Sunday, June 22, 2014

ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်း လျှောက်လွှာများ ဇွန်လ ၂၄ တွင် မဲဖောက်မည်

Photo: ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်း လျှောက်လွှာများ ဇွန်လ ၂၄ တွင် မဲဖောက်မည်
Sunday, June 22, 2014

ရန်ကုန်− ဒဂုံမြို့သစ်မြောက်ပိုင်း ရှိ  ဗိုလ်မင်းရောင်အိမ်ရာစီမံ ကိန်း လျှောက် လွှာလျှောက်ထားသူများ ကို ဇွန်လ ၂၄ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မဲဖောက်ပေးမည်ဖြစ်သည်။

 ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော အဆိုပါ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်း ကို လျှောက် ထားသည့် အများပြည်သူအငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း အသင်း အဖွဲ့ဝင်များ၏ လျှောက်ထားမှုကို စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Events Park ခန်းမတွင် နံနက် ၉ နာရီ၌ မဲဖောက်ပေးမည်ဖြစ်သည်။

 ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ဒုတိယ စီမံကိန်းဖြစ်သည့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်းရှိ ဗိုလ်မင်းရောင်တန်ဖိုးမျှတ အိမ်ရာကို မတ်လကုန်အထိ လျှောက်လွှာများ လက်ခံထားပြီး လက်ရှိ အချိန်တွင် ၀ယ်ယူလိုသူများ၏ လျှောက်လွှာပေါင်း ၄၀၀ ကျော် လက်ခံထားကြောင်း သိရှိရသည်။

ထို့အပြင် ဧပြီ ၄ ရက်က မဲ ဖောက်ခဲ့သော ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းတွင် မဲမပေါက် ခဲ့သူများ ကိုလည်း အဆိုပါအိမ်ရာစီမံကိန်း တွင် ထည့်သွင်းမဲဖောက်ရန် စီစဉ် ထားကြောင်း သိရသည်။

 ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အရစ် ကျစနစ်ဖြင့် တည်ဆောက်သည့် အဆိုပါအိမ်ရာစီမံကိန်းတွင် ဈေး နှုန်းအားဖြင့် သိန်း ၃၀၀မှ ၄၀၀ ကျော်ရှိနေသဖြင့် ဈေးနှုန်းလွန် စွာ ကြီးမြင့်နေသည်ဟုလည်း ဝေ ဖန်မှုများရှိနေခဲ့သည်။

ဗိုလ်မင်းရောင်တန်ဖိုးမျှတ အိမ်ရာတွင် အခန်းဈေးနှုန်းများ မှာ အကျယ်အ၀န်းပေါ် မူတည်၍ ပုံစံအေ ၉၂၇ စတုရန်းပေအခန်း အတွက် ကျပ် ၃၄၇ သိန်း၊ ပုံစံဘီ ၈၈၇ စတုရန်းပေအတွက်ကျပ် ၃၂၉ သိန်း၊ ပုံစံဘီ ၆၁၄ စတုရန်းပေ အခန်းအတွက် ကျပ်သိန်း ၃၃၀ နှင့် ပုံစံဘီ ၅၆၅ စတုရန်းပေအတွက် ကျပ် ၂၃၇ သိန်းတို့ဖြင့် ရောင်းချမည် ဖြစ်သည်။

မဲပေါက်သူများအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန၌ မဲပေါက်၊ မပေါက်ကို ကြည့်ရှုနိုင်သည်။

7Day DAILY
ရန်ကုန်− ဒဂုံမြို့သစ်မြောက်ပိုင်း ရှိ  ဗိုလ်မင်းရောင်အိမ်ရာစီမံ ကိန်း လျှောက် လွှာလျှောက်ထားသူများ ကို ဇွန်လ ၂၄ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မဲဖောက်ပေးမည်ဖြစ်သည်။

စစ်ကျန်ဗုံးသီးဟောင်းနှင့်ကျည်ဆန်ဟောင်းများ တူးဖော်တွေ့ရှိ

Photo: စစ်ကျန်ဗုံးသီးဟောင်းနှင့်ကျည်ဆန်ဟောင်းများ တူးဖော်တွေ့ရှိ
Sunday, June 22, 2014 

မန္တလေးတိုင်းဒေသကြီးကျောက် ပန်းတောင်းမြို့နယ် စိတ္ထိန်းကျေးရွာ အုပ်စု စိတ္ထိန်းတောင်ရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် ဇွန်၂ဝ ရက် နံနက် ၇ နာရီက ညစောင့်နေအိမ်တဲ ဆောက်လုပ်ရန်အတွက် ပင်မ အဆောက်အအုံ၏ မြောက်ဘက် ၄၆ ပေအကွာတွင် ပန်းရန်ဆရာ ဦးမိုးမြင့် ဇော်နှင့်အဖွဲ့က မြေကျင်းတူးဖော်ရာ အနက် ၁ ဒသမ ၅ ပေအရောက်တွင် ဂျပန်ခေတ် စစ်လက်ကျန်ဟု ယူဆရ သော ဗုံးသီးဟောင်းနှင့် လေယာဉ်ပစ် ကျည်များ၊ မိုင်းဟောင်းများတွေ့ရှိ၍တူးဖော်ထုတ်ယူခဲ့ပြီး ဗုံးသီးနှင့် ကျည် ဟောင်း ၁၇၅ လုံး တူးဖော်အပြီးတွင် မြေကျင်းအတွင်း၌ များစွာကျန်ရှိသေး ကြောင်းသိရသဖြင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်တင့်ထံအကြောင်းကြားခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံတပ်နယ်တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ကျောက်ပန်းတောင်းရဲတပ်ဖွဲ့စခန်းမှ ဒုတိယမြို့နယ်မှူးမင်းသိန်း၊ ပုပ္ပား ရဲစခန်းမှ ခေတ္တစခန်းမှူးဒုရဲအုပ်ဇော် ဖုန်းရှိန်တို့ ကနဦးရောက်ရှိစစ်ဆေး၍ လုံခြုံရေး တာဝန်ယူထားခဲ့ကြောင်း သိရသည်။

အဆိုပါ တူးလက်စမြေကျင်း အတွင်းမှ ကျန်ရှိနေသော ဗုံးသီး ဟောင်းနှင့် ကျည်ဆန်ဟောင်းများကို နယ်မြေခံတပ်နယ် တပ်ရင်းများမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးစောထွန်းဝင်းနှင့် စစ် မြေပြင်အင်ဂျင်နီယာတပ်မှ တာဝန် ရှိသူများ ရောက်ရှိစစ်ဆေးကြပြီး ဆက်လက်တူးဖော်ခဲ့ရာ စစ်ကျန်မိုင်း၊ ဗုံးသီး၊ ကျည်ဖူး ၇၇ လုံးနှင့် ဒလက် အကျိုးအပျက်လေးခု၊ ထိပ်ဖူး အပျက်တစ်ခုထပ်မံတူးဖော်တွေ့ရှိခဲ့ သည် တူးဖော်တွေ့ရှိသည့် စစ်ကျန်မိုင်း၊ ဗုံးသီး၊ ကျည်ဟောင်း စုစုပေါင်း ၂၅၂ လုံး၊ ဒလက်အကျိုး အပျက်လေးခုနှင့် ထိပ်ဖူးအပျက်တစ် ခုတို့ဖြစ်ပြီး ၄င်းတူးဖော်တွေ့ရှိသည့် စစ်ကျန်ဗုံးသီးနှင့် ကျည်ဟောင်းများ ကို စနစ်တကျ စစ်ဆေးဖျက်ဆီးနိုင်ရန် အတွက် နယ်မြေခံတပ်နယ်မှ သိမ်းဆည်းသွားကြောင်း သိရ သည်။ 

The Mirror Daily
မန္တလေးတိုင်းဒေသကြီးကျောက် ပန်းတောင်းမြို့နယ် စိတ္ထိန်းကျေးရွာ အုပ်စု စိတ္ထိန်းတောင်ရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် ဇွန်၂ဝ ရက် နံနက် ၇ နာရီက ညစောင့်နေအိမ်တဲ ဆောက်လုပ်ရန်အတွက် ပင်မ အဆောက်အအုံ၏ မြောက်ဘက် ၄၆ ပေအကွာတွင် ပန်းရန်ဆရာ ဦးမိုးမြင့် ဇော်နှင့်အဖွဲ့က မြေကျင်းတူးဖော်ရာ အနက် ၁ ဒသမ ၅ ပေအရောက်တွင် ဂျပန်ခေတ် စစ်လက်ကျန်ဟု ယူဆရ သော ဗုံးသီးဟော င်းနှင့် လေယာဉ်ပစ် ကျည်များ၊ မိုင်းဟောင်းများတွေ့ရှိ၍တူးဖော်ထုတ်ယူခဲ့ပြီး ဗုံးသီးနှင့် ကျည် ဟောင်း ၁၇၅ လုံး တူးဖော်အပြီးတွင် မြေကျင်း အတွင်း၌ များစွာကျန်ရှိသေး ကြောင်းသိရသဖြင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်တင့်ထံ အကြောင်းကြားခဲ့ ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံတပ်နယ်တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ကျောက်ပန်းတောင်းရဲတပ်ဖွဲ့စခန်းမှ ဒုတိယမြို့နယ်မှူးမင်းသိန်း၊ ပုပ္ပား ရဲစခန်းမှ ခေတ္တစခန်းမှူးဒုရဲအုပ်ဇော် ဖုန်းရှိန်တို့ ကနဦးရောက်ရှိ စစ်ဆေး ၍ လုံခြုံရေး တာဝန်ယူထားခဲ့ကြောင်း သိရသည်။

စပိန်ကွင်းလယ်သမား အလွန်ဆို လက်ရွေးစင်ကစားသမားဘ၀က အနားယူမည်

Photo: စပိန်ကွင်းလယ်သမား အလွန်ဆို လက်ရွေးစင်ကစားသမားဘ၀က အနားယူမည်
Sunday, June 22, 2014 

Alonso-Xabi-001လက်ရှိ ချန်ပီယံစပိန်အသင်း အုပ်စုအဆင့်ကနေ စောစော စီးစီး အိမ်ပြန်ရတဲ့အတွက် ကွင်းလယ်သမား အလွန်ဆိုက လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေးလျနဲ့ အုပ်စု နောက်ဆုံး ပွဲစဉ် ကစားပြီးရင် အလွန်ဆိုအနေနဲ့ စပိန်အသင်းကနေ အနားယူတဲ့အကြောင်းကို ကြေညာသွားမှာ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အသက် ၃၂ နှစ်အရွယ် ရီရဲလ် ကွင်းလယ်လူဟာ စပိန်အတွက် ပွဲပေါင်း ၁၁၂ ပွဲကစားပေးထားပါတယ်။ သူဟာ စပိန်အသင်းကို ယူရို ၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၁၂ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲအောင် ကူညီနိုင်ခဲ့ပါတယ်။

လာမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲကျရင် စပိန်အသင်းမှာ မျက်နှာသစ် လူငယ် ကစားသမားတွေကို မြင်တွေ့ရလိမ့်မယ်လို့လည်း လက်ရှိ ဘောလုံးသမားတွေက ခန့်မှန်းထားပါတယ်။

ဒီဗွီဘီ
Alonso-Xabi-001လက်ရှိ ချန်ပီယံစပိန်အသင်း အုပ်စုအဆင့်ကနေ စောစောစီးစီး အိမ်ပြန်ရတဲ့အတွက် ကွင်း လယ်သမား အလွန်ဆိုက လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူတော့မှာ ဖြစ်တယ် လို့ ပြောပါတယ်။

ဂုဏ်ရည်အေးကျော် ကချင်ပြည်နယ်ရှိ စာသင်ကျောင်းများဆောက်လုပ် လှူဒါန်းခြင်းကို ဖိလစ်ပိုင်အလှမယ်နှင့် အတူဆောင်ရွက်မည်

အလှမယ် ဂုဏ်ရည်အေးကျော် က သြဂုတ်လတွင် ကချင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းဆောင်များ လှုဒါန်းမည့် အစီအစဉ် ကို Miss International 2013 ဆုရှင် ဖိလစ်ပိုင်အလှမယ် နှင့်ပူးပေါင်း လုပ်ဆောင်မည်ဟု ဂုဏ်ရည်အေးကျော်က မဇ္ဈိမ ကို ပြောသည်။

တရုတ်ရိုးရာ ခွေးသားစားပွဲတော်ကို ဆန့်ကျင်ကန့်ကွက်

Photo: တရုတ်ရိုးရာ ခွေးသားစားပွဲတော်ကို ဆန့်ကျင်ကန့်ကွက်
Sunday, June 22, 2014

တရုတ်နိုင်ငံတောင်ပိုင်းက ယူလင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာခွေးသားစားပွဲတော်မတိုင်ခင် ဇွန်လ ၂၁ ရက်နေ့က တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားသူတွေနဲ့ ဒီပွဲတော်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

China's annual dog meat festivalပွဲတော်ကျင်းပသူတွေက ဒီပွဲတော်ဟာ ရာစုနှစ်နဲ့ချီနေပြီလို့ ပြောဆိုကြပေမယ့် တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့တွေက ၁၉၉၀ နှစ်တွေမှာမှ စဖြစ်လာတာလို့ ဆိုပါတယ်။ တရက်ထဲ ခွေးအကောင် ၁ သောင်းလောက် သတ်စားကြမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံတ၀န်းခွေးချစ်သူတွေ ယူလင်မြို့ကို သွားရောက်ပြီး ခွေးတွေအသတ်မခံရအောင် သွားရောက်ဝယ်ယူကြတာဖြစ်ပါတယ်။ ခွေးရောင်းသူတွေဟာ ခွေးဝယ်သူတွေ မ၀ယ်ဝယ်အောင် ခွေးတွေကို နှိပ်စက်ပြီး ဈေးတောင်းတဲ့ဓါတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့ခဲ့တာကြောင့် ဒီပွဲတော်အပေါ် ပြစ်တင်ဝေဖန်သူတွ ပိုမိုများပြားခဲ့ပါတယ်။ ယူလင်မြို့ခံတွေကတော့ ဒီလူတွေဟာ ယူလင်မြို့ကို ကိုယ်စားမပြုကြပါဘူးလို့ ပြောဆိုပါတယ်။

ဆန့်ကျင်ကန့်ကွက်သူတဦးကတော့ ယူလင်မြို့ တိုးတက်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် မြို့ခံတွေ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားအောင် အရင်ကြိုးစားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ပွဲတော်ကို ထောက်ခံသူတဦးကတော့ ခွေးတွေဟာ ရှားပါးတိရစ္ဆာန်မဟုတ်ပဲ ရိုးရာဟင်းလျာတမျိုးဖြစ်တာကြောင့် စားသူတွေ များပြားနေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က တရုတ်နိုင်ငံအရှေ့ပိုင်းက ဇီဂျန်း ပြည်နယ်မှာ အခုလိုခွေးသားစားပွဲတော်ကို ဒေသခံတွေက ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်ခဲ့ကြလို့ ပိတ်ပင်ခံခဲ့ရပါတယ်။

တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တခုဖြစ်တဲ့ Animals Asia ကတော့ ခွေးသားဟာ လူတွေရဲ့ကျန်းမာရေးနဲ့ မသင့်လျော်သလို အခုလို ခွေးသားစားပွဲတော်မှာ ရောဂါရှိတဲ့ခွေးတွေ၊ ခိုးလာတဲ့ခွေးတွေကို ချက်ပြုတ်ကြတာကြောင့် ခွေးသားစားတာကို ပိတ်ပင်ဖို့ တောင်းဆိုနေပါတယ်။

DVB
တရုတ်နိုင်ငံတောင်ပိုင်းက ယူလင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာခွေးသားစားပွဲတော်မတိုင်ခင် ဇွန်လ ၂၁ ရက်နေ့က တိရစ္ဆာန် ကာကွယ်ေ စာင့်ရှော က်ရေး လှုပ်ရှားသူတွေနဲ့ ဒီပွဲတော်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

ဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးကာ ရာထူးက အနားပေး၍ ဧရာဝတီ တိုင်း ပြည်သူများ ဆန္ဒပြမည်

သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီး ကာ ရာထူးမှ အနားပေးလိုက်ခြင်းကြောင့် ဧရာတီတိုင်းအတွင်း ရှိ ပြည်သူများက ဇွန်လ နောက်ဆုံးပတ်တွင် တရားဝင် စာတင်ကာ ဆန္ဒထုတ်ဖော်မည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်မှ ဦးထွန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။

ပါကစ္စတန်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရ

Photo: ပါကစ္စတန်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရ
Sunday, June 22, 2014

ပါကစ္စတန်နိုင်ငံတွင် အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရသည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောသည်။ ယင်းအမှုမှာ ပြီးခဲ့သည့်လတွင် ပါကစ္စတန်နိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်၍ လူသတ်သည့်အမှုများနှင့် ဆင်တူနေသည်။

အသတ်ခံရသူအမျိုးသမီးငယ်၏ချစ်သူ မူဟာမက်ဆာကွစ်က အဓမ္မပြုကျင့်၍ သတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး တရားခံကို ရဲစခန်းတွင် ဖမ်းချုပ်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဆာကွစ်သည် ချစ်သူမိန်းကလေးအား ၎င်း၏ မိတ်ဆွေနှစ်ဦးနှင့် လိင်ဆက်ဆံရန် အတင်းအကျပ်တိုက်တွန်းခဲ့ရာ မိန်းကလေးက ငြင်းဆန်ခဲ့၍ အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ကာ သစ်ပင်တွင် ချိတ်ဆွဲထားခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုသို့ အဓမ္ပပြုကျင့်ပြီး အသတ်ခံရမှုမှာ ကြာသပတေးနေ့ညက ပန်ဂျက်ဒေသ လေယာခရိုင်၌ ဖြစ်ပွားခဲ့ပြီး သောကြာနေ့ နံနက်တွင် ရဲတပ်ဖွဲ့က သတင်းရရှိခြင်းဖြစ်သည်။

‘‘အမျိုးသမီးက အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ခံရတာပါ။ အဲဒီနောက်မှာ သူ့အလောင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုမျိုး သစ်ပင်မှာ ဆွဲကြိုးချထားခဲ့တာပါ။ ဒါပေမဲ့ သစ်ကိုင်းက နိမ့်နိမ့်ကလေး။ အလောင်းက ထိုင်လျက်အနေအထားနဲ့ မြေကြီးနဲ့လည်း ထိနေတယ်’’ဟု ယင်းဒေသရှိ အကြီးတန်းရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်မှာ မျက်မမြင်မိဘနှစ်ပါးနှင့် မောင်နှမခုနစ်ဦးကို လယ်ယာလုပ်ကိုင်၍ ရှာဖွေကျွေးမွေးနေသော မိသားစု၏ သမီးအကြီးဆုံး ဖြစ်သည်။ ယင်းအမျိုးသမီးနှင့် မူဟာမက်ဆာကွစ်တို့မှာ ချစ်သူသက်တမ်း ခြောက်လကြာပြီဖြစ်ပြီး လက်ထပ်ရန် ရည်ရွယ်ထားသူများဖြစ်သည်။ ဆာကွစ်သည် အပြစ်ဝန်ခံခဲ့ပြီဖြစ်၍ ၎င်း၏ မိတ်ဆွေနှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းနေဆဲဖြစ်သည်။

Ref: AFP
7Day DAILY
ပါကစ္စတန်နိုင်ငံတွင် အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရသည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောသည်။ ယင်းအမှုမှာ ပြီးခဲ့သည့်လတွင် ပါကစ္စတန်နိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်၍ လူသတ်သည့်အမှုများနှင့် ဆင်တူနေသည်။

တယ်လီနောနှင့် အော်ရီဒူး SIM Card အရောင်းဌာနများတွင် Samsung ဖုန်းများ တွဲဖက်ရောင်းမည်

Photo: တယ်လီနောနှင့် အော်ရီဒူး SIM Card အရောင်းဌာနများတွင် Samsung ဖုန်းများ တွဲဖက်ရောင်းမည် 
Sunday, June 22, 2014

တယ်လီနောမြန်မာနှင့် အော်ရီဒူးမြန်မာတို့က Samsung မိုဘိုင်းလ်ဖုန်းများကို ၎င်းတို့ ဖွင့်လှစ်မည့် SIM Card အရောင်းဌာနများတွင် SIM Card များနှင့်အတူ တွဲဖက်ရောင်းချမည် ဖြစ်ကြောင်း အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တယ်လီနောမြန်မာနှင့် အော်ရီဒူးမြန်မာတို့သည် ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းလ်ပစ္စည်း ထုတ်လုပ်သည့် Samsung Electronics တို့ ပူးပေါင်း၍ SIM Card နှင့် မိုဘိုင်းလ်ဟန်းဆက်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ပူးတွဲရောင်းချမှုများနှင့် အရောင်းမြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်ဟု အဆိုပါ ကုမ္ပဏီများထံမှ သိရှိရသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ခေတ်မီဆန်းသစ်ပြီး တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေ အများပြည်သူကို ပေးဖို့ပါပဲ။ Samsung ကလည်း ကုမ္ပဏီနှစ်ခုလုံးရဲ့ နည်းဗျူဟာဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်ဝစေဖို့ လက်တွဲဖော်ကောင်း တစ်ဦးလို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိ Mr. Sharad Mehrotra က ပြောကြားသည်။

အော်ရီဒူးမြန်မာကလည်း Samsung ကုမ္ပဏီနှင့် ယခုလအတွင်း ပူးပေါင်း ဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုထားရာ Samsung Galaxy စမတ်ဖုန်းနှင့် tablet များကို အော်ရီဒူး SIM Card အရောင်းဌာနများတွင် တွဲဖက်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာထံမှ သိရှိရသည်။ 

“စမတ်ကျတဲ့ လက်ကိုင်ဖုန်း ကောင်းကောင်း ကိုင်ရတော့မှာပေါ့။ အရင်ကလို SIM Card ဖိုးတွေ၊ လက်ကိုင်ဖုန်းဖိုးတွေ စဉ်းစားစရာ မလိုတော့ဘူးပေါ့။ သူတို့ ဒီလိုရောင်းတဲ့အတွက် မိုဘိုင်းလ်ဖုန်းဆိုင်တွေ ထိခိုက်လိမ့်မယ်လိုတော့ မထင်ဘူး။ ထိုင်းနိုင်ငံမှာတောင် မိုဘိုင်းလ်ဖုန်း သီးသန့်ရောင်းတဲ့ ဆိုင်တွေ အလုပ်ဖြစ်နေသေးတာပဲ” ဟု Star မိုဘိုင်းဖုန်းဆိုင် လုပ်ငန်းရှင် ဦးဇော်မင်းက မှတ်ချက်ပြုသည်။

တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့သည် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရရှိခဲ့ပြီး အော်ရီဒူးက သြဂုတ်နှင့် တယ်လီနောက စက်တင်ဘာလများတွင် SIM Card များကို စတင်ရောင်းချမည် ဖြစ်သည်။ 

ပြည်ပအော်ပရေတာများက ၎င်းတို့၏ SIM Card များ စတင်ရောင်းချစဉ် ကာလများတွင် သုံးစွဲနိုင်သည့် နယ်မြေ အကန့်အသတ် ရှိနေခြင်းနှင့် လိုချင်သည့် လူအရေအတွက် များပြားသောကြောင့် ရောင်းချမည့်သူ အရေအတွက်နှင့် ဝယ်ယူမည့်သူ ပမာဏ မညီမျှမှုများ ရှိနိုင်ကြောင်းလည်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်ရှင်အချို့က ပြောကြားကြသည်။

တယ်လီနောမြန်မာသည် HTC၊ Huawei စသည့် မိုဘိုင်းလ်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီများနှင့်လည်း စာချုပ်များ ချုပ်ဆိုထားပြီး တယ်လီနောက တိုက်ရိုက်ကွပ်ကဲ ဖွင့်လှစ်မည့် မိုဘိုင်းလ် SIM Card အရောင်းဌာနများတွင် တစ်ပါတည်း ဝယ်ယူနိုင်မည် ဖြစ်သည်။

The Voice Weekly
တယ်လီနောမြန်မာနှင့် အော်ရီဒူးမြန်မာတို့က Samsung မိုဘိုင်းလ်ဖုန်းများကို ၎င်းတို့ ဖွင့်လှစ်မည့် SIM Card အရောင်းဌာနများတွင် SIM Card များနှင့်အတူ တွဲဖက်ရောင်းချမည် ဖြစ်ကြောင်း အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာ ဖြစ်

Photo: ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာ ဖြစ် 
Sunday, June 22, 2014

ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိက တာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာဖြစ်ကြောင်း တည်ဆဲဥပဒေများအရ သိရသည်။
 
လက်ရှိအများပြည်သူ ကြည့်ရှုနေသည့် အင်တာနက်နှင့် လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ် များပေါ် တွင် မော်ဒယ်ဇွန်သဉ္ဇာ ၊ မေမြတ်မွန် နှင့်ဇာဇာထက် တို့၏ ညစ်ညမ်းဓာတ်ပုံများ ပျံ့နှံ့နေသည်ကို တွေ့ရသည်။
 
အလားတူ စာရေးဆရာ အောင်ရင်ငြိမ်းရေးသားသည့် “ရိုမန်း ဘောစ်တွေရဲ့ ကမ္ဘာ”စာအုပ်နှင့် ပတ်သက်၍လည်း ညစ်ညမ်းသည့် စာအရေးအသားများ ပါဝင်နေသည်ဟု ဝေဖန်မှုများထွက်ပေါ်လျက် ရှိသည်။
 
ယင်းစာအုပ်နှင့် ပတ်သက်၍လည်း လူမှုကွန်ရက် ဖေ့စ်ဘွတ် များပေါ်တွင် ဝေဖန်မှု များ ရှိခဲ့သည်။
 
ထို့အတူ မော်ဒယ်ညစ်ညမ်းဓာတ်ပုံများ နှင့် “ရိုမန်းဘောစ်တွေရဲ့ကမ္ဘာ” စာအုပ်ကိုလည်း မီဒီယာအချို့မှ ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။
 
ညစ်ညမ်းဓာတ်ပုံ၊ စာပေများကို အရေးယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ စာနယ်ဇင်းကောင်စီနှင့် စာနယ်ဇင်းများက အဓိကလုပ်ဆောင်ရမည် မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ကသာ စုံစမ်းဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်းကို ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပြဌာန်းချက်များအရ သိရသည်။
 
ညစ်ညမ်းစာပေ၊ ညစ်ညမ်းဓာတ်ပုံများ နှင့်ပတ်သက်၍ အရေးယူထောင်ချနိုင်ရန် ရာဇသတ်ကြီး၏ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ နှင့်၂၉၃ တို့တွင် ပြဌာန်း ထား သည်။
 
ယင်းပုဒ်မများသည် ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများဖြစ်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ၏ နောက်ဆက်တွဲ ဇယား၌ ပြဌာန်းထားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် အရေးယူ ရမည်ဖြစ်ကြောင်း သိရသည်။
 
ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများသည် ရဲတပ်ဖွဲ့က သတင်းရလျှင်ရချင်း လိုက်လံစုံစမ်းဖော်ထုတ်နိုင်သည့် ပြစ်မှု ပုဒ်မများဖြစ်ပြီး ပြည်သူတစ်ဦးဦးကဖြစ်စေ၊ စာနယ်ဇင်းကောင်စီကဖြစ်စေ တရားရုံးသို့ သွားရောက်ကာ ဦးတိုက်လျှောက်ထားရန် မလိုကြောင်း သိရသည်။
 
ညစ်ညမ်းဓာတ်ပုံများဖြစ်ပါက ဓာတ်ပုံအရိုက်ခံသည့်သူသာမက ဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာအပါအဝင် ယင်းဓာတ်ပုံကို ဖြန့်ချိသူများပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။
 
ထို့အတူ ညစ်ညမ်းစာပေများဆိုပါကလည်း ရေးသူသာမက ထုတ်ဝေသူဖြန့်ချိသူ များပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။
 
မည်သူမဆို ညစ်ညမ်းသောစာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဌာန်ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသော အရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်းပြုလျှင်သို့တည်း မဟုတ်ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့မြင်သာအောင်ပြခြင်း ၊ ဖြန့်ချိခြင်းကိစ္စတစ်ခုခုအလို့ငှာ ပြု လျှင် သို့တည်းမဟုတ် ထုတ်လုပ်လျှင် သို့ တည်းမဟုတ် လက်ရှိထားလျှင် ဤပုဒ်မအရ ပြစ်မှုမြောက်သော ပြုလုပ်မှု တစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့တည်းမဟုတ် အားထုတ်လျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ အရ သိရသည်။ 
 
ထို့အတူ မည်သူမဆို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြ ထားသည့် ညစ်ညမ်းသောအရာဝတ္ထုတစ်ခုခုကို အသက် ၂ဝ မပြည့်သေးသောသူ တစ်ဦးတစ်ယောက်သို့ ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်း တစ်ခုခုပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် ကမ်းလှမ်းခြင်း၊ အားထုတ်ခြင်း တစ်ခုခုပြုလျှင် ထိုသူကို ခြောက်လ အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃ အရ သိရသည်။
 
အင်တာနက်နှင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်များပေါ်ရှိ အချို့ညစ်ညမ်းဓာတ်ပုံ များသည် ဓာတ်ပုံပေါ်မှ ကာယကံရှင်များကိုယ်တိုင် ဓာတ်ပုံတင်ခြင်း ဖြန့်ဝေခြင်း များ ရှိသကဲ့သို့အချို့သော ညစ်ညမ်းဓာတ်ပုံနှင့်ညစ်ညမ်းဗွီဒီယိုများမှာမူ ကာယကံရှင်များမသိဘဲ ခိုးယူရိုက်ကူးဖော်ပြခြင်းများဖြစ်ကြောင်း သိရသည်။
 
ထိုသို့ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် ကာယကံရှင်များမသိဘဲ ခိုးယူရိုက်ကူးကာ အင်တာနက်နှင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်များပေါ်၌ ဖော်ပြခြင်းများသည် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း သိ ရသည်။
 
မည်သူမဆို အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်၊ သတင်းအချက်အလက်ကို အီလက်ထရွန်နစ်နည်းပညာဖြင့် ပြု လုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း စသည့်ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄(ဃ)တွင် ပြဌာန်းထားချက်အရ သိရသည်။

Eleven
ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာဖြစ်ကြောင်း တည်ဆဲ ဥပဒေများအရ သိရသည်။

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ

Photo: ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
Sunday, June 22, 2014

ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။

ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ် အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ တစ်ခုလို့ ဆိုရမှာပေါ့။

ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင် ဝိတ်ကို ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသား (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။

ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။

www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူ များ အတွက်ရေး သားလိုက် ရပါတယ်။