Tuesday, June 17, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့ရင် ဘာဆက်လုပ်မလဲ

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့ရင် ဘာဆက်လုပ်မလဲ
Tuesday, June 17, 2014

အဖြေ ရှင်းသွားပြီ

နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ နိုင်ငံရေးသမားတွေအတွက် အဖြေနှစ်ခု ထွက်သွားခဲ့ ပါပြီ။ ပထမ အဖြေ တစ်ခုကတော့ အမျိုးသားလွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ် PR System အသုံးပြုဖို့ အဆို အတည်ဖြစ်သွားပြီးတဲ့နောက် လေ့လာရေးကော်မရှင် ဖွဲ့လိုက်တာ ဖြစ်ပါတယ်။ NLD အမတ်တွေ ထိုင်ခုံ မှာထိုင်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ တပ်မတော်သားကိုယ်စားလှယ်အားလုံးကလည်း NLD နဲ့ ရပ်တည် ချက်တူညီစွာ ကန့်ကွက်ခဲ့ကြပါတယ်။ ဒါဟာ အံ့အားသင့်စရာ ကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်း ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေက PR System ကို ပြောင်းလဲကျင့်သုံးဖို့ အချိန်ယူ စဉ်းစား သင့်တဲ့အကြောင်း၊ အချိန်မတန်သေးဘူး ဆိုတဲ့အကြောင်း ဆွေးနွေးသွားခဲ့ကြတာပါ။ ဒါပေမယ့် နေရာ အများစု ရယူထားတဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီမိုကရက်ပါတီအချို့က ကိုယ်စား လှယ်တွေက တစ်ညီတစ်ညွတ်တည်း မတ်တပ်ရပ် ထောက်ခံမှု ပြုခဲ့တာကြောင့် ဒေါ်ခင်ဝိုင်း ကြည်ရဲ့အဆို အနိုင်ရရှိသွားခဲ့ပါတယ်။

ဒုတိယအဖြေကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ဖို့ ကန့်သတ်ထားပါတယ် ဆိုတဲ့ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အဖွဲ့ဝင် စုစုပေါင်း (၃၁)ဦး ပါဝင်တဲ့ ဒီကော်မတီမှာ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့ ထောက်ခံမဲက ၅ မဲပဲ ရရှိခဲ့တာပါ။ NLD ပါတီက ကိုယ်စား လှယ်(၂)ဦးပဲ ပါဝင်ခဲ့တာဖြစ်တဲ့အတွက် NLD နဲ့အတူ ရပ်တည်ပေးတာ နောက်ထပ် (၃)မဲ ပဲ ရရှိခဲ့တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ရဲ့ အဓိပ္ပါယ်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ လက် ရှိ လွှတ်တော်သက်တမ်းအတွင်းမှာ မဖြစ်နိုင်တော့ဘူး ဆိုတာပါပဲ။

ဒီအခြေအနေတွေက ဘာကို ညွှန်းဆိုနေသလဲဆိုတာ နိုင်ငံရေးလေ့လာသူတွေ ရိပ်စားမိမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ဖို့ တက်လှမ်းရမယ့် အဆင့်တွေမှာ အရေးကြီးတဲ့ ရွေး ကောက်ပွဲစနစ်ဟာ NLD ကို မျက်နှာသာမပေးတဲ့ အနေအထားသို့ ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်မှာပဲ ပြောင်းလဲတာဆိုပေမယ့်လည်း ပြည်သူ့လွှတ်တော်မှာလည်း ဖြစ် မလာနိုင်ဘူး လို့ ယတိပြတ် ပြောလို့ မရသေးတဲ့အခြေအနေပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့လွှတ်တော်မှာလည်း PR System ကျင့်သုံးဖို့ အဆိုတင်သွင်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေကြောင့်ပါပဲ။ အကယ်၍သာ ပြည်သူ့လွှတ်တော်မှာလည်း ဒီလိုမျိုး PR System ပြောင်းလဲကျင့်သုံးဖို့ အဆိုတင်လာပြီ ဆိုရင်တော့ NLD ဟာ အစိုးရဖွဲ့နိုင်၊ သမ္မတ တင်မြှောက်နိုင်တဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ဝေးကွာသွားတော့ မှာ ဖြစ်ပါတယ်။ အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် ဟန့်တား ထားတဲ့ ပုဒ်မ ၅၉(စ)ဟာ ခိုင်ခိုင်မာမာ ဆက်လက်တည်ရှိနေမယ့် အနေအထားပဲ ဖြစ်ပါတယ်။ ဒီအနေ အထားရဲ့ ဆိုလိုရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတအိပ်မက် လေထဲမှာပဲ ပျောက်ပျက် သွားတော့မယ် ဆိုတာပါပဲ။

သမ္မတအိပ်မက် ပျက်ပြယ်ပြီ

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရှိတရားနဲ့ လက်တွေ့အခြေအနေကို ရဲရဲတင်းတင်း ရင်ဆိုင် ဖို့ လိုအပ်လာပါပြီ။ သမ္မတ ဖြစ်ရေးအိပ်မက်ဟာ အကောင်အထည်မပေါ်လာနိုင်တော့တဲ့ အိပ်မက် ဖြစ်လာခဲ့ပါပြီ။ လွှတ်တော်ကော်မတီက ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ အိပ်မက်ပျက်ပြယ်ပြီလို့ ပြောရခြင်း မဟုတ်ပါဘူး။ NLD ပါတီရဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး လူထုဟောပြောပွဲတွေ ကျင်းပခဲ့ချိန်မှာ ပုဒ်မ ၅၉(စ)မပြင်ဆင်ရေး လှုပ်ရှားမှုတွေ နေရာအနှံ့ဖြစ်ပေါ်လာခဲ့တာ ပြန်ပြီး သတိရဖို့ လိုပါတယ်။ ထိပ်တိုက် တိုးမှုတွေမှာ ရဟန်းသံဃာတွေနဲ့ NLD ပါတီဝင်တွေ ပါဝင်လာတဲ့အထိ အခြေအနေက ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ထိပ်တိုက်မတိုးမိအောင် NLD ပါတီက ပုဒ်မ ၄၃၆ ဆိုပြီး ပြောင်းလဲစည်းရုံးနေရတာ ဖြစ်ပါတယ်။ ပုဒ်မ ၅၉(စ)ကို ရှေ့တန်းမတင်ဘဲ ပုဒ်မ ၄၃၆ ကို ရှေ့တန်း တင်ပြီး ဟောပြောစည်းရုံးတဲ့အခါမှာတော့ လူထုဆန့်ကျင်မှုအရှိန်လျော့ကျသွားပါတယ်။ ဒါပေမယ့်လည်း ပုဒ်မ ၅၉(စ)ကို ပြန်ပြီး ဆွေးနွေးလာကြမယ် ဆိုရင်တော့ အမျိုးသားရေးလှုပ်ရှားမှုတွေ ပြန်လည် ပေါ်ပေါက် လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၅၉(စ)ကို လွှတ်တော်က ပြင်ဆင်ပေးသည့် တိုင်အောင် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ဆန္ဒအတိုင်း ပြင်ဆင်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ မြန်မာ ပြည်သူလူထုအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အရှိတရားပါ။

တစ်ခါ လွှတ်တော်ကော်မတီက ပြင်ဆင်ဖို့ သဘောတူခဲ့သည့်တိုင်အောင် လွှတ်တော်ထဲမှာ ပထမ အဆင့် အနေနဲ့ အရွေးချယ်ခံကိုယ်စားလှယ် ၇၅% ရဲ့ ထောက်ခံမှု ရရှိဖို့ မလွယ်လှပါဘူး။ တစည၊ အမျိုးသားဒီမိုကရေစီပါတီသစ် အပါအ၀င် ပါတီအချို့ရဲ့ ကိုယ်စားလှယ်တွေက ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ကို မထောက်ခံဘူး ဆိုတဲ့သဘောထားတွေကို ထုတ်ဖော်ပြောဆိုထားလို့ပဲ ဖြစ်ပါတယ်။ ဒုတိယအချက် ကတော့ အရပ်သားကိုယ်စားလှယ်တွေရဲ့ ထောက်ခံ အပြည့်အ၀ ရရှိခဲ့ရင်တောင် ၇၅% မပြည့်သေး ပါဘူး။ လစ်လပ်ကိုယ်စားလှယ်နေရာတွေ ရှိနေတာဖြစ်တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြီးတော့မှပဲ ၇၅% အပြည့်ဖြစ်လာမှာပါ။ ပြီးတော့ တတိယအချက်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်ချက်ဖြစ် တဲ့ ၇၅%ကျော် ရရှိဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု ရရှိဖို့ လိုပါတယ်။ ဒီလိုအပ်ချက်ဟာလည်း လက်ရှိအနေအထားမှာ မဖြစ်နိုင်တော့ဘူးလို့ပဲ ပြောရမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်မတော်ကို စိန်ခေါ်တဲ့စကားတွေ၊ ပြည်သူကို ဖိနှိပ်တဲ့တပ်မတော်ဆိုတဲ့ စကားတွေ တိုင်းသိ ပြည်သိ ထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက် ရှစ်လေးလုံးအခြေအနေမျိုး တစ်ကျော့ပြန်တော့မှာလား တွေးမိကြတဲ့အထိ အခြေအနေက တင်းမာသွားခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ကြည်ဖြူလက်ခံ မှု သေရေးရှင်ရေးတမျှ လိုအပ်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ထုတ်သုံးခဲ့တဲ့ မဟာဗျူဟာက မလှပခဲ့ပါဘူး။ ဒီတော့ သမ္မတအိပ်မက်ဟာ မဖြစ်နိုင်တော့ဘူး ဆိုတဲ့ အချက်ကို ပထမဆုံး အသိအမှတ် ပြု လက်ခံရတော့မှာ ဖြစ်ပါတယ်။

ဘာဆက်လုပ်မလဲ

ကောင်းပြီ။ ခေါင်းမာတယ်၊ စိတ်ဓါတ်မာတယ်၊ ယုံကြည်ချက် ခိုင်မာတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာဆက်လုပ်မလဲ။ Plan-A မရနိုင်တော့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Plan B က ဘာလဲ။ စဉ်းစားကြည့်ဖို့ လိုအပ်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ဖော်ပြောကြားချက်၊ ၈၈ မျိုးဆက်တွေ ရဲ့ ထုတ်ဖော်ပြောကြားချက်တွေအရ အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်းက လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဆူပူအုံကြွမှုတွေ၊ အဓိကရုဏ်းတွေ မဖြစ်အောင် တာဝန်ယူရမယ့် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ရာထူးကိုလည်း ရယူ ထားသူဖြစ်တဲ့အတွက် လူထုတိုက်ပွဲနဲ့ ပြင်ဆင်ဖို့ မဖြစ်နိုင်ပါဘူး။ လူထုအတော်များများကလည်း ရှစ်လေး လုံးအရေးအခင်းမျိုး မကြုံတွေ့ချင်တော့ဘူး ဆိုတာ ပြောထားကြပါတယ်။ လူထုတိုက်ပွဲ ဖြစ်ပေါ် လာရင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်မယ် ဆိုတာကလည်း မဖြစ်နိုင်တဲ့ လမ်းကြောင်းပါ။ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး မအောင်မြင်ရင် ဘာဆက်လုပ်မလဲ၊ ၂၀၁၅ ရွေးကောက်ပွဲကို သပိတ် မှောက် မှာလား ဆိုတဲ့ မေးခွန်းကို NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြင်သည် ဖြစ်စေ၊ မပြင် သည် ဖြစ်စေ၊ ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်၊ ဒါဟာ CEC ဆုံးဖြတ်ချက် ဆိုပြီး ပြောကြားထားပြီး ဖြစ်ပါ တယ်။ ဦးဥာဏ်ဝင်းရဲ့ ပြောကြားချက်ဟာ ၂၀၁၅ ရွေးကောက်ပွဲအပေါ်မှာ ထားရှိတဲ့ သဘောထားလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုဆုံးဖြတ်ရသလဲ ပြန်ကြည့်ရင် NLD ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့အတွက် ဒီကနေ့ လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးအများစု အခြေအနေကို ဖြစ်ပေါ် လာစေခဲ့တာပါ။ NLD ပါတီသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့မယ် ဆိုရင် သမ္မတရွေးချယ်ရေးကို အဆုံးအဖြတ် ပေးနိုင်တဲ့အထိ အလားအလာရှိခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်တွေ ပေါ်လာပြီး အင်စတီကျူးရှင်း အသစ် တွေ ထူထောင်လာချိန်မှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားမ၀င် နိုင်ငံရေးပါတီ အဖြစ်နဲ့ပဲ ရှိနေခဲ့တာပါ။ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နိုင်ငံရေးပါတီဥပဒေ၊ ရွေးကောက်ပွဲဥပဒေတွေ ပြင်ဆင်ပေးခဲ့လို့သာ ကြားဖြတ်ရွေးကောက်ပွဲကတစ်ဆင့် လွှတ်တော်ထဲ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်လာမှပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဆိုပြီး နိုင်ငံရေးစာမျက်နှာမှာ တည်တည်တံ့တံ့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေအရ လွှတ်တော်ရေစီးကြောင်းကို ရှောင်လွှဲ သူဟာ မြန်မာ့နိုင်ငံရေးပင်မဒိုင်ယာလော့နဲ့ ကင်းကွာသွားရမှာပဲ ဖြစ်ပါတယ်။ သဘောထားတင်းမာမှု၊ ခေါင်းမာမှုတွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို လွဲချော်ခဲ့ရတဲ့ NLD ပါတီဟာ ဒီကနေ့ အင်အား မကောင်းတဲ့ အတိုက်အခံပါတီကြီးအဖြစ်သာ ရပ်တည်နေရတာ ဖြစ်ပါတယ်။ ၂၀၁၅ ကိုလည်း ဒီပုံစံ အတိုင်း ဆက်ပြီးခေါင်းမာစွာ သပိတ်မှောက်ဦးမယ် ဆိုရင်တော့ လွှတ်တော်သက်တမ်း(၂)ခု စုစုပေါင်း (၁၀)နှစ် ဆိုတဲ့ အချိန်တွေကို အလဟဿ ဖြုန်းတီးရာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေအရ သုံးသပ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရာထူးကို မရနိုင် တော့ဘူး ဆိုတာကို လက်မခံချင်လည်း လက်ခံနိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ နောက် ဒုတိယ အချက်အနေနဲ့တော့ ပြောင်းလဲလာတဲ့ ရွေးကောက်ပွဲစနစ်မှာ NLD ပါတီ အများစု အနိုင်ရရှိခဲ့ရင် (ဒါမှ မဟုတ်) အခြားမိတ်ဆွေပါတီတွေနဲ့ ပေါင်းပြီး လွှတ်တော်တွင်း အများစုမဲပေးနိုင်တဲ့ ပါဝါ ရရှိခဲ့ရင် သမ္မတ လောင်းအဖြစ် ဘယ်သူ့ကို တင်မြှောက်မလဲ ဆိုတာကို စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ထဲက ဦးကိုကိုကြီးကို တင်မြှောက်မှာလား၊ အတွေ့အကြုံရင့် ဦးတင်ဦးကိုပဲ တင်မြှောက်မှာလား။ ဒါတွေကို ကြိုတင်စဉ်းစား ဆုံးဖြတ်ထားရတော့မှာ ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၁၅ အလွန် နိုင်ငံရေးအခင်းအကျင်း မှာ ဘယ်လိုနေရာမျိုး ရယူမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် နာယကအနေနဲ့ အစိုးရကို ပြန်လည်ထိန်းကျောင်းမှု ပြုချင်သလား။ ဒါမှမဟုတ် အိန္ဒိယနိုင်ငံက ဆိုနီယာဂန္ဓီလိုမျိုး NLD ပါတီဥက္ကဌ၊ လူထုခေါင်းဆောင် ပုံစံ မျိုးနဲ့ လွှတ်တော်နဲ့ အစိုးရကို ထိန်း ကျောင်းမှု ပြုချင်သလား ဆိုတာကို စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

သမ္မတရာထူး ရယူရေး အိပ်မက်ကို စွန့်လွှတ်လိုက်ပြီ ဆိုရင်တော့ သမ္မတလောင်းတင်မြှောက်နိုင် သူတွေ ကို ပွဲထုတ်ပေးရတော့မယ်၊ ဆွဲတင်ပေးရတော့မယ် ဖြစ်ပါတယ်။ NLD မှာ ဒုတိယဒေါ်အောင်ဆန်း စုကြည် ပေါ်ထွက်လာနိုင်တယ် ဆိုပြီး ဦးတင်ဦးက ပြောကြားခဲ့ပေမယ့်လည်း နောင်နှစ်ပေါင်းများစွာမှ ပေါ်ထွက်လာနိုင်တာမျိုး ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်၊ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းရဲ့ မူဝါဒနောက်မှ အေးအေးသက်သာ လိုက်ပါနေကြ တဲ့ NLD ပါတီဟာ ထက်မြက်ထူးချွန်တဲ့ ခေါင်းဆောင်အသစ်တွေ မြန်မြန်ထွက်လာအောင် လုပ်ရတော့ မှာဖြစ်ပါတယ်။ ဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အလွန် NLD ပါတီဟာ ရေရှည် တည်တံ့ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

လူထုတိုက်ပွဲ အောင်မြင်မှာလား

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင် ပြောကြားခဲ့သလို လမ်းပေါ်လူတွေ ပြည့်သွားအောင် လုပ်တဲ့ လူထုတော်လှန်ရေး၊ လူထုတိုက်ပွဲနည်းနဲ့ရော သမ္မတဖြစ်ရေးကို မလုပ်နိုင်ဘူး လား မေးစရာ ရှိပါတယ်။ ပထမဆုံး ပြည်တွင်းအခြေအနေကို ပြန်ကြည့်ရင် ၁၉၈၈ ခုနှစ်ကလို တစ်သွေး တည်းတစ်သားတည်း ဖြစ်ဖို့ ခက်ခဲသွားပြီ လို့ပဲ သုံးသပ်ချင်ပါတယ်။ သမ္မတဖြစ်ရေးအတွက် တွန်းအား ပေးလာမယ် ဆိုရင် ပုဒ်မ ၅၉(စ)ထောက်ခံနေကြတဲ့ အမျိုးသားရေးအင်အားစုကြီး ရှိနေပါတယ်။ သူတို့ ဟာ အမျိုးသားရေးအမြင်နဲ့ ပုဒ်မ ၅၉(စ)ကို ထောက်ခံနေကြတာ ဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် ဒေါ် အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို ကန့်ကွက်နေကြတာ ဖြစ်တယ် ဆိုတာကို မြင်အောင်ကြည့်ဖို့ သိပ်ကို အရေးကြီးပါတယ်။ တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေလိုတဲ့ အုပ်စု နဲ့ သမ္မတ မဖြစ်စေလိုတဲ့ အုပ်စု ဆိုပြီး ထိုင်းနိုင်ငံက အနီနဲ့ အ၀ါလို ဖြစ်နေကြတာ ဖြစ်ပါတယ်။ အမျိုးသားရေးအုပ်စုက သာသနာ့အလံအရောင် အ၀ါလို့ သတ်မှတ်နိုင်သလို NLD ပါတီထောက်ခံသူတွေ ကတော့ ပါတီအလံအရောင် အနီ ဆိုပြီး သတ်မှတ်နိုင်ပါ တယ်။ ဒီအုပ်စုကြီး (၂)စု ထိပ်တိုက် တိုးတော့မယ့် အနေအထားမျိုးတွေကိုလည်း စာပေဟောပြောပွဲတွေကို ကန့်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ နမူနာအဖြစ် တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင် တွေရော NLD ပါတီ က ခေါင်းဆောင်တွေပါ မြန်မာပြည်သူတွေထဲမှာ ဖြစ်ပေါ်နေတဲ့ အနီအုပ်စုနဲ့ အ၀ါအုပ်စုကို အလေးထားဖို့ လိုပါတယ်။

နောက် ပြည်ပအခြေအနေကို လေ့လာကြည့်ဖို့ လိုပါတယ်။ အာရပ်တော်လှန်ရေးကြောင့် အစွန်းရောက် တွေ ပလ္လင်ပေါ်တင်ပေးခဲ့ရတဲ့ အခြေအနေဖြစ်ပေါ်လာသလို တူရကီမှာလည်း အာဏာရှင်ဝါဒ ပြန်လည် ပြီးတော့ ထွန်းကားလာနေပါတယ်။ ထိုင်းနိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းထားရပြီး ပိုမို တင်းကျပ်တဲ့ အခြေခံဥပဒေပြင်ဆင်ဖို့အထိ လုပ်ဆောင်နေပါတယ်။ ဒီမိုကရေစီနိုင်ငံများအုပ်စုကို ဦး ဆောင်နေကြတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေအတွက် အောင်မြင်မှုဇာတ်လမ်းပုံပြင်တစ်ခုအဖြစ် မြန်မာနိုင်ငံကို အမွှမ်းတင်နေရတဲ့အခြေအနေ ဖြစ်နေပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် လည်း ၀က်စ်ပွိုင့်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံကို အလေးပေး ချီးကျူးပြောကြား သွားရတဲ့ အနေအထား ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် လမ်းပေါ်ထွက်အောင် လုပ်ဆောင်ခဲ့မယ်ဆိုရင် ပြည်ပ အသိုင်းအ၀ိုင်းက အပြည့်အ၀ ထောက်ခံမှုပေးမှာလား ဆိုတာကိုလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ တံခါးပိတ်အာဏာရှင်နိုင်ငံအဖြစ်ကနေ တံခါးဖွင့်ပြီး အနောက်နိုင်ငံတွေကို လက်ကမ်းခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီခိုင်မာဖို့ (ဒေါ်အောင်ဆန်း စုကြည် မဟုတ်တဲ့) စစ်ဗိုလ်ချုပ်တွေနဲ့လည်း လက်တွဲလုပ်ဆောင် နိုင်တယ် ဆိုတာကို အနောက်နိုင်ငံ တွေက နားလည်သဘောပေါက်လာခဲ့ကြပြီ ဖြစ်ပါတယ်။ ဒါဟာလည်း ဆူပါပါဝါနိုင်ငံကြီးတွေရဲ့ ပုတ်သင် ညိုဝါဒ ဖြစ်ပါတယ်။ မူဘာရက်ကို တောက်လျှောက်ထောက်ခံခဲ့ပေမယ့်လည်း ဖြစ်ပေါ်လာတဲ့ အပြောင်း အလဲမှာ လက်တွဲဖြုတ်ခဲ့ကြတာ မြင်တွေ့နိုင်ပါတယ်။ အခုဆိုရင်ပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်ပနိုင်ငံတွေမှာ ပြောတဲ့ဟောတဲ့အခါ မြန်မာနိုင်ငံကို အကောင်း မမြင်ကြပါနဲ့ဦး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရသေးပါဘူး စသည်အားဖြင့် ထပ်ခါတလဲလဲ ပြောနေတဲ့ကြားက ရင်းနှီးမြုပ်နှံမှုတွေ၊ ထောက်ပံ့ကူညီမှုတွေ ၀င်ရောက်လာနေပြီ ဖြစ်ပါတယ်။

နောက်တစ်ခါ အခြေခံဥပဒေပြင်ဆင်ရေးဟာ အမှန်စင်စစ်မှာတော့ NLD နဲ့ တပ်မတော် ဆက်ဆံရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ဆက်ဆံရေး ပြဿနာသာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီအချက်ကို မြင်အောင် ကြည့်နိုင်ဖို့ လိုပါတယ်။ မြန်မာ စစ်တပ်ကို အိမ်နီးချင်း နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ ဒေသတွင်းမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲမှု တွေ ပိုမိုလျင်မြန်လာအောင်၊ ပိုမိုကောင်းမွန်လာအောင် အပြုသဘောစကားလုံးတွေ သုံးပြီး နိုင်ငံတကာနဲ့ ပေါင်းကူးပေးနိုင်ဖို့ လိုပါတယ်။ စစ်တပ်အနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် စစ်တပ်ပိုင်ကော်ပိုရေးရှင်းကြီးတွေကိုလည်း နိုင်ငံတကာအဆင့်မီ ကော်ပိုရေးရှင်းကြီးတွေ ဖြစ်လာအောင် ၀ိုင်းဝန်းကူညီပံ့ပိုးပေးသင့်ပါတယ်။ ဒီလိုမျိုး အပြုသဘော ပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်ဖို့ မရှိမဖြစ် လိုအပ် ချက် ကတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသိ အမှတ် ပြုပေးဖို့ အရေးကြီးတယ်လို့ပဲ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကနေ့ မြန်မာနိုင်ငံအခြေ အနေကို အမှန်အတိုင်းကြည့်မြင် သုံးသပ်ပြီး ပြည်သူတွေ အလုပ်အကိုင် မြန်မြန်နဲ့ များများ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုတွေ တွန်းအားပေးပြီး ဖိတ်ခေါ်ခဲ့မယ် ဆိုရင် ပြည်သူလူထု အနေနဲ့ များစွာ အကျိုးဖြစ်ထွန်း စေမှာ ဖြစ်ပါတယ်။ အလားတူပါပဲ နောက်ကျကျန်နေတဲ့ ကျေးလက်ဒေသတွေနဲ့ စစ်ဘေးသင့် ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကူညီမှုတွေ တောင်းခံပေးခဲ့မယ် ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးဟာ ဒီထက်ပိုပြီး မြန်ဆန်ချောမွေ့လာနိုင်ပါတယ်။ ကော့မှူး တစ်နယ်ထဲ ကောင်းစားရေး ထက် တစ်နိုင်ငံလုံး ညီတူညီမျှကောင်းစားရေးကို ဦးတည်ခဲ့မယ် ဆိုရင် ဆင်းရဲနွမ်းပါးမှုက အမြန်ဆုံး ရုန်းထလွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ထွန်းကားဖို့ စီးပွားရေး အဆင်ပြေဖို့ အရေးကြီးတယ်၊ ဒါ့ကြောင့် ဒီမိုကရေစီအကူးအပြောင်းကို အထောက်အကူဖြစ်စေဖို့ ပြည်သူတွေ လူမှုစီးပွားအဆင်ပြေ တိုးတက်လာအောင် ကူညီပေးတယ် ဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်သင့်တယ်လို့ပဲ မြင်ပါတယ်။ တိုင်းပြည် အကျိုးနဲ့ ပြည်သူလူထုအကျိုးကို အမှန်တစ်ကယ် ရှေ့ရှုပြီး တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးမယ် ဆိုရင် သမ္မတ မဖြစ်လည်းပဲ ပြည်သူတွေရဲ့ ရင်ထဲက ခေါင်းဆောင်အဖြစ် အစဉ် ထာဝရ သမိုင်းတွင် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။

ဘုန်းအောင်
The Messenger ဂျာနယ် အတွဲ ၅ အမှတ် ၃ မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ 
အဖြေ ရှင်းသွားပြီ

နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ နိုင်ငံရေးသမားတွေအတွက် အဖြေနှစ်ခု ထွက်သွားခဲ့ ပါပြီ။ ပထမ အဖြေ တစ်ခုကတော့ အမျိုးသားလွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ် PR System အသုံးပြုဖို့ အဆို အတည်ဖြစ်သွားပြီးတဲ့နောက် လေ့လာရေးကော်မရှင် ဖွဲ့လိုက်တာ ဖြစ်ပါတယ်။ NLD အမတ်တွေ ထိုင်ခုံ မှာထိုင်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ တပ်မတော်သားကိုယ်စားလှယ်အားလုံးကလည်း NLD နဲ့ ရပ်တည် ချက်တူညီစွာ ကန့်ကွက်ခဲ့ကြပါတယ်။ ဒါဟာ အံ့အားသင့်စရာ ကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်း ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေက PR System ကို ပြောင်းလဲကျင့်သုံးဖို့ အချိန်ယူ စဉ်းစား သင့်တဲ့အကြောင်း၊ အချိန်မတန်သေးဘူး ဆိုတဲ့အကြောင်း ဆွေးနွေးသွားခဲ့ကြတာပါ။ ဒါပေမယ့် နေရာ အများစု ရယူထားတဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီမိုကရက်ပါတီအချို့က ကိုယ်စား လှယ်တွေက တစ်ညီတစ်ညွတ်တည်း မတ်တပ်ရပ် ထောက်ခံမှု ပြုခဲ့တာကြောင့် ဒေါ်ခင်ဝိုင်း ကြည်ရဲ့အဆို အနိုင်ရရှိသွားခဲ့ပါတယ်။

ချင်းပြည်နယ်တွင် အပူဒဏ်ကြောင့် ကျွဲအကောင်ရေ ၅၀၀ ခန့် သေဆုံး

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အပူချိန်မြင့်တက်ခဲ့သည့် ဒဏ်ကြောင့် ငါးလအတွင်း ကျွဲအကောင်ရေ ၅၀၀ ခန့် သေဆုံးခဲ့ကြောင်း ဒါရ်ခိုင်းရွာသစ် အုပ်ချုပ်ရေးမှူး ဦးဂင့်တုန်းထန်က ပြောကြားသည်။

“ဇန်နဝါရီ လလယ်လောက်က စပြီး ကျွဲတွေ သေတယ်။ ဘာဒဏ်ရာမှ မရှိတဲ့အတွက် အပူဒဏ်ကြောင့် သေဆုံးတယ်လို့ပဲ ပြောရမယ်” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

ဘန်ကောက်မြို့ မြန်မာသံရုံးကို ကျောင်းဆရာတဦး ဆန္ဒပြ

ထိုင်းအစိုးရက အထောက်အထားမရှိတဲ့ အလုပ်သမားတွေဖမ်းရာမှာ အထောက်အထားအပြည့်အစုံ ရှိတဲ့ မြန်မာအလုပ်သမားတွေကိုပါ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းတွေ ရှိနေတာကို

မကွေးတွင် သားအဖခိုက်ရန်ဖြစ်ပွားရာမှ ဘာသာရေးအသွင်းဆောင် အဓိကရုဏ်းဖြစ်ပွား

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စုတွင် ဘာသာခြားအမျိုးသမီး တစ်ဦး၏ ယောကျာင်္းဖြစ်သူဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် ယင်း၏သားအရင်းဖြစ်သူ(အစ္စလာမ်ဘာသာဝင်ဟု ယူဆရသူ)တို့ နှစ်ဦးဘာသာရေးကိစ္စအငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွားမှ ဘာသာရေအသွင်ဆောင်သော အဓိကရုဏ်းတစ်ခုအဆိုပါကျေးရွာအုပ်စု အေးတန်းရပ်ကွက်တွင် ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီခန့်တွင် စတင်ဖြစ်ပွားကြောင်း မွတ်စလင်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးဇာကရီယာဘိုင်က ဇွန်လ၁၇ ရက်နေ့တွင် ပြောကြားသည်။

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းရာတွင် ဖော့စ်ဖရပ်ပါသော ဗုံးသုံးခြင်း အစိုးရမတောင်းပန်၍ နိုင်ငံတကာတရားရုံးသို့ တင်ပြမည်

‘‘ဖြစ်ခဲ့တာ တစ်နှစ်ကျော် ၂ နှစ်ထဲ ရောက်နေပြီး အစိုးရက အ ခုချိန်ထိ ဘာမှလုပ်ပေးတာ မရှိ ဘူး။ အဲဒီကိစ္စတွေအတွက် အ ရေးယူပေးဖို့ နိုင်ငံတကာအဆင့် အထိတင်ဖို့ ပြင်ဆင်နေပါတယ်။ JT က ဒီကိစ္စကို ပူးပေါင်းဆောင် ရွက်ပေးမှာပါ။ JT က ရှယ်ရွန် ကုမ္ပဏီကိုတောင် တရားစွဲခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်’’ ဟု ရှေ့နေ များကွန်ရက် တွဲဖက်အတွင်းရေး မှူး ဦးသိန်းသန်းဦးက ပြောသည်။

စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်

Photo: စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်
Tuesday, June 17, 2014

ဗဟန်းမြို့နယ် ရွှေဂုံတိုင် အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် စင်ကာပူနိုင်ငံသို့ အိမ်ဖော်အလုပ် သွားရောက် လုပ်ကိုင်မည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ဒေသမှ အသက် ၁၆ အရွယ် မိန်းကလေးနှစ်ဦးကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာ ဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

“ကောင်မလေးတွေက ဒီနှစ် ၁၀ တန်းကျပြီး မိဘတွေကလည်း စီးပွားရေး အဆင်မပြေလို့ အေဂျင်စီနဲ့ ဆက်သွယ်ပြီး အကြွေးစနစ်နဲ့ စင်ကာပူမှာ အိမ်ဖော်အလုပ် သွားလုပ်မှာ။ ဒါပေမဲ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတာ။ ဟိုရောက်ရင် မိမိကိုယ်ကိုယ် ကာကွယ်ပေးနိုင်မယ့် ဥပဒေ အကြောင်းအရာတွေ နားမလည်သေးတော့ ကြုံသလို ဘဝတွေ ဖြတ်သန်းရင်းနဲ့ လမ်းမှားရောက်မှာ စိုးရိမ်လို့ အုပ်ထိန်းသူတွေထံ ပြန်အပ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မိန်းကလေးနှစ်ဦးကို ပြန်လည်ခေါ်ဆောင်ပေးရန် ၎င်းတို့ ပညာသင်ကြားခဲ့သော တောင်ကြီးမြို့နယ် ရေကြည်စမ်း ဘကကျောင်းမှ ဆရာတော်နှင့် စင်ကာပူနိုင်ငံတွင် သီးတင်းသုံးနေသူ ဦးထေရဝသင်္တတို့က ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာ ဌာနသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဇွန် ၁၅ ရက် ညနေပိုင်းက စင်ကာပူကို ပို့ပေးမယ့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရုံးကို ဝင်စစ်ဆေးခဲ့တာ။ အိမ်အကူ စေလွှတ်ဖို့ သင်တန်းတက်နေတဲ့ အမျိုးသမီးငယ် ၁၃ ယောက်ကို တွေ့ခဲ့တယ်။ အေဂျင်စီက လိုင်စင်ရှိတယ်။ ပြီးတော့ အခုပို့မယ့် အမျိုးသမီးတွေက သူတို့ရဲ့ သဘောတူဆန္ဒနဲ့ ပြည်ပမှာ အိမ်ဖော်သွားလုပ်ချင်တာကြောင့် လူကုန်ကူးမှု မမြောက်ပါဘူး။ အသက် ၁၆ နှစ်အရွယ် ကလေးမ နှစ်ယောက်ကို အုပ်ထိန်းသူတွေက ပြန်ခေါ်ချင်တယ် ဆိုလို့ ရဲတပ်ဖွဲ့က ကူညီပေးခဲ့တာပါ” ဟု အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

စင်ကာပူသို့ အိမ်ဖော်စေလွှတ်မည့် အမျိုးသမီး ၁၃ ဦးမှာ ရှမ်းပြည်နယ်မှ အမျိုးသမီးကိုးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး လေးဦးတို့ဖြစ်ပြီး ၎င်းတို့အထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသော အမျိုးသမီးငယ် သုံးဦး ပါရှိကြောင်း၊ ယခု အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးမည့် မိန်းကလေးနှစ်ဦးမှာ ပြည်ပနိုင်ငံတွင် ဒုက္ခရောက်မည်ကို ၎င်းတို့၏ အုပ်ထိန်းသူများက စိုးရိမ်သောကြောင့် ပြန်လည် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတော့ တခြားနိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့သူတွေ သွားလုပ်နေရတာ။ ဒါပေမဲ့ အရွယ်မရောက်တော့ ကိုယ်ကို ကာကွယ်ပေးနိုင်မယ့် ဥပဒေကို ကလေးတွေက မသိကြဘူး။ တချို့အေးဂျင့်တွေကလည်း လွှတ်ပေးရုံသက်သက် တာဝန်ယူတာ။ ကျန်တာ ဘာမှ တာဝန်ယူပေးတာ သိပ်မရှိတော့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးတွေ ပြည်ပနိုင်ငံမှာ ကြုံသလို ဘဝတွေ ရင်ဆိုင်ရတာ အများကြီးရှိတယ်” ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

The Voice Weekly
ဗဟန်းမြို့နယ် ရွှေဂုံတိုင် အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် စင်ကာပူနိုင်ငံသို့ အိမ်ဖော်အလုပ် သွားရောက် လုပ်ကိုင်မည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ဒေသမှ အသက် ၁၆ အရွယ် မိန်းကလေးနှစ်ဦးကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာ ဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည်

Photo: သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည်
Tuesday, June 17, 2014 

နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီ ၀င်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင် များအား ချီးမြှင့်ငွေများကို ၀င်ငွေခွန်ပေးဆောင်ရန် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ က ထောက်ခံထားကြောင်း သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ်များ၏ ချီး မြှင့်ငွေ၊ စရိတ်နှင့် အဆောင်အ ယောင်များ ဆိုင်ရာဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်း ငါးခုကို အမျိုးသားလွှတ်တော်တွင် ဆွေး နွေးအတည်ပြုပြီးနောက် ပြည် သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော်မ တီက အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း လွှတ် တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါအတည်ပြုချက်ကို ပြည်သူ့လွှတ်တော်တွင်လည်း ထပ်မံအတည်ပြုခဲ့ပါက အဆင့် အသီးသီးမှ အုပ်ချုပ်သူ အစိုးရအ ဖွဲ့ဝင်အားလုံးသည် ပြည်သူများ နှင့် နည်းတူလစာချီးမြှင့်ငွေမှ ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။

အဆက်ဆက်သော အစိုးရ များလက်ထက်မှ ယခုအစိုးရသစ်လက်ထက်ထိအဆင့်အသီးသီးမှ အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင် အားလုံးသည် ၀င်ငွေခွန် မပေးဆောင်ခဲ့ရပေ။

အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းလိုက် သော ၀င်ငွေခွန် ဥပဒေသစ်အရ တစ်နှစ်ဝင်ငွေ ကျပ် ၁၈ သိန်းနှင့် အ ထက်ရရှိသော သူများသည် ၀င် ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရပြီး ယခု ၂၀၁၄ ဘဏ္ဍာနှစ်တွင် ထပ်မံပြဋ္ဌာန်းခဲ့သော ဥပဒေအရ တစ်နှစ်လျှင် အနည်းဆုံး ၀င်ငွေကျပ်ငါးသိန်းရရှိသူပင်လျှင် ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင် ရမည်ဖြစ်သည်။

လက်ရှိဥပဒေအရ နိုင်ငံ တော်သမ္မတ၏ လစာငွေသည် တစ်လလျှင် ကျပ်သိန်း ၅၀ ဖြစ် ပြီး ပြည်ထောင်စုဝန်ကြီးများသည် သိန်း ၃၀၊ ၀န်ကြီးဌာန ဒုတိယ၀န် ကြီးများသည် သိန်း ၂၀၊ ပြည်နယ် နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် များနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် ကျပ်သိန်း ၃၀၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ဥက္ကဋ္ဌများသည် ကျပ် ၁၀ သိန်း လစဉ်ချီးမြှင့်ငွေအဖြစ် ရရှိသည်။

အဆိုပါလစဉ်ချီးမြှင့်ငွေများ အပြင် အဆင့်အလိုက် စရိတ်နှင့် အဆောင်အယောင် များဖြစ်သည့် အသုံးစရိတ်၊ ကားနှင့် နေအိမ် စ သည့်တို့ကို ရရှိသော်လည်း အ ဆိုပါစရိတ်နှင့် အဆောင်အ ယောင်များအတွက် အခွန်ပေး ဆောင်ရန် မလိုကြောင်း ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ က တင်သွင်းထားသည်။

ဥပဒေကြမ်းကော်မတီ၏ တင်သွင်းချက်ကို ပြည်သူ့လွှတ် တော်တွင် ဇွန်လ ၂၀ ရက်၌ ဆွေး နွေးမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ပြီး ပါက ဥပဒေအဖြစ် အသက်ဝင် ကာ သတ်မှတ်ထားသည့် ပမာဏ များအတိုင်း အစိုးရ အဖွဲ့ဝင်များ သည် အခွန်ပေးဆောင်ရမည်ဖြစ် သည်။

7Day DAILY 

သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း ၀င်ငွေခွန်ပေးဆောင်ရ တော့မည်ဖြစ်သည်။ (ဓာတ်ပုံ - သမ္မတရုံး) 
 နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီ ၀င်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင် များအား ချီးမြှင့်ငွေများကို ၀င်ငွေ ခွန်ပေးဆောင်ရန် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ က ထောက်ခံထားကြောင်း သတင်းရရှိသည်။

လင်းပိုင်နဲ့ ကာမဆက်ဆံခဲ့သော အမျိုးသမီးက အတွေ့အကြုံများကို ပြန်လည်ဖွင့်ဟ

လန်ဒန်-
လင်းပိုင်တစ်ကောင်နဲ့ ကာမဆက် ဆံမှုပြုခဲ့တဲ့ အမျိုးသမီးသုတေသီ မာဂရက် ဟိုဝီကိုဖက်ဟာ ပထမဦးဆုံးအကြိမ်အဖြစ် သူမရဲ့အတွေ့အကြုံကို ဖောက်သည်ချ ပြောပြခဲ့ပါတယ်။
NASA ရန်ပုံငွေထောက်ပံ့မှုနဲ့ ပင်လယ်သတ္တဝါတွေကို အင်္ဂလိပ်စကား သင်ကြားပေးဖို့ သိပ္ပံနည်းကျသုတေသနပြု လုပ်မှုမှာ မာဂရက်က ပါဝင်ခဲ့ခြင်းဖြစ်ပါ တယ်။ ၁၉၆၃ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ယင်းစမ်း သပ်မှုမှာ မာဂရက်ဟာ အရွယ်ရောက်စ လင်းပိုင်ပီတာနဲ့ လိင်ပိုင်းဆိုင်ရာစပ်ယှက် ခဲ့ခြင်းဖြစ်ပြီး ပီတာဟာ လိင်ဆက်ဆံမှုပြုတဲ့ အရွယ်ရောက်စဖြစ်တယ်လို့ ဆိုပါတယ်။

မဟာသန္တိသုခကိုစီးနင်းပြီးသံဃာတွေကိုလူဝတ်လဲထောင် ချတာ ဒေဝဒတ်နည်းဖြစ်တယ်လို့ ရွှေညဝါဆရာတော်က မိန့်ကြား

ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့တည်ဆောက်ထားတဲ့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတော်ကို မြန်မာအစိုးရက အလစ်အငိုက် အင်အားသုံး သိမ်းပိုက် ခဲ့တာ ဒေဝဒတ်လုပ်ရပ်လား။ ရွှေညဝါဆရာတော်ကတော့ ဒေဝဒတ်လို့ စွပ်စွဲလိုက်ပါပြီ။

မဟနလို့ လူသိများတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာအစိုးရဟာ ရဲနဲ့စွမ်းအားရှင်တွေ၊ တိုင်းသံဃာ့အဖွဲ့ စတဲ့အင်အားတွေသုံးပြီး အဓမ္မတဲ့စီးနင်းပြီး သံဃာတော်တွေကို ဖမ်းဆီးခဲ့တာဟာ အောက်တန်းကျတဲ့ ဒေဝဒတ်နည်းဖြစ်တယ်လို့ ရွှေညဝါဆရာတော်က မိန့်ကြားလိုက်ပါပြီ။

အူရီးဒူးမြန်မာ ကြော်ငြာစာသားပြောင်းလဲခြင်း အကြောင်းရင်းကိုပြော

အူရီးဒူးမြန်မာကုမ္ပဏီမှ ‘‘သုံးစွဲသူများ ကောင်းကျိုးသာ Oo-redoo ရဲ့ စေတနာ’’ ဟူသည့် ဆောင်ပုဒ် များဖြင့် ပြောင်းလဲကြော်ငြာနေခြင်းမှာ အူရီးဒူးထုတ်ကုန်များ မသုံးစွဲရေးအတွက် ဟောပြော ပွဲများ နိုင်ငံ တစ်ဝန်းပြုလုပ်မည်ဆိုသော သတင်းများကြောင့် ပြောင်းလဲ ထားခြင်းမဟုတ်ကြောင်း အူရီးဒူးမြန်မာ ကုမ္ပဏီမှ သတင်းရရှိသည်။

သာသနာရေးဝန်ကြီးပြောကြားချက် အမှန်တကယ် ဟုတ် မဟုတ် တိုင်းအစိုးရက သံတော်ဆင့်ဂျာနယ်တာဝန်ရှိသူများအား ခေါ်မေး

ရန်ကုန်− မြန်မာသံတော်ဆင့် ဂျာနယ်တွင် ဖော်ပြခဲ့သော မဟာသန္တိသုခကျောင်းတော်ကြီး သတင်းတွင် သာသနာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်း ဆင့်၏ ပြောကြားချက် အမှန်တ ကယ်ဟုတ်၊ မဟုတ်ကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က သံတော်ဆင့်ဂျာနယ်အယ်ဒီတာ နှင့် ပုံနှိပ်သူတို့အား ယနေ့(ဇွန် ၁၆)တွင် ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့ ကြောင်း သတင်းရရှိသည်။

အသက် ၉၀ အရွယ် အဘွားအိုကို အငတ်ထားသူ မိသားစုဝင်များအား ဖမ်းဆီး

တရုတ်ပြည် ဟူနန်နယ်က ကျေးရွာ တစ်ခုမှာတော့ အသက် ၉၀ ကျော် ရှိပြီဖြစ်တဲ့အဘွားအို တစ်ဦးကို အစာ အငတ်ထားတဲ့ အတွက်ကြောင့် သူမရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရှောင်းမင်ဆု လို့ အမည်ရတဲ့ အဘွားအိုဟာ သူမရဲ့ အခန်းကျဉ်းထဲမှာ အစာအာဟာရ အနေနဲ့ သူမရဲ့ အိမ်နီးချင်းတွေက ပစ်ပေးတဲ့ ရေနဲ့ ဆန်ပြုတ်ခြောက်ကိုသာ စားပြီး တစ်လကြာ အသက်ရှင်နေခဲ့ရပါတယ်။ အဆိုပါ အစားအစာနဲ့ ရေကိုတော့ သူမရဲ့ ကလေးတွေ အပြင်သွားတဲ့အခိုက် အိမ်နီးချင်းတွေက သူမရဲ့ အခန်းထဲကို ပစ်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။

ရွှေ့ပြောင်းလုပ်သားများကို နှိမ်နင်းရန် မူဝါဒ မချမှတ်ထားဟု ထိုင်းစစ်တပ်ပြော

နေရပ်ပြန်ကမ္ဘောဒီးယားနိုင်ငံသားအချို့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နင်းဖြိုခွဲဖို့ မူဝါဒ မချမှတ်ထားဘူးလို့ စစ်တပ်က ဦးဆောင်တဲ့ အမျိုးသား ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီ NCPO က ဒီနေ့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။
ထိုင်းစစ်တပ်ကနေ အထောက်အထား မဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို လိုက်ဖမ်းနေတယ် ဆိုတဲ့ ကောလာ ဟလတွေကြောင့် ကမ္ဘောဒီးယား အလုပ်သမား ၁ သိန်း ၃ သောင်းကျော်ဟာ ထိုင်းနိုင်ငံကနေ သူတို့နိုင်ငံ ပြန်ကုန်ကြပြီ ဆိုတဲ့ လတ်တလော မီဒီယာထုတ်ပြန်ချက်တွေ ပေါ်လာပြီး နောက်မှာ ထိုင်းစစ်တပ်ရဲ့ ရှင်းလင်းချက် ထွက်ပေါ်လာတာပါ။

သန္တိသုခသံဃာအချို့ထိန်းသိမ်းခံရခြင်းအပေါ် သမ္မတရုံးတုံ့ပြန်မှု ဆရာတော်အချို့ အပြင်းအထန်ကန့်ကွက်

မဟာသန္တိသုခကျောင်း တိုက်ချိပ်ပိတ်ခံရပြီး သံဃာတော်အချို့ လူဝတ်လဲကာ ထိန်းသိမ်း ခံရသည့်ဖြစ်စဉ်တွင် နိုင်ငံတော် သမ္မတရုံး၏ တုံ့ပြန်မှုကို လူသိ များသည့် ဆရာတော်များက အပြင်းအထန်ဝေဖန်လိုက်သည်။

မဟာသန္တိသုခကျောင်း တိုက်ကိစ္စရပ်နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲသည် သာသနာရေးဝန်ကြီးဌာနကို ကိုယ်စားပြု၍ ရှင်းလင်းပြောကြား ခြင်းသာဖြစ်ကြောင်း သမ္မတရုံးက တုံ့ပြန်သည်။

ဧည့်စာရင်းစစ်ဆေးသူများကို ရန်ပြုခဲ့သော ဘင်္ဂါလီ ၁၁ဦး ဖမ်းဆီး

မောင်တောမြို့နယ်အ လယ်သံကျော်ကျေးရွာတွင် နယ် စပ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်  များနှင့်ကျေးရွာ လူကြီးအချို့ဧည့် စာရင်းစစ်ဆေးသည်ကိုလက်မခံ ဘဲ ရန်ပြုခဲ့သည့်ဘင်္ဂါလီ၁၁ဦး ကို ဖမ်းဆီးထားကြောင်း သတင်း ရရှိသည်။

နယ်စပ်တင်းမာမှုများအား သံတမန်နည်းဖြင့်  ဖြေရှင်းပြီး နောက် နယ်စပ်လုံခြုံရေးကိုတင်း တင်းကျပ်ကျပ်ဆောင်ရွက်နေစဉ်  အလယ်သံကျော်ကျေးရွာ၌ ဇွန် ၁၄ရက်က ဖြစ်ပွားခဲ့ကြောင်း နယ် မြေလုံခြုံရေးယူထားသည့် အမှတ် (၄)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှအ မည်မဖော်လိုသည့် ရဲအရာရှိတစ် ဦးကပြောသည်။

ပရိုဘောက်စ်များ စက်ဖုံးဖွင့် မောင်းနေခြင်း အရေးယူမည်မဟုတ်ဟုဆို

ပရိုဘောက်စ်ယာဉ် အများစု အင်ဂျင်အဖုံးဖွင့် မောင်းနှင်နေခြင်းကို အရေးယူမည်မဟုတ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘စက်ဖုံးဖွင့်မောင်းတယ်ဆိုတာ လေဝင်အောင်လို့ လေဟာနယ်တစ်ခုအဖြစ် လုပ်ထားတဲ့ သဘောပါ။ အရေးယူဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ စစ်ဆေးတွေ့ရှိထားတာတွေတော့ ရှိပါတယ်’’ဟု ရဲအုပ်မျိုးအောင်က ရှင်းပြသည်။

သန္တိသုခကျောင်းတိုက် ပြဿနာ ဝင်ရောက် မပတ်သက်ရန် မဘသ ဆုံးဖြတ်

Photo: သန္တိသုခကျောင်းတိုက် ပြဿနာ ဝင်ရောက် မပတ်သက်ရန် မဘသ ဆုံးဖြတ်
Tuesday, June 17, 2014

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းကို ထိခိုက်လာနိုင်သောကြောင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ မဟာသန္တိသုခကျောင်းတိုက်နှင့် ပတ်သက်သော ပြဿနာများကို ဝင်ရောက် မပတ်သက်ရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့- မဘသ (ဗဟို) က ဆုံးဖြတ်ကြောင်း အဆိုပါအဖွဲ့ဝင် ဦးအောင်မြိုင်က The Voice သို့ ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော် သံဃမဟာနာယကနှင့် မဟာသန္တိသုခကျောင်း၌ သီတင်းသုံး နေထိုင်သော သံဃာတော်များအကြား ဖြစ်ပွားနေသော ပြဿနာများကို မဘသအနေနှင့် ဝင်ရောက် ဖြေရှင်းမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

“အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ ဇောင်းပေးပြီး လုပ်နေတဲ့အချိန်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် ထိခိုက်လာမှာကို စိုးရိမ်တဲ့အတွက် သန္တိသုခကိစ္စကို ဝင်ရောက် မပတ်သက်ဖို့ မဘသ (ဗဟို) ဥက္ကဋ္ဌ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတိလောကာဘိဝံသက သြဝါဒ မိန့်ကြားထားပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မဟာသန္တိသုခ အရေးကိစ္စသည် မဘသ (ဗဟို) ကို ထိခိုက်လာနိုင်သောကြောင့် အဖွဲ့ဝင်များ၏ ပုဂ္ဂလိက ဝင်ရောက် ပတ်သက်မှုများကို ထိန်းသိမ်းလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း မဘသ (ဗဟို) ထံမှ သိရသည်။

မဟာသန္တိသုခကျောင်းတိုက် ပြဿနာတွင် အမှန်တရား ပေါ်ပေါက်စေရေး လှုပ်ရှားမှုများ ပြုလုပ်နေသော်လည်း မဘသ (ဗဟို) ကို ကိုယ်စားပြု ဆောင်ရွက်ခြင်း မဟုတ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ကမိန့်ကြားသည်။

“သန္တိသုခအရေးမှာ မဘသနဲ့ ပတ်သက်ပြီးတော့ မဖြေပါရစေနဲ့။ ဒါပေမဲ့ ဘုန်းကြီးက မတရားတဲ့ကိစ္စကို ကိုယ့်သဘောနဲ့ကိုယ် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

ထို့အပြင် မေလ ပထမပတ်အတွင်း ပြုလုပ်သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့သည် နိုင်ငံတော် သံဃမဟာနာယကနှင့် သာသနာရေး ဝန်ကြီးဌာနတို့ကို ဆန့်ကျင် တိုက်ခိုက်ခြင်း မရှိဘဲ သာသနာရေး ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

The Voice Weekly
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းကို ထိခိုက်လာနိုင်သောကြောင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ မဟာသန္တိသုခကျောင်းတိုက်နှင့် ပတ်သက်သော ပြဿနာများကို ဝင်ရောက် မပတ်သက်ရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့- မဘသ (ဗဟို) က ဆုံးဖြတ်ကြောင်း အဆိုပါအဖွဲ့ဝင် ဦးအောင်မြိုင်က The Voice သို့ ပြောကြားသည်။

မကွေးတိုင်း ဒီချုပ် အတွင်းရေးမှူးကို ဒေသအာဏာပိုင်များ တရားစွဲ

မကွေးမြို့တွင် ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလူထု ဟောပြောပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူးကို ဒေသအာဏာပိုင်များက တရား စွဲဆိုလိုက်ကြောင်း သတင်းရရှိ သည်။

မြန်မာလုပ်သားများကို ထိုင်းစစ်အစိုးရ ဆက်တိုက်ဖမ်းဆီးနေ၍ မြန်မာစတင်စုံစမ်း

ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများ နယ်စပ်ကိုဖြတ်၍ နေရပ်သို့ပြန်ရန် လမ်းလျှောက်လာကြသည်ကို ဇွန်လ ၁၅ ရက်က တွေ့ရစဉ်။ ထိုင်းနိုင်ငံမှ နေရပ်သို့ပြန်သွားသော ကမ္ဘောဒီးယားလုပ်သားဦးရေမှာ ရက်ပိုင်းအတွင်း ၁၂၀,၀၀၀ ရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံတကာရွှေ့ပြောင်းလုပ်သားအဖွဲ့ချုပ်က ခန့်မှန်းသည်။ (ဓာတ်ပုံ − ရိုက်တာ)
အာဏာသိမ်းထိုင်း စစ် အစိုးရက တရားမ၀င်မြန်မာလုပ် သားများကို ဆက်တိုက်ဖမ်းဆီး နေသည့် သတင်းများထွက်ပေါ် နေသဖြင့် မြန်မာအစိုးရက စတင် စုံစမ်းနေကြောင်း အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

အစိုးရစီမံခန့်ခွဲမှု ညံ့၍ ဘိန်းစိုက်ပျိုးမှု လျော့နည်းခြင်း မရှိဟု သူရဦးရွှေမန်း ပြောကြား

Photo: အစိုးရစီမံခန့်ခွဲမှု ညံ့၍ ဘိန်းစိုက်ပျိုးမှု လျော့နည်းခြင်း မရှိဟု သူရဦးရွှေမန်း ပြောကြား

နေပြည်တော်၊ ဇွန် ၁၆

ကမ္ဘာပေါ်တွင် ဘိန်းဒုတိယအများဆုံး စိုက်ပျိုးနေသည်ဟု ဝေဖန်ခံနေရသော မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှု ပြဿနာများကို ရေရှည်စီမံကိန်းများ ရေးဆွဲ၍ လျှော့ချတိုက်ဖျက်ရေး ပြုလုပ်နေသော်လည်း လျော့နည်းပပျောက်မှု မရှိခြင်းမှာ အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း၍သာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
“စီမံကိန်းနဲ့ လျှော့ချရေး လုပ်တာ တိုးလာတယ်ဆိုရင် ညံ့လို့၊ အားနည်းချက်တွေ ရှိလို့” ဟု ၎င်းကဆိုသည်။

ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေး ထုတ်လုပ်မှုသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံ ပြီးလျှင် ဒုတိယနေရာတွင် ရောက်ရှိနေကြောင်း UNODC က ထုတ်ပြန်ထားသောကြောင့် လျော့နည်းပပျောက်ရေး မည်သို့ လုပ်ကိုင်နေသည်ကို သိလိုကြောင်း မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ဝင်ရောက်ဆွေးနွေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ယင်းကိစ္စသည် အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်နေပြီး အစိုးရ၏ လုပ်ဆောင်နေမှုအပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အများပြည်သူ ပါဝင်လုပ်ဆောင်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ထပ်လောင်းပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှ စတင်ကာ ဘိန်းစိုက်ပျိုးမှုနှင့် စိတ်ကြွမူးယစ်ဆေးများနှင့် အခြားမူးယစ်စေသော ဆေးဝါးများ လျှော့ချရန် ၁၅ နှစ် စီမံကိန်းတစ်ရပ် ရေးဆွဲကာ ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ မှ ၂၀၀၆ ခုနှစ်အထိ အနည်းငယ် ကျဆင်းခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှ စတင်ကာ ယနေ့ထိ တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

မူးယစ်ဆေးဝါး ပြဿနာများ လျော့နည်း ကျဆင်းရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေး ထုတ်လုပ်၊ သုံးစွဲသူများ၏ ခံယူချက်နှင့် ယုံကြည်ချက်များ ပြောင်းလဲစေရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ဘိန်းနှင့် မူးယစ်ဆေး ထုတ်လုပ်သည့် လုပ်ငန်းများသည် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး မရနိုင်သရွေ့ ပပျောက်မည် မဟုတ်ကြောင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က ပြောဆိုသည်။

ဘိန်းစိုက်ပျိုးမှု အလွန်အကျွံ ပြုလုပ်နေသည့် ဒေသများတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပြင် မြန်မာအစိုးရဘက်ကလည်း ကာကွယ်ပေးထားမှုများ ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။
ကမ္ဘာပေါ်တွင် ဘိန်းဒုတိယအများဆုံး စိုက်ပျိုးနေသည်ဟု ဝေဖန် ခံနေရသော မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှု ပြဿနာများကို ရေရှည် စီမံကိန်းများ ရေးဆွဲ၍ လျှော့ချ တိုက်ဖျက်ရေး ပြုလုပ်နေသော်လည်း လျော့နည်းပပျောက်မှု မရှိခြင်းမှာ အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း၍သာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
“စီမံကိန်းနဲ့ လျှော့ချရေး လုပ်တာ တိုးလာတယ်ဆိုရင် ညံ့လို့၊ အားနည်းချက်တွေ ရှိလို့” ဟု ၎င်းကဆိုသည်။

သီရိလင်္ကာ ဘာသာရေးပဋိပက္ခ ၃ ဦး သေဆုံး၊ ၇၅ ဦး ဒဏ်ရာရ

Photo: သီရိလင်္ကာ ဘာသာရေးပဋိပက္ခ ၃ ဦး သေဆုံး၊ ၇၅ ဦး ဒဏ်ရာရ
Tuesday, June 17, 2014

သီရီလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်ဘာသာဝင်တွေကြား ပဋိပက္ခအတွင်း မွတ်စလင် သုံးဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရသွားပါတယ်။

ပဋိပက္ခပေါ်ပေါက်တဲ့ နိုင်ငံတောင်ပိုင်းက ပင်လယ်ဆိပ်ကမ်း မြို့တွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဒေသဖြစ်ပါတယ်။

အဲဒီဒေသမှာ အနည်းဆုံး မွတ်စလင် အိမ် ၇ လုံး မီးရှို့ခံရတယ်လို့ အရာရှိတွေနဲ့ နယ်ခံတွေက ပြောပါ တယ်။ သီရီလင်္ကာမှာ ၂၀၁၂ ခုနှစ်ကစလို့ ပဋိပက္ခတွေ ပေါ်ပေါက်နေ တာ ပါ။

ဇွန် ၁၅ ရက်နေ့ ပဋိပက္ခမှာ ဆင်ဟာလီလူဦးရေများတဲ့ အလုဂါမာမြို့နဲ့ ဘီရုဝီလာ မြို့တွေမှာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့ (ဘီဘီအက်) အဖွဲ့က ခေါင်းဆောင်ပြီး ဆန္ဒပြပွဲအတွင်း ပဋိပက္ခစတင်ခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပြီးနောက် ရဲတွေ အလုံးအရင်း ချထားပြီး မွတ်စလင်တွေက ကျီးလန့်စာစား အခြေအနေ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လုံခြုံရေးအတွက်  ညမထွက်ည အမိန့်ကို ထုတ်ပြန်ထားပြီး အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။

ညမထွက်ရအမိန့် ထုတ်ထားပေမယ့် ဒီနေ့ မနက်ပိုင်း ဗလီတလုံးနားမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့လို့ ရဲက စုံစမ်းနေပါတယ်။

လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒီလို တိုက်ခိုက်နေတာကို အစိုးရက နောက်ကွယ်က ပါတယ်လို့ သုံးသပ်ကြပါတယ်။ အရင်က တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် ဘယ်သူမှ အပြစ်ပေးမခံရတာကို ထောက်ပြ ကြပါတယ်။ အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

၁၉၈၃ ကနေ ၂၀၀၉ ခုနှစ် ပြည်တွင်း စစ်ကာလအတွင်းကလည်း တမီးလ်ကျား သူပုန်တွေဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက မွတ်စလင်ရွာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ မွတ်စလင် ၁၄၀ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခဲ့ပြီး တမီးလ်သူပုန်တွေ လက်ချက်လို့ စွပ်စွဲကြပေမယ့် အဖွဲ့က ငြင်းဆန်ပါတယ်။

DVB
သီရီလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်ဘာသာဝင်တွေကြား ပဋိပက္ခအတွင်း မွတ်စလင် သုံးဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရသွားပါတယ်။

ပဋိပက္ခပေါ်ပေါက်တဲ့ နိုင်ငံတောင်ပိုင်းက ပင်လယ်ဆိပ်ကမ်း မြို့တွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဒေသဖြစ်ပါတယ်။

ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်နဲ့ကျင်စက်တွေ ပေးကိုင်မယ်

ရန်ကုန်က ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်၊ ကျင်စက်တွေ ပေးကိုင်မယ်လို့ ဒုရဲမှူးကြီး လင်းထွဋ်က ပြောဆိုကြောင်း ကြေးမုံသတင်းစာမှာ တနင်္လာနေ့က ရေးပါတယ်။

လောလောဆယ်တော့ ကျင်စင် ၁၈ လုံး၊ တုတ်အချောင်း ၂ဝဝ ထုတ်ပေးထားတယ်လို့ သတင်းမှာ ရေး ထားပါတယ်။


မြန်မာပြည်ကယာဉ်ထိန်းရဲတွေမှာ ဘာလက်နက်မှ တပ်ဆင်မထားခဲ့တာ ကြာပါပြီ။  
တာဝန်ချိန်မှာ  
တခါတရံ သူတို့ အတိုက်ခိုက်ခံရတတ်ပါတယ်။ ပါးရိုက်ပြီး စော်ကားသွားသူလည်း ရှိပါတယ်။

နွားထီးပစ္စည်း တံဆိပ်မှားကပ်တဲ့ဆိုင် တရားစွဲခံရ

 နွားထီးတန်ဆာကို အမဲသား လို့ စာကပ်ရောင်းမိတဲ့ အမေရိကန်က ကုန်စုံဆိုင် တရားစွဲခံနေရပါတယ်။

တက္ကဆက်ပြည်နယ် အော်စတင်မြို့က MT Supermarket မှာ ဖြစ်ကြောင်း သတင်းတွေမှာ တွေ့ရမှာပါ။
ပြည်နယ် ရှေ့နေချုပ်ရုံးက စွဲတာလို့ သတင်းတပုဒ်က ဆိုတယ်။

အထိန်းသိမ်းခံ သံဃာ ၅ ပါး မည်သူမျှ တွေ့ခွင့်မရ

Photo: အထိန်းသိမ်းခံ သံဃာ ၅ ပါး မည်သူမျှ တွေ့ခွင့်မရ

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ ဒီနေ့ ထောင်ဝင်စာ သွားတွေ့ရာမှာ တွေ့ခွင့်ပိတ်ထားတာ သိခဲ့ရတယ်လို့  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက  ပြောပါတယ်။

"အထုပ်ပါဆယ်သွားပို့ပေးတာ၊ ရဲတွေကပြောပါတယ်၊ ဆရာတော်တွေကို လတ်တလောမှာ စစ်ဆေးဆဲကာလဖြစ်တဲ့အတွက်ကြောင့်မို့ အထုပ်ထောင်ဝင်စာ ၁ လ ပိတ်ထားပါတယ်တဲ့"

မဟာသန္တိသုခကျောင်းတိုက်က ပီနန်ဆရာတော်ရဲ့ လက်ထောက်ဆရာတော် ဦးဥတ္တရ (အင်္ဂလန်) နဲ့ သံဃာ ၄ ပါးကို သာသနာတော် ညှိုးနွမ်းစေမှုနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ လူဝတ်လဲပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။

သံဃာ ၅ ပါးအတွက် အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပို့ဆောင်ရာမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေအပြင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်နေ့ည သန်းခေါင်အချိန်မှာ မဟာသန္တိသုခကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဆရာတော်အပါး ၂၀ ကျော်ကို ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက ၀င်ရောက်ဖမ်းဆီးပြီး ကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီသံဃာတွေဟာ မဟာသန္တိသုခကျောင်းတိုက်မှာ ခေတ္တသီတင်းသုံးနေတဲ့ အာဂန္တုတွေဖြစ်ကြောင်း ပီနန်ဆရာတော်ကြီးက အာအက်ဖ်အေကို မိန့်ပါတယ်။
ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ ဒီနေ့ ထောင်ဝင်စာ သွားတွေ့ရာမှာ တွေ့ခွင့်ပိတ်ထားတာ သိခဲ့ရတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မမီးမီးက ပြောပါတယ်။

ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော် မေးစေ့တော်တွင် ပျားများ စွဲလျက်ရှိ


 
မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် လမ်း ၃ဝနှင့် ၆၂ လမ်းထောင့် မက္ခရာ ကျောင်းတိုက် အတွင်းရှိ ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော်၏ မေးစေ့တော်၌ယမန်နေ့ ညနေ ၃ နာရီခွဲက စတင်၍ ပျားများလာရောက် စွဲကပ်လျက် ရှိကြောင်း သိရသည်။

''ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော် ကြီးရဲ့ မေးစေ့တော်ကို ယမန်နေ့က ပျားတွေ လာစွဲနေတာ တွေ့ရတယ်။ ပျားအုံက တဖြည်းဖြည်း များလာပြီး ည ၇ နာရီခန့်မှာ ပျားအုံကြီး အရွယ်က

ဖမ်းဆီးသံဃာတွေ လွတ်ရေး သံရုံးရှေ့မှာ ဆန္ဒပြ

 ရန်ကုန်မြို့က မဟာ သန္တိသုခကျောင်းကို စီးနင်းခဲ့ပြီးနောက် ဖမ်းဆီး လူဝတ်လဲခံခဲ့ကြရတဲ့ လန်ဒန် မြို့သာ သနာ့ရံသီ ဝိဟာရ ကျောင်းက ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၅ ပါး ပြန်လည် လွတ်မြောက်ရေး အတွက် လန်ဒန်မြို့က မြန်မာ နိုင်ငံ သံရုံးရှေ့မှာ ဇွန်လ ၁၆ ရက်နေ့ တနင်္လ࿿ာနေ့က ဆန္ဒပြခဲ့ကြ ပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက် ညှိနှိုင်းဆဲ

ဇူလိုင်လ မကုန်ခင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ စစ်တပ်ဘက်က အဆင်သင့် ဖြစ်နေတဲ့ အကြောင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်း အဖွဲ့က အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ ရက်သတ်မှတ်နိုင်ရေးအတွက် အစိုးရ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ အဲန်စီစီတီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့ ညပိုင်းကရော ဒီကနေ့ မနက်မှာပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်တာနက်၌ ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးကိုသတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား


Photo: အင်တာနက်၌ ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးကိုသတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား
Tuesday, June 17, 2014

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ယင်းသို့အလောင်းအား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ ၀ဲဘက်ပခုံး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအရေခွံ အရေပြားစုတ်ပြဲဒဏ်ရာ၊ နောက်စေ့တည့်တည့် ဦးခေါင်းခွံအက်ကွဲ၊ အပေါ်သွားလေးချောင်းနှင့် အောက်သွားလေးချောင်းကျွတ်ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ တိုးချဲ့ (၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ်ဖြစ်ကြောင်းနှင့် အခင်းဖြစ်မည့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"အသတ်ခံရတဲ့ကောင်မလေးနဲ့ ကျူးလွန်သွားတဲ့သူက အင်တာနက် Viber ပေါ် မှာတွေ့ရင်း ငြိစွန်းနေတယ်လို့ သိရတယ်။ ပြီးတော့ အခင်းမဖြစ်ခင် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ ရယ်၊ သူဝတ်ဆင်သွားတဲ့ ဆွဲကြိုး၊ လက်စွပ်တို့ဟာ အလောင်းကိုတွေ့တဲ့အချိန်မှာ ပျောက်ဆုံးနေတယ်။ အခင်းဖြစ်တဲ့ဝါးရုံထဲမှာ သူ့လက်ဆွဲအိတ်အခွံရယ်၊ ငါးထောင်ကျပ်တန် နှစ်ရွက်၊ ထီး၊ ဖိနပ်နဲ့ အ၀တ်ဝယ်ရင်ထည့်မယ့် အိတ်တို့ကိုပဲ တွေ့ရတယ်" ဟု မင်္ဂလာဒုံမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဇွန် ၁၆ ရက်တွင် ပြောကြားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှာ အသတ်ခံရသူမိန်းကလေး၏ လက်ကိုင်ဖုန်းနံပါတ်အားစုံစမ်းပြီး မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားစုံစမ်းခဲ့ပြီး အခင်းမဖြစ်မီ နံနက်စောစောပိုင်းတွင် အများဆုံးဆက်သွယ်ထားသည့် ဖုန်းနံပါတ်မှာလည်း ၀၉ -----ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးကိုသွားပြီး အခင်းမဖြစ်ခင် အခေါ်များခဲ့တဲ့ အဲဒီဖုန်းနံပါတ်ကို စုံစမ်းတယ်။ အဲဒီဖုန်းကို အမည်ပေါက်ဖုန်းပိုင်ရှင် အောင်--ဆိုတဲ့ သူကမကိုင်ဘဲ၊ သူ့သူငယ်ချင်းဖြစ်တဲ့ ဇာ--ဆိုတဲ့သူက ကိုင်တာဖြစ်ပြီးတော့ အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့နှစ်ဦး အတူတူရှိနေတယ်လို့ ခြေရာခံမိတယ်။ ပြီးတော့ အလောင်းကပုပ်ပွနေတဲ့အတွက် ကာမကျူးလွန်ခံထားရမှု ရှိ မရှိကို တိကျတဲ့ဆေးစစ်ချက် မထွက်ရှိသေးပါဘူး" ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဖုန်းနံပါတ်ကို တွေ့ရှိရပြီးနောက် မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဖုန်းကိုင်ဆောင်သူမှာ ရွာသာအေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ အသက် ၂၄ နှစ်အရွယ် ဇာ--ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇွန် ၉ ရက်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ GI Group ကားဂိတ်မှ ယာဉ်အမှတ် ၅ဃ/....ဖြင့် မန္တလေးသို့ထွက်ခွာသည့် ခုံအမှတ် (၁၁) တွင် ကိုဇာ-- ၈/နမန (နိုင်)----- အား စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ဆေးတွေ့ရှိမှုအတွက် မင်္ဂလာဒုံမြို့မရဲစခန်းက (ပ) ၂၅၈/၁၄ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရန် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

အလောင်းအား အခင်းဖြစ်ပွားရာနေရာတွင် ဇွန် ၁၃ ရက်က တွေ့ရစဉ်
Eleven Media Group 
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံ ဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ဗုဒ္ဓအဆုံးအမနှင့်ဆန့်ကျင်၍ မဟာသန္တိသုခကျောင်းတိုက်နေ သံဃာတော်များအား အင်အားသုံးဖယ်ရှားကာ တစ်ဖက်သတ်လူဝတ်လဲစေမှုသည် အာဏာအလွဲသုံးပြုလုပ်ခြင်းဖြစ်ဟု အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ထုတ်ပြန်

မဟာသန္တိသုခကျောင်းတိုက်နေ သံဃာတော်များအား အင်အားသုံးဖယ်ရှားမှုအပေါ် အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က ဇွန် ၁၆ ရက်နေ့စွဲဖြင့် ကန့်ကွက်စာထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် "ပီနန်ဆရာတော်နှင့် နိုင်ငံတော်သံဃမဟာနာယကတို့အကြားမဟာသန္တိသုခကျောင်း ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်ကာ အငြင်းပွားလျက်ရှိသည်။ ကျောင်းတိုက် တစ်ခုပိုင်ဆိုင်ခြင်း အငြင်းပွားမှုဖြစ်ပေါ်လာသော အခါ ဒေသနာလာအဆုံး အဖြတ်တို့ဖြင့် တရားနည်းလမ်းတကျပြုလုပ်ရန် အတိအကျသတ်မှတ်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓအလိုကျ လုပ်ထုံးလုပ်နည်းတို့ကို စည်းကမ်းသတ်မှတ်ဆုံးဖြတ်လာခဲ့ပြီးဖြစ်သည်။ ထိုအငြင်းပွားမှုကို ဗုဒ္ဓ၏နည်းလမ်းတကျ ဖြေရှင်းနည်းရှိပါလျက် အင်အားများစွာဖြင့် သန္တိသုခကျောင်းအတွင်းသို့ ၀င်ရောက်ကာ သီတင်းသုံးကြသောသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်ခြင်းကို ၁၀.၆.၂၀၁၄ ညတွင် ပြုလုပ်ခဲ့ကြသည်။ ပြည်ပသာသနာပြုဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးကို ကာယကံရှင်ဆန္ဒမပါဘဲ အတင်းလူဝတ်လဲ တရားစွဲခဲ့သည်" ဟု ဖော်ပြထားသည်။

သမ္မတဖြစ်လာရေးသည် ပြည်သူလူထုအပေါ်မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ် လာရေးသည် ပြည်သူလူထု၏ ဆန္ဒအပေါ်တွင် မူတည်နေကြောင်း နီပေါနိုင်ငံ ခရီးစဉ်နောက်ဆေုံးနေ့တွင် ပြောကြား ခဲ့သည်ဟု အေပီ သတင်းဌာနက ဖော်ပြခဲ့သည်။