Thursday, June 26, 2014

မြန်မာ့ဆက်သွယ်ရေးမှ ဆင်းမ်ကတ်များကို ပုဂ္ဂလိက အော်ပရေတာ များနှင့် အပြိုင် အကန့်အသတ်မရှိ ရောင်းချမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မဲစနစ်ဖြင့်ရောင်းချပေးလျက်ရှိ သော ကျပ် ၁၅ဝဝ တန်ဆင်းမ် ကတ်များကို ပုဂ္ဂလိကအော်ပရေ တာများနှင့်အပြိုင် အကန့်အသတ် မရှိ ဝယ်ယူနိုင်မည့်ပုံစံဖြင့် ရောင်း ချသွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။

မြန်မာ့အကျဉ်းထောင်များဥပဒေကြမ်း ပြင်ဆင်ရေးဆွဲနေ

ရန်ကုန်၊ နှစ်ပေါင်း ၁၂ဝ သက်တမ်းရှိ ကိုလိုနီခေတ်ကရေးဆွဲခဲ့သောအ ကျဉ်းထောင်လက်စွဲ ဥပဒေအပါအ ဝင် လက်ရှိအကျဉ်းထောင်ဥပဒေများ သည် ခေတ်စနစ်နှင့်မလျော်ညီတော့ သည့်အတွက် အကျဉ်းထောင်များ ဥပဒေ(မူကြမ်း)ကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပြီးခဲ့သည့် ဇွန် ၂၃ရက်က နေ ပြည်တော်၌ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်း ကျွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်၏ မေးခွန်းမေး မြန်းချက်ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ကျော်ကျော် ထွန်းက ဖြေကြားရာတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် သည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း တိုးချဲ့ရေး လုပ်ကိုင်ခွင့်ရကုမ္ပဏီများ သတ်မှတ်ချိန်အတွင်း မပြီးလျှင် အရေးယူခံရမည်

ရန်ကုန်၊ ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းဟောင်းကို လမ်းတိုး ချဲ့တည်ဆောက်ရန် လုပ်ကိုင်ခွင့်ရ ရှိထားသည့် ကုမ္ပဏီခုနစ်ခုအ နေဖြင့် သတ်မှတ်အချိန်အတွင်း လုပ်ငန်းများ ပြီးစီးခြင်းမရှိပါက ငွေဒဏ်ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောသည်။
''ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းဟောင်းအား ပြည်သူ များ အသက်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ၂၄ ပေလမ်းကို အမြန်ဆုံးတိုးချဲ့ပေးရန်နှင့်ပတ်သက်ပြီး BOT စနစ်နဲ့ ဆောင်ရွက်ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းစီမံချက်များနဲ့ အညီ စံချိန်စံညွှန်းပြည့်မီအောင်

ခွင့်ပြုချက်မဲ့ ရန်ပုံငွေကောက်ခံမှုဖြင့် NLD မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌအား အုပ်ချုပ်ရေးမှူးက တရားစွဲ

ခွင့်ပြုချက်မဲ့ ရန်ပုံငွေ ကောက်ခံမှုဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌအား အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး က တရားစွဲဆိုထားကြောင်း သတင်း ရရှိသည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ကောက်ယူပွဲ အကြို ပါတီရန်ပုံငွေ လိုအပ်ချက်အရ ပန်းရဲ့လမ်း ငြိမ်းချမ်းရေး ကွန်ရက်မှ အင်းစိန်မြို့နယ်အတွင်း လှည့်လည် ဖျော်ဖြေခဲ့ မှုကြောင့် ဇွန်လ (၁၀) ရက်နေ့တွင် အင်းစိန် မြို့နယ် တရားရုံး၌ ရပ်ကွက်ကျေးရွာ ဥပဒေပုဒ်မ (၂၆) ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ရှိန် က ပြောသည်။
 ပန်းရဲ့လမ်း က တစ်နိုင်ငံလုံး မှာ Mobile စနစ်နဲ့ ဖျော်ဖြေခဲ့တာ။ ဘာခွင့်ပြုချက်မှ မယူရဘူး။ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာလည်း  ပါတီအတွက် ဖျော်ဖြေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပိုင်းမှာက ၄၃၆ ကာလနီးတဲ့ အတွက် နောက်ပြီး ၄၃၆ ပြင်ဆင်ပေးဆိုတဲ့ သီချင်းသီ ဆိုခဲ့လို့ တရားစွဲဆိုတာပဲလို့ ထင်တယ် ဟု ၎င်း က ပြောသည်။

နိုင်ဂျီးရီးယားမြို့တော် အဘူဂျာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ အနည်းဆုံး ၂၁ ဦး သေ

နိုင်ဂျီးရီးယားမြို့တော် အဘူဂျာတွင် ဇွန် ၂၅၊ဗုဒ္ဓဟူးနေ့က ဈေးဝယ်ရပ်ကွက်တစ်ခု၌ လူစည်ကားချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့သည်။

၎င်းတိုက်ခိုက်မှုမှာ မည်သူ့လက်ချက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပါ။ မည်သူကမှလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်မခံသေးပါ။ သို့သော် စစ်သွေးကြွအုပ်စု ဘိုကိုဟာရာမ်မှ ငါးနှစ်သက်တမ်းရှိပြီဖြစ်သည့် ၎င်းတို့၏ အစ္စလာမ်အကြမ်းဖက်မှုများတွင် နောက်ပိုင်း ကာလ၌ ပြည်သူများကို ဦးတည်ချက်ထား တိုက်ခိုက်မှုများ ဆထက်တိုးများပြားလာသည်။

လမ်းဘေးစာသင်ဝိုင်း ပိတ်ပင်ခံရပြီး ကလေးငယ်(၁၅)ဦး လေလွင့် ကလေးများအဖြစ် ဖမ်းဆီးခြင်းခံရ

၂၄.၆.၂၀၁၄ မနက်က ရန်ကုန်ဘူတာကြီးနားမှာ အသက်(၁၂-၁၃) ၀န်းကျင် ကလေး (၁၅)ယောက်ကို လေလွင့် ကလေးတွေဆိုပြီး ရဲက ဖမ်းလိုက်ကြောင်း သိရှိရပါသည်။

ထို.နောက်တော့ ကလေး (၁၂) ယောက်ကို ဘုန်းကြီးကျောင်း ပညာသင်ကြားရေး ဖွင့်လှစ်ထားသော ဆရာတော် အရှင်ဝေပုလ္လနှင့် ဆရာတော်တစ်ပါးတို.မှ ရဲစခန်း ထောက်ခံစာ၊ ရပ်ကျေးထောက်ခံ စာနဲ.ကျောင်းထိုင်ကိုယ်တိုင်ကြီး လာနေရက်နဲ့ ကျောင်းထိုင် ထောက်ခံစာ အသီးသီးကို တင်ပြခဲ့ရပြီး အာမခံဖြင့် ထုတ်ယူရခဲ့ပါသည်။

ကမ္ဘာ့ဖလားတွင် ဆွာရက်ဇ်သွားဖြင့် ကိုက်လိမ့်မည်ဟု ၁၆၇ ဦး လောင်းကြေးထပ်ခဲ့

Photo: ကမ္ဘာ့ဖလားတွင် ဆွာရက်ဇ်သွားဖြင့် ကိုက်လိမ့်မည်ဟု ၁၆၇ ဦး လောင်းကြေးထပ်ခဲ့

အောင်ငြိမ်းသွေး

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်က တစ်စုံတစ်ဦးကို သွားဖြင့် ကိုက်၊ မကိုက်ဆိုသည့် လောင်းကြေးတစ်ရပ်ကို နော်ဝေ အွန်လိုင်းလောင်းကစားဒိုင်တစ်ခုက ဖွင့်လှစ်ခဲ့ရာတွင် ၁၆၇ ဦး လောင်းကြေးထပ်ခဲ့သည်။

ထိုလောင်းကစားဒိုင်သည် ဆွာရက်ဇ် ကိုက်၊ မကိုက်ကို ၁၇၅ ဆ ( ၁) ဆဖြင့် လောင်းကြေးဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ESPN သတင်းဌာနမှ ဒါရန်ရိုဗယ်က လောင်းကြေးသမားတစ်ဦး၏ ကူပွန်ကို ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။ ထိုကူပွန်ပိုင်ရှင် သောမတ်စ်ဆီဗာဆင်မှာ ၃၂ ခရွန်နီ (ကန်ဒေါ်လာ ၅ဒသမ၂၅) လောင်းခဲ့ရာတွင် ၅၆၀၀ ခရွန်နီ(ကန်ဒေါ်လာ ၉၁၆ ဒေါ်လာ) အမြတ်ရခဲ့သည်။ လောင်းကြေးအများဆုံး အနိုင်ရခဲ့သူမှာ ကန်ဒေါ်လာ ၃၃၀၀ ရရှိခဲ့သည်။

ယခုကဲ့သို့ သွားဖြင့် ကိုက်ခဲ့ခြင်းသည် ဆွာရက်ဇ်အတွက် တတိယအကြိမ်မြောက် ဖြစ်သည်။ အေဂျက်ဇ် ကစားသမားဘ၀တွင် ပီအက်စ်ဗွီမှ ဘတ်ကယ်ကို ပထမဆုံးကိုက်ခဲ့ပြီး ( ၇) ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ပရီးမီးယားလိဂ်တွင်လည်း ချယ်လ်ဆီး နောက်ခံလူ အိုင်ဗန်နိုဗစ်ခ်ျ၏ လက်မောင်းကို ကိုက်ခဲ့သောကြောင့် ၁၀ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

ရည်ညွှန်း - ဂိုး၊ ယူအက်စ်အေတူဒေး
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်က တစ်စုံတစ်ဦးကို သွားဖြင့် ကိုက်၊ မကိုက်ဆိုသည့် လောင်းကြေးတစ်ရပ်ကို နော်ဝေ အွန်လိုင်းလောင်းကစားဒိုင်တစ်ခုက ဖွင့်လှစ်ခဲ့ရာတွင် ၁၆၇ ဦး လောင်းကြေးထပ်ခဲ့သည်။

ထိုလောင်းကစားဒိုင်သည် ဆွာရက်ဇ် ကိုက်၊ မကိုက်ကို ၁၇၅ ဆ ( ၁) ဆဖြင့် လောင်းကြေးဖွင့်ပေး ခဲ့ခြင်း ဖြစ်သည်။

အိမ်ဖောက်ထွင်းပြီး ဖေ့စ်ဘွတ်သုံးသည့် သူခိုး ဖမ်းဆီးမိ

အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှ အသက် ၂၆ နှစ် အရွယ်ရှိ နီကိုလက်စ်ဝစ်သည် စိန့် ပေါလ်မြို့ရှိ နေအိမ်တစ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးနောက်၎င်း၏ဖေ့စ်ဘွတ် Facebook ကို ၀င်ရောက် ကြည့်ရှုခဲ့ပြီး ပြန်ထွက်ရန် (log out) လုပ်ရန် မေ့ခဲ့ကြောင်း CBS Minnesota တွင် ဖော်ပြထားသည်။

ခင်ဦးမြို့နယ် ကျေးရွာတချို့တွင် ရောင်းချနေသည့် ငါးများ၌ အဆိပ်ပါသည်ဟု သတင်းများ ထွက်ပေါ်

ကျေးရွာတချို့တွင် လာရောက် ရောင်းချနေသည့် ငါးများ၌ အဆိပ်များ ပါရှိနေသည် ဟုသတင်းများ ထွက်ပေါ် နေပြီး၊ အဆိုပါ ငါးများကို စားမိ သောကြောင် သုံးကောင်မှာလည်း သေဆုံးသွား ခဲ့သည်ဟု ဒေသခံများက The Messenger Media သို့ ပြောသည်။
ဇွန်လ(၂၀) ရက်နေ့တွင် တယ်ဘိုပင်ကျေးရွာနေ အမျိုးသမီးတစ်ဦး လာရောက် ရောင်းချသွားသော ဆားနယ်ထားသည့် တီလားဗီးယားငါး ခြောက်ပိဿာခန့်အား ကျေးရွာ အတွင်းသို့ ထပ်မံ ရောင်းချခဲ့ရာတွင် ၀ယ်သူများကာ အဆိုပါ ဆားနယ်ငါးများအား ရေဖြင့် လေးကြိမ်တိတိ ဆေးကြော ခဲ့ပြီး၊ ဇလုံ အတွင်းဝယ်

ထောင်မှပြန်လွတ်လာသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အစိုးရနှင့် အတိုက်အခံမလုပ်တော့ဟုဆို

ရန်ကုန်၊ ထောင်မှပြန်လည်လွတ်မြောက် လာပြီးနောက် ယခင်ကဲ့သို့ အစိုးရနှင့် အတိုက်အခံပြုလုပ်ခဲ့ရာမှ ယခုအခါ တွင် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲ ရန်လိုလားသူများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဗိုလ်ကြီးဟောင်းနေ မျိုးဇင်က ပြောသည်။

''ထောင်ထဲမှာကတည်းက စဉ်း စားခဲ့တာပါ။ အရင်လို အတိုက်အခံ ချည်းပဲမလုပ်တော့ဘူး။ အစိုးရဘက် က ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ နဲ့ပူးပေါင်းသွားဖို့ ရှိပါတယ်''ဟု ယင်း ကပြောသည်။

အဓိပတိအဖြူယာဉ်လိုင်း ယာဉ်စီးခနှုန်းတိုးရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ တင်ပြ

သဘာဝဓာတ်ငွေ့ (CNG) လုံလောက်စွာ မရရှိ၍ ဒီဇယ်ဆီဖြင့် ပြေးဆွဲပေးနေရသော ပါရမီ၊ အဓိပတိ အဖြူယာဉ်လိုင်း၏ အမြတ်ငွေရရှိမှု နည်းပါးသောကြောင့် ယာဉ်စီးခနှုန်းထားများကို ကျပ် ၂၀၀ မှ ကျပ် ၃၀၀ သို့ တိုးမြင့်နိုင်ရန် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရုံးသို့ တင်ပြထားသည်ဟု ဗန္ဓုလပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမြင့်က ဇွန်လ ၂၄ ရက်တွင် မဇ်္ဈိမကို ပြောသည်။
ပါရမီယာဉ်များကို CNG ဓာတ်ငွေ့ဖြင့် ပြေးဆွဲပါက ယာဉ်တစ်စီးအတွက် တစ်ရက် ကုန်ကျနှုန်းမှာ ကျပ် ၁၅,၀၀၀ သာရှိပြီး ဒီဇယ်ဆီဖြင့် ပြေးဆွဲရသည့်အခါ တစ်ရက်ကုန်ကျငွေမှာ ကျပ် ၄၅,၀၀၀ အထိရှိသောကြောင့် ယာဉ်စီးခနှုန်းထားကို တိုးမြင့် ကောက်ခံနိုင်ရန် တင်ပြရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယာဉ်တိုက်ခံရသူကို ကူညီသူအား တရားစွဲရန် ပြင်ဆင်နေ၍ အကူအညီတောင်းခံ

မန္တလေးမြို့တွင် ၇၃လမ်း၊ ၃၀လမ်း နှင့်၃၁လမ်းကြားတွင် ဇွန် ၁၇ရက်၊ ည ၁၀ နာရီခန့်က ဖြစ်ပွားသော ယာဉ်တိုက်မှုတွင် အတိုက်ခံရသူကို ကူညီဆောင်ရွက်ပေးသူအား တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲဆိုထားသည်ကို ရင်ဆိုင်ဖြေရှင်းရန်၊ အထက်မြန်မာပြည်ရှေ့နေများ ကွန်ရက်သို့ အကူအညီတောင်းခံသွားမည်ဟု မိသားစုဝင်များက ဇွန် ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
“တိုက်တာ မှားတယ်။ မှန်တယ် မငြင်းပါဘူး။ ဒဏ်ရာရနေတဲ့သူကို ကူညီဖို့ လူနာတင်ယာဉ်ခေါ်ပြီး ကူညီပေးတာကို လူနာတင်ယာဉ်ပြန်လွှတ်ပြီး မင်းက ဘာကောင်မို့ လူနာတင်ယာဉ်ခေါ်တာလဲ ဆိုပြီး ပြဿနာရှာတယ်”ဟု အခင်းဖြစ်ပွားမှုကို ကူညီသူ ကိုနိုင်လင်းက ပြောသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကေအန်ယူနှင့် အမျိုးသမီးများအဖွဲ့ချုပ် ချင်းမိုင်တွင် ဆွေးနွေး

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ကရင်အမျိုးသားအစည်း အရုံး ကေအင်န်ယူခေါင်းဆောင် များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ်ဆောင်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကိစ္စများကို ယနေ့ ဇွန်လ ၂၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့သည်။ 

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် NCCT တို့ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးနောက် တစ်စုံတစ်ရာတိုးတက်မှုရှိသော်လည်း တချို့အနှစ်သာရ၊ ဝေါဟာရအပိုင်း အများကြီးဆွေးနွေးရန် လိုအပ်နေသေးကြောင်း၊ အစိုးရဘက်မှလာမည့် သြဂုတ်လတွင် အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးရေး အတွက်မသေချာသေးကြောင်း ကေအင်န်ယူဘက်မှ ဆွေးနွေးခဲ့သည်ဟုWLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။ 

ရန်ကင်းခေါင်းဖြတ် လူသတ်မှု တရားခံဘက်မှ ပြန်ခေါ်သက်သေ စစ်ပြီး အမိန့်ချမည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှု အတွက် တရားခံဘက်မှ ပြန်ခေါ် သက်သေတစ်ဦးကို လာမည့် ဇွန်လ (၃၀) ရက်တွင် နောက်ဆုံးအဆင့် စစ်ဆေး၍ အမိန့်ချမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တရားရုံး မှ သိရသည်။
သေမှု ကြံရွယ်ချက်၊ လူသတ်မှု ကျူးလွန်တာကြောင့် နောက်ဆုံးအဆင့် အနေဖြင့် ပြန်ခေါ်သက်သေ ထွက်ဆိုချက်ယူမယ်။ ငြင်းရင်တော့ သက်သေ ပြန်စစ်မယ် ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံး၊ တွဲဖက် တရားသူကြီး (၄) ဦးငြိမ်းမြင့် က ပြောသည်။ အဆိုပါ အမှုတွင် ပုဒ်မ ၃၀၂ အပိုဒ် (၁) (ခ) အရ တရားခံ ဝေယံဖြိုး (ခ) ချစ်ကို အား လက်ခံသလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းရာ ၎င်း က ငြင်းချက်မယူဘဲ လက်ခံသည်ဟု ထွက်ဆိုခဲ့ကြောင်း အဆိုပါ တရားရုံးမှ သိရ သည်။

ပြင်ဦးလွင်မြို့မဟာမုနိမျက်ရှင်တော်ဘုရားကြီး ရောင်ခြည်တော်ကွန့်မြူး

မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်မြို့နယ် ရပ်ကွက်ကြီး(၂)နယ် မြေအတွင်းရှိ သာသနဟိတဓဇ နာယကဘွဲ့ တံဆိပ်တော်ရ ရသေ့ ကြီး ဦးခန္တီတည်ထားကိုးကွယ်ခဲ့ သော မဟာမုနိမျက်ရှင်တော်ဘုရား ကြီး၏ဂန္ဓကုဋိတိုက်အပေါ်ဘုံအဆင့် စိန်ဖူးတော်မှ ရောင်ခြည်တော်များ ကွန့်မြူးဖြာထွက်နေသည်ကို ယခု လ ၁၉ ရက် ည ၈ နာရီကျော်က ရပ်ကွက်ပြည်သူတစ်ဦးတွေ့ရှိရာ ရပ်ကွက်အတွင်း သတင်းပျံ့နှံ့မှု ကြောင့် လာရောက်ဖူးမြော်သူများ နေ့စဉ်စည်ကားလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများ မီးဖွားပါက နိုင်ငံ့ဝန်ထမ်းအမျိုးသားများလည်း လစာပြည့်ခွင့် လတစ်ဝက်ရရှိမည်

ရန်ကုန်၊ ဇွန် ၂၅-နိုင်ငံဝန်ထမ်းအမျိုးသမီးများအနေဖြင့် မီးဖွားပါက လစာပြည့် ခံစား ခွင့်ကို ခြောက်လကို ရရှိမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အမျိုး သားများ အနေဖြင့်လည်း လစာပြည့် ခံစားခွင့်ဖြင့် ရက်သတ္တနှစ်ပတ်ထိ ခံစားခွင့်ရ ရှိမည်ဖြစ်ကြောင်း နိုင်ငံ ဝန်ထမ်းဥပဒေ တွင် ပြဋ္ဌာန်း ထား ကြောင်း ပြည်ထောင် စု ရာထူးဝန် အဖွဲ့၏ နိုင်ငံ့ဝန်ထမ်း ဥပဒေများ ဖော်ပြ ချက်အရ သိရသည်။
ပြည်ထောင်စုရာ ထူးဝန်အဖွဲ့ က(၂၆-၃-၂၀၁၄)ရက်စွဲဖြင့် အမိန့် ကြေညာ စာအမှတ်၁၂/ ၂၀၁၄၊ နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ရာ ယခုကဲ့သို့အမျိုးသမီး မီးဖွားခွင့်များအပြင် အမျိုးသား ပြုစု စောင့်ရှောက် ခွင့်အတွက်အခွင့်အရေး များကိုပါ အဆိုပါ ဥပဒေများတွင် ထည့်သွင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။

ဦးသိန်းစိန်၏ သုံးကြိမ်မြောက် တရုတ်ခရီးစဉ်အပေါ် သူတို့ ဘယ်လိုသုံးသပ်သလဲ

ဘေကျင်းမြို့တွင် ဇွန်လ ၂၈၊ ၂၉ရက်တို့တွင် ကျင်းပမည့် မြန်မာ-တရုတ်-အိန္ဒိယ နိုင်ငံတို့၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ၅ချက် နှစ် ၆၀ မြောက် အထိမ်းအမှတ်ညီလာခံသို့ တက်ရောက်ခြင်းဖြင့် သမ္မတဦးသိန်းစိန်၏ သုံးကြိမ်မြောက် တရုတ်ခရီးစဉ်ကို စတင်လိုက် ပြီဖြစ်သည်။
အဆိုပါ ခရီးစဉ်ကို ဇွန်လ ၂၇ရက်မှ စတင်မည်ဖြစ်ပြီး ဇွန်လ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ ယခုတစ်ကြိမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီးကျင်းဖျင်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ ယင်းခရီးစဉ်အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူတို့ မည်သို့ ရှုမြင်သည်ကို မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်သည်။

လောင်းကစားမှုများကို ထိန်းချုပ်ရန် ဂိမ်းဆိုင်များကို စည်ပင်သာယာရေးကော်မတီမှ ရှောင်တခင်စစ်ဆေးတော့မည်

ဂိမ်းကစားခြင်းကို စီးပွားဖြစ် လောင်းကစားအသွင်ဖြင့် လုပ်ဆောင်လာသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဂိမ်းကစားရုံများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကော်မတီစီမံရေးရာ ဌာနမှ တာဝန်ရှိသူက ပြောသည်။

စည်ပင်အခေါ်အရ လုပ်ငန်းလိုင်စင် ခွင့်ပြုထားသည့် အပန်းဖြေအိမ်တွင်း ကစားနည်းခန်းမ (အပန်းဖြေ ကလေးကစားကွင်း) ဂိမ်းကစားနည်းလုပ်ငန်းများတွင် သွယ်ဝိုက်သော နည်းဖြင့် လောင်းကစားမှုများ

ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်တွင်း ဆက်ဆံရေး အဖေနှင့်သားများကဲ့သို့ ဖြစ်နေ

ရန်ကုန်တိုင်း လွှတ်တော်အတွင်းမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်များ၏ အထက်အောက်ဆက်ဆံရေးသည် အဖေနှင့်သားများကဲ့သို့ ဖြစ်နေသည်ဟု ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုး တိုင်းလွှတ်တော်အမတ် ဦးနေမျိုးအောင်က ဇွန် ၂၅ ရက်တွင် ဝေဖန်လိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ ခွင့်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်း၊ ပြည်နယ် လွှတ်တော်များတွင် အစိုးရအဖွဲ့ဝင်များဖြစ်နေပြီး ၎င်းတို့နှင့် ဆက်ဆံရေးပုံစံကို သာမန်လွှတ်တော်အမတ်များမှာ ပူးပေါင်းလုပ်ဆောင်မှု အပိုင်းတွင် အခက်အခဲများ ဖြစ်နေခြင်းဖြစ်သည်။

လိင်အသားပေး ထုတ်ဝေထားသည့် ‘ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ’ စာအုပ်အား ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများကို ရဲတပ်ဖွဲ့ စတင်စုံစမ်း

 စာမျက်နှာများနှင့် ပြည်သူအများစုကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် “ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ” စာအုပ်အား ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိခဲ့သူ များကို ရဲတပ်ဖွဲ့မှ စတင်စုံစမ်း နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြား သည်။

ခန္ဓာကိုယ်၂ ခုပါတဲ့မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိပ်မှုအောင်မြင်

မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဇွန်လ ၂၄ ရက်နေ့က ခွဲစိတ်ခဲ့ရာ အောင်မြင်တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့ပင်မခန္ဓာကိုရဲ့ ညာဘက်ရင်အုံကနေ နောက်ထပ် ခြေလက် အစုံပါတဲ့ ခန္ဓာကိုယ် တခု ကိုဖြတ်ထုတ်

အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ

 
ဥရုဂွေးနဲ့ လီဗာပူး အသင်းတို့ရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ကို မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ပုခုံးကို ကိုက်လိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဒီကနေ့ ကြာသာပတေးနေ့ကစပြီး ၂ နှစ် ဘောလုံးကစားခွင့်ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ပွဲကစားချိန်မှာတော့ ဒိုင်က အပြစ်ပေး အရေးယူမှုတွေပြုလုပ်ခဲ့တာ မရှိပေမယ့် ပွဲအပြီး ရုပ်သံ အနှေးပြ ကွက်တွေမှာ ထင်ရှားတဲ့

ဝင်ကြေးမြင့်တဲ့ မြန်မာ-ထိုင်း လက်ဝှေစိန်ခေါ်ပွဲ

မြန်မာနိုင်ငံမှာ တစ်ခါမှ လာမထိုးဖူးတဲ့သူတွေ ပါတဲ့ မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲဟာ အရင်တုန်းက ကျင်းပတဲ့ ပွဲတွေက ဝင်ကြေးလက်မှတ်ဈေးက သုံးဆကျော် မြင့်ပါတယ်။ နှစ်ဖက်လုံးက လက်ဝှေ့ အကျော်အမော်တွေ ထိုးမယ့်ပွဲ ဖြစ်ပါတယ်။

မြန်မာ လက်ဝှေ့သမားတွေကို ထိုးကြေး ကျပ် ၇သိန်းကနေ သိန်း ၃၀ အထိ အဆင့်လိုက် ပေးရတဲ့အတွက် အထူးတန်း လက်မှတ်တစ်စောင်ကို ကျပ်ငါးသောင်းနဲ့ ရောင်းရတာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့နဲ့ ရင်းနှီးတဲ့သူတွေကို အဓိက ရွေးခေါ်တဲ့အတွက် ဘန်ကောက်က

မြန်မာ့ ရေပေါ်ဟိုတယ် တစ်ရက် ဒေါ်လာ၄၆၀ ကျမယ်

လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာဝန်းကျင်လောက်က ရှေးဟောင်းအဆောက်အအုံ ပုံစံအတိုင်း ပြုလုပ် ထားတဲ့ ရေပေါ်ဇိမ်ခံ ဟိုတယ်ကို ဗိုလ်တထောင် ဆိပ်ကမ်းမှာ ဖွင့်တော့မှာ ဖြစ်ပါတယ်။

ဟိုတယ် ဝန်ထမ်းတွေက တည်းခိုသူတွေကို အကောင်းဆုံး ဝန်ဆောင်ပေး မယ်လို့ အဲဒီဟိုတယ်ရဲ့ Operation Director မစ္စတာ အဲရစ်က ပြောပါတယ်။

သင်္ဘောကို ဖင်လန်နိုင်ငံရဲ့ ဝယ်ပြီးတော့ လိုအပ်တဲ့ ပရိဘောဂကို ဂျာမနီက တင်သွားထားပါတယ်။ ကြယ်ငါးပွင့် အဆင့် ရှိတဲ့ အဲဒီဟိုတယ်မှာ တည်းခိုရင် တစ်ရက်ကို ဒေါ်လာ ၄၆၀ ကျမှာ ဖြစ်ပါတယ်လို့

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone အား သီးခြားခွဲထားသည့် ပုံစံဖြင့် တည်ဆောက်မည်မဟုတ်ဘဲ ရောထွေးတည်ရှိသည့် ပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု များပြားနေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်များအား သီးခြားစီ ခွဲခြားထားသည့် ပုံစံဖြင့် တည်ဆောက်မည်မဟုတ်ဘဲ ရောထွေး တည်ရှိသည့် ပုံစံဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ ဇွန် ၂၅ ရက်က သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်အားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံ သားနှင့် နိုင်ငံခြားသား

ဗိုလ်ချုပ်မောင်မောင်အုန်းအား ၀န်ကြီးချုပ်ခန့်ထားမည်ကို သံပုံးတီးဆန့်ကျင်မည်ဟုဆို

ရန်ကုန်- ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးနေရာကို ရခိုင်သားသာ ခန့်အပ်ရေးနှင့် ရခိုင်မဟုတ်သည့် လူပုဂ္ဂိုလ်ကို ခန့်အပ်မည့် ကိစ္စအပေါ် ကြွေးကြော်သံများဟစ်ကြွေး၍ သံပုံးများတီးခတ်ရန် လက်ကမ်းစာစောင်များ စစ်တွေမြို့တွင် ယနေ့ညနေပိုင်းက ဝေငှခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ည ၈ နာရီမှစတင်ကာ ငါးမိနစ်ကြာ ဟစ်ကြွေးရန် တိုက်တွန်းထားသည့် လက်ကမ်းစာစောင်များ စစ်တွေမြို့ပေါ်ရှိ အိမ်တိုင်းသို့ဝေငှခြင်းဖြစ်ပြီးမည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ ဝေငှသည်ကို

စစ်တပ်အရာရှိတစ်ဦးအား ဧရာဝတီဂျာနယ် သတင်းထောက်က အမှုဖွင့်တိုင်ကြားထားမှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ခုံရုံးဖွဲ့စစ်ဆေးနေ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ခ.မ.ရ ၅၃၂ စစ်တပ်အရာရှိတစ်ဦးအား ဧရာဝတီသတင်း ဂျာနယ်၏ အကြီးတန်းသတင်းထောက်က အမှုဖွင့်တိုင်ကြားထားမှုကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ လတ်တလောတွင် ခုံရုံးဖွဲ့စစ်ဆေးလျက်ရှိသည်။

“တိုင်းစစ်ဌာနချုပ်ကတော့ လတ်တလော ခုံရုံးဖွဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို

ရဲသတင်းအထူးတပ်ဖွဲ့က မီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် မသင့်တော်သော ကိစ္စဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) သဘောထားထုတ်ပြန်

ရဲသတင်းအထူးတပ်ဖွဲ့က မီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် မသင့်တော်သော ကိစ္စဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဇွန် ၂၅ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရားဝင် ရပ်တည်နေသည့် ပုဂ္ဂလိက သတင်းမီဒီယာအချို့ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊

ကျောင်းအုပ်ဆရာကြီးသား မင်္ဂလာဆောင်ရှိသဖြင့် မိတ္ထီလာမြို့ အမက (၈) မူလတန်းကျောင်း တစ်ရက်ပိတ်

ကျောင်းအုပ်ဆရာကြီးသား မင်္ဂလာဆောင်ရှိသဖြင့် မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်ရှိ အမက (၈) မူလတန်းကျောင်း တစ်ရက်ပိတ်ထားကြောင်း သိရသည်။

အဆိုပါ အမက(၈)မူလတန်းကျောင်း ပိတ်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာကြီး၏သား မင်္ဂလာဆောင်ရှိသဖြင့် ကျောင်းမှ ဆရာ၊ ဆရာမများဝိုင်းကူနေရသဖြင့် လူမှုရေးအရ ကျောင်းတစ်ရက်ပိတ် ထားကြောင်း၊ သင်ကြားရေးပိုင်းအရ ပျက်သည့်အချိန်များကို ပြန်လည် သင်ကြားပေးရန် ညွှန်ကြား

ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်အကျိုးစီးပွား အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်ဟုဆို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံထားရသည့် ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်တိုင်းရင်းသား များ၏ အကျိုးစီးပွားကို အသက်နှင့်လဲပြီး ကာကွယ် စောင့်ရှောက်သွားမည်ဟု ယနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်လွှတ်တော်တွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေး တွင်ပြောကြားလိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးလာပြီဆိုရင်တော့ ရခိုင်တိုင်းရင်းသား မိဘပြည်သူများရဲ့ အကျိုးစီးပွားကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါ့မယ်။ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်အောင် ကျွန်တော် အစွမ်းကုန် ကြိုးစားမယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ဆန္ဒကို ကျွန်တော်အနေနဲ့