Monday, June 23, 2014

ဝေဖန်မှုများ ကြုံနေသော ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာစာအုပ် ပစ္စည်းပြတ်သည်အထိ ရောင်းကောင်းနေဟုဆို

အပြာဇာတ်ဝင်ခန်းများထည့်သွင်းရေးသားထားသည်ဆိုသည့် စွပ်စွဲမှုများခံနေရသော စာရေးဆရာအောင်ရင်ငြိမ်း၏ ‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်သည် ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေပြီး ယင်းစာအုပ်ကို မိတ္တူကူးထားသည့်စာအုပ်များပင် လျှင် တစ်အုပ်လျှင် ကျပ် ၈၀၀၀ နှုန်းအထိ ဈေးနှုန်းမြင့်တက်သွားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ ဈေးကွက်အတွင်း စတင်ဖြန့်ချိခဲ့သည့် အဆိုပါစာအုပ်ကို မိတ္တူကူးယူကာ ရန်ကုန်မြို့၏ လမ်းဆုံလမ်းခွများတွင် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း မူရင်းစာအုပ်၏ ဈေးနှုန်း ကျပ် ၂၅၀၀ ထက် သုံးဆကျော်မြင့်တက်သွားပြီး တစ်အုပ်လျှင် ကျပ် ၈၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။


Photo: ဝေဖန်မှုများ ကြုံနေသော ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာစာအုပ် ပစ္စည်းပြတ်သည်အထိ ရောင်းကောင်းနေဟုဆို
Monday, June 23, 2014

အပြာဇာတ်ဝင်ခန်းများထည့်သွင်းရေးသားထားသည်ဆိုသည့် စွပ်စွဲမှုများခံနေရသော စာရေးဆရာအောင်ရင်ငြိမ်း၏ ‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်သည် ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေပြီး ယင်းစာအုပ်ကို မိတ္တူကူးထားသည့်စာအုပ်များပင် လျှင် တစ်အုပ်လျှင် ကျပ် ၈၀၀၀ နှုန်းအထိ ဈေးနှုန်းမြင့်တက်သွားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ ဈေးကွက်အတွင်း စတင်ဖြန့်ချိခဲ့သည့် အဆိုပါစာအုပ်ကို မိတ္တူကူးယူကာ ရန်ကုန်မြို့၏ လမ်းဆုံလမ်းခွများတွင် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း မူရင်းစာအုပ်၏ ဈေးနှုန်း ကျပ် ၂၅၀၀ ထက် သုံးဆကျော်မြင့်တက်သွားပြီး တစ်အုပ်လျှင် ကျပ် ၈၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

တရားမ၀င်အပြာစာအုပ်များထဲမှ အရေးအသားများကဲ့သို့ လိင်ဆက်ဆံပုံများအကြောင်း ရေးသားမှုများပါဝင်သော အဆိုပါစာအုပ်သည် ဝေဖန်သူများအကြား အပြင်းအထန်အငြင်းပွားဖွယ်စာအုပ်ဖြစ်နေသည်။

သို့သော်လည်း စာရေးသူက အဆိုပါစာအုပ်သည် အပြာစာအုပ်မဟုတ်ကြောင်း သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့်ပြန်လည်ရှင်းလင်းခဲ့သည်။

‘‘တစ်ခွန်းတည်းပြောမယ်။ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ်မဟုတ်ဘူး။ နောက်တစ်ခွန်းထပ်ပြောမယ်။ ရိုမန်းဘော့ထ်ဟာ ခင်ဗျားတို့လူ့အဖွဲ့အစည်းအဟောင်းကြီးကိုလူသားသစ်အဖွဲ့အစည်းဖြစ်အောင် လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာအသေခံဗုံးခွဲခြင်း’’ဟု စာရေးဆရာအောင်ရင်ငြိမ်းက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာထွက်တွင်ရေးသားထားသည်။

ယင်းစာအုပ်နှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

‘‘ပြန်ကြားရေးက ဘာမှတော့ တရားဝင်ဆက်သွယ်တာမရှိသေးဘူး။ ပြန်သိမ်းခိုင်းမယ်လို့ ပြောနေပေမယ့် သေချာတော့မသိသေးဘူး’’ဟု ယင်းစာအုပ်ထုတ်ဝေရေးအတွက် ကူညီဆောင်ရွက်ခဲ့သူ မဇင်မင်းကပြောသည်။

‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်ရေးသားသူ စာရေးဆရာ အောင်ရင်ငြိမ်းထံသို့ ဆက်သွယ်မေးမြန်းပြီး မှတ်ချက်တောင်းရန် 7Day မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ၎င်းကိုင်ဆောင်သည့် ဖုန်းနှစ်ခုစလုံးစက်ပိတ်ထားခဲ့သည်။
www.7daydaily.com

ဦးအောင်မင်း၏ တပ်မတော်သားများအပေါ် စော်ကားပြောဆိုမှုသည် ‘တောင်းပန်ပါတယ်’ စကားတစ်ခွန်းဖြင့် တာဝန်ကျေပြီဟု မဆိုနိုင်

ယနေ့ မြန်မာ့နိုင်ငံရေးနဲ့ မီဒီယာလောကမှာ တောင်းပန်တာတွေ ခေတ်စားလာသလို တောင်းပန်လိုက်တာနဲ့ တာဝန်ကျေသွားတဲ့ ကိစ္စကလည်း အလေ့အထဖြစ်လာပါတယ်။ တစ်စုံတစ်ယောက်က လက်လွတ်စပယ် ပြုမူပြောဆိုလိုက်၊ ကန့်ကွက်ခံရချိန် တောင်းပန် လိုက် ဖြစ်စဉ်အများ အပြားရှိပေမယ့် အချို့အပြုအမူ အပြောအဆိုများက ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျေနပ်ရမယ့် ကိစ္စမဟုတ်ဘူး ဆိုတာကိုတော့ ကာယကံရှင်တွေက သတိပြုမိဟန် မရှိပါဘူး။ ဥပမာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောခဲ့တဲ့ တိုက်ပွဲမှာ စွန့်လွတ်စွန့်စားခဲ့သူတွေကို မချီးမြောက်ဖို့နဲ့ အသက်စွန့်သွားတဲ့ ရဲဘော်တွေအတွက် သစ္စာစောင့်ဖို့ မလိုဘူးဆိုတဲ့ စကားမျိုးတွေပါ။
ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းရဲ့ စကားကြောင့် လက်ရှိ တပ်မတော်သားများ၊ မိသားစုဝင်များ သာမက စစ်မှုထမ်းဟောင်းများပါ စိတ်ဆိုးခဲ့ကြရ ပါတယ်။ စိတ်ဆိုးတယ်ဆိုတာထက် နာကျည်းစိတ်ပျက် တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဇွန်လ ၇ ရက်နေ့မှာ အခုလိုပြောဆိုလိုက်တဲ့ ဦးအောင်မင်းဟာ ၁၀ ရက်အကြာ ဇွန်လ ၁၇ ရက်နေ့မှာ ဦးအောင်မင်းက ကာကွယ်ရေးဦးစီးချုပ်ဆီကို သွားပြီးတောင်းပန်ခဲ့ပြီး၊ ၂၁ ရက်နေ့ ရက်စွဲဖြင့် တောင်းပန်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် အဆိုပါ တောင်းပန်စာသည် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းများရဲ့ နာကျည်းချက်များကို ကုစားနိုင်မည် မဟုတ်ပေ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(မြေလတ်ဒေသ) ရွေးကောက်ပွဲ ကျင်းပ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (မြေလတ်ဒေသ)၏ ရွေးကောက်ပွဲအ ခမ်းအနားကို ဇွန်လ ၂၂ ရက်က မကွေးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆောက်လက်စတိုက်ပေါ်မှ လူငယ်တစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်-ညောင်တုန်း ကားလမ်းမဘေးရှိ ဆောက်လက်စတိုက် ခေါင်မိုးပေါ်သို့ တက်ရာ မှ ခြေချော် ကာ ပြုတ်ကျခဲ့သဖြင့် အသက် (၂၀)အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၂၁ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်က ထန်းတစ်ပင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

သေနတ်ပစ်ဖောက်ကာ ကုန်စုံဆိုင်ကို လုယက်

ချင်းတွင်းမြစ်ကမ်းတစ်နေရာတွင် ဇွန် လ ၂၁ မနက် ၂ နာရီအချိန်က သေနတ်လေးချက် ပစ်ဖောက်၍ ကုန်စုံဆိုင်အတွင်းမှ ရွှေသေတ္တာတစ်လုံးနှင့် ပိုက်ဆံများ လုယက်ခံလိုက်ရသည်ဟု မြို့နယ်ထွေအုပ်ရုံးထံမှ သိရသည်။

စင်ကာပူနှင့် မလေးရှားနိုင်ငံအကြား ရေအောက်ကေဘယ်ဆက်ကြောင်း ချို့ယွင်း၍ အင်တာနက်လိုင်းပြတ်တောက်နိုင်

Photo: စင်ကာပူနှင့် မလေးရှားနိုင်ငံအကြား ရေအောက်ကေဘယ်ဆက်ကြောင်း ချို့ယွင်း၍ အင်တာနက်လိုင်းပြတ်တောက်နိုင်
Monday, June 23, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပနိုင်ငံများနှင့်တယ်လီဖုန်းနှင့်အင်တာနက်ချိတ်ဆက်အသုံးပြုနေသည့် ရေအောက်ကေဘယ်ဆက်ကြောင်းမှာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အကြား ချို့ယွင်းမှုဖြစ်ပေါ်နေသဖြင့် ဇွန်လ ၂၅  ရက်အထိ ဆက်သွယ်မှုပြတ်တောက်နိုင်ကြောင်း သတင်းရရှိသည်။

SEA-ME-WE-3 ရေ အောက်ကေဘယ်ဆက်ကြောင်း မှာ စင်ကာပူနှင့် မလေးရှားနိုင်ငံအကြားတွင် ချို့ယွင်းမှုဖြစ်ပေါ် နေခြင်းကြောင့် ကေဘယ်ပြုပြင်ရေးသင်္ဘောက သွားရောက် ပြုပြင်နေပြီး ခန့်မှန်းခြေအားဖြင့် ဇွန်လ ၂၅ ရက်အထိ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံတို့ ဆက်သွယ်မှုလိုင်းများခေတ္တပြတ်တောက်နေနိုင်သည်ဟု ဆိုသည်။

ဇွန်လ ၂၀ ရက် နံနက်ပိုင်းမှ စတင်ပြတ်တောက်မည်ဟု ကြေညာထားရာ အဆိုပါရက်ညပိုင်းမှ  စတင်၍ မိုဘိုင်းအင်တာနက်ဖြင့် ဖုန်းခေါ်ဆိုခြင်းများ ပြတ်တောက်နေကြောင်း နိုင်ငံခြားသို့ မိုဘိုင်းဖုန်းခေါ်ဆိုအသုံးပြုသူများထံမှ သိရသည်။

‘‘မနေ့က ညကတော့ ခေါ် တာရတယ်။ ဒါပေမဲ့ ခဏပဲ ပြောရသေးတယ်။ လိုင်းတွေရော၊ ဖုန်းတိုင်တွေရော ပျောက်ပြီးကျသွားတာ။ ပြန်ခေါ်လို့မရတော့ဘူး။ ဒီနေ့တော့ ပြန်မခေါ်ကြည့်ရသေးဘူး’’ဟု မလေးရှားနိုင်ငံသို့ မိုဘိုင်းအင်တာနက်မှတဆင့်ဖုန်းခေါ်ဆိုသည့် ဒေါ်စန်းဝေကပြောသည်။

လက်ရှိတွင် အင်တာနက်ဆိုင်များ၌ နိုင်ငံခြားသို့ လာရောက်ဖုန်းခေါ်ဆိုမှု လျော့နည်းသွားပြီး မိုဘိုင်းအင်တာနက်မှသာ တစ်ဆင့်ခေါ်ဆိုမှုများပြားနေကြောင်း အင်တာနက်ဆိုင်များမှ စုံစမ်းသိရသည်။

‘‘ဒီရက်ပိုင်းလာခေါ်တာ နည်းတော့ လိုင်းကျ၊ မကျတောင်သိပ် မသိဘူး။ စင်ကာပူရော၊ မလေးရော တခြားနိုင်ငံတွေလည်း ဖုန်း လာပြောတာသိပ်မရှိကြတော့ဘူး။ အဲဒီတာ့ ကွန်နက်ရှင်ကျလားဆိုတာ သိပ်မသိတော့ဘူး’’ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်ဖိုက်ဘာဆက်ကြောင်းသုံးခု ရှိပြီး ထိုင်းနိုင်ငံနယ်စပ်ဖြတ်ကျော်တွင် တစ်ခု၊ တရုတ်နိုင်ငံဖြတ် ကျော်တစ်ခုနှင့်ပင်လယ်ရေအောက်ဖိုက်ဘာဆက်ကြောင်း လိုင်းများဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်း ရရှိသည်။

7Day DAILY
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပနိုင်ငံများနှင့်တယ်လီဖုန်းနှင့်အင်တာနက်ချိတ်ဆက်အသုံးပြုနေသည့် ရေအောက်ကေဘယ်ဆက်ကြောင်းမှာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အကြား ချို့ယွင်းမှုဖြစ်ပေါ်နေသဖြင့် ဇွန်လ ၂၅  ရက်အထိ ဆက်သွယ် မှုပြတ်တော က်နိုင်ကြောင်း သတင်းရရှိသည်။

မှတ်ပုံတင်ကိုင် ဘင်္ဂါလီနဲ့ ကမန်တွေကို ပြန်စစ်မယ်

Photo: မှတ်ပုံတင်ကိုင် ဘင်္ဂါလီနဲ့ ကမန်တွေကို ပြန်စစ်မယ်
Monday, June 23, 2014

ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီတွေနဲ့ ကမန် တိုင်းရင်းသားတွေကိုပါ ပြန်လည် စိစစ်မယ်လို့ အစိုးရက ပြောဆိုလိုက် ပါတယ်။

စမ်းသပ် ဧရိယာအဖြစ် နိုင်ငံသားစိစစ်မှု ပြုလုပ်နေတဲ့ မြေပုံမြို့က မြို့မိမြို့ဖတွေက နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီတွေနဲ့ ကမန်တွေကို ပြန်စစ်ဆေးပေးဖို့ တောင်းဆိုတဲ့အပေါ် လူဝင်မှုကြီးကြပ်ရေး နှင့် မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြန်လည် တုံ့ပြန်တာဖြစ်ပါတယ်။ ဒေသခံတွေက စစ်ဆေးပေးဖို့ တောင်းဆိုရင် စိစစ်ပေးမယ်လို့ သူက ဆိုပါတယ်။

သိပ်မကြာသေးခင်က အခြေချ နေထိုင်လာတဲ့ ဘင်္ဂါလီတချို့ နိုင်ငံသားစိစစ်ရေး ကတ်ရထားတာ။ မြေပုံမှာ ကမန်က မရှိသလောက် နည်းတယ်လို့ ဒေသခံတွေ သိထားပေမယ့် နိုင်ငံသားစိစစ်တဲ့ အချိန်မှာ ကမန်ဆိုပြီး ၅၇ လာလျှောက်တဲ့ အတွက် စစ်ဆေးပေးဖို့ တောင်းဆိုရတာလို့ မြေပုံမြို့ မြို့မိမြို့ဖ ဦးမောင်ရေ ချမ်းက ဆိုပါတယ်။

“မရိုးသားမှုတွေရှိတယ် ထင်လို့ ပြန်စိစစ်ဖို့ တောင်းဆိုတာပါ” ဟု သူက ရှင်းပြပါတယ်။

နိုင်ငံသား စိစစ်ရေးကတ်ကိုင်ထားတဲ့ ဘင်္ဂါလီနဲ့ ကမန်တွေကို စစ်ဆေးပေးဖို့ မြေပုံမြို့ မြို့မိမြို့ဖတွေက ဦးမောင်မောင်သန်းဆီကို ဇွန်လ ၂၁ ရက်နေ့မှာ တယ်လီဖုန်း ဆက်သွယ် တောင်းဆိုခဲ့ကြပါတယ်။ ၂၃ ရက်နေ့မှာလည်း စာနဲ့တကွ တောင်းဆိုမယ်လို့ ဦးမောင်ရေချမ်းက ဆိုပါတယ်။

The Voice Weekly
ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီတွေနဲ့ ကမန် တိုင်းရင်းသားတွေကို ပါ ပြန်လည် စိစစ်မယ်လို့ အစိုးရက ပြောဆိုလိုက် ပါတယ်။

ရေအောက်အင်တာနက် ကေဘယ်လ် ချို့ယွင်းသဖြင့် စင်ကာပူနှင့် မလေးရှားသို့ ဆက်သွယ်မှု ပြတ်တောက်မည်

မြန်မာနိုင်ငံမှ ပြည်ပတယ်လီဖုန်း ခေါ်ဆိုမှုများနှင့် အင်တာနက် ချိတ်ဆက်မှုများတွင် အဓိကအသုံးပြုသည့် SE-ME-WE 3 ရေအောက် အင်တာနက် ကေဘယ်လ်ဆက်ကြောင်း ပြတ်တောက်မှုကြောင့် ဇွန်လ ၂၅ ရက်နေ့ အထိ စင်ကာပူ၊ မလေးရှားနိုင်ငံတို့နှင့် ဆက်သွယ်မှု ပြတ်တောက်မည် ဖြစ်ကြော င်း မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

အမေရိကန်က မြန်မာကို လူကုန်ကူးမှု စောင့်ကြည့်အဆင့် ၂ အဖြစ် သတ်မှတ်

အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်အ တွက် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာအစီရင် ခံစာ(TIP Report) ကို ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန် လိုက်ရာ မြန်မာနိုင်ငံကို စောင့် ကြည့်အဆင့် ၂ နိုင်ငံ အဖြစ် သုံး နှစ်ဆက်တိုက်သတ်မှတ်လိုက် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် လူကုန်ကူးမှုတား ဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

ပြည်ပပိတ်စတင်သွင်းမှု အကောက်ခွန်နှုန်းလျှော့ချရန် အထည်ချုပ်လုပ်ငန်းရှင်များလိုလား

Photo: ပြည်ပပိတ်စတင်သွင်းမှု အကောက်ခွန်နှုန်းလျှော့ချရန် အထည်ချုပ်လုပ်ငန်းရှင်များလိုလား
Monday, June 23, 2014

အထည်ချုပ်လုပ်ငန်းများတွင် ပြည်ပမှပိတ်စကို တရား ၀င်အခွန်ဆောင်တင်သွင်းလို သော်လည်း အကောက်ခွန်နှုန်းထားများနေမှုကြောင့် လက်ခစား လိုင်စင်ဖြင့်တင်သွင်းနေရကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ  သတင်းရရှိသည်။

‘‘ဒါကို တပ်မတော်အစိုးရ လက်ထက်ကတည်းက ပြောင်းလဲ ဖို့ပြောခဲ့တာ။            အခုထိမပြောင်းလဲ နိုင်သေးဘူး’’ဟု အထည်ချုပ်လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုး ကပြောကြားသည်။

 လက်ရှိအချိန်တွင် ပြည်ပမှ  ပိတ်စကိုတင်သွင်းပါက အကောက်ခွန် ၁၅ရာခိုင်နှုန်းကောက် ခံသောကြောင့် အခွန်ကင်းလွတ် ခွင့်ပြုထားသော လက်ခစားစနစ် ဖြင့်သာ လိုင်စင်လျှောက်၍ ပိတ် စများကိုတင်သွင်းနေရကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ လက်ခစားစနစ်လိုင်စင်လျှောက် ထားမှုမှာ ယခင်က ၂၁ရက်ထိ ကြာသော်လည်းယခုအခါလိုင် စင်ပင် မရှိဘဲ တင်ပို့ခွင့်ရနေသည့် အတွက် အခွန်နှုန်းပြင်နိုင်ပါကပိုမို အဆင်ပြေကြောင်းလှိုင်သာယာ စက်မှုဇုန် ၄မှအထည်ချုပ်လုပ်ငန်း ရှင်တစ်ဦးကပြောကြားသည်။

‘‘ဂျူတီကောက်ခံမှုနဲ့ပတ် သက်ပြီး ငါးနှစ်တစ်ကြိမ်ပြင်ရေး တာမို့ လတ်တလောပြောင်းဖို့မ လွယ်သလိုဖြစ်နေတယ်။ ဒါကိုမ စောင့်နိုင်ရင် ၀န်ကြီးဌာနကိုအ သင်းအဖွဲ့တွေက တိုက်ရိုက်တင် ပြပြီးဆောင်ရွက်နိုင်ပါတယ်’’ဟု အကောက်ခွန်ဦးစီးဌာနညွှန်ကြား ရေးမှူးဦးသိန်းဖေကပြောကြား သည်။

အထည်ချုပ်လုပ်ငန်းများမှ ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ချုပ်ထည်ပြည်ပတင်ပို့မှု စံချိန်တင်ဝင်ငွေအမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိခဲ့သည်။

7Day DAILY

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်း တွေ့ရစဉ်(ဓာတ်ပုံ - နစ်ကီ)
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်း တွေ့ရစဉ်(ဓာတ်ပုံ - နစ်ကီ)
အထည်ချုပ်လုပ်ငန်းများတွင် ပြည်ပမှပိတ်စကို တရား ၀င်အခွန်ဆောင်တင်သွင်းလို သော်လည်း အကော က် ခွန်နှုန်းထားများနေမှုကြောင့် လက်ခစား လိုင်စင်ဖြင့်တင်သွင်းနေရကြောင်း မြန်မာနိုင်ငံ အထည် ချုပ် လုပ်ငန်းရှင်များအသင်းမှ  သတင်းရရှိသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွား၍ စီးပွားရေးအခွင့်အလမ်းပွင့်လာ ပျူမြို့ဟောင်း သုံးမြို့မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပထမဆုံး မြန်မာမြို့ဟောင်းသုံးမြို့ဖြစ်

 
ဗိဿနိုးမြို့ဟောင်းရှိ ရှေးဟောင်းသုတေသန တူးဖော်မှုကုန်းတစ်ခု (ဓာတ်ပုံ −ancientpyucities.com)
ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အ ဖြစ် ယူနက်စကိုက သတ်မှတ် လိုက်ေ သာကြောင့် ရှေးဟောင်း မြို့များ ထိန်းသိမ်းရန် ငွေကြေးနှင့် နည်းပညာအကူအညီများ ပိုမိုရရှိ လာမည့် အပြင် စီးပွားရေးအခွင့် အလမ်းများစွာ ဖန်တီးနိုင်တော့ မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပညာရှင်များ ကပြောသည်။

မွေးကင်းစသမီးလေးကို သတို့ သမီးဝတ်စုံနောက်မှာ ပတ်ချည်ပြီး တရွတ်တိုက်ဆွဲခေါ်ခဲ့တဲ့ သတို့ သမီး


သတို့ သမီးတစ်ဦးဟာ သူမရဲ့မွေးကင်းစသမီးလေးကို သတို့ သမီးဝတ်စုံရဲ့ အနောက်မှာ ပတ်ချ ည်ပြီး လျှော က် လမ်း မတိုင်း ကလေးကို ဆွဲခေါ်ခဲ့တဲ့အတွက် လူအများရဲ့ ပြစ်တင်ကဲ့ရဲ့ခြင်းကို ခံနေရပါတယ်။

ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်မြင့်တက်

ယခုနှစ် မတ်လမှ ဇွန်လလဆန်းပိုင်းထိ တဖြည်းဖြည်း ကျဆင်းလာခဲ့သော ရွှေဈေးနှုန်းသည် ဇွန်လ လလယ် မှ ပြန်လည်မြင့်တက်ခဲ့ပြီး ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၃၃,၀၀၀ ကျပ် ဈေးပေါက်ခဲ့ သည်။

ဆီးရီးယား ISIL သူပုန်များ သိမ်းပိုက်ထားသော ဒေသများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲ၊ ၁၆ ဦး သေဆုံး

Photo: ဆီးရီးယား ISIL သူပုန်များ သိမ်းပိုက်ထားသော ဒေသများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲ၊ ၁၆ ဦး သေဆုံး
Monday, June 23, 2014 

ဆီးရီးယား-အီရတ် နယ်ခြားဒေသရှိ အီရတ်နှင့် လီဗတ် အစ္စလာမ္မစ်နိုင်ငံတော် (ISIL) တိုက်ခိုက်ရေးသမားများ သိမ်းပိုက်ထားသည့် ဒေသကို ဆီးရီးယား တိုက်လေယာဉ်များက ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး ၁၆ ဦး သေဆုံးသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီရတ်နိုင်ငံ၌ ISIL စစ်သွေးကြွ အဖွဲ့ဝင်များ၏ စစ်ရေးအောင်ပွဲများ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပေါ်ထွက်လာပြီးနောက် ဆီးရီးယား အစိုးရအဖွဲ့က စစ်သွေးကြွများအပေါ် ဖိအားပေး တိုက်ခိုက်လာခြင်း ဖြစ်သည်။

မူဟတ်ဆန် နယ်ခြားမြို့ရှိ လူမျိုးစု ခေါင်းဆောင်များက ISIL တိုက်ခိုက်ရေးသမားများနှင့် ပူးပေါင်းမည်ဟု ကတိပြုလိုက်ပြီးနောက် အဆိုပါမြို့ကို ဆီးရီးယား တိုက်လေယာဉ်များက ငါးကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၆ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်း များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အရှေ့အလယ်ပိုင်း ဒေသတွင်း အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရန် ကြွေးကြော်ထားသည့် ISIL အဖွဲ့က ဆီးရီးယားအရှေ့ပိုင်း ဒေသများကို သိမ်းပိုက်လာခြင်းကြောင့် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ISIL စစ်သွေးကြွများ သိမ်းပိုက်ထားသည့် နယ်မြေများနှင့် တစ်ဆက်စပ်တည်း ဖြစ်လာခဲ့သည်။

စစ်သွေးကြွများ ဝန်းရံတိုက်ခိုက်နေသည့် ဒါအယ်ဇာ လေတပ်စခန်းမှ ဆီးရီးယား စစ်လေယာဉ်များ ပျံတက်ပြီး ISIL တိုက်ခိုက်ရေးသမားများ သိမ်းပိုက်ထားသည့် ဒေသများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။

“ISIL အဖွဲ့ကို ထောက်ခံတဲ့ မြို့တွေကို အာဆတ်တပ်ဖွဲ့တွေက ပြစ်ဒဏ်ခတ်ချင်နေတာပါ။ အီရတ်ရှီးယား ခေါင်းဆောင် မာလီကီကို ထောက်ခံပေးဖို့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တာလာပါ။ အီရတ်မှာ အောင်ပွဲရပြီးတဲ့နောက် ISIL ကို ဖြိုခွင်းဖို့ လုပ်လာတာပါ” မူဟတ်ဆန်မြို့မှ ISIL လိုလားသူ အဘူလာအယ်မန်ဆာက Skype မှ တစ်ဆင့် ပြောကြားသည်။

သဘောထား တင်းမာသော ISIL တိုက်ခိုက်ရေးသမားများသည် ဆီးရီးယားနိုင်ငံတွင်းရှိ ရေနံကြွယ်ဝသော ဒါအယ်ဇာပြည်နယ်ကို သိမ်းပိုက်နိုင်ရန် လပေါင်းများစွာ ကြိုးပမ်းတိုက်ခိုက်လျက် ရှိပြီး ကျန်ရှိနေသေးသော ဒေသများကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။

လက်ရှိတွင် ဒါအယ်ဇာပြည်နယ် ဧရိယာ ၇၀ ရာခိုင်နှုန်းကျော်ကို ISIL တိုက်ခိုက်ရေးသမားများက သိမ်းပိုက်ထားကြောင်း သူပုန်ရင်းမြစ်များက ပြော ကြားသည်။

အချို့သော မြို့များကို ISIL သူပုန်များက ပြိုင်ဘက် အစ္စလာမ္မစ် အုပ်စုများနှင့် အပြင်းအထန် တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့သော်လည်း အချို့သော မြို့များကိုမူ အင်အားပြ ခြိမ်းခြောက်ခြင်း၊ ခေါင်းဆောင်များနှင့် ပူးပေါင်းခြင်းဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။ 

အီရတ်နိုင်ငံတွင်းရှိ မိုဆောမြို့ကို ISIL စစ်သွေးကြွများ သိမ်းပိုက်နိုင်လိုက်ပြီးနောက် လက်နက် အမြောက်အမြားနှင့် ငွေကြေးများစွာ သိမ်းပိုက်နိုင်လိုက်ခြင်းကြောင့် ဆီးရီးယားနိုင်ငံတွင်းရှိ ISIL များကြားတွင် အတင့်ရဲမှုများ ဖြစ်ပေါ်လာပြီး ဒေသတွင်းရှိ လူမျိုးစု ခေါင်းဆောင်များမှာ ISIL များ ရန်ကို ကြောက်ရွံ့ကာ အပစ်အခတ်ရပ်စဲခြင်း၊ ကာကွယ်စောင့်ရှောက်ခံများ ဖြစ်လာကြသည်။

ISIL အဖွဲ့၏ အင်အား တိုးပွားလာခြင်းကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ISIL အဖွဲ့၏ ဌာနချုပ်ကို ဆီးရီးယား အာဆတ် လေတပ် တပ်ဖွဲ့ဝင်များက ပစ်မှတ်ထားကာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

The Voice Weekly
ဆီးရီးယား-အီရတ် နယ်ခြားဒေသရှိ အီရတ်နှင့် လီဗတ် အစ္စလာမ္မစ်နိုင်ငံတော် (ISIL) တိုက်ခိုက်ရေး သမား များ သိမ်းပိုက်ထားသည့် ဒေသကို ဆီးရီးယား တိုက်လေယာဉ်များက ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အနည်း ဆုံး ၁၆ ဦး သေဆုံးသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြန်မာကလေးများကို လူကုန်ကူးသူတစ်ဦး ထိုင်းတွင် ဖမ်းမိ

Photo: မြန်မာကလေးများကို လူကုန်ကူးသူတစ်ဦး ထိုင်းတွင် ဖမ်းမိ
Monday, June 23, 2014 

အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် သုံးယောက်ကို ထိုင်းနိုင်ငံတွင် နှင်းဆီပန်းရောင်းရန် စေခိုင်းသည့် လူကုန်ကူးခဲ့သူ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များက ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် မြန်မာကလေးငယ်များကို ဘန်ကောက်မြို့လမ်းများ တစ်လျှောက်တွင် ကမ္ဘာလှည့် ခရီးသွားများထံ နှင်းဆီပန်းရောင်းရန် စေခိုင်းခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခအိုဆန် (Khao San) လမ်းတစ်လျှောက် နံနက် ၈ နာရီမှ မွန်းလွဲ၂ နာရီအတွင်း မြန်မာကလေးများကို အုပ်စုလိုက် တွေ့ရှိရလေ့ ရှိကြောင်း ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၏ စစ်တမ်းအရ သိရသည်။

ကလေးငယ်များသည် တစ်ရက်လျှင် နှင်းဆီပန်း ၂၅ ပွင့် ရောင်းရပြီး သတ်မှတ်ချက် မပြည့်ပါက ရိုက်နှက်ခံရကြောင်း ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များက ဆိုသည်။

ကလေးငယ်တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀ (ကျပ် ၅၀,၀၀၀ ကျော်) နှုန်းဖြင့် ကလေးများ၏ မိခင်ထံသို့ လစဉ် ပေးရကြောင်း လူကုန်ကူးသူ အမျိုးသား၏ ထွက်ဆိုချက်ကို Bangkok Post တွင် ဖော်ပြထားသည်။

ဇွန်လ ၂၀ ရက်နေ့က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံသည် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး လုပ်ငန်းများတွင် အနိမ့်ဆုံးအဆင့် သတ်မှတ်ချက် ပြည့်မီခြင်း မရှိကြောင်း ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် ထိုင်းမီဒီယာများက ယခုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် သုံးယောက်ကို ထိုင်းနိုင်ငံတွင် နှင်းဆီပန်းရောင်း ရန် စေခိုင်း သည့် လူကုန်ကူးခဲ့သူ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ များက ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်မည်ဆိုသည့် သတင်းမမှန်

မန္တလေးမြို့ အမှတ်(၁၁)၊ ယာဉ်ထိန်း ဒု-ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရာ၌ အဟန့်အတားဖြစ်စေမည့် လက်နက်များ ကိုင်ဆောင်ပေးသွားမည်မဟုတ်သည့်အပြင် လက်နက်ကိုင်ဆောင်မည်ဆိုသည့် သတင်းမှာလည်း မဟုတ်မှန်ကြောင်း ရဲမှူးသိန်းကိုကိုက မဇ္ဈိမကို ပြော သည်။

ဘရာဇီး တိုက်စစ်မှူးဟောင်း ရိုနယ်ဒို၏ ကမ္ဘာ့ဖလား သွင်းဂိုး ၁၅ ဂိုး စံချိန်ကို ကလိုဆေး အမီလိုက်နိုင်

Photo: ဘရာဇီး တိုက်စစ်မှူးဟောင်း ရိုနယ်ဒို၏ ကမ္ဘာ့ဖလား သွင်းဂိုး ၁၅ ဂိုး စံချိန်ကို ကလိုဆေး အမီလိုက်နိုင်
Monday, June 23, 2014 

ဂျာမနီတိုက်စစ်မှူး မီယိုဆလပ် ကလိုဆေးသည် ဂါနာနှင့် ကစားခဲ့သောပွဲတွင် သရေတစ်မှတ် ရရှိအောင် ချေပဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ပူးတွဲစံချိန်ရှင် ဖြစ်လာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ 

အသက် ၃၆ နှစ်အရွယ်ရှိ အဆိုပါ လာဇီယို တိုက်စစ်မှူးသည် ဂေါ့ဇီ၏ နေရာတွင် လူစားဝင်လာခဲ့ပြီးနောက် ဘောလုံးကို ပထမဆုံးအကြိမ် ထိတွေ့ခွင့် ရရှိချိန်၌ အရေးပါသည့် ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် ဘရာဇီး ဂန္တဝင်တိုက်စစ်မှူး ရိုနယ်ဒို၏ ကမ္ဘာ့ဖလား သွင်းဂိုး ၁၅ ဂိုး စံချိန်နှင့် တူညီသွားခဲ့ခြင်း ဖြစ်သည်။ 

ဂျာမနီအသင်းသည် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စ၍ ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲစဉ်များတွင် တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးသည်။ 

ယူရို ၂၀၀၈ ပြိုင်ပွဲနှင့် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ဂျာမနီသည် အုပ်စုအဖွင့် ပွဲစဉ်များတွင် အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်များတွင် ရှုံးနိမ့်ခဲ့သည်။ 

ဂျာမနီနှင့် ဂါနာတို့ နှစ်ဂိုးစီ သရေကျခဲ့သည့် ရလဒ်ကြောင့် ဂါနာသည် ရှုံးထွက်အဆင့် တက်ရန် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သော်လည်း အုပ်စုနောက်ဆုံးပွဲတွင် ပေါ်တူဂီကို မဖြစ်မနေ အနိုင်ကစားရတော့မည် ဖြစ်ကြောင်း သိရသည်။

The Voice Weekly
ဂျာမနီတိုက်စစ်မှူး မီယိုဆလပ် ကလိုဆေးသည် ဂါနာနှင့်ကစားခဲ့သောပွဲတွင် သရေတစ်မှတ် ရရှိအောင် ချေ ပဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ပူးတွဲစံချိန်ရှင် ဖြစ်လာ ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

ရခိုင်လွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်

လစ်လပ်နေသော ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နေရာ ခန့် အပ်နိုင်ရေး ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတစ် ရပ်ကို ဇွန် ၂၅ ရက်တွင် ကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်များထံ အကြောင်းကြား ထား ကြောင်း ရခိုင်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်မြ ကျော်ကပြောသည်။