာနကြီးတစ် ခုက အသိတစ်ယောက်က ဖုန်း ဆက်ပြောလာပါတယ်။
နောက်ပြီးတော့လည်း မေး လာသေးတယ်။ အဲဒါကို လူတွေ က နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး နဲ့ပတ်သက်ပြီး နိမိတ်ကောက် အမျိုးမျိုး ပြောနေကြတာ ဆရာ ဘယ်လိုသဘောရပါသလဲတဲ့။

ခရစ်ယာန်အမျိုးသားနှင့် လက်ထပ်မိ၍ သေဒဏ်ချမှတ်ခံရသူ ကလေးမိခင်ကို ပြန်လွှတ်ပေးရန် ဆူဒန်အစိုးရအား ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

လန်ဒန်- အစ္စလာမ်ဘာသာမှ နုတ်ထွက်ကာ ခရစ်ယာန်အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည့်အတွက် ကလေးမိခင်တစ်ဦးအား သေဒဏ်ချမှတ်ထားခြင်းကို ပြန်လွှတ်ပေးရန် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက တိုက်တွန်းလိုက်သည်။
ဒေးဗစ်ကင်မရွန်းက ၎င်းတို့သည် ဆူဒန်အာဏာပိုင်များက မစ္စစ်မာရီယမ် ယာယာအီဘရာဟင် အီရှက်အား ပြုမူဆက်ဆံပုံကြောင့် တုန်လှုပ်ချောက်ချား မိကြောင်း ဆိုသည်။ အီဘရာဟင်သည် ဖခင်ဖြစ်သူမှာ မွတ်စလင်ဖြစ်ပြီး ခရစ်ယာန်ဖြစ်သူခင်ပွန်းသည်နှင့်လက်ထပ်ပြီး ဘာသာကို စွန့်ပယ်ခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ ၎င်းသည် ထောင်ဒဏ်ကျခံချိန်တွင် ကိုယ်ဝန်နှင့်ဖြစ်ရာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အကျဉ်းထောင်ထဲ၌ပင် ကလေးမီးဖွားခဲ့သည်။

တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု ရေအောက်ရှာဖွေရေးတွင် ရေငုပ်သမားတစ်ဦးထပ်မံသေဆုံး

Photo: တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု ရေအောက်ရှာဖွေရေးတွင် ရေငုပ်သမားတစ်ဦးထပ်မံသေဆုံး
Saturday, May 31, 2014

ဆိုးလ်- ပြီးခဲ့သည့် ဧပြီတွင် နစ်မြုပ်ခဲ့ပြီး လူပေါင်း ၄၇၆ ဦးသေဆုံးခဲ့သည့် တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုတွင် ကျန်ရစ်သည့်အလောင်းများကို ရှာဖွေ ရေးလုပ်နေစဉ်အတွင်း ရေငုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့သည်။

အသက်(၄၆)နှစ်အရွယ်ရှိ ရေငုပ်သမားမှာ ရေအောက်မှ ဆူဝိုးလ်ကူးတို့သင်္ဘောအတွင်း ကျန်ရှိသည့်အလောင်းများကို ရှာဖွေဆယ်ယူရန်ကြိုးစားစဉ် သေဆုံးခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ထိုသင်္ဘောမှ သေဆုံးသူဦးရေမှာ ၂၈၈ ဦးရှိပြီး ၁၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ရေငုပ်သမား များမှာ သင်္ဘောနစ်မြုပ်ချိန်မှစ၍ ရေအောက်တွင် ပြင်းထန်သော ရေအောက်ရေစီးကြောင်းနှင့် သင်္ဘောအတွင်း မြင်နိုင်စွမ်းလုံးဝမရှိသည့်အခြေအနေ များကို ရင်ဆိုင်ပြီး ရှာဖွေရေးများခက်ခက်ခဲခဲပြုလုပ်ခဲ့ရသည်။

ယခုသေဆုံးခဲ့သော ရေငုပ်သမားမှာ သင်္ဘောအတွင်းဝင်ရောက်နိုင်ရန် အပေါက်သစ်တစ်ခုဖောက်လုပ်ရန်ကြိုးစားစဉ် သတိလစ်မေ့မြောကာ သွေးယိုစီးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ကို အခြားရေငုပ်သမားများက ရေပေါ်သို့ပြန်ဆွဲယူလာခဲ့သည်။ ၎င်းအား ဆေးရုံသို့တင်ပို့ကုသခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ ယခုလအစောပိုင်းကလည်း အခြားအရပ်သားရေငုပ်သမားတစ်ဦးသည် ရေအောက်တွင် ရှာဖွေရေးပြုလုပ်စဉ် သတိလစ်မေ့မြောကာ သေဆုံးခဲ့သောကြောင့် ရေငုပ်သမားနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီးဖြစ်သည်။

ဧရာဝတီ
ဆိုးလ်- ပြီးခဲ့သည့် ဧပြီတွင် နစ်မြုပ်ခဲ့ပြီး လူပေါင်း ၄၇၆ ဦးသေဆုံးခဲ့သည့် တောင် ကိုရီးယားကူးတို့ သင်္ဘောနစ်မြုပ်မှုတွင် ကျန်ရစ်သည့်အလောင်းများကို ရှာဖွေ ရေးလုပ်နေစဉ်အတွင်း ရေငုပ် သမားတစ်ဦးထပ်မံသေဆုံးခဲ့သည်။

အသက်(၄၆)နှစ်အရွယ်ရှိ ရေငုပ်သမားမှာ ရေအောက်မှ ဆူဝိုးလ်ကူးတို့သင်္ဘောအတွင်း ကျန်ရှိသည့်အလောင်းများကို ရှာဖွေဆယ်ယူရန်ကြိုးစားစဉ် သေဆုံးခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ထိုသင်္ဘောမှ သေဆုံးသူဦးရေမှာ ၂၈၈ ဦးရှိပြီး ၁၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ရေငုပ်သမား များမှာ

ကျောင်းအပ်စဉ် ငွေကြေးကောက်ခံပါက အရေးယူမည်

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင်စတင်မည့် အခမဲ့ အ လယ်တန်းပညာရေးတွင် ကျောင်သားဦးရေအလိုက် ရန်ပုံငွေများ ချထားပေးမည်ဖြစ်သည့်အတွက် ကျောင်းအပ်နှံစဉ် ငွေကြေးကောက် ခံပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိရသည်။
လာမည့်ပညာသင်နှစ်အတွင်း အလယ်တန်းအဆင့် ပညာ ရေးအတွက် ကျောင်းလခ၊ မိဘဆရာအသင်း၊ အားကစားကြေး၊ စာကြည့်တိုက်ရန်ပုံငွေနှင့် စာရေးကိရိယာကြေးများ အပါအဝင် မည့်သည့်အလှူငွေမျှ ကျောင်းသားမိဘများထံ ကောက်ခံမည် မဟုတ်ဟု အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဧရာဝတီဘဏ်မှ ငွေကျပ် သိန်း ၅၀ ပိုထုတ်သွားမှု စတင်အမှုဖွင့်

ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲတွင် လွန်ခဲ့သော နှစ်လခန့်က အမျိုးသမီးတစ်ဦးက ငွေကျပ် သိန်း ၅၀ ကို ပိုထုတ်ယူသွားပြီး ဘဏ်ကို ပြန်ပေးသွင်းခြင်း မရှိသောကြောင့် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
ပန်းဆိုးတန်းလမ်း အပေါ်ဘလောက် ရှိ ဧရာဝတီဘဏ်ခွဲတွင် မတ်လ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူ အမျိုးသမီးမှာ ငွေစာရင်း ဖွင့်ကာ ငွေကျပ် သိန်း ၅၀ ပေးသွင်းစဉ် ဘဏ်၏ လက်ခံကောင်တာ၌ အသုံးပြုနေသော စက်မှားယွင်းမှု (Software Error) ကြောင့် ယင်းအမျိုးသမီး၏ ငွေစုစာအုပ်ထဲသို့ ငွေကျပ် သိန်း ၅၀ ကို နှစ်ကြိမ် စာရင်း ဝင်ရောက်ခဲ့ကြောင်း ယင်းဘဏ်ခွဲမန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ပြောကြားသည်။

နတ်မောက်မြို့နယ်၌ နှာမောင်းပါသော ဝက်နှင့်မျောက်မျက်နှာနှင့်ဆင်သည့်ဝက်မွေးဖွား

မကွေးတိုင်းဒေသကြီး နတ် မောက်မြို့နယ် တံခွန်တိုင်ကျေး ရွာတွင် ဝက်မကြီးတစ်ကောင်မှ နှာမောင်းပါ ဝက်မလေးတစ် ကောင်၊ မျောက်မျက်နှာနှင့်ဆင် သည့် ဝက်မလေးတစ်ကောင်နှင့် ပုံမှန်ဝက် အထီးနှစ်ကောင် မွေးဖွား ခဲ့ကြောင်း ယနေ့နံနက် ၇ နာရီတွင် သိရသည်။
''ဒီဝက်မကြီးအသက်ကနှစ်နှစ် ရှိပြီ။ အရင်သားပေါက်တုန်းက ပုံမှန်ဝက်ထီး ငါးကောင်နဲ့ဝက် မလေးငါးကောင် စုစုပေါင်း ၁ဝ ကောင်မွေးတယ်။ အရမ်းလဲထွား တယ်။ မနေ့ကတော့ ဒုတိယသား ပေါက်တဲ့အချိန်က ညနေ ၄ နာရီခွဲ မှာ စမွေးတယ်။ ပုံမှန်ဝက်အထီး လေးနှစ်ကောင်မွေးပြီး တစ်နာရီ ကျော်မှ နောက်ထပ်မွေးလာတာ က ဆင်နှာမောင်းနဲ့ဝက်မလေး မွေးတယ်။ ဆက်ပြီး မျောက် မျက်နှာနဲ့ဝက်မလေးထပ်မွေးတယ်။ ဒီသတင်းလဲ လူတွေကြားကြရော လာကြည့်လိုက်တာ မနည်းဘူး။

အမြန်လမ်းနှင့် ပတ်သက်၍

Photo: အမြန်လမ်းနှင့် ပတ်သက်၍
Saturday, May 31, 2014

စာရေးသူတို့ မိဘများ ရှိရာ နေပြည်တော်သို့ သင်္ကြန်ရုံးပိတ်ရက် များအတွင်း လာရောက်ခဲ့သော သမီး မိသားစုသည် ၂၁- ၄- ၂ဝ၁၄ ရက် ညနေ ၆ နာရီ အမြန်ကား ဖြင့် ရန်ကုန်သို့ ပြန်ကြသည်။ မြို့မဈေး ကားဂိတ်သို့ စာရေးသူ လိုက်ပို့ပြီး ကားမထွက်မီ ပြန်ခဲ့ပါသည်။ အိမ်ရောက်တော့ သမီးကဖုန်းဆက်ပြီး ကားကလမ်းမှာ ထမင်းစား မရပ်ဘူးဆိုလို့ မုန့်ဆင်း ဝယ်နေကြောင်း ပြောပါသည်။ သမီး မိသားစုက နေပြည်တော်သို့ မကြာခဏ လာလည်နေကျမို့ အထွေအထူး မစဉ်းစားမိခဲ့ပါ။

အဲ့ဒီည ၉နာရီ ၁၅မိနစ်မှာ သမီးကဖုန်း ဆက်ပြီး သူတို့အမှတ်(၃) ဂိတ်ကို ရောက်ပြီဖြစ်ကြောင်း သူ့အမေကို ပြောပါသည်။ ဇနီးသည်က ပြန်ပြောပြရာ နားကြား လွဲတာ ဖြစ်မှာပါ လို့ပဲ သဘောထား လိုက်ပါသည်။ နောက်နေ့ မနက်ကျ သမီးကို ဖုန်းဆက်ပြီး ''ညကဖုန်း ဆက်တာ အမှတ်(၃)ဂိတ်ကို ရောက်ပြီလို့ပြောတာ ဟုတ်ရဲ့လား'' မေးတော့''ဟုတ်ကြောင်း၊ သူတို့တွေ ဘုရားတပြီး လိုက်လာ ရကြောင်း၊ အပေါ့အပါး သွားဖို့တောင် မရပ်ကြောင်း၊ ဒီကားက ည ၁ဝနာရီမှာ ရန်ကုန်က နေပြည်တော်ကို ပြန်ထွက် မှာလို့ ယာဉ်မောင်းက ပြောကြောင်း'' ပြောပြပါတယ်။ ဘုရား... ဘုရား ကံကြီးပေလို့သာ ဘေးမသီ ရန်မခဘဲ ရန်ကုန်ကို ရောက်တာပါလားလို့ စာရေးသူတို့ ထိတ်လန့် ကြောက်ရွံ့မိပါတယ်။

ညနေ ၆ နာရီထွက်တဲ့ ကားက ၁၅ မိနစ်နဲ့ Toll Gate ကိုရောက်တယ်ထား။ Toll Gate ကနေ ရန်ကုန်အမှတ်(၃)ဂိတ် အထိ မိုင်၂ဝဝကျော်ရှိတော့ ဒီကားက တစ်နာရီ ကို ပျမ်းမျှ ၆၇မိုင် (၁ဝ၇ ကီလိုမီတာ)နှုန်းလောက် မောင်းခဲ့ပါတယ်။ အကွေ့တွေ၊ တံတားတွေ၊ အတက်တွေမှာ အရှိန်လျှော့ရတဲ့အတွက် ကီလိုမီတာ ၁၂ဝ နှုန်းလောက် အထိ မောင်းတဲ့အခါ မောင်းမှာ သေချာပါတယ်။ ကားရဲ့ Weight က များရတဲ့အထဲ တအားမြန်တော့ ကားရဲ့အဟုန် (Momentum) က သိပ်များ နေပါပြီ။ တော်ရုံ တန်ရုံနဲ့ ဘယ်မှာ ထိန်းနိုင်တော့မှာလဲ။ ထိမိခိုက် မိရင်လည်း Impact က တအားများပြီပေါ့။

ဒါကြောင့် စာရေးသူ အနေနဲ့ သက်ဆိုင်သူများကို ''အမြန် မော်တော်ယာဉ်လိုင်းများကို အချိန် သတ်မှတ်ပေးပါ။ သတ်မှတ်ချိန်ထက် နည်းပြီး မောင်း/မမောင်း သိနိုင်မယ့်၊ ကြပ်မတ် စစ်ဆေးနိုင်မယ့် နည်းလမ်းများ ရှာပေးပါ''လို့ ခရီးသည် ပြည်သူများ အားလုံးရဲ့ ကိုယ်စား အကြံပြု အပ်ပါတယ်။ ။ 

တက္ကသိုလ် ဆရာတစ်ဦး

မြ၀တီ
စာရေးသူတို့ မိဘများ ရှိရာ နေပြည်တော်သို့ သင်္ကြန်ရုံးပိတ်ရက် များအတွင်း လာရောက်ခဲ့သော သမီး မိသားစုသည် ၂၁- ၄- ၂ဝ၁၄ ရက် ညနေ ၆ နာရီ အမြန်ကား ဖြင့် ရန်ကုန်သို့ ပြန်ကြသည်။ မြို့မဈေး ကားဂိတ်သို့ စာရေးသူ လိုက်ပို့ပြီး ကားမထွက်မီ ပြန်ခဲ့ပါသည်။ အိမ်ရောက်တော့ သမီးကဖုန်းဆက်ပြီး ကားကလမ်းမှာ ထမင်းစား မရပ်ဘူးဆိုလို့ မုန့်ဆင်း ဝယ်နေကြောင်း ပြောပါသည်။ သမီး မိသားစုက နေပြည်တော်သို့ မကြာခဏ လာလည်နေကျမို့ အထွေအထူး မစဉ်းစားမိခဲ့ပါ။

လယ်/ဆည်၏ ပြည်ပချေးငွေ လွှတ်တော်ဆိုင်းငံ့ခြင်း တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌနှင့် ပညာရှင်များ ထောက်ခံ

ဖွံ့ဖြိုးမှုနောက်ကျသည့် ရခိုင်၊ ချင်းပြည်နယ်တို့ မပါဝင်ဘဲ နေပြည်တော်ကိုသာ ဗဟိုပြု ထားသော လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ပမှ ချေးငွေယူ၍ အကောင် အထည်ဖော်မည့် စီမံကိန်းများ နှင့် ပတ်သက်၍ လွှတ်တော်နယက,က အတည်ပြုမပေးခြင်းကိုထောက်ခံကြောင်း တောင်သူလယ်သမားအသင်းဥက္ကဋ္ဌနှင့် စိုက်ပျိုးရေးပညာရှင်များက ပြောကြားသည်။

‘‘နေပြည်တော်ကိုပဲ အ လေးထားတာထက် တစ်နိုင်ငံလုံး အတွက်ပါစဉ်းစားပေးဖို့လိုတယ်။ ဒီလိုမှ မဟုတ်ရင် နောက်ဘ၀ နေပြည်တော်မှာပဲ လယ်သမား ဖြစ်ဖို့ ဆုတောင်းရမလိုဖြစ်နေ တယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကဆို သည်။

ဖယ်ခုံမြို့တွင် ငွေစက္ကူ အတုသုံးစွဲသူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့ လွယ်ပေါကျေးရွာ၌ မေ ၂၇ ရက် နံနက် ၁၁ နာရီက ငွေစက္ကူအတုများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာနေ ဦးစိုင်းခမ်းဦး(ဘ) ဦးလှိုင် ဈေးရောင်းသူ၏ ဈေးဆိုင်သို့ ငွေ စက္ကူ အတုဟု ယူဆရသော ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ ငါးရွက်ဖြင့် လူတစ်ဦး ဈေးလာဝယ်ကြောင်း သတင်းပေးချက်အရ သွားရောက် စစ်ဆေးရာ ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတုဟု ယူဆရသော ငွေစက္ကူ

အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ

Photo: အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ
Saturday, May 31, 2014

အရေး ပေါ် ကျန်းမာ ရေး အခြေအ နေ အတွက် ဘယ်လို ကုသ ရမယ် ဆိုတာ သိပါ သလား။ အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။ အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသားလိုက်ရပါတယ်။

(၁) အရေပြားနီမြန်းခြင်း
အရင်က အရေပြားယားယံနီမြန်း တာမျိုး ဖြစ်ဖူးရင် သက်သောင့်သက်သာ မဖြစ်တာကို သိနားလည်ပါလိမ့်မယ်။ ကံ ကောင်းတဲ့အချက်က အရေပြားနီမြန်း ယားယံနေရင် ဟိုက်ဒရိုကော်တီဇုန်းခ ရင်မ် (Hydrocortisone Cream) ကို လိမ်းပေးနိုင်ပါတယ်။ အဲဒီခရင်မ်ဟာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး အရေပြား နီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ် တာနဲ့ ရောင်ရမ်းတာတွေကို သက်သာ စေနိုင်ပါတယ်။

(၂) အဆိပ်သင့်ခြင်း
အဆိပ်ရှိတဲ့ အရာတိုင်းကို ဦးခေါင်း ခွံအား ကြက်ခြေခတ်ပြီး ဖော်ပြထားလေ့ မရှိပါဘူး။ ဒါကြောင့် မတော်တဆအဆိပ် သင့်မှုဖြစ်ခဲ့ပြီဆိုရင် Ipecac Syrup ကို ဆောင်ထားပါ။ အန်အောင် လှုံ့ဆော်ပေး နိုင်တာကြောင့် အဆိပ်တွေ ထွက်သွား နိုင်ပါတယ်။

(၃) အင်းဆက်ကိုက်ခြင်း
အင်းဆက်တွေက ပူတဲ့ အချိန်တွေ မှာ ပိုပေါတတ်ပါတယ်။ အင်းဆက်အ ကိုက်ခံရရင် လူအများစုမှာ သေးငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။ အင်းဆက်ကိုက်တာက မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲ ဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှု လျော့ ကျစေနိုင်ပါတယ်။ ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill) ကို သောက်ရင် ယားယံတာ သက်သာပြီး အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ အင်း ဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲ တင်း ကျပ်နေတာ စတဲ့ လက္ခဏာတွေ ခံစားရ တတ်ပါတယ်။ ဒါဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြ သင့်ပါတယ်။

(၄) ဝမ်းပျက်ဝမ်းလျှောခြင်း
လူတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင် ပါတယ်။ ဝမ်းပိတ်ဆေးတွေ ရှိပေမယ့် အလွန်ပြင်းထန်တဲ့ ဝမ်းလျှောတဲ့အခြေ အနေမှသာ သုံးသင့်ပါတယ်။ ဝမ်းလျှော နေရင် ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ် ဆားတွေ ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဓာတ်ဆားရည်ကို သောက်ပေးပါ။
(၅) သွားကိုက်ခြင်း
သွားကိုက်နေရင် လေးညှင်းဆီကို ကိုက်တဲ့ သွားနေရာပေါ် သုတ်လိမ်းပေး ပါက ကိုက်ခဲနာကျင်မှု သက်သာစေနိုင် ပါတယ်။ ဂွမ်းစကို လေးညှင်းဆီထဲဆွတ် ပြီး နာကျင်တဲ့ သွားနေရာပေါ် တင်ပေး ပါ။ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးတာ ကလည်း ရောင်ရမ်းနာကျင်မှုကို လျော့ ပါးစေနိုင်ပါတယ်။

(၆) အရေပြားစုတ်ပြဲခြင်း
အရေပြားစုတ်ပြဲဒဏ်ရာက နာ ကျင်မှုကို မဖြစ်စေနိုင်ပေမယ့် ကူးစက်ပိုး ဝင်တာနဲ့ ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါ တယ်။ အရေပြားထဲ အမှိုက်တွေရှိ၊ မရှိ အရင်စစ်ဆေးကြည့်ရှူပြီး ဖယ်ရှားပါ။ ပြီး ရင် ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောပေး ပါ။

(၇) လျှပ်စစ်ရှော့ခ်ရခြင်း
လျှပ်စစ်ရှော့ခ်ရတာကြောင့် အရေ ပြားမီးလောင်ကာ အရေးပေါ် ဆေးကုသ ဖို့ လိုအပ်နေနိုင်ပါတယ်။ ဆေးရုံ၊ ဆေး ခန်းမရောက်ခင်မှာ လုပ်သင့်တဲ့ အရေး ပေါ်ကုထုံးက မီးလောင်ဒဏ်ရာပေါ်မှာ ရေအေးလောင်းချတာ၊ ပဋိဇီဝပိုးသတ် ဆေးလိမ်းဆေးလိမ်းပေးတာတွေကို ပြု လုပ်ပေးပါ။

(၈) နေလောင်ခြင်း
နေလောင်တာကြောင့် အရေပြား နာကျင်နီမြန်းမှု ခံစားရရင် ရေအေးဝတ် ဖိပေးတာ၊ နို့အေးသုတ်လိမ်းပေးတာတွေ ကို ပြုလုပ်ပေးပါ။ တစ်နေ့မှာ သုံးကြိမ်လေး ကြိမ်လောက် မိနစ် ၂၀ ခြားပြီး လုပ် ပေးနိုင်ပါတယ်။ ရောင်ရမ်းနီမြန်းမှု သက် သာစေဖို့ (အရွယ်ရောက်သူဖြစ်ရင်) အက်စ်ပရင်ဆေးကို သောက်ပေးနိုင်ပါ တယ်။

(၉) အဆစ်လွဲခြင်း
လက်ကို ချိုးလိမ်တာ၊ ဆွဲလိုက်တာ၊ မတော်တဆထိခိုက်မိတာနဲ့ အဆစ်လွဲ တာတွေ ဖြစ်ရင် နာကျင်ရတတ်ပါတယ်။ အဲဒီအခါ နာကျင်မှု သက်သာအောင် ရေခဲဝတ်ကပ်ပေးပြီး အကိုက်အခဲပျောက် ဆေးနဲ့ ရောင်ရမ်းမှုတားဆေးတွေကို မှီ ဝဲသင့်ပါတယ်။ အဆစ်နာမှုအများစုအ တွက် PRINCE ဆိုတဲ့ စကားလုံးကို မှတ်ထားသင့်ပါတယ်။ ဖြစ်တဲ့နေရာကို မထိခိုက်အောင် ကာကွယ်ပါ (Protect) အနားယူပါ (Rest)၊ ရေခဲကပ်ပါ (Ice)၊ ကိုက်ခဲရောင်ရမ်းမှုကျဆေး သောက်ပါ (NSAIDs)၊ ဖိထားပါ (Compress)၊ မြှင့်ထားပါ (Elevate)ဆိုတဲ့နည်းတွေ ကိုလိုက်နာရင် အမြန်အနာကျက်စေနိုင် ပါတယ်။ 

ရိုးရာလေး
အရေး ပေါ် ကျန်းမာ ရေး အခြေအ နေ အတွက် ဘယ်လို ကုသ ရမယ် ဆိုတာ သိပါ သလား။ အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသား လိုက်ရပါတယ်။

(၁) အရေပြားနီမြန်းခြင်း
အရင်က အရေပြားယားယံနီမြန်း တာမျိုး ဖြစ်ဖူးရင် သက်သောင့်သက်သာ မဖြစ်တာကို သိနားလည်ပါလိမ့်မယ်။ ကံ ကောင်းတဲ့အချက်က အရေပြားနီမြန်း ယားယံနေရင် ဟိုက်ဒရိုကော်တီဇုန်းခ ရင်မ် (Hydrocortisone Cream) ကို လိမ်းပေးနိုင်ပါတယ်။ အဲဒီခရင်မ်ဟာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး အရေပြား နီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ် တာနဲ့ ရောင်ရမ်းတာတွေကို သက်သာ စေနိုင်ပါတယ်။

ကျောင်းတွေ ဖွင့်တော့မယ်၊ ကျောင်းဘယ်မှာ ထားရမလဲ

Photo: ကျောင်းတွေ ဖွင့်တော့မယ်၊ ကျောင်းဘယ်မှာ ထားရမလဲ
Saturday, May 31, 2014

ဇွန်လ ၂ ရက်နေ့ဆို  ကျောင်းတွေ ဖွင့်ပါတော့မယ်။ ကျမတို့ ငယ်ငယ်တုန်းကတော့ ကျောင်းဆိုရင် အစိုးရကျောင်း တကျောင်း တည်းသာ ရှိတဲ့ခေတ်မို့ ကျောင်းရယ်လို့ များများရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီဘက် ခေတ်မှာတော့ ရွေးချယ်စရာ ကျောင်းတွေက များလာပါပြီ။ အစိုးရကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း၊ နိုင်ငံတကာကျောင်း စသဖြင့် ကျောင်းတွေက အများကြီးပါ။ ကျောင်းတွေများလာသလို ကျောင်းစရိတ်တွေကလည်း များလာတော့တာပါပဲ။

တခန်းမှာ လူခြောက်ဆယ်ကနေ ခုနစ်ဆယ်၊ ရှစ်ဆယ်အထိ ရှိနေတဲ့ အစိုးရကျောင်း များမှာကလည်း ကလေး တယောက်ချင်းစီကို ဆရာမက ဂရုစိုက်ဖို့ မလွယ်တာမို့ ကိုယ့်ကလေး စာတတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘများက ကျူရှင်အပို ထားကြရပါတယ်။ အတန်းပိုင်ကျူရှင်၊ အပြင်ကျူရှင် စတဲ့ ကျူရှင်တွေ ကြားထဲမှာ ကလေးတယောက်ရဲ့ လုံလောက်တဲ့ အိပ်ချိန်၊ ကစားချိန်၊ ကိုယ်လက် လှုပ်ရှားချိန်၊ ကိုယ်ပိုင်အပန်းဖြေချိန် ဘာဆိုဘာမှ မရှိတော့ပါဘူး။အစိုးရကျောင်းက ဆရာ ဆရာမတို့ရဲ့ သင်ရိုးစနစ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း ကလေးကို ဘယ်လို ဗဟိုဘယ်လို ပြုတယ်ပဲပြောပြော စာတွေကို အလွတ်ရွတ်ခိုင်း၊ ကျက်ခိုင်းနေတုန်းပါပဲ။ ဒါကြောင့်မို့လို့ ကလေးတို့ဟာ စာတွေကို ပင်ပန်းကြီးစွာနဲ့ အလွတ်ရဖို့ ကျက်ဆိုကြရပါတယ်။  အစိုးရကျောင်းများမှာ ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းကို ကွန့်မြူးစေအောင်လို့ လေ့ကျင့်ပေးတဲ့ စံနစ် (Creativity)၊ စနစ်တကျ ယုတ္တိရှိရှိ တွေးခေါ်စဉ်းစားစေတတ်တဲ့ အကျင့်        (Critical thinking)၊ ကျိုးကြောင်းညီညွတ်စွာ တွေးတတ်ခေါ်တတ်ဖို့ (Logical thinking skills)  စတဲ့ အရာတွေကို ကလေးတို့  တွေးတတ်ခေါ်တတ်၊ စဉ်းစားတတ်အောင်လို့ သင်ကြားပေးနိုင်မှု လုံးဝမရှိသေးပါဘူး။

ကျောင်း တော်တော်များများနဲ့ စာသင်ခန်း တော်တော်များများဟာ ဖတ်စာအုပ်ထဲက စာတွေကို စာအုပ်ထဲမှာ ပြန်ကူးထည့် ဖို့နဲ့ စာတွေကို ကလေးတွေ အလွတ်ရွတ်ခိုင်း ကျက်ခိုင်းဖို့ကိုပဲ ပြုလုပ်နေကြပါသေးတယ်။ ကိုးတန်း ဆယ်တန်း ရောက်တဲ့ အချိန်ထိ ကလေးတို့ မြန်မာစာကို ဟထိုးနဲ့ တချောင်းငင် မှားနေသေးတာ၊ အပေါင်းအနုတ်ကိုတောင်မှ သေသေချာချာ မပေါင်းတတ်၊ မနုတ်တတ် သေးတာတွေကို ကြည့်မယ်ဆိုရင်ဖြင့် အစိုးရကျောင်းများရဲ့ သင်ရိုးစံနစ်နဲ့ သင်ကြားမှုပိုင်း၊ ကျောင်းသားနဲ့ ဆရာဦးရေ မလုံလောက်မှုအပိုင်း၊ ဆရာတို့ရဲ့ သင်ကြားမှု အရည်အသွေး လိုအပ်မှုအပိုင်းတွေကို ကျမတို့ မြင်တွေ့ နေကြရပါတယ်။ ဒါဟာ ကျမတို့နိုင်ငံ ပညာရေးစနစ်ရဲ့ အားနည်းမှုအပိုင်းတွေပါ။

မြန်မာပြည်ရဲ့ တတ်နိုင်တဲ့ လက်တဆုပ်စာ လူတန်းစားများကတော့ အစိုးရကျောင်းမှာ မထားဘဲနဲ့ နိုင်ငံတကာ ကျောင်းလို့ခေါ်တဲ့ ပိုက်ဆံ များများပေးရတဲ့ ကျောင်းတွေမှာ ကလေးတွေကို ထားကြပါတယ်။ ဒီကျောင်းတွေမှာကတော့ နိုင်ငံခြားသား (အဖြူ) တွေ ကိုယ်တိုင်သင်လေ ကျောင်းလခတွေ ဈေးကြီးကြလေပါပဲ။ ဒါပေမယ့် ဒီနိုင်ငံကို အကြောင်း အမျိုးမျိုးနဲ့ ရောက်လာကြတဲ့ နိုင်ငံခြားသား အများစုဟာ ကျောင်းဆရာ အစစ်တွေ မဟုတ်ကြပါဘူး။ အင်္ဂလိပ်လို ပြောတတ်ကြပေမယ့် ကျောင်းဆရာ အစစ်မဟုတ်သလို၊ တချို့များဆို ကလေးတို့အတွက် ဆရာဖြစ်ဖို့ မသင့်တော်တဲ့ သူများတောင်မှ ပါကြပါသေးတယ်။ ဗီဇာအတွက် အလုပ်တခုကို အမြန်ရဖို့လိုတာမို့ လွယ်လွယ်ပဲ တွေ့တဲ့ကျောင်းမှာ ကျောင်းဆရာ ၀င်လုပ်ကြပါတယ်။

ကျောင်းတွေကလည်း နိုင်ငံခြားသားများများ ရှိဖို့ လိုတာမို့ မငြင်းကြတာများတယ်။ သူများနိုင်ငံတွေမှာ ကျောင်းဆရာ အလုပ်ဆိုတာ တွေ့ကရာလူ ၀င်လုပ်လို့မရပေမယ့် ကျမတို့နိုင်ငံမှာတော့ဖြင့် သိပ်ကိုမှ လွယ်ကူလွန်းပါတယ်။ ဒီတော့ သားသမီးတို့ ကျောင်းလခအတွက် တလကို ပိုက်ဆံ သိန်းချီပြီးတော့ အကုန်အကျခံရပေမယ့် မိဘတွေကုန်ကျသလောက် ကလေးတို့ခမျာ မရကြရှာတော့ပါဘူး။

နိုင်ငံတကာ ကျောင်းထားတဲ့ မိဘများ အနေနဲ့ကလည်း ကလေးအတန်း ကြီးလာတာနဲ့အမျှ ကျောင်းလခတွေ ဈေး ပိုကြီးလာတဲ့ကိစ္စ၊ နိုင်ငံခြား တက္ကသိုလ်တခုခုကို သွားတက်တဲ့အခါမှာ အင်္ဂလိပ်လို ပြောနိုင်တာက လွဲရင် ကျန်တဲ့ တွေးမှုခေါ်မှု၊ စဉ်းစားမှုအပိုင်း၊ သိပ္ပံ စတာတွေမှာ အခြေခံ ပိုင်ပိုင်နိုင်နိုင် သင်မပေးလိုက်နိုင်တဲ့ ကိစ္စများကြောင့် စိတ်ပျက်ကြရ ပြန်ပါတယ်။

အခု အစိုးရကိုယ်ပိုင် အထက်တန်း ကျောင်းဆိုတာတွေ ပေါ်လာပြန်တော့ နိုင်ငံတကာ ကျောင်းကိုလည်း မကြိုက်၊ အစိုးရ ကျောင်းများကိုလည်း မထားချင်တဲ့ မိဘများက ကိုယ်ပိုင် အထက်တန်း ကျောင်းများဆီကို သားသမီးများကို ပို့ကြ ပြန်ပါတယ်။ ဒီကျောင်းတွေကတော့ အစိုးရကျောင်းတွေထက် စာရင် စာသင်ခန်းတွေထဲမှာ ကျောင်းသားဦးရေ ပိုနည်းပါတယ်။ ဒါပေမယ့် သင်တဲ့စာတွေကို ဂိုက်အချိန်မှာ တခါတည်း အလွတ်ကျက်ခိုင်းတဲ့ စနစ်ကို သုံးသေးတာမို့ အစိုးရ ကျောင်းများရဲ့ ကျက်ဉာဏ်၊ မှတ်ဉာဏ် စနစ်ကို အားကိုးပြီးတော့ စာမေးပွဲဖြေရတဲ့ စနစ်ကြီးကနေ ရုန်းမထွက် နိုင်သေးပါဘူး။ စာတွေကို အလွတ်ရအောင် ကျက်ပြီးတော့ ပြန်ဖြေရတဲ့ သင်နည်းစနစ်ပဲမို့ ပြောရမယ် ဆိုရင်တော့ ကလေးတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး တွေကို ထက်မြက်လာအောင်၊ ကလေးတို့ တီထွင်ဖန်တီးတတ်လာအောင်၊ တွေးတတ်ခေါ်တတ်၊ စဉ်းစားတတ်လာအောင်လို့ စာသင်ခန်းတွေ၊ သင်ရိုးညွှန်းတမ်းတွေက မလုပ်ပေးနိုင်သေးပါဘူး။

ဘယ်ကျောင်းထားမလဲ၊ ဘယ်မှာ ထားမလဲ၊ ကုန်ကျစရိတ် ဘယ်လောက်လဲ၊ တက္ကသိုလ် တက်ရင် နိုင်ငံခြားကို ပို့မှာလား၊ ဒါမှမဟုတ် ဆယ်တန်းမှာ အမှတ် ကောင်းကောင်းရအောင်လို့ ကလေးကို ကျက်ခိုင်းပြီးတော့ ပြည်တွင်းက အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်မှာပဲ ထားရမလား စသဖြင့် ငွေကြေး အသင့်အတင့် တတ်နိုင်သူ ဒီခေတ်မိဘများခမျာ သားသမီး ပညာရေးအတွက် တွေးရတောရ၊ စဉ်းစားရပါတယ်။

အစိုးရကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းများ အနေနဲ့ သင်နည်းစနစ်များ ခေတ်မီဖို့ လိုသေးသလို၊ သင်နည်းစနစ် ခေတ်မီပါတယ် ဆိုတဲ့ ပုဂ္ဂလိက ကျောင်းများမှာလည်း သင်ရိုးညွှန်းတမ်း ခိုင်ခိုင်မာမာ မရှိတာ၊ ကျောင်းတွေမှာ နိုင်ငံခြားသား ဖြစ်ရင်ပြီးရော တွေ့ကရာလူကို ဆရာအဖြစ် ဆွဲခန့်ပြီးတော့ သင်ခိုင်းတာတွေလည်း အများကြီးပါ။ ကျောင်းဝင်းကြီးတွေ ကောင်းအောင် အားထုတ်ကြ၊ စာသင်ခန်းတွေ ကောင်းအောင် အားထုတ်ကြပေမယ့် စာတကယ် သင်တတ်တဲ့၊ သင်နိုင်တဲ့ ဆရာတွေကို ငှားဖို့တော့ အားထုတ်မှု နည်းသေးတဲ့ ပုဂ္ဂလိက နိုင်ငံတကာ ကျောင်းများမှာ သားသမီး ပညာရေးအတွက်  ပိုက်ဆံတွေအများကြီး ပေးပြီးတော့ ထားနေကြရတဲ့ အဖြစ်ကလည်း ကျမတို့နိုင်ငံရဲ့ ကလေးများအတွက် စိတ်မကောင်းစရာပါပဲ။

ငွေတံတား ခင်းပေမယ့်လည်း ကျမတို့နိုင်ငံမှာ ပညာစနစ် ကောင်းကောင်းကို ကလေးတို့ ရနိုင်ဖို့ မလွယ်ကူကြလှ သေးပါဘူး။ ပညာရေး ဆိုတာဟာ တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ အသက်ပါ။ ပညာရေး သေဆုံးခြင်းဟာ နိုင်ငံတနိုင်ငံ သေဆုံးခြင်းပါပဲ။ အထူးသဖြင့် အခြေခံပညာဟာ ပိုပြီးတော့ အရေးကြီးလှပါတယ်။ ဘွဲ့ရ ပညာမတတ်တွေ များတဲ့ ကျမတို့နိုင်ငံမှာ ကလေးတို့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီးတော့ တကယ်ကို ပညာတတ်စေဖို့ မိဘများအနေနဲ့ ကျောင်းရွေးကြရ ပါတော့မယ်။

ကျောင်းတွေဖွင့်တော့မယ် …။ ကလေးတို့ကို ဘယ်ကျောင်းပို့ကြမလဲ…..။

အခုထိတော့  တနှစ်တခါဆိုသလို မိဘများ အဲဒီလို စဉ်းစားနေကြရဆဲပါ။

ဧရာဝတီ Blog
ဇွန်လ ၂ ရက်နေ့ဆို ကျောင်းတွေ ဖွင့်ပါတော့မယ်။ ကျမတို့ ငယ်ငယ်တုန်းကတော့ ကျောင်းဆိုရင် အစိုးရကျောင်း တကျောင်း တည်းသာ ရှိတဲ့ခေတ်မို့ ကျောင်းရယ်လို့ များများရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီဘက် ခေတ်မှာတော့ ရွေးချယ်စရာ ကျောင်းတွေက များလာပါပြီ။ အစိုးရကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း၊ နိုင်ငံတကာကျောင်း စသဖြင့် ကျောင်းတွေက အများကြီးပါ။ ကျောင်းတွေများ လာသလို ကျောင်းစရိတ်တွေကလည်း များလာတော့တာပါပဲ။

တခန်းမှာ လူခြောက်ဆယ်ကနေ ခုနစ်ဆယ်၊ ရှစ်ဆယ်အထိ ရှိနေတဲ့ အစိုးရကျောင်း များမှာကလည်း ကလေး တယောက်ချင်းစီကို ဆရာမက ဂရုစိုက်ဖို့ မလွယ်တာမို့ ကိုယ့်ကလေး စာတတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘများက ကျူရှင်အပို ထားကြရပါတယ်။ အတန်းပိုင်ကျူရှင်၊ အပြင်ကျူရှင် စတဲ့ ကျူရှင်တွေ ကြားထဲမှာ ကလေးတယောက်ရဲ့ လုံလောက်တဲ့ အိပ်ချိန်၊ ကစားချိန်၊ ကိုယ်လက် လှုပ်ရှားချိန်၊ ကိုယ်ပိုင်အပန်းဖြေချိန် ဘာဆိုဘာမှ မရှိတော့ပါဘူး။အစိုးရကျောင်းက ဆရာ ဆရာမတို့ရဲ့ သင်ရိုးစနစ်ကို

ယနေ့မှစ၍ ရန်ကုန်ရှိ မြို့နယ်အချို့ မီးပြတ်မည်

ယနေ့(မေလ ၃၁) ရက်မှ စတင်ကာ ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားအချိန် ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၂၀၁၄ မေလ ၃၁ ရက်တွင် ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ လှိုင်၊ စမ်းချောင်း၊ လသာ၊ မရမ်းကုန်း၊ ကျောက်တံတား၊ ကမာရွတ်၊ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊မှော်ဘီမြို့နယ်များရှိ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် နံနက် ၈ နာရီမှ နေ့လယ် ၂ နာရီအတွင်းအချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်သည်။

ဖမ်းဆီးရေးအဖွဲ့ ၁၈ ဖွဲ့ဖြင့် စည်းကမ်းမဲ့ယာဉ်များ ဇွန်လ ၁ ရက်နေ့ စဖမ်းမည်

ရန်ကုန်မြို့တော်အတွင်း စည်းကမ်းမဲ့ယာဉ်များ လျော့နည်းလာစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ ပါးစေရန် စည်းကမ်းမဲ့ မောင်းနှင်နေသော မော်တော်ယာဉ်များကို ဖမ်းဆီးရေးအဖွဲ့ ၁၈ ဖွဲ့ဖြင့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ထိရောက်စွာ ဖမ်းဆီးမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
ယာဉ်ကြော ကြပ်တည်းသော နေရာ ၇၉ ခု၌ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကိုးခုအောက်တွင် ဖမ်းဆီးစစ်ဆေးရေး အဖွဲ့ ၁၈ ဖွဲ့ဖြင့် လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း အပါအဝင် အခြားသော ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ ပြုလုပ် သည့် မော်တော် ယာဉ် များကို ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ရန်ကုန်မြို့ရဲ့ ကတ္တရာ လမ်းပေါ်က ရေအိုင်များ

Photo: ရန်ကုန်မြို့ရဲ့ ကတ္တရာ လမ်းပေါ်က ရေအိုင်များ
Saturday, May 31, 2014

မေလ တတိယပတ်က ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရန်ကုန်မြို့တွင် မိုးရွာသွန်းမှု များခဲ့ရာ ရန်ကုန်မြို့တွင် ဖြစ်လေ့ဖြစ်ထ ရှိသည့်အတိုင်း အချို့သော လမ်းမကြီးများပေါ်တွင် ပလက်ဖောင်း မြုပ်သည်အထိ လည်းကောင်း၊ အချို့သော ရပ်ကွက်များတွင် အိမ်အောက်ကြမ်းပြင်များ အထိ လည်းကောင်း ရေဝင်ခဲ့သည်။ သို့သော် အဆိုပါ ရေကြီး၊ ရေလျှံမှုများသည် မကြာမီ အချိန်အတွင်း ပြန်လည်ကျသွားလေ့ ရှိသဖြင့် ရန်ကုန်မြို့နေ ပြည်သူများအဖို့ အဆန်းမဟုတ်တော့ပေ။

စာရေးသူ တင်ပြလိုသည့် အကြောင်းအရာမှာ မိုးရွာသွန်းပြီးနောက် ရန်ကုန်မြို့ ကတ္တရာလမ်းများ ပေါ်တွင် တင်ကျန်ရစ်သော ရေအိုင်များ အကြောင်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ ကတ္တရာလမ်း အတော်များများသည် ညီညာမှုမရှိဘဲ လှိုင်းထနေသဖြင့် မိုးရွာပြီးလျှင် ချိုင့်ခွက်နေသော လမ်းများအချို့၌ ရေအိုင်များ ကျန်နေလေ့ရှိသည်။ ထိုကတ္တရာ လမ်းပေါ်၌ ဖြစ်ပေါ်နေသော ရေအိုင်ငယ်များကို ယာဉ်များဖြတ်သန်း မောင်းနှင် သွားပါက ပတ်ဝန်းကျင်သို့ ရေများစင် ထွက်သွားလေ့ ရှိသဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွားလမ်းလာ ရေအစင်ခံရသူများ အကြားတွင် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ကြသည်ကို စာဖတ်သူ အများစု မြင်တွေ့ကြမည် ဖြစ်သည်။ တစ်ခါတစ်ရံ ထိုရေအိုင်မှ ရေများသည် ဘေးဘက် ဝဲယာမှ ကားပြတင်းပေါက်များ အတွင်းသို့ပါ ဝင်တတ်သည်။ အဆိုးဆုံးကတော့ ပန်းဆိုးတန်း ခုံးကျော်တံတားပေါ်တွင် ရှိသော ရေအိုင်များ ဖြစ် သည်။ အရှိန်ဖြင့် တံတားပေါ်သို့ တက်လာသော ယာဉ်များ လမ်းပေါ်ရှိရေအိုင်များ အပေါ်ဖြတ်မောင်းစဉ် စင်ထွက်လာသော ရေများကြောင့် တံတားပေါ်တွင် တည်ဆောက်ထားသော အမိုးပါ စင်္ကြံလမ်း တစ်လျှောက်ရှိ ခရီးသည်များ မကြာခဏ စိုရွှဲကုန်သည်ကို တွေ့ရှိရသည်။ အမှန်စင်စစ်အားဖြင့် ခုံးကျော် တံတားပေါ်ရှိ ရေထွက်ပေါက်များမှာ အမှိုက်များဖြင့် ပိတ်ဆို့နေသဖြင့် တံတားပေါ်တွင် ရေအိုင်ကြီးများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ထပ်မံ တင်ပြလိုသည်မှာ ဘတ်စ်ကားမှတ်တိုင်၊ ပလက်ဖောင်းနှင့် ကတ္တရာလမ်းများ အကြားတွင် ဖြစ်ပေါ်နေသော ရေဗွက်အိုင်များ အကြောင်း ဖြစ်သည်။ ထိုသို့ ရေဗွက်အိုင်များ ရှိနေသဖြင့် ခရီးသည်များမှာ ကားလမ်း (ကတ္တရာလမ်း) အစပ် အထိဆင်းကာ ကားစောင့်နေရလေ့ ရှိပြီး ဘတ်စ်ကားမှာလည်း ပလက်ဖောင်းနှင့် ၁၅ ပေခန့်အကွာ လမ်းအလယ်လောက်တွင် ရပ်ကြသည်။ ထို့ကြောင့် ထိုဘတ်စ်ကား နောက်မှ လိုက်လာသော ယာဉ်အားလုံး ရပ်တန့်မှု ဖြစ်ပွားပြီး ယာဉ်ကြော ပိတ်ဆို့ မှုများပါ ပေါ်ပေါက်လာလေ့ ရှိသည်။

သို့ပါ၍ လမ်းများပေါ်တွင် လှိုင်းထနေမှုများကို ပြုပြင်ခြင်း၊ ပလက်ဖောင်းများ အခြေရှိ ရေထွက်ပေါက် များမှ အမှိုက်များကို ရှင်းလင်းဖယ်ရှားပေးခြင်းနှင့် ဘတ်စ်ကား မှတ်တိုင် နေရာများတွင် ဖြစ်ပေါ်နေသော ရေအိုင်သည့် နေရာများအား ဖို့ပေးခြင်း တို့ကို ဆောင်ရွက်၍ ခရီးသွား ပြည်သူများအတွက် ဝန်ဆောင်မှု ပေးသင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။ ။

မြ၀တီ
မေလ တတိယပတ်က ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရန်ကုန်မြို့တွင် မိုးရွာသွန်းမှု များခဲ့ရာ ရန်ကုန်မြို့တွင် ဖြစ်လေ့ဖြစ်ထ ရှိသည့်အတိုင်း အချို့သော လမ်းမကြီးများပေါ်တွင် ပလက်ဖောင်း မြုပ်သည်အထိ လည်းကောင်း၊ အချို့သော ရပ်ကွက်များတွင် အိမ်အောက်ကြမ်းပြင်များ အထိ လည်းကောင်း ရေဝင်ခဲ့သည်။ သို့သော် အဆိုပါ ရေကြီး၊ ရေလျှံမှုများသည် မကြာမီ အချိန်အတွင်း ပြန်လည်ကျသွားလေ့ ရှိသဖြင့် ရန်ကုန်မြို့နေ ပြည်သူများအဖို့ အဆန်း မဟုတ်တော့ပေ။

အမေရိကန်လေယာဉ်တစီး အရေးပေါ် ဆင်းဖို့ ဖိအားပေးခံရ

မုဒိမ်းကောင်ရဲ့ချစ်သူ မိန်းမလျာကိုချစ်မိ၍ သူမထိန်းသော ကလေးများအား မုဒိမ်းကျင့်ခွင့်ပေးသူ

ဗြိတိန်နိုင်ငံ ဝေးစ်ပြည်နယ်ရှိ Cardiff မြို့ကြီးတွင်
ကလေးထိန်းအလုပ် လုပ်ကိုင်သည့် အသက်
(၂၈)နှစ်အရွယ်ရှိ Claire Semmens ဆိုသူဟာ
 သူမထိန်းသော သုံးနှစ်သားအား ကလေးတွေကို
မှ စိတ်ဖောက်ပြန်ပြီး မုဒိမ်းကျင့်တတ်တဲ့ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွပ်စွဲထားသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး အရေးနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် သောကြာနေ့ ညနေပိုင်းက ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများနှင့် အေအက်ဖ်ပီ သတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် လျှောက်နေခြင်း ဟုတ် မဟုတ် ပေါ်လွင်စေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အစိုးရပြောဆိုနေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်ေ နြ ခင်း ဟုတ်၊ မဟုတ် ပေါ်လွင်စေမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မေ ၃၀ ရက်က လွှတ်တော်အစည်းအဝေး ရပ်နားစဉ် သတင်းထောက်များနှင့် တွေ့ ဆုံကာ ပြောကြား သည်။

နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမိုများပြားလာခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ၏ ပါဝင်ပတ်သက်မှုများကို ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်

နိုင်ငံသားအမည်ခံနိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမျိုားပြားလာခြင်းနှင့် ပတ်သက် ၍ ဌာနဆိုင်ရာပိုင်းမှ ပါဝင်ပတ်သက်မှုများ ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က ပြောကြားသည်။