Wednesday, June 4, 2014

တပ်ကုန်း ဦးစန်းလွင်အား NLD မှ တရားစွဲလျှင် မြန်မာအမျိုးသား ကွန်ရက်က ကူညီမည်

Photo: တပ်ကုန်း ဦးစန်းလွင်အား NLD မှ တရားစွဲလျှင် မြန်မာအမျိုးသား ကွန်ရက်က ကူညီမည်
Wednesday, June 4, 2014

တပ်ကုန်းမြို့နယ် NLD ပါတီက ဦးစန်းလွင်အား ဥပဒေကြောင်းအရ အရေးယူလာစေရန် တပ်ကုန်းမြို့နယ် ရဲစခန်းအား ဖိအားပေးနေသည့်အချိန်တွင် ဦးစန်းလွင်အား အပြည့်အ၀ ကူညီမည် ဟု မြန်မာအမျိုးသားကွန်ရက်က ထုတ်ဖော် ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဆိုခဲ့သော ပြည်သူတစ်ဦး အဖိုးကြီးအား NLD မှ တရားစွဲဆိုမည်ဆိုလျှင် အဖိုးကြီး ဦးစု နှင့် ဆက်သွယ်၍ တရားစရိတ် ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသားကွန်ရက်မှ ဦးဆောင်သူ ဦးနေမျိုးဝေက ဆိုသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ လုပ်ဆောင်ရန် ဦးစန်းလွင်မှ ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကျွန်မက အစိုးရလား ၊ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် အစိုးရက လုပ်ရမှာလေ လို့ ပြောဆိုရာ ဦါ်စန်းလွင်မှ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ အားလုံးနဲ့ဆိုင်တယ် ၊ မတည်ငြိမ်ရင် ထိုင်းမှာ ဖြစ်နေတာကို ကြည့် တပ်က အာဏာသိမ်းသွားလိမ့်မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ၈၈ တုန်းကလည်း ပြည်သူတွေ ခံခဲ့ရပြီးပြီး တိုင်းပြည်မှာ ဆူဆူပူပူမဖြစ်အောင် အဓိက ရည်ရွယ်၍ ပြောဆိုခဲ့သော ဦးစန်းလွင်ကို NLD ပါတီမှ တရားစွဲမည်ဆိုက တရားရေးစရိတ်များအတွက် ကူညီထောက်ပံ့ရန် ဆက်သွယ်ပြောဆိုလာသူများ ရှိသည့် အကြောင်း၊ သူတို့နှစ်ယောက် အခြေအတင် ပြောပြီးတဲ့ ညကတည်းက ဦးစန်းလွင်ကို လှူချင်လို့ ထောက်ပံ့ဖို့ အစီအစဉ်ရှိလားလို့ လှမ်းမေးသူ ရှိကြောင်း၊ မဆိုင်ဘူးလေ မလုပ်ရဘူးလို့ ပြန်ပြောခဲ့ကြောင်း၊ အခုလို NLD က တရားစွဲမယ်ဆိုရင်တော့ ဆိုင်ပြီဖြစ်ကြောင်း ဦးနေမျိုးဝေက ဆိုသည်။

ပြည်သူတစ်ယောက်နဲ့ ရန်ဖက်ဖြစ်ပြီး ပြည်သူကို တရားစွဲအုံးမယ်ဆိုတာ ယုတ်တိမရှိတဲ့ ခေါင်းဆောင်ကောင်း မဆန်တဲ့လုပ်ရပ်ကို ပေါ်လွင်သွားတာပေါ့ဗျာ။ သူတို့ကမှ တရားစွဲအုံးမယ်ဆိုရင် ကျွန်မတို့ကလည်း အဖိုးကြီးဒုက္ခမရောက်အောင်တော့ ကူညီရမှာပဲဟု ထောက်ပံ့ကူညီလိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

NLD က ဦးစန်းလွင်ကို တရားစွဲဆိုမည် ဆိုလျှင် ကိုယ့်သေတွင်းကိုယ် တူးခြင်း ဖြစ်ကြောင်း၊ ဦးသိန်းစိန်ကို မိုးသီးဇွန်က ဖိနပ်နဲ့ ပေါက်တော့ သမ္မတကြီးက ခွင့်လွှတ်ခဲ့ကြောင်း NLD က တရားစွဲလျှင် အခြေအနေဆိုးသွားနိုင်ကြောင်း ဦးနေမျိုးဝေက ပြောသည်။

“ဗိုလ်ကျားသေနတ်သီအိုရီဆိုတာ ကလေးတွေ ငယ်ငယ်က ကစားတဲ့ ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာကိုယ်လုပ် ဆိုတဲ့ကစားနည်း ပေါ့ ။ NLD အတွက် ဆွန်ဇူးရဲ့ စစ်ပညာကျမ်းတွေ ဆို စာလေးနေမှာဆိုးလို့ ဗိုလ်ကျားသေနတ်ပဲ ကစားခိုင်းလိုက်မယ် ။ကလေးတွေ ကစားရင် - ဗိုလ်က သေနတ်ကို နိုင်တယ် သေနတ်က ကျားကို နိုင်တယ် - ကျားကျတော့ ဗိုလ်ကိုနိုင်ပြန်ရော - အဲဒါ လေးနက်တဲ့ သီအိုကိုထုတ်နုတ်ထားတာဗျ ။
ဗိုလ်ဆိုတာ စည်းမျဉ်းစည်းကမ်း အပြည့်အ၀ - စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်စဉ်းစားမှု အပြည့်အ၀ - တိုက်ရည်ခိုက်ရည် - အတန်အသင် ရုပ်ခွန်အားအတန်အသင့်ပေါ့ ။
သေနတ်ဆိုတာကတော့ - စည်းမျဉ်းစည်းကမ်း နဲ့ ဆင်ခြင်ဥာဏ်အောက်က လာတဲ့ သေစေတဲ့ လက် နက် ။ ကျားဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ အမြင့်ဆုံးဂုဏ်သတ္တိလို့ ယူပေါ့ဗျာ ။ ကျန်တဲ့ နှောင်ကြိုးမဲ့ ။ရန်သူနဲ့တွေ့တဲ့အခါ ကိုယ်အခြေအနေနဲ့ သူ့အခြေအနေကို ချိန်ဆဖို့လိုပါတယ် - ကိုယ်က ဗိုလ်ဆိုရင် ကျားနဲ့ ရင်ဆိုင်လို့မသင့်တော်ဘူး ဘလော့လိုက် ။ ဒါမှမဟုတ် သေနတ်ကို လွှတ်လိုက်။ ဒီကလေးဘ၀ကတည်းက သိလာတဲ့ သီအိုရီလောက်တောင် မစဉ်းစားတတ်ရင်တော့ NLD က ကိုနီကိုပဲ သမ္မတခန့်လိုက်ရန်သာ ရှိတော့တယ်” ဟု ယင်းက ဆိုသည်။ 

တပ်ကုန်းမှ ကြားသိရသော သတင်းများအရ တပ်ကုန်းမှ NLD ပါတီ လူငယ်များက ဦးစန်းလွင်ကို စောင့်ကြည့်နေသောကြောင့် ဦးစန်းလွင်အနေဖြင့် သတိထားနေရကြောင်း၊ တပ်ကုန်းမြို့နယ် NLD ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့သို မကြာခဏ ဆက်သွယ်ကာ ဦးစန်းလွင် အပါအ၀င် ခွင့်ပြုချက် မယူသော ဆန္ဒပြသူများအား ပြင်းပြင်းထန်ထန် အရေးယူပေးရန် ဖိအားပေးလျက် ရှိကြောင်း၊ သို့သော် တရားစွဲမည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့နယ် NLD မှ ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မှုများ မရှိသေးကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ
တပ်ကုန်းမြို့နယ် NLD ပါတီက ဦးစန်းလွင်အား ဥပဒေကြောင်းအရ အရေးယူလာစေရန် တပ်ကုန်းမြို့နယ် ရဲစခန်းအား ဖိအားပေးနေသည့်အချိန်တွင် ဦးစန်းလွင်အား အပြည့်အ၀ ကူညီမည် ဟု မြန်မာအမျိုးသား ကွန်ရက်က ထုတ်ဖော် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဆိုခဲ့သော ပြည်သူတစ်ဦး အဖိုးကြီးအား NLD မှ တရားစွဲဆိုမည် ဆိုလျှင် အဖိုးကြီး ဦးစု နှင့် ဆက်သွယ်၍ တရားစရိတ် ကူညီထောက်ပံ့ သွားမည် ဖြစ်ကြောင်း မြန်မာ အမျိုးသားကွန်ရက်မှ ဦးဆောင်သူ ဦးနေမျိုးဝေက ဆိုသည်။

ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မလုပ်ရန် သူရဦးရွှေမန်း သတိပေး

Photo: ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မလုပ်ရန် သူရဦးရွှေမန်း သတိပေး
Wednesday, June 4, 2014

လွှတ်တော်အတွင်း မေးခွန်းများ မေးမြန်းရာတွင် ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မပြုလုပ်ရန် လွှတ်တော်အမတ်များ အနေနှင့် သတိပြုရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း သတိပေး ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည့်သူ့လွှတ်တော် အစည်းအဝေးတွင် ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်က ဘဏ်များမှ ငွေချေးယူခြင်းတွင် လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် ချေးငွေ စာချုပ်စာတမ်းပါ အချက် ၁၆ ချက်ကို ထိုက်သင့်သလောက် ဖြေလျှော့ပေးရန် ကိစ္စမေးမြန်းရာတွင် “ဘဏ်များတွင် ချေးငွေယူပါက ကြားပွဲစားက ဖြတ်စားလျှပ်စား ပြုလုပ်နေသည်” ဟု ပြောဆိုခဲ့ခြင်းကြောင့် ယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ 

ယင်းကဲ့သို့ အကြောင်းအရာများသည် တိကျသေချာမှု ရှိပါက အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာန သို့မဟုတ် လွှတ်တော်သို့ တင်ပြနိုင်ကြောင်း သက်ဆိုင်ရာဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်မှု မရှိစေရန် လွှတ်တော် ကိုယ်စားလှယ်များက သတိထားမေးမြန်း တင်ပြစေလိုကြောင်း သူရဦးရွှေမန်းက ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အများပြည်သူထံသို့ ချေးငွေ ထုတ်ပေးရာတွင် မူဝါဒ ၁၆ ချက်နှင့်အညီ လုပ်ကိုင်နေပြီး မြေ၊ အဆောက်အအုံ၊ ပုံစံ၊ မှတ်ပုံတင် ထားရှိမှု၊ ပြန်လည် ပေးဆပ်နိုင်မှု၊ မီးအာမခံ၊ စာချုပ်စာတမ်း ကိစ္စများကို ခိုင်လုံတိကျစွာ စိစစ်နေရကြောင်း၊ ယင်းကြောင့် မူဝါဒ လျှော့ချနိုင်သော်လည်း အချိန်ကာလကို လျှော့ချပေးရန် မဖြစ်နိုင်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းက ပြန်လည် ပြောဆိုသည်။

သူရဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူပြီး နောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်များကို မေးခွန်း မေးမြန်းခြင်းနှင့် အစိုးရနှင့် တပ်မတော်ကို ထောက်ပြ ပြောဆိုသော စကားလုံးများကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုကြရန် မကြာခဏ သတိပေးဖူးသည်။

The Voice Weekly
လွှတ်တော်အတွင်း မေးခွန်းများ မေးမြန်းရာတွင် ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မပြုလုပ်ရန် လွှတ်တော်အမတ်များ အနေနှင့် သတိပြုရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း သတိပေး ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည့်သူ့လွှတ်တော် အစည်းအဝေးတွင် ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်က ဘဏ်များမှ ငွေချေးယူခြင်းတွင်

အင်းလျားကန်ပေါင်အနီး လင်ခရူဇာယာဉ်နှင့် လက်ဝတ်ရွှေထည်များ လုယက်ခံရမှု တစ်လကျော်သည့်တိုင် ဖမ်းမမိသေး

လှိုင်မြို့နယ် အင်းလျားကန်ပေါင်အနီး ပြည်လမ်း တံတားဖြူ မှတ်တိုင်တွင် အုပ်စုဖွဲ့ ဓားပြတိုက်၍ လင်ခရူဇာယာဉ်နှင့် လက်ဝတ်ရွှေထည်များ လုယက်ခဲ့မှု တစ်လကျော် ကြာသည့်တိုင်အောင် ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း လုယက်ခံရသူ ကိုအောင်ငြိမ်းသန့်က ပြောကြားသည်။ 

ဧပြီလ ၂၄ ရက် နံနက် ၄ နာရီခွဲခန့်က ကမာရွတ်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ လှည်းတန်း (၇) လမ်းတွင် နေထိုင်သူ ကိုအောင်ငြိမ်းသန့်မှာ ၎င်း၏ ကိုယ်ပိုင် လင်ခရူဇာယာဉ်ဖြင့် သူငယ်ချင်းများနှင့်အတူ ရှစ်မိုင် လမ်းဆုံဘက်မှ နေအိမ်သို့ ပြန်ရန် ပြည်လမ်းအတိုင်း မောင်းနှင်ခဲ့ကြောင်း၊ အင်းလျားကန်ပေါင်အနီး

အမတ်အရည်အချင်း မပြည်သေးဟုထွန်းအိန္ဒြာဗိုလ် ဆို

Photo: အမတ်အရည်အချင်း မပြည်သေးဟုထွန်းအိန္ဒြာဗိုလ် ဆို
Wednesday, June 04, 2014

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ် စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရန် မိုးကုတ်ဒေသခံများမှ မျှော်လင့်သော် လည်း အမတ်တစ်ယောက်၏ အရည်အချင်းမပြည့်ဝသဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း သရုပ်ဆောင်အဆိုတော် ထွန်း အိန္ဒြာဗိုလ်က ပြော ကြားသည်။
ဇာတိ မိုးကုတ်မြို့မှ ၎င်းအား ရွေးကောက်ပွဲဝင်ပြိုင်ရန်
ပြောကြားသော်လည်း ၀င်ရောက်ရွေးချယ်ခံသွားမည်မဟုတ်ဘဲ အနုပညာအလုပ်များ ကိုသာ ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကာ တိုင်းပြည်အကျိုးကိုလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီသွား
မည်ဖြစ်ကြောင်း သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က
ပြောကြားသည်။
“ကျွန်မ ရွေးကောက်ပွဲမ၀င်ဘူး။ အမတ်လောင်းတစ်ယောက်ရဲ့ အရည်အချင်းလည်း ကျွန်မမှာ မပြည့်ဝသေးဘူး။ စိတ်ဝင်စားတဲ့ 
အနုပညာ အလုပ်တွေကိုပဲ ရှေ့ဆက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” 
ဟု သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြီးခဲ့သည့်ရွေးကောက်မဲအောင်နိုင်ရေး ခရီးစဉ်များတွင် အနုပညာဖြင့် အားဖြည့်ကူညီပေးခြင်း၊ NLD ၏ ပ
ညာရေး ကွန် ရက် ရန်ပုံငွေ ရှိုးပွဲများတွင် အားဖြည့် ကူညီလုပ်ဆောင်ပေးခြင်းသာပြုလုပ်ဖြစ်ကြောင်း အဆိုတော်သ
ရုပ်ဆောင် ထွန်အိန္ဒြာဗိုလ်က ပြောကြား သည်။
အမေရိကန်ပြည်ထောင်စုသို့ ဖျော်ဖြေရေး ခရီးသွားရောက်ပြီး ပြန်ရောက်လျှင် ဖျော်ဖြေရေးမှ ရရှိသော အနု
ညာကြေးများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လှူဒါန်းရန် အစီအစဉ်
ရှိသည်ဟု ခင်ပွန်းဖြစ်သူက ပြောကြားသည်။
စည်သူမင်းချို

People Power
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ် စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရန် မိုးကုတ်ဒေသခံများမှ မျှော်လင့်သော် လည်း အမတ်တစ်ယောက်၏ အရည်အချင်းမပြည့်ဝသဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း သရုပ်ဆောင်အဆိုတော် ထွန်း အိန္ဒြာဗိုလ်က ပြော ကြားသည်။

ယာဉ်ထိန်းရဲများကို ကိုယ်ထိလက်ရောက်တိုက်ခိုက်နေ၍ အဆင့်အလိုက် သေနတ်တပ်ဆင်ပေးသင့်

မန္တလေးမြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို မူးယစ်ရမ်းကားသည့်သူများက ကိုယ်ထိလက်ရောက်ခိုက် ရန်ဖြစ်ပွားမှုများ ရှိလာသဖြင့်တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအတွက် အဆင့်အလိုက် သေနတ်တပ်ဆင်ပေး ထားခြင်းဖြင့် အဟန့်အတားဖြစ်နိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဒု-ရဲမှူးကြီး အောင်ကိုဦးက မေလ ၃ ရက်က မဇ္ဈိမကို ပြောသည်။

“ညပိုင်းယာဉ်ထိန်းရဲတွေ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်လုံထိန်းတပ်ကြပ်ကြီးတွေကို သေနတ်ချိတ်ပေးထား သလို၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို အဆင့်အလိုက် သေနတ်လေးတွေ တပ်ဆင်ပေးသင့်တယ်”ဟု ၎င်းကပြောသည်။

တောင်ပြာတန်းယာဉ်လိုင်းကို အရေးယူပေးရန် မီးလောင်သေဆုံးခဲ့သူများ၏ မိသားစုဝင်များက သမ္မတထံ တိုင်စာပို့

လူ ခုနစ်ဦး မီးလောင် သေဆုံးခဲ့သော တောင်ပြာတန်း ယာဉ်လိုင်းကို အရေးယူပေးရန် မီးလောင်သေဆုံး ခဲ့သည့် မိသားစု ၀င်များက သမ္မတထံ တိုင်စာပို့ ထားကြောင်း သတင်း ရရှိသည်။
တောင်ပြာတန်းယာဉ်ပေါ် တွင် မီးလောင်သေဆုံးခဲ့သည့် ခရီးသည် ခုနစ်ဦး၏ မိသားစုကို အဆိုပါယာဉ်လိုင်းက လက်ရှိ အချိန်ထိ လာရောက်တွေ့ဆုံမေး မြန်းမှုမရှိခြင်း၊ ယာဉ်ပေါ်တွင် ပျက်စီးပျောက်ဆုံးသွားသည့် ပိုက်ဆံများ၊ ရွှေထည်နှင့် အခြား ပစ္စည်းတန်ဖိုးများကို ပေးလျော် မှုမရှိခြင်း၊ သေဆုံးသူများအ တွက် အာမခံနစ်နာကြေးစသည့် တို့ တစ်စုံတစ်ရာ ပေးဆောင်မှု မရှိခြင်းတို့ကြောင့် အဆိုပါယာဉ် လိုင်းကို အရေးယူမှုပြုလုပ်ပေး ရန် သမ္မတထံတိုင်စာပို့ရခြင်းဖြစ် ကြောင်း ယာဉ်ပေါ်တွင် မီးလောင် သေဆုံးခဲ့သည့် ကျန်ရစ်သူမိသား စုများကပြောသည်။
မီးလောင်သေဆုံးခဲ့သူများ ၏ ကျန်ရစ်သူမိသားစု ငါး ဦးက လက်မှတ်ရေးထိုးကာ နိုင်ငံတော် သမ္မတထံ မေလ ၁၅ ရက်တွင် တိုင်စာပို့ခဲ့ခြင်းဖြစ်သည်။

အရှိန်မြင့်လာသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ

Photo
မျက်စိတစ်ဆုံးပြည့်နေသည့် ကွင်းပြင်ထဲ လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်ထံမှ စိတ်အားတက်ကြွစရာ စကားတစ်ခွန်း ထွက်လာတိုင်း လက်ခုပ်သြဘာပေးကြသည်။
တပ်မတော်အနေဖြင့် အာဏာနှင့်အခွင့်အရေးကို မမက်မောဘဲ တိုင်းပြည်ကိုချစ်လျှင် အခြေခံ ဥပဒေကိုပြင်၍ သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်၏ စိန်ခေါ်သံကို ကွင်းလုံးပြည့် လာရောက် နားထောင်နေသူများက သဘောကျမဆုံး။

ဇွန် ၁ရက်တိုက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်မှ ကေအိုင်အေ ထံ ဖြေရှင်းချက်တောင်း

ရန်ကုန်၊ ဇွန် ၃- ပြီးခဲ့သည့် ဇွန် ၁ရက်က ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်ထံ ဖြေရှင်း ချက် တောင်းခံ ထားကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိ တစ်ဦး က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။
''ဇွန်၁ရက်က လွယ်ရင်းမှာရှိတဲ့ တပ်မတော်စခန်းကို လာရောက်ပစ် ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး ကျွန်တော် တို့ဘက် က ဖြေရှင်းချက်တောင်းခံထား တယ်။ ဘာကြောင့်ဖြစ်ရတာလဲ၊ စတိုက်ခိုက်ရတာလဲ ဆိုတာပေါ့။ အခုထိ တော့ ကေအိုင်အေ ဘက်က အကြောင်းပြန်ကြားတာ မရှိသေးဘူး''ဟု ယင်း က ပြောသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေး မြှောက်မပေးကြပါနဲ့

ခုရက်ပိုင်း သတင်းတွေမှာ ဖုံးလွှမ်းနေတာက ဘင်္ဂလားဒေ့ရှ်နယ်စပ်ပြဿနာ အရေးအခင်းပါ။ အများစု သတင်းတွေ ကလည်း ရဲရဲတောက်မျိုးချစ်စိတ်တွေနဲ့ရေးတဲ့ သတင်းတွေပါ။ မသိရင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်က တပ်တွေ အလုံးအရင်းနဲ့ နယ်စပ်မှာ လာချထား၊ မြန်မာဘက်ကလည်း တပ်တွေပို့၊ ရေတပ်က စစ်ရေးလေ့ကျင့် မနက်ြဖန် သန်ဘက်ခါပဲ နှစ်နိုင်ငံ စစ်ပွဲကြီးထဖြစ်တော့မလို ရေးကြ၊ သားကြပါတယ်။အနောက်ဘက် တံခါးကြီး ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ် ဆိုကြပါတယ်။ တကယ် ဘာတွေ ဖြစ်နေသလဲ၊ ပြဿနာအတိုင်းအတာ ဘယ်လောက်ကြီးမားလဲ၊ ဒါဟာ စိတ်ပူစရာကောင်းသလား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်း အပြီးသတ်ရေး အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် KNU တွေ့ဆုံဆွေးနွေးမည်

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်း အပြီးသတ်ရေး အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် KNU တွေ့ဆုံဆွေးနွေးမည်
Wednesday, June 4, 2014

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်း အမြန်ဆုံး အပြီးသတ်နိုင်ရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို နေပြည်တော်တွင် သွားရောက် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က The Voice သို့ ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ဗဟိုကော်မတီ အဖွဲ့သည် အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့၏ ထိပ်ပိုင်း ခေါင်းဆောင်များကို ဇွန်လ ၄ ရက်နေ့ (သို့မဟုတ်) ၅ ရက်နေ့တွင် နေပြည်တော်၌ သီးခြားစီ သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ 

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို အဓိကထား ဆွေးနွေးရန်အတွက် KNU ဥက္ကဋ္ဌ စောမူတူးစေဖိုးနှင့် စစ်ဦးစီးချုပ် အပါအဝင် ဗဟိုကော်မတီဝင်များသည် ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က အစိုးရနဲ့ သီးသန့် တွေ့ဆုံမှုတွေကို ခဏခဏ လုပ်ဖြစ်တယ် ဆိုတာက လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကို ညှိနှိုင်းတယ်၊ ဖလှယ်တယ်။ ယုံကြည်မှု ရှိကြတဲ့သူ အချင်းချင်း တွေ့ဆုံကြတဲ့ သဘောပါ။ ဒီရက်ပိုင်းမှာ တွေ့ဖြစ်မှာပါ” ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော် နာယကသူရ ဦးရွှေမန်းနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို တွေ့ဆုံပြီးမှသာ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီထံမှ သိရသည်။

သို့သော်လည်း မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center) မှ တာဝန်ရှိသူ တစ်ဦးကမူ ယင်းသို့ တွေ့ဆုံမည့်ကိစ္စနှင့် ပတ်သက်၍ မသိရှိသေးကြောင်း ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက တွေ့မယ့်ကိစ္စကို ကြားရပါတယ်။ ဒါပေမဲ့ တရားဝင်တော့ မသိသေးပါဘူး” ဟု ၎င်းကဆိုသည်။

KNU တာဝန်ရှိသူများသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) တွင် ဦးဆောင် ဆွေးနွေးသူများအဖြစ် ပါဝင်လျက်ရှိပြီး KNU အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ် ထူးဝင်းသည် NCCT ၏ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။ 

အဆိုပါ NCCT အဖွဲ့၏ ဒုတိယမြောက် တိုင်းရင်းသား လက်နက်ကိုင် စုံညီအစည်းအဝေးကို KNU ဌာနချုပ် လေးဝါးစခန်းတွင် ၂၀၁၃ ခုနှစ်အတွင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

ကရင်အမျိုးသား အစည်းအရုံး KNU သည် နှစ်ပေါင်း ၆၀ ကျော်အကြာ လက်နက်ကိုင် တိုက်ခိုက်ခဲ့သော်လည်း အရပ်သား အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် လေးကြိမ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ငါးကြိမ်တိုင် တွေ့ဆုံထားပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့်မူ တွေ့ဆုံထားခြင်း မရှိပေ။

The Voice Weekly
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်း အမြန်ဆုံး အပြီးသတ်နိုင်ရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို နေပြည်တော်တွင် သွားရောက် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က The Voice သို့ ပြောကြားသည်။

သမ္မတဦးသိန်းစိန်ကို မိုဒီက ကျမ်းသစ္စာကျိန်ဆိုပွဲ ဘာလို့မဖိတ်သလဲ

အိန္ဒိယ၀န်ကြီးချုပ်သစ် မိုဒီသည် မေလ ၂၆ ရက်က ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အိန္ဒိယနိုင်ငံ၏ ကလနားစပ်နိုင်ငံတိုင်းမှ ခေါင်းဆောင်များကို ဖိတ်ကြားလျက် သမိုင်းကဏ္ဍသစ်တစ်ခု ဖွင့်လိုက်သည်။

ဖိတ်ကြားခဲ့သောနိုင်ငံများတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး တောင်အာရှအသင်း (အက်စ်အေအေ အာရ်စီ) နိုင်ငံများနှင့် အက်စ်အေအေအာရ်စီ လေ့လာသူ မောရစ်ရှပ်စ်နိုင်ငံတို့ ပါဝင်သည်။ ပြည်ပ ရောက် တိဗက်ဝန်ကြီးချုပ်ပင် ဖိတ်ကြားခံရပြီး မြန်မာကို မဖိတ်ကြားခဲ့ပေ။ဘာကြောင့် မိုဒီသည် တောင်အာရှနိုင်ငံ များကို အရှေ့တောင်အာရှနိုင်ငံများထက် ဦးစားပေးနေရသနည်း။

ညညချောင်းဆိုးရင်

လည်ချောင်း ယားပြီး ချောင်းဆိုး ခြင်းဟာ နေ့ခင်းဘက်မှာ ထိုင်လိုက်၊ ရပ်လိုက်မို့ မသိသာ ပေမယ့် အိပ်ရာထဲ ခန္ဓာကိုယ်ကြီးကို လှဲချပြီး အိပ်လိုက်တဲ့ အခါ တစ်နေကုန် ပင်ပန်းပြီမို့ အိပ်ချင်တဲ့ စိတ်က ကြီးစိုး နေပါတယ်။
ဒါပေမယ့် အချိန်မတော် တစ်ရေးနိုးထပြီး ချောင်းတ ဟွတ်ဟွတ်ဆိုး၊ ပြန်မအိပ်နိုင် ဖြစ်နေရတာ ကသိကအောက် ဖြစ်လှပြီး သူများတွေ အိပ်ကောင်း ချိန်မှာ ကိုယ်တစ်ယောက်တည်း မအိပ်နိုင်တဲ့အပြင် ချောင်းသံပေး အနှောင့် အယှက် ဖြစ်စေတာဟာ အဆိုးဝါးဆုံးလို့ ခံစားရမှာပါ။ ညညချောင်းဆိုးတာဟာ အလွန် စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ညမအိပ်ခင် လည်ချောင်း မယားအောင်၊ ကသိကအောက် မဖြစ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်သွားနိုင်မှာ ဖြစ်တယ်။ အောက်ဖော်ပြပါ အချက် ၈ချက်က သင့်ပြဿနာကို အလွယ်တကူ ဖြေရှင်း ပေးနိုင် ပါလိမ့်မယ်-

အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်

ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။ ယင်း Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းစာချုပ် လက်မှတ်ထိုးရန် ခေတ္တဆိုင်းငံ့

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ KDDI နှင့် ပူးပေါင်းရေးစာချုပ်ကို မေလအတွင်း အပြီးသတ်လက်မှတ် ရေးထိုးနိုင်ရန် စီစဉ်ထားသော်လည်း အချိန်ကာလ ထပ်မံဆိုင်းငံ့ကာ စာချုပ်လက်မှတ်ထိုးရန် နောက်ဆုတ်ထားသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

ဇာတိမြေသို့ ပြန်စရာမလိုဘဲ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းကို မိမိနေထိုင်ရာမြို့နယ်တွင် ပြုလုပ်နိုင်တော့မည်

ရန်ကုန်၊ ဇွန် ၃- ရပ်ဝေးသို့ရောက် ရှိနေသူများအနေဖြင့် ယင်းတို့၏နိုင်ငံ သားစိစစ်ရေးကတ်နှင့် အိမ်ထောင် စုလူ ဦးရေစာရင်း တို့ကို မိမိဇာတိသို့ သွားစရာမလိုဘဲ လက်ရှိနေထိုင်ရာ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုး သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင်သွားရောက် လျှောက်ထား ၍ရကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည် ထောင်စုဒုတိယဝန်ကြီး ဦးကျော် ကျော်ဝင်း က ပြောသည်။
ဇွန် ၃ ရက် က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်အမျိုး သားလွှတ်တော်ဒသမပုံမှန်အစည်း အဝေးစတုတ္ထနေ့တွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင် လတ်၏ မေးမြန်းချက်အပေါ် ဝန်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြား မတည်ငွေရင်းအချိုး ပြင်ဆင်ခွင့်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက်ဖြစ်သည်ဟု စီမံ။စီးပွား ဒု-၀န်ကြီးဆို

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြား မတည်ငွေရင်းအချိုး ပြင်ဆင်သတ်မှတ်ခွင့်ကို ထည့်သွင်းဖော်ပြ ထားခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆိုပါအချိုးသတ်မှတ်ချက်ကို အခြေအနေ အချိန်အခါနှင့်အညီ လိုအပ်သလိုတိုးခြင်း၊ လျှော့ခြင်းပြုလုပ်နိုင်ရန်ဖြစ်သည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆန်းလွင်က ပြောသည်။ 

ယင်းနည်းဥပဒေနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက် တာဆန်းလွင်က “ အခြေအနေ အချိန်အခါနဲ့အညီ လိုအပ်သလို တိုး၍လည်းကောင်း၊ လျှော့ ၍လည်းကောင်း ပြင်ဆင်သွားရန်လိုအပ်ချက်အရနှင့် နိုင်ငံတကာ သဘောတူညီချက်များကို မြန်မာနိုင်ငံ အနေဖြင့် ချောမွေ့စွာလိုက်ပါဆောင်ရွက်နိုင်ရန် ထည့်သွင်းပြဋ္ဌာန်းခြင်း ဖြစ်ပါတယ် ” ဟု အမျိုးသား လွှတ် တော်တွင် ပြောကြားခဲ့သည်။ 

ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေ ပြင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေ ပြင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Wednesday, June 4, 2014

ငြိမ်းချမ်းရေးမရှိလျှင် နိုင်ငံတွင် သာယာမှု၊ တိုးတက်မှုမရှိနိုင်သဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရန်အတွက် ဖွဲ့စည်း ပုံပြောင်းလဲရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
‘‘ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကြိုးစားဖို့က အဓိကပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက နောက် ထားလို့ရတယ်ဆိုတာ အဲဒါ တကယ်တော့ မပြင်ချင်လို့ပြောတာဆိုတာကို သေသေချာချာ နားလည်ပါလို့ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မေလ ၃၁ ရက်က သမ္မတ ဦးသိန်းစိန် လစဉ်ရေဒီယိုမိန့်ခွန်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များထွက်ပေါ်လာမှ ဖွဲ့စည်းပုံပြင်ရန် လုပ်သင့်သည်ဟု ပြောဆိုခဲ့သည်။

‘‘နားမယောင်ပါနဲ့။ ဖွဲ့စည်း ပုံပြုပြင်ရင် ဒီနိုင်ငံကို မတည်ငြိမ်မှုတွေရှိမယ်လို့ ပြောတဲ့လူစကား နားမထောင်ပါနဲ့။ အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ်များက တကယ်မတည်ငြိမ်အောင်လုပ်ချင်လို့ပြောနေတာ မှတ်ထားပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)သည် နိုင်ငံရေးလုပ်ခဲ့ သည်မှာ (၂၆)နှစ်ရှိပြီဖြစ်ပြီး ယနေ့ထိ ခက်ခက်ခဲခဲလုပ်ဆောင် ခဲ့ရသည်ကို ညည်းညူပြောဆိုခြင်း မဟုတ်ဟု ဆိုသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို မေလ ၁၇ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး လက်မှတ်ရေးထိုးလှုပ်ရှားမှုများ ကို ဇူလိုင် ၁၉ အထိ ပြုလုပ်သွား မည်ဖြစ်သည်။

ပုဒ်မ ၄၃၆ မပြင်လိုလျှင် မှန်ကန်သော နည်းလမ်းများဖြင့် ဆန့်ကျင်ရန်လိုပြီး အောက်တန်း ကျသည့် နည်းလမ်းများနှင့် လိမ် လည်လှည့်ဖြားသည့် နည်းလမ်း များမသုံးရန်လိုကြောင်း၊ ဒီမို ကရေစီနည်းကျကျ သဘောမတူ တာ ဘာကြောင့်ဘာကြောင့် စသည့် အချက်အလက်မှန်ကန်စွာဖြင့် တိုင်ပြီးကန့်ကွက်ရန်လိုကြောင်းလည်း ဆက်ပြောသည်။

ယနေ့ လယ်ဝေးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးဟောပြောပွဲအပြီးတွင်လည်း ယခင်စစ်အစိုးရလက်ထက် နိုင်ငံပိုင်သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်သည့် ဆောင်းပါးများရေးသားခဲ့သူ ငါးမင်းဆွေမှာ ပုဒ်မ ၄၃၆ ကို ကန့်ကွက်သည့် စာရွက်များဖြန့်ဝေခဲ့ သည်။

နေပြည်တော်ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများအား ပုဒ်မ ၄၃၆ ပြင်ရန် လက်မှတ်မထိုးဖို့ ညွှန်ကြားထားကြောင်း အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ဇွန်လ ၁ ရက် နံနက် တွင် နေပြည်တော်ရှိ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းမြို့များတွင် ဆောင်ရွက်လျက်ရှိသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲများသို့ သွားရောက်ခဲ့သည်။

လယ်ဝေးမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ (ဓာတ်ပုံ - NLD)
7Day Daily
ငြိမ်းချမ်းရေးမရှိလျှင် နိုင်ငံတွင် သာယာမှု၊ တိုးတက်မှုမရှိနိုင်သဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရန်အတွက် ဖွဲ့စည်း ပုံပြောင်းလဲရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
‘‘ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကြိုးစားဖို့က အဓိကပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက နောက် ထားလို့ရတယ်ဆိုတာ အဲဒါ တကယ်တော့ မပြင်ချင်လို့ပြောတာဆိုတာကို သေသေချာချာ နားလည်ပါလို့ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်

Photo: ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်
Wednesday, June 4, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

မေ ၁၂ရက်တွင် အဆိုပါအမြန်လမ်းမကြီးပေါ်၌ ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးပြီးသည့်နောက်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးအား လေးလမ်းသွားမှ ရှစ်လမ်းသွားအထိ တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် ပြင်ဆင်သွားဖို့ စီစဉ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အချက်အလက်အကုန်လုံးကို သမ္မတကိုတင်ပြထားပါတယ်။ အခုအရင်ဆုံးအနေနဲ့ တံတားအပိုင်းတွေကို တိုးချဲ့ဆောင်ရွက်နေပါပြီ။ အမြန်လမ်းမှာ လုံခြုံရေးနဲ့ စည်းကမ်းပိုင်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် အမြန်လမ်းရဲတပ်ဖွဲ့အင်အားကိုလည်း ဖွဲ့စည်းပုံအင်အားထက်ပိုပြီး တိုးချဲ့သွားပါမယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ဇွန် ၃ ရက်တွင်ဆိုသည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းညွှန်သတိပေးဆိုင်းဘုတ်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၁၂ရက် ည ၇နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသည်တင်ယာဉ်မှာ ပြုတ်ကျခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၆ဦးသေဆုံးခဲ့ပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုဖြစ်ခဲ့သည့် ရာဇာမင်းခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်းထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၇ အနီးအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group 
 ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီး စစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

မေ ၁၂ရက်တွင် အဆိုပါအမြန်လမ်းမကြီးပေါ်၌ ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးပြီးသည့်နောက်တွင် ရန်ကုန်- မန္တလေးအမြန် လမ်းမကြီးအား လေးလမ်း သွားမှ ရှစ်လမ်းသွားအထိ တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Yu Thandar Tin


myanmar beautiful model girl yu thandar tin

လည်ချောင်းတွင် အရိုးဆူးပါလျှင်

Photo: လည်ချောင်းတွင် အရိုးဆူးပါလျှင်
Wednesday, June 4, 2014

(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ 
ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

ဒေါန

Myawady Health 
 (၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။
ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

အမိန့်နှင့် ညွှန်ကြားချက်များသည် ဥပဒေကို ကျော်လွန်နေ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လက်တွန့်နေသည့် အဓိကအကြောင်း ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ပြောကြား

အမိန့်နှင့် ညွှန်ကြားချက်များသည် ဥပဒေကို ကျော်လွန်နေသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လက်တွန့်နေသည့် အဓိကအကြောင်း ဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးပြောကြားသည်။

ဇွန် ၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးလှဆွေက ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် နိုင်ငံသား၊ နိုင်ငံခြားသားပါဝင်မှု အချိုးသည် မူလဥပဒေ ပြဋ္ဌာန်း ချက်ထက် ကျော်လွန်နေသည့် အမိန့်နှင့် ညွှန်ကြားချက်များအား မည်ကဲ့သို့ ပြန်လည်ထုတ်ပြန်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲဆောက်မြို့ရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား ဖမ်းဆီး

 
ထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တရားမ၀င် နေထိုင်သူများကို ဖမ်းဆီးသည့် စစ်ဆင်ရေး တစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ် ခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။