Thursday, June 12, 2014

KIA ထောင်ထားခဲ့သောမိုင်းမှ KIA တပ်ဖွဲ့ဝင်တစ်ဦးအား ပေါက်ကွဲ ဒဏ်ရာရရှိစေပြီးနောက် ဒေသခံများ စိုးရိမ်ထိတ်လန့်

 
ကချင်ပြည်နယ် ၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ခိုင်ဘန်ကျေးရွာအနီးအတွင် ဇွန် ၁၀ ရက် ညနေ ၅ နာရီခန့်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ KIA တပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရ သည်။

“ ညနေ ၅ နာရီလောက်မှာ တောထဲကနေပြီး မိုင်းကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်၊ လွယ်လုံဘွမ် စခန်းဘက်နဲ့ တူတယ်၊ ကျွန်တော်တို့လည်း ရွာသားတွေ နင်းမိတယ်ထင်နေတာ၊ ခုချိန်ထိတော့ ရွာသားတွေ မိုင်းနင်းတယ်ဆိုတဲ့သတင်း မကြားမိသေးဘူး ” ဟု ခိုင်ဘန် ရွာသားတစ်ဦးက ပြောသည်။

ဒေါ်စုကို သမ္မတ မဖြစ်စေလိုသဖြင့် အခြေခံဥပဒေမပြင်ရန် ရခိုင်တွင်ဆန္ဒပြ

ရန်ကုန်၊ မဇ္ဈိမ။ ။ အခြေခံဥပဒေ ပြင်ဆင်ပါက ပုဒ်မ ၅၉(စ) လုံးကို ပြင်ဆင် မည်ဖြစ်ပြီး ဒေါ်အောင်ဆ န်း စုကြည်သမ္မတ ဖြစ် မည်ကို စိုးရိမ်သဖြင့် ဆန္ဒထုတ်မှုတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန် ၁၂ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို အာရကန် မောင်လှ(ခေါ်) ဦးအောင်သန်းနုက ဦးဆောင်ကာ လူအင်အား တစ်ထောင်ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဖိုင်နယ်နှင့်ဆီးမီးဖိုင်နယ်ပွဲများအပါအ၀င် ကမ္ဘာ့ဖလားဘောလုံးပွဲ (၈)ပွဲကို မြန်မာ့ရုပ်မြင်သံကြားတွင် စကိုင်းနက်နှင့်မြန်မာ့ရုပ်သံ ပူးပေါင်းစီစဉ်က အခမဲ့ထုတ်လွှင့်မည်

ဘရာဇီးတွင်မကြာမီစတင်တော့မည့် ကမ္ဘာ့ဖလားပွဲများအနက် ဖိုင်နယ်၊ဆီးမီးဖိုင်နယ်အပါအ၀င် ရှစ်ပွဲ ကို မြန်မာ့ရုပ်မြင်သံကြားမှ တစ်ပြည်လုံးအခမဲ့ကြည့်ရှုနိုင်ရန် စကိုင်းနက်(ရွှေသံလွင်)မီဒီယာနှင့် မြန်မာ့ အသံတို့ပူးပေါင်းစီစဉ်လိုက်ကြောင်း နောက်ဆုံးသတင်းရရှိပါသည်။
ပြသမည့်ပွဲများမှာ ဖွင့်ပွဲ၊၁၆သင်းရှုံးထွက် (၂)ပွဲ၊ ကွာတားဖိုင်နယ်ပွဲ(၂)ပွဲ၊ဆီးမီးဖိုင်နယ်ပွဲ(၂)ပွဲနှင့် ဖိုင်နယ် ပွဲများဖြစ်ကြောင်းသိရှိရသည်။

ဂျီတီစီ ကျောင်းသားကို ကျောင်းထုတ် မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဆို

ကျောင်းသားလူထု လက်မခံနိုင်သော အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြရန်အတွက် ခွင့်ပြုချက်တောင်းခံခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးကန့် ဘလူမြို့ နည်းပညာတက္ကသိုလ် (GTC)မှ ကျောင်းသားခေါင်းဆောင်အား မြို့နယ်အုပ်ချုပ်ရေးမှူးက ကျောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကျောင်းသားခေါင်းဆောင်က ပြောသည်။

သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်သည့် သက်ရောက်မှုကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဦးရွှေမန်း ညွန်ကြား

 Photo: သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်သည့် သက်ရောက်မှုကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဦးရွှေမန်း ညွန်ကြား

နေပြည်တော်၊ ဇွန် ၁၁

သံလွှင်မြစ်ပေါ်တွင် တည်ဆောက်လျက် ရှိသော ရေကာတာ စီမံကိန်းများ၏ အကျိုးရလဒ်နှင့် ဆုံးရှုံးနိုင်သည့် အခြေအနေများကို ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်တင်ပြရန် သက်ဆိုင်ရာ အစိုးရအဖွဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုက်တွန်းလိုက်သည်။

ရေအားလျှပ်စစ် စီမံကိန်းအဖြစ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်နေဆဲ ဖြစ်သော ရေကာတာ စီမံကိန်းခြောက်ခုနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများကို သုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ခြင်း ရှိမရှိကို လောက်ကိုင် မဲဆန္ဒနယ်မှ ဦးကျော်နီနိုင်က ဇွန် ၁၁ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ဝန်ကြီးက လုပ်ဆောင်ချက် အချို့ကို ပြောကြားနေသဖြင့် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ရေကာတာ စီမံကိန်းများ တည်ဆောက်ခြင်းကြောင့် မြစ်ကြောင်း ပျက်စီးခြင်း အခြေမနေ မရှိနိုင်ဘဲ နိုင်ငံတွင်းနေ ပြည်သူ သန်း ၄၀ ကျော်အတွက် ဈေးနှုန်းသက်သာသော လျှပ်စစ်ကို ဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။

လက်ရှိတွင် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းကို ဆောက်လုပ်နေဆဲ ဖြစ်ပြီး ကျန်ရှိသည့် ရေကာတာ လေးခုကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းစီမံကိန်းများနှင့် ပတ်သက်၍ သံလွင်မြစ်တစ်လျှောက် နေထိုင်သော တိုင်းရင်းသားအများစုက ကန့်ကွက်ဆန္ဒပြနေမှုများ ရှိသော်လည်း အများပြည်သူ၏ သဘောထားကို ရယူ၍ စီမံကိန်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
သံလွှင်မြစ်ပေါ်တွင် တည်ဆောက်လျက် ရှိသော ရေကာတာ စီမံကိန်းများ၏ အကျိုးရလဒ်နှင့် ဆုံးရှုံးနိုင်သည့် အခြေအနေများကို ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်တင်ပြရန် သက်ဆိုင်ရာ အစိုးရအဖွဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုက်တွန်းလိုက်သည်။

ရေအားလျှပ်စစ် စီမံကိန်းအဖြစ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်နေဆဲ ဖြစ်သော ရေကာတာ စီမံကိန်းခြောက်ခုနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများကို သုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ခြင်း ရှိမရှိကို လောက်ကိုင် မဲဆန္ဒနယ်မှ ဦးကျော်နီနိုင်က ဇွန် ၁၁ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ဝန်ကြီးက လုပ်ဆောင်ချက် အချို့ကို ပြောကြားနေသဖြင့် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

၂၀၁၅ မကုန်မီ ကျူးကျော်များ နေရာပေးရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိကျူးကျော်များကို မြို့သစ်ကွက်များ ဖော်ထုတ်ပြီး ယာယီနေရာချထားပေးနိုင်ရန် အစီအမံများကို ၂၀၁၅ ခုနှစ် မကုန်မီအပြီး ဆောင်ရွက်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြည်သူ့လွှတ်တော်ဒသမပုံမှန် အစည်းအဝေး ဇွန် ၁၁ ရက်တွင် ပြောကြားလိုက်သည်။

၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် အများဆုံးကြုံတွေ့ရသည့် ပြဿနာများအနက် အင်အား သုံးပြီး ကျူးကျော်အိမ်ရာများဖယ်ရှားခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် သူရဦးအောင်ကို က မေးခွန်းမေးမြန်းရာတွင်ပြောသည်။

မြို့ပတ်ရထားလမ်းပိုင်းကို ကျပ်သန်းခြောက်ရာသုံးပြီး ခြံစည်းရိုးကာမည်

ရန်ကုန်- မြန်မာ့မီးရထားက မြို့ ပတ်လမ်းပိုင်းတစ်လျှောက် သန့် ရှင်းသပ်ရပ်မှုရှိစေရန် ခြံစည်းရိုး ကာရံမည်ဖြစ်ပြီး မြို့ပတ်လမ်း ပိုင်းတစ်ခုလုံးအတွက် ဘတ်ဂျက် ကျပ်သန်း ၆၀၀ အသုံးပြုမည် ဟု မြန်မာ့မီးရထား (မြို့ပြဌာန) မှ သတင်းရရှိသည်။

မဟာသန္တိသုခကျောင်းမှ သံဃာခုနစ်ပါးပျောက်ဆုံး၊ သံဃာငါးသိန်းကိုယ်စား အင်အားသုံးဖယ်ရှားဟုဆို

ဇွန်လ ၁၁ ရက် မနက် ၁ နာရီတွင် မဟာသန္တိသုခကျောင်းတိုက်ကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်အပါး ၃၀၀ နီးပါးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းကာ ကျောင်းတိုက်အား ချိတ်ပိတ်ခဲ့သည်။

ထိုကျောင်းတွင် သီတင်းသုံးနေသော ပီနန်ဆရာတော်၏ တပည့်ရင်းဖြစ်သည့် ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာခုနစ်ပါးမှာ ပျောက်ဆုံးလျက်ရှိနေပြီး ဆရာတော်များနှင့် နီးစပ်သည့် ဒကာ၊ ဒကာမများလည်း မည်သည့်နေရာသို့ ရောက်နေသည်ကို အတည်မပြုနိုင်သေးပေ။

မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး

 မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိကာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ်တွင် ဇွန်လ ၆ ရက်ညနေပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရွာချိန်၌ မိုင်ကုန်း အမျိုးသမီး တစ်ဦးသည် စက်ဘီးတွန်း၍ ရွာသို့ ပြန်စဉ် ဟန်းဖုန်းကို အိတ်ဖြင့်ထည့်ကာ ရင်ဘတ်အတွင်း ထည့်ထားသည်။

ကာချုပ် နှင့် နိုင်ငံရေး

Photo: ကာချုပ် နှင့် နိုင်ငံရေး
Wednesday, June 11, 2014

NLD အသိုင်းအဝန်းကလူတွေ စစ်တပ်က အာဏာသိမ်း မှာကို တော်တော်ကြောက်တဲ့ အကြောင်း ပြောကြတယ်။
မှန်ပါတယ်။ ကျွန်တော်တို့လည်း ကြောက်ပါတယ်။ စစ်အာဏာရှင်ကို ကြောက်တာပါ။

သို့သော် ကျွန်တော်နှင့် သဘောထားမတူကွဲပြားတဲ့အချက်က သူတို့က တပ်ချုပ် မင်းအောင်လှိုင် အနားယူပြီးလျှင် နိုင်ငံရေးလောကထဲ ဝင်မှာလည်း ကြောက်ကြ တယ်။တကယ်တော့ ဘာမှ မဆိုင်ဘူးဗျ။ ကြောက်စရာလည်း မလိုဘူး။ တကယ်ဆို ကာချုပ်သည်လည်း လူတော်တစ်ယောက်ဖြစ်တဲ့အတွက် သူနိုင်ငံရေးလောကထဲ ဝင်လာလျှင် ဆီးလို့တောင် ကြိုသင့်တယ်။

ကာချုပ်က အနားယူလျှင် ရိုးရိုးသာမာန်အရပ်သား ဖြစ်သွားပြီ။ စစ်တပ်အာဏာသိမ်းမှာကို ကြောက်တယ်ဆိုလျှင် မင်းအောင်လှိုင်နေရာမှာ တက်လာမယ့် ကာချုပ်ကိုပဲ ကြောက်ရမှာ။ ခုလို နောက်တက်လာမယ့် ကာချုပ်ကို စကားတောင် ထည့်မပြောပဲ မင်းအောင်လှိုင် နိုင်ငံရေးလောကထဲ ဝင်မှာကို ကြောက်တယ် ဆိုတော့ တစ်မျိုးကြီးပဲ။

မင်းအောင်လှိုင်နှင့် ပတ်သက်ပြီး NLD တွေ တကယ်ကြောက်တာက စစ်တပ်အာဏာသိမ်းမှာကို စိုးရိမ်တာ မဟုတ်ဘူး။ တကယ်သာ မင်းအောင်လှိုင် နိုင်ငံရေးလောကထဲ ရှိနေလျှင် နောက်ကာချုပ်က အာဏာသိမ်းရမယ့် အရေးရှိလျှင်တောင် မင်းအောင်လှိုင်မျက်နှာနှင့် နောက်ဆုတ်သွားနိုင်တယ်။ မင်းအောင်လှိုင် နိုင်ငံရေးလောကထဲ ရှိလျှင် တပ်ကအာဏာသိမ်းဖို့ ရာနှုန်းက ပိုတောင်လျော့သွားဦးမယ်။ ဒါကြောင့် NLD တွေ မင်းအောင်လှိုင်ကို ကြောက် တာက စစ်တပ်အာဏာသိမ်းမှာကြောင့် မဟုတ်ဘူး။သူတို့ တကယ်ကြောက်တာကသမ္မတပြေးလမ်းကြောင်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်နိုင်မယ့် နောက်ထပ် လူတစ်ယောက် ပေါ်လာမှာကိုပါ။

သမ္မတပြေးလမ်းပေါ်မှာက သိတဲ့အတိုင်း ရွှေမန်း၊ ဦးသိန်းစိန်၊ ဒေါ်စု။ ဒီအထဲမှာ ဒေါ်စုကို ယှဉ်နိုင်တာက ဦးသိန်းစိန်။ သို့သော် ရွှေမန်းနှင့် ဦးသိန်းစိန်ကို လှည့်တိုက်လိုက်တော့ ဦးသိန်းစိန်က ရွှေမန်းကို ဦးစားပေးလိုက်တယ့် သဘောရှိတယ်။ အဲဒီမှာ ဒေါ်စုနှင့် NLD က ဝမ်းသာပြီ။ ရွှေမန်းဆိုလျှင် ဘယ်အချိန်ပြိုင်ပြိုင် နိုင်တယ်။ နိုင်ပြီးသား ထားလို့ရတယ်။ ဦးသိန်းစိန် စိတ်ပြောင်းမှာပဲ ပူရတာ။ ဒါကိုတော့ ရတက်မအေးဘူး။ ဒါကြောင့် ရသရွေ့တော့ ဦးသိန်းစိန်ကို ဖဲ့နေတယ်။ မပြိုင်စေချင်လို့။ အဲဒီအချိန် ရွှေမန်းနှင့်တော့ ပလဲပနံသင့်ပေါ့လေ။ ယာယီပူးပေါင်းတဲ့ သဘောပေါ့။

ဒါပေမယ့် မင်းအောင်လှိုင်သာ အရပ်ဖက်ကနေ နိုင်ငံရေး လုပ်လာလျှင် ဒေါ်စုအတွင် အကြီးဆုံး ရန်သူပဲ။ မင်းအောင်လှိုင်က တပ်ရဲ့ ထောက်ခံမှုရှိတယ်။ စာရိတ္တပိုင်းဆိုင်ရာ အမှားမရှိဘူး။ ဒီတော့ ဒေါ်စုအတွက် အန္တရာယ်ရှိတယ်။ ဒါကို NLD တွေက ကြောက်တာ။ မင်းအောင်လှိုင်ကို နိုင်ငံရေးထဲ မဝင်အောင် တားဆီးချင်တာ။

တပ်က ပြောင်းလာတာချင်းအတူတူ ရွှေမန်းကျ လက်ခံပြီး မင်းအောင်လှိုင် လက်မခံတာ ဘာ့ကြောင့်လဲ ယှဉ်ထိုးစဉ်းစားကြည့်ပါလေ။
ခရိုနီတစ်ဖြစ်လဲ စစ်အာဏာရှင်ကို လက်ခံပြီး ပြစ်ချက်မရှိသူကို လက်မခံနိုင်တာ ဘာကြောင့်ဖြစ်မလဲ ဆိုတာကို။

ကျွန်တော့်သဘောထား ပြောရလျှင် ကာချုပ် မင်းအောင်လှိုင်အနေနှင့် လက်ရှိရာထူးအတိုင်းပဲ ဆက်လက်ထမ်းဆောင်လျှင်လည်း လေးစား ချီးကျူးမိသလိုတပ်မှ အနားယူပြီး နိုင်ငံရေးလောကထဲ ဝင်လျှင်လည်း မြန်မာ့နိုင်ငံရေး ချိန်ခွင်လျှာမျှစေဖို့ ဝမ်းမြောက်ဝမ်းသာ အားပေးမှာ ဖြစ်ပါတယ်။

Myo Min Thant
NLD အသိုင်းအဝန်းကလူတွေ စစ်တပ်က အာဏာသိမ်း မှာကို တော်တော်ကြောက်တဲ့ အကြောင်း ပြောကြတယ်။
မှန်ပါတယ်။ ကျွန်တော်တို့လည်း ကြောက်ပါတယ်။ စစ်အာဏာရှင်ကို ကြောက်တာပါ။

သို့သော် ကျွန်တော်နှင့် သဘောထားမတူကွဲပြားတဲ့အချက်က သူတို့က တပ်ချုပ် မင်းအောင်လှိုင် အနားယူပြီးလျှင် နိုင်ငံရေးလောကထဲ ဝင်မှာလည်း ကြောက်ကြ တယ်။တကယ်တော့ ဘာမှ မဆိုင်ဘူးဗျ။ ကြောက်စရာလည်း မလိုဘူး။ တကယ်ဆို ကာချုပ်သည်လည်း လူတော်တစ်ယောက်ဖြစ်တဲ့ အတွက် သူနိုင်ငံရေးလောကထဲ ဝင်လာလျှင် ဆီးလို့တောင် ကြိုသင့်တယ်။

PR စနစ်အဆို အမျိုးသားလွှတ်တော် အတည်ပြု

လာမည့် ရွေးကောက်ပွဲများ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန် အဆိုကို တပ်မတော်သားများနှင့် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အပါအဝင် တိုင်းရင်းသားပါတီများ ကန့်ကွက်ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ များသဖြင့် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။
အဆိုပါစနစ်နှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်၊ တိုင်းရင်းသား ကိုယ်စားလှယ်နှင့် NLD ကိုယ်စားလှယ် စုစုပေါင်း ၁၇ ဦး ကန့်ကွက်ပြီး ကြံ့ခိုင်ရေးပါတီဝင် ရှစ်ဦးက ထောက်ခံ ဆွေးနွေး ခဲ့သော်လည်း ဇွန် ၁၁ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ကြံ့ခိုင်ရေးပါတီဝင် အားလုံး ထောက်ခံမှုဖြင့် အဆို အတည်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုကို တက်ရောက်လာသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ ထောက်ခံသူ ၁၁၇ ဦး၊ ကန့်ကွက်သူ ၈၅ ဦး ရှိသောကြောင့် အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာ ခဲ့သည်။

မိုးသီးဇွန်နှင့် မိုးဟိန်းကို အမည်ပျက်စာရင်းသွင်း

 သမ္မတဦးသိန်းစိန်လက်  ထက်တွင်  ပထမဆုံးအကြိမ်အ ဖြစ်  အခြားနိုင်ငံသားခံယူထား သည့် မြန်မာ လူမျိုးနှစ်ယောက်ကို အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ  သတင်းရရှိသည်။

  သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်  အခြားနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံရေးသမား များနှင့် ကျွမ်းကျင်အတတ်ပညာ ရှင်များကို အမည်ပျက်စာရင်းများ မှ ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခု လို ပထမဆုံးအကြိမ်အခြားနိုင်ငံ သားအဖြစ်ခံယူထားသူမြန်မာနိုင် ငံသားနှစ်ဦးအား အမည်ပျက် စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။

တရုတ်ရဲမေများကို ရန်ကုန် စားသောက်ဆိုင်အချို့တွင် စားပွဲထိုး အသွင်ဖြင့်တွေ့နေရ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် အမျိုးသမီး ရဲမေအချို့ကို ရန်ကုန်ရှိ စားသောက်ဆိုင်ကြီးများ၌ ညပိုင်းတွင် စားပွဲထိုးများ အသွင်ဖြင့် သုံးယောက်တစ်တွဲ တာဝန် ထမ်းဆောင်နေသည်ကို မြင်တွေ့နေရကြောင်း သိရသည်။

ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ

Photo: ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ
Thursday, June 12, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ပုဒ်မ ၅၉ (စ) လုံး ပြင်ဖို့၊ မပြင်ဖို့ မဲခွဲဆုံးဖြတ် တယ်။ ပုဒ်မ ၅၉ (စ) ပြင်ဖို့ ထောက်ခံမဲက ၅ မဲပဲရှိတယ်။ မပြင်ဆင်ဖို့ မဲပေး တာက တော်တော်များ တယ်။ မပြင်ဆင်ဖို့မဲက အသာရသွားတော့ ၅၉ (စ) ပြင်ဆင်ဖို့ကတော့ ဒီလွှတ်တော် သက်တမ်း အတွင်း မှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး” ဟု ဖွဲ့စည်းပုံ ပြင် ဆင်ရေး လွှတ်တော် ကော်မတီတွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြော ဆိုသည်။

အဖွဲ့ဝင် ၃၁ ဦး ပါဝင်သော ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၇ ဦး ပါဝင်ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှု များရှိခဲ့သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

ပုဒ်မ ၅၉ (စ) သည် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိရေး အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမည့် သူသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတဦးဦး၏ ဇနီးနှင့် ခင်ပွန်း သည် နိုင်ငံခြား အစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံသို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစား နိုင်ခွင့် ရှိသူများ မဖြစ်စေရဟု ဖော်ပြထားပြီး ယင်းသတ် မှတ်ချက်သည် နိုင်ငံခြားသား ၂ ဦးရှိနေသော ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတဖြစ်ခွင့် မရှိစေရန် တားဆီးထားခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီဝင်လည်းဖြစ်သူ ဗိုလ်မှူး ကြီးဟောင်း ဦးတင်မောင်ဦးက ပုဒ်မ ၅၉ (စ) ပြင် ဆင်ဖွယ်ရှိ သည်ဟု ဧရာဝတီသို့ မေလတွင် ပြောဆိုခဲ့ သော်လည်း လွှတ်တော်ကော်မတီက ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် ဆုံးဖြတ်မှုကိုမူ တိတိကျကျ ဖြေဆို ခြင်းမပြုဘဲ တိမ်းရှောင်ဖြေဆိုသွားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ် တော်ကော်မတီတွင် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စား လှယ် ၁၄ ဦး၊ စစ်တပ် လွှတ်တော် အမတ် ၇ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ် ၂ ဦး၊ အခြား နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ် ၈ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်သည်။

ဧရာဝတီ 
 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

မျိုးစောင့်ဥပဒေနဲ့ ပတ်သက်လို့ ဥပဒေဘောင်ထဲကသာ ကြိုးပမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မျိုးစောင့်ဥပဒေ ပြဌာန်းသင့် မသင့်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်း အတော်များများက မျိုးစောင့်ဥပဒေ မပြဌာန်းဖို့ အတွက် တင်ပြထားတာကြောင့် ဒီကိစ္စအပေါ် ဥပဒေဘောင်အတွင်းကသာ ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ကြောင်း ဒီနေ့ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

နွားနောက်အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့ နေရာကွက် မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် နှင့် ဆက်စပ်နေသည့် အာရေဗျ ပင်လယ်အောက်ထဲတွင် မြန်မာ နိုင်ငံ မိုး/ဇလဌာနမှ အမည်ပေး ထားသည့် နွားနောက် (Nanauk) မုန်တိုင်းတိုက်ခတ်နေပြီး ယင်းမုန် တိုင်း၏ အရှိန်ကြောင့် မြန်မာ နိုင်ငံဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကာ ကမ်းရိုးတန်းဒေသ များအား လေပြင်းအန္တရာယ် ကျ ရောက်နိုင်ကြောင်း ပညာရှင်များ က သတိပေးထားသည်။

မျိုးစောင့်ဥပဒေကန့်ကွက်သည့်အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နာရီကြာတွေ့ဆုံ

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် မျိုးစောင့် ဥပဒေလေးမျိုးကို ကန့်ကွက်လှုရှားသည့် အဖွဲ့များမှ
ကိုယ်စားလှယ်များက ဇွန် ၁၁ရက်တွင် လွှတ်တော်အဆောက်အဦအတွင်းရှိ အိုင် ၁၂ တွင် နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။
"မျိုးစောင့်ဥပဒေ အပိုင်းလေးပိုင်းလုံးဆိုရင် ဥပဒေက မလိုအပ်ပါဘူး၊ အကျိုးရှိမယ်ဆိုတာထက် အကျိုးမရှိပိုများတယ်။ ဒါကြောင့် အဓိကအချက်အလက်တွေကို လာတင်ပြဆွေးနွေးတာဖြစ်တယ်။ 
မျိုးစောင့် ဥပဒေဖြစ်ပေါ်လာရေး လှုပ်ရှားမှုတွေကဆိုရင် ပဋိပက္ခ ဖြစ်ပွားနိုင်တယ်။ ငြိမ်းချမ်းရေးကို ပျက်ပြားနိုင်တယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာကို လာပြီး တင်ပြတာဖြစ်ပါတယ်”ဟု အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံမှ ဒေါ်သင်းသင်းအောင်က မီဒီယာများကို ပြောသည်။

မဟာသန္တိသုခ ကျောင်းတိုက်တွင် မင်္ဂလာဧည့်ခံပွဲများ ကျင်းပခွင့်ပြုမထားဟု သာသနာရေး တာဝန်ရှိသူငြင်း

ရန်ကုန်မြို့တွင် မင်္ဂလာ ဆောင် ဧည့်ခံပွဲအများအပြား လက်ခံ ပြုလုပ်နေသည့် တိုင်း သံဃာဆရာတော် များ၏ ချိပ် ပိတ်ခံရသော မဟာသန္တိသုခ ကျောင်းတိုက်တွင် မင်္ဂလာဆောင် ဧည့်ခံပွဲများ ကျင်းပခွင့် မပြုထား ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောသည်။

မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်လိုက်သောကြောင့် ထိုကျောင်းတွင် လက်ခံထားသည့် မင်္ဂလာဆောင် ဧည့်ခံပွဲများ ပယ်ဖျက်ခြင်း ရှိ၊ မရှိ ကျောင်းတိုက်နှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သာသနာရေးဝန်ကြီးဌာနသို့ 7Day Daily သတင်းစာက မေးမြန်းရာ ထိုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ် သည်။